အငြိမ်းစားဗီလိန်မမှ အမြှောက်စ...

By Cup-Of-Luckiness

169K 21.7K 918

အမြှောက်စာဇတ်ကောင်ထဲကို ကူးပြောင်းလာရင်သူမဘာလုပ်သင့်လဲ? သူမပထမဆုံးလုပ်မှာကတော့ မူလကိုယ်ဆီမှာတင်နေတဲ့အကြွေးတွေ... More

Story Description
RVTIACF Chapter-(1)
RVTIACF Chapter-(2)
RVTIACF Chapter-(3)
RVTIACF Chapter-(4)
RVTIACF Chapter-(5)
RVTIACF Chapter-(6)
RVTIACF Chapter-(7)
RVTIACF Chapter-(8)
RVTIACF Chapter-(9)
RVTIACF Chapter-(10)
RVTIACF Chapter-(11)
RVTIACF Chapter-(12)
RVTIACF Chapter-(13)
RVTIACF Chapter-(14)
RVTIACF Chapter-(15)
RVTIACF chapter-(16)
RVTIACF chapter-(17)
RVTIACF Chapter-(18)
RVTIACF chapter-(19)
RVTIACF chapter-(20)
RVTIACF chapter(21)
RVTIACF chapter-(22)
RVTIACF chapter-(23)
RVTIACF chapter-(24)
RVTIACF chapter-(25)
RVTICF Chapter-(26)
RVTIACF chapter-(27)
RVTIACF chapter-(28)
RVTCF Chapter-(29)
RVTIACF chapter-(30)
RVTIACF chapter-(31)
RVTIACF Chapter-(32)
RVTIACF chapter-(33)
RVTIACF Chapter-34
RVTIACF chapter-(35)
RVTIACF Chapter-(36)
RVTIACF chapter-(37)
RVTIACF chapter-38
RVTIACF Chapter-(39)
RVTIACF Chapter-(40)
RVTIACF Chapter-(41)
RVTIACF Chapter-(42)
RVTIACF Chapter-(43)
RVTIACF Chapter-(44+45)
RVTIACF Chapter-(46)
RVTIACF Chapter-(47)
RVTIACF Chapter-(48)
RVTIACF Chapter-(49)
RVTIACF Chapter-(50)
RVTIACF Chapter-(51 + 52)
RVTIACF Chapter-(53)🍭
RVTIACF Chapter-(54)
RVTIACF Chapter-(55)
RVTIACF Chapter-(56)
RVTIACF Chapter-(57)
RVTIACF-(59)

RVTIACF-(58)

504 67 5
By Cup-Of-Luckiness

CHAPTER-(58)☕︎
Title: ခင်ပွန်းလောင်းကအိမ်အကူရဲ့သမီးနဲ့ချစ်မိသွားတယ်

အလုပ်အကိုင်ပြပွဲရဲ့အစီအစဥ်မှူးတွေက ဒီတိုက်ပွဲထဲ နောက်ကုမ္ပဏီတစ်ခုကိုပါ ဖိတ်ကြားထားသေးသည်။ တစ်ချို့ကျောင်းသားတွေကြားထားတဲ့ ကောလဟာအရတော့ အဲ့ဒါ တုံ့ဖန်အုပ်စု ဖြစ်သည်ဟု။

ဒီနေရာကကျောင်းသားတွေအကုန်လုံးရဲ့အကြည့်တွေက ချူရှောင်းဆီတစ်ပြိုင်နက် ရွေ့သွားကြသည်။ တုံ့ဖန်အုပ်စုဆိုတာ ချူရှောင်းတို့မိသားစုပိုင် မဟုတ်လား?

ပရောဖက်ရှင်နယ်ကျကျဝတ်စုံနဲ့ ချူရှောင်းဟာ သူမရဲ့လှိုင်းတွန့်ဆံပင်တွေကို ပိုနီတေးအနိမ့်စီးလျက် ဒေါက်မြင့်တစ်စုံကတော့ ကြမ်းပြင်ပေါ်တစ်လှမ်းချင်းလှမ်းလို့လာသည်။ တုံ့ဖန်အုပ်စုက ဝန်ထမ်းတွေကို ဦးဆောင်လာတဲ့ သူမပုံရိပ်မှာကျက်သရေရှိသလို လွှမ်းမိုးနိုင်တဲ့တည်မှုတွေ စွဲကျန်နေသည်။ သူမက ဒီပြပွဲကသူအများစုလိုကျောင်းသားတစ်ဦးပေမယ့် တခြားသူတွေထက်သာလွန်ပြီး ဘဝမှာခြေတစ်လှမ်းသာနေတဲ့ ခံစားချက်မျိုးပေးစွမ်းသည်။

ချူရှောင်းတစ်ယောက်ရှေ့ကိုလျောက်ကာသူမရဲ့ယာယီရုံမှာထိုင်လိုက်တာကိုသာ ကြည့်နေနိုင်ကြသည်။ အဲ့အချိန်တုံ့ဖန်အုပ်စုကဝန်ထမ်းတွေကတော့ အလယ်မှာတံဆိပ်အသားပေး ပိုစတာကြီးကိုကပ်ဖို့သာလုပ်နေကြသည်။

သူတို့ရဲ့ပိုစတာတွေပေါ်မှာတော့ သူတို့ကုမ္ပဏီက ဒီတက္ကသိုလ်ကကျောင်းသားတစ်ရာတိတိကို လစာမြင့်မြင့်နဲ့ခေါ်ယူဖို့ စီစဥ်ထားကြောင့် အတိအလင်းဖော်ပြထား၏။

ဒီတော့ တုံ့ဖန်အုပ်စုဆိုတာ ဘယ်လိုကုမ္ပဏီမျိုးလဲ? ဒီနယ်ပယ်ကအရာတွေကို ပိုကောင်းတဲ့ရှုထောင့်နဲ့ပြောရရင် ဒီအုပ်စုဆိုတာ အရင်ဆွေးနွေးခဲ့တဲ့လီရှန်းအုပ်စုထက် အဆပေါင်းများစွာလွှမ်းမိုးနိုင်တဲ့အုပ်စုပင်။ ဒါမယ့်အရင်က အလုပ်သင်တစ်ခါမှမခေါ်ဖူးတာကြောင့် လူအများစုက တုံ့ဖန်မှာအလုပ်သင်ဝင်ဖို့ မတွေးကြချေ!

သို့ပေမယ့် တစ်သက်စာအခွင့်အရေးတွေကို တွေ့အပြီး တုံ့ဖန်အုပ်စုရဲ့လက်ခံစင်ရှေ့ကို ကျောင်းသားအများစု စုလာတော့သည်။ ထိုတစ်ခဏ၌ ချူရှောင်းရဲ့အတန်းဖော်တစ်ချို့ ရှေ့သို့ပြေးထွက်လာကြသည်။

"ချူရှောင်း နင်ကဒီတစ်ခေါက်စုဆောင်းရေး တာဝန်ကျတာလား? ဒီစုဆောင်းရေးကို စီစဥ်တာနင်လား?"

ချူရှောင်း ပြုံးရင်း

"ဟုတ်တယ်။ ငါက ဒါကိုစီစဥ်တဲ့သူပဲ။ နောက်ဆုံးတော့လည်း ငါကငါ့ဘာသာကိုယ်ပိုင်အုပ်စုထောင်ပြီး ကုမ္ပဏီမှာမျိုးဆက်သစ်လူငယ်တစ်ချို့ကို မြှင့်တင်ပေးချင်တယ်။ ငါတို့ကျောင်းရဲ့ ပညာရေးပိုင်းကလည်း အတော်လေးမြင့်ပြီး ကျောင်းမှာအလားအလာရှိကျောင်းသားတွေ အတော်လေးလည်းပေါတော့ ဒါငါ့စိတ်ထဲချက်ချင်းဝင်လာတဲ့ ပထမဆုံးနေရာပဲ။ ဒါမယ့်လည်း ဒီတစ်ခေါက်ကတော့ နွေရာသီအလုပ်သင်လောက်ပဲ ခန့်မှာ။ ဒီအလုပ်သင်ကာလအတွက် နေရာအတော်များများလုပ်ပြီးသားဆိုတော့ စိတ်ဝင်စားတဲ့ဘယ်သူမဆို လာစာရင်းသွင်းကြပါ။"

"ဒီလိုအခွင့်အရေးမျိုးနဲ့ ငါတို့ကိုချီးမြှောက်ပေးလို့ ကျေးဇူးတင်ပါတယ် ချူရှောင်း!"

"ငါလည်းစာရင်းသွင်းပြီး ချူရှောင်းရဲ့အဖွဲ့ဝင်ဖြစ်ချင်တယ်။"

"ငါလည်း စာရင်းသွင်းထားတယ်။ အောင်ဖို့ မျှော်လင့်ပါတယ်။ အလုပ်သင်ကာလက ငါ့ကိုအများကြီး သင်ပြပေးနိုင်မှာ သေချာတယ်။"

"ငါလည်း ချူရှောင်းရဲ့ကြင်နာမှုကြောင့် ထိရှမိတယ်။"

ဒီတစ်ကြိမ်မှာတော့ ချူရှောင်းဟာသူမကိုကူညီပေးချင်သူများလာအောင် ကောင်းမွန်တဲ့ပုံရိပ်ကိုချပြနိုင်ခဲ့သလို တက္ကသိုလ်ကျောင်းသားတွေကိုလည်းအတော်လေးကောင်းကောင်းမွန်မွန်ကိုင်တွယ်နိုင်ခဲ့သည်။ ကျောင်းသားတွေကသူမဘက်မှာရှိနေမှတော့ ယိချန်နဲ့ပိုင်ရွယ်ဝေ့လည်း လျစ်လှူရှုခံရပြီးနောက်ဆုံးမှာ ပုတ်ခတ်မှုတွေနဲ့သာအဆုံးသတ်စေရတော့မည်...တက္ကသိုလ်ဖိုရမ်မှာ သူတို့နာမည်တွေကို "အရှက်မရှိမျက်နှာ" ဆိုတဲ့ခေါင်းစီးနဲ့ပါလာရင်တောင်ပေါ့။ ဒါ့ထက်ကျောင်းသားတွေက တက္ကသိုလ်မှာရှ်နေတဲ့ချူရှောင်းကို ထပ်မနှောင့်ယှက်ဖို့သူတို့နှစ်ယောက်ကို သတိပေးပြီး ချူရှောင်းကိုအားပေးကာ စာကိုသာအာရုံစိုက်ဖို့ တွင်တွင်ပြောကြပြန်သည်။

ကျောင်းသားတွေက  သူမကိုဒီလောက်အကူအညီပေးနေတာတွေ့ပြီး သူမဘက်ကလည်းရက်ရောမှုနဲ့ကြင်နာမှုကိုပြဖို့ သူတို့တွေကိုတစ်ဘဝလုံးစာအခွင့်အရေးပေးဖို့ ရည်ရွယ်ခဲ့ခြင်းပင်။ အလုပ်သင်တွေခန့်တဲ့နောက်အကြောင်းတစ်ခုကလည်း ကုမ္ပဏီကအခြားအုပ်စုတွေနဲ့ပြိုင်ပြီး သူမရဲ့စွမ်းရည်ကိုသက်သေထူဖို့ပင်။

အလုပ်သင်ခန့်ဖို့ပဏာမအင်တာဗျူးတွေနဲ့ပတ်သတ်လို့ နေရာအခင်းအကျင်းတွေ စာရင်းသွင်းတာတွေမှာကူညီနိုင်ဖို့တုံ့ဖန်အုပ်စုက ဝန်ထမ်းလေးယောက်ကိုလွှတ်ထား၏။ အကြိုစစ်ကိုအောင်မြင်သူကျောင်းသားတိုင်း ချူရှောင်းကိုယ်တိုင်စစ်မေးတဲ့ ဒုတိယအင်တာဗျူးကိုဖြေကြရမည်ဖြစ်သည်။ နောက်နှစ်ခုလုံးကိုအောင်သွားသူများကတော့ တုံ့ဖန်အုပ်စုကအာမခံပြီးဖြစ်တဲ့ ကုမ္ပဏီကသူတို့ရဲ့ရာထူးတွေနဲ့ပတ်သတ်ပြီးအသေးစိတ်အကျဥ်းချုပ်ပြောပြသွားမည်ဖြစ်သည်။

ချူရှောင်းတစ်ယောက် ကုမ္ပဏီကိုဦးဆောင်နေသူ အကြီးအကဲတစ်ဦးလေသံနဲ့ပြောဆိုနေရင်း တစ်ဖက်မှာတော့ အလုပ်လုပ်နေတုန်းစကားပြောနေတုန်း သူမမျက်နှာပေါ်မှာ အပြုံးဖျော့ဖျော့လေးတစ်ပွင့် ပန်ဆင်ထား၏။ ဒါကြောင့် တန်းစီနေတဲ့ကျောင်းသားတွေကလည်း သူတို့ရဲ့လေးစားမှုကိုပြဖို့ လေသံကိုနှိမ့်ပြောကြသည်။

ဒီတစ်ကြိမ်မှာတော့ကျောင်းသူတစ်ယောက် အကြိုစာမေးပွဲအောင်ပြီး ချူရှောင်းနဲ့အင်တာဗျူးဖို့ဝင်လာသည်။ သူမရဲ့ကိုယ်ရေးအကျဥ်းကို တစ်ချက်ခွဲခြားလိုက်ပြီးနောက် ချူရှောင်းက ကျောင်းသူဆီအကြည့်ပို့လိုက်ရင်း ပြောလိုက်သည်။

"ကျွန်မတို့ကုမ္ပဏီမှာ အလုပ်သင်အတွက်မကမ်းလှမ်းနိုင်ပါဘူး။ နောက်တစ်ယောက်။"

ကျောင်းသူက မျက်မှောင့်ကြုံ့သည်။

"ဘာလို့ငါကျရတာလဲ? ပြောပြပေးနိုင်မလား၊ ဒါမှငါ့ကိုငါပြင်ဆင်လို့ရမှာပေါ့။"

"ယိချန်ကလမ်းခွဲကြေးအနေနဲ့ Sportကားပေးတယ်တို့ဘာတို့ အဲ့လိုကောလဟာလတွေဖြန့်တဲ့သူက နင်ဆိုတာငါမှတ်မိပါသေးတယ်။ ငါတို့တုံ့ဖန်အုပ်စုကလေ...အဲ့လိုမျိူးရွံစရာကောလဟာလတွေဖြန့်တဲ့သူကော..ပြသနာရှာတဲ့စရိုက်နဲ့သူတွေကိုရော အလုပ်သင်ခန့်ဖို့စိတ်မဝင်စားဘူး"

အမျိူးသမီးမှာ မသက်သာမှုနှင့်ပင့်သက်ရှိုက်လိုက်၏။

"ဒီမတော်တဆက ကြာပါပြီချူရှောင်းရယ်။ အဲ့တုန်းကနင်ယိချန်ထက်ပိုချမ်းသားမှန်း ငါမှမသိတာ။ ပြီးတော့လည်း ငါတစ်ယောက်တည်းအဲ့အတိုင်းတွေးတာမှမဟုတ်တာ။"

"အဲ့လိုတွေးတဲ့လူတိုင်းကိုလည်း ငါအလုပ်မခန့်ဘူး။ ငါတို့ကုမ္ပဏီကအားသစ်သွေးသစ်တွေကို အမှန်ပျိုးထောင်ဖို့ရှာနေတာဆိုမှတော့ အကျင့်ကောင်းတဲ့သူတွေကိုပဲ စိတ်ဝင်စားတယ်။"

ဝင်ပေါက်မှာစောင့်နေကြတဲ့ လုံခြုံရေးတွေးကို တစ်ချက်မျက်ရိပ်ပြလိုက်ရင်း ချူရှောင်းပြန်ချေပလိုက်သည်။

သူမရဲ့အချက်ပြမှုကိုသတိထားမိပြီး လုံခြုံရေးတွေလည်းကျောင်းသူကို ရုံထဲကအပြင်ခေါ်သွားတော့သည်။

28.3.2024

CHAPTER-(57)
Title: ခင္ပြန္းေလာင္းကအိမ္အကူရဲ႕သမီးနဲ႕ခ်စ္မိသြားတယ္

အလုပ္အကိုင္ျပပြဲရဲ႕အစီအစဥ္မႉးေတြက ဒီတိုက္ပြဲထဲ ေနာက္ကုမၸဏီတစ္ခုကိုပါ ဖိတ္ၾကားထားေသးသည္။ တစ္ခ်ိဳ႕ေက်ာင္းသားေတြၾကားထားတဲ့ ေကာလဟာအရေတာ့ အဲ့ဒါ တုံ႕ဖန္အုပ္စု ျဖစ္သည္ဟု။

ဒီေနရာကေက်ာင္းသားေတြအကုန္လုံးရဲ႕အၾကည့္ေတြက ခ်ဴေရွာင္းဆီတစ္ၿပိဳင္နက္ ေ႐ြ႕သြားၾကသည္။ တုံ႕ဖန္အုပ္စုဆိုတာ ခ်ဴေရွာင္းတို႔မိသားစုပိုင္ မဟုတ္လား?

ပေရာဖက္ရွင္နယ္က်က်ဝတ္စုံနဲ႕ ခ်ဴေရွာင္းဟာ သူမရဲ႕လွိုင္းတြန့္ဆံပင္ေတြကို ပိုနီေတးအနိမ့္စီးလ်က္ ေဒါက္ျမင့္တစ္စုံကေတာ့ ၾကမ္းျပင္ေပၚတစ္လွမ္းခ်င္းလွမ္းလို႔လာသည္။ တုံ႕ဖန္အုပ္စုက ဝန္ထမ္းေတြကို ဦးေဆာင္လာတဲ့ သူမပုံရိပ္မွာက်က္သေရရွိသလို လႊမ္းမိုးနိုင္တဲ့တည္မႈေတြ စြဲက်န္ေနသည္။ သူမက ဒီျပပြဲကသူအမ်ားစုလိုေက်ာင္းသားတစ္ဦးေပမယ့္ တျခားသူေတြထက္သာလြန္ၿပီး ဘဝမွာေျခတစ္လွမ္းသာေနတဲ့ ခံစားခ်က္မ်ိဳးေပးစြမ္းသည္။

ခ်ဴေရွာင္းတစ္ေယာက္ေရွ႕ကိုေလ်ာက္ကာသူမရဲ႕ယာယီ႐ုံမွာထိုင္လိုက္တာကိုသာ ၾကည့္ေနနိုင္ၾကသည္။ အဲ့အခ်ိန္တုံ႕ဖန္အုပ္စုကဝန္ထမ္းေတြကေတာ့ အလယ္မွာတံဆိပ္အသားေပး ပိုစတာႀကီးကိုကပ္ဖို႔သာလုပ္ေနၾကသည္။

သူတို႔ရဲ႕ပိုစတာေတြေပၚမွာေတာ့ သူတို႔ကုမၸဏီက ဒီတကၠသိုလ္ကေက်ာင္းသားတစ္ရာတိတိကို လစာျမင့္ျမင့္နဲ႕ေခၚယူဖို႔ စီစဥ္ထားေၾကာင့္ အတိအလင္းေဖာ္ျပထား၏။

ဒီေတာ့ တုံ႕ဖန္အုပ္စုဆိုတာ ဘယ္လိုကုမၸဏီမ်ိဳးလဲ? ဒီနယ္ပယ္ကအရာေတြကို ပိုေကာင္းတဲ့ရႈေထာင့္နဲ႕ေျပာရရင္ ဒီအုပ္စုဆိုတာ အရင္ေဆြးႏြေးခဲ့တဲ့လီရွန္းအုပ္စုထက္ အဆေပါင္းမ်ားစြာလႊမ္းမိုးနိုင္တဲ့အုပ္စုပင္။ ဒါမယ့္အရင္က အလုပ္သင္တစ္ခါမွမေခၚဖူးတာေၾကာင့္ လူအမ်ားစုက တုံ႕ဖန္မွာအလုပ္သင္ဝင္ဖို႔ မေတြးၾကေခ်!

သို႔ေပမယ့္ တစ္သက္စာအခြင့္အေရးေတြကို ေတြ႕အၿပီး တုံ႕ဖန္အုပ္စုရဲ႕လက္ခံစင္ေရွ႕ကို ေက်ာင္းသားအမ်ားစု စုလာေတာ့သည္။ ထိုတစ္ခဏ၌ ခ်ဴေရွာင္းရဲ႕အတန္းေဖာ္တစ္ခ်ိဳ႕ ေရွ႕သို႔ေျပးထြက္လာၾကသည္။

"ခ်ဴေရွာင္း နင္ကဒီတစ္ေခါက္စုေဆာင္းေရး တာဝန္က်တာလား? ဒီစုေဆာင္းေရးကို စီစဥ္တာနင္လား?"

ခ်ဴေရွာင္း ၿပဳံးရင္း

"ဟုတ္တယ္။ ငါက ဒါကိုစီစဥ္တဲ့သူပဲ။ ေနာက္ဆုံးေတာ့လည္း ငါကငါ့ဘာသာကိုယ္ပိုင္အုပ္စုေထာင္ၿပီး ကုမၸဏီမွာမ်ိဳးဆက္သစ္လူငယ္တစ္ခ်ိဳ႕ကို ျမႇင့္တင္ေပးခ်င္တယ္။ ငါတို႔ေက်ာင္းရဲ႕ ပညာေရးပိုင္းကလည္း အေတာ္ေလးျမင့္ၿပီး ေက်ာင္းမွာအလားအလာရွိေက်ာင္းသားေတြ အေတာ္ေလးလည္းေပါေတာ့ ဒါငါ့စိတ္ထဲခ်က္ခ်င္းဝင္လာတဲ့ ပထမဆုံးေနရာပဲ။ ဒါမယ့္လည္း ဒီတစ္ေခါက္ကေတာ့ ႏြေရာသီအလုပ္သင္ေလာက္ပဲ ခန့္မွာ။ ဒီအလုပ္သင္ကာလအတြက္ ေနရာအေတာ္မ်ားမ်ားလုပ္ၿပီးသားဆိုေတာ့ စိတ္ဝင္စားတဲ့ဘယ္သူမဆို လာစာရင္းသြင္းၾကပါ။"

"ဒီလိုအခြင့္အေရးမ်ိဳးနဲ႕ ငါတို႔ကိုခ်ီးျမႇောက္ေပးလို႔ ေက်းဇူးတင္ပါတယ္ ခ်ဴေရွာင္း!"

"ငါလည္းစာရင္းသြင္းၿပီး ခ်ဴေရွာင္းရဲ႕အဖြဲ႕ဝင္ျဖစ္ခ်င္တယ္။"

"ငါလည္း စာရင္းသြင္းထားတယ္။ ေအာင္ဖို႔ ေမွ်ာ္လင့္ပါတယ္။ အလုပ္သင္ကာလက ငါ့ကိုအမ်ားႀကီး သင္ျပေပးနိုင္မွာ ေသခ်ာတယ္။"

"ငါလည္း ခ်ဴေရွာင္းရဲ႕ၾကင္နာမႈေၾကာင့္ ထိရွမိတယ္။"

ဒီတစ္ႀကိမ္မွာေတာ့ ခ်ဴေရွာင္းဟာသူမကိုကူညီေပးခ်င္သူမ်ားလာေအာင္ ေကာင္းမြန္တဲ့ပုံရိပ္ကိုခ်ျပနိုင္ခဲ့သလို တကၠသိုလ္ေက်ာင္းသားေတြကိုလည္းအေတာ္ေလးေကာင္းေကာင္းမြန္မြန္ကိုင္တြယ္နိုင္ခဲ့သည္။ ေက်ာင္းသားေတြကသူမဘက္မွာရွိေနမွေတာ့ ယိခ်န္နဲ႕ပိုင္႐ြယ္ေဝ့လည္း လ်စ္လႉရႈခံရၿပီးေနာက္ဆုံးမွာ ပုတ္ခတ္မႈေတြနဲ႕သာအဆုံးသတ္ေစရေတာ့မည္...တကၠသိုလ္ဖိုရမ္မွာ သူတို႔နာမည္ေတြကို "အရွက္မရွိမ်က္ႏွာ" ဆိုတဲ့ေခါင္းစီးနဲ႕ပါလာရင္ေတာင္ေပါ့။ ဒါ့ထက္ေက်ာင္းသားေတြက တကၠသိုလ္မွာရွ္ေနတဲ့ခ်ဴေရွာင္းကို ထပ္မႏွောင့္ယွက္ဖို႔သူတို႔ႏွစ္ေယာက္ကို သတိေပးၿပီး ခ်ဴေရွာင္းကိုအားေပးကာ စာကိုသာအာ႐ုံစိုက္ဖို႔ တြင္တြင္ေျပာၾကျပန္သည္။

ေက်ာင္းသားေတြက သူမကိုဒီေလာက္အကူအညီေပးေနတာေတြ႕ၿပီး သူမဘက္ကလည္းရက္ေရာမႈနဲ႕ၾကင္နာမႈကိုျပဖို႔ သူတို႔ေတြကိုတစ္ဘဝလုံးစာအခြင့္အေရးေပးဖို႔ ရည္႐ြယ္ခဲ့ျခင္းပင္။ အလုပ္သင္ေတြခန့္တဲ့ေနာက္အေၾကာင္းတစ္ခုကလည္း ကုမၸဏီကအျခားအုပ္စုေတြနဲ႕ၿပိဳင္ၿပီး သူမရဲ႕စြမ္းရည္ကိုသက္ေသထူဖို႔ပင္။

အလုပ္သင္ခန့္ဖို႔ပဏာမအင္တာဗ်ဴးေတြနဲ႕ပတ္သတ္လို႔ ေနရာအခင္းအက်င္းေတြ စာရင္းသြင္းတာေတြမွာကူညီနိုင္ဖို႔တုံ႕ဖန္အုပ္စုက ဝန္ထမ္းေလးေယာက္ကိုလႊတ္ထား၏။ အႀကိဳစစ္ကိုေအာင္ျမင္သူေက်ာင္းသားတိုင္း ခ်ဴေရွာင္းကိုယ္တိုင္စစ္ေမးတဲ့ ဒုတိယအင္တာဗ်ဴးကိုေျဖၾကရမည္ျဖစ္သည္။ ေနာက္ႏွစ္ခုလုံးကိုေအာင္သြားသူမ်ားကေတာ့ တုံ႕ဖန္အုပ္စုကအာမခံၿပီးျဖစ္တဲ့ ကုမၸဏီကသူတို႔ရဲ႕ရာထူးေတြနဲ႕ပတ္သတ္ၿပီးအေသးစိတ္အက်ဥ္းခ်ဳပ္ေျပာျပသြားမည္ျဖစ္သည္။

ခ်ဴေရွာင္းတစ္ေယာက္ ကုမၸဏီကိုဦးေဆာင္ေနသူ အႀကီးအကဲတစ္ဦးေလသံနဲ႕ေျပာဆိုေနရင္း တစ္ဖက္မွာေတာ့ အလုပ္လုပ္ေနတုန္းစကားေျပာေနတုန္း သူမမ်က္ႏွာေပၚမွာ အၿပဳံးေဖ်ာ့ေဖ်ာ့ေလးတစ္ပြင့္ ပန္ဆင္ထား၏။ ဒါေၾကာင့္ တန္းစီေနတဲ့ေက်ာင္းသားေတြကလည္း သူတို႔ရဲ႕ေလးစားမႈကိုျပဖို႔ ေလသံကိုႏွိမ့္ေျပာၾကသည္။

ဒီတစ္ႀကိမ္မွာေတာ့ေက်ာင္းသူတစ္ေယာက္ အႀကိဳစာေမးပြဲေအာင္ၿပီး ခ်ဴေရွာင္းနဲ႕အင္တာဗ်ဴးဖို႔ဝင္လာသည္။ သူမရဲ႕ကိုယ္ေရးအက်ဥ္းကို တစ္ခ်က္ခြဲျခားလိုက္ၿပီးေနာက္ ခ်ဴေရွာင္းက ေက်ာင္းသူဆီအၾကည့္ပို႔လိုက္ရင္း ေျပာလိုက္သည္။

"ကြၽန္မတို႔ကုမၸဏီမွာ အလုပ္သင္အတြက္မကမ္းလွမ္းနိုင္ပါဘူး။ ေနာက္တစ္ေယာက္။"

ေက်ာင္းသူက မ်က္ေမွာင့္ႀကဳံ႕သည္။

"ဘာလို႔ငါက်ရတာလဲ? ေျပာျပေပးနိုင္မလား၊ ဒါမွငါ့ကိုငါျပင္ဆင္လို႔ရမွာေပါ့။"

"ယိခ်န္ကလမ္းခြဲေၾကးအေနနဲ႕ Sportကားေပးတယ္တို႔ဘာတို႔ အဲ့လိုေကာလဟာလေတြျဖန့္တဲ့သူက နင္ဆိုတာငါမွတ္မိပါေသးတယ္။ ငါတို႔တုံ႕ဖန္အုပ္စုကေလ...အဲ့လိုမ်ိဴး႐ြံစရာေကာလဟာလေတြျဖန့္တဲ့သူေကာ..ျပသနာရွာတဲ့စရိုက္နဲ႕သူေတြကိုေရာ အလုပ္သင္ခန့္ဖို႔စိတ္မဝင္စားဘူး"

အမ်ိဴးသမီးမွာ မသက္သာမႈႏွင့္ပင့္သက္ရွိုက္လိုက္၏။

"ဒီမေတာ္တဆက ၾကာပါၿပီခ်ဴေရွာင္းရယ္။ အဲ့တုန္းကနင္ယိခ်န္ထက္ပိုခ်မ္းသားမွန္း ငါမွမသိတာ။ ၿပီးေတာ့လည္း ငါတစ္ေယာက္တည္းအဲ့အတိုင္းေတြးတာမွမဟုတ္တာ။"

"အဲ့လိုေတြးတဲ့လူတိုင္းကိုလည္း ငါအလုပ္မခန့္ဘူး။ ငါတို႔ကုမၸဏီကအားသစ္ေသြးသစ္ေတြကို အမွန္ပ်ိဳးေထာင္ဖို႔ရွာေနတာဆိုမွေတာ့ အက်င့္ေကာင္းတဲ့သူေတြကိုပဲ စိတ္ဝင္စားတယ္။"

ဝင္ေပါက္မွာေစာင့္ေနၾကတဲ့ လုံၿခဳံေရးေတြးကို တစ္ခ်က္မ်က္ရိပ္ျပလိုက္ရင္း ခ်ဴေရွာင္းျပန္ေခ်ပလိုက္သည္။

သူမရဲ႕အခ်က္ျပမႈကိုသတိထားမိၿပီး လုံၿခဳံေရးေတြလည္းေက်ာင္းသူကို ႐ုံထဲကအျပင္ေခၚသြားေတာ့သည္။

28.3.2024

Continue Reading

You'll Also Like

205K 13.9K 55
Jeon Jungkook x Kim Taehyung
2.3M 317K 92
Title....Second merriage of a wealthy old man မူရင်းအော်သာ....Tangerine Boat(Cannon folder cheat system ရေးတဲ့ အာသာပါ) မူရင်းက 86 ပိုင်းပါ Extra က 2ပ...
28.5K 2.8K 19
Genre-comedy,drama,josei,romance,school life,slice of life Chapters-98chapters+21extras I do not own this story.All credits go to original author.
405K 50.8K 200
Book-5 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...