ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွ...

By phyolay1991

75K 11K 130

reader လေးတို့ရေ Novel အသစ်လေးတစ်ပုဒ်လာပါပြီရှင့်🥰🥰 Title - I'm not human Description အလုပ်ကို Deadlineအမှ... More

ငါကလူသားတစ်ယောက်မဟုတ်ဘူး
ငါကလူသားတစ်ယောက်မဟုတ်ဘူး
ငါကလူသားတစ်ယောက်မဟုတ်ဘူး
ငါကလူသားတစ်ယောက်မဟုတ်ဘူး
ငါကလူသားတစ်ယောက်မဟုတ်ဘူး
ငါကလူသားတစ်ယောက်မဟုတ်ဘူး
ငါကလူသားတစ်ယောက်မဟုတ်ဘူး
ငါကလူသားတစ်ယောက်မဟုတ်ဘူး
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
chapter 80
chapter 81
chapter 82
chapter 83
chapter 84
chapter 85
chapter 86
chapter 87
chapter 88
chapter 89
chapter 90
chapter 91
chapter 92
chapter 93
chapter 94
chapter 95
chapter 96
chapter 97
chapter 98
chapter 99
chapter 100
chapter 101
chapter 102
chapter 103
chapter 104
chapter 105

ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)

289 54 0
By phyolay1991

Chapter 78
September 14, 2023
Chapter 78

ကုဟွိုက်က သူကောက်ယူလာသည့် ဖန်ဘောလုံးလေးကို အိပ်ရာပေါ်သို့ တင်လိုက်သည်။ သူ ဖန်ဘောလုံးလေးကိုကြည့်၍ နှုတ်ခမ်းထောင့်စွန်းများက မသိမသာ အနည်းငယ်ကွေးတက်သွားခဲ့သည်။

ကုဟွိုက်၏စိတ်ခံစားချက်က အနည်းငယ် ပရမ်းပတာဖြစ်နေပြီး သူ့နှလုံးသား၏ အရောင်များကလည်း အချင်းချင်းပွေ့ဖက်ချင်နေသကဲ့သို့ ကွဲပြားသည့်အရောင်နှစ်ရောင်ဖြစ်နေသည်။ ထိုသို့မဖြစ်နိုင်သည့်အတွက် အချင်းချင်း ဆက်လက်၍ ပွတ်တိုက်နေရုံသာတတ်နိုင်တော့သည်။

စွမ်းရည်ပေါင်းစပ်သည့်ကာလမှာ ဇက်မျိုးနွယ်စုများသည် အရေးပါမြင်သာကြသည်။ ဇက်မျိုးနွယ်စုများတွင် ကုဟွိုက်ဖြစ်သလို သဘာဝအလျောက် ဂရုမစိုက်သည့်ပုံစံထွင်းထုခြင်းခံရခြင်းပင်မဟုတ်ပဲ ထူးခြားသည့်အခြေအနေကြောင့် ထိုသဘာဝဖြစ်တည်မှုက အကြိမ်ကြိမ်ချဲ့ကားခြင်းခံခဲ့ရပြီးဖြစ်သည်။ ဂရုမစိုက်သည့်ပုံစံက စိတ်ခံစားချက်များကို ဖိနှိပ်ထားသည့်အတွက် ကုဟွိုက်၏ ဇက်များအပေါ်ထားရှိသည့် အမူအရာက ဟန်ပါပါဖြင့် ပြောင်းလဲနေခဲ့သည်။

ထိုသို့ဂရုမစိုက်ခြင်းများကိုလည်း ချစ်မြတ်နိုးပေးကြသည့် ဇက်များအပေါ်ထားရှိသည့်ပုံစံ ကုဟွိုက်၏ နဂိုရည်ရွယ်ချက်မဟုတ်ပေ။ သူ့အပြုအမူကြောင့် စိတ်အားငယ်နေကြသည့် ပတ်ပတ်လည်မှ ဇက်များကိုတွေ့ပြီးသည်နှင့် ကုဟွိုက်၏ အတွင်းစိတ်ခံစားချက်များကို ဖိနှိပ်ထားသည့် အတားအဆီးက ချောင်ပိတ်မိသွားပြီး ထင်ရှားသည့်အသံထွက်လာသည်။

ဖန်ဘောလုံးလေးကို ချပြီးနောက် ပြတင်းပေါက်ဘောင်ပေါ်တွင်ရှိနေသော ပန်းလေးကို ကုဟွိုက် လှမ်းကြည့်လိုက်သည်။ သူ့အကြည့်ကို ပြန်လည်မဆုတ်ခွာခင် တစ်ချက်ကြည့်လိုက်သေးသည်။

အေးစက်နေသည့် ဘုရင်နှင့်ရင်ဆိုင်နေရသည့် ဇက်များသည် နိမ့်ကျသည့် ဖိအားပမာဏများကို ထုတ်လွှတ်နေကြသည်။

“အရှင်က ငါတို့ကို မုန်းနေတာလား...” တိတ်ဆိတ်နေသည့်ကြားမှ ဇက်စစ်သားတစ်ယောက်က မေးလိုက်သည်။

ဘယ်သူမှပြန်မဖြေခင် နောက်ထပ်ဇက်စစ်သားတစ်ယောက်က ထပ်မေးပြန်သည်။

“ငါတို့ ဒီရက်ပိုင်း အလုပ်ကောင်းကောင်းမလုပ်လို့ အရှင်က ငါတို့ကို အခုလို လျစ်လျူရှုပြီး စိတ်မကြည်မလင်ဖြစ်နေတာများလား...”

“အရှင်က ဒီရက်ပိုင်းနေလို့မကောင်းဖြစ်နေတာကို ငါတို့က သေချာဂရုမစိုက်ပေးခဲ့မိဘူး အရှင်စိတ်ဆိုးတာလည်းဖြစ်သင့်ပါတယ်...”

ဇက်များက သူတို့၏ကိုယ်စီအကြောင်းပြချက်များကိုရှာနေကြပြီး အခြေအနေအရပ်ရပ်ကို ယူဆနေကြသည်။ အကြောင်းပြချက်ရှိလျှင် အနည်းဆုံးတော့ သူတို့ ပြုပြင်နိုင်သေးသည်။ သူတို့ ပြောင်းလဲသွားလျှင် ကုဟွိုက်လည်း သူတို့ကို အရင်လိုပြန်လည်ဆက်ဆံမည်ဟု မျှော်လင့်နေခဲ့ကြသည်။

အမှန်တွင်တော့ အစပိုင်းတုန်းက ဇက်များက ကုဟွိုက်၏ ညင်သာသောဆက်ဆံမှုများသည် အနည်းငယ်ထူးဆန်းနေသည်ဟု ထင်ခဲ့မိကြသည်။ ၎င်းတို့၏ ဘုရင်က အေးစက်ခြင်းမရှိပဲ အလွန်ညင်သာနေသည့်အတွက်လည်း အံ့ဩခဲ့ကြသည်။ ထိုသို့ဖြစ်ခြင်းက ထူးခြားသည့်အရာဖြစ်သည်။

သို့သော် ထိုညင်သာမှုများနှင့် တွေ့ကြုံပြီးနောက်မှ ကုဟွိုက်၏ အေးစက်မှုများနှင့် တွေ့ကြုံရသောအခါ ဒဏ်မခံနိုင်တော့ပေ။

ဇက်များက ကြီးမားသည့် ပြဿနာများကို ကြုံခဲ့ရသည်။ ၎င်းတို့၏ဘုရင်က ရုတ်တရက် သူတို့အပေါ် ဂရုမထားတော့ချေ။ ဝန်ထမ်းအကြီးအကဲနှင့် တခြားသူများသည် သူတို့နှင့် အခုထိ အဆက်အသွယ်ရှိကြသည့် လူသားနှစ်ယောက်နှင့် ဆွေးနွေးရန်ပင် သွားခဲ့ကြ၏။

ရှန်းမုနှင့် ဟန်မာသည် မေးခွန်းကြောင့် ကြက်သေသေသွားကြသည်။ ထို့နောက် တစ်ဖက်မှ ၎င်းတို့၏အဖြေကိုစောင့်နေကြသော ဇက်များ၏ပုံစံကိုတွေ့ပြီး စိတ်ဖိစီးသွားရသည်။

ဇက်များ၏မေးခွန်းက မျိုးရိုးနှင့်သက်ဆိုင်နေလျှင် ထိုစကားက—

မိသားစုဝင်ထဲမှ ကလေးတစ်ယောက်က ၎င်း၏မိဘများနှင့် ရုတ်တရက် မရင်းနှီးချင်ရသည့်အကြောင်းပြချက်က ဘာများဖြစ်မလဲ။ ထိုပြဿနာအတွက် လူသားနှစ်ယောက်ဖြစ်သည့် ရှန်းမုနှင့် ဟန်မာ၏ တုံ့ပြန်ချက်သည် - ပုန်… ပုန်ကန်တဲ့ ကာလလား…

ဇက်များတွင် ကြီးထွားနေစဉ်အတွင်း ပုန်ကန်သည့် ကာလရှိသည်လား။ လူသားနှစ်ယောက်က သံသယဝင်သွားကြသည်။

“အကြာကြီးဖြစ်မှာမဟုတ်ဘူး ပထမဆုံးပြောရရင်တော့ အရှင်က မင်းတို့ကို မမုန်းနိုင်ပါဘူး...” ဟန်မာက အတည်ပြုပြောဆိုလိုက်သည်။

အမှန်တွင်တော့ ဟန်မာသည် ဇက်များက သူ့ကို ဘာပြောနေမှန်းကို ခက်ခဲစွာ စိတ်ကူးကြည့်ခဲ့ရသည်။ ကုဟွိုက်၏ ဂရုမစိုက်သည့်ပုံစံက ဟန်မာစိတ်ထဲတွင်တွေးထားသည့်ပုံစံနှင့် မတူပေ။ ဇက်များကို မုန်းနေခြင်းနှင့်လည်း မတူပေ။

“မင်းတို့ သူနဲ့နီးနီးကပ်ကပ်နေပေးသရွေ့ အရှင် ခံနိုင်မှာမဟုတ်ပါဘူး” ဟန်မာက ဇက်များကို အကြုံပြုပြောဆိုလိုက်သည်။

“အရှင်က မင်းတို့ကို လျစ်လျူရှုထားရင် ဝမ်းနည်းသလို လုပ်ပြလိုက် ၁၀၀ အမှတ်အထိရောက်ရမယ့် ဝမ်းနည်းမှုမျိုးဖြစ်ရမယ်နော် ပိုလုပ်ပြနိုင်လေ ပိုကောင်းလေပဲ....”

ဇက်များက ၎င်းတို့သည် အမှန်တကယ်ဝမ်းနည်းနေခြင်းဖြစ်သည့်အတွက် သရုပ်ဆောင်ပြရန်ပင်မလိုဟု တွေးမိသည်။ လူသားများ၏အဖြေက ဇက်များကို စိတ်သက်သာမှုမရစေသော်လည်း ကျေးဇူးတင်ကြောင်းပြသလိုက်သည်။

ညစာစားနေစဉ်အတွင်း ကုဟွိုက်က အေးစက်စွာစားသောက်နေပြီး ဘေးနားမှ ဇက်များ၏အကြည့်ကို လျစ်လျူရှုထားသည်။

“အရှင် ဒီနေ့ ညစာကို ကြိုက်နှစ်သက်ပါရဲ့လား...” ကြီးကြပ်ရေးမှူးက သူ့ဘေးတွင်ရပ်နေပြီး ဂရုတစိုက်ဖြင့် မေးလိုက်သည်။

ကုဟွိုက်က စကားမပြောချင်သော်လည်း ထိုအချိန်တွင်တော့ ပတ်ပတ်လည်မှ ဇက်များ၏အကြည့်က ပိုပြီးတင်းမာလာနေသည်။

“အင်း...” ကုဟွိုက်က နောက်ဆုံး ထိုစကားမပြောခင်အထိ အကြာကြီး နှုတ်ဆိတ်နေခဲ့သည်။

ကုဟွိုက်၏တုံ့ပြန်မှုက ပတ်ပတ်လည်မှ ဇက်များကို စိတ်အားထက်သန်စေသည်။ ၎င်းတို့၏ ဘုရင်က လျစ်လျူလိုစိတ်မရှိပေ။ တုံ့ပြန်မှုက အေးစက်သော်လည်း ၎င်းတို့စိတ်ထဲပျော်မိသည်။ ထို့နောက် ကုဟွိုက်က သူ့ကိုမကြည့်ရန်ပြောထားကြောင်း သတိရသွားပြီး အကြည့်များကို နှိမ့်ချလိုက်လေသည်။ လူသားနှစ်ယောက်ပေးထားသော အကြံဉာဏ်ကိုတွေးမိပြီး ၎င်းတို့က အကြည့်များကို အောက်ချလိုက်ခြင်းဖြစ်သည်။ ထို့နောက် ဇက်များက ကုဟွိုက်ကိုကြည့်ရန် နောက်ထပ် သတ္တိမွေးလိုက်သည်။

ကုဟွိုက် - “...”

လက်တလောလေးကမှ ကုဟွိုက်က သူ့ကိုမကြည့်ရန်မှာထားသော်လည်း ဘေးနားရှိဇက်များက သူ့အား ငေးကြည့်နေကြသည့်အတွက် အေးစက်သောအမူအရာမှလွဲလို့ ဘာမှမပြောခဲ့ပေ။

ကုဟွိုက်၏ ဂရုမစိုက်သည့်ပုံစံအနေအထားက ပြောင်းလဲခဲ့သည်။ အစပိုင်းတွင် ထိပ်ဆုံးထိရောက်ရှိနေပြီး အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း ကျဆင်းလာခဲ့သည်။ ထိုသည်က ပေါင်းစပ်သည့်ကာလအတွင်းဖြစ်ပွားသည့် သဘာဝဖြစ်စဉ်ဖြစ်သည်။

“ဒီရက်ပိုင်း ကြယ်တာရာဓားပြတွေက ကျွန်တော်တို့ရဲ့ ခပ်လှမ်းလှမ်းက ကြယ်ကို ဦးတည်နေကြတယ်၊ ဂြိုဟ်ရဲ့ ဝေးလံတဲ့နေရာကို ကြယ်တာရာသူခိုးတွေက မြင်ကြတာဖြစ်မယ်၊ အဲဒီကြယ်တွေကို ကျွန်တော်တို့က တရားစီရင်ပိုင်ခွင့်ရှိမယ်လို့ သူတို့ထင်နေကြတာလည်းဖြစ်နိုင်တယ်၊ ဒီလက်အောက်ငယ်သားက တပ်စုကို စေလွှတ်ပြီးပြီဆိုတော့ ဘာအမှုအခင်းမှမရှိပဲ ကိစ္စအားလုံး မြန်မြန်ဆန်ဆန်ပြီးသွားမှာပါ...” ကြီးကြပ်ရေးမှူးက နိုင်ငံရေးရာကိစ္စနှင့်ပက်သက်ပြီး ကုဟွိုက်ကို တင်ပြလိုက်သည်။

အဝေးလံဆုံး ကြယ်နယ်မြေ။

ကုဟွိုက်က ထိုစကားကိုကြားပြီး သူ့မျက်ဝန်းများက ရုတ်တရက် အေးစက်သွားခဲ့သည်။ “ဒီဂြိုဟ်မှာ အဆင့်နိမ့်ဇက်တွေလည်း ရှိနေနိုင်တယ်...”

ဇက်များတွင် ဂြိုဟ်များ မြောက်များစွာရှိနေပြီး ဂြိုဟ်များအားလုံးက မဖွံ့ဖြိုးနိုင်ကြသလို အထူးသဖြင့် ဝေးလံသည့်နေရာများတွင်ဖြစ်သည်။

“ဟုတ်” ကြီးကြပ်ရေးမှူးက တုံ့ပြန်လိုက်သည်။

ကုဟွိုက်က ခံစားချက်မဲ့သွားပြီး စားသောက်ခြင်းကို ရပ်လိုက်သည်။ သူက ဝေးလံသည့်ကြယ်အများစုပေါ်တွင်ရှိသည့် အဆင့်နိမ့်ဇက်များကို ကိုယ်စားပြုသော အလင်းပြောက်ကို ဝိညာဉ်နယ်ပယ်ထဲတွင် လွယ်ကူစွာ ပိတ်သိမ်းလိုက်သည်။ ဝေးလံသည့်ကြယ်၏ တည်နေရာကို အတည်ပြုရန် အသုံးပြုခဲ့ပြီး ထိုဂြိုဟ်ပေါ်တွင်ရှိသည့် အဆင့်နိမ့်ဇက်များ၏ အသိညဏ်ချိတ်ဆက်မှုမှတစ်ဆင့် ကြယ်တာရာဓားပြများ၏ စစ်သင်္ဘောကို ကုဟွိုက်တွေ့လိုက်ရလေသည်။

ထိုကြယ်တာရာဓားပြအဖွဲ့အစည်းက အားမကောင်းပေ။ ဇက်များ၏ဂြိုဟ်ကို ထိခိုက်ရဲသည့်အကြောင်းပြချက်က ဂြိုဟ်က အလွန်ကွာဝေးသောကြောင့်ဖြစ်သည်။

“ဘောစ့် ကျွန်တော်တို့ ဂြိုဟ်ပြောင်းပြီး ဇက်တွေကို ရန်မစတာကောင်းမယ်လို့ထင်တယ်… ဒီဂြိုဟ်ကိုရောက်လာတာ အကြိမ်ပေါင်းအနည်းငယ်လည်းရှိပြီဆိုတော့ ပြောင်းလဲဖို့အချိန်တန်ပြီ...” ကြယ်တာရာဓားပြအငယ်က ပြောလိုက်သည်။

“မင်းဘာကိုကြောက်နေတာလဲ” ခေါင်းဆောင်က သူ့ကိုကြည့်လိုက်သည်။ “ဒီဂြိုဟ်ပေါ်မှာ အဆင့်နိမ့်ဇက်တချို့ပဲရှိပြီး ငါတို့မှာလည်း စစ်သင်္ဘောရှိတယ် ဘာကိုမှကြောက်စရာမလိုဘူး အဲဒါအပြင် ဒီဂြိုဟ်က အရမ်းဝေးတော့ တခြားဂြိုဟ်က ဇက်စစ်တပ်တွေရောက်မလာခင် ငါတို့ထွက်ပြေးလို့လည်းရတယ်...”

“အဲဒီအပြင် ဇက်စစ်တပ်တွေက ဒီကို ဘယ်လိုလုပ် မြန်မြန်ဆန်ဆန်ရောက်လာနိုင်မှာလဲ…” ချိတ်ဆက်သည့် မှန်သားပြင်ပွင့်သွားသောအချိန်မှာ ခေါင်းဆောင်က သူ့စကားမဆုံးသေးပဲ လည်ချောင်းထဲမှာပင် အသံက တစ်ဆို့သွားရသည်။

ဗီဒီယိုထဲတွင်ပေါ်လာသူက အေးစက်သည့် ဒေါင်လိုက်မျက်ဆံများရှိသည့် ငယ်ရွယ်သော ဆံပင်အနက်ရောင်နှင့် လူငယ်လေးဖြစ်သည်။

“ဂြိုဟ်ပေါ်ကနေ အခုထွက်သွားမလား မဟုတ်ရင် ဇက်တွေနဲ့ ဖြေရှင်းမလား...” ကုဟွိုက်က ကြယ်တာရာဓားပြခေါင်းဆောင်အား ကြည့်နေသည်။

“လိုဖင်ကြယ်တာရာဓားပြအဖွဲ့”

ဆံပင်အနက်ရောင်နှင့်လူငယ်က ခြိမ်းခြောက်သည့်လေသံနှင့်ပြောလိုက်ခြင်းမဟုတ်သော်လည်း ကြယ်တာရာဓားပြခေါင်းဆောင်ကတော့ အေးစက်သည့် ရွှေရောင်အကြည့်များဆီမှ ဖိနှိပ်ချုပ်ချယ်မှု အာရုံအစစ်အမှန်ကို ခံစားလိုက်ရသည်။ ထိုမျက်ဝန်းများကိုကြည့်ပြီး ခေါင်းဆောင်၏ခန္ဓာကိုယ်က အေးခဲသွားရကာ ချွေးများ စတင်ထွက်လာတော့သည်။

ကုဟွိုက်က ဆက်ပြောသည်။ “ထွက်သွားဖို့ အချိန်တစ်မိနစ်ပေးမယ်”

ချိတ်ဆက်သည့်စက်မှတဆင့်ရောက်လာသော နောက်ထပ်အမိန့်ဖြစ်သော်လည်း လူအားလုံးကို မတိုက်ခိုက်ရဲအောင်လုပ်နိုင်စွမ်းရှိသည်။ ကြယ်တာရာဓားပြခေါင်းဆောင်က သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည့် ပြင်းထန်သောအကြောက်တရားများကို ခံစားမိ၍ တံတွေးမျိုချလိုက်ရသည်။ ထို့နောက် သူ့လက်အောက်ငယ်သားများကို ပြောင်းရွှေ့ရန် အမိန့်ပေးလိုက်သည်။ ရလဒ်ကိုအတည်ပြုပြီးသည်နှင့် ကုဟွိုက်ဆက်သွယ်ပြောဆိုမှုကို အဆုံးသတ်လိုက်သည်။

ကုဟွိုက်၏လုပ်ရပ်က ဘေးနားက ဇက်များ၏မျက်ဝန်းများကို တောက်ပသွားစေသည်။

ဘုရင်က ဝေးလံသည့်ဂြိုဟ်ပေါ်မှ အဆင့်နိမ့်ဇက်များကို ကာကွယ်ရန်လုပ်ခဲ့ခြင်းဖြစ်သည်။

ကြယ်တာရာဓားပြခေါင်းဆောင်အပေါ်ဆက်ဆံသည့် ဘုရင်၏ စိတ်နေသဘောထားက အမှန်တကယ်အေးစက်သည်။ ထိုပုံစံနှင့် နှိုင်းယှဉ်လျှင် သူသည် ဇက်များအပေါ် မအေးစက်ပေ။ ဘုရင်က အခုထိ သူတို့ကို ပို၍ညင်သာစွာ ဆက်ဆံနေဆဲဖြစ်သည်။

ထိုသို့အဆုံးသတ်ပြီးသည်နှင့် ကုဟွိုက်အနားက ဇက်များက အနည်းငယ်ပို၍ နေလို့ကောင်းသွားကြသည်။ သို့သော်လည်း ယခင်ကလို သူတို့အပေါ် ညင်သာပြီး ပြုံးပြလေ့ရှိမည်ဆိုလျှင်တော့ အကောင်းဆုံးသာဖြစ်ပေသည်။

ဇက်များအတွက်တော့ ကုဟွိုက် ဘယ်လောက်ပင်ပြောင်းလဲပါစေ၊ သူတို့ ကုဟွိုက်ကို ဆက်ချစ်နေဦးမည်သာဖြစ်၏။ ကုဟွိုက်က သူတို့ကို အများကြီးလုပ်ပေးခဲ့သည့်အတွက် သူတို့က ထိုအရာက ချစ်ခင်မြတ်နိုးကာ မဆုံးရှုံးချင်သောကြောင့်ဖြစ်သည်။

ကုဟွိုက်က ပေါင်းစပ်ခြင်းကာလအတွင်း သူ့စွမ်းအင်ကိုအသုံးပြုသောအခါ အစပိုင်းတွင်တော့ ဘာမှမခံစားရသော်လည်း ထိုညတွင် ဖျားနာသည့်လက္ခဏာရှိခဲ့သည်။

“အရှင်…” ဇက်များက အခန်းပတ်ပတ်လည်တွင် စိုးရိမ်စွာဖြင့် ကူးသန်းသွားလာနေကြသည်။ ဘုရင်၏ ခန္ဓာကိုယ်က ယခုရက်ပိုင်းအတွင်း သိပ်နေလို့မကောင်းသည့်အတွက် ဇက်များအားလုံးကို စိတ်ပူစေသည်။ ဇက်မျိုးနွယ်စုများထဲတွင် ဖျားနာခြင်းဆိုသည်က တစ်ခါမှမကြုံတွေ့ခဲ့ဖူးပေ။ ယေဘုယျအားဖြင့်ဆိုလျှင် ရောဂါများက ဇက်များ၏ကိုယ်ခန္ဓာကို မကူးစက်နိုင်သော်လည်း ကုဟွိုက်ကတော့ ခြွင်းချက်ဖြစ်ခဲ့သည်။

ကုဟွိုက် တစ်ကိုယ်လုံးပူကျစ်နေပြီး အလ်ဗ်က သူ့ခန္ဓာကိုယ်အား အမြီးနှင့်ရစ်ပတ်ကာ ဆေးတိုက်လိုက်သည်ကိုလည်း တွေဝေသောအမူအရာဖြင့်သာ လက်ခံနိုင်ခဲ့သည်။

အေးစက်သည့်သဘောသဘာဝက ဖျားနာခြင်းနှင့် မကိုက်ညီသလိုဖြစ်နေသည်။ ကုဟွိုက်၏ ခန္ဓာကိုယ်က အလွန်ပူပြင်းနေသည်။ ဇက်ခန္ဓာကိုယ်အပူချိန်က အလွန်နိမ့်ကျသည့်အတွက် အလ်ဗ်က သူ့ကိုဖက်ထားသောအခါတွင် တွေဝေနေသောပုံစံဖြင့် မှီခိုလိုက်မိသည်။

ဆေးသောက်ပြီးမကြာမီတွင် ကုဟွိုက်က အိပ်ပျော်သွားခဲ့သည်။ ဆေး၏ အကျိုးသက်ရောက်မှုက သူအိပ်နေစဉ်တွင် အသုံးဝင်ပြီး သူ၏ မြင့်တက်လွန်ကဲနေသောအပူချိန်က တဖြည်းဖြည်း ကျဆင်းလာခဲ့ကာ မနိုးထခင်တွင် သာမာန်အဆင့်သို့ ရောက်ရှိသွားခဲ့သည်။

ကုဟွိုက် နိုးလာပြီး မျက်လုံးဖွင့်ကြည့်လိုက်သည်။ သူ့မျက်ဝန်းများက အနက်ရောင်ဖြစ်သွားပြီး မျက်နှာကြက်၏ပုံရိပ်ထင်နေသည်။ နိုးထလာပြီးနောက် ကုဟွိုက်၏မျက်နှာထားက မှုန်မှိုင်းနေ၏။ ထို့နောက် သူက သူ့မျက်လုံးများကို ကာလိုက်သည်။

ပေါင်စပ်ခြင်းကာလပြီးသွားသည့်အတွက် မျက်လုံးက သာမာန်အနက်ရောင်အဆင့်သို့ပြောင်းလဲသွားခဲ့ပြီး ကုဟွိုက်က ဗီဇများ၏ အကျိုးသက်ရောက်မှုကို မခံစားရတော့ပေ။ ဖျားနာခြင်းက ပေါင်းစပ်ခြင်းကာလကြောင့်ဖြစ်လာသည့် နောက်ဆုံးအဆင့် ကိုယ်ခန္ဓာ မူမမှန်ခြင်းဖြစ်သည်။ အချိန်များက ပေါင်းစပ်ခြင်းစွမ်းရည်ကို ပြီးမြောက်ကုန်ဆုံးသွားခဲ့သော်လည်း ယခုအချိန်တွင် ဗဟိုချက်မဟုတ်သေးချေ။

ကုဟွိုက်က ထိုကာလအတွင်း သဘာဝအရ ဗီဇ သက်ရောက်ခဲ့ခြင်းများအား မှတ်မိပြီး ဘေးနားရှိဇက်များက နာကျင်စေသည့်စကားများကိုပြောခဲ့ခြင်းဖြစ်သည်။ ထို့နောက် သူတို့၏ ဝမ်းနည်းသောအမူအရာများကို မှတ်မိသွားခဲ့သည်။

ဘယ်လိုလုပ်ရမလဲ ဘယ်လိုလုပ်ရမလဲ ဘယ်လိုလုပ်ရမလဲ…

ထိုမေးခွန်းက သူ့နှလုံးသားထဲတွင် လည်ပတ်နေသည်။ ထိုအချိန်တွင် ကုဟွိုက်က သူ့ခန္ဓာကိုယ်တွင် ငွေမှင်ရောင်အမြီး၏ ရစ်ပတ်ခြင်းကိုခံထားရဆဲဖြစ်ပြီး အလ်ဗ်၏မျက်ဝန်းများကိုကြည့်ရန် လှည့်လိုက်သည်။ ထို့နောက် သူက နေရာမှာတင် အေးခဲသွားရသည်။ သူ ထိုကြောင်ကြီးအား အများကြီးပြောဆိုခဲ့မိပုံရသည်။

ကာလအပိုင်းအခြားအတွင်း အကြင်နာတရားမဲ့ခဲ့ပြီးနောက်ပိုင်း မီးသင်္ဂြိုလ်မှုဖြစ်ရမည်။

ကုဟွိုက်က ထိုစကား၏ အဓိပ္ပာယ်အစစ်အမှန်ကို ရုတ်တရက် နားလည်သွားရသည်။

..........

စာရေးသူမှာ ပြောစရာရှိပါတယ်။

ခပ်မိုက်မိုက် ပေါင်း (မိုက်) - မင်းတို့ ငါ့ကိုကြည့်လို့မရဘူး

ဇက်များ (အမူအရာမှားနေ) - ……

ထို့နောက် ဟွိုက်ပေါင်းက လာဘ်ထိုးလိုက်ကြသည်။

ဟွိုက်ပေါင်း (ပေါကြောင်ကြောင်အမူအရာ) - ငါမဟုတ်ဘူး ငါမလုပ်ခဲ့ဘူး…

Continue Reading

You'll Also Like

434K 63.7K 94
This is just a fan translation.I don't own this novel.All Credit to Original Author & Eng Translator \^•^/ Title - Transmigration of Mian reluctantly...
2.1K 255 9
BL novel အသစ်လေး update ထားပါတယ်ရှင့် ဖတ်ရှုအားပေးကြပါဦးနော် အောက်က👇👇👇 လင့်လေးထဲလည်းဝင်ပြီး သိချင်တာများမေးလို့ရပါတယ်ရှင့်❤️❤️ IQ Team မှ ကြိုဆိုပ...
26K 3.1K 27
Title - Rebirth Of A Cannon Fodder From A Novel Author -Yin Er E-Trans - N/A Translator - IQ Team Description (မော့တိ) အပိုင်း၁၄၆မှစပြီးဖတ်ပေးကြပါ...
19.5K 3.1K 30
This is not my own story. This is just fun translation. Credits to original author. Credits to Eng translator. Associated Names_归隐乡野 Type_Chinese Nov...