တရားဝင်သမီး လက်ထပ်ထိမ်းမြားခြ...

By Swae_Nyoe

102K 8.9K 41

ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက... More

Description
Part 1
Part 2
Part 3.1
Part 3.2
Part 4.1
Part 4.2
Part 5.1
Part 5.2
Part 6.1
Part 6.2
Part 7.1
Part 7.2
Part 8.1
Part 8.2
Part 9.1
Part 9.2
Part 10.1
Part 10.2
🥰🥰တယ်လီဂရမ်ဂရုလေးရရှိပြီ ဖြစ်ပါကြောင်း
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 35
Part 36.1
Part 36.2
Part 37.1
Part 37.2
Part 38.1
Part 38.2
Part 39.1
Part 39.2
Part 40.1
Part 40.2
Part 41
ဗီလိန်အတုမှ အမြောက်စာဇာတ်ကောင်သို့... အစအဆုံးပြီးဆုံးကြောင်း...
Part 42
Part 43
🌤️May Breeze Promotion နောက်ဆုံးရက်🌤️
Part 44
Part 45
Part 46
Part 47
Telegram ကို လာခဲ့နော်
🌅Summer Mood Promotion🌅
Part 48
Part 49

Part 34

1.1K 112 0
By Swae_Nyoe

အခန်း (၃၄.၁)

ငှက်နှစ်ကောင်

ကျန်းလီရဲ့ ပါးစပ်ကနေ ယွီရှန်းရဲ့ အမည်ထွက်လာတာကို ကြားရတော့ လူတိုင်းက ရုတ်တရက် အံ့ဩသွားခဲ့ကြတယ်။

လူအုပ်ထဲမှာ၊ သူမရဲ့ ခေါ်နေတဲ့အသံကြောင့်မို့ ယွီရှန်းက သတိမထားမိခဲ့ဘူး။ ကျန်းလီ ပြောတာကို သေသေချာချာ မကြားခင်အထိ၊ သူမရဲ့ ပထမဆုံး တုံ့ပြန်မှုက ကျိရှုရန် ရဲ့ အမူအရာကို ကြည့်နေခဲ့ဖို့ပဲ ဖြစ်ခဲ့တယ်။

လူအုပ်ကြားထဲမှာ ကျိရှုရန်က သူမကို လူသေတစ်ယောက်လိုမျိုး စိုက်ကြည့်နေတယ်ဆိုပြီးတော့ ယွီရှန်း က ခံစားခဲ့ရတယ်။

သူမက ငြင်းပယ်ဖို့ မသိစိတ်ကနေ ခေါင်းခါပြခဲ့ချင်ပေမဲ့၊ ကျန်းလီက ကျေးဇူးတင်တဲ့ပုံနဲ့ သူမဘက်သို့ လှည့်လာပြီးတော့ သူမရဲ့ ကျေးဇူးသိတတ်မှုကို ပြသရင်းနဲ့ ပြောခဲ့တယ်။

"ရှန်းချောင်ကို သတိမထားမိခင်က ယွီရှန်း က ကျွန်မကို သတိပေးလာခဲ့တယ်။ အဲဒီအချိန်တုန်းက ကျွန်မက သူမကို သိပ်ပြီးတော့ မယုံခဲ့ဘူး။ အခု အဲဒါကို ပြန်တွေးကြည့်တဲ့အခါမှာ၊ ကျွန်မက အရမ်းစိတ်ကြီးဝင်နေခဲ့တာ။ ကျေးဇူးတင်ပါတယ်။ ယွီရှန်း"

အဲ့ဒီနောက်မှာ သူမက ကျိရှုရန်အား ပြောခဲ့တယ်။

"အမေက ရှန်းချောင်နဲ့ အမှားတွေ လုပ်ခဲ့ပေမဲ့၊ ယွီရှန်းကို သမီးအနားကို ပို့ပေးခဲ့တဲ့ ထောက်ထား ညှာတာမှုတွေအတွက် ကျန်းလီက ကျေးဇူးအများကြီး တင်ပါတယ်"

ကျိရှုရန်က ပြုံးပြလိုက်တယ်။ ဒါပေမဲ့ အခုအချိန်မှာ သူမက ဘာတွေ ခံစားနေရသလဲဆိုတာကို ဘယ်သူကမှ မသိခဲ့ကြဘူး။

ဒီအချိန်မှာ တစ်ခုခုပြောဖို့ဆိုတာ ယွီရှန်းအတွက် အရမ်းနောက်ကျသွားခဲ့တယ်။ အဲဒါအပြင် သူမက ဧည့်သည်တွေအရှေ့မှာ၊ အမှန်အတိုင်း ချေပနိုင်စွမ်း မရှိခဲ့ဘူး။ ရှန်းချောင်က ပတ္တမြားဆံထိုးကို အမှန်တကယ် သေချာ ဝှက်ထားခဲ့ပေမဲ့၊ ယွီရှန်းကလည်း သူမရဲ့ အခန်းထဲက နေရာကို လျှို့ဝှက်စွာ ဖော်ထုတ်ခဲ့တယ်။

ကမ္ဘာပေါ်မှာရှိတဲ့ လူအများစုက မတရားမှုရဲ့ ကံကြမ္မာဆိုးကို ခံစားခဲ့ရတယ်။ ရှန်းချောင်နဲ့ သူမကို ကျန်းလီရဲ့ နံဘေးက သူလျှိုတွေ အဖြစ် ကျိရှုရန်က စီစဉ်ခဲ့တယ်။ ဒါပေမဲ့ သူမရဲ့ပါးစပ်ကို အားကိုးပြီးတော့၊ ရှန်းချောင်က ကျန်းလီရဲ့လက်ကနေ အံ့သြစရာကောင်းတဲ့ လက်ဆောင်များစွာကို ရရှိခဲ့တယ်။ ကျိရှုရန်ရဲ့အနားမှာ နောက်ထပ် ၁၀နှစ်လောက်နေခဲ့ရင်တောင်မှ၊ အဲဒီလိုမျိုး လက်ဆောင်တွေကို သူတို့က ရနိုင်မှာ မဟုတ်ခဲ့ဘူး။

နီရဲနေသော မျက်လုံးတွေနဲ့ ယွီရှန်းက ပိုပြီးတော့ မနှစ်မြို့တဲ့ပုံနဲ့ ရှန်းချောင်ကို ကြည့်နေခဲ့တယ်။ တုန်အာနဲ့ ကျန်းလီရဲ့ အစီအစဉ်ကို သူမက အမှတ်တမဲ့နဲ့ ကြားခဲ့ပြီးတော့ ကျိရှုရန်ကို တန်ပြန်တိုက်ခိုက်ဖို့ ဆိုတာကို နားလည်ခဲ့တယ်။ ရှန်းချောင်က ဧည့်သည်တွေအရှေ့မှာ ဆံထိုးကို အစားထိုးခဲ့တယ်ဆိုတာကို တုန်အာက သက်သေပြလိမ့်မယ်။ အဲဒါကြောင့်မို့ ယွီရှန်းက ရှန်းချောင်ရဲ့ အခန်းထဲမှာ ဆံထိုးကို ခိုးကြောင်ခိုးဝှက်နဲ့ ထားခဲ့တယ်။

ဒီလိုလုပ်လိုက်ခြင်းအားဖြင့်၊ ကျိရှုရန်ရဲ့ အစီအစဉ်က နောက်ထပ် အလုပ်ဖြစ်မှာ မဟုတ်တော့ဘူး။ ဒါဆိုရင် ဘာကြောင့်လဲ။ ကျန်းလီရဲ့ အစီအစဉ်ကို ကျိရှုရန် သိအောင် ယွီရှန်း က ပြောခဲ့ရင်တောင်မှ၊ ကျိရှုရန်က နောက်ထပ် အစီအစဉ် တစ်ခုကို လုပ်ခဲ့လိမ့်မယ်။ အဲဒါက ရှန်းချောင်ကို အနည်းငယ်တောင် ထိခိုက်စေမှာ မဟုတ်ပေမဲ့ သူမကတော့ ဘယ်ချီးကျူးဂုဏ်ပြုတာကိုမှလဲ ရရှိမှာ မဟုတ်ခဲ့ပါဘူး။ ဒါပေမဲ့ ကျန်းလီရဲ့ အစီအစဥ်အတိုင်း လိုက်နာခဲ့ရင်တော့၊ ရှန်းချောင်က သေချာပေါက် အထိနာလိမ့်မယ်။။

ကျန်းအိမ်တော်အတွင်းမှာတော့၊ သခင်ကို ထိခိုက်စေတဲ့ အဆင့်နိမ့် လူတစ်ဦးရဲ့ နက်နဲပြီးတော့ ဉာဏ်မမှီတဲ့ စိတ်ထားအတွက် လွတ်မြောက်ဖို့ လမ်း မရှိခဲ့ဘူး။ အဲဒါအပြင် ကျိရှုရန်က ရှန်းချောင်ကို ပေးအပ်ခဲ့တဲ့တာဝန်ကို ဗြောင်းဆန်အောင် လုပ်ခဲ့တယ်။ ဒါကြောင့် ရှန်းချောင်မှာ အဆုံးသတ်ကောင်းက ဘယ်လို ရှိနိုင်မလဲ။

အစက ရှန်းချောင်ရဲ့ အထစ်အငေါ့မရှိတဲ့ စကားတွေအပေါ်မှာ အရာအားလုံးက အဆင်ပြေနေခဲ့တယ်။ ဒါပေမဲ့ အဆုံးသတ်ရောက်ခါနီးမှ ကျန်းလီရဲ့စကားတွေက ယွီရှန်းကို အကျဥ်းအကြပ်တွေထဲ ရောက်သွားစေလိမ့်မယ်လို့ ဘယ်သူက တွေးခဲ့မိမှာလဲ။

ယွီရှန်းရဲ့ ခြေထောက်တွေက ပျော့လာပြီးတော့ မြေပြင်ပေါ်မှာ ဒူးထောက်လုနီးပါး ဖြစ်သွားခဲ့တယ်။

ကျန်းလီရဲ့အပြုံးက ပိုပိုပြီးတော့ တောက်ပလာခဲ့တယ်။ ကျိရှုရန်က သံသယဖြစ်စရာကောင်းတဲ့ လူတစ်ယောက် ဖြစ်နိုင်ပေမဲ့၊ သူမရဲ့ စကားတွေက ယွီရှန်းကို ကျိရှုရန်က သံသယတကယ် ဝင်သွားစေနိုင်ခဲ့တယ်။ အဲဒါတွေ ပြီးတဲ့အချိန်မှာ၊ သေချာတဲ့ အရာတစ်ခုက ကျန်းလီကို ကယ်တင်သွားခဲ့တယ်။၊ ကျန်းလီကို သတင်းပေးနေတဲ့ ဖုံးကွယ်ထားတဲ့ သစ္စာဖောက်မရှိရင် အဲဒါတွေက ဖြစ်နိုင်မှာ မဟုတ်ဘူး။

ထုံးစံအတိုင်း ရှန်းချောင်က သူမရဲ့ ကိုယ်ပိုင်သင်္ချိုင်းကိုတော့ တူးမှာ မဟုတ်တဲ့အတွက်၊ ဖြစ်နိုင်တာက ယွီရှန်းပဲ ရှိခဲ့တယ်။

ဒီနေရာအထိရောက်လာခဲ့တဲ့အချိန်မှာ၊ ပြဿနာတွေရဲ့ အမှန်တရားက အလင်းတစ်ခုလို ပေါ်ပေါက်လာခဲ့တယ်။ သခင်မကြီးကျန်းက အေးတိအေးစက်နဲ့ ပြောလိုက်တယ်။

"နင်တို့ ဘာကို စောင့်နေကြတာလဲ။ အိမ်တော်ကို အရှုပ်အထွေးတွေ ဖြစ်အောင် လုပ်ပြီးတော့ ကပ်ဆိုးတွေ ယူလာတဲ့ ဒီအစေခံမိန်းကလေးကို ဆွဲထုတ်ပြီးတော့ ကြိမ်တုတ်နဲ့ သူမ သေတဲ့အထိ ရိုက်နှက်လိုက်ကြ"

ရှန်းချောင်ရဲ့ မျက်လုံးတစ်စုံက ပြူးကျယ်သွားပြီးတော့ အဝတ်စနဲ့ ပိတ်ဆို့ခံထားရတဲ့ သူမရဲ့ ပါးစပ်က ဝူဝူ လို့သာ အသံထွက်နိုင်ခဲ့တော့တယ်။ တစ်ခြားရွေးချယ်စရာ မရှိတော့ဘဲ၊ သူမက ကျိရှုရန်ဆီကိုသာ လှမ်းကြည့်နေခဲ့တယ်။ ဒါပေမဲ့ အခုအချိန်မှာ ကျိရှုရန်က သူမအတွက် မရှင်းလင်းတဲ့ ဆက်ဆံရေးအကြောင်းကို ဘယ်လို ပြောခဲ့နိုင်မှာလဲ။ သူမက ထပ်ပြီးတော့တောင် တိုက်တွန်းခဲ့တယ်။

"မြန် မြန် လေးလုပ်၊ နင်တို့တွေ အမေ့ရဲ့စကားကို မကြားဘူးလား"

အခန်း (၃၄.၂)

ငှက်နှစ်ကောင်

ရှန်းချောင်က သူမဆွဲထုတ်ခံရတဲ့ အချိန်မှာ ရုန်းကန်နေခဲ့ပြီးတော့၊ ကြည့်နေခဲ့ကြတဲ့ ဧည့်သည်တွေကလည်း သူတို့ရဲ့ နှလုံးသားထဲမှာ အေးစက်စက်နိုင်တဲ့ အရိပ်အယောင်တွေကို ခံစားခဲ့ရတယ်။ ကျန်းအိမ်တော်မှာရှိတဲ့ စည်းမျဥ်းတွေက ကျန်းယွမ်ပိုင်က ချမှတ်ထားတဲ့အတိုင်း ရက်စက်ပြင်းထန်ခဲ့တယ်။ သူက သဘောကောင်းတဲ့ပုံ ပေါ်ပေမဲ့၊ သူရဲ့ နည်းလမ်းတွေကတော့ သဘောမကောင်းခဲ့ဘူး။

ယွီရှန်းက ကြည့်နေရင်းနဲ့ သူမရဲ့ ကျောမှာ ရင်တွေ ကြက်သီးမွှေးညင်းတွေ ထလာခဲ့တယ်။ ရှန်းချောင်က အစပျိုးလိုက်တဲ့ ကြီးမားတဲ့ အမှားကို အခွင့်ကောင်းယူနေတာကို သူမက ဝိုးတို့ဝါးတား သိနေခဲ့တယ်။

ကျန်းလီက သူမရဲ့ လက်ဖဝါးတွေကို စုစည်းကာ တိုးတိုးလေးဆုတောင်းလိုက်တယ်။

"ဗုဒ္ဓ မြတ်စွာဘုရား"

အားလုံးက ဒီနေ့ ပြဿနာဝဲဂယက်ရဲ့ အဓိက၊ ပြဿနာ တစ်ခုလုံးရဲ့ အနှောင့်အယှက်ကို ယူလာစေတဲ့ မုန်တိုင်းရပ်ဝန်း ဖြစ်တဲ့ သူမကို ကြည့်ခဲ့ကြတယ်။ အခုအချိန်မှာ သူမက ရှန်းချောင်ရဲ့အဆုံးသတ်ကို သည်းမခံနိုင်သလိုမျိုး ခေါင်းကို ငုံ့ထားလိုက်တယ်။ ပြီးတော့ ဖြူစင်ပြီးတော့၊ သဘောကောင်း ကြင်နာတတ်တဲ့ ပုံ ပေါ်နေခဲ့တယ်။

သခင်မကြီးကျန်းက ကျန်းလီကို နားမလည်နိုင်စွာ ကြည့်ပြီးတော့ ကျိရှုရန်ကို ပြောလိုက်တယ်။

"ရှန်းချောင်က လီမိန်းကလေးအနားမှာ မရှိနိုင်တော့တဲ့အတွက်၊ သူ့ကို အစေခံ အသစ်လေး ပေးလိုက်။ မနက်ဖြန် အိမ်တော်က အစေခံဟောင်းက လူတစ်ချို့ကို ခေါ်လာလိမ့်မယ်၊ လီကောင်မလေးကို သူမနှစ်သက်ရာကို ရွေးချယ်ခိုင်းလိုက်ပါ"

ပြောနေတာတွေကို တုန်အာက ကြားသွားပြီးတော့ သူမရဲ့နှလုံးသားတွေက လှုပ်ရှားသွားခဲ့ရတယ်။ သူမက ချက်ချင်းပဲ ပါးစပ်ကိုဖွင့်ပြီးတော့ လေသံပြတ်ပြတ်နဲ့ ပြောလိုက်တယ်။

"သခင်မကြီးကို လျှောက်တင်ပါရစေ၊ ဖန်းဖေးဥယျာဉ်တော်ရဲ့ အစေခံ မိန်းကလေးတွေကို ရှန်းချောင်က အရင်က စီစဉ်ကြီးကြပ်ပေးခဲ့တာပါ။ ရှန်းချောင်က သူမရဲ့အကျင့်စာရိတ္တပိုင်းမှာ ပြဿနာရှိနေတဲ့အတွက်၊ အဲ့ဒီလူတွေဆီကို သွားပြီးတော့ ရွေးချယ်ခွင့်ပေးပါ။ အဲဒါမှ ဖန်းဖေး ဥယျာဉ်တော်အတွင်းမှာရော၊ အပြင်မှာပါ သန့်ရှင်းသွားမှာပါ"

မှတ်ချက်တစ်ခုမျှသာဖြစ်ပေမဲ့၊ ကျိရှုရန်ရဲ့ မျက်နှာကို ပိုပြီးတော့ စိတ်လှုပ်ရှားလာကာ၊ သူမရဲ့ နှလုံးသားကပါ ဒေါသထွက်လာခဲ့အောင် သွယ်ဝိုက်တဲ့နည်းနဲ့ ပြောနိုင်ခဲ့တယ်။ အစေခံမိန်းမငယ်တစ်ဦးက သူမကို အမှန်တကယ်ကို ဝေဖန်ရဲခဲ့တယ်။ ဒါပေမဲ့ သူမက ဘယ်လောက်ပဲ ဒေါသထွက်နေခဲ့ပါစေ၊ သူမရဲ့ မျက်နှာမှာ ထုတ်ဖော်ခြင်း မရှိခဲ့ဘူး။

သခင်မကြီးကျန်းက ပြောလိုက်တယ်။

"နင်ပြောတဲ့အတိုင်း၊ ကိုင်တွယ်လိုက်ပါ"

ကျိရှုရန် က အလျင်အမြန် သဘောတူလိုက်ပြီးတော့၊ ကျန်းလီကို ပြုံးပြကာ ပြောလိုက်တယ်။

"အရင်က အမေက မရှင်းမလင်းနဲ့ အမှားကြီးတစ်ခုကို လုပ်မိမလို ဖြစ်သွားခဲ့တာ။ ဒီလိုလုပ်ကြမယ်၊ ယွီရှန်းကို အမေ့အနားကို ပြန်ခေါ်လိုက်မယ်။ မနက်ဖြန် လီအာက သမီးနဲ့ အနီးကပ်စေခံမိန်းကလေးကို ကိုယ်တိုင်ရွေးချယ်ပါလိမ့်မယ်၊ အဲဒါက အဆင်ပြေလား"

ကျန်းလီက နောင်တရတဲ့ပုံ နည်းနည်း ပြလိုက်တယ်။

"တကယ်တော့ ယွီရှန်းက အရမ်းတော်တယ်လို့ သမီး ထင်ပါတယ်။၊ ဒါကြောင့် သမီးအနားမှာ သူ့ကို ဆက်ပြီး ခစားခိုင်းတာက ပိုကောင်းလိမ့်မယ်။ ဒါပေမဲ့ အမေပြောတာက အဓိပ္ပါယ်ရှိတယ်။၊ ဒါကြောင့်မို့ သမီးက အမေပြောတာကို နားထောင်ပါ့မယ်"

ကျန်းလီရဲ့ စကားကို နားထောင်ရင်းနဲ့၊ ယွီရှန်းက ကြောက်ရွံ့ထိတ်လန့်သွားခဲ့တယ်။ ကျန်းလီရဲ့ စကားတွေက သူမကို မီးတွင်းထဲကို ရှင်းရှင်းလင်းလင်း တွန်းချနေသလို ဖြစ်နေခဲ့တယ်။ သူမကို သံသယရှိနေပြီဖြစ်တဲ့ ကျိရှုရန်က သူမရဲ့ အနားမှာ ခေါ်ထားခြင်းက နှိပ်စက်ညှင်းပန်းတာကလွဲပြီး ကျန်တာ ဘာမှ မဖြစ်နိုင်ခဲ့ဘူး။ ဒါတွေက ကျန်းလီက မီးပုံပေါ်မှာ ဆီလောင်းနေဆဲကြောင့်ပဲ ဖြစ်ခဲ့တယ်။

"ဒီနေ့တော့ ငါတို့က လူတိုင်းကို ဟာသတစ်ခုကို ကြည့်စေမိသွားတယ်"

သခင်မကြီးကျန်းရဲ့ ပြဿနာကို ကိုင်တွယ်တဲ့ နည်းလမ်းက တော်တော် ကောင်းခဲ့တယ်။ သူမက အသံနိမ့်နိမ့်နဲ့ ပြောလိုက်တယ်။

"အောက်ခြေလူတန်းစားတွေ အပေါ်မှာ ငါတို့ ကျန်းအိမ်တော်ရဲ့ စည်းမျဥ်းတွေက ဒီလို ရယ်စရာကောင်းတဲ့ ကိစ္စတစ်ခုကို ဖန်တီးနိုင်ပြီး လူတိုင်းရဲ့ ခံစားချက်ကို အနှောက်အယှက် ဖြစ်စေနိုင်တဲ့အထိ ကင်းမဲ့နေခဲ့တယ်။ ဒီလူအိုကြီးကပဲ ကျန်းအိမ်တော် ကိုယ်စား အပြစ်ခံယူပါ့မယ်"

ဧည့်သည်တွေက လက်မခံရဲခဲ့ကြဘူး၊ ကျန်းယွမ်ပိုင်ကလည်း ပြောလိုက်တယ်။

"နောက်တစ်နေ့မှ အားလုံးကို လာလည်ဖို့ ဖိတ်ခေါ်လိုက်ပါ့မယ်"

ဒီနေ့ မွေးနေ့ပွဲကို လာရောက်တဲ့ လူတွေ အားလုံးကတော့ ဒီပြဇာတ်ကောင်းလေးကို သေချာပေါက် ကြည့်ချင်ခဲ့ကြတယ်။ ဒါပေမဲ့ အကျိုး အမြတ် အနည်းငယ်သာ ရရှိခဲ့တယ်။ မူလ ဇာတ်လိုက်ဖြစ်တဲ့ ကျန်းယို့ရောင်တောင်မှ လူတိုင်းရဲ့ လျစ်လျူရှုခြင်းကို ခံခဲ့ရတယ်။

ရှန်းရုယင်နဲ့ အမေရှန်းတို့ကို ကျန်းမိသားစုရဲ့ အစေခံတွေက အပြင်ကို ဦးဆောင်ခေါ်သွားခဲ့တယ်။ ရှန်းရုယင်က အသံတိုးတိုးနဲ့ မှတ်ချက်မပေးဘဲ မနေနိုင်ခဲ့ဘူး။

"တတိယသခင်မလေးက တရားမျှတပြီးတော့ ဒုတိယသခင်မလေးက ပေါင်းသင်းဆက်ဆံရ ခက်လိမ့်မယ်လို့ ထင်တယ်။ ဒါပေမဲ့ သူမရဲ့ စကားနည်းနည်းလောက်နဲ့ အခြေအနေကို ပြောင်းပြန် လှန်နိုင်တယ်။၊ သူမရဲ့ စိတ်က ပေါ့ပေါ့တန်တန်မဟုတ်မှာကို ငါ ကြောက်မိတယ်"

ကျန်းယို့ရောင်က ကျိုးယန်ပန်းရဲ့ စေ့စပ်ထားတဲ့သူ ဖြစ်သွားကတည်းက ရှန်းရုယင်က သူမကို မုန်းတီးခဲ့တယ်။ ဒီနေ့မှာတော့ ကျန်းလီက ပတ်ဝန်းကျင် အခြေအနေကို ပြောင်းလဲခဲ့တယ်။၊ အဲဒါက ရှန်းချောင်ကို အပြစ်ပေးတာဆိုပေမဲ့၊ အမှန်တကယ်က ကျိရှုရန်ရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်သလိုမျိုး ဖြစ်ခဲ့တယ်။ ကျန်းယို့ရောင်ရဲ့ မျှော်လင့်ချက် ရောင်ခြည်တွေကို အဝေးကို ယူဆောင်သွားသလိုမျိုး ဖြစ်နေခဲ့တယ်။ ကျန်းလီက ကျန်းယို့ရောင်ကို ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့အောင် လုပ်လိုက်တာကို ရှန်းရုယင်က ကြည့်ပြီး ပျော်နေခဲ့တယ်။ ဒါပေမဲ့ ဒါက ရှန်းရုယင်က ကျန်းလီကို နှစ်သက်တယ်လို့ မဆိုလိုဘူး။ သူမရဲ့ စကားအရ ပြောမယ်ဆိုရင်၊ ကျန်းယို့ရောင်သာ ကျန်းလီရဲ့ နေရာမှာ အစားထိုးခြင်း မရှိခဲ့ဘူးဆိုရင်၊ ကျန်းလီက ကျိုးယန်ပန်းရဲ့ စေ့စပ်ထားသူသာ ဖြစ်နေလိမ့်မယ်။

သူတို့အားလုံးက အချစ်ရေးမှာ ပြိုင်ဖက်တွေ ဖြစ်နေခဲ့ကြပြီးတော့၊ အကုန်လုံးက စိတ်အနှောင့်အယှက် ဖြစ်နေခဲ့ကြတယ်။

စကားပြောနေတဲ့အချိန်မှာ၊ ဘေးနားက လူတစ်ယောက်က ရုတ်တရက် အော်ပြောလိုက်တယ်။

"သခင်မလေး"

ရှန်းရုယင်နဲ့ အမေရှန်းက သူတို့ဆီကို လျှောက်လှမ်းလာတဲ့ လူနှစ်ယောက်ကို ကြည့်ဖို့ရာ လှည့်ကြည့်လိုက်ခဲ့ကြတယ်။ အဲဒီလူနှစ်ယောက်က အခုလေးတင် ရေပန်းစားနေတဲ့ ဒုတိယကျန်းသခင်မလေးနဲ့ သူမရဲ့ အစေခံ တုန်အာတို့ပဲ ဖြစ်ခဲ့ကြတယ်။

ဒုတိယကျန်းသခင်မလေးက သူတို့ကို တွေလိုက်ရတဲ့ အချိန်မှာ သူမရဲ့ ခြေလှမ်းတွေက နှေးကွေးပြီးတော့ ရပ်တန့်သွားခဲ့တယ်။ သူမသည် သူတို့ကို မျက်နှာမူကာ ပြုံးပြလိုက်ပြီးတော့၊ ဖြတ်သွားတဲ့အချိန်မှာ ခေါင်းကို အနည်းငယ်ညိတ်ပြခဲ့တယ်။။

အစကတည်းက သူတို့ဟာ မရင်းနှီးတဲ့အတွက် အကျင့်စာရိတ္တ အားနည်းတယ်လို့ မှတ်ယူလို့ မရခဲ့ဘူး။

ဒုတိယကျန်းသခင်မလေးက ပြုံးပြီး ခေါင်းညိတ်လိုက်တဲ့အချိန်မှာ ရှန်းရုယင်က အဲ့ပုံစံကို ရင်းနှီးတယ်လို့ ရုတ်တရက် ခံစားခဲ့ရသည်။

ငါ အဲဒါကို ဘယ်နေရာမှာ တွေ့ဖူးတာလဲ။

Telegram မှာ အပိုင်း ၁၀၉အထိ ရောက်ပါပြီနော်။

Continue Reading

You'll Also Like

10K 388 6
This book is the Myanmar Translation of Quick transmigration Cannon Fodder counter attack REALM- 22 .
223K 21.5K 146
ဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာ...
126K 25.1K 76
Name(s) : Quick Transmigration Cannon Fodder's Record of Counter Attack Ning Shu 快穿之炮灰女配逆袭记 Author(s) : Hen Shi Jiao...
291K 40.6K 85
Name - My Husband With Scholar Syndrome Type - Web Novel (CN) Genre - Drama Romance Shoujo Slice of Life Author(s) Bạo Táo Đích Bàng Giải Grumpy Cra...