အခန်း (၃၅.၁)
အမွေဆက်ခံသူ
ကျန်းလီက တုန်အာကို ခေါ်သွားပြီးတော့ အမေရှန်းနဲ့ သူ့သမီးကို ကျော်သွားခဲ့တယ်။
သူမရဲ့ မျက်နှာက ပုံမှန်အနေအထားကနေ အပြုံးတွေရှိတဲ့ အမူအရာ အဖြစ်ကို ပြောင်းလဲသွားခဲ့တယ်။ ဂရုတစိုက်ရှိလှတဲ့ အကြည့်တွေနနဲ့၊ အပြုံးက တစ်ခုခုကို အေူတျအေးစက်နိုင်သလိုမျိုး ဖြစ်နေခဲ့တယ်။
မျှော်လင့်ထားတဲ့အတိုင်း၊ ရှန်းရုယင်နဲ့အမေရှန်းတို့က ရောက်လာခဲ့တယ်။
သူမက ရှန်းယွီယောင်နဲ့ လက်ထပ်ပြီးတဲ့နောက်မှာ မြို့တော်ကို လိုက်သွားခဲ့ရတယ်။ အမေရှန်းက ပေါင်းသင်းရလွယ်ကူတဲ့ ယောက္ခမတစ်ယောက် မဟုတ်ခဲ့ဘူး။ ရှန်းရုယင်က ပိုပြီးတော့ ဇွတ်တရွတ် နိုင်ပြီးတော့ တစ်ကိုယ်ကောင်းဆန်ခဲ့တယ်။ ရွှီဟိုင်ယန်က သူ့သမီးကို အရမ်းချစ်ပြီးတော့ ခန်းဝင်ပစ္စည်း အများကြီးကို ပေးခဲ့တယ်။ အဲ့ဒီခန်းဝင် ပစ္စည်းတွေကို ရှန်းမိသားစုကို ထောက်ပံ့ဖို့ အတွက် အသုံးပြုခဲ့တယ်။ အဲဒါအပြင်၊ သူမရဲ့ လက်ဝတ်လက်စားတွေနဲ့ အဝတ်အထည်တွေကို ရှန်းရုယင်က နှစ်သက်တယ် ဆိုပြီးတော့ အားလုံးကို လုယူသွားခဲ့တယ်။
သူမက သူတော်စင် မဟုတ်ဘူး။ သူမက ရွှီမိသားစုရဲ့ လက်ဖဝါးပေါ်မှာ အချစ်ခံရပြီးတော့ ကြီးပြင်းလာခဲ့ရတဲ့သူ တစ်ယောက်ဖြစ်ခဲ့တယ်။ ရှန်းရုယင်နဲ့အမေရှန်းတို့က သူမကို စိတ်ဆိုးစေခဲ့ပြီးတော့၊ သူမရဲ့ မကျေနပ်မှုတွေကိုလည်း ထုတ်ဖော်ပြောဆိုခဲ့တယ်။
အဲ့အချိန်တုန်းက ရှန်းယွီရုန်က အချိန်မီ မတ်တပ်ရပ်ပြီးတော့ မုဆိုးမအမေနဲ့ ညီမငယ်က သူ့ကို ငယ်ရွယ်စဉ်ကနေ လူကြီးဘဝအထိ ကြီးပြင်းအောင် ပြုစုပေးခဲ့ပုံကို ပြောပြခဲ့တယ်။ ဒီနေ့ သူရရှိနေတဲ့ အောင်မြင်မှုက သူတို့ရဲ့ ပံ့ပိုးကူညီမှုကြောင့်သာ ဖြစ်ပြီး သူတို့ကို ကောင်းကောင်းဆက်ဆံဖို့ ရွှီဖုန်းဖေးကို တောင်းဆိုခဲ့တယ်။ ဒီအမျိုးသမီးနှစ်ယောက်က ရှန်းယွီရုန်ကို ဂရုစိုက်ခဲ့ရတာ မလွယ်ကူတာကို တွေးပြီးတော့၊ ရွှီဖုန်းဖေးက တတ်နိုင်သမျှ သည်းခံခဲ့တယ်။
ဒါပေမဲ့ သည်းခံခြင်းက တူညီတဲ့ လေးစားမှုကို ပြန်မရရှိနိုင်ခဲ့ဘူး။ သူမရဲ့ နောက်ဆုံးခြောက်လမှာ၊ အမေရှန်းနဲ့ ရှန်းရုယင်တို့က သူမကို ချော့ဖို့ တစ်ခါလေးတောင်မှ မလာခဲ့ကြဘူး။ တစ်ခါတစ်ရံမှာတော့ သူတို့က တံခါးအပြင်ဘက်မှာ ရပ်ပြီး၊ သူမ ကြားနိုင်လောက်တဲ့ အသံနဲ့ အတင်းပြောနေခဲ့ကြတယ်။ အဲ့လို အရှုပ်တွေကို ဖန်တီးပြီးတော့၊ ရှန်းမိသားစုကို ထိခိုက်နစ်နာစေပြီးတာတောင်မှ၊ သူမက ဘာကြောင့် မသေသေးတာလဲ ဆိုပြီးတော့တောင် မေးခဲ့ကြတယ်။
ရွှီဖုန်းဖေးရဲ့ နှလုံးသားက မမာကျောဘူးဆိုရင် သူမရဲ့ အပြစ်ကို သက်သေပြဖို့ သူမက သည်းခံပြီးတော့ သတ်သေသွားနိုင်ခဲ့တယ်။
တုန်အာက သူမ ဘေးနားရှိနေတဲ့ သခင်မလေးက တစ်ခုခု ဖြစ်နေတာကို ခံစားလိုက်ရပြီးတော့ တိုးတိုးလေး ပြောလိုက်တယ်။
"သခင်မလေး"
ကျန်းလီက အတွေးထဲကနေ ရုန်းထွက်လာပြီးတော့ ပြုံးပြတယ်။
"ငါ အဆင်ပြေပါတယ်"
သူမက တွေးနေမိနေပေမဲ့၊ အမေရှန်းနဲ့ ရှန်းရုယင်တို့က ရှန်းယွီရုန်နဲ့ မင်းသမီးယုံနင်းရဲ့ အချစ်ရေးအကြောင်ကို အရိပ်အမြွက်တောင်မှ မပေးသွားခဲ့ဘူး။ မင်းသမီးယုံနင်းက ရှန်းမိသားစု အိမ်တော်ထဲကို အတားအဆီးမဲ့ ဝင်ရောက်နိုင်တယ် ဆိုတာက၊ ရှန်းမိသားစုက လူတွေနဲ့ ရင်းနှီးနေတယ်ဆိုတာ ထင်ရှားနေခဲ့တယ်။
အခြေအနေတွေကို အခွင့်ကောင်းယူတတ်တဲ့ ရှန်းမိသားစုရဲ့ စရိုက်အရ၊ တော်ဝင်သွေးသား ဖြစ်တဲ့ မင်းသမီးလေးက အရာရှိငယ်တစ်ယောက်ရဲ့ သမီးထက်စာရင် ပိုပြီးတော့ အမြတ်အစွန်း ရနိုင်ခဲ့တယ်။ ဒီနေ့ သူမက အမေရှန်းနဲ့ ရှန်းရုယင်တို့ရဲ့ အဝတ်အစားတွေနဲ့ လက်ဝတ်ရတနာတွေကို သူမမျက်လုံးတွေနဲ့ မြင်ခဲ့ရတယ်။ ရှန်းယွီရုန် တစ်ယောက်ထဲရဲ့အရာရှိ လစာကို အကဲဖြတ် ကြည့်မယ်ဆိုရင်၊ အဲ့ဒီ ပစ္စည်းတွေကို ဝယ်ဖို့တောင်မှ လုံလောက်မှာ မဟုတ်ခဲ့ဘူး။
ဒါက မင်းသမီးယုံနင်းရဲ့ သနားကြင်နာမှုဆိုတာတွေပဲ ဖြစ်လိမ့်မယ်။
ရှန်းမိသားစုက ကံဆိုးပြီးတော့ သနားစရာကောင်းတယ်လို့ ကျန်းလီက သူမရဲ့ စိတ်ထဲမှာ ခံစားလိုက်ရတယ်။ မင်းသမီယုံနင်းက မြင့်မြတ်တဲ့ မျိုးနွယ် ဖြစ်ပေမဲ့၊ သူမက မျက်နှာ အရောင်တစ်ခါ မပြောင်းဘဲ၊ ဇနီးကိုသတ်ပြီးတော့ အမွေဆက်ခံသူကို အဆုံးအဖြတ်ပေးနိုင်ခဲ့တယ်။ သူမက တစ်ခြားသူတွေနဲ့ ဘယ်လို အဆင်ပြေနိုင်ခဲ့မှာလဲ။ ရှန်းမိသားစုဝင်တွေက ငိုကြွေးရမဲ့နေ့တွေက နောက်ကျမှ ရောက်လာမှာကို သတိမထားမိကြဘဲ၊ သူတို့ရှေ့က အကျိုးအမြတ်တွေကိုပဲ မြင်နေခဲ့ကြတယ်။
သူက ပြဇာတ်ကြည့်ရတာကို နှစ်သက်တယ်။
ရှန်းမိသားစုဝင်တွေ၊ ရှန်းယွီရုန်နဲ့ မင်းသမီးယုံနင်းတို့က သူမရဲ့ မိသားစုကို သတ်ပြီးတော့ သူမကို လုပ်ကြံခဲ့ကြတဲ့ လူသတ်သမားတွေသာ ဖြစ်ခဲ့ကြတယ်။ ဒီအကြွေးကို သူမက သူတို့ကို နည်းနည်းချင်းစီ ပြန်ဆပ်ခိုင်းလိမ့်မယ်။
လူနှစ်ယောက်က မွှေးရနံ့ ခြံဝင်းဆီကို ပြန်သွားခဲ့ကြတယ်။ ဒီနေ့ ကျန်းယို့ရောင်ရဲ့ မွေးနေ့ အခမ်းအနားမှာ ကျန်းလီက အပြစ်ကင်းစင်တာကို သက်သေပြခဲ့ပေမဲ့၊ သူမက ကျန်း မိသားစုရဲ့ လျစ်လျူရှုခံထားရတဲ့ သမီ ဖြစ်နေဆဲ ဖြစ်ခဲ့တယ်။ သူမရဲ့ လှုပ်ရှားမှုတွေကို ဘယ်သူကမှ သတိမပြုမိခဲ့ကြဘူး။
အခန်း (၃၅.၂)
အမွေဆက်ခံသူ
သူတို့က လမ်းတစ်ဝက်လောက်အထိ လျှောက်လှမ်းလာခဲ့တဲ့အချိန်မှာ၊ အမျိုးသားတစ်ယောက်နဲ့ မျက်နှာချင်းဆိုင် တွေ့လိုက်တယ်။
ဘယ်အချိန်ကတည်းက ကျန်းမိသားစုရဲ့ နောက်ဖေးမှာ အမျိုးသား တစ်ယောက် ရှိနေခဲ့တာလဲ။ ကျန်းလီက ထိုအမျိုးသားနဲ့ ဝေးကွာနေစေဖို့ သူမရဲ့ ခြေလှမ်းတွေကို ရပ်တန့်လိုက်တယ်။ ထိုလူကလည်း လောကကျင့်ဝတ်ကို စောင့်ထိန်းပြီးတော့ ရှေ့ဆက်တိုးခြင်း မရှိခဲ့ဘူး။
ကျန်းလီက တခြားလမ်း တစ်ခုကနေ လျှောက်ဖို့ရာ တစ်ဖက်ကို သွားလိုက်ပေမဲ့၊ ထိုလူက ရုတ်တရက် ပါးစပ်ကိုဖွင့်ပြီးတော့ပြောလိုက်တယ်။
"ဒုတိယသခင်မလေးလား"
ဒုတိယသခင်မလေးလား။ သူ့လေသံက သူက သူမနဲ့ ရင်းနှီးနေတဲ့ပုံပေါ်ခဲ့တယ်။ ကျန်းလီက ထိုလူကို ဘေးတိုက်ကြည့်လိုက်တယ်။
အဲ့အမျိုးသားက အသက် ၁၇ နှစ် ဒါမှမဟုတ် အသက် ၁၈နှစ်လောက် ဖြစ်ပြီးတော့၊ သူ့ရဲ့ တစ်ကိုယ်လုံးက နူးညံ့သိမ်မွေ့တဲ ြ ပစ္စည်းတွေနဲ့ ချုပ်ထားတဲ့ နှင်းဆီရောင်ဝတ်ရုံရှည်ကို ၀တ်ဆင်ထားခဲ့တယ်။ သူ့ရဲ့ ဆံပင်ကို ကျောက်စိမ်း ဆံညပ်နဲ့ စည်းနှောင်ထားခဲ့ပြီးတော့၊ သူ့ခန္ဓာကိုယ်က အရည်အချင်းရှိပြီးတော့ ချောမောတဲ့ ပုံစံပေါ်နေခဲ့တယ်။ သူက လုံးဝ ချောမောတဲ့ အမျိုးသား တစ်ဦးလို့ သတ်မှတ်ခံရပြီးတော့၊ သူက ကျန်းလိီကိုပဲ စိုက်ကြည့်နေခဲ့ကြတယ်။
ကျန်းလီက သူ့ကို အာရုံစိုက်လိုက်တယ်။ ဖြစ်နိုင်တာကတော့ သူမရဲ့ မျက်လုံးတွေနဲ့ အမူအရာတွေက သူနဲ့ မရင်းနှီးတာကို ပြသရင်း၊ ထိုအမျိုးသားကို အားနာသွားစေဖို့ပဲ ဖြစ်ခဲ့တယ်။ သူက စကားမပြောခင် အနည်းငယ် တုံ့ဆိုင်းသွားခဲ့တယ်။
"ဒုတိယသခင်မလေးက မမှတ်မိဘူး ထင်တယ်။၊ ကျွန်တော်က ကျိုးယန်ပန်း ပါ"
ကျိုးယန်ပန်းလား။ ကျန်းလီက ရုတ်တရက် သဘောပေါက်သွားခဲ့တယ်။ သူမရဲ့ ဘေးနားက တုန်အာတောင်မှ အကျယ်ကြီး အော်မိမလို ဖြစ်သွားခဲ့တယ်။
အဲဒါက အမတ်နင်ယွမ်ရဲ့ အမွေဆက်ခံသူ ကျိုးယန်ပန်း အဖြစ် ပေါ်လာခဲ့တယ်။ သူမက ရွှီဖုန်းဖေး အဖြစ် ရှိနေတဲ့ အချိန်တုန်းက၊ ဒီလူကို တစ်ခါမှ မတွေ့ဖူးခဲ့ပေမဲ့၊ သူ့ယောင်းမရဲ့နှုတ်ဖျားကနေ ပြီးတော့ ဒီလူရဲ့နာမည်ကို မကြာခဏ ကြားခဲ့ရတယ်။ သူက ကျောက်စိမ်းတုံးလိုမျိုး တန်ဖိုးရှိပြီးတော့ လေနဲ့တူတဲ့ ချောမောတဲ့ ယောက်ျားတစ်ယောက်ဆိုတာကိုပဲ သူမက သိခဲ့တယ်။ အခု ကျန်းလီအနေနဲ့ဆိုတော့၊ ကျိုးယန်ပန်းက သူမရဲ့ စေ့စပ်ခဲ့ဖူးသူ ဖြစ်နေခဲ့တယ်။ ဒါက အတော် ရယ်စရာ ကောင်းခဲ့တယ်။
ကျန်းလီက မနှုတ်ဆက်ခင် ခဏ ရပ်သွားလိုက်တယ်။
"အမွေဆက်ခံသူ"
စိတ်လှုပ်ရှားတဲ့ ဒါမှမဟုတ် ရှုပ်ထွေးနေတဲ့ ခံစားချက်တွေ မပါတဲ့ တကယ်ကို သာမန်ဖြစ်တဲ့ လေသံမျိုးပါ။ လမ်းပေါ်မှာ သူစိမ်းတစ်ယောက်ကို နှုတ်ဆက်နေသလိုမျိုး အရမ်း ရိုးရှင်းခဲ့တယ်။
ကျောပ်ယန်းဘန်းက နည်းနည်းတော့ အံ့သြသွားခဲ့တယ်။
ငယ်ကတည်းက ကျန်းလီရဲ့ လက်ထပ်ထိမ်းမြားရမဲ့ သဘောတူညီချက်ကို သူက သိခဲ့တယ်။ သူက အဲဒီအချိန်တုန်းက မစဥ်းစားတတ်သလို၊ ဘာကိုမှလည်း သိပ်ပြီးတော့ မခံစားခဲ့ရဘူး။ အဲဒီနောက်မှာတော့၊ သူမရဲ့ မိထွေးကို အန္တရာယ်ပြုဖို့ ကြံစည်တာကြောင့် ၊ ကျန်းလီကို ဗုဒ္ဓဘာသာ သီလရှင်ကျောင်းကို ပို့ခဲ့တယ်။ အဲ့ဒီအချိန်တုန်းက သူ့ရဲ့ မိဘတွေက င်္ဒီအိမ်ထောင်ရေး သဘောတူညီချက်ကို ဆက်လုပ်ရမလား၊ မလုပ်ရဘူးလားဆိုတာတဲ့ သူရဲ့ မိဘတွေ ပြောနေတာကို ကျိုးယန်ပန်းက မကြာခဏ ကြားခဲ့ရတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ သူ့ရဲ့ စေ့စပ်ထားသူကို ကျန်းယို့ရောင်နဲ့ အစားထိုးခဲ့ကြတယ်။
ကျိုးယန်ပန်းက ဖြူစင်ပြီးတော့ ချစ်စရာကောင်းတဲ့ သခင်မလေး ကျန်းယို့ရောင်ကိုသာ တွေ့မြင်ဖူးခဲ့တယ်။ သူက ကျန်းယို့ရောင်ကို အရမ်းစိတ်ကျေနပ်သွားပြီးတော့ ဒီအိမ်ထောင်ရေးကို မကန့်ကွက်ခဲ့ဘူး။
ဒါပေမဲ့ ဒီနေ့ ကျန်းယို့ရောင်ရဲ့ မွေးနေ့ အခမ်းအနားမှာ ပါဝင်ဆင်နွှဲဖို့ သူက လာရောက်ခဲ့ပြီးတော့၊ နှစ်ပေါင်းများစွာ မတွေ့ဖူးခဲ့တဲ့ ကျန်းလီကို တွေ့ခဲ့ရတယ်။
ကျန်းလီအပေါ်မှာရှိတဲ့ သူ့ရဲ့ အမှတ်တရတွေကို တွေးကြည့်ရင်၊ ဒေါသကြီးတဲ့ ဝဝကစ်ကစ် ကောင်မလေးကိုသာ ကျိုးယန်ပန်းက သတိရခဲ့တယ်။ ဒါပေမဲ့ မွေးနေ့ အခမ်းအနားအတုန်းပ ကျန်းလီရဲ့ အသွင်အပြင်က သူ့ရဲ့ နှလုံးသားကို ဂယက်ထသွားစေခဲ့တယ်။
ကျန်းယို့ရောင်က အိမ်တော်မှာထားရှိဖို့ရာ သင့်တော်တဲ့၊ နူးညံ့သိမ်မွေ့ပြီးတော့ ကောင်းမွန်တဲ့ ကျောက်မျက်ရတနာနဲ့ တူခဲ့တယ်။ ဒါပေမဲ့ ကျန်းလီရဲ့ ကောင်းမွန်တဲ့ ကိုယ်နေဟန်ထားနဲ့ ကျက်သရေရှိခြင်းက ကောင်းကင်မှာ တောက်ပနေတဲ့ လရောင်ကို မြင်နေရပေမဲ့ မရရှိနိုင်သလိုမျိုး ဖြစ်နေခဲ့တယ်။
ကျိုးယန်ပန်းက အမျိုးသား ဧည့်သည်တွေ ကြားကနေပြီးတော့ အစကတည်းက ကျန်းလီကို ဂရုတစိုက် ကြည့်နေခဲ့တယ်။
ကျန်းလီက လူတိုင်းရဲ့ ဝေဖန်ခံနေရတာကို သူက တွေ့လိုက်ရပြီးတော့၊ ဂရုမစိုက်တာကိုတွေ့တော့၊ တဖြည်းဖြည်းန့ သူ့ရဲ့ ချီးကျူးမှုကို တိုးလာစေခဲ့တယ်။ ဒီအချိန် ကျန်းအိမ်တော်ရဲ့ အိမ်နောက်ဖေးမှာ သူမကို မတော်တဆ တွေ့လိုက်ရခြင်းက ကျိုးယန်ပန်းကို အရမ်းဝမ်းသာသွားစေခဲ့တယ်။
ဒါက ကျိုးယန်ပန်းကို နည်းနည်း စိတ်ပျက်သွားစေခဲ့တယ်။
ဖြစ်နိုင်တာက တစ်ခုခုကို မရနိုင်လေလေ၊ အဲဒါက ပိုကောင်းလေလေ ဖြစ်နေခဲ့တယ်။ သူကို ရင်းနှီးပုံမရတဲ့ ကျန်းလီရဲ့ ပုံစံက ကျိုးယန်ပန်းရဲ့ နှလုံးသားကို ရိုးတိုးရွတ ဖြစ်စေခဲ့တယ်။ ကျန်းယို့ရောင်နဲ့ သူ့ရဲ့ အိမ်ထောင်ရေးကို သိလိုက်ရတဲ့အခါမှာ၊ ကျန်းလီက ဝမ်းနည်းကြေကွဲပြီးတော့ ရေကန်ထဲကို ခုန်ချခဲ့တာကို လွန်ခဲ့သည့်ရက်တွေတုန်းက သူက သေချာ ကြားခဲ့ရတာကို တွေးနေမိခဲ့တယ်။ အဲဒါကို စဉ်းစားကြည့်မိတဲ့အခါမှာ၊ အဲဒီအချိန်က သတင်းက ကျန်းလီကို နာကျင်စေသွားပြီးတော့၊ သူ့ကို အေးစက်စက် ဆက်ဆံတာ ဖြစ်နိုင်ခဲ့တယ်။
ဖြစ်နိုင်တာကတော့ သူက သူ့အဖေနဲ့ စကားသေချာပြောပြီးတော့၊ ဒီအိမ်ထောင်ရေးအကြောင်းကို တစ်ဖန် ပြန်ဆွေးနွေးသင့်တယ်။ ကျာက်ယန်းဘန်းမှာ ဒိလို အတွေး ရှိခဲ့ပြီးတော့ သူ့ရဲ့ စေ့စပ်ထားသူကို ကြည့်နေသလိုမျိုး ကျန်းလီကို ထပ်ခါထပ်ခါ ကြည့်နေခဲ့တယ်။
သူမကို ကြည့်နေတဲ့ ကျိုးယန်ပန်းရဲ့ အကြည့်တွေက လုံးဝမသိသာပေမဲ့၊ ကျန်းလီက သူ့ကို မျက်မှောင်ကြုတ်ပြီး ကြည့်ခဲ့တယ်။ သူမက ရွှီဖုန်းဖေးအဖြစ်ရှိနေတုန်းက၊ ရှန်းယွီရုန် နဲ့ လက်ထပ်ပြီးတဲ့ နောက်မှာ၊ သူမကို ငေးမောနေခဲ့တဲ့ အကြည့်တွေက အများကြီး ရှိခဲ့ဖူးတယ်။
အဲဒါက ရွံစရာကောင်းလိုက်တာ။
သူမက ကျိုးယန်ပန်းနဲ့ စကားမပြောချင်ခဲ့ဘူး။ သူမက ဒုတိယကျန်းသခင်မလေး ဖြစ်လာခဲ့ပေမဲ့၊ ဒီလူနဲ့တော့ သူမက အဆက်အသွယ် မလုပ်ချင်ခဲ့ဘူး။ ကျန်းလီက ထွက်သွားမလို့ လုပ်နေချိန်မှာ၊ အနောက်ကနေ အော်သံတစ်ခုကို ကြားလိုက်ရတယ်။
"အမွေဆက်ခံသူ အစ်ကို "
ဒီအော်သံကြောင့်မို့ ကျန်းလီရဲ့သွားတွေက နာကျင်သလို ဖြစ်သွားခဲ့တယ်။ ခြေလှမ်းသေးသေးလေးတွေနဲ့ ပြေးလာတဲ့ ကျန်းယို့ရောင်ကို ကြည့်ဖို့ သူမရဲ့ ခန္ဓာကိုယ်ကို လှည့်ခဲ့လိုက်တယ်။ အသက်တစ်ခါရှူချိန်လေးမှာ၊ သူမက ကျိုးယန်ပန်းရဲ့ အနားကို ရောက်သွားခဲ့တယ်။ သူမက ခေါင်းကိုမော့ပြီးတော့ ပြုံးပြလိုက်တယ်။
"အမွေဆက်ခံသူ အစ်ကို၊ ဒုတိယအစ်မတော်၊ ဘာတွေပြောပြီး အရမ်း ပြုံးရီနေရတာလဲ"
သူမက ပြုံးနေခဲ့ပေမဲ့၊ ကျန်းလီကို ကြည့်နေတဲ့ သူမရဲ့ အကြည့်တွေက ချစ်ခင် နေကြတဲ့ စုံတွဲကို ဖမ်းမိသလို ဖြစ်နေခဲ့တယ်။၊ သူမရဲ့ မျက်လုံးတွေမှာ နိမိတ်မကောင်းတဲ့ အငွေ့အသက်တွေ ရှိနေခဲ့တယ်။
Telegram မှာ အပိုင်း ၁၁၀အထိ ရောက်ပါပြီနော်။