စနေသားရဲ့ ဆင်ပေါက် / စေနသားရဲ...

By Ex_0069

38.1K 1.3K 113

unicode ကျွန်တော့်ရဲ့ တမူမတူညီတဲ့စာရေးပုံနဲ့ မတူညီတဲ့ဇာတ်အိမ်လေးမို့ ဖတ်ကြည့်ပေးစေချင်တယ်ဗျ zawgyi ကြၽန္ေတာ့္... More

Author Ex's အမှာစာ / အမွာစာ 😁
Episode _ 1
Episode _ 2
Episode _ 3
Epiaode _ 4
Episode _ 5
Episode _ 6
Episode _ 7
Episode _ 8
Episode _ 9
Episode _ 10
Episode _ 11
Episode _ 12
Episode _ 13
Episode _ 14
Episode _ 15
Episode _ 16
Episode _ 17
Episode _ 18
Episode _ 19
Episode _ 20
Episode _ 21
Episode _ 22
No update
Episode _ 23 🚨🚨🚨🚨
Episode _ 24
Episode _ 25
Episode _ 27
Episode _ 28
Episode _ 29
Episode _ 30
🥺🥺
Episode _ 31
Episode _ 32 ( Final episode )
Bye for long time

Episode _ 26

793 44 6
By Ex_0069

Unicode
Episode _ 26

" အကိုတို့ ဘာသောက်မလဲဗျ... "

စားပွဲထိုးကောင်လေးက ကျွန်တော့်တို့ဝိုင်းကိုရောက်လာသည်။

" ပေါ့ဆိမ့်တစ်ခွက်နဲ့ရှိတဲ့မုန့်တွေ အကုန်ချပေးနော် "

" ဟုတ်ကဲ့..၊ ဒီဘက်က အကိုကရော "

" မှာလို့ရလား... "

စားပွဲထိုးမေးတာကို မဖြေဘဲ ကျွန်တော့်ကိုပြန်မေးတဲ့တေလွန်းကြောင့် ကျွန်တော်ရော၊ စားပွဲထိုးကောင်လေးရော ကြောင်သွားသည်။

" ပိုက်ဆံမပါလာဘူး...၊ အဲ့တာမို့ မှာလို့ရလားလို့မေးတာ "

ဒီကောင်!!...။ ဒါ သက်သက် ကျွန်တော့်ကိုချောက်ချတာ၊ ကိုယ့်ဘာသာ မှာစရာရှိတာမှာတာမဟုတ်ဘဲ မျက်နှာငယ်လေးနဲ့ကျွန်တော့်ကို ငေးကြည့်နေတာက မသိရင် ကျွန်တော်ကပဲ ဒင်းကိုအမြဲအနိုင်ကျင့်နေတဲ့လူလိုလို ဘာလိုလိုနဲ့။ စားပွဲထိုးလေးကပါ တေလွန်းဆီကနေအကြည့်လွဲကာ ကျွန်တော့်ကိုကြည့်လာသည်။ နှစ်ယောက်စလုံးက ကျွန်တော့်ကိုစိုက်ကြည့်နေပြီး စားပွဲထိုးလေးက ကျွန်တော့်အဖြေကိုစောင့်နေသည်။ တေလွန်းကတော့ အခုထိသနားကမားရုပ်လေးနဲ့၊ ကျွန်တော်က စိုက်ကြည့်တော့ မျက်လွှာလေးကိုချသွားသေး။ ကျွန်တော့်ကို မျက်လုံးချင်းတောင်မစုံရဲဘဲ အရမ်းကြောက်ပြနေတဲ့ပုံစံလေးပေါ့။ အား.... ဒေါသထွက်လိုက်တာ။ အခုချိန် ပေါက်ကွဲပြရင်လည်း တေလွန်းရဲ့လုပ်ဇာတ်ကို လူတွေကအမှန်လို့ထင်သွားအုံးမယ်၊ ဘယ်လိုပဲစဥ်းစားစဥ်းစား နစ်နာသူကကိုယ်ပဲမို့ ကျွန်တော်လည်း စိတ်ကိုလျော့လိုက်သည်။

" ကိုယ်စားချင်တာ ကိုယ့်ဘာသာ မှာလေ.. "

" အင်းပါ...၊ ညီလေး အကို မမှာတော့ဘူး "

" ဟုတ်ကဲ့ "

" နေဦး... "

ကျုပ်လည်း သနားကမားရုပ်လေးနဲ့စားပွဲထိုးကောင်လေးကိုပြန်လွှတ်လိုက်တော့ ဆင်ပေါက်က ချက်ချင်း စာပွဲထိုးကောင်လေးကိုလှမ်းတော့တာပဲ။ ကျုပ်ကိုတော်တော်စိတ်ဆိုးနေပြီထင်တယ်..၊ ပေစောင်းစောင်းနဲ့ခပ်စူစူးစိုက်ကြည့်ပြီး ကျုပ်အတွက် ချိုစိမ့်တစ်ခွက်မှာပေးသည်။ ကျုပ်လည်း ဆင်ပေါက်မမြင်အောင် ကြိတ်ပြုံးတာပေါ့။ ဆင်ပေါက် ကျုပ်ကိုစိတ်ဆိုးတဲ့ပုံစံလေးကို ကျုပ်အရမ်းသဘောကျတာဗျ။ အဲ့တာကြောင့် ကျုပ်ကို အရင်ကိစ္စနဲ့စိတ်ဆိုးနေမှန်းသိလျက်နဲ့တောင် အခုထပ်ပြီး အကျင့်ယုတ်လိုက်တာ။ ထင်တဲ့အတိုင်း ပိုပြီးစိတ်ဆိုးသွားပြီ။

ကျုပ်တို့စားသောက်ပြီးတာနဲ့ ဆင်ပေါက်အတွက် စာအုပ်နဲ့လိုအပ်တာတွေဝယ်ဖို့ စာရေးကိရိယာသီးသန့်ရောင်းတဲ့ဆိုင်ကိုသွားလိုက်တယ်။ ဒီနေ့ချိန်းထားတဲ့ပွဲက နေ့လည်မှဆိုတော့ အေးဆေးအချိန်ရတယ်လေ။

" အမ ဒီတစ်ကြောင်းမျဥ်းစာအုပ်က ဘယ်လောက်လဲ "

" ဒါဇင်လိုက်ယူမှာလား.. မောင်လေး "

" ဟုတ်တယ် အမ၊ အကြမ်းစာရွက်သားနဲ့စပြောင်စာအုပ်က သုံးအုပ်လောက်ယူမယ်.. "

" အေး... အေး... "

ကျွန်တော်လည်း ရေးစာအုပ်အချောတစ်ဒါဇင်နဲ့ အကြမ်းရေးဖို့စာရွက်ကြမ်းပြောင်စာအုပ်သုံးအုပ်ကို အရင်စျေးမေးလိုက်တယ်။

" ရပြီ.. မောင်လေး "

ကျသင့်ငွေရှင်းကာ ဆိုင်ရင်အမကြီးပေးတဲ့စာအုပ်ထုပ်ကိုယူပြီး ပြန်လှည့်ဖို့လုပ်တော့ ဆိုင်ရှေ့မှာရပ်နေသေးတဲ့တေလွန်းက ကျွန်တော့်လက်ကိုလှမ်းဆွဲတယ်။ အဲ့တော့ ကျွန်တော်လည်း ဘာလဲဆိုတဲ့သဘောနဲ့ တေလွန်းပို စိုက်ကြည့်ပေးလိုက်တယ်။

လက္ဘက်ရည်ဆိုင်ကပြန်ထွက်လာကတည်းက ကျွန်တော် တေလွန်းနဲ့စကားမပြောပါ။ ပြောရရင် ကျွန်တော် သူ့ကိုစိတ်ဆိုးတာထက်ပိုပြီးစိတ်ဆိုးနေတာလေ။ ဘယ့်နှယ့်ဗျာ၊ လူရှေ့သူရှေ့မှာ မသိရင် ကျွန်တော်ကပဲအနိုင်ကျင့်ပြီး သူ့ကိုဘာမှမကျွေးဘဲနှိပ်စက်ထားသလိုနဲ့။ အရမ်းဒေါသထွက်ဖို့ကောင်းတာပဲ။ ဒီ့ထက်ဆိုးတာက မှာထားတဲ့လက္ဘက်ရည်ကိုပဲသောက်ပြီး ဆိုင်ကချပေးတဲ့မုန့်တွေကို ချက်ချင်းယူမစား၊ ကျွန်တော်စားတာကို အမဲရိုးမျှော်သလိုအရောင်လက်လက်မျက်လုံးတွေနဲ့လိုက်မျှော်ကြည့်နေတဲ့ပုံစံက အသည်းပေါက်ဖို့အရမ်းကောင်းတာပဲ။ ကျွန်တော် ဂြိုလ်ကြည့်ကြည့်ပေးလိုက်တော့မှ " ဒီမုန့်တွေရော စားလို့ရလားဟင် " တဲ့။ သနားကမားရုပ်နဲ့ပြောတာဗျာ။ ကျွန်တော် ဒင်းမျက်နှာကို ဆွဲကုပ်ပစ်လိုက်ချင်တဲ့စိတ်ကိုမနည်းထိန်းထားရတာ။ တကယ်တမ်း အမြဲအနိုင်ကျင့်ပြီးဗိုလ်ကျတာက ဘယ်သူလဲ။

အခုလည်း ဘာထပ်ပြီးလုပ်ဦးမလို့လဲမသိ၊ ကျွန်တော့်လက်ကိုဆွဲပြီး မျက်မှောင်ကကျုံ့ထားသေးတယ်။ ပထမတစ်ခါကလို မျက်နှာငယ်လေးတော့မဟုတ်ဘူး၊ တစ်ခုခုကိုအလိုမကျတဲ့ပုံစံနဲ့ကြည့်နေတာ။ ဒါကမှ ဒီကောင့်ပုံစံအမှန်။ အဲ့လိုပဲ အစောကထိ စိတ်ဆိုးပြီးဒေါသထွက်နေတဲ့ကျွန်တော်လည်း တေလွန်းရဲ့အခုပုံစံကိုကြည့်ပြီး နည်းနည်းတော့လန့်သွားမိတာ အမှန်။ တခါတလေ တေလွန်းကို စိတ်ဆိုးဒေါသထွက်မိတာရှိပေမဲ့ အမြဲတမ်းရှိနေတာဟာ တေလွန်းကို​ကြောက်ခြင်းပဲ။ ထိတ်လန့်ကြောက်ရွံ့တုန်လှုပ်ခြင်းကဲ့သို့အပျက်သဘောဆောင်တဲ့အကြောက်တရားမျိုးမဟုတ်ဘဲ ကျွန်တော် တေလွန်းကိုကြောက်တဲ့အကြောက်တရားက အကိုတစ်ယောက်လို.. ဖခင်တစ်ယောက်လို.. အားကိုးဖော်တစ်ယောက်လို.. သူငယ်ချင်းတစ်ယောက်လို.. ညီငယ်တစ်ယောက်လို.. အခုချိန်မှာ အိမ်ထောင်ဦးစီးတစ်ယောက်လို.. ရိုသေလေးစားပြီးနွေးထွေးလုံခြုံစိတ်ချမှုပေးစွမ်းနိုင်တဲ့အပြုသဘောဆောင်သောကြောက်ရွံ့ခြင်းမျိုးသာ ဖြစ်သည်။

" မောင့်အတွက် မပါဘူးလား... "

" ဟမ်... "

" မောင့်အတွက်ရော မပါဘူးလားလို့မေးတာ "

တေလွန်းရဲ့စကားကိုအစကနားမလည်ပေမဲ့ ကျွန်တော်ထပ်ကြားလိုက်တဲ့အချိန် တေလွန်းကိုစိတ်ဆိုးနေတာတွေတောင် ဘယ်ရောက်သွားမှန်းမသိ၊ တေလွန်းရဲ့လက်ကို လိုချင်တာရသွားတဲ့ကလေးတစ်ယောက်လိုပြန်ဆွဲယူပြီး သေချာအောင်ထပ်မေးလိုက်တယ်။

" မင်း.. တေလွန်း မင်း ငါနဲ့အတူတူ ကျောင်းဆက်တက်မှာလို့ပြောတာလား... "

" မောင့်ရဲ့ဆင်ပေါက်က မောင့်ကိုကျောင်းဆက်တက်စေချင်တယ်မလား... "

" အင်း.. အင်း.. ဟုတ်တယ် "

ပုတ်သင်ညိုလေးလို ခေါင်းတွေဇွတ်ငြိမ့်ပြတဲ့ဆင်ပေါက်ကိုကြည့်ပြီး ကျုပ် အသည်းယားမိတာပေါ့။ ကျုပ် ကျောင်းဆက်တက်မယ်ဆိုတာနဲ့ ကျုပ်ကိုစိတ်ဆိုးပြေသွားတဲ့ကျုပ်ရဲ့ဆင်ပေါက်လေး ကျုပ်အတွက်တွေးပေးတတ်တာလေးက ဘယ်လောက်ချစ်ဖို့ကောင်းလိုက်သလဲ။

" အင်းလေ.. အဲ့တော့ မောင်က မောင့်ဆင်ပေါက်လေးသဘောကျ ကျောင်းဆက်တက်ရမှာပေါ့... "

" တကယ်နော်..၊ မင်း ငါ့ကို ဒီတိုင်းစိတ်ပြေအောင်ပြောနေတာမဟုတ်ဘူးမဟုတ်လား... "

" ကဲ.. တေလွန်းပါကွ၊ မင်းပဲပြောကြည့်.. မောင်က ဘယ်တုန်းကစကားတစ်ခွန်းကို ပြီးပြီးရော လွယ်လွယ်ပြောတတ်လို့လဲ...၊ စိတ်ချ.. မောင်က ပြောထားရင် ပြောထားတဲ့အတိုင်းလုပ်တဲ့ကောင် "

" ဟီး... ငါ အရမ်းပျော်တာပဲ၊ အဲ့တာဆို ငါ မင်းအတွက်ပါ နောက်ထပ်ရေးစာအုပ်ချောတစ်ဒါဇင်နဲ့ အကြမ်းစာအုပ်လေးအုပ်လောက်ပိုဝယ်လိုက်မယ်နော်...၊ ဘောပင်တွေပါ ဝယ်ရမယ်... ဘူးလိုက်ပဲ ဝယ်လိုက်မယ်နော်.. "

" သဘော.. သဘော မောင့်ဆင်ပေါက်လေး သဘော "

ကျွန်တော်လည်း နောက်ထပ်စာအုပ်ချောတစ်ဒါဇင်နဲ့အကြမ်းစာအုပ်လေးအုပ်၊ ဘောပင်ဘူးတစ်ဘူးကိုထပ်ဝယ်ခဲ့လိုက်သည်။ ထိုနေ့က ကျွန်တော်နဲ့တေလွန်း ဦးလေးသိန်းတို့ဆီမှာ အပြန်ညနေစာဝင်သားခဲ့ပြီး ဝယ်လက်နဲ့အဆင်ပြေကာ ပွဲဖြစ်သွားတာကြောင့် အဘတို့နဲ့ဖေသောင်းတို့အတွက် အိမ်အပြန် ခေါက်ဆွဲကြော်တစ်ပွဲစီဝယ်လာခဲ့သေးသည်။

~~~~~~~~~~~~~~~~~~~~~~~

" တေလွန်းရေ.. မောင်လေးရှင်မွှေး.. "

" မမစု "

" တေလွန်းရော.. ဘယ်သွားလဲ မောင်လေး "

" တေလွန်းက မနေ့ညက အိပ်ရေးပျက်ထားလို့အိပ်နေတုန်းပဲ.. မမစု "

" အံမယ်.. အဲ့ကောင်က ဘာတွေလုပ်နေလို့ အိပ်ရေးပျက်ရတာတုန်း "

" စာမေးပွဲနီးပြီလေ.. မမစုရဲ့၊ ပြီးတော့ ဟို.. ဟို.. မနေ့ညက ကျွန်တော်လည်း နေမကောင်းဖြစ်သေးတယ် "

" ဟယ်.. ဟုတ်လား၊ အခုရော သက်သာရဲ့လား... ဘယ်လိုဖြစ်တာလဲ ငါ့မောင်ရယ် "

" ဟာ... စောစောစီးစီးဆူညံနေတာပဲ သူများအိမ်ရှေ့လာပြီး၊ ဒီမှာ.. တစ်ညလုံးမအိပ်ရသေးလို့အိပ်နေတာကို နားမလည်ဘူးလား "

ကျုပ် မိုးလင်းခံနီးမှမှေးခနဲအိပ်ပျော်သွားတုန်း မတည့်အတူနေအမဖြစ်သူရဲ့အသံကြောင့် အိပ်ရာကနေပြန်ထလာရတယ်။

" အောင်မှာ.. ငါက ငါ့မောင်ငယ်လေးဆီလာတာ၊ နင့်ဆီ လာတာမဟုတ်ဘူး "

" အဲ့ဒီမောင်ငယ်လေးက ကျုပ်လင်လေ "

" တေလွန်း!!... "

ကျွန်တော့်ကိုရှေ့ထားပြီး အမဖြစ်သူနဲ့ရန်စောင်နေတဲ့တေလွန်းကို ကျွန်တော် ကြားကနေတားရသည်။ တေလွန်းရဲ့ပါးစပ်ဟာလေ ဘယ်တော့မှအရှက်အကြောက်မရှိ၊ ပြောရဲဆိုရဲလွန်းတယ်။

" ဟမ့်.. မဏ္ဍိုဋ်တိုင် လာတက်ပြမနေနဲ့..၊ မနေ့ညက နင်က ဘာလုပ်နေလို့ အိပ်ရေးပျက်ရတာလဲ "

" ငါ့ဘာသာ ဘာလုပ်လုပ် နင်နဲ့ဆိုင်လား.. "

" တေလွန်း.. အကြီးကို အဲ့လိုမပြောနဲ့လေ.. "

ကြားကနေ မနေနိုင်တဲ့ကျွန်တော်က တေလွန်းကိုတားပေမဲ့ သူတို့မောင်နှမနှစ်ယောက်ရန်ဖြစ်တာက အခုမှအထူးအစမ်းမဟုတ်တော့တာကြောင့် နားမဝင်ပေ။ နှသ်ယောက်သား အချင်းချင်းရန်စောင်နေဆဲ။

" နင့်ဘာသာ အိပ်ရေးပျက်လို့မက အိပ်ရေးပဲဆက်ဆက် ငါနဲ့မဆိုင်ဘူး၊ ညက ငါ့မောင်ငယ်လေးက နေမကောင်းဘူးဆိုလို့ အဲ့အချိန် နင်က ဘာလုပ်နေတာလဲ သိချင်လို့မေးတာ "

" ဟမ်.. "

ကျုပ်အမရဲ့စကားကြောင့် ကျုပ် ဆင်ပေါက်ကိုနားမလည်သလိုကြည့်လိုက်မိတယ်။ အိမ်ရှေ့ကွမ်းပျစ်ပေါ်မှာ မသက်မသာနဲ့ထိုင်နေတဲ့ပုံလေးက အမှန်တကယ်ကိုသနားစရာလေး၊ မနေ့ညက ဆင်ပေါက်နဲ့ကျုပ် ဒုတိယအကြိမ် အာဝါဟဝိဝါဟကြသေးတယ်ဗျ။ ဒီတစ်ကြိမ်ကျ ပထမအကြိမ်တုန်းကလို ကျုပ် ဆင်ပေါက်ကိုအားနာမနေတော့ဘဲ ကျုပ်စိတ်ကြိုက်သောင်းကျန်းမိတာ၊ နောက်ဆုံးဆင်ပေါက်က အိပ်ပျော်သွားပြီး ကျုပ်တစ်ယောက်တည်းတစ်ကိုယ်တော်ခရီးဆက်ခဲ့သည်က ဘဘုန်းကျောင်းက လေးချက်ထိုးတုံးမခေါက်မှီအလိုအထိပဲ။ ပင်ပန်းပြီးအိပ်ပျော်သွားတဲ့ဆင်ပေါက်ကတော့ ကျုပ်လိုသလို၊ ကျုပ်ရဲ့စိတ်တိုင်းကျ ကျုပ်လက်ထဲမှာ ပုံစံမျိုးစုံနဲ့ကြိုးခုန်ခဲ့ရမှန်း သိလိမ့်မည်မဟုတ်။ ဒါပေမဲ့ အခု မနက်ခင်းနိုးတော့ ညကကျုပ်သောင်းကျန်းခဲ့သမျှအကျိုးတွေက ကျုပ်ရဲ့ဆင်ပေါက်လေးအပေါ် တော်တော်သက်ရောက်နေတယ်ဗျ။ ကွမ်းပျစ်ပေါ်မှာထိုင်နေတဲ့ပုံစံလေးကိုက တော်တော်သနားစရာကောင်းတာပဲ။ ဒါကို ဟိုအလိုက်မသိတဲ့အင်္ဂါသမီးက လေကြောရှည်ပြီး ကျုပ်ကိုစစ်လားဆေးလာလုပ်နေသေးတယ်။

" ဟဲ့... ငါမေးတာဖြေအုံးလေ "

" အော်... အင်း ဟုတ်တယ် "

" ဘာကို ဟုတ်တာလဲ "

" ဆင်ပေါက် နေမကောင်းတာဟုတ်တယ်လို့..၊ အဲ့တာကြောင့် တစ်ညလုံး.... ငါ သူ့ကိုပြုစုနေရလို့!... ငါ အိပ်ရေးပျက်သွားတာ ရပြီလား "

ကျုပ်ရဲ့စကားကြောင့် ဆင်ပေါက်ရဲ့မျက်နှာလေးက ချက်ချင်းရဲတက်သွားသည်။ ဟက်.. ကျုပ်ရဲ့ဗုဒ္ဓဟူးသားလေးကအခုထိကို အပျိုဖြန်းလေးကျနေတာပဲ၊ ကျုပ်နဲ့အတူတူအဝါဟဝိဝါဟလုပ်တာကို ရှက်စရာကိစ္စလို့ အခုထိထင်နေတုန်းပဲ။ အခြားသူတွေအတွက်တော့ မသိပေမဲ့ ဒါက ကျုပ်အတွက် ရှက်ရမဲ့ကိစ္စမှမဟုတ်ဘူးလို့ခံယူထားတယ်။ ပြောသာပြောရတာ ညက ဆင်ပေါက်ကို တော်တော်တောင်းဆိုလိုက်ရတယ်ဗျာ။ မပေးဘူးချည်း ဇွတ်ငြင်းနေတာ၊ နောက်ဆုံး ကျုပ်ကိုမလွန်ဆန်နိုင်တော့မှ လက်ခံလိုက်တာ။

တေလွန်းရဲ့စကားကြောင့် ကျွန်တော့်မှာ ရှက်လွန်းလို့အငွေ့ပင်ပျံသွားချင်တယ်။ ဘာတဲ့၊ တစ်ညလုံး ပြုစုနေတာတဲ့။ သူပြုစုထားလို့ မနက်က တစ်ကိုယ်လုံးကိုက်ခဲနေပြီး ဘီလူးစီးခံထားရသလို တစ်ကိုယ်လုံးလှုပ်ရပြုရတာအဆင်မပြေတဲ့အပြင် ဒူးတွေလည်းကျိန်း၊ ဇာတ်ကြောတွေလည်းနာနေတာပဲ။ တော်သေးတယ်.. ခပ်စောစောလေးနိုးပြီး ရေမိုးချိုး၊ ပြီးတာနဲ့ အရင်က သူဝယ်ပေးထားတဲ့သောက်ဆေးနဲ့လိမ်းဆေး​ကျန်နေသေးလို့ လူက သွားလာရတာအဆင်ပြေသွားတာ။ ကိုယ့်မှာတော့ သူ့ကို မမစုရဲ့အပြောကလွတ်အောင် ဖာတေးပြီးပြောပေးထားတာကို သူကတော့.. ဟင်း။ မပြောလိုက်ချင်ဘူး။

" စုစုစံ.. သွား နင်ပြန်တော့၊ ငါ ပြန်အိပ်အုံးမယ်... နင် ဆင်ပေါက်ကိုပြောစရာရှိရင် ညနေကျမှ တး်ခေါက်ပြန်လာခဲ့၊ သွား.. ပြန်တော့ "

" ကိုယ့်ဘာသာ အိပ်စရာရှိတာသွားအိပ်ပါလား..၊ ငါတို့ဘာသာ စကားပြောမယ် "

" မပြောနဲ့...၊ နင့်အသံက ခုနှစ်အိမ်ကြားရှစ်အိမ်ကြားအသံနဲ့.. ငါ နားငြီးတယ် အိပ်လို့ရမှာ မဟုတ်ဘူး၊ လာ ဆင်ပေါက်... နင့်ဘာသာ ပြန်ချင်ပြန် မပြန်ချင်လည်း အဲ့မှာ တစ်ယောက်တည်း နေခဲ့ "

ကျုပ်လည်း ထိုင်နေတဲ့ဆင်ပေါက်ရဲ့လက်ကိုဆွဲကာ အိမ်ထဲကိုဝင်ပြီး အိမ်တံခါးနှစ်ချပ်ကိုဆွဲပိတ်ကာ အထဲကနေကလန့်ထိုးချလိုက်တယ်။

" အမလေး.. ပြန်ပြီ ပြန်ပြီ၊ မောင်လေးရှင်မွှေးရေ မမ ညနေကျမှ တစ်ခေါက်ပြန်လာခဲ့မယ်နော်...၊ ဟိုအကောင် ပြန်ပြီ!... "

မမစုက ချက်ချင်းထပြန်သွားသည်။ ကျွန်တော်လည်း သူလုပ်ချင်လုပ်နေတဲ့တေလွန်းကို ဘာမှပြောမနေတော့။ ကျွန်တော်ကသာ မမစုကိုအားနာစရာကောင်းတယ်လို့ပြောချင်ပေမဲ့ တေလွန်းနဲ့မမစုအကြောင်းကိုသိနေတော့ ကျွန်တော်ပြောလည်း တေလွန်းက နားဝင်မှာမှမဟုတ်တာ။ ပြီးတော့ သူတို့မောင်နှမနှစ်ယောက်က အဲ့လိုတွေပြောကြပေမဲ့ အချင်းချင်းစိတ်ဆိုးတယ်ဆိုတာက ခပ်ရှားရှားရယ်၊ စိတ်ဆိုးရင်လည်း ခဏပဲ။ ပြီးရင် ပြန်အဆင်ပြေသွားကြတာပဲလေ။

" ဒါက ဘယ်လဲ... "

" မင်းအတွက် မနက်စာချက်ပေးမလို့လေ... "

" ရတယ် မချက်နဲ့၊ မောင့်ဆင်ပေါက်လေးရော.. ဘာစားပြီးပြီလဲ "

" မင်းဝယ်ပေးထားတဲ့အိုဗာတင်းနဲ့ကိတ်မုန့်စားထားတယ်... ငါမှ အမာတွေစားလို့မဖြစ်တာကို "

" ဟက်!... အဲ့တာကြောင့် အမကို မောင်က ပြန်လွှတ်လိုက်တာပေါ့...၊ မောင့်ဆင်ပေါက်လေး အဆင်မပြေတာကို မောင်သိလို့လေ... "

" အဲ့တာ ဘယ်သူ့ကြောင့်လဲ "

" ဟား... ဟုတ်ပါတယ်ဗျာ၊ မောင့်ကြောင့်ပါ.. ဟုတ်ပြီလား "

ကျုပ်ကိုမကျေနပ်တဲ့အကြည့်တွေနဲ့ထိုးစစ်ဆင်နေတဲ့ဗုဒ္ဓဟူးသားလေးရဲ့နှုတ်ခမ်းလေးကို ကျုပ် ဆွဲနမ်းလိုက်တယ်။

" အွန့်!... "

" မောင် အိပ်ရေးမဝသေးဘူး၊ မောင်နဲ့အတူတူ အိပ်ရအောင် "

" ဟင်... "

တေလွန်းရဲ့စကားကြောင့် အနမ်းခံရတာကိုတောင်စိတ်မဆိုးနိုင်ဘဲ ကျွန်တော့်မှာ လန့်ဖျတ်သွားတယ်။

" ဟား.. မျက်လုံးကြီးအဲ့လောက်ပြူးပြမနေပါနဲ့ မောင် ဘာမှမလုပ်ပါဘူး၊ မောင်က.. ဒီတိုင်းလေး မင်းကိုဖက်ပြီးအိပ်ချင်လို့ပါ.. နော် "

ဟူး... တော်ပါသေးတယ်။ ကျွန်တော်လည်း ဆေးရှိန်ကြောင့် စိတ်ကမအိပ်ချင်တော့ပေမဲ့ မျက်လုံးတွေကမှေးနေတာမို့ ငြင်းမနေတော့ဘဲ တေလွန်းရဲ့ရင်ခွင်ထဲကိုတိုးဝင်ပြီး အိပ်စက်လိုက်တယ်။ ရာသီဥတုကလည်း ရုတ်တရက်ကြီး ကျွန်တော်တို့ဘက်ကိုပါလာကာ မိုးတွေအုံ့မှီုင်းလာပြီးမကြာခင်မှာပင် လေပြင်းအနည်းငယ်နဲ့အတူတူမိုးတွေသည်းကြီးမည်းကြီးရွာချလာသည်။ ကျွန်တော်လည်း တေလွန်းရဲ့ရင်ခွင်ထဲကိုပိုတိုးဝင်ပြီးဖက်ထားလိုက်တယ်။ တေလွန်းကလည်း ကျွန်တော့်ခါးကိုပိုပြီးဆွဲဖက်ကာ သူ့လက်မနဲ့ခပ်ဖွဖွလေးနှိပ်နယ်ပေးသည်။ မကြာမှီမှာပဲ ကျွန်တော်လည်း ရာသီဥအေးအေးလေးနဲ့တေလွန်းရဲ့နွေးထွေးတဲ့အပြုအမူဂရုစိုက်မှုတွေအောက်မှာ သက်တောင့်သက်သာနဲ့လုံးဝအိပ်မောကျသွားသည်။

ရင်ခွင်ထဲကကျုပ်ရဲ့ဆင်ပေါက်လေးအိပ်ပျော်သွားမှ ကျုပ်လည်း ကျုပ်ရဲ့စိတ်တွေကိုစုစည်းထားပြီး စိတ်တန်ခိုးနဲ့အမိန့်အာဏာစက်တစ်ခွန်းဆိုလိုက်သည်။ ကျုပ်ရဲ့အာဏာစက်က ထိုသူနှစ်ဦးထံရောက်သွားတဲ့အခါမှာတော့ မိုးကပိုမိုသည်းထန်စွာရွာသွန်းလာပြီး လေပြင်းကငြိမ်ကျသွားသည်။

" ကောင်းကောင်းအိပ်စက်ပါ.. မောင်ရဲ့ဆင်ပေါက်လ​ေး...၊ ဒီမိုးက မောင့်ဆင်ပေါက်လေး မနိုးမချင်းရွာနေအုံးမှာမို့.. မောင့်ရဲ့ဆင်ပေါက်လေး အိပ်ရေးဝဝအိပ်နော်... မောင့်ကြောင့် မောင့်ရဲ့ဆင်ပေါက်လေး တော်တော်ပင်ပန်းထားရတာ... "

တေလွန်းက ရှင်မွှေးရဲ့နဖူးလေးကိုဖိနမ်းလိုက်ပြီး နှုတ်ခမ်းတွေကိုထပ်၍ခပ်ဖွဖွလေးနမ်းကာ သူပါ အတူတူအိပ်စက်လိုက်သည်။ သည်းထန်စွာရွာသွန်းနေတဲ့မိုးကောင်ကင်ကြီးထက်မှာတော့ သာမန်မျက်စိနဲ့မမြင်နိုင်တဲ့အလင်းတန်းနှစ်ခုရှိနေသည်။ အစိမ်းရောင်နဲ့အပြာရောင်အလင်းတန်းဖြစ်ပြီး ရှေးလူကြီးရဲ့အဆိုများအရ နဂါးများဟာ မိုးနဲ့လေကိုထိန်းချုပ်နိုင်သည်ဟု ယုံတမ်းပုံပြင်များရှိသည်။

Next episode ...........

Zawgyi
Episode _ 26

" အကိုတို႔ ဘာေသာက္မလဲဗ်... "

စားပြဲထိုးေကာင္ေလးက ကြၽန္ေတာ့္တို႔ဝိုင္းကိုေရာက္လာသည္။

" ေပါ့ဆိမ့္တစ္ခြက္နဲ႔ရိွတဲ့မုန္႔ေတြ အကုန္ခ်ေပးေနာ္ "

" ဟုတ္ကဲ့..၊ ဒီဘက္က အကိုကေရာ "

" မွာလို႔ရလား... "

စားပြဲထိုးေမးတာကို မေျဖဘဲ ကြၽန္ေတာ့္ကိုျပန္ေမးတဲ့ေတလြန္းေၾကာင့္ ကြၽန္ေတာ္ေရာ၊ စားပြဲထိုးေကာင္ေလးေရာ ေၾကာင္သြားသည္။

" ပိုက္ဆံမပါလာဘူး...၊ အဲ့တာမို႔ မွာလို႔ရလားလို႔ေမးတာ "

ဒီေကာင္!!...။ ဒါ သက္သက္ ကြၽန္ေတာ့္ကိုေခ်ာက္ခ်တာ၊ ကိုယ့္ဘာသာ မွာစရာရိွတာမွာတာမဟုတ္ဘဲ မ်က္ႏွာငယ္ေလးနဲ႔ကြၽန္ေတာ့္ကို ေငးၾကည့္ေနတာက မသိရင္ ကြၽန္ေတာ္ကပဲ ဒင္းကိုအၿမဲအႏိုင္က်င့္ေနတဲ့လူလိုလို ဘာလိုလိုနဲ႔။ စားပြဲထိုးေလးကပါ ေတလြန္းဆီကေနအၾကည့္လြဲကာ ကြၽန္ေတာ့္ကိုၾကည့္လာသည္။ ႏွစ္ေယာက္စလံုးက ကြၽန္ေတာ့္ကိုစိုက္ၾကည့္ေနၿပီး စားပြဲထိုးေလးက ကြၽန္ေတာ့္အေျဖကိုေစာင့္ေနသည္။ ေတလြန္းကေတာ့ အခုထိသနားကမားရုပ္ေလးနဲ႔၊ ကြၽန္ေတာ္က စိုက္ၾကည့္ေတာ့ မ်က္လႊာေလးကိုခ်သြားေသး။ ကြၽန္ေတာ့္ကို မ်က္လံုးခ်င္းေတာင္မစံုရဲဘဲ အရမ္းေၾကာက္ျပေနတဲ့ပံုစံေလးေပါ့။ အား.... ေဒါသထြက္လိုက္တာ။ အခုခ်ိန္ ေပါက္ကြဲျပရင္လည္း ေတလြန္းရဲ့လုပ္ဇာတ္ကို လူေတြကအမွန္လို႔ထင္သြားအံုးမယ္၊ ဘယ္လိုပဲစဥ္းစားစဥ္းစား နစ္နာသူကကိုယ္ပဲမို႔ ကြၽန္ေတာ္လည္း စိတ္ကိုေလ်ာ့လိုက္သည္။

" ကိုယ္စားခ်င္တာ ကိုယ့္ဘာသာ မွာေလ.. "

" အင္းပါ...၊ ညီေလး အကို မမွာေတာ့ဘူး "

" ဟုတ္ကဲ့ "

" ေနၪီး... "

က်ဳပ္လည္း သနားကမားရုပ္ေလးနဲ႔စားပြဲထိုးေကာင္ေလးကိုျပန္လႊတ္လိုက္ေတာ့ ဆင္ေပါက္က ခ်က္ခ်င္း စာပြဲထိုးေကာင္ေလးကိုလွမ္းေတာ့တာပဲ။ က်ဳပ္ကိုေတာ္ေတာ္စိတ္ဆိုးေနၿပီထင္တယ္..၊ ေပေစာင္းေစာင္းနဲ႔ခပ္စူစူးစိုက္ၾကည့္ၿပီး က်ဳပ္အတြက္ ခ်ိဳစိမ့္တစ္ခြက္မွာေပးသည္။ က်ဳပ္လည္း ဆင္ေပါက္မျမင္ေအာင္ ႀကိတ္ၿပံဳးတာေပါ့။ ဆင္ေပါက္ က်ဳပ္ကိုစိတ္ဆိုးတဲ့ပံုစံေလးကို က်ဳပ္အရမ္းသေဘာက်တာဗ်။ အဲ့တာေၾကာင့္ က်ဳပ္ကို အရင္ကိစၥနဲ႔စိတ္ဆိုးေနမွန္းသိလ်က္နဲ႔ေတာင္ အခုထပ္ၿပီး အက်င့္ယုတ္လိုက္တာ။ ထင္တဲ့အတိုင္း ပိုၿပီးစိတ္ဆိုးသြားၿပီ။

က်ဳပ္တို႔စားေသာက္ၿပီးတာနဲ႔ ဆင္ေပါက္အတြက္ စာအုပ္နဲ႔လိုအပ္တာေတြဝယ္ဖို႔ စာေရးကိရိယာသီးသန္႔ေရာင္းတဲ့ဆိုင္ကိုသြားလိုက္တယ္။ ဒီေန့ခ်ိန္းထားတဲ့ပြဲက ေန့လည္မွဆိုေတာ့ ေအးေဆးအခ်ိန္ရတယ္ေလ။

" အမ ဒီတစ္ေၾကာင္းမ်ဥ္းစာအုပ္က ဘယ္ေလာက္လဲ "

" ဒါဇင္လိုက္ယူမွာလား.. ေမာင္ေလး "

" ဟုတ္တယ္ အမ၊ အၾကမ္းစာရြက္သားနဲ႔စေျပာင္စာအုပ္က သံုးအုပ္ေလာက္ယူမယ္.. "

" ေအး... ေအး... "

ကြၽန္ေတာ္လည္း ေရးစာအုပ္အေခ်ာတစ္ဒါဇင္နဲ႔ အၾကမ္းေရးဖို႔စာရြက္ၾကမ္းေျပာင္စာအုပ္သံုးအုပ္ကို အရင္ေစ်းေမးလိုက္တယ္။

" ရၿပီ.. ေမာင္ေလး "

က်သင့္ေငြရွင္းကာ ဆိုင္ရင္အမႀကီးေပးတဲ့စာအုပ္ထုပ္ကိုယူၿပီး ျပန္လွည့္ဖို႔လုပ္ေတာ့ ဆိုင္ေရ႔ွမွာရပ္ေနေသးတဲ့ေတလြန္းက ကြၽန္ေတာ့္လက္ကိုလွမ္းဆြဲတယ္။ အဲ့ေတာ့ ကြၽန္ေတာ္လည္း ဘာလဲဆိုတဲ့သေဘာနဲ႔ ေတလြန္းပို စိုက္ၾကည့္ေပးလိုက္တယ္။

လက႓က္ရည္ဆိုင္ကျပန္ထြက္လာကတည္းက ကြၽန္ေတာ္ ေတလြန္းနဲ႔စကားမေျပာပါ။ ေျပာရရင္ ကြၽန္ေတာ္ သူ႔ကိုစိတ္ဆိုးတာထက္ပိုၿပီးစိတ္ဆိုးေနတာေလ။ ဘယ့္ႏွယ့္ဗ်ာ၊ လူေရ႔ွသူေရ႔ွမွာ မသိရင္ ကြၽန္ေတာ္ကပဲအႏိုင္က်င့္ၿပီး သူ႔ကိုဘာမွမေကြၽးဘဲႏိွပ္စက္ထားသလိုနဲ႔။ အရမ္းေဒါသထြက္ဖို႔ေကာင္းတာပဲ။ ဒီ့ထက္ဆိုးတာက မွာထားတဲ့လက႓က္ရည္ကိုပဲေသာက္ၿပီး ဆိုင္ကခ်ေပးတဲ့မုန္႔ေတြကို ခ်က္ခ်င္းယူမစား၊ ကြၽန္ေတာ္စားတာကို အမဲရိုးေမ်ွာ္သလိုအေရာင္လက္လက္မ်က္လံုးေတြနဲ႔လိုက္ေမ်ွာ္ၾကည့္ေနတဲ့ပံုစံက အသည္းေပါက္ဖို႔အရမ္းေကာင္းတာပဲ။ ကြၽန္ေတာ္ ၿဂိဳလ္ၾကည့္ၾကည့္ေပးလိုက္ေတာ့မွ " ဒီမုန္႔ေတြေရာ စားလို႔ရလားဟင္ " တဲ့။ သနားကမားရုပ္နဲ႔ေျပာတာဗ်ာ။ ကြၽန္ေတာ္ ဒင္းမ်က္ႏွာကို ဆြဲကုပ္ပစ္လိုက္ခ်င္တဲ့စိတ္ကိုမနည္းထိန္းထားရတာ။ တကယ္တမ္း အၿမဲအႏိုင္က်င့္ၿပီးဗိုလ္က်တာက ဘယ္သူလဲ။

အခုလည္း ဘာထပ္ၿပီးလုပ္ၪီးမလို႔လဲမသိ၊ ကြၽန္ေတာ့္လက္ကိုဆြဲၿပီး မ်က္ေမွာင္ကက်ံဳ႔ထားေသးတယ္။ ပထမတစ္ခါကလို မ်က္ႏွာငယ္ေလးေတာ့မဟုတ္ဘူး၊ တစ္ခုခုကိုအလိုမက်တဲ့ပံုစံနဲ႔ၾကည့္ေနတာ။ ဒါကမွ ဒီေကာင့္ပံုစံအမွန္။ အဲ့လိုပဲ အေစာကထိ စိတ္ဆိုးၿပီးေဒါသထြက္ေနတဲ့ကြၽန္ေတာ္လည္း ေတလြန္းရဲ့အခုပံုစံကိုၾကည့္ၿပီး နည္းနည္းေတာ့လန္႔သြားမိတာ အမွန္။ တခါတေလ ေတလြန္းကို စိတ္ဆိုးေဒါသထြက္မိတာရိွေပမဲ့ အၿမဲတမ္းရိွေနတာဟာ ေတလြန္းကို​ေၾကာက္ျခင္းပဲ။ ထိတ္လန္႔ေၾကာက္ရြံ႔တုန္လႈပ္ျခင္းကဲ့သို႔အပ်က္သေဘာေဆာင္တဲ့အေၾကာက္တရားမ်ိဳးမဟုတ္ဘဲ ကြၽန္ေတာ္ ေတလြန္းကိုေၾကာက္တဲ့အေၾကာက္တရားက အကိုတစ္ေယာက္လို.. ဖခင္တစ္ေယာက္လို.. အားကိုးေဖာ္တစ္ေယာက္လို.. သူငယ္ခ်င္းတစ္ေယာက္လို.. ညီငယ္တစ္ေယာက္လို.. အခုခ်ိန္မွာ အိမ္ေထာင္ၪီးစီးတစ္ေယာက္လို.. ရိုေသေလးစားၿပီးေနြးေထြးလံုၿခံဳစိတ္ခ်မႈေပးစြမ္းႏိုင္တဲ့အျပဳသေဘာေဆာင္ေသာေၾကာက္ရြံ႔ျခင္းမ်ိဳးသာ ျဖစ္သည္။

" ေမာင့္အတြက္ မပါဘူးလား... "

" ဟမ္... "

" ေမာင့္အတြက္ေရာ မပါဘူးလားလို႔ေမးတာ "

ေတလြန္းရဲ့စကားကိုအစကနားမလည္ေပမဲ့ ကြၽန္ေတာ္ထပ္ၾကားလိုက္တဲ့အခ်ိန္ ေတလြန္းကိုစိတ္ဆိုးေနတာေတြေတာင္ ဘယ္ေရာက္သြားမွန္းမသိ၊ ေတလြန္းရဲ့လက္ကို လိုခ်င္တာရသြားတဲ့ကေလးတစ္ေယာက္လိုျပန္ဆြဲယူၿပီး ေသခ်ာေအာင္ထပ္ေမးလိုက္တယ္။

" မင္း.. ေတလြန္း မင္း ငါနဲ႔အတူတူ ေက်ာင္းဆက္တက္မွာလို႔ေျပာတာလား... "

" ေမာင့္ရဲ့ဆင္ေပါက္က ေမာင့္ကိုေက်ာင္းဆက္တက္ေစခ်င္တယ္မလား... "

" အင္း.. အင္း.. ဟုတ္တယ္ "

ပုတ္သင္ညိုေလးလို ေခါင္းေတြဇြတ္ၿငိမ့္ျပတဲ့ဆင္ေပါက္ကိုၾကည့္ၿပီး က်ဳပ္ အသည္းယားမိတာေပါ့။ က်ဳပ္ ေက်ာင္းဆက္တက္မယ္ဆိုတာနဲ႔ က်ဳပ္ကိုစိတ္ဆိုးေျပသြားတဲ့က်ဳပ္ရဲ့ဆင္ေပါက္ေလး က်ဳပ္အတြက္ေတြးေပးတတ္တာေလးက ဘယ္ေလာက္ခ်စ္ဖို႔ေကာင္းလိုက္သလဲ။

" အင္းေလ.. အဲ့ေတာ့ ေမာင္က ေမာင့္ဆင္ေပါက္ေလးသေဘာက် ေက်ာင္းဆက္တက္ရမွာေပါ့... "

" တကယ္ေနာ္..၊ မင္း ငါ့ကို ဒီတိုင္းစိတ္ေျပေအာင္ေျပာေနတာမဟုတ္ဘူးမဟုတ္လား... "

" ကဲ.. ေတလြန္းပါကြ၊ မင္းပဲေျပာၾကည့္.. ေမာင္က ဘယ္တုန္းကစကားတစ္ခြန္းကို ၿပီးၿပီးေရာ လြယ္လြယ္ေျပာတတ္လို႔လဲ...၊ စိတ္ခ်.. ေမာင္က ေျပာထားရင္ ေျပာထားတဲ့အတိုင္းလုပ္တဲ့ေကာင္ "

" ဟီး... ငါ အရမ္းေပ်ာ္တာပဲ၊ အဲ့တာဆို ငါ မင္းအတြက္ပါ ေနာက္ထပ္ေရးစာအုပ္ေခ်ာတစ္ဒါဇင္နဲ႔ အၾကမ္းစာအုပ္ေလးအုပ္ေလာက္ပိုဝယ္လိုက္မယ္ေနာ္...၊ ေဘာပင္ေတြပါ ဝယ္ရမယ္... ဘူးလိုက္ပဲ ဝယ္လိုက္မယ္ေနာ္.. "

" သေဘာ.. သေဘာ ေမာင့္ဆင္ေပါက္ေလး သေဘာ "

ကြၽန္ေတာ္လည္း ေနာက္ထပ္စာအုပ္ေခ်ာတစ္ဒါဇင္နဲ႔အၾကမ္းစာအုပ္ေလးအုပ္၊ ေဘာပင္ဘူးတစ္ဘူးကိုထပ္ဝယ္ခဲ့လိုက္သည္။ ထိုေန့က ကြၽန္ေတာ္နဲ႔ေတလြန္း ၪီးေလးသိန္းတို႔ဆီမွာ အျပန္ညေနစာဝင္သားခဲ့ၿပီး ဝယ္လက္နဲ႔အဆင္ေျပကာ ပြဲျဖစ္သြားတာေၾကာင့္ အဘတို႔နဲ႔ေဖေသာင္းတို႔အတြက္ အိမ္အျပန္ ေခါက္ဆြဲေၾကာ္တစ္ပြဲစီဝယ္လာခဲ့ေသးသည္။

~~~~~~~~~~~~~~~~~~~~~~~

" ေတလြန္းေရ.. ေမာင္ေလးရွင္ေမႊး.. "

" မမစု "

" ေတလြန္းေရာ.. ဘယ္သြားလဲ ေမာင္ေလး "

" ေတလြန္းက မေန့ညက အိပ္ေရးပ်က္ထားလို႔အိပ္ေနတုန္းပဲ.. မမစု "

" အံမယ္.. အဲ့ေကာင္က ဘာေတြလုပ္ေနလို႔ အိပ္ေရးပ်က္ရတာတုန္း "

" စာေမးပြဲနီးၿပီေလ.. မမစုရဲ့၊ ၿပီးေတာ့ ဟို.. ဟို.. မေန့ညက ကြၽန္ေတာ္လည္း ေနမေကာင္းျဖစ္ေသးတယ္ "

" ဟယ္.. ဟုတ္လား၊ အခုေရာ သက္သာရဲ့လား... ဘယ္လိုျဖစ္တာလဲ ငါ့ေမာင္ရယ္ "

" ဟာ... ေစာေစာစီးစီးဆူညံေနတာပဲ သူမ်ားအိမ္ေရ႔ွလာၿပီး၊ ဒီမွာ.. တစ္ညလံုးမအိပ္ရေသးလို႔အိပ္ေနတာကို နားမလည္ဘူးလား "

က်ဳပ္ မိုးလင္းခံနီးမွေမွးခနဲအိပ္ေပ်ာ္သြားတုန္း မတည့္အတူေနအမျဖစ္သူရဲ့အသံေၾကာင့္ အိပ္ရာကေနျပန္ထလာရတယ္။

" ေအာင္မွာ.. ငါက ငါ့ေမာင္ငယ္ေလးဆီလာတာ၊ နင့္ဆီ လာတာမဟုတ္ဘူး "

" အဲ့ဒီေမာင္ငယ္ေလးက က်ဳပ္လင္ေလ "

" ေတလြန္း!!... "

ကြၽန္ေတာ့္ကိုေရ႔ွထားၿပီး အမျဖစ္သူနဲ႔ရန္ေစာင္ေနတဲ့ေတလြန္းကို ကြၽန္ေတာ္ ၾကားကေနတားရသည္။ ေတလြန္းရဲ့ပါးစပ္ဟာေလ ဘယ္ေတာ့မွအရွက္အေၾကာက္မရိွ၊ ေျပာရဲဆိုရဲလြန္းတယ္။

" ဟမ့္.. မ႑ိုဋ္တိုင္ လာတက္ျပမေနနဲ႔..၊ မေန့ညက နင္က ဘာလုပ္ေနလို႔ အိပ္ေရးပ်က္ရတာလဲ "

" ငါ့ဘာသာ ဘာလုပ္လုပ္ နင္နဲ႔ဆိုင္လား.. "

" ေတလြန္း.. အႀကီးကို အဲ့လိုမေျပာနဲ႔ေလ.. "

ၾကားကေန မေနႏိုင္တဲ့ကြၽန္ေတာ္က ေတလြန္းကိုတားေပမဲ့ သူတို႔ေမာင္ႏွမႏွစ္ေယာက္ရန္ျဖစ္တာက အခုမွအထူးအစမ္းမဟုတ္ေတာ့တာေၾကာင့္ နားမဝင္ေပ။ ႏွသ္ေယာက္သား အခ်င္းခ်င္းရန္ေစာင္ေနဆဲ။

" နင့္ဘာသာ အိပ္ေရးပ်က္လို႔မက အိပ္ေရးပဲဆက္ဆက္ ငါနဲ႔မဆိုင္ဘူး၊ ညက ငါ့ေမာင္ငယ္ေလးက ေနမေကာင္းဘူးဆိုလို႔ အဲ့အခ်ိန္ နင္က ဘာလုပ္ေနတာလဲ သိခ်င္လို႔ေမးတာ "

" ဟမ္.. "

က်ဳပ္အမရဲ့စကားေၾကာင့္ က်ဳပ္ ဆင္ေပါက္ကိုနားမလည္သလိုၾကည့္လိုက္မိတယ္။ အိမ္ေရ႔ွကြမ္းပ်စ္ေပၚမွာ မသက္မသာနဲ႔ထိုင္ေနတဲ့ပံုေလးက အမွန္တကယ္ကိုသနားစရာေလး၊ မေန့ညက ဆင္ေပါက္နဲ႔က်ဳပ္ ဒုတိယအႀကိမ္ အာဝါဟဝိဝါဟၾကေသးတယ္ဗ်။ ဒီတစ္ႀကိမ္က် ပထမအႀကိမ္တုန္းကလို က်ဳပ္ ဆင္ေပါက္ကိုအားနာမေနေတာ့ဘဲ က်ဳပ္စိတ္ႀကိဳက္ေသာင္းက်န္းမိတာ၊ ေနာက္ဆံုးဆင္ေပါက္က အိပ္ေပ်ာ္သြားၿပီး က်ဳပ္တစ္ေယာက္တည္းတစ္ကိုယ္ေတာ္ခရီးဆက္ခဲ့သည္က ဘဘုန္းေက်ာင္းက ေလးခ်က္ထိုးတံုးမေခါက္မွီအလိုအထိပဲ။ ပင္ပန္းၿပီးအိပ္ေပ်ာ္သြားတဲ့ဆင္ေပါက္ကေတာ့ က်ဳပ္လိုသလို၊ က်ဳပ္ရဲ့စိတ္တိုင္းက် က်ဳပ္လက္ထဲမွာ ပံုစံမ်ိဳးစံုနဲ႔ႀကိဳးခုန္ခဲ့ရမွန္း သိလိမ့္မည္မဟုတ္။ ဒါေပမဲ့ အခု မနက္ခင္းႏိုးေတာ့ ညကက်ဳပ္ေသာင္းက်န္းခဲ့သမ်ွအက်ိဳးေတြက က်ဳပ္ရဲ့ဆင္ေပါက္ေလးအေပၚ ေတာ္ေတာ္သက္ေရာက္ေနတယ္ဗ်။ ကြမ္းပ်စ္ေပၚမွာထိုင္ေနတဲ့ပံုစံေလးကိုက ေတာ္ေတာ္သနားစရာေကာင္းတာပဲ။ ဒါကို ဟိုအလိုက္မသိတဲ့အဂၤါသမီးက ေလေၾကာရွည္ၿပီး က်ဳပ္ကိုစစ္လားေဆးလာလုပ္ေနေသးတယ္။

" ဟဲ့... ငါေမးတာေျဖအံုးေလ "

" ေအာ္... အင္း ဟုတ္တယ္ "

" ဘာကို ဟုတ္တာလဲ "

" ဆင္ေပါက္ ေနမေကာင္းတာဟုတ္တယ္လို႔..၊ အဲ့တာေၾကာင့္ တစ္ညလံုး.... ငါ သူ႔ကိုျပဳစုေနရလို႔!... ငါ အိပ္ေရးပ်က္သြားတာ ရၿပီလား "

က်ဳပ္ရဲ့စကားေၾကာင့္ ဆင္ေပါက္ရဲ့မ်က္ႏွာေလးက ခ်က္ခ်င္းရဲတက္သြားသည္။ ဟက္.. က်ဳပ္ရဲ့ဗုဒၶဟူးသားေလးကအခုထိကို အပ်ိဳျဖန္းေလးက်ေနတာပဲ၊ က်ဳပ္နဲ႔အတူတူအဝါဟဝိဝါဟလုပ္တာကို ရွက္စရာကိစၥလို႔ အခုထိထင္ေနတုန္းပဲ။ အျခားသူေတြအတြက္ေတာ့ မသိေပမဲ့ ဒါက က်ဳပ္အတြက္ ရွက္ရမဲ့ကိစၥမွမဟုတ္ဘူးလို႔ခံယူထားတယ္။ ေျပာသာေျပာရတာ ညက ဆင္ေပါက္ကို ေတာ္ေတာ္ေတာင္းဆိုလိုက္ရတယ္ဗ်ာ။ မေပးဘူးခ်ည္း ဇြတ္ျငင္းေနတာ၊ ေနာက္ဆံုး က်ဳပ္ကိုမလြန္ဆန္ႏိုင္ေတာ့မွ လက္ခံလိုက္တာ။

ေတလြန္းရဲ့စကားေၾကာင့္ ကြၽန္ေတာ့္မွာ ရွက္လြန္းလို႔အေငြ့ပင္ပ်ံသြားခ်င္တယ္။ ဘာတဲ့၊ တစ္ညလံုး ျပဳစုေနတာတဲ့။ သူျပဳစုထားလို႔ မနက္က တစ္ကိုယ္လံုးကိုက္ခဲေနၿပီး ဘီလူးစီးခံထားရသလို တစ္ကိုယ္လံုးလႈပ္ရျပဳရတာအဆင္မေျပတဲ့အျပင္ ဒူးေတြလည္းက်ိန္း၊ ဇာတ္ေၾကာေတြလည္းနာေနတာပဲ။ ေတာ္ေသးတယ္.. ခပ္ေစာေစာေလးႏိုးၿပီး ေရမိုးခ်ိဳး၊ ၿပီးတာနဲ႔ အရင္က သူဝယ္ေပးထားတဲ့ေသာက္ေဆးနဲ႔လိမ္းေဆး​က်န္ေနေသးလို႔ လူက သြားလာရတာအဆင္ေျပသြားတာ။ ကိုယ့္မွာေတာ့ သူ႔ကို မမစုရဲ့အေျပာကလြတ္ေအာင္ ဖာေတးၿပီးေျပာေပးထားတာကို သူကေတာ့.. ဟင္း။ မေျပာလိုက္ခ်င္ဘူး။

" စုစုစံ.. သြား နင္ျပန္ေတာ့၊ ငါ ျပန္အိပ္အံုးမယ္... နင္ ဆင္ေပါက္ကိုေျပာစရာရိွရင္ ညေနက်မွ တး္ေခါက္ျပန္လာခဲ့၊ သြား.. ျပန္ေတာ့ "

" ကိုယ့္ဘာသာ အိပ္စရာရိွတာသြားအိပ္ပါလား..၊ ငါတို႔ဘာသာ စကားေျပာမယ္ "

" မေျပာနဲ႔...၊ နင့္အသံက ခုႏွစ္အိမ္ၾကားရွစ္အိမ္ၾကားအသံနဲ႔.. ငါ နားၿငီးတယ္ အိပ္လို႔ရမွာ မဟုတ္ဘူး၊ လာ ဆင္ေပါက္... နင့္ဘာသာ ျပန္ခ်င္ျပန္ မျပန္ခ်င္လည္း အဲ့မွာ တစ္ေယာက္တည္း ေနခဲ့ "

က်ဳပ္လည္း ထိုင္ေနတဲ့ဆင္ေပါက္ရဲ့လက္ကိုဆြဲကာ အိမ္ထဲကိုဝင္ၿပီး အိမ္တံခါးႏွစ္ခ်ပ္ကိုဆြဲပိတ္ကာ အထဲကေနကလန္႔ထိုးခ်လိုက္တယ္။

" အမေလး.. ျပန္ၿပီ ျပန္ၿပီ၊ ေမာင္ေလးရွင္ေမႊးေရ မမ ညေနက်မွ တစ္ေခါက္ျပန္လာခဲ့မယ္ေနာ္...၊ ဟိုအေကာင္ ျပန္ၿပီ!... "

မမစုက ခ်က္ခ်င္းထျပန္သြားသည္။ ကြၽန္ေတာ္လည္း သူလုပ္ခ်င္လုပ္ေနတဲ့ေတလြန္းကို ဘာမွေျပာမေနေတာ့။ ကြၽန္ေတာ္ကသာ မမစုကိုအားနာစရာေကာင္းတယ္လို႔ေျပာခ်င္ေပမဲ့ ေတလြန္းနဲ႔မမစုအေၾကာင္းကိုသိေနေတာ့ ကြၽန္ေတာ္ေျပာလည္း ေတလြန္းက နားဝင္မွာမွမဟုတ္တာ။ ၿပီးေတာ့ သူတို႔ေမာင္ႏွမႏွစ္ေယာက္က အဲ့လိုေတြေျပာၾကေပမဲ့ အခ်င္းခ်င္းစိတ္ဆိုးတယ္ဆိုတာက ခပ္ရွားရွားရယ္၊ စိတ္ဆိုးရင္လည္း ခဏပဲ။ ၿပီးရင္ ျပန္အဆင္ေျပသြားၾကတာပဲေလ။

" ဒါက ဘယ္လဲ... "

" မင္းအတြက္ မနက္စာခ်က္ေပးမလို႔ေလ... "

" ရတယ္ မခ်က္နဲ႔၊ ေမာင့္ဆင္ေပါက္ေလးေရာ.. ဘာစားၿပီးၿပီလဲ "

" မင္းဝယ္ေပးထားတဲ့အိုဗာတင္းနဲ႔ကိတ္မုန္႔စားထားတယ္... ငါမွ အမာေတြစားလို႔မျဖစ္တာကို "

" ဟက္!... အဲ့တာေၾကာင့္ အမကို ေမာင္က ျပန္လႊတ္လိုက္တာေပါ့...၊ ေမာင့္ဆင္ေပါက္ေလး အဆင္မေျပတာကို ေမာင္သိလို႔ေလ... "

" အဲ့တာ ဘယ္သူ႔ေၾကာင့္လဲ "

" ဟား... ဟုတ္ပါတယ္ဗ်ာ၊ ေမာင့္ေၾကာင့္ပါ.. ဟုတ္ၿပီလား "

က်ဳပ္ကိုမေက်နပ္တဲ့အၾကည့္ေတြနဲ႔ထိုးစစ္ဆင္ေနတဲ့ဗုဒၶဟူးသားေလးရဲ့ႏႈတ္ခမ္းေလးကို က်ဳပ္ ဆြဲနမ္းလိုက္တယ္။

" အြန္႔!... "

" ေမာင္ အိပ္ေရးမဝေသးဘူး၊ ေမာင္နဲ႔အတူတူ အိပ္ရေအာင္ "

" ဟင္... "

ေတလြန္းရဲ့စကားေၾကာင့္ အနမ္းခံရတာကိုေတာင္စိတ္မဆိုးႏိုင္ဘဲ ကြၽန္ေတာ့္မွာ လန္႔ဖ်တ္သြားတယ္။

" ဟား.. မ်က္လံုးႀကီးအဲ့ေလာက္ျပဴးျပမေနပါနဲ႔ ေမာင္ ဘာမွမလုပ္ပါဘူး၊ ေမာင္က.. ဒီတိုင္းေလး မင္းကိုဖက္ၿပီးအိပ္ခ်င္လို႔ပါ.. ေနာ္ "

ဟူး... ေတာ္ပါေသးတယ္။ ကြၽန္ေတာ္လည္း ေဆးရိွန္ေၾကာင့္ စိတ္ကမအိပ္ခ်င္ေတာ့ေပမဲ့ မ်က္လံုးေတြကေမွးေနတာမို႔ ျငင္းမေနေတာ့ဘဲ ေတလြန္းရဲ့ရင္ခြင္ထဲကိုတိုးဝင္ၿပီး အိပ္စက္လိုက္တယ္။ ရာသီဥတုကလည္း ရုတ္တရက္ႀကီး ကြၽန္ေတာ္တို႔ဘက္ကိုပါလာကာ မိုးေတြအံု႔မွီုင္းလာၿပီးမၾကာခင္မွာပင္ ေလျပင္းအနည္းငယ္နဲ႔အတူတူမိုးေတြသည္းႀကီးမည္းႀကီးရြာခ်လာသည္။ ကြၽန္ေတာ္လည္း ေတလြန္းရဲ့ရင္ခြင္ထဲကိုပိုတိုးဝင္ၿပီးဖက္ထားလိုက္တယ္။ ေတလြန္းကလည္း ကြၽန္ေတာ့္ခါးကိုပိုၿပီးဆြဲဖက္ကာ သူ႔လက္မနဲ႔ခပ္ဖြဖြေလးႏိွပ္နယ္ေပးသည္။ မၾကာမွီမွာပဲ ကြၽန္ေတာ္လည္း ရာသီဥေအးေအးေလးနဲ႔ေတလြန္းရဲ့ေနြးေထြးတဲ့အျပဳအမူဂရုစိုက္မႈေတြေအာက္မွာ သက္ေတာင့္သက္သာနဲ႔လံုးဝအိပ္ေမာက်သြားသည္။

ရင္ခြင္ထဲကက်ဳပ္ရဲ့ဆင္ေပါက္ေလးအိပ္ေပ်ာ္သြားမွ က်ဳပ္လည္း က်ဳပ္ရဲ့စိတ္ေတြကိုစုစည္းထားၿပီး စိတ္တန္ခိုးနဲ႔အမိန္႔အာဏာစက္တစ္ခြန္းဆိုလိုက္သည္။ က်ဳပ္ရဲ့အာဏာစက္က ထိုသူႏွစ္ၪီးထံေရာက္သြားတဲ့အခါမွာေတာ့ မိုးကပိုမိုသည္းထန္စြာရြာသြန္းလာၿပီး ေလျပင္းကၿငိမ္က်သြားသည္။

" ေကာင္းေကာင္းအိပ္စက္ပါ.. ေမာင္ရဲ့ဆင္ေပါက္လ​ေး...၊ ဒီမိုးက ေမာင့္ဆင္ေပါက္ေလး မႏိုးမခ်င္းရြာေနအံုးမွာမို႔.. ေမာင့္ရဲ့ဆင္ေပါက္ေလး အိပ္ေရးဝဝအိပ္ေနာ္... ေမာင့္ေၾကာင့္ ေမာင့္ရဲ့ဆင္ေပါက္ေလး ေတာ္ေတာ္ပင္ပန္းထားရတာ... "

ေတလြန္းက ရွင္ေမႊးရဲ့နဖူးေလးကိုဖိနမ္းလိုက္ၿပီး ႏႈတ္ခမ္းေတြကိုထပ္၍ခပ္ဖြဖြေလးနမ္းကာ သူပါ အတူတူအိပ္စက္လိုက္သည္။ သည္းထန္စြာရြာသြန္းေနတဲ့မိုးေကာင္ကင္ႀကီးထက္မွာေတာ့ သာမန္မ်က္စိနဲ႔မျမင္ႏိုင္တဲ့အလင္းတန္းႏွစ္ခုရိွေနသည္။ အစိမ္းေရာင္နဲ႔အျပာေရာင္အလင္းတန္းျဖစ္ၿပီး ေရွးလူႀကီးရဲ့အဆိုမ်ားအရ နဂါးမ်ားဟာ မိုးနဲ႔ေလကိုထိန္းခ်ဳပ္ႏိုင္သည္ဟု ယံုတမ္းပံုျပင္မ်ားရိွသည္။

Next episode ...........

Continue Reading

You'll Also Like

32.9K 3.1K 7
တစ်ယောက်ကို တစ်ယောက် နူးညံ့စွာ ငြိတွယ်မိကြပြီး ချစ်မြတ်နိုးမိသွားကြတာဟာ အပြစ်တစ်ခု ဆိုပါလျှင် ...။ / / တစ္ေယာက္ကို တစ္ေယာက္ ႏူးညံ့စြာ ၿငိတြယ္မိၾကၿပီး...
1.7M 17.3K 3
*Wattys 2018 Winner / Hidden Gems* CREATE YOUR OWN MR. RIGHT Weeks before Valentine's, seventeen-year-old Kate Lapuz goes through her first ever br...
43.7M 1.3M 37
"You are mine," He murmured across my skin. He inhaled my scent deeply and kissed the mark he gave me. I shuddered as he lightly nipped it. "Danny, y...
2.7K 70 17
ကိုကို ကျွန်တော်ကြောက်တယ် ရှိုင်းရိပ်ခန့် .............. ငါ့ကလေးကိုဘယ်သူထိရဲသလဲ သျှင်းကောင်းထက် .................. start _ 14.8.2023 end _ ......