စနေသားရဲ့ ဆင်ပေါက် / စေနသားရဲ...

由 Ex_0069

38.2K 1.3K 113

unicode ကျွန်တော့်ရဲ့ တမူမတူညီတဲ့စာရေးပုံနဲ့ မတူညီတဲ့ဇာတ်အိမ်လေးမို့ ဖတ်ကြည့်ပေးစေချင်တယ်ဗျ zawgyi ကြၽန္ေတာ့္... 更多

Author Ex's အမှာစာ / အမွာစာ 😁
Episode _ 1
Episode _ 2
Episode _ 3
Epiaode _ 4
Episode _ 5
Episode _ 6
Episode _ 7
Episode _ 8
Episode _ 9
Episode _ 10
Episode _ 11
Episode _ 12
Episode _ 13
Episode _ 14
Episode _ 15
Episode _ 16
Episode _ 17
Episode _ 18
Episode _ 19
Episode _ 20
Episode _ 21
Episode _ 22
No update
Episode _ 23 🚨🚨🚨🚨
Episode _ 24
Episode _ 25
Episode _ 26
Episode _ 28
Episode _ 29
Episode _ 30
🥺🥺
Episode _ 31
Episode _ 32 ( Final episode )
Bye for long time

Episode _ 27

760 28 0
由 Ex_0069

Unicode
Episode _ 27

" အရီးလေး...  "

" ဟော... ရောက်လာပြီလား၊ အိမ်ပေါ်မှာပါတော်.. "

" ဟုတ် အရီးလေး "

" နှစ်ယောက်သား အေးအေးဆေးဆေးဖြေရှင်းကြနော်...၊ အရီးလေးရဲ့သားအကြောင်းလည်း သိနေတာပဲ.. "

" ဟုတ် စိတ်ချပါ... အရီးလေး "

ကျုပ်လည်း အရီးလေးကိုနှုတ်ဆက်ပြီး အရီးလေးတို့အိမ်ပေါ်တက်သွားလိုက်တယ်။

" ဆင်ပေါက်... တံခါးဖွင့်အုံး "

" ..... "

" ဆင်ပေါက် ပြောနေတာကြားလား..၊ တံခါးလာဖွင့်လှည့်လို့ ငါပြောနေတယ်လေ "

အခန်းတံခါးကလန့်ချထားတဲ့ဆင်ပေါက်က ကျုပ်ကိုဒေါသထွက်အောင် လာလုပ်နေတာပဲ။ အိမ်အောက်မှာရှိတဲ့အရီးလေးကြောင့် ကျုပ်သည်းခံနေတာကို၊ ဒီကောင်က ရောင့်တက်နေတာ။ မိဘအိမ်ပြန်ရောက်နေတော့ တော်တော်အာခံရဲနေတာပေါ့လေ။

" ဆင်ပေါက်... ငါခေါ်နေတုန်း တံခါးလာဖွင့်နော်၊ အေး.. မဟုတ်ရင် ငါ တံခါးကိုရိုက်ချိုးပြီးဝင်လာမယ်.. မင်း ငါ့အကြောင်းသိတယ်နော် "

အိမ်အောက်ထပ်က ဒေါ်နန်းမှုံမှာတော့ အိမ်ပေါ်က သမက်ဖြစ်သူနဲ့သားဖြစ်သူကြောင့် စိုးရိမ်ဗျာများနေရသည်။ ယောက်ျားဖြစ်သူကလည်း ဒီနေ့မှအလုပ်ကိစ္စနဲ့မြို့ပေါ်တက်သွားတာကြောင့် သူတစ်ယောက်တည်းအိမ်မှာကျန်နေခဲ့တာ။ ဒါကို ရုတ်တရက်ကြီး အိမ်ကို မျက်နှာကြီးဆူပုတ်ကာ ရုတ်တရက်ရောက်လာတဲ့သားဖြစ်သူကြောင့် ဘာများဖြစ်တာလဲလို့စိတ်ပူပြီးမေးကြည့်တော့ သားမက်ဖြစ်သူအော်ငေါက်လို့ဆိုပြီး အိမ်ပေါ်ကဆင်းလာတာတဲ့လေ။ ဘာကိစ္စလဲဆိုတာကိုတော့ မပြောဘဲ ကိုယ့်အိမ်ကိုယ်မပြန်တော့ဘူးဆိုပြီး အရင်နေတဲ့အခန်းထဲဝင်သွားတာပဲ။ မကြာဘူး.. ခဏနေတော့ သားမက်ဖြစ်သူရောက်လာတော့သည်။

" ဆင်ပေါက်.. ငါ တံခါးဖွင့်လို့ပြောနေတယ်လေ!!.. "

တေလွန်းရဲ့အသံက တော်တော်ကျယ်လာတာမို့ အိမ်အောက်ထပ်က ဒေါ်နန်းမှုံမှာ အိမ်အပေါ်ထပ်ကိုပြေးပဲတက်ရမလိုလို၊ ရှောင်ပဲရှောင်ပေးရမလိုဖြစ် ဗျာများနေသည်။ သားမက်ဖြစ်သူက မိမိသားကိုကိုယ်ထိလက်ရောက်အနိုင်မကျင့်မှန်းသိပေမဲ့ တစ်ဖက်ကကိုယ့်ဝမ်းနဲ့လွယ်မွေးထားတဲ့သားဖြစ်နေတာကြောင့် စိတ်ပူရသည်။

* ချောက်! *

အထဲကတံခါးဂျက်ဖွင့်တဲ့အသံကိုကြားတာနဲ့ ကျုပ်လည်း တံခါးကိုဆောင့်တွန်းလိုက်သည်။

" အာ့!... "

" ဟင်.. ဆင်ပေါက်၊ ဘာဖြစ်သွားသေးလဲ... ပြစမ်း မောင့်ကို "

ကျုပ် တံခါးနောက်မှာ ဆင်ပေါက်ရပ်နေအုံးမယ်လို့မထင်ခဲ့။ အခုတော့ ကျုပ်တွန်းလိုက်တဲ့အားကြောင့် တံခါးကဆင်ပေါက်ကိုပစ်စောင့်မိသလိုဖြစ်သွားပြီး ကြမ်းခင်းပေါ်မှာ လပ်တစ်ဖက်ကထောက်လျက်သား၊ ကျန်လက်တစ်ဖက်ကမျက်နှာကိုအုပ်ထား၍ ဖင်ထိုင်ရက်လေးလဲကျသွားသည်။

" ဖယ်.. မထိနဲ့ "

" ကျစ်.. ဘာလို့အဲ့ဒီတံခါးနားမှာရပ်နေတာလဲ.. ဟမ်၊ ပြစမ်း မောင့်ကို ဘယ်နားခိုက်မိသွားတာလဲ "

ခေါင်းကိုလွဲကာမျက်နှာကိုအုပ်ထားတဲ့ဆင်ပေါက်ရဲ့လက်ကို ကျုပ်အတင်းဆွဲဖယ်လိုက်ပြီး မျက်နှာကိုသေချာမြင်ရအောင် မေးစေ့ကဆွဲယူလိုက်သည်။

" တော်သေးတာပေါ့... ဘာမှမဖြစ်သွားလို့ "

ဆင်ပေါက်ရဲ့နဖူးပေါ်ကျနေတဲ့အုန်းမှုတ်ခွက်ကေဆံပင်ကို အပေါ်လှန်ကာ မျက်နှာပြင်တစ်ခုလုံးကိုသေချာကြည့်ပြီးမှပဲ ကျုပ်လည်း သက်ပြင်းချနိုင်တယ်။

" ဖယ်... ငါ ဘာမှမဖြစ်ဘူး၊ မင်းကိုမကြည့်ချင်လို့ မျက်နှာကိုအုပ်ထားတာ "

ကျွန်တော် တေလွန်းရဲ့လက်ကို ဖက်ကနဲရိုက်ချပြီး မတ်တပ်ထရပ်လိုက်တယ်။ တကယ်လည်း ကျွန်တော် ဘာမှမဖြစ်ဘူးလေ။ တံခါးက ရုတ်တရက်ပြီးဆောင့်ဖွင့်ခံလိုက်ရတော့ တံခါးပေါ်လက်တင်ထားမိတဲ့ကျွန်တော်က တေလွန်းရဲ့အားကြောင့်နောက်ပြန်လှဲကျရုံပဲ။ ဒါပေမဲ့ ကြမ်းပေါ်ထောက်လိုက်မိလက်ကောက်ဝတ်က နည်းနည်းတော့ နာသွားတယ်။ ပြီးတော့ ဖင်ထောင်ရိုးလည်း နည်းနည်းနာသွားတယ်။

" မောင် မှားသွားတာပါ.. နော်၊ မောင်က မင်းကိုစိတ်မချလို့ပါကွာ "

" ဘာစိတ်မချစရာရှိလဲ၊ ဟန်သာက မင်းစိတိမချရမဲ့သူမှမဟုတ်တာ... ပြီးတော့ ငါတသ်ယောက်တည်းသွားမယ်လို့လဲ ပြောမိလို့လား "

" ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် မောင်စိတ်မချဘူး.. "

ပြဿနာက ဒီနှစ်သင်္ကြန်ကို ဆင်ပေါက်က သူကျောင်းသွားတက်တဲ့မြို့မှာလျှောက်လည်ချင်တာ။ အဓိက တရားခံက ကျုပ်ရဲ့အမစုစုစံ။ ဟိုတစ်နေ့က အိမ်ကိုလာတဲ့ကိစ္စကလည်း ထိုကိစ္စကိုပြောဖို့လာတာ။ မြို့သင်္ကြန်သွားလည်ဖို့ ကျုပ်ရဲ့ဆင်ပေါက်ကိုလာဆွယ်ခြင်း။ ဘာစိတ်ကူးပေါက်ပြီး အဲ့လိုလည်ချင်မှန်းတော့မသိ။ ကျုပ်ရဲ့ဆင်ပေါက်ကလည်း နှစ်ခါဆွယ်သရာမလို၊ သူကျောင်းတင်တုန်းက သူ့သူငယ်ချင်းနဲ့သင်္ကြန်လည်ဖို့ပြောထားတယ်ဆိုပြီး မရီးနဲ့မတ်နှစ်ယောက်တည်း သူတို့ဘာသာမြို့ပေါ်မှာလည်ဖို့စီစဥ်ကြတယ်လေ။

" မင်းလည်းလိုက်ခဲ့လေ.. တေလွန်း နော်၊ ငါတကယ် မြို့သင်္ကြန်ကိုလည်ချင်လို့ပါ...၊ အများကြီးမဟုတ်ဘူးလေ တစ်ရက်တည်း.. တစ်ရက်တည်းလေ နော်..... "

" မောင် မင်းကိုအခြားကောင်တွေနဲ့ရောနှောနေမှာကိုမကြိုက်ဘူး..၊ မြို့သင်္ကြန်ဆိုတာက သိတဲ့အတိုင်း လူမျိုးစုံရှိတာ..၊ မင်းရဲ့သူငယ်ချင်းဆိုတဲ့ကောင်ကလည်း အခြားသူ့အပေါင်းအသင်းတွေ ပါလာအုံးမှာပဲ..၊ မရဘူး.. လုံးဝမသွားရဘူး "

ကျွန်တော် ဘယ်လိုပြောပြော တေလွန်းကို ဘူးချည်းခါနေတော့တာပဲ။ မနက်ကလည်း ကျွန်တော့်ကို သွားရဲသွားကြည့်ဆိုပြီး ခြိမ်းခြောက်ကာ နေရာတကာပါချင်တယ်ဆိုပြီးဆူငေါက်သေးတယ်။ ဒီတစ်ခါလေးပဲ တောင်းဆိုမိတာကို။

" ဟင့်... မင်း ငါ့ကို အရမ်းအနိုင်ကျင့်တာပဲ "

" ဟာ.. ဘာလို့ငိုရတာတုန်း၊ မောင် မင်းကိုရိုက်နေလို့လား.. "

" မသိဘူး..၊ ဟင့် ဒီတစ်ခါလေးတောင်းဆိုမိတာကို ငါ့ကိုဆူလည်းဆူတယ်.. သွားရဲသွားကြည့်ဆိုပြီးခြိမ်းခြောက်သေးတယ်... "

ကုတင်ပေါ်တက်ထိုင်ပြီး ငိုချင်းချနေတဲ့ကျုပ်ရဲ့ဆင်ပေါက်။ သူ့ကိုယ်သူ အခုထိကလေးများထင်နေတာလားမသိ။ ကျုပ်ရဲ့ဆင်ပေါက်ရဲ့ဘေးကလွတ်နေတဲ့နေရာမှာ ဝင်လိုက်လိုက်ပြီး ဆင်ပေါက်ရဲ့မျက်ရည်စတွေကိုသုတ်ပေးလိုက်တယ်။ ကျုပ်ရဲ့ဆင်ပေါက်လေးကိုဟန်ဆောင်ပြီးငိုနေတာမဟုတ်ဘူးဗျ။ တကယ်ကို ဝမ်းနည်းပြီးငိုနေတာ။

" မောင် ပြောပြမယ်...၊ မောင့်ရဲ့ဆင်ပေါက်လေးက တကယ်မြို့သင်္ကြန်ကိုလည်ချင်တာလား.. "

" ဟုတ်တယ် "

" အဲ့တာဆို မောင်တို့မြို့ပေါ်တက်ပြီး ဒီကသင်္ကြန်မှာပဲလည်ကြမယ်လေ "

" ဟန်သာနဲ့က ဒီနှစ်သင်္ကြန်ကျရင် အတူတူလည်မယ်လို့ကတိပေးထားပြီးသား.. အရင်ကတည်းက "

" အဲ့တာဆိုလည်း အဲ့ကတိကိုဖျက်လိုက်ကွာ "

" မရဘူးလေ..၊ သင်္ကြန်မလည်ဖြစ်လို့ အဲ့ကတိကိုဖျက်လိုက်ရင် ဘာမှမဖြစ်ပေမဲ့ အခုက ဒီမြို့မှာ သင်္ကြန်လည်မှာလေ...၊ သင်္ကြန်လည်မဲ့အတူတူ သူ့ဆီကိုပဲသွားလို့မရဘူးလားဟင် "

" အဲ့တာဆိုလည်း မလည်တော့နဲ့ကွာ.. "

" မမစုနဲ့ပြောပြီးသားလေ.. ပြီးတော့ ငါလည်း ဒီနှစ် သင်္ကြန်ကို လျှောက်လည်ပြီးရေပက်ခံချင်တယ်လေ "

တော်တော်ရေပက်ခံချင်နေတာပေါ့။ ဒီလိုပြောလို့ မနက်ကလည်း ကျုပ် ဆင်ပေါက်ကိုအော်မိတာ။ ဘယ်လိုပဲဆိုဆို ကျုပ်က အတ္တတကယ်ကြီးတယ်ဗျ။ ဆင်ပေါက်ကိုပထမဆုံးရေလောင်းတဲ့သူကလည်း ကျုပ်ဖြစ်သလို ကျုပ်ခွင့်မပြုဘဲလည်း ဘယ်သူမှဆင်ပေါက်ကိုရေလောင်းမှာမျိုး ကျုပ်လက်မခံနိုင်ဘူး။ ဒါပေမဲ့ အခုလို ဆင်ပေါက်ဝမ်းနည်းနေတာမျိုးကိုလည်း ကျုပ် မကြိုက်ဘူး။ ကျုပ်ရဲ့အတ္တကိုနည်းနည်းလောက်တော့ လျော့ပေးလိုက်ဖို့ကျုပ်ဆုံးဖြတ်လိုက်တယ်။

" ဟင်း... အဲ့တာဆိုလည်း တစ်ရက်ပဲနော် "

" တေလွန်း... မင်း တကယ်ပြောတာနော် "

" အင်း.. "

အိမ်ပေါ်က သားမက်ဖြစ်သူနဲ့သားဖြစ်သူတို့ပြေလည်သွားမှပဲ အိမ်အောက်ထပ်ကဒေါ်နန်းမှုံမှာ သက်ပြင်းချနိုင်တော့သည်။

~~~~~~~~~~~~~~~~~~~~~~~~

သင်္ကြန်အကြိုနေ့...။

သင်္ကြန်အကြိုနေ့မှာ ကျုပ်တိည့ကတော့ထုံးစံအတိုင်း တောထဲမှာသင်္ကြန်အကြိုပန်းသွားခူးတယ်။ ဒီတစ်ခါတော့ ဆင်ပေါက်ကို ကျုပ်ကိုယ်တိုင်ပဲ လိုလိုလားလားနဲ့တောထဲအတူတူလိုက်ဖို့ခေါ်သွားလိုက်တယ်။ ဘာလို့ဆို ဆင်ပေါက်ဘေးမှာ ကျုပ်ရှိနေပြီလေ။ ဆင်ပေါက်နဲ့ကျုပ်က လုံးဝတစ်သားတည်းဖြစ်သွားပြီမို့ ဘယ်လိုမမြင်ရတဲ့အနှောက်အယှက်ကမှဒုက္ခမပေးနိုင်တော့ဘူးဆိုတာ သေချာသွားပြီလေ။ လှည်းတစ်စီးပေါ်မှာ ဆင်ပေါက်နဲ့ကျုပ်ကတစ်တွဲ၊ နိုင်ထွန်းနဲ့ဇော်ဝင်းကတစ်တွဲ၊ ကျန်တဲ့လှည်းတစ်စီးပေါ်မှာ ဆရာအောင်ထူးမော်နဲ့တိုးလွင်ကတစ်တွဲ အတွဲသုံးတွဲခွဲပြီး လှည်းနှစ်စီးနဲ့ သင်္ကြန်အကြိုပန်းခူးကြသည်။

သင်္ကြန်အကျနေ့...။

အကျနေ့ရောက်တော့ မနက်နေမထွက်ခင်ကတည်းက ကျုပ်တို့အဖွဲ့ ရွာကနေ ထွက်ခဲ့သည်။ အဘတို့ကတော့ ဂရုစိုက်ဖို့သာတဖွဖွမှာပြီး ဘာမှတော့မပြော၊ ဘာလို့ဆို အခုသွားတာက သူတို့ရဲ့သားငယ်လေး၊ ကျုပ်ရဲ့ဆင်ပေါက် သွားချင်လို့သွားရတဲ့ခရီးကိုးဗျ။ ကားနဲ့သွားဖို့က လက်မှတ်ကြိုဖြတ်ရတဲ့အပြင် လူများတာကြောင့် ကျုပ်လည်းထော်လာဂျီနဲ့ပဲသွားလိုက်တယ်။ လူများဆို ကျုပ်နဲ့ဆင်ပေါက်၊ ကျုပ်အမစုစုစံအပြင် ီုင်ထွန်းရော၊ ကျုပ်တို့အတင်းခေါ်လို့လိုက်ခဲ့ရတဲ့တိုးလွင်နဲ့ဆရာအောင်ထူးမော်ရယ်၊ သူငယ်ချင်းတွေအကုန်ပါလို့လိုက်ခဲ့ရတာပါဆိုတဲ့ဇော်ဝင်းရောဆိုတော့ စုစုပေါင်းလူက ခုနှစ်ယောက်ဖြစ်သွားသည်။

ကျုပ်တို့ ဆင်ပေါက်ရဲ့သူငယ်ချင်းအိမ်ဆီကိုရောက်တော့ မနက်ခုနှစ်နာရီခွဲတော့မည်။

" ရှင်မွှေး.. "

" ဟန်သာ မင်း မတွေ့တာမှသိပ်မကြာသေးဘူး၊ ဝလာသလိုပဲ... "

" လူပါးနေမှာပေါ့ "

ကျွန်တော်တို့ကိုစောင့်နေတဲ့ဟန်သာကို ကျွန်တော့်ဘက်ကအရွန်းဖောက်တော့ ဘေးကဘုကလန့်ကောင်က ထဖောက်တော့သည်။ ဟန်သာကတော့ အကြောင်းသိစွာ ဘာမှမပြော။ ကျွန်တော်လည်း ပျော်နေတဲ့အပျော်လေးတွေမပျက်ချင်တာကြောင့် ဘုကလန့်ကောင်တေလွန်းကို လျစ်လျူရှုထားလိုက်တယ်။

" ဟား... ထင်လို့ပါကွာ၊ မင်းကမှ တစ်ကယ်ဝလာတာ ငါ့ကောင်၊ ကြည့်ရတာ.. စိတ်ချမ်းသာနေတယ်ထင်တယ် "

ကျုပ်ကိုရှေ့ထားပြီး ဟီလာထနေတဲ့နှစ်ယောက်။ အမြင်ကပ်စရာကောင်းလိုက်တာ။

" မင်းတို့မနက်စာစားလာကြပြီးပြီလား၊ မစားရသေးရင် တစ်ခါတည်းစားကြလေ.. လည်ဖို့က အကုန်ပြင်ဆင်ပြီးသွားပြီ "

" စားလာခဲ့တယ်... ဒါနဲ့ မင်း အခြားသူတွေရောခေါ်အုံးမှာလား "

တေလွန်းကြောင့် ကျွန်တော်လည်း ထိုစကားကိုမမေ့မလျော့မေးလိုက်ရသည်။

" ဟာ.. မခေါ်ပါဘူး၊ ငါ့မှာ သူငယ်ချင်းဆိုလို့မင်းပဲရှိတာလေကွာ.. အခြားသူတွေနဲ့က မေးထူးခေါ်ပြောပဲရှိတာ၊ အိမ်ကအမတွေကလည်း သူတို့ဘာသာ သူတို့အလုပ်ကလူတွေနဲ့ရေပတ်ခံထွက်ကြမှာလေ.. ငါက တစ်ယောက်တည်း "

ဟန်သာက တေလွန်းသူငယ်ချင်းတွေနဲ့ရော၊ ဆရာအောင်ထူးမော်နဲ့မမစုစုစံနဲ့ရော ကျွန်တော်တို့မင်္ဂလာဆောင်ကိုလာကတည်းက သိသွားပြီးသားမို့ အထူးတလည်မိတ်ဆက်ပေးနေစရာတော့ မလို။

" အဲ့တာဆို ခဏစောင့်အုံး၊ ကားက လာတော့မှာ ငါ ရှစ်နာရီကိုချိန်းထားတယ်၊ ကားမလာခင် မင်းတို့ အပေါ့အလေးသွားထားကြပါလား.. အဝတ်အစားတွေရော အပိုပါလား "

" အင်း အကုန်ပါတယ်...၊ လောလောဆယ်ငါတို့အဝတ်အစားလဲအုံးမယ် "

" အေး.. အေး လာပါဗျ၊ အမစုစုစံက ကျွန်တော့်အမအခန်းထဲမှာ အဝတ်သွားလဲလိုက်လေနော်... အကိုတို့ကတော့ ကျွန်တော့်အခန်းထဲဝင်လဲလို့ရတယ်ဗျ "

" ရတယ်.. အကိုတို့က ယောက်ျားလေးတွေပဲ၊ ဒီမှာပဲ လဲလိုက်မယ် "

" ဟုတ် ရပါတယ်ဗျ "

" ဆင်ပေါက်နဲ့ကျုပ်က သူ့အခန်းထဲမှာ သွားလဲလိုက်မယ်.. လာ ဆင်ပေါက် "

တေလွန်းက ကျွန်တော့်လက်ကိုဆွဲကာ ဟန်သာပြတဲ့အခန်းထဲကိုဝင်ပြီး အဝတ်အစားလဲသည်။ ကျွန်တော် တေလွန်းကိုပြောချင်ပေမဲ့ ကြာနေမှာစိုးတာကြောင့် အဝတ်အစားကိုပဲ ခပ်မြန်မြန်လဲပစ်လိုက်တယ်။ ကျွန်တော်တို့အဝတ်အစားလဲပြီးပြန်ထွက်လာတော့ မမစုစုစံကလွဲ ကျန်တဲ့ယောက်ျားလေးတွေအားလုံးကအဆင်သင့်ဖြစ်နေပြီး ကားကလည်း ရောက်နေပြီဖြစ်သည်။ ခဏနေတော့ မမစုစုစံပါ အဝတ်အစားလဲပြီးလို့ အပြင်ကိုထွက်လာသည်။

" အကုန်ပြီးပြီမလား... သွားကြရအောင်လေ.. "

ဟန်သာက သူနဲ့သိတဲ့ကားတစ်စီးကို တစ်နေကုန်စာအပြတ်ငှားထားပြီးသားမို့ ကျွန်တော်တို့ရောက်ပြီး မကြာမှီမှာပဲ ကားရောက်လာကာ ကျွန်တော်တို့အဖွဲ့ မြို့ထဲကရေကစားမဏ္ဍဋ်တွေဆီ ခြေဦးတည့်လိုက်သည်။

မြူးကြွတဲ့သင်္ကြန်သီချင်းတွေကိုခေတ်ပေါ်အသံချဲ့စက်တွေနဲ့ဖွင့်ထားတဲ့မဏ္ဍဋ်ရှေ့မှာ ကျွန်တော်တို့ကားက ရှေ့ဆက်တိုးလို့မရတော့အောင် ကားလမ်းကကျပ်နေသည်။ တစ်ဖွဲ့လုံးလည်း ရေတွေကစိုရွဲနေပြီး မိုးကအုံ့နေသည်မို့ မဏ္ဍဋ်ရှေ့မှာအချိန်ကြာနေတော့ လူကချမ်းလာသည်။

" ချမ်းနေပြီလား... "

" ဟင်.. မချမ်း မချမ်းပါဘူး "

နှုတ်ခမ်းတွေပြာပြီး တစ်ဆတ်ဆတ်တုန်နေတာတောင်မှ ကျုပ်ကိုမချမ်းပါဘူးလို့လာလိမ်နေတဲ့ဆင်ပေါက်က ကျုပ် သူ့ကိုအပြစ်ပြောမှာ ကြောက်နေတာ။ ကိုယ့်လူအကြောင်းကိုယ်သိတာပေါ့၊ ကျုပ်ရဲ့ဆင်ပေါက်က အအေးဒဏ်မခံနိုင်တာ။

" မောင်တို့ လမ်းဆင်းလျှောက်ကြမယ်... "

" ဟင်.... "

တေလွန်းက ကျွန်တော့်ရဲ့လက်ကနေဆွဲပြီး ကားပေါ်ကနေ သူအရင်ဆင်းပြီး ကျွန်တော့်ကိုဆင်းခိုင်းသည်။

" ဟေ့ကောင်တွေ.. ငါတို့လမ်းလျှောက်ပြီး ရှေ့ကကြိုစောင့်နေမယ်... "

" ဟာ ငါတို့လည်းလိုက်မယ် ငတေ၊ မဟုတ်ရင် ကားပေါ်မှာပဲ တစ်နေကုန်သွားလိမ့်မယ်ကွ၊ ရှေ့မှာလည်း ကားတွေကပိတ်နေတုန်း... "

" အေး.. သွားမယ် "

" ဟုတ်တယ် ကျွန်တော်လည်း အဲ့တာပြောမလို့.. "

နိုင်ထွန်းနဲ့ဇော်ဝင်းကပါ ကားပေါ်ကနေဆင်းတော့ ဟန်သာကပါ ချက်ချင်းနောက်ကနေလိုက်လာသည်။

" ကိုတိုး... ဦးတို့လည်း ဆင်းရအောင်..၊ မဟုတ်ရင် ကိုတိုး အအေးပတ်နေလိမ့်မယ် "

" သင်္ကြန်ရေက မဖျားပါဘူး.. ဦးထူးရဲ့ "

" မဖျားဖျား ဖျားဖျားပါ... ဒီကားပေါ်မှာပဲနေရင် အဝတ်တွေပြန်ခြောက်တော့မှာမဟုတ်ဘူး "

" အင်းပါ.. ဦးထူးသဘော "

ဆရာအောင်ထူးမော်နဲ့တိုးလွင်ကပါ ကျုပ်တို့နဲ့အတူတူ ခြေလျင်လျှောက်ဖို့ကားပေါ်ကဆင်းလာသည်။

" နေအုန်းလေ.. ငါလည်း လိုက်မယ် "

ကျုပ်တို့ယောက်ျားလေးတွေအကုန်လုံး ကားပေါ်ကဆင်းတော့ ကျုပ်အမကပါ ရေစိုနေတဲ့ထမီကိုခြေသလုံးထိဆွဲတင်ကာ ကားပေါ်ကနေအတင်းဆင်းသည်။

" ဟာ နင်က ကားခေါင်းထဲမှာနေခဲ့... "

" ဟဲ့ နေစရာလား၊ သင်္ကြန်လည်ပါတယ်ဆိုမှ ငါက အဲ့ဒီကားခေါင်းကြီးထဲမှာနေခဲ့ပြီး ကျန်ခဲ့ရမှာလား...၊ မသိဘူး လိုက်မှာပဲ "

" နင်က မိန်းကလေးလေ...၊ ဒီလူအုပ်ကြီးကြားထဲ နင့်ကိုဘယ်သူကစောင့်ရှောက်မှာလဲဟ၊ ငါကတော့ ပြောထားမယ်.. မရဘူး "

" အမလေး.. နင့်ကိုလည်း ငါက အားမကိုးပါဘူးနော်.. "

စုစုစံမှာ ​မောင်ဖြစ်သူရဲ့အကြောင်းကိုသိနေတော့ မျက်စောင်းထိုးရုံမှလွဲ ဘာမှမတက်နိုင်။ သူ့မောင်က သူ့လင်ကိုပဲဂရုစိုက်မယ်ဆိုတာ မပြောလည်းသိပြီးသား။ ကျန်တဲ့လူတွေကလည်း ဆရာအောင်ထူးမော်နဲ့တိုးလွင်ကတစ်တွဲ၊ အဖော်မရှိတဲ့ဟန်သာကလည်း သူတို့ထက်ပိုရင်းနှီးတဲ့နိုင်ထွန်းနဲ့တစ်တွဲဆိုတော့ သူတစ်ယောက်တည်းဘက်ပဲ့နေတော့ သူ့ကို မခေါ်ချင်တာလည်းအပြစ်တော့ပြောမရ။ ဇော်ဝင်းကလည်း ရွာကထွက်လာကတည်းက အခုချိန်ထိ သူနဲ့စကားပင်မပြော၊ အခြားသူတွေနဲ့သာ ဟီးလေးဟားလေးလုပ်နေတာလေ။ ဇော်ဝင်းက ဟိုတစ်ခါကိစ္စပြီးကတည်းက သူ့ကိုစကားလည်းမပြောသလို သူ့ရှိနေတဲ့နေရာတွေမှာလည်း အရင်လိုသိပ်မတွေ့ရတော့။ ထို့ကြောင့် ဇော်ဝင်းနဲ့အတူတူ သွားဖို့ကလည်း အဆင်​မပြေပြန်ဘူး။

" အို.. ငါ့ဟာငါ ဂရုစိုက်နိုင်တယ်၊ မရဘူး ငါရော လိုက်မှာ "

" ကဲပါ.. စုစုစံကိုခေါ်ခဲ့လိုက်ပါ၊ ဆရာတို့တွေအကုန်ပါနေတာပဲ... မင်းအမကိုစိတ်ပူမနေနဲ့ တေလွန်း ဟုတ်ပြီလား.... "

" အေး.. အေး.. အဲ့တာဆိုလည်း လိုက်ခဲ့ဟာ "

ကျုပ်လည်း ဆရာအောင်ထူးမော်ကိုယ်တိုင်ကဝင်ပြောတော့ ဇွတ်လိုက်ချင်နေတဲ့ကျုပ်အမကို လိုက်ခိုင်းလိုက်တယ်။ ဟန်သာက ကားခေါင်းနားသွားကာ သူ့အသိကားသမားကိုမှာစရာရှိတာမှာပြီးတာနဲ့ ကျုပ်တို့ရှစ်ယောက်စလုံး ခြေလျင်ရေပတ်ခံဖို့ ထိုမဏ္ဍဋ်ကနေ ထွက်လာခဲ့သည်။

Next episode ..........

Zawgyi
Episode _ 27

" အရီးေလး...  "

" ေဟာ... ေရာက္လာၿပီလား၊ အိမ္ေပၚမွာပါေတာ္.. "

" ဟုတ္ အရီးေလး "

" ႏွစ္ေယာက္သား ေအးေအးေဆးေဆးေျဖရွင္းၾကေနာ္...၊ အရီးေလးရဲ့သားအေၾကာင္းလည္း သိေနတာပဲ.. "

" ဟုတ္ စိတ္ခ်ပါ... အရီးေလး "

က်ဳပ္လည္း အရီးေလးကိုႏႈတ္ဆက္ၿပီး အရီးေလးတို႔အိမ္ေပၚတက္သြားလိုက္တယ္။

" ဆင္ေပါက္... တံခါးဖြင့္အံုး "

" ..... "

" ဆင္ေပါက္ ေျပာေနတာၾကားလား..၊ တံခါးလာဖြင့္လွည့္လို႔ ငါေျပာေနတယ္ေလ "

အခန္းတံခါးကလန္႔ခ်ထားတဲ့ဆင္ေပါက္က က်ဳပ္ကိုေဒါသထြက္ေအာင္ လာလုပ္ေနတာပဲ။ အိမ္ေအာက္မွာရိွတဲ့အရီးေလးေၾကာင့္ က်ဳပ္သည္းခံေနတာကို၊ ဒီေကာင္က ေရာင့္တက္ေနတာ။ မိဘအိမ္ျပန္ေရာက္ေနေတာ့ ေတာ္ေတာ္အာခံရဲေနတာေပါ့ေလ။

" ဆင္ေပါက္... ငါေခၚေနတုန္း တံခါးလာဖြင့္ေနာ္၊ ေအး.. မဟုတ္ရင္ ငါ တံခါးကိုရိုက္ခ်ိဳးၿပီးဝင္လာမယ္.. မင္း ငါ့အေၾကာင္းသိတယ္ေနာ္ "

အိမ္ေအာက္ထပ္က ေဒၚနန္းမႈံမွာေတာ့ အိမ္ေပၚက သမက္ျဖစ္သူနဲ႔သားျဖစ္သူေၾကာင့္ စိုးရိမ္ဗ်ာမ်ားေနရသည္။ ေယာက္်ားျဖစ္သူကလည္း ဒီေန့မွအလုပ္ကိစၥနဲ႔ၿမိဳ႔ေပၚတက္သြားတာေၾကာင့္ သူတစ္ေယာက္တည္းအိမ္မွာက်န္ေနခဲ့တာ။ ဒါကို ရုတ္တရက္ႀကီး အိမ္ကို မ်က္ႏွာႀကီးဆူပုတ္ကာ ရုတ္တရက္ေရာက္လာတဲ့သားျဖစ္သူေၾကာင့္ ဘာမ်ားျဖစ္တာလဲလို႔စိတ္ပူၿပီးေမးၾကည့္ေတာ့ သားမက္ျဖစ္သူေအာ္ေငါက္လို႔ဆိုၿပီး အိမ္ေပၚကဆင္းလာတာတဲ့ေလ။ ဘာကိစၥလဲဆိုတာကိုေတာ့ မေျပာဘဲ ကိုယ့္အိမ္ကိုယ္မျပန္ေတာ့ဘူးဆိုၿပီး အရင္ေနတဲ့အခန္းထဲဝင္သြားတာပဲ။ မၾကာဘူး.. ခဏေနေတာ့ သားမက္ျဖစ္သူေရာက္လာေတာ့သည္။

" ဆင္ေပါက္.. ငါ တံခါးဖြင့္လို႔ေျပာေနတယ္ေလ!!.. "

ေတလြန္းရဲ့အသံက ေတာ္ေတာ္က်ယ္လာတာမို႔ အိမ္ေအာက္ထပ္က ေဒၚနန္းမႈံမွာ အိမ္အေပၚထပ္ကိုေျပးပဲတက္ရမလိုလို၊ ေရွာင္ပဲေရွာင္ေပးရမလိုျဖစ္ ဗ်ာမ်ားေနသည္။ သားမက္ျဖစ္သူက မိမိသားကိုကိုယ္ထိလက္ေရာက္အႏိုင္မက်င့္မွန္းသိေပမဲ့ တစ္ဖက္ကကိုယ့္ဝမ္းနဲ႔လြယ္ေမြးထားတဲ့သားျဖစ္ေနတာေၾကာင့္ စိတ္ပူရသည္။

* ေခ်ာက္! *

အထဲကတံခါးဂ်က္ဖြင့္တဲ့အသံကိုၾကားတာနဲ႔ က်ဳပ္လည္း တံခါးကိုေဆာင့္တြန္းလိုက္သည္။

" အာ့!... "

" ဟင္.. ဆင္ေပါက္၊ ဘာျဖစ္သြားေသးလဲ... ျပစမ္း ေမာင့္ကို "

က်ဳပ္ တံခါးေနာက္မွာ ဆင္ေပါက္ရပ္ေနအံုးမယ္လို႔မထင္ခဲ့။ အခုေတာ့ က်ဳပ္တြန္းလိုက္တဲ့အားေၾကာင့္ တံခါးကဆင္ေပါက္ကိုပစ္ေစာင့္မိသလိုျဖစ္သြားၿပီး ၾကမ္းခင္းေပၚမွာ လပ္တစ္ဖက္ကေထာက္လ်က္သား၊ က်န္လက္တစ္ဖက္ကမ်က္ႏွာကိုအုပ္ထား၍ ဖင္ထိုင္ရက္ေလးလဲက်သြားသည္။

" ဖယ္.. မထိနဲ႔ "

" က်စ္.. ဘာလို႔အဲ့ဒီတံခါးနားမွာရပ္ေနတာလဲ.. ဟမ္၊ ျပစမ္း ေမာင့္ကို ဘယ္နားခိုက္မိသြားတာလဲ "

ေခါင္းကိုလြဲကာမ်က္ႏွာကိုအုပ္ထားတဲ့ဆင္ေပါက္ရဲ့လက္ကို က်ဳပ္အတင္းဆြဲဖယ္လိုက္ၿပီး မ်က္ႏွာကိုေသခ်ာျမင္ရေအာင္ ေမးေစ့ကဆြဲယူလိုက္သည္။

" ေတာ္ေသးတာေပါ့... ဘာမွမျဖစ္သြားလို႔ "

ဆင္ေပါက္ရဲ့နဖူးေပၚက်ေနတဲ့အုန္းမႈတ္ခြက္ေကဆံပင္ကို အေပၚလွန္ကာ မ်က္ႏွာျပင္တစ္ခုလံုးကိုေသခ်ာၾကည့္ၿပီးမွပဲ က်ဳပ္လည္း သက္ျပင္းခ်ႏိုင္တယ္။

" ဖယ္... ငါ ဘာမွမျဖစ္ဘူး၊ မင္းကိုမၾကည့္ခ်င္လို႔ မ်က္ႏွာကိုအုပ္ထားတာ "

ကြၽန္ေတာ္ ေတလြန္းရဲ့လက္ကို ဖက္ကနဲရိုက္ခ်ၿပီး မတ္တပ္ထရပ္လိုက္တယ္။ တကယ္လည္း ကြၽန္ေတာ္ ဘာမွမျဖစ္ဘူးေလ။ တံခါးက ရုတ္တရက္ၿပီးေဆာင့္ဖြင့္ခံလိုက္ရေတာ့ တံခါးေပၚလက္တင္ထားမိတဲ့ကြၽန္ေတာ္က ေတလြန္းရဲ့အားေၾကာင့္ေနာက္ျပန္လွဲက်ရံုပဲ။ ဒါေပမဲ့ ၾကမ္းေပၚေထာက္လိုက္မိလက္ေကာက္ဝတ္က နည္းနည္းေတာ့ နာသြားတယ္။ ၿပီးေတာ့ ဖင္ေထာင္ရိုးလည္း နည္းနည္းနာသြားတယ္။

" ေမာင္ မွားသြားတာပါ.. ေနာ္၊ ေမာင္က မင္းကိုစိတ္မခ်လို႔ပါကြာ "

" ဘာစိတ္မခ်စရာရိွလဲ၊ ဟန္သာက မင္းစိတိမခ်ရမဲ့သူမွမဟုတ္တာ... ၿပီးေတာ့ ငါတသ္ေယာက္တည္းသြားမယ္လို႔လဲ ေျပာမိလို႔လား "

" ဒါေပမဲ့ ဘယ္လိုပဲျဖစ္ျဖစ္ ေမာင္စိတ္မခ်ဘူး.. "

ျပႆနာက ဒီႏွစ္သႂကၤန္ကို ဆင္ေပါက္က သူေက်ာင္းသြားတက္တဲ့ၿမိဳ႔မွာေလ်ွာက္လည္ခ်င္တာ။ အဓိက တရားခံက က်ဳပ္ရဲ့အမစုစုစံ။ ဟိုတစ္ေန့က အိမ္ကိုလာတဲ့ကိစၥကလည္း ထိုကိစၥကိုေျပာဖို႔လာတာ။ ၿမိဳ႔သႂကၤန္သြားလည္ဖို႔ က်ဳပ္ရဲ့ဆင္ေပါက္ကိုလာဆြယ္ျခင္း။ ဘာစိတ္ကူးေပါက္ၿပီး အဲ့လိုလည္ခ်င္မွန္းေတာ့မသိ။ က်ဳပ္ရဲ့ဆင္ေပါက္ကလည္း ႏွစ္ခါဆြယ္သရာမလို၊ သူေက်ာင္းတင္တုန္းက သူ႔သူငယ္ခ်င္းနဲ႔သႂကၤန္လည္ဖို႔ေျပာထားတယ္ဆိုၿပီး မရီးနဲ႔မတ္ႏွစ္ေယာက္တည္း သူတို႔ဘာသာၿမိဳ႔ေပၚမွာလည္ဖို႔စီစဥ္ၾကတယ္ေလ။

" မင္းလည္းလိုက္ခဲ့ေလ.. ေတလြန္း ေနာ္၊ ငါတကယ္ ၿမိဳ႔သႂကၤန္ကိုလည္ခ်င္လို႔ပါ...၊ အမ်ားႀကီးမဟုတ္ဘူးေလ တစ္ရက္တည္း.. တစ္ရက္တည္းေလ ေနာ္..... "

" ေမာင္ မင္းကိုအျခားေကာင္ေတြနဲ႔ေရာေနွာေနမွာကိုမႀကိဳက္ဘူး..၊ ၿမိဳ႔သႂကၤန္ဆိုတာက သိတဲ့အတိုင္း လူမ်ိဳးစံုရိွတာ..၊ မင္းရဲ့သူငယ္ခ်င္းဆိုတဲ့ေကာင္ကလည္း အျခားသူ႔အေပါင္းအသင္းေတြ ပါလာအံုးမွာပဲ..၊ မရဘူး.. လံုးဝမသြားရဘူး "

ကြၽန္ေတာ္ ဘယ္လိုေျပာေျပာ ေတလြန္းကို ဘူးခ်ည္းခါေနေတာ့တာပဲ။ မနက္ကလည္း ကြၽန္ေတာ့္ကို သြားရဲသြားၾကည့္ဆိုၿပီး ၿခိမ္းေျခာက္ကာ ေနရာတကာပါခ်င္တယ္ဆိုၿပီးဆူေငါက္ေသးတယ္။ ဒီတစ္ခါေလးပဲ ေတာင္းဆိုမိတာကို။

" ဟင့္... မင္း ငါ့ကို အရမ္းအႏိုင္က်င့္တာပဲ "

" ဟာ.. ဘာလို႔ငိုရတာတုန္း၊ ေမာင္ မင္းကိုရိုက္ေနလို႔လား.. "

" မသိဘူး..၊ ဟင့္ ဒီတစ္ခါေလးေတာင္းဆိုမိတာကို ငါ့ကိုဆူလည္းဆူတယ္.. သြားရဲသြားၾကည့္ဆိုၿပီးၿခိမ္းေျခာက္ေသးတယ္... "

ကုတင္ေပၚတက္ထိုင္ၿပီး ငိုခ်င္းခ်ေနတဲ့က်ဳပ္ရဲ့ဆင္ေပါက္။ သူ႔ကိုယ္သူ အခုထိကေလးမ်ားထင္ေနတာလားမသိ။ က်ဳပ္ရဲ့ဆင္ေပါက္ရဲ့ေဘးကလြတ္ေနတဲ့ေနရာမွာ ဝင္လိုက္လိုက္ၿပီး ဆင္ေပါက္ရဲ့မ်က္ရည္စေတြကိုသုတ္ေပးလိုက္တယ္။ က်ဳပ္ရဲ့ဆင္ေပါက္ေလးကိုဟန္ေဆာင္ၿပီးငိုေနတာမဟုတ္ဘူးဗ်။ တကယ္ကို ဝမ္းနည္းၿပီးငိုေနတာ။

" ေမာင္ ေျပာျပမယ္...၊ ေမာင့္ရဲ့ဆင္ေပါက္ေလးက တကယ္ၿမိဳ႔သႂကၤန္ကိုလည္ခ်င္တာလား.. "

" ဟုတ္တယ္ "

" အဲ့တာဆို ေမာင္တို႔ၿမိဳ႔ေပၚတက္ၿပီး ဒီကသႂကၤန္မွာပဲလည္ၾကမယ္ေလ "

" ဟန္သာနဲ႔က ဒီႏွစ္သႂကၤန္က်ရင္ အတူတူလည္မယ္လို႔ကတိေပးထားၿပီးသား.. အရင္ကတည္းက "

" အဲ့တာဆိုလည္း အဲ့ကတိကိုဖ်က္လိုက္ကြာ "

" မရဘူးေလ..၊ သႂကၤန္မလည္ျဖစ္လို႔ အဲ့ကတိကိုဖ်က္လိုက္ရင္ ဘာမွမျဖစ္ေပမဲ့ အခုက ဒီၿမိဳ႔မွာ သႂကၤန္လည္မွာေလ...၊ သႂကၤန္လည္မဲ့အတူတူ သူ႔ဆီကိုပဲသြားလို႔မရဘူးလားဟင္ "

" အဲ့တာဆိုလည္း မလည္ေတာ့နဲ႔ကြာ.. "

" မမစုနဲ႔ေျပာၿပီးသားေလ.. ၿပီးေတာ့ ငါလည္း ဒီႏွစ္ သႂကၤန္ကို ေလ်ွာက္လည္ၿပီးေရပက္ခံခ်င္တယ္ေလ "

ေတာ္ေတာ္ေရပက္ခံခ်င္ေနတာေပါ့။ ဒီလိုေျပာလို႔ မနက္ကလည္း က်ဳပ္ ဆင္ေပါက္ကိုေအာ္မိတာ။ ဘယ္လိုပဲဆိုဆို က်ဳပ္က အတၲတကယ္ႀကီးတယ္ဗ်။ ဆင္ေပါက္ကိုပထမဆံုးေရေလာင္းတဲ့သူကလည္း က်ဳပ္ျဖစ္သလို က်ဳပ္ခြင့္မျပဳဘဲလည္း ဘယ္သူမွဆင္ေပါက္ကိုေရေလာင္းမွာမ်ိဳး က်ဳပ္လက္မခံႏိုင္ဘူး။ ဒါေပမဲ့ အခုလို ဆင္ေပါက္ဝမ္းနည္းေနတာမ်ိဳးကိုလည္း က်ဳပ္ မႀကိဳက္ဘူး။ က်ဳပ္ရဲ့အတၲကိုနည္းနည္းေလာက္ေတာ့ ေလ်ာ့ေပးလိုက္ဖို႔က်ဳပ္ဆံုးျဖတ္လိုက္တယ္။

" ဟင္း... အဲ့တာဆိုလည္း တစ္ရက္ပဲေနာ္ "

" ေတလြန္း... မင္း တကယ္ေျပာတာေနာ္ "

" အင္း.. "

အိမ္ေပၚက သားမက္ျဖစ္သူနဲ႔သားျဖစ္သူတို႔ေျပလည္သြားမွပဲ အိမ္ေအာက္ထပ္ကေဒၚနန္းမႈံမွာ သက္ျပင္းခ်ႏိုင္ေတာ့သည္။

~~~~~~~~~~~~~~~~~~~~~~~~

သႂကၤန္အႀကိဳေန့...။

သႂကၤန္အႀကိဳေန့မွာ က်ဳပ္တိၫ့ကေတာ့ထံုးစံအတိုင္း ေတာထဲမွာသႂကၤန္အႀကိဳပန္းသြားခူးတယ္။ ဒီတစ္ခါေတာ့ ဆင္ေပါက္ကို က်ဳပ္ကိုယ္တိုင္ပဲ လိုလိုလားလားနဲ႔ေတာထဲအတူတူလိုက္ဖို႔ေခၚသြားလိုက္တယ္။ ဘာလို႔ဆို ဆင္ေပါက္ေဘးမွာ က်ဳပ္ရိွေနၿပီေလ။ ဆင္ေပါက္နဲ႔က်ဳပ္က လံုးဝတစ္သားတည္းျဖစ္သြားၿပီမို႔ ဘယ္လိုမျမင္ရတဲ့အေနွာက္အယွက္ကမွဒုကၡမေပးႏိုင္ေတာ့ဘူးဆိုတာ ေသခ်ာသြားၿပီေလ။ လွည္းတစ္စီးေပၚမွာ ဆင္ေပါက္နဲ႔က်ဳပ္ကတစ္တြဲ၊ ႏိုင္ထြန္းနဲ႔ေဇာ္ဝင္းကတစ္တြဲ၊ က်န္တဲ့လွည္းတစ္စီးေပၚမွာ ဆရာေအာင္ထူးေမာ္နဲ႔တိုးလြင္ကတစ္တြဲ အတြဲသံုးတြဲခြဲၿပီး လွည္းႏွစ္စီးနဲ႔ သႂကၤန္အႀကိဳပန္းခူးၾကသည္။

သႂကၤန္အက်ေန့...။

အက်ေန့ေရာက္ေတာ့ မနက္ေနမထြက္ခင္ကတည္းက က်ဳပ္တို႔အဖြဲ႔ ရြာကေန ထြက္ခဲ့သည္။ အဘတို႔ကေတာ့ ဂရုစိုက္ဖို႔သာတဖြဖြမွာၿပီး ဘာမွေတာ့မေျပာ၊ ဘာလို႔ဆို အခုသြားတာက သူတို႔ရဲ့သားငယ္ေလး၊ က်ဳပ္ရဲ့ဆင္ေပါက္ သြားခ်င္လို႔သြားရတဲ့ခရီးကိုးဗ်။ ကားနဲ႔သြားဖို႔က လက္မွတ္ႀကိဳျဖတ္ရတဲ့အျပင္ လူမ်ားတာေၾကာင့္ က်ဳပ္လည္းေထာ္လာဂ်ီနဲ႔ပဲသြားလိုက္တယ္။ လူမ်ားဆို က်ဳပ္နဲ႔ဆင္ေပါက္၊ က်ဳပ္အမစုစုစံအျပင္ ီုင္ထြန္းေရာ၊ က်ဳပ္တို႔အတင္းေခၚလို႔လိုက္ခဲ့ရတဲ့တိုးလြင္နဲ႔ဆရာေအာင္ထူးေမာ္ရယ္၊ သူငယ္ခ်င္းေတြအကုန္ပါလို႔လိုက္ခဲ့ရတာပါဆိုတဲ့ေဇာ္ဝင္းေရာဆိုေတာ့ စုစုေပါင္းလူက ခုႏွစ္ေယာက္ျဖစ္သြားသည္။

က်ဳပ္တို႔ ဆင္ေပါက္ရဲ့သူငယ္ခ်င္းအိမ္ဆီကိုေရာက္ေတာ့ မနက္ခုႏွစ္နာရီခြဲေတာ့မည္။

" ရွင္ေမႊး.. "

" ဟန္သာ မင္း မေတြ့တာမွသိပ္မၾကာေသးဘူး၊ ဝလာသလိုပဲ... "

" လူပါးေနမွာေပါ့ "

ကြၽန္ေတာ္တို႔ကိုေစာင့္ေနတဲ့ဟန္သာကို ကြၽန္ေတာ့္ဘက္ကအရြန္းေဖာက္ေတာ့ ေဘးကဘုကလန္႔ေကာင္က ထေဖာက္ေတာ့သည္။ ဟန္သာကေတာ့ အေၾကာင္းသိစြာ ဘာမွမေျပာ။ ကြၽန္ေတာ္လည္း ေပ်ာ္ေနတဲ့အေပ်ာ္ေလးေတြမပ်က္ခ်င္တာေၾကာင့္ ဘုကလန္႔ေကာင္ေတလြန္းကို လ်စ္လ်ူရႈထားလိုက္တယ္။

" ဟား... ထင္လို႔ပါကြာ၊ မင္းကမွ တစ္ကယ္ဝလာတာ ငါ့ေကာင္၊ ၾကည့္ရတာ.. စိတ္ခ်မ္းသာေနတယ္ထင္တယ္ "

က်ဳပ္ကိုေရ႔ွထားၿပီး ဟီလာထေနတဲ့ႏွစ္ေယာက္။ အျမင္ကပ္စရာေကာင္းလိုက္တာ။

" မင္းတို႔မနက္စာစားလာၾကၿပီးၿပီလား၊ မစားရေသးရင္ တစ္ခါတည္းစားၾကေလ.. လည္ဖို႔က အကုန္ျပင္ဆင္ၿပီးသြားၿပီ "

" စားလာခဲ့တယ္... ဒါနဲ႔ မင္း အျခားသူေတြေရာေခၚအံုးမွာလား "

ေတလြန္းေၾကာင့္ ကြၽန္ေတာ္လည္း ထိုစကားကိုမေမ့မေလ်ာ့ေမးလိုက္ရသည္။

" ဟာ.. မေခၚပါဘူး၊ ငါ့မွာ သူငယ္ခ်င္းဆိုလို႔မင္းပဲရိွတာေလကြာ.. အျခားသူေတြနဲ႔က ေမးထူးေခၚေျပာပဲရိွတာ၊ အိမ္ကအမေတြကလည္း သူတို႔ဘာသာ သူတို႔အလုပ္ကလူေတြနဲ႔ေရပတ္ခံထြက္ၾကမွာေလ.. ငါက တစ္ေယာက္တည္း "

ဟန္သာက ေတလြန္းသူငယ္ခ်င္းေတြနဲ႔ေရာ၊ ဆရာေအာင္ထူးေမာ္နဲ႔မမစုစုစံနဲ႔ေရာ ကြၽန္ေတာ္တို႔မဂၤလာေဆာင္ကိုလာကတည္းက သိသြားၿပီးသားမို႔ အထူးတလည္မိတ္ဆက္ေပးေနစရာေတာ့ မလို။

" အဲ့တာဆို ခဏေစာင့္အံုး၊ ကားက လာေတာ့မွာ ငါ ရွစ္နာရီကိုခ်ိန္းထားတယ္၊ ကားမလာခင္ မင္းတို႔ အေပါ့အေလးသြားထားၾကပါလား.. အဝတ္အစားေတြေရာ အပိုပါလား "

" အင္း အကုန္ပါတယ္...၊ ေလာေလာဆယ္ငါတို႔အဝတ္အစားလဲအံုးမယ္ "

" ေအး.. ေအး လာပါဗ်၊ အမစုစုစံက ကြၽန္ေတာ့္အမအခန္းထဲမွာ အဝတ္သြားလဲလိုက္ေလေနာ္... အကိုတို႔ကေတာ့ ကြၽန္ေတာ့္အခန္းထဲဝင္လဲလို႔ရတယ္ဗ် "

" ရတယ္.. အကိုတို႔က ေယာက္်ားေလးေတြပဲ၊ ဒီမွာပဲ လဲလိုက္မယ္ "

" ဟုတ္ ရပါတယ္ဗ် "

" ဆင္ေပါက္နဲ႔က်ဳပ္က သူ႔အခန္းထဲမွာ သြားလဲလိုက္မယ္.. လာ ဆင္ေပါက္ "

ေတလြန္းက ကြၽန္ေတာ့္လက္ကိုဆြဲကာ ဟန္သာျပတဲ့အခန္းထဲကိုဝင္ၿပီး အဝတ္အစားလဲသည္။ ကြၽန္ေတာ္ ေတလြန္းကိုေျပာခ်င္ေပမဲ့ ၾကာေနမွာစိုးတာေၾကာင့္ အဝတ္အစားကိုပဲ ခပ္ျမန္ျမန္လဲပစ္လိုက္တယ္။ ကြၽန္ေတာ္တို႔အဝတ္အစားလဲၿပီးျပန္ထြက္လာေတာ့ မမစုစုစံကလြဲ က်န္တဲ့ေယာက္်ားေလးေတြအားလံုးကအဆင္သင့္ျဖစ္ေနၿပီး ကားကလည္း ေရာက္ေနၿပီျဖစ္သည္။ ခဏေနေတာ့ မမစုစုစံပါ အဝတ္အစားလဲၿပီးလို႔ အျပင္ကိုထြက္လာသည္။

" အကုန္ၿပီးၿပီမလား... သြားၾကရေအာင္ေလ.. "

ဟန္သာက သူနဲ႔သိတဲ့ကားတစ္စီးကို တစ္ေနကုန္စာအျပတ္ငွားထားၿပီးသားမို႔ ကြၽန္ေတာ္တို႔ေရာက္ၿပီး မၾကာမွီမွာပဲ ကားေရာက္လာကာ ကြၽန္ေတာ္တို႔အဖြဲ႔ ၿမိဳ႔ထဲကေရကစားမ႑ဋ္ေတြဆီ ေျခၪီးတည့္လိုက္သည္။

ျမဴးႂကြတဲ့သႂကၤန္သီခ်င္းေတြကိုေခတ္ေပၚအသံခ်ဲ့စက္ေတြနဲ႔ဖြင့္ထားတဲ့မ႑ဋ္ေရ႔ွမွာ ကြၽန္ေတာ္တို႔ကားက ေရ႔ွဆက္တိုးလို႔မရေတာ့ေအာင္ ကားလမ္းကက်ပ္ေနသည္။ တစ္ဖြဲ႔လံုးလည္း ေရေတြကစိုရြဲေနၿပီး မိုးကအံု႔ေနသည္မို႔ မ႑ဋ္ေရ႔ွမွာအခ်ိန္ၾကာေနေတာ့ လူကခ်မ္းလာသည္။

" ခ်မ္းေနၿပီလား... "

" ဟင္.. မခ်မ္း မခ်မ္းပါဘူး "

ႏႈတ္ခမ္းေတျြပာၿပီး တစ္ဆတ္ဆတ္တုန္ေနတာေတာင္မွ က်ဳပ္ကိုမခ်မ္းပါဘူးလို႔လာလိမ္ေနတဲ့ဆင္ေပါက္က က်ဳပ္ သူ႔ကိုအျပစ္ေျပာမွာ ေၾကာက္ေနတာ။ ကိုယ့္လူအေၾကာင္းကိုယ္သိတာေပါ့၊ က်ဳပ္ရဲ့ဆင္ေပါက္က အေအးဒဏ္မခံႏိုင္တာ။

" ေမာင္တို႔ လမ္းဆင္းေလ်ွာက္ၾကမယ္... "

" ဟင္.... "

ေတလြန္းက ကြၽန္ေတာ့္ရဲ့လက္ကေနဆြဲၿပီး ကားေပၚကေန သူအရင္ဆင္းၿပီး ကြၽန္ေတာ့္ကိုဆင္းခိုင္းသည္။

" ေဟ့ေကာင္ေတြ.. ငါတို႔လမ္းေလ်ွာက္ၿပီး ေရ႔ွကႀကိဳေစာင့္ေနမယ္... "

" ဟာ ငါတို႔လည္းလိုက္မယ္ ငေတ၊ မဟုတ္ရင္ ကားေပၚမွာပဲ တစ္ေနကုန္သြားလိမ့္မယ္ကြ၊ ေရ႔ွမွာလည္း ကားေတြကပိတ္ေနတုန္း... "

" ေအး.. သြားမယ္ "

" ဟုတ္တယ္ ကြၽန္ေတာ္လည္း အဲ့တာေျပာမလို႔.. "

ႏိုင္ထြန္းနဲ႔ေဇာ္ဝင္းကပါ ကားေပၚကေနဆင္းေတာ့ ဟန္သာကပါ ခ်က္ခ်င္းေနာက္ကေနလိုက္လာသည္။

" ကိုတိုး... ၪီးတို႔လည္း ဆင္းရေအာင္..၊ မဟုတ္ရင္ ကိုတိုး အေအးပတ္ေနလိမ့္မယ္ "

" သႂကၤန္ေရက မဖ်ားပါဘူး.. ၪီးထူးရဲ့ "

" မဖ်ားဖ်ား ဖ်ားဖ်ားပါ... ဒီကားေပၚမွာပဲေနရင္ အဝတ္ေတျြပန္ေျခာက္ေတာ့မွာမဟုတ္ဘူး "

" အင္းပါ.. ၪီးထူးသေဘာ "

ဆရာေအာင္ထူးေမာ္နဲ႔တိုးလြင္ကပါ က်ဳပ္တို႔နဲ႔အတူတူ ေျခလ်င္ေလ်ွာက္ဖို႔ကားေပၚကဆင္းလာသည္။

" ေနအုန္းေလ.. ငါလည္း လိုက္မယ္ "

က်ဳပ္တို႔ေယာက္်ားေလးေတြအကုန္လံုး ကားေပၚကဆင္းေတာ့ က်ဳပ္အမကပါ ေရစိုေနတဲ့ထမီကိုေျခသလံုးထိဆြဲတင္ကာ ကားေပၚကေနအတင္းဆင္းသည္။

" ဟာ နင္က ကားေခါင္းထဲမွာေနခဲ့... "

" ဟဲ့ ေနစရာလား၊ သႂကၤန္လည္ပါတယ္ဆိုမွ ငါက အဲ့ဒီကားေခါင္းႀကီးထဲမွာေနခဲ့ၿပီး က်န္ခဲ့ရမွာလား...၊ မသိဘူး လိုက္မွာပဲ "

" နင္က မိန္းကေလးေလ...၊ ဒီလူအုပ္ႀကီးၾကားထဲ နင့္ကိုဘယ္သူကေစာင့္ေရွာက္မွာလဲဟ၊ ငါကေတာ့ ေျပာထားမယ္.. မရဘူး "

" အမေလး.. နင့္ကိုလည္း ငါက အားမကိုးပါဘူးေနာ္.. "

စုစုစံမွာ ​ေမာင္ျဖစ္သူရဲ့အေၾကာင္းကိုသိေနေတာ့ မ်က္ေစာင္းထိုးရံုမွလြဲ ဘာမွမတက္ႏိုင္။ သူ႔ေမာင္က သူ႔လင္ကိုပဲဂရုစိုက္မယ္ဆိုတာ မေျပာလည္းသိၿပီးသား။ က်န္တဲ့လူေတြကလည္း ဆရာေအာင္ထူးေမာ္နဲ႔တိုးလြင္ကတစ္တြဲ၊ အေဖာ္မရိွတဲ့ဟန္သာကလည္း သူတို႔ထက္ပိုရင္းႏွီးတဲ့ႏိုင္ထြန္းနဲ႔တစ္တြဲဆိုေတာ့ သူတစ္ေယာက္တည္းဘက္ပဲ့ေနေတာ့ သူ႔ကို မေခၚခ်င္တာလည္းအျပစ္ေတာ့ေျပာမရ။ ေဇာ္ဝင္းကလည္း ရြာကထြက္လာကတည္းက အခုခ်ိန္ထိ သူနဲ႔စကားပင္မေျပာ၊ အျခားသူေတြနဲ႔သာ ဟီးေလးဟားေလးလုပ္ေနတာေလ။ ေဇာ္ဝင္းက ဟိုတစ္ခါကိစၥၿပီးကတည္းက သူ႔ကိုစကားလည္းမေျပာသလို သူ႔ရိွေနတဲ့ေနရာေတြမွာလည္း အရင္လိုသိပ္မေတြ့ရေတာ့။ ထို႔ေၾကာင့္ ေဇာ္ဝင္းနဲ႔အတူတူ သြားဖို႔ကလည္း အဆင္​မေျပျပန္ဘူး။

" အို.. ငါ့ဟာငါ ဂရုစိုက္ႏိုင္တယ္၊ မရဘူး ငါေရာ လိုက္မွာ "

" ကဲပါ.. စုစုစံကိုေခၚခဲ့လိုက္ပါ၊ ဆရာတို႔ေတြအကုန္ပါေနတာပဲ... မင္းအမကိုစိတ္ပူမေနနဲ႔ ေတလြန္း ဟုတ္ၿပီလား.... "

" ေအး.. ေအး.. အဲ့တာဆိုလည္း လိုက္ခဲ့ဟာ "

က်ဳပ္လည္း ဆရာေအာင္ထူးေမာ္ကိုယ္တိုင္ကဝင္ေျပာေတာ့ ဇြတ္လိုက္ခ်င္ေနတဲ့က်ဳပ္အမကို လိုက္ခိုင္းလိုက္တယ္။ ဟန္သာက ကားေခါင္းနားသြားကာ သူ႔အသိကားသမားကိုမွာစရာရိွတာမွာၿပီးတာနဲ႔ က်ဳပ္တို႔ရွစ္ေယာက္စလံုး ေျခလ်င္ေရပတ္ခံဖို႔ ထိုမ႑ဋ္ကေန ထြက္လာခဲ့သည္။

Next episode ..........

继续阅读

You'll Also Like

43.7M 1.3M 37
"You are mine," He murmured across my skin. He inhaled my scent deeply and kissed the mark he gave me. I shuddered as he lightly nipped it. "Danny, y...
226M 6.9M 92
When billionaire bad boy Eros meets shy, nerdy Jade, he doesn't recognize her from his past. Will they be able to look past their secrets and fall in...
55.1M 1.8M 66
Henley agrees to pretend to date millionaire Bennett Calloway for a fee, falling in love as she wonders - how is he involved in her brother's false c...
191M 4.5M 100
[COMPLETE][EDITING] Ace Hernandez, the Mafia King, known as the Devil. Sofia Diaz, known as an angel. The two are arranged to be married, forced by...