အငြိမ်းစားဗီလိန်မမှ အမြှောက်စ...

بواسطة Cup-Of-Luckiness

167K 21.6K 918

အမြှောက်စာဇတ်ကောင်ထဲကို ကူးပြောင်းလာရင်သူမဘာလုပ်သင့်လဲ? သူမပထမဆုံးလုပ်မှာကတော့ မူလကိုယ်ဆီမှာတင်နေတဲ့အကြွေးတွေ... المزيد

Story Description
RVTIACF Chapter-(1)
RVTIACF Chapter-(2)
RVTIACF Chapter-(3)
RVTIACF Chapter-(4)
RVTIACF Chapter-(5)
RVTIACF Chapter-(6)
RVTIACF Chapter-(7)
RVTIACF Chapter-(8)
RVTIACF Chapter-(9)
RVTIACF Chapter-(10)
RVTIACF Chapter-(11)
RVTIACF Chapter-(12)
RVTIACF Chapter-(13)
RVTIACF Chapter-(14)
RVTIACF Chapter-(15)
RVTIACF chapter-(16)
RVTIACF chapter-(17)
RVTIACF Chapter-(18)
RVTIACF chapter-(19)
RVTIACF chapter-(20)
RVTIACF chapter(21)
RVTIACF chapter-(22)
RVTIACF chapter-(23)
RVTIACF chapter-(24)
RVTIACF chapter-(25)
RVTICF Chapter-(26)
RVTIACF chapter-(27)
RVTIACF chapter-(28)
RVTCF Chapter-(29)
RVTIACF chapter-(30)
RVTIACF chapter-(31)
RVTIACF Chapter-(32)
RVTIACF chapter-(33)
RVTIACF Chapter-34
RVTIACF chapter-(35)
RVTIACF Chapter-(36)
RVTIACF chapter-(37)
RVTIACF chapter-38
RVTIACF Chapter-(39)
RVTIACF Chapter-(40)
RVTIACF Chapter-(41)
RVTIACF Chapter-(42)
RVTIACF Chapter-(43)
RVTIACF Chapter-(44+45)
RVTIACF Chapter-(46)
RVTIACF Chapter-(47)
RVTIACF Chapter-(48)
RVTIACF Chapter-(49)
RVTIACF Chapter-(50)
RVTIACF Chapter-(51 + 52)
RVTIACF Chapter-(53)🍭
RVTIACF Chapter-(54)
RVTIACF Chapter-(55)
RVTIACF Chapter-(56)
RVTIACF Chapter-(57)
RVTIACF-(58)

RVTIACF-(59)

566 67 3
بواسطة Cup-Of-Luckiness

CHAPTER-(58)☕︎
Title: ခင်ပွန်းလောင်းကအိမ်အကူရဲ့သမီးနဲ့ချစ်မိသွားတယ်

ဘာတွေဖြစ်သွားလဲကြားပြီးချိန်မှာတော့ကျောင်းသားတစ်ယောက်တီတိုး ပြောလာသည်။ 

“အတိတ်ကအဲ့လိုအရာမျိုးကို ချမ်းသာခွင့်ပေးသင့်တယ်မလား? အဲ့အချိန်တုန်းက ဘယ်သူမှအတွင်းသတင်းတွေ မသိကြဘူးလေ….”

တုန့်ပြန်တဲ့အနေနဲ့ ဘေးမှာရပ်နေတဲ့တခြားကျောင်းသူကလည်း ပြောပြန်သည်။

“ဘာမှမသိရင်လည်း ကောလဟာလအမှားတွေ၊ မဟုတ်မဟတ်တွေပြောနေတာ ရပ်လိုကပေါ့နော့်။ ပညာရှိတစ်ယောက်ပြောခဲ့သလို ကိုယ်လုပ်တဲ့ကံကိုယ့်ထံပြန်တာပဲ။ သူမအရင်ကလုပ်ခဲ့သမျှ အခုတော့သူမကိုကိုက်ဖို့ ပြန်လာကြပြီ။"

"ကျွန်မလည်းချူရှောင်းဝေဖန်တာကို သဘောတူပါတယ်။ ဘယ်လိုကောလဟာလမျိုး အတင်းစကားမျိုးမဆို ကုမ္ပဏီရဲ့ပတ်ဝန်းကျင်နဲ့ ဝန်ထမ်းတွေရဲ့လုပ်နိုင်စွမ်းကို အဆိုးဘက်ကသက်ရောက်စေတာပဲ မဟုတ်လား?”

“အမှန်ပဲ။ ချူရှောင်း အရမ်းတင်းကျပ်တာ။ သူကငါတို့အင်္ဂလိပ်စကားပြော စွမ်းရည်တွေကို ဒီလောက်စစ်ဆေးနေမှတော့ ငါသူ့အင်တာဗျူးကို မအောင်တော့ဘူးထင်တယ်။”

“အဲ့လိုဟာမျိုးတွေက တင်းကျပ်တာကောင်းပါတယ်။ အင်တာဗျူးရဲ့တောင်းဆိုချက်တွေမြက့်နေမှတော့ ကုမ္ပဏီမှာအလုပ်သင်ရတဲ့သူတွေကလည်း အများကြီးသင်ယူရမှာ သေချာတယ်။

အဲ့အချိန်မှာပဲ နောက်ထပ်ကျောင်းသားတစ်ယောက်ဟာလည်း ချူရှောင်းနဲ့အင်တာဗျူးကို ကျသွားပြန်သည်။ သူဘာလို့မအောင်ရသလဲဆိုတာ အင်တင်တင်နဲ့ မေးလာသောအခါ

“ရှင်ကျွန်မကို တစ်ကြိမ်စော်စော်ကားကား ပြောဖူးတယ်လေ။ ကိုယ်ရေးကိုယ်တာကြောင့်ပါ။”

အဲ့ကျောင်းသားသူမကိုတကယ်ပင် စော်ကားဖူးပါသည်။ ယိချန်က အကြောင်းရင်းတစ်ခုကြောင့်နဲ့ သူမကိုပထုတ်လိုက်ပြီဟုပြော၍ စော်ကားခဲ့ဖူးသည်။ သူမကိုထိုသို့ပြောခဲ့သူ ကျောင်းသားရဲ့မျက်နှာကို ထာဝရမေ့မရခဲ့သည်ကြောင့် အဲ့ဒီမျိူးမစစ်ကလည်း နောက်ဆုံးမှာသူနဲ့တန်ရာတန်ရာကို ရသွားခြင်းသာ။

သူ့လျောက်လွှာကိုငြင်းရသည့်အကြောင့်ပြချက်ကိုကြားအပြီး ကျောင်းသားမျက်နှာ ရဲတတ်လာကာ အရှက်ရသွားတော့သည်။

“ကိုယ့်ကိုယ်ရေးကိုယ်တာကိစ္စတွေရှင်းဖို့နဲ့ ဘယ်လူသစ်စုဆောင်းရေးကများ သူ့ရာထူးကိုသုံးပြီး လက်စားချေလို့လဲ?”

ချူရှောင်း လက်ဆန့်လိုက်သည်။

“ဒါကျွန်မမိသားစုကုမ္ပဏီ။ ဆိုတော့ ဒီအထာနဲ့လူမစုစရာ ဘာအကြောင်းရှိလဲ? ပြီးတော့ ဒီအလုပ်သင်အခွင့်အရေးကို စလုပ်တာလည်းကျွန်မပဲ။ ကျွန်မက အလုပ်သင်ငှားတဲ့သူဆိုမှာတော့ ဒီမှာစည်းကမ်းထုတ်တာလည်း ကျွန်မဖြစ်နေတာ သဘာဝကျတာပဲ။ အတိတ်မှာ ကျွန်မကိုအမှားလုပ်သည်ဖြစ်စေ၊ ပုတ်ခတ်ထားသည်ဖြစ်စေ ချက်ချင်းအထုတ်ခံရမယ်။ ဒါကြောင့် ကျေးဇူးပြုပြီး ထွက်သွားပေးနော်။”

ကျောင်းသားက ထပ်ပြီးဇာချဲ့လာမှာမြင်တဲ့ လုံခြုံရေးတွေက သူ့ကိုဆွဲထုတ်သွားတော့သည်။

ဒီတစ်ကြိမ်မှာတော့ အလုပ်သင်အခွင့်အလမ်းပွဲမှာ ကျောင်းသားများစွာနဲ့ ယောက်ယက်ခတ်နေလေသည်။ အများစုရဲ့အကြည့်တွေကတော့ ချူရှောင်းရှိရာဌာနဆီသို့

ကျောင်းသားတစ်ဦးက သူမကိုအားကျစွာငေးမောရင်း

“ဘုရင်မချူက ဒီလိုလွှမ်းမိုးနိုင်တဲ့ ဖြစ်တည်မှုမျိုးပဲ။ ကတကယ်တော့ သူမကနူးညံ့ပြီး ငြင်သာတဲ့လူမျိုးတော့ မဟုတ်ဘူး။”

“ဒါတွေကမှ ဘုရင်မချူရဲ့တကယ့် အရည်အသွေးစစ်တွေလေ။ မင်းပြောပြောနေတဲ့ နူးညံညင်သာတယ်ဆိုတာ ဘာများလဲ? ဘာပဲဖြစ်ဖြစ်ပါ ဒီအင်တာဗျူးတွေကို ငါအောင်ကိုအောင်ရမယ်!”

“ဘုရင်မချုကို ခစားတာက အကျိုးအများကြီးရှိလာနိုင်တယ်။ ချူရှောင်းကပိုင်ရွယ်ဝေ့ကို ကိုယ်ပိုင်စံအိမ်ကြီးပေးတော့မှာကိုပဲ စဥ်းစားကြည့်စမ်း။ သူ့အခင်ဆုံးသူငယ်ချင်းမဖြစ်နိုင်ရင် နေပါစေ လက်အောက်ငယ်သားလုပ်ရင်တောင် မဆိုးလှဘူး။”

“ဟုတ်တယ်။ သူ့ဝန်ထမ်းဖြစ်ရတာလည်း စိတ်မရှိပါဘူး။ ဟမ်…?စံအိမ်ဆိုမှ အဲ့တာဘာဖြစ်သွားတာလဲ?”

“အမျိူးတစ်ယောက်ဆီကကြားတာတော့ ချူရှောင်းရဲ့ယွမ်ဆယ်သန်းတန်အလှူက အလှူစာရင်းထဲမှာ တကယ်ကိုပါတယ်တဲ့။ အဲ့အကြောင်းကိုယ့်ဘာသာလိုက်ရှာတော့ သူ့ကစံအိမ်ကိုယွမ်9.6သန်းနဲ့ရောင်းပြီး လှူလိုက်တာတဲဲ့။ ချူရှောင်းကချမ်းသာတယ်ဆိုပေမယ့်လည်း စံအိမ်ကတော့တကယ်ပဲ ပိုင်ရွယ်ဝေ့ကို ပေးဖို့လုပ်ထားတာလေ။”

လူတိုင်းက အလုပ်အကိုင်ပြပွဲမှာ ပိုင်ရွယ်ဝေ့ရဲ့အရိပ်အယောင်တွေကိုရှာဖွေရင်း ရုတ်တရက်သူမအကြောင်း တွေးမိသွားကြသည်။ သူမကဝင်ပေါက်ရဲ့ရှေ့မှာ ရုတ်တရက်ပေါ်လာပြီး ထွက်သွားတော့မည့်ပုံပင်။

တစ်ခါကသူမရဲ့ လီရှန်းကုမ္ပဏီမှာအလုပ်သင်ဖြစ်ခွင့်ကို အထင်ကြီးမိပြီး ပိုင်ရွယ်ဝေ့ကို မနာလိုဖူးတဲ့ကျောင်းသားတစ်ယောက်ကလည်း သူမကိုအထင်သေးစွာကြည့်လာသည်…စိတ်ပျက်စရာတစ်ခုအနေဖြင့်။

“ Lisheng ကုမ္ပဏီမှာ အလုပ်သင်လုပ်ရတာ ဘာအသုံးကျလို့လဲ? ချူရှောင်းဝန်ထမ်းလုပ်တာထက် ပိုကောင်းနေလို့လား? ယိချန်ကို ခို့းသွားလို့ရော ဘာအသုံးကျလို့လဲ? သူ့ဆီကရတဲ့အကျိုးအမြတ်တွေက ချူရှောင်းသူ့ကိုပေးမယ့်ယွမ်သန်းချီတဲ့စံအိမ်ရတာထက် ပိုသာနေလို့လား? “

သူတို့လို့သာမန်လူတွေအနေနဲ့ ပိုင်ရွယ်ဝေ့လိုတစ်ယောက်ယောက်နဲ့ မနှိုင်းယှည်သင့်ဘူးဆိုတဲ့အတွေးက သူတို့စိတ်ထဲရုတ်တရက်ပေါ်လာသည်။ သူတို့ကအောက်ခြေကနေတဖြည်းဖြည်း အလုပ်လုပ်ဖို့လိုနေချိန်မှာ သူမကတော့သူမဘဝအကိုရာရာရရှိပြီး ကြီးပြင်းလာခဲ့သူ။ ပိုင်ရွယ်ဝေ့ကလီရှန်းကုမ္ပဏီမှာ အလုပ်သင်ရရင်တောင် သူမဘဝကြီးကအဲ့မှာလည်း လွယ်ကူနေဦးမှာ။ ပိုင်ရွယ်ဝေ့ကိုမနာလိုခဲ့သူများကလည်း ရုတ်တရက်အဲ့လိုထပ်မတွေးတော့ပေ။ တကယ်တော့ ခေါင်းစားစရာအချက်က သူတို့ထဲကတစ်ချို့ဆို သူမကိုတောင်စသနားမိလာသည်။

ကလေးဘဝတည်းကပိုင်ရွယ်ဝေ့မှာ သူမအပေါ်လူတွေရဲ့အထင်ကြီးမှုတွေ ခံစားချက်တွေကို အလွန်အမင်းထိရှလွယ်သည်။ ဒါကိုအစပျိူးရရင် ဒီအလုပ်အကိုင်ကုန်စည်ပြပွဲကို လာတဲ့အဓိကအကြောင်းရင်းကလည်း သူမရဲ့လီရှန်းကုမ္ပဏီကအလုပ်သင်ဖြစ်ခွင့်ကို ကြွားလုံးထုတ်၊ လူလုံးပြပြီးသူမအပေါ် တခြားကျောင်းသားတွေရဲ့ မနာလိုကြည့်တွေကို လာကြည့်တာပင်။ ဒါပေမယ့်လည်း သူမဒီခံစားချက်တွေကို ခံစားလိုက်ရတာက မိနစ်အနည်းငယ်သာ….ချူရှောင်းပုံရိပ်က သူမအပေါ်တခြားကျောင်းသားတွေရဲ့သနားမှု လှောင်ပြောင်ရိပ်တွေကို နဂိုအခြေအနေပြန်မရောက်စေခင်အထိ။

ပိုင်ရွယ်ဝေ့သည် တခြားသူတွေရဲ့လှောင်ပြောင်ခံရတာကိုမုန်းပြီး လာသနားတာကိုလည်း အလွန်စက်ဆုပ်ပါသည်။ သူမ ဒီခံစားမှုတွေရဲ့အလယ်ကသူကိုလည်း အလွန်ပင်ရွံမိသည်…ချူရှောင်း

29.3.2024

CHAPTER-(58)
Title: ခင္ပြန္းေလာင္းကအိမ္အကူရဲ႕သမီးနဲ႕ခ်စ္မိသြားတယ္

ဘာေတြျဖစ္သြားလဲၾကားၿပီးခ်ိန္မွာေတာ့ေက်ာင္းသားတစ္ေယာက္တီတိုး ေျပာလာသည္။

အတိတ္ကအဲ့လိုအရာမ်ိဳးကို ခ်မ္းသာခြင့္ေပးသင့္တယ္မလား? အဲ့အခ်ိန္တုန္းက ဘယ္သူမွအတြင္းသတင္းေတြ မသိၾကဘူးေလ.

တုန့္ျပန္တဲ့အေနနဲ႕ ေဘးမွာရပ္ေနတဲ့တျခားေက်ာင္းသူကလည္း ေျပာျပန္သည္။

ဘာမွမသိရင္လည္း ေကာလဟာလအမွားေတြ၊ မဟုတ္မဟတ္ေတြေျပာေနတာ ရပ္လိုကေပါ့ေနာ့္။ ပညာရွိတစ္ေယာက္ေျပာခဲ့သလို ကိုယ္လုပ္တဲ့ကံကိုယ့္ထံျပန္တာပဲ။ သူမအရင္ကလုပ္ခဲ့သမွ် အခုေတာ့သူမကိုကိုက္ဖို႔ ျပန္လာၾကၿပီ။"

"ကြၽန္မလည္းခ်ဴေရွာင္းေဝဖန္တာကို သေဘာတူပါတယ္။ ဘယ္လိုေကာလဟာလမ်ိဳး အတင္းစကားမ်ိဳးမဆို ကုမၸဏီရဲ႕ပတ္ဝန္းက်င္နဲ႕ ဝန္ထမ္းေတြရဲ႕လုပ္နိုင္စြမ္းကို အဆိုးဘက္ကသက္ေရာက္ေစတာပဲ မဟုတ္လား?

အမွန္ပဲ။ ခ်ဴေရွာင္း အရမ္းတင္းက်ပ္တာ။ သူကငါတို႔အဂၤလိပ္စကားေျပာ စြမ္းရည္ေတြကို ဒီေလာက္စစ္ေဆးေနမွေတာ့ ငါသူ႕အင္တာဗ်ဴးကို မေအာင္ေတာ့ဘူးထင္တယ္။

အဲ့လိုဟာမ်ိဳးေတြက တင္းက်ပ္တာေကာင္းပါတယ္။ အင္တာဗ်ဴးရဲ႕ေတာင္းဆိုခ်က္ေတြျမက့္ေနမွေတာ့ ကုမၸဏီမွာအလုပ္သင္ရတဲ့သူေတြကလည္း အမ်ားႀကီးသင္ယူရမွာ ေသခ်ာတယ္။

အဲ့အခ်ိန္မွာပဲ ေနာက္ထပ္ေက်ာင္းသားတစ္ေယာက္ဟာလည္း ခ်ဴေရွာင္းနဲ႕အင္တာဗ်ဴးကို က်သြားျပန္သည္။ သူဘာလို႔မေအာင္ရသလဲဆိုတာ အင္တင္တင္နဲ႕ ေမးလာေသာအခါ

ရွင္ကြၽန္မကို တစ္ႀကိမ္ေစာ္ေစာ္ကားကား ေျပာဖူးတယ္ေလ။ ကိုယ္ေရးကိုယ္တာေၾကာင့္ပါ။

အဲ့ေက်ာင္းသားသူမကိုတကယ္ပင္ ေစာ္ကားဖူးပါသည္။ ယိခ်န္က အေၾကာင္းရင္းတစ္ခုေၾကာင့္နဲ႕ သူမကိုပထုတ္လိုက္ၿပီဟုေျပာ၍ ေစာ္ကားခဲ့ဖူးသည္။ သူမကိုထိုသို႔ေျပာခဲ့သူ ေက်ာင္းသားရဲ႕မ်က္ႏွာကို ထာဝရေမ့မရခဲ့သည္ေၾကာင့္ အဲ့ဒီမ်ိဴးမစစ္ကလည္း ေနာက္ဆုံးမွာသူနဲ႕တန္ရာတန္ရာကို ရသြားျခင္းသာ။

သူ႕ေလ်ာက္လႊာကိုျငင္းရသည့္အေၾကာင့္ျပခ်က္ကိုၾကားအၿပီး ေက်ာင္းသားမ်က္ႏွာ ရဲတတ္လာကာ အရွက္ရသြားေတာ့သည္။

ကိုယ့္ကိုယ္ေရးကိုယ္တာကိစၥေတြရွင္းဖို႔နဲ႕ ဘယ္လူသစ္စုေဆာင္းေရးကမ်ား သူ႕ရာထူးကိုသုံးၿပီး လက္စားေခ်လိဳ႕လဲ?

ခ်ဴေရွာင္း လက္ဆန့္လိုက္သည္။

ဒါကြၽန္မမိသားစုကုမၸဏီ။ ဆိုေတာ့ ဒီအထာနဲ႕လူမစုစရာ ဘာအေၾကာင္းရွိလဲ? ၿပီးေတာ့ ဒီအလုပ္သင္အခြင့္အေရးကို စလုပ္တာလည္းကြၽန္မပဲ။ ကြၽန္မက အလုပ္သင္ငွားတဲ့သူဆိုမွာေတာ့ ဒီမွာစည္းကမ္းထုတ္တာလည္း ကြၽန္မျဖစ္ေနတာ သဘာဝက်တာပဲ။ အတိတ္မွာ ကြၽန္မကိုအမွားလုပ္သည္ျဖစ္ေစ၊ ပုတ္ခတ္ထားသည္ျဖစ္ေစ ခ်က္ခ်င္းအထုတ္ခံရမယ္။ ဒါေၾကာင့္ ေက်းဇူးျပဳၿပီး ထြက္သြားေပးေနာ္။

ေက်ာင္းသားက ထပ္ၿပီးဇာခ်ဲ့လာမွာျမင္တဲ့ လုံၿခဳံေရးေတြက သူ႕ကိုဆြဲထုတ္သြားေတာ့သည္။

ဒီတစ္ႀကိမ္မွာေတာ့ အလုပ္သင္အခြင့္အလမ္းပြဲမွာ ေက်ာင္းသားမ်ားစြာနဲ႕ ေယာက္ယက္ခတ္ေနေလသည္။ အမ်ားစုရဲ႕အၾကည့္ေတြကေတာ့ ခ်ဴေရွာင္းရွိရာဌာနဆီသို႔

ေက်ာင္းသားတစ္ဦးက သူမကိုအားက်စြာေငးေမာရင္း

ဘုရင္မခ်ဴက ဒီလိုလႊမ္းမိုးနိုင္တဲ့ ျဖစ္တည္မႈမ်ိဳးပဲ။ ကတကယ္ေတာ့ သူမကႏူးညံ့ၿပီး ျငင္သာတဲ့လူမ်ိဳးေတာ့ မဟုတ္ဘူး။

ဒါေတြကမွ ဘုရင္မခ်ဴရဲ႕တကယ့္ အရည္အေသြးစစ္ေတြေလ။ မင္းေျပာေျပာေနတဲ့ ႏူးညံညင္သာတယ္ဆိုတာ ဘာမ်ားလဲ? ဘာပဲျဖစ္ျဖစ္ပါ ဒီအင္တာဗ်ဴးေတြကို ငါေအာင္ကိုေအာင္ရမယ္!

ဘုရင္မခ်ဳကို ခစားတာက အက်ိဳးအမ်ားႀကီးရွိလာနိုင္တယ္။ ခ်ဴေရွာင္းကပိုင္႐ြယ္ေဝ့ကို ကိုယ္ပိုင္စံအိမ္ႀကီးေပးေတာ့မွာကိုပဲ စဥ္းစားၾကည့္စမ္း။ သူ႕အခင္ဆုံးသူငယ္ခ်င္းမျဖစ္နိုင္ရင္ ေနပါေစ လက္ေအာက္ငယ္သားလုပ္ရင္ေတာင္ မဆိုးလွဘူး။

ဟုတ္တယ္။ သူ႕ဝန္ထမ္းျဖစ္ရတာလည္း စိတ္မရွိပါဘူး။ ဟမ္?စံအိမ္ဆိုမွ အဲ့တာဘာျဖစ္သြားတာလဲ?

အမ်ိဴးတစ္ေယာက္ဆီကၾကားတာေတာ့ ခ်ဴေရွာင္းရဲ႕ယြမ္ဆယ္သန္းတန္အလႉက အလႉစာရင္းထဲမွာ တကယ္ကိုပါတယ္တဲ့။ အဲ့အေၾကာင္းကိုယ့္ဘာသာလိုက္ရွာေတာ့ သူ႕ကစံအိမ္ကိုယြမ္9.6သန္းနဲ႕ေရာင္းၿပီး လႉလိုက္တာတဲဲ့။ ခ်ဴေရွာင္းကခ်မ္းသာတယ္ဆိုေပမယ့္လည္း စံအိမ္ကေတာ့တကယ္ပဲ ပိုင္႐ြယ္ေဝ့ကို ေပးဖို႔လုပ္ထားတာေလ။

လူတိုင္းက အလုပ္အကိုင္ျပပြဲမွာ ပိုင္႐ြယ္ေဝ့ရဲ႕အရိပ္အေယာင္ေတြကိုရွာေဖြရင္း ႐ုတ္တရက္သူမအေၾကာင္း ေတြးမိသြားၾကသည္။ သူမကဝင္ေပါက္ရဲ႕ေရွ႕မွာ ႐ုတ္တရက္ေပၚလာၿပီး ထြက္သြားေတာ့မည့္ပုံပင္။

တစ္ခါကသူမရဲ႕ လီရွန္းကုမၸဏီမွာအလုပ္သင္ျဖစ္ခြင့္ကို အထင္ႀကီးမိၿပီး ပိုင္႐ြယ္ေဝ့ကို မနာလိုဖူးတဲ့ေက်ာင္းသားတစ္ေယာက္ကလည္း သူမကိုအထင္ေသးစြာၾကည့္လာသည္စိတ္ပ်က္စရာတစ္ခုအေနျဖင့္။

Lisheng ကုမၸဏီမွာ အလုပ္သင္လုပ္ရတာ ဘာအသုံးက်လိဳ႕လဲ? ခ်ဴေရွာင္းဝန္ထမ္းလုပ္တာထက္ ပိုေကာင္းေနလို႔လား? ယိခ်န္ကို ခို႔းသြားလို႔ေရာ ဘာအသုံးက်လိဳ႕လဲ? သူ႕ဆီကရတဲ့အက်ိဳးအျမတ္ေတြက ခ်ဴေရွာင္းသူ႕ကိုေပးမယ့္ယြမ္သန္းခ်ီတဲ့စံအိမ္ရတာထက္ ပိုသာေနလို႔လား? 

သူတို႔လို႔သာမန္လူေတြအေနနဲ႕ ပိုင္႐ြယ္ေဝ့လိုတစ္ေယာက္ေယာက္နဲ႕ မႏွိုင္းယွည္သင့္ဘူးဆိုတဲ့အေတြးက သူတို႔စိတ္ထဲ႐ုတ္တရက္ေပၚလာသည္။ သူတို႔ကေအာက္ေျခကေနတျဖည္းျဖည္း အလုပ္လုပ္ဖို႔လိုေနခ်ိန္မွာ သူမကေတာ့သူမဘဝအကိုရာရာရရွိၿပီး ႀကီးျပင္းလာခဲ့သူ။ ပိုင္႐ြယ္ေဝ့ကလီရွန္းကုမၸဏီမွာ အလုပ္သင္ရရင္ေတာင္ သူမဘဝႀကီးကအဲ့မွာလည္း လြယ္ကူေနဦးမွာ။ ပိုင္႐ြယ္ေဝ့ကိုမနာလိုခဲ့သူမ်ားကလည္း ႐ုတ္တရက္အဲ့လိုထပ္မေတြးေတာ့ေပ။ တကယ္ေတာ့ ေခါင္းစားစရာအခ်က္က သူတို႔ထဲကတစ္ခ်ိဳ႕ဆို သူမကိုေတာင္စသနားမိလာသည္။

ကေလးဘဝတည္းကပိုင္႐ြယ္ေဝ့မွာ သူမအေပၚလူေတြရဲ႕အထင္ႀကီးမႈေတြ ခံစားခ်က္ေတြကို အလြန္အမင္းထိရွလြယ္သည္။ ဒါကိုအစပ်ိဴးရရင္ ဒီအလုပ္အကိုင္ကုန္စည္ျပပြဲကို လာတဲ့အဓိကအေၾကာင္းရင္းကလည္း သူမရဲ႕လီရွန္းကုမၸဏီကအလုပ္သင္ျဖစ္ခြင့္ကို ႂကြားလုံးထုတ္၊ လူလုံးျပၿပီးသူမအေပၚ တျခားေက်ာင္းသားေတြရဲ႕ မနာလိုၾကည့္ေတြကို လာၾကည့္တာပင္။ ဒါေပမယ့္လည္း သူမဒီခံစားခ်က္ေတြကို ခံစားလိုက္ရတာက မိနစ္အနည္းငယ္သာ.ခ်ဴေရွာင္းပုံရိပ္က သူမအေပၚတျခားေက်ာင္းသားေတြရဲ႕သနားမႈ ေလွာင္ေျပာင္ရိပ္ေတြကို နဂိုအေျခအေနျပန္မေရာက္ေစခင္အထိ။

ပိုင္႐ြယ္ေဝ့သည္ တျခားသူေတြရဲ႕ေလွာင္ေျပာင္ခံရတာကိုမုန္းၿပီး လာသနားတာကိုလည္း အလြန္စက္ဆုပ္ပါသည္။ သူမ ဒီခံစားမႈေတြရဲ႕အလယ္ကသူကိုလည္း အလြန္ပင္႐ြံမိသည္ခ်ဴေရွာင္း

29.3.2024

واصل القراءة

ستعجبك أيضاً

84.5K 10.2K 87
The Blackened Second Male Lead's Wife Language Korean Author(s) Kim Poppy 김뽀삐 Artist(s) Sol (solminator0) Year 2019 Status in COO 122 Chapters + 32 S...
103K 8.4K 150
New Normal တစ်ပတ် သုံးရက် update ပါရှင် ... Paid gp က နောက်အပတ်လောက်မှစပါမယ်ရှင် ... Title- Mei Gongchin သူမကိုယ္သူမ မီးရွို့၍ သတ်သေသွားပြီးသည့်နောက...
399K 50.4K 200
Book-5 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...
19K 2.8K 59
လွန်ခဲ့သည့်ခြောက်လတွင် မြို့များအထက်၌ လွင့်မျောနေသည့် သိန်းချီသော Black towerမ်ား ကမ္ဘာအနှံ့တွင် ရုတ်တရက်ပေါ်ထွက်လာခဲ့သည်။ ဓာတုဗေဒပညာရှင်များ၊ ရူပဗေဒ...