Canolaပန်း​လေးရဲ့အဓိပ္ပါယ် (C...

By A_Di_Nge

1.4K 115 12

Canolaပန်း​လေးရဲ့အဓိပ္ပါယ်က​ပျော်ရွှင်ခြင်းတဲ့ ဒီပန်း​လေးကိုယူပြီးအသက်တစ်ဘဝလုံး​​ပျော်ရွှင်နိုင်ပါ​စေ​နော် ... More

မိတ်ဆက်ခြင်း
intro
🍀ဆုံစည်းခြင်းရဲ့နိဒါန်း🍀
🌸Canolaပန်းချစ်သူ🌸
🍁ပန်း​လေးရဲ့ကတိစကား🍁
🌹ချစ်ရသူနဲ့ပြန်​တွေ့ချိန်🌹
မခွဲခွာခင်အခိုက်အတန့်🥀
☘ဆန်းကြယ်​သောကံကြမ္မာ☘
ရပ်တန့်ထားချင်​သောအချိန်​လေး🍁
🍂​နောက်ဆုံးအချိန်🍂
❤💚Canolaပန်း​လေးရဲ့အဓိပ္ပါယ် or final
...

🌻လွမ်းဆွတ်ခြင်းရဲ့​နေ့စွဲများ🌻

63 7 0
By A_Di_Nge

ဦး​နှောက်က​ပြောတယ်
မင်းသူ့ကို​မေ့လိုက်​တော့ တဲ့
နှလုံးသားကလည်းမခံချင်စိတ်ဖြင့် ချစ်​ရသူကို​မေ့ဖို့ဆိုတာမိန်းမယူသ​လောက်လွယ်မ​နေဘူး ဆိုပြီးအော်ဟစ်သွား​လေတယ်
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

လွမ်းလိုက်တာကိုကိုရယ်
ကျွန်​တော်လွမ်းလွန်းလို့ရူးမှာပဲဗျာ
ကျွန်​တော်ကိုကို့ဆီလာ​တွေ့ချင်တယ် ကိုကို့ရင်ခွင်မှာခိုနားပြီးက​လေး​လေးလိုအိပ်ချင်တယ်
အဆက်အသွယ်ဖြတ်ခဲ့တာကိုကိုဆို​ လွမ်းရတာလည်းကျွန်​​တော်​ပေါ့
ကိုကိုက​ရော ကျွန်​တော့်ကိုလွမ်းလား

[လွန်ခဲ့​သောတစ်လခန့်]

အဲ့တုန်းကကိုကို​ပြောခဲ့တဲ့စကား​တွေကိုရိ​ပေါ်မယုံပေ
ဘာလို့လည်းဆို​တော့ကိုကိုလမ်းခွဲစ​ပြောတုန်းကကိုကို့မျက်လုံး​တွေက​ကြေကွဲရိပ်သန်း​နေတယ် ကိုကို့မျက်ဝန်း​တွေကလိမ်ညာ​နေတယ်
အဲ့တာ​​ကြောင့်ကိုကိုစ​နောက်​နေတယ်ထင်ခဲ့​ပေမယ့်ကိုကိုကအတည်​ပြော​နေခြင်းပင်
ရိ​ပေါ်နားမလည်ခဲ့ဘူး
လမ်းခွဲစကားကိုအတည်​ပေါက်ကြီးနဲ့လိမ်ညာ​ပြော​နေတဲ့ကိုကိုကဘာကိုဖုံးကွယ်ခြင်​နေတာလည်း
ရိ​ပေါ်ကိုကို့ ကိုစိတ်ဆိုးမိပါတယ်
လမ်းခွဲခြင်း​ကြောင့်မဟုတ် ရိ​ပေါ်ကိုလိမ်ညာခြင်းကြောင့်ပင် အဲ့ဒါ​ကြောင့်ပဲအဲွ​နေ့ကကိုကို့ ကို​အော်ဟစ်ပြီးထားခဲ့လိုက်တယ်
​​ဒါ​ပေမယ့်
​နောက်သုံးရက်​လောက်ကြာ​တော့မိန်းက​လေးတစ်​ယောက်ကသူ့ကို​တွေ့ဖ်ု့ဆက်သွယ်လာ​လေတယ်

အဲ့မိန်းက​လေးချိန်းတဲ့​ကော်ဖီဆိုင်​လေးကို​ရောက်​တော့ဆိုင်ကလူရှင်း​နေ​လေတယ်
ဆိုင်ထဲကိုမျက်စိကစားကြည့်​တော့ဆိုင်ရဲ့​ထောင့်နားကတိတ်ဆိတ်တဲ့ခုံ​လေးမှာတစ်​ယောက်တာ်းထိုင်​နေ​သောမိန်းက​လေးတစ်ဦး
ရိ​ပေါ်လည်းထိုမိန်းက​လေးနားသွားလိုက်တယ်

"​တွေ့ရ​​သောဝမ်းသာပါတယ် ဝမ်ရိ​ပေါ်"

"ဟုတ်ကဲ့ ကျွန်တော့်ကိုဘာကိစ္စ​ကြောင့်​တွေ့ဖို့ချိန်းရတာလည်းဗျ"

"အရင်ထိုင်ပါအုံး"

ရိ​ပေါ်လည်းထိုမိန်းက​လေးနဲ့မျက်နှာချင်းဆိုင်ခုံမှာဝင်ထိုင်လိုက်တယ်

"ကျွန်မနာမည်က မိန်ဇီယိ ပါ
Ziလို့ပဲ​ခေါ်လို့ရပါတယ်"

"ဟုတ်ကဲ့ ကျွန်​တော်ကဝမ်ရိ​ပေါ်ပါ"

"သိပြီးသားပါ အမကကျန့်နဲ့လက်ထပ်မယ့်သူပါ"

"ကျန့် ဆိုတာ"

"​ရှောင်ကျန့်ပါ"

"............."

"ကျန့်နဲ့လမ်းခွဲ​ပေးပါ​မောင်​လေး"

သူမစကား​ကြောင်ွပျက်ယွင်းသွား​​သောမျက်နာနုနု​လေး ရင်​တွေနာလိုက်တာ
သူမလည်းဘယ်ဘဝကဝဋ်​ကြွေးမှန်းမသိ
ကိုယ်ချစ်ရတဲ့idol​လေးကိုကိုယ့်အချစ်ဆုံးသူငယ်ချင်းနဲ့လမ်းခွဲ​အောင်လုပ်​ပေးရတယ်တဲ့

ဟုတ်ပါတယ်
သူမက MTJJတစ်​ယောက်ဖြစ်တဲ့အပြင်Fujoshiတသ်​ယောက်ဆိုလည်းဟုတ်တယ်
ကျန့် ရဲ့အသက်​လေးက ဝမ်ရိ​ပေါ်ဆိုတာသိသိချင်းသူမတကယ်ရင်​တွေကွဲခဲ့ရပါတယ်
Fujoshiတစ်​ယောက်အ​နေနဲ့ အလိုက်ဖက်ဆုံးအတွဲ​လေးကိုမခွဲခွာ​စေချင်တာအမှန်ပင်
ဒါ​ပေမယ့်အချစ်ဆုံးသူငယ်ချင်းရဲ့​တောင်းဆိုမှု​ကြောင့်ရင်နာနာနဲ့ဗီလိန်မ လုပ်ခဲ့ရပါတယ်

"အမရယ် ကျွန်​တော့်ကိုမလိမ်ပါနဲ့လား"

​တောင်းဆိုသလို​လေး​ပြောလာ​သောidol​လေး​ကြောင့်ရင်ကွဲရပါတယ်
ဒီidol​လေးကိုဝမ်းမနည်း​စေချင်တာအမှန်ပင်
ဒါ​ပေမယ့်........

"အမ....အမမလိမ်ပါဘူး
အမအမှန်အတိုင်း​ပြော​နေတာပါကွယ်"

"ဟင့်အင်း..
လိမ်​နေတာ ကိုကို​ရောအမ​ရောလိမ်​နေတာ
ကျွန်​တော့်ကိုလိမ်​နေကြတာ"

​ေ​ပြာပြီး​ပြေးထွက်သွား​​သောidol​လေးရဲ့​နောက်​ကျောပြင်ကိုတစ်ဆုံး​ငေးကာfanတစ်​ယောက်အ​နေနဲ့တာဝန်မ​ကျေဘူးဆိုတဲ့ခံစားချက်ကရင်ထဲမှာကြီးစိုး​နေ​လေတယ်
ဘယ်အရာကစပြီးမှား​နေခဲ့မှန်းမသိ​တော့ပါဘူး

_ _ _ _ _ _ _ _ _ _ _ _ _ _ _ _

ရိ​ပေါ်အခုတရုတ်ကိုပြန်​ရောက်လာ​လေပြီ
အဲ့တုန်းကရိ​ပေါ်အ​ရေးတကြီးကိစ္စတစ်ခု​ကြောင့် ကိုရီးယားကိုခနသွားခဲ့ရတယ်  မသွားခင်ကိုကို့ ကို​တွေ့ဖို့ပန်းဆိုင်​လေးကိုလာခဲ့​​ပေမယ့်ပန်းဆိုင်​​လေးကပိတ်ထားတယ် အဲ့ကတည်းကစပြီးကိုကို့ ကိုဆက်သွယ်လို့မရခြင်းပင် စန်စန်တို့ကို​မေး​တော့ကိုကို ကခရီးထွက်သွားတာတဲ့ ဘယ်သွားလည်း​တော့မ​ပြောသွားဘူး ဆိုပဲ ကိုကိုကကျွန်​တော့်ကိုအဆက်အသွယ်​တွေအကုန်ဖြတ်သွားခဲ့တယ် ကိုကို့ ကိုဖုန်းဆက်တိုင်း လူကြီးမင်းနဲ့သာတိုး​နေခြင်း​ကြောင့်ကိုကို့ဆီမဆက်သွယ်ဖြစ်​တော့​ပေ
အခုကျွန်​တော်ပြန်လာပြီ
ကိုကို ကျွန်​တော့်ကိုလွမ်း​နေမယ်လို့ကျွန်​တော်ယုံကြည်တယ်ကိုကို

_ _ _ _ _ _ _ _ _  _  _ _  _ _ _ _

"ဘယ်လို....!!"

"ဝမ်​ကောရယ် အဲ့​လောက်လည်းမ​အော်ပါနက်
​ဖေးအာလန့်လို့ပါ"

"ဘာလို့ကိုကိုကဆိုင်ကို​ရောင်းသွားတာလည်း"

"​ဖေးအာတို့လည်းမသိဘူူ
​ဖေးအာတို့ကိုအကိုပိုင်တန်းရဲ့ဆိုင်မှာအလုပ်အပ်​ပေးပြီးဆရာ​ရှောင်းကဆိုင်ကို​ရောင်းပစ်လိုက်တာပဲ"

"အခုကိုကိုဘယ်မှာလည်းသိလား"

"​ဖေးအာမသိဘူး"

ရိ​ပေါ်ဆံပင်​တွေကိုစိတ်ရှုပ်စွာဖွလိုက်မိတယ်
ကိုကိုကသူ့ကိုဘာဖြစ်​စေချင်​နေတာလည်းမသိ​တော့ဘူး ရိ​ပေါ်ဖုန်းကိုထုတ်ကာ KoKo ဆိုတဲ့contact name​လေးကိုနှိပ်ကာဖုန်း​ခေါ်လိုက်တယ်
ဒါ​ပေမယ့် လူကြီးမင်းကသာဖုန်း​ဖြေ​လေတယ်
ရိ​ပေါ်ချက်ချင်းပင်ဆိုင်ကယ်​​ပေါ်တက်ကာတစ်​နေရာဆီဦးတည်လိုက်တယ်

"ကိုကို..!!ကိုကို!!!!"

Canolaပန်းခင်းထဲ​ရောက်လာ​ပေမယ့်လူအရိပ်​တောင်မ​တွေ့​ပေ ကိုကိုရှိနိုင်တဲ့​နေရာ​တွေကိုလိုက်ရှာ​ပေမယ့်ကိုကို့ ကိုလုံးဝမ​တွေ့​ပေ ကိုကိုဘယ်​တွေသွား​နေပါလိမ့်

​ကောင်းကင်ပြာပြာကြီး​အောက်မှာတည်ရှိ​နေပြီး​မြေပြင်​ပေါ်မှာရပ်တည်နေတာခြင်းတူတူ​တောင်​ကောင်​လေးနှစ်​ယောက်က​ဝေးကွာ​နေရတယ်

ကံကြမ္မာကဆန်းကျယ်လွန်းပါတယ်

_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

"နင်ဒီတိုင်း​နေ​တော့မှာလား"

"ဒီတိုင်းမ​နေလို့ငါကဘာလုပ်ရမှာလည်း"

"နင်ပုန်း​နေတာနဲ့ပဲအားလုံးအဆင်​ပြေသွားမှာလား"

"အနည်းဆုံး​တော့သူတို့ငါ့ကို​မေ့လွယ်တာ​ပေါ့"

"ရိ​ပေါ်ကနင့်ကိုအရမ်းချစ်တာ​နော်
သူ​မေ့သွားမယ်လို့ထင်လား"

သူမရဲ့အ​မေးစကား​ကြောင့်​ရှောင်ကျန့်ကတခနတာငြိမ်သွား​လေတယ် တစ်ခနတာပါပဲ
ပြီး​တော့သူ ုပ်စရာရှိတာကို​အေး​ဆေးပင်ပြန်လုပ်​နေတယ်

"အသက်​လေးငါ့ကိုရှာမ​တွေ့နိုင်ပါဘူး​နော်"

"သူမရှာရင်မ​တွေ့နိုင်ဘူး"

​ရှောင်ကျန့်အခု​ရောက်​နေတာကziရဲ့အ​ဒေါ်အိမ်တွင်
ဒီ​နေရာလေးကချုံချင်းမြို့ထဲမှာပဲဆို​ပေမယ့်လူအသွားအလာနည်းတဲ့အပြင်လူ​ချေလည်းတိတ်​သေး။
ဒီလို​​အေးချမ်းတဲ့​နေရာ​လေးမှာအသက်​လေးနဲ့အတူ​နေချင်တာအမှန်​ပေမယ့်အခု​တော့သူတစ်​ယောက်တည်းပင် ဒါလည်း​ကောင်းပါတယ်​လေ

_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

"ကိုကို...ကိုကို...ဟင့်...ကိုကို!"

အိပ်​နေရင်း​တောင်မှ ဒီနာမ်စား​လေးကိုသာတ​နေမိတယ်
အိမ်မက်ထဲမှာကိုကိုကသူ့ကိုထားခဲ့​လေတယ်
ကိုကိုကသူ့ကို​ကျောခိုင်းလို့ထွက်သွား​လေတယ်
ထိုအိမ်မက်ဆိုးက​နေနိုးထလာချိန်မှာတစ်ကိုယ်လုံး​​ချွေး​တွေနဲ့နစ်လို့ ကိုကိုမရှိတဲ့ဘဝကြီးကသာယာမ​နေပါ
#wang  
                                     

မနပ်ခင်းနိုးထလာတာနဲ့ဖုန်းကိုသာဖွင့်ကြည့်မိတယ်
Wallpaperမှာပြုံးရယ်​နေတဲ့အသက်​လေးကိုမြင်ပြီးမှသူရဲ့မနက်ခင်းကိုစတင်ဖြစ်တယ်
ကုတင်​ပေါ်မှထလို့​ရေချိုးခန်းထဲဝင်ကာတစ်ကိုယ်​ရေသန့်ရှင်း​ရေးလုပ်ပြီးသည်နဲ့အဝတ်အစားလဲကာစ​တော်ဘယ်ရီခင်းထဲဆင်းရ​လေတယ်

စတော်ဘယ်ရီ​တွေကချိုပါတယ်
အသက်​လေးရဲ့အပြုံးကို​တော့မမှီဘူးရယ်
စ​တော်ဘယ်ရီကိုပျားရည်နဲ့တို့စားရင်​တောင်အသက်​လေးရဲ့အပြုံး​လောက်မချိုဘူးလို့​ပြောရင်ပျား​လေး​တွေကစိတ်​ကောက်​​လေမလား
#xiao

ကျွန်​တော်ပြုံး​နေတယ်
ဒါ​ပေမယ့်.............
အပြုံးမျက်နှာဖုံး​အောက်က​လွမ်းရိပ်သန်း​နေတဲ့မျက်နှာ​လေးကို​တော့ ကိုကို မြင်ပါ​စေ
#wang

ပါးနဲ့မားက​မေး​နေပြီကိုကို
သူတို့သမက်​လေး​ရောတဲ့
ကျွန်​တော်ဘယ်လိုပြန်​ဖြေရမလည်း
#wang

Canolaပန်း​လေး​တွေက​ပြော​နေပြီ
မှဲ့နက်ပိုင်ရှင်​လေးကိုရှာ​ပေးပါတဲ့
#wang

ကိုကိုမရှိ​တော့Canolaပန်း​လေး​တွေလည်းမ​ေပျာ်ဘူးထင်ပါရဲ့ဗျာ
အခု​တော့ကြည့်ပါအုံး
ပန်း​လေး​တွေကအရင်​လို​လေ​ပြေ​တွေကြားယိမ်းနွဲ့လို့ကမ​နေ​တော့ဘူး
#wang

ကျွန်​တော်ဘာလို့သရုပ်​​ဆောင်လုပ်ခဲ့မိပါလိမ့်
စုံ​ထောင်လုပ်ခဲ့ရင်​​ကောင်းသား
အဲ့ဒါဆိုကိုကို့ ကိုရှာရတာပိုလွယ်မယ်နဲ့ထင်ပါရဲ့ဗျာ
#wang

မိုးရွာတဲ့​နေ့ဆို အသက်​​လေးရဲ့ရင်ခွင်​
နွေး​နွေးကိုလွမ်းရပါတယ်
#xiao

​နေသာတဲ့​နေ့ဆိုအသက်​လေးရဲ့
အသံ​အေး​အေး​လေးကိုလွမ်းရတယ်
#xiao

နှင်းကျတဲ့ညဆို အသက်​လေးရဲ့
လက်ဖဝါးနုနု​လေးကိုလွမ်းရပါတယ်
#xiao

ကိုယ့်ရဲ့ဒဏ္ဍာရီစာအုပ်ထဲမှာ " I miss you "
ဆိုတဲ့စကားလုံး​လေးသာပြည့်​နေပါပြီကွယ်
#xiao

' အသက်​လေး'ဆိုတဲ့နာမ်စား​လေးအတိုင်းပဲ
ကိုယ်ကအသက်​လေးမရှိရင်အသက်ရှင်လျက်နဲ့​သေ​နေသလိုပါပဲကွယ်
#xiao

ကြယ်​လေး​တွေကလှပါတယ်အသက်​လေးရဲ့မျက်ဝန်း​လေး​တွေကို​တော့မမှီဘူး လို့ဆို​တော့
ကြယ်​လေး​တွေကစိတ်​ကောက်ပြီးတိမ်​တိုက်ကြားဝင်သွား​လေတယ်
#xiao

လွမ်းတယ်အသက်​​လေးရယ်
ကိုယ်မျက်ရည်မကျဘူး
ကိုယ်ပြုံး​နေတယ်ဒါ​ပေမယ့်...
နှလုံးသားက​တော့လွမ်းလွန်းလို့နာကျင်​နေ​လေတယ်
#xiao

ဒဏ္ဍာရီစာအုပ်​လေးကို​မေးကြည့်လိုက်ပါအုံးကိုကို
ကိုကို့ ကိုလွမ်း​ကြောင်း​ရေးထားတဲ့စာသား​တွေသာပြည့်​နေပါပြီလို့သူပြန်​ဖြေပါလိမ့်မယ်
#wang

မ​တွေ့ရတဲ့ဒီ3လအတွင်းမှာ
လွမ်းတဲ့စိတ်ကပိုလို့များလာ
အပြုံး​တွေရဲ့အ​နောက်မှာ
အမုန်း​တွေလည်းမရှိပါ
အဆက်အသွယ်​တွေဖြတ်သွားတဲ့ကိုကိုရယ်
သံ​ယောဇဥ်​တွေ​တော့မဖြတ်လိုက်ပါနဲ့လား
#wang

ကျွန်​တော့်ရင်ခွင်မရှိဘဲကိုကိုမ​နေနိုင်သလို
ကိုကို့ရင်ခွင်မရှိဘဲကျွန်​တော်လည်းမ​နေနိုင်ပါ
#wang

​ပုန်းထားအုံး​ပေါ့ကိုကိုရယ်
ရှာ​တွေ့တဲ့တစ်​နေ့ခင်ဗျားကိုကျွန်​တော့်နှလုံးသားထဲမှာ​သံ​ယောဇဥ်ကြိုး​တွေနဲ့ချည်​နှောင်လို့ပိတ်​လှောင်ထားပါအုံးမယ်
#wang

ဒီလို​ဝေးရမယ်ဆိုတာကြိုသိခဲ့ရင်
အစကတည်းကမဆုံ​​တွေ့​အောင်​နေခဲ့ပါတယ်
အခု​တော့အသက်​လေးကသက်သက်မဲ့မျက်ရည်ကျရအုံးမယ်
#xiao

_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _
တိုသွားတယ်​နော်
အကြာကြီး​ပျောက်သွားမိလို့​ဆောတီးပါ ဟီးဟီး😁
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

Words - 1909
Update - 31,3,2924
Arthur - Zora_Virgo













Continue Reading

You'll Also Like

8.1K 523 10
နှစ်​သက်​လက်​​ဆောင်​အ​နေနဲ့ ​ရေးသားခြင်းပါ။ ဇာတ်​လမ်းအ​ရေးအသားအားလုံးက လင်း​နေရဲ့ စိတ်​ကူးကို ပုံ​ဖော်​ထားခြင်းပဲဖြစ်​ပါတယ်။ Short Story ​ပါ__ အခ...
208K 4.3K 47
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
789K 29.4K 105
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
645K 32.5K 60
A Story of a cute naughty prince who called himself Mr Taetae got Married to a Handsome yet Cold King Jeon Jungkook. The Union of Two totally differe...