Fallin'Harder
By blue_berryke
14.2K 1.4K 388
• Ricky fell first but Ji fell harder • Kim Ji Woong+Ricky Shen //WoongRi// written by blue_berryke More
01
02
03
04
05
06
07
08
09
10
11
12
13
14
15
16
17
19
18
331 48 22
By blue_berryke
Unicode
စားပွဲပေါ်မှ ကြွေပန်းကန်များ ကြမ်းပြင်နှင့်ထိခတ်ကာကျကွဲသံများကြောင့် စားသောက်ဆိုင်ထဲမှာရှိတဲ့ လူအားလုံး လှည့်ကြည့်ကုန်ကြသည်။
ရုတ်ရုတ်သဲသဲဖြစ်နေတဲ့အခြေနေကြောင့် Ji Woong တို့လည်း Ricky ဆီချက်ချင်းပြေးလာကြပါ၏။
"ဘာဖြစ်တာလဲ?...ရွေ့ရွေ့မင်းအဆင်ပြေရဲ့လား?"
Lee Teak ရှေ့မှာတင် ပခုံးအားဆုပ်ကိုင်ထားသော ချွမ်ရွေ့ကြောင့် ဂျီဝန်းတော်တော်စိတ်ပူသွားမိသည်။ဖန်ကွဲစတွေကလည်း ဘေးမှာ ပွဇာကျဲနေတာမို့ အခြေနေဟာ တော်တော်တင်းမာနေသည့်အနေထား...
"Ooh...sorryပါကွာ...ငါက မတော်တဆ Shen Quan Rui ကိုဝင်တိုက်မိလိုက်ရုံပါ....ဘာမှမဖြစ်ဘူး ဟုတ်တယ်မှတ်လား???"
ချွမ်ရွေ့ငယ်ငယ်ကတည်းက ဆိတ်ဆိတ်နေတတ်တဲ့လူမို့ သူ့ကိုဘယ်သူက ဘယ်လိုပဲအနိုင်ကျင့်ကျင့် သည်းခံလိုက်တယ်။အနိုင်ကျင့်ခံရတဲ့လူက ကိုယ်မဟုတ်သလိုပဲ....မသိချင်ယောင်‌သာဆောင်နေလိုက်တယ်။ငယ်ငယ်ကတည်းက အဖေက စွန့်ပစ်ထား၍ မိဘမဲ့လူတစ်ယောက်အဖြစ် အတန်းဖော်တွေကြားမှာလည်း နာမည်ကြီးတယ်လေ။ပုံစကလည်း ကပြားတစ်ယောက်မို့ ရှန်ချွမ်ရွေ့က ပိုပြီးတော့တောင်အနိုင်ကျင့်ချင်စရာလေး.....။ ဤသို့ အနိုင်ကျင့်ဖို့လွယ်ကူတဲ့သူမို့ အမြဲတမ်း ဒုက္ခပေးချင်တဲ့လူတွေက အများသား....အဲ့ထဲမှ Lee Teak ကတော့ရှေ့ဆုံးကပေါ့။တစ်ကယ်တော့ Lee Teak နဲ့သူက အလယ်တန်းထိ တစ်မြို့နယ်တည်း၊တစ်ကျောင်းထဲ၊တစ်ခန်းထဲမှာ အတူတူစာသင်ခဲ့ဖူးတယ်.....
အဲ့တုန်းကလည်းအလိုလိုနေရင်း တစ်ခုပြီးတစ်ခုပြဿနာလာရှာနေကျလူကို ချွမ်ရွေ့က ဆရာမနဲ့တိုင်ဖို့တောင်မစဉ်းစားခဲ့ပါဘူး။အဲ့တာက တစ်ကယ်တော့ သူ့အမေက ကျောင်းမှာရန်မဖြစ်ရဘူးလို့မှာထားခဲ့လို့လေ.....
အကယ်၍သူမိဘခေါ်ခံရရင် သူ့အမေကိုနှောင့်ယှက်သလိုဖြစ်သွားမှာပေါ့....။ဖခင်ကိုခေါ်ဖို့ကလည်း သူ့အဖေကိုယ်တိုင်က စွန့်ပစ်ထားတာမို့ အလုပ်မအားတဲ့အမေကပဲ သူ့ပြဿနာကိုဖြေရှင်းဖို့ မအားမလပ် ပြေးလာရလိမ့်မယ်....။အဲ့တာကသူမအတွက် သိပ်ကို ဒုက္ခဖြစ်စေပါတယ်။ဒါကြောင့် သူအားလုံးကိုသည်းခံနိုင်ခဲ့တာဖြစ်တယ်။နောက်တော့ အလယ်တန်းတက်နေရင်းမှပင် Lee Teak ကိုယ်တိုင်ကျောင်းပြောင်းသွားတော့ သူတော်တော်လေးပျော်ခဲ့ရတယ်....။နောက်ဆုံးတော့သူကောင်းကောင်းမွန်မွန်ကျောင်းတက်နိုင်ခဲ့ပြီမဟုတ်လား?
အဲ့ဒီ့နောက် အထက်တန်းတက်ရပြန်တော့ သူတို့မြို့နယ်လေးမှာသိပ်မပြည့်စုံတဲ့အတွက် တက္ကသိုလ်ကောင်းကောင်းကိုတက်ရဖို့ အထက်တန်းကျောင်းကောင်းကောင်းတက်နိုင်မှ အဆင်ပြေမှာဖြစ်လို့....ကျောင်းပြောင်းခဲ့ရတယ်။
အဲ့မှာစပြီး Lee Teak နဲ့ထပ်တွေ့ပြန်တာပဲ.....။
‌နောက်Kim Ji Woong ဆိုတဲ့လူကပါ အနိုင်ကျင့်ဖို့ထပ်တိုးလာပြန်တယ်။အထက်တန်းရောက်တော့ Ji Woongတို့ကလွဲပြီး သူ့ကိုအနိုင်ကျင့်ကြတဲ့လူသိပ်မရှိတော့ပါဘူး။
ငယ်ငယ်ကဆို သူ့ခဲတံတွေကိုချိုးပစ်ကြတာဖြစ်ဖြစ်၊ခဲဖျက်ကိုဖွက်ထားတာဖြစ်ဖြစ်၊စာရေးခုံကိုအခန်းဒေါင့်အမှိုက်ပုံးနားရွှေ့ထားကြတာဖြစ်ဖြစ် အနိုင်ကျင့်ကြတာမျိုး....တစ်ခါတစ်လေဆို သူ့လွယ်အိတ်ကိုပါ ဖွက်ထားကြသေးတယ်။သူကြိုးစားပြီး လွယ်အိတ်ကိုရှာခဲ့ပင်မဲ့ မတွေ့တော့တဲ့အဆုံး ဆရာမကိုပဲကူရှာပေးဖို့ပြောရတယ်။အဲ့ချိန်ဆို လွယ်အိတ်က သူ့ခုံပေါ်မှာ နေရာတကျပြန်ရောက်နေပြန်ရောလေ.....။ဆရာမက သူ့ကိုမယုံပါဘူး။သူရှင်းပြရင်လည်း....အဆင်မပြေတာမို့ ဆရာမဆူရင် ခေါင်းငုံ့တောင်းပန်လိုက်ရုံသာ...
အထက်တန်းရောက်တော့ သူ့ကို အခိုင်းစေတစ်ယောက်လို ပစ္စည်းတွေဝယ်ခိုင်းတာရှိတယ်။အသင်းဖွဲ့အိမ်စာကို သူ့တစ်ယောက်ထဲပယ်ထားတာမျိုးလည်းရှိတယ်။ဒါမှမဟုတ် သူ့ကိုချည်း လုပ်ခိုင်းတာမျိုးပေါ့....များသောအားဖြင့်ဒါတွေက Kim Ji Woong အနိုင်ကျင့်နေကျပုံစံတွေပေါ့....
ထူးဆန်းလာတာက သူ့ဆီကိုအဆောင်ပြောင်းပြီးကတည်းက အဲ့ဒီလိုသူထပ်မလုပ်တော့တာဘဲ။တခြားသူတွေအနိုင်ကျင့်နေရင်တောင် ချက်ချင်းရောက်လာပြီး အဲ့ဒီ့လူတွေကိုပြန်ပြဿနာရှာတာမျိုးလေ.....။သူတော်တော်အံ့ဩသွားခဲ့ရတာ...။‌ချွမ်ရွေ့ ဘဝမှာ သူ့အမေပြီးရင် ဒုတိယသူ့ကိုကာကွယ်ပေးတဲ့လူ မရှိခဲ့ဖူးဘူး။
အဲ့ဒီ့လူ Kim Ji Woong က တစ်သက်လုံးသူ့အနားမှာနေပြီး ကာကွယ်ပေးနိုင်ဖို့ သူဆုတောင်းခဲ့ဖူးတယ်.....။
Lee Teakရဲ့အနောက်မှ တဖြေးဖြေးချင်းသူတို့ဆီလျှောက်လာတဲ့ ဒေါက်ဖိနပ်သံကြောင့် Quan Rui အတွေးတို့ လက်ရှိကာလကိုပြန်ရောက်လာသည်။
ထိုမိန်းကလေးက Lee Teak ရဲ့အမ Lee Hae Miကလွဲပြီး မည်သူဖြစ်နိုင်မည်နည်း။
အဲ့ဒီ့မိန်းကလေးက သူမရှိခင် Ji Woong အနားမှာကပ်တွယ်နေပြီး လက်ထပ်ဖို့တောင် ကြိုးစားတဲ့လူ။
ဆေးခတ်ကာ ကိုယ့်ကိုယ်ကိုယ်ရောင်းစားတဲ့လုပ်ရက်မျိုးက....သိပ်အောက်တန်းကျလွန်းတာမဟုတ်ဘူးလား?
အခု ဒီနေရာမှာ မောင်နှမနှစ်ယောက်လုံးပြန်ပေါ်လာပြီး ဘာများ လုပ်ချင်နေတာပါလိမ့်?
မိတ်ကပ်အထူအား မျက်နှာပေါ်တင်ထားပြီးနှုတ်ခမ်းနီကို နီရဲနေအောင်ဆိုးထားတဲ့ဒီမိန်းကလေးရဲ့အကြည့်တွေက စလာကတည်းက Ji Woong ထံ၌သာ....။သိပ်ရဲတင်းလွန်းနေတာပဲ...!
"ငါ့မောင်လေး...ဘာဖြစ်လို့လဲ? အိုကွယ်...မမခဏလေးအပြင်မှာ ဖုန်းသွားပြောမိတာကို.. ဒါကဘယ်လိုဖြစ်သွားတာလဲ? သူမင်းကိုထိခိုက်အောင်လုပ်လိုက်တာလား....ဘာဖြစ်သွားသေးလဲ Teak?"
Shen Quan Rui အံကိုကြိတ်လိုက်သည်။ဘာမှမစဉ်းစားတော့ဘဲ Ji Woong ပုခုံးပေါ် ချက်ချင်းမှီချလိုက်တော့၏။
"ကိုကို....ငါ့ပခုံးနာသွားပြီ...ဟင့်"
ဤသို့ မိမိပခုံးကိုလာမှီကာ ကလေးတစ်ယောက်လို ရုတ်တရပ်လာချွဲပါသော ချွမ်ရွေ့ကြောင့် ဂျီဝန်း မျက်ခုံးများပင့်မိသွားသည်။ရင်ထဲ၌ ပုရွက်ဆိတ်များ ရွေ့လျားနေသလိုမျိုး ယားကျိကျိခံစားလိုက်ရကာ ကြိတ်ပြုံးမိတော့သည်။
"အိုး...ကိုကို့ကလေးလေး ပခုံးနာသွားပြီ....ပြပါအုန်း ။ကိုကိုအုံဖွလုပ်ပေးမယ်နော် အာဘွား အာဘွား"
ဒီလိုရုပ်တည်ကြီးနဲ့ ဒီလိုစကားတွေပြောထွက်တယ်ဆိုတာ တော်ရုံစကေးနဲ့တော့မရဘူး.....
Leeမောင်နှမအပြင် ဘေးနားမှာရှိနေသော Gyuvin နှင့် Yujinတို့ပါ မျက်နှာသေဖြင့် ဆွံ့အလျက် ကြည့်နေမိတော့သည်။မျက်နှာထက်၌ ပြောစရာစကားမရှိတော့ဘူးဆိုသည့် ပုံစံများဖြင့်သာ....
ယူဂျင်းဆိုရင် ဒါသူ့အကိုမှဟုတ်ရဲ့လားလေဆိုသည့်အကြည့်လေးအား မဝံ့မရဲဖြင့် ကြည့်နေရှာ၏။
ပုံမှန်ဆို ခံစားချက်ကိုထုတ်မဖော်ပြတတ်တဲ့ ရေခဲလူသားလို...သို့မဟုတ်...ခံစားချက်မရှိတဲ့ စက်ရုပ်တစ်ရုပ်လိုမျိုးချွမ်ရွေ့နေထိုင်နေကျလေ။
အခုမှဘယ်လိုလုပ် ကိုကို့ကလေးလေးဖြစ်သွားရတာတုန်း!
"လူတွေအများကြီးရှေ့မှာ ရှင်တို့ဘယ်လိုဖြစ်နေကြတာလဲ! အရှက်ကိုမရှိကြဘူး!!!!"
"မင်းအပူပါလား?"
ခတ်ထန်ပြတ်သားလှသော မာ‌ကြောမှု‌များက တခြားလူများရှေ့ရောက်သွားလျှင် ပြန်ပေါ်လာပြန်သည်။တစ်ကယ့်ကို ကင်မ်ဂျီဝွန်းသည် မျက်နှာနှစ်ဖက်ရှိသော လူစားမျိုးဖြစ်၏။
"ရှင်!! မိန်းကလေးတစ်ယောက်နဲ့ပြိုင်ပြောနေတာ မရှက်ဘူးလား?"
"မင်းရဲ့မောင်ကရော လူတစ်ယောက်ကို ဝင်တိုက်ပြီး တောင်းပန်ရမှာကို နားမလည်ဘူးလား?"
စကားသံဟာ တစ်စတစ်စပိုကျယ်လာတာမို့ ပြဿနာကဒီ့ထက်ကြီးရုံသာရှိတော့သည်။
Lee Teak စူးစိုက်ကြည့်ပြီး တောင်းပန်၏။မျက်နှာပေါ်တွင်တော့ တောင်းပန်ချင်စိတ်တစ်စက်မှမရှိ။
"Sorry ငါမမြင်လိုက်လို့"
"လူတစ်ယောက်လုံးကိုမှ မမြင်ရင် မင်းမျက်လုံးကို ဘာအတွက်သုံးနေသေးတာလဲ? အမှိုက်လောက်တောင်တန်ဖိုးမရှိတော့ရင်လည်း မင်းမျက်လုံးတွေကိုဖောက်ထုတ်ပစ်လိုက်!"
ထို့နောက် ဆိုင်ထဲမှ ချွမ်ရွေ့လက်ကိုဆွဲကာ ဂျီဝန်းထွက်သွားတော့သည်။
Gyuvin လည်းထိုမောင်နှ‌မနှစ်ယောက်ကို စူးစူးရှရှ အပေါ်အောက်စုံကြည့်သွားလေ၏။ဟန်ယူဂျင်းကတော့ ချွမ်ရွေ့နောက်ကို ပြေးလိုက်သွားသည်။
"ငါမင်းတို့ကိုသတိပေးလိုက်မယ်...နောက်တစ်ခါ Kim Ji Woong ကို ရန်သွားမစနဲ့"
ထိုမောင်နှမနှစ်ယောက်မှာတော့ ပတ်ဝန်းကျင်က အကြည့်တွေအောက် တောက်တစ်ခေါက်ခေါက်ဖြင့်သာ ကျန်နေခဲ့တော့သည်။
----------
ထိုကိစ္စဖြင်ပြီးနောက်.....ရှန်ချွမ်ရွေ့ အခန်းထဲမှ ထွက်မလာတော့ချေ။ခုံပေါ်တွင်ထိုင်ကာ ပြတင်းပေါက်အပြင်ဘက်မှ ပင်လယ်ကြီးကိုသာ ငေးရင်း ငြိမ်သက်နေပါ၏။Ji Woong အခန်းထဲဝင်လာတာကိုလည်းသိပုံမရ၊ထိုသူ၏ စိတ်အစဥ်မှာလွင့်မြောနေသည့်ပုံပေါ်နေသည်။
"ရွေ့ရွေ့...မင်းဒဏ်ရာကို ကိုယ်ဆေးလူးပေးမယ်နော်..."
Kim Ji Woongက ကြမ်းပြင်ပေါ် သို့ ဒူးထောက်ချလိုက်၍ Quan Rui ထိုင်နေတဲ့ထိုင်ခုံနှင့် တစ်တန်းတည်းဖြစ်သွားသည်။ဒီတော့မှ ချွမ်ရွေ့ကသူ့ဘက်ကို ကြည့်လာပြီး...
"တစ်ကယ်တော့ ငါ့ပုခုံးက ဘာဒဏ်ရာမှမဖြစ်ပါဘူး"
"...ကိုယ်ပြောတာ မင်းခြေထောက်"
ထိုအခါ ချွမ်‌ရွေ့မှာ သူ့ခြေထောက်သူပြန်ကြည့်၍ ဘယ်လိုသိတာလဲဆိုသည့်အကြည့်များ မျက်ဝန်းထဲ၌ အထင်းသား.....
သူတစ်ကယ်တော့ ရွေ့ရွေ့ သူ့ပုခုံးအားလာမှီကတည်းက မြင်မိခြင်း။ပုခုံးဒဏ်ရာကလည်းဘာမှမဖြစ်တာ သူအစကတည်းကသိပါတယ်....
ဖန်ကွဲစတစ်ချို့စင်ထားသော ခြေထောက်တစ်ဖက်မှာ ရှရာအနည်းငယ်ဖြင့် သွေးစို့ကာ နီရဲနေချေပြီ။
Ji Woong ယူကြည့်ကာ မျက်မှောင်ကျုံ့လျက် အံတင်းတင်းကြိတ်မိတော့ ကောင်လေးငယ်က ရုန်းရှာပြန်သည်။
"ငြိမ်ငြိမ်နေ...ကိုယ်က မင်းဒဏ်ရာကို ဆေးထည့်ပေးချင်ရုံပါ..."
".....အင်း....."
ငြိမ်ကျသွားသည့်ကောင်လေးမှာ သူ့အကျင့်အတိုင်း ချက်ချင်းတိတ်ဆိတ်သွားပြန်၏။အခန်းတွင်းလေထုအပူချိန်မှာလည်း အနည်းငယ်ပူနွေးလာသယောင်ပင်....
ပင်လယ်လေကြမ်းများ တိုက်ခတ်နေသည့်တိုင်...ချွမ်ရွေ့နားသယ်စပ်ကလေးမှာ ချွေးများစို့နေသလိုမျိုး....
"ဒဏ်ရာက အရမ်းနာနေလား??"
"ဟင့်အင်း"
"ဘာလို့ညာတာလဲ?"
"အဲ့ဒီ့အတွက်ငါတောင်းပန်ပါတယ်...။ငါ မင်းကိုအသုံးချပြီး လိမ်ပြောမိသလိုဖြစ်သွားတာ"
ကင်မ်ဂျီဝွန်း မျက်မှောင်ကျုံ့လိုက်သည်။
ရှန်ချွမ်ရွေ့က ဘယ်လို အရူးလေးလဲ....
တုံးလိုက်တာ လွန်ပါရော...
"ကိုယ်ပြောတာ...စောနကလို ဘာလို့အင်းလို့ခေါင်းမငြှိမ့်တာလဲလို့။ရွေ့ရွေ့က နာတယ်လို့ခံစားရရင် နာတာကို အမှန်အတိုင်း ကိုကို့ကိုပြောပြရမယ်လေ"
"တောင်းပန်ပါတယ်"
"ဒါကရော ဘာအတွက်တောင်းပန်တာလဲ?"
"...ငါ...မသိဘူး..."
မျက်ဝန်းအိမ်လေးထဲ၌ မျက်ရည်ကလေးများရစ်သီလာသည်။မျက်ဆံလေးနှစ်ဖက်မှာ မျက်ရည်မကျစေရန်အလို့ငှာ..ဦးတည်ရာမဲ့ ပြေးလွှားလျက် ချွမ်ရွေ့ ပုံစံမှာ သနားစရာကလေးတစ်ယောက်လိုပင်......
ဒဏ်ရာပေါ်ထည့်လက်စ ဆေးဘူးအား ဘေးစားပွဲပေါ်တင်လိုက်ပြီး Kim Ji Woong က ချွမ်ရွေ့ကိုယ်လေးအား ရင်ခွင်ထဲဆွဲသွင်းလိုက်ရင်း တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်၏။ကျောပြင်လေးအား ခပ်ဖွဖွပုတ်ပေးရင်း....ထိုလူ့ပုံစံမှာကလေးတစ်ယောက်ကို နှစ်သိမ့်ချော့မြူနေသည့်ဟန်...
ထို့နောက် လေသံအေးအေးလေးဖြင့် ငြင်ငြင်သာသာပြောလာခဲ့သည်။
"ကိုယ့်ရဲ့ကလေးလေးက ဘာအမှားမှ မလုပ်ခဲ့လို့ တောင်းပန်စရာမလိုဘူးနော်...ဟုတ်ပြီလား...အကယ်၍ မင်းဘက်က အမှားတစ်ခုခုလုပ်ခဲ့ရင်လည်း ကိုယ်က ခွင့်လွှတ်ပြီးသားပါ"
ဒီတော့မှ ကျောပြင်ငယ်ဟာ တသိမ့်သိမ့် တုန်ရီလာပြီး ထိစပ်နေသော သူ့ပုခုံးထက်၌ မျက်ရည်များစိုစွတ်လာခဲ့သည်။
Shen Quan Rui မှာရှိုက်သံတိုးတိုးလေးဖြင့် မပီမသရေရွတ်လျက် ...
"ငါငယ်ငယ်ကတည်းက အဖေရှိရက်နဲ့ စွန့်ပစ်တာကိုခံခဲ့ရတယ်...အမေကလည်း တခြားနိုင်ငံသူမို့ လူတိုင်းရဲ့မျက်လုံးတွေထဲ ပါးစပ်တွေထဲမှာ ရစရာမရှိတဲ့စကားလုံးတွေနဲ့ရှင်သန်ခဲ့ရတယ်....။အဖေမရှိ၊ဆွေမျိုးမရှိ၊သားအမိနှစ်ယောက်ထဲ ရုန်းကန်ခဲ့ရတယ်။အမေက နိုင်ငံတွင်းတရားဝင်နေထိုင်ခွင့်မရခဲ့လို့ ရဲတွေလိုက်ဖမ်းရင် ထွက်ပြေးရတာလည်းအကြိမ်ကြိမ်ပဲ.....။ငယ်ငယ်လေးကတည်းက ငါ့မှာရွေးချယ်စရာတွေလည်းများများစားစားမရှိခဲ့ပါဘူး။ပိုကောင်းတာနဲ့ပိုအဆင်ပြေတာမျိုး...အဲ့တာကလည်း ငါ့ရွေးချယ်ချက်တိုင်းက ငါ့အမေပေါ်မှာပဲမူတည်နေတာမျိုးလေ...။သူအများကြီးပင်ပန်းခဲ့တာ၊ခက်ခဲခဲ့တာငါအသိဆုံးမို့....သူအခက်တွေ့စေမဲ့ကိစ္စတိုင်းငါမလုပ်ဖို့ဆုံးဖြတ်ခဲ့တယ်။အတန်းဖော်တွေကဝိုင်းအနိုင်ကျင့်လည်း ခံနိုင်ရည်ရှိခဲ့တာ ငါ့အမေကြောင့်.....။ဆုံးဖြတ်ချက်တိုင်းက ငါ့အမေပိုအဆင်ပြေဖို့ကိုပဲ ရွေးချယ်ခဲ့တာမို့...ငါမင်းကိုလည်း လွှတ်ချခဲ့မိတယ်...တောင်းပန်ပါတယ်....ငါဒီငါးနှစ်ကျော်ကာလမှာ အများကြီးကြိုးစားခဲ့တယ်။ငါချစ်ရတဲ့သူတွေကို ကာကွယ်ပေးနိုင်တဲ့အခြေနေတစ်ခုရှိနေပြီလို့ ငါ့ကိုယ်ငါအထင်ကြီးခဲ့မိတယ်။ငါကိုယ်တိုင်လည်း လုံလုံလောက်လောက်ကြံ့ခိုင်နေပြီလို့ထင်နေခဲ့မိတယ်.....နောက်ဆုံးတော့...နောက်ဆုံးကြတော့လည်း...ငါက ဟိုးအရင်ကလို...လွယ်လွယ်နဲ့ အနိုင်ကျင့်လို့ရတဲ့ ပျော့ညံ့တဲ့ လူတစ်ယောက် ဖြစ်နေတုန်းပဲ......အင့်..."
Kim Ji Woong က Quan Rui ကိုမျက်နှာချင်းဆိုင်လိုက်ပြီး မျက်ရည်များအား တယုတယ‌ သုတ်ပေးနေသည်။
"ကိုယ်က မင်းကိုအမြဲတမ်းကာကွယ်ပေးသွားမှာ...ရွေ့ရွေ့အနားနားမှာ ကိုကို အမြဲတမ်းရှိနေတယ်လေ"
"ဒါပင်မဲ့...ငါကပဲမင်းကိုအမြဲတမ်း လွှတ်ချနေမိတာလေ..တောင်းပန်ပါတယ် Ji Woong"
"ဟင့်အင်း။ကိုယ် မင်းကို ဘယ်လောက်ကြာကြာ စောင့်နိုင်ပါတယ်ကွာ"
ဆံပင်လေးကိုထိုးဖွရင်း နဖူးလေးအားမြတ်မြတ်နိုးနိုးနမ်းကြူမိသည်။ကုန်လွန်ခဲ့သောနှစ်တွေ၌လည်း ဒီလူသားလေးအား သူစောင့်နေခဲ့သည်။အကယ်၍များ အဲ့ဒီ့အချိန်၌ သူတိို့နှစ်ယောက်မဆုံတွေ့ဖြစ်ကြသေးရင်တောင် သူဆက်စောင့်နေအုန်းမှာဖြစ်၏။
လူနှစ်ယောက်သံသရာတစ်ကွေ့၌ ထပ်ဝင်တိုက်နိုင်သေးသည်မဟုတ်လား.....။Kim Ji Woong ဆိုတဲ့ကောင်က Shen Quan Rui မှမဟုတ်ရင် ဘယ်သူနဲ့မှ မတိုက်မိချင်လို့....အဲ့ဒီ့နေရာမှာပဲ ရပ်စောင့်နေခဲ့တာ..
"ငါကတိပေးပါတယ်....ငါမင်းကိုထပ်ပြီး လက်မလွှတ်တော့ဘူးနော်။ငါမင်းနဲ့ မခွဲနိုင်ဘူး"
"ကိုကိုကလည်း မင်းအနားမှာပဲ အမြဲကပ်တွယ်နေမှာ ရွေ့ရွေ့ရဲ့...ကိုယ်က မင်းကိုအရင်ချစ်ခဲ့ရတာပါကွာ"
ထိုသို့ပြောလာသောအခါ ဘာမှမသိလေသော Ji Woong ကိုကြည့်လျက် Quan Rui ခပ်ဖွဖွပြုံးလိုက်ရသည်။တစ်ဖက်လူ၏ တည်ငြိမ်အေးချမ်းသော မျက်နှာအားကြည့်ပြီး သူစိတ်တွေတစ်ဖန် နွေးထွေးသွားရပြန်၏။
"ဘာလို့ရယ်တာလဲ? ရွေ့ရွေ့ မှန်မှန်ပြော!"
"..ဘာမှမဟုတ်ဘူး လူဆိုးကောင်!!"
"မင်းကိုချစ်လို့ဆိုးတာလေ!"
"အေးလေ! အဲ့ဒီ့လူဆိုးကြီးကို ငါကလည်းချစ်မိသွားတာကိုး! ဟွန်း လူဆိုးကောင်ကြီးကွာ"
"ချစ်လိုက်တာ ဘေဘီရာ...ရွေ့ရွေ့လေးကို ကိုကိုနမ်းချင်တယ်!! မွ! မွ! မွ!!!"
စချစ်ခဲ့တာ ရှန်ချွမ်ရွေ့မှန်း ဂျီဝန်းလုံးဝမသိပါဘူး။သူတို့နှစ်ယောက် လွန်ခဲ့တဲ့ ၁၅နှစ်ကျော်လောက်ကတည်းက ပထမဦးဆုံး စတွေ့ခဲ့တယ်ဆိုတာလည်း သူမသိသေး။ဘာမှမသိတဲ့ ဒီလူက ရှန်ချွမ်ရွေ့အား တအားနမ်းဖို့လောက်ပဲ သိတယ်!
"တော်ပြီလို့!!! ထပ်စနေရင် စိတ်ဆိုးလိုက်တော့မှာနော်...အား ဟား ကင်မ်ဂျီဝန်း မင်း! ငါအိပ်ချင်နေပြီလို့ !! အာ ခ်ခ်!!"
အိပ်ရာထဲနှစ်ယောက်သား တော်တော်ကြာကြာ လုံးထွေးပြီးနောက် မောဟိုက်ကာ နှစ်ယောက်လုံးပြန်ခွာကြသည်။သူ့အားလိုက်စနေသော ထိုလူဆိုးကြီးမှာတော့ စပ်ဖြီးဖြီးမျက်နှာဖြင့်....
"ကဲ အိပ်တော့ မစောတော့ဘူး....ရွေ့ရွေ့ စိတ်မဆိုးနဲ့နော်...လာ လာ ကိုကို့လက်မောင်းပေါ်မှာအိပ်"
စိတ်ဆိုးချင်ယောင်ဆောင်နေသော ကလေးလေးမှာ သူ့လက်မောင်းပေါ် ခေါင်းအုံး၍ ချက်ချင်း ရင်ခွင်ထဲ ဝင်တိုးလေ၏။ကျောပြင်ငယ်အား ခပ်ဖွဖွ ပုတ်ကာ ကလေးတစ်ယောက်လို ချော့မြူပေးတော့ ရင်ခွင်ထဲမှ ကောင်လေး တဖြေးဖြေး ငြိမ်ကျသွားသည်။
အသက်ရှူသံလေးများလည်း စည်းချက်မှန်မှန် တိုညှင်းစွာ ထွက်ပေါ်လာတော့ ဒီကောင်လေးအိပ်ပျော်သွားပြီမှန်း သူသိလိုက်ရပြီဖြစ်သည်။
"Goodnight my love"
"Goodnight.."
အိပ်ပျော်သွားပြီထင်‌နေပင်မဲ့ သူ့ရင်ခွင်ထဲမှကောင်လေးထံမှ အသံတိုးတိုးလေး ထွက်လာသောအခါ ကင်မ်ဂျီဝန်း သဘောကျစွာ ပြုံးမိပြန်သည်။
"ချစ်တယ်"
ဒီတစ်ခါတော့ ဘာသံမှ ထွက်မလာတော့သော အကောင်ပေါက်လေးဟာ ခပ်ဆတ်ဆတ်ခေါင်းကိုသာငြှိမ့်ပြရှာတော့သည်။ရွေ့ရွေ့တအားအိပ်ချင်နေပြီဖြစ်မည်။
ချစ်လို့အနိုင်ယူချင်သောကောင်လေးအား...Kim Ji Woongကလည်း ချစ်လွန်းလို့အနိုင်ပေးချင်သည်။
အဓိကက ချစ်နေဖို့နဲ့ ချစ်တတ်ဖို့ပဲလိုတာလေ....
ချစ်ခြင်းမေတ္တာတွေနဲ့အေးချမ်းစေချင်ယုံပါ...
*
*
*
*
*
ပင်လယ်ဇင်ယော်များ အော်မြည်တမ်းတသံနှင့်အတူ ပျံလွှားငှက်များပါ ကြေးနီရောင်ကောင်းကင်ကြီးကို ပါဝင်အလှဆင်ပေး၏။နံနက်စောစော ကမ်းခြေတစ်လျှောက်စီတန်းနေသော ဈေးဆိုင်များကိုဖြတ်ကျော်ပြီး သူတို့လေးဦးသား Hotelစီမံကိန်းဆိုက်ထဲသို့ ထပ်မံသွားကာ စရင်းများစီစစ်ရပေတော့သည်။
ပစ္စည်းစရင်းနှင့်တခြားလက်မှတ်ထိုးစရာများသာရှိတာမို့ သိပ်တော့မပင်ပန်းချေ။သူတို့ဒီကိုရောက်နေတာတစ်ပတ်လောက်ရှိနေပြီဖြစ်ပင်မဲ့ နီးစပ်ရာကျွန်းတွေဆီသို့မရောက်ဖြစ်သေးပေ။ဒါကြောင့် ဆိုက်ထဲမှပြန်လာပြီးနောက် ဘုတ်ဖြင့် တခြားကျွန်းသို့ ထပ်သွားကြပြန်၏။ ညကြရင် Hotel၌စီစဉ်ပေးထားတဲ့ Night Partyလည်းရှိသေးသည်။
"ဘာတွေစိတ်ဝင်တစားကြည့်နေတာလဲ?"
ချွမ်ရွေ့နှင့်ယူဂျင်းမှာ ဒေသခံကလေးမလေးလက်ထဲက တစ်စုံတစ်ခုအား စိတ်ဝင်စားစွာကြည့်နေကြသည်။ထိုအရာအားမြင်သော် Kim ညီအကိုနှစ်ယောက်လည်းပြောလက်စ လုပ်ငန်းကိစ္စ‌များအားနောက်ပို့ကာ သူတို့ချစ်တဲ့သူဆီသို့ ခပ်သွက်သွက်ခြေလှမ်းများဖြင့်လျှောက်လာကြတော့၏။
ဝိုင်းဝိုင်းစက်စက်မျက်ဝန်းကလေးများဝင့်ကာ ဟန်ယူဂျင်းက Gyuvin ကိုကြည့်ပြီးလက်ညှိုးထိုးပြသည်။ထိုအရာမှာ ကောင်မလေးလက်ထဲက အပြာရောင် ခရုခွံလေးသာ....
"လိုချင်လို့လား?"
Gyuvin ခါးကိုင်းလိုက်ပြီး ခပ်အုပ်အုပ်ကလေးဖြစ်နေသော ယူဂျင်းရဲ့ဆံစလေးများအားပွတ်ပေးလိုက်သည်။‌ခရုခွံအားကြည့်နေသော ထိုကလေးလေးပုံစံမှာ ရွှေရောင်အမွှေးပွခွေးလေးနှင့်ပင်ဆင်လှပါသည်။
"ကိုကိုကြည့်နေနော်...အဲ့ဒါလေးကိုအောက်ချလိုက်ရင် အကောင်လေးတစ်ကောင်ထွက်လာလိမ့်မယ်"
ဝင်ကစွပ်အား တစ်ခါမှမြင်ဖူးပုံမပေါ်သော‌လူသားနှစ်ယောက်မှာတော့ ခဏအကြာ ဂဏာန်းခြေလက်များထွက်လာသောခရုခွံအားကြည့်ကာ တဝိုးဝိုးတဝါးဝါးအော်နေကြတော့သည်။
"ညီမလေး အဲ့ဒါလေးအကို့ကိုရောင်းပေးပါလား? အကို့ကောင်လေးလိုချင်နေလို့"
"ရှင်? အာ...ဒီအကောင်လေးကတစ်ကောင်1500ပါ။ဟို ခရုခွံလှလှလေးတွေရော ပုံး‌ထဲမှာရှိသေးတယ်...အကိုတို့ယူအုန်းမလားဟင်။ယူမယ်ဆို သမီးက ဓာတ်ပုံအလကားရိုက်ပေးမှာပါ"
ကလေးမက marketingပိုင်းကို အားသာပုံရသည်။ချစ်စဖွယ်အပြုံးလေးများဖြင့် သူရောင်းသည်များအားဝယ်ရန် အစွမ်းကုန်ကြိုးစား‌နေရှာ၏။ချွမ်ရွေ့နံဘေး၌ရပ်နေသော Kim Ji Woong မှာ ချက်ချင်းကောင်မလေးရှေ့ ရောက်လာပြီး ထိုဝင်ကစွပ်လေးအားလုဝယ်လေတော့သည်။
"ညီမလေး အကိုအကုန်ဝယ်လိုက်မယ်။ပေး...အကို့ကိုအကုန်ရောင်းလိုက်"
"ဟင် တစ်ကယ်လား!!!"
"မရဘူး! ညီမလေး အကိုယူမယ်လို့အရင်ပြောထားပြီးသားလေ!!"
ညီအကိုနှစ်ယောက်ထုံးစံအတိုင်း စကားများနေကြပြန်ပြီ။ကလေးမလေးကိုအလယ်မှာထားပြီး ခရုပုံးကြီးကို ဟိုဘက်ဒီဘက်ပြိုင်ဆွဲနေပုံမှာ နည်းနည်းတော့ရယ်ချင်စရာပင်.....။Rickyတို့နှစ်ယောက်လည်း ခေါင်းသာခါလိုက်ပြီး ကိုယ့်လူကိုယ်ဆွဲရန် အချင်းချင်းအချက်ပြလိုက်ရ၏။
"နှစ်ယောက်စလုံးတော်တော့! လာ...Kim Ji Woong မင်း ဒီဘက်ကိုလာ"
ချစ်သူလက်အားအသီးသီးဆွဲကာ ဘေးကိုတွန်းပို့လိုက်ရသည်။ဒါတောင် မကျေနပ်စွာဖြင့် နှစ်ယောက်လုံးအထွဋ့်တက်ချင်ကြသေးသည်။
"ဘာဖြစ်လို့လဲ? ကိုယ်ကရွေ့ရွေ့လိုချင်တာကို ‌ဝယ်ပေးနေတာလေ!"
"မလိုဘူး! မင်းအရူးလား? ငါကမင်းတစ်ယောက်လုံးကိုတောင် အပိုင်ရပြီးနေပြီကို .....ဘာကိုထပ်လိုအပ်ရမှာလဲ?"
ထိုတော့မှ ကိုယ်တော်ချောက ပြုံးစိစိဖြင့် ကျေနပ်သွားပုံရသည်။အနိုင်ရသွားသောလူတစ်ယောက်လို ကော်လံထောင်ပြီး လက်ကြီးပိုက်ကာ...Kim Gyuvin ကို ကြည့်ပြီး....
"မင်းလိုချင်ရင်လည်း ယူလိုက်လေ! အကုန်ယူလိုက်! မလိုဘူး...ရွေ့ရွေ့က ငါကလွဲပြီးဘာမှမလိုချင်ဘူးတဲ့ ဟားဟားဟား!! ဟိဟိ!!"
သူတို့ညီအကိုနှစ်ယောက်ကိုဆက်ရန်ဖြစ်ခိုင်းမနေတော့ဘဲ ပိုက်ဆံအိတ်ကိုယူကာ Quan Ruiတို့နှစ်ယောက်သာလျှင် ရှင်းလိုက်ရတော့သည်။
ကောင်မလေးကတော့ သူ့ခရုတွေအကုန်ရောင်းကုန်သွားတာမို့ ဝင်းလက်တောက်ပနေတဲ့အပြုံးလေးများဖြင့် ဓာတ်ပုံရိုက်ပေးဖို့ စပြင်တော့သည်။
"ညီမလေး အကိုတို့ကိုအရင်ရိုက်ပေး"
Kim Gyuvin က ချက်ချင်း Yujinကို သတို့သမီးလေးကဲ့သို့ပွေ့ချီလိုက်သည်။တဖြက်ဖြက်ရိုက်နေသော ဖုန်းကင်မရာအားကြည့်ကာ ဘေးနားခပ်လှမ်းလှမ်းမှရပ်နေကြသော Kim Ji Woong ကိုတစ်ချက်ကြည့်လိုက်ပြီး နှုတ်ခမ်းတစ်ဖက်တည်းကော့လျှက်....
ပိုစ့်မျိုးစုံပြောင်းပြီးနောက် Ji Woong တို့အလှည့်ရောက်လာတော့သည်။Ji Woongကလည်း အားကျမခံ Shen Quan Rui လက်ကိုတွဲကာ အသင့်အနေအထားဖြင့်....
"မင်း!! ငါ့ကိုမချီနဲ့နော်!! "
ချွမ်ရွေ့အမူအရာလေးအားကြည့်ပြီး Ji Woong ရယ်လိုက်တော့ သွားစွယ်ချွန်ဖွေးဖွေးလေးများလှစ်ခနဲပေါ်‌လာတော့သည်။
ကမ်းခြေ၏ တဖြူးဖြူးတိုက်ခတ်နေသော ဆားလေများက မျက်နှာကိုတဖြက်ဖြက်လာတိုက်ခတ်သောအခါ မျက်လုံးများကိုမှေးကျဉ်းထားရတော့သည်။ဝဲလွင့်နေသော ဆံနွယ်စများကြောင့် တစ်ဖက်လူ၏ ရုပ်ပုံသဏ္ဌာန်အား Ricky ကောင်းကောင်းမမြင်ရချေ။သူ့မေးစေ့အားဆွဲယူကာ မော့စေလိုက်သော Ji Woongမျက်နှာ၌ အပြုံးခပ်ရေးရေးလေး ကျန်ရှိနေလိမ့်အုန်းမည်။
နီးကပ်လာသောမျက်နှာနှင့်အတူ နှုတ်ခမ်းပေါ်၌ခံစားရသော ပူနွေးစိုစွတ်မှု။ချွမ်ရွေ့မျက်လုံးများကိုမှိတ်လိုက်သည်။နှလုံးခုန်နှုန်းများ မြင့်တတ်လာရပြီ။လေထုထဲ၌ ဆားနံ့သင်းသင်းလေးကိုမရတော့ဘဲ.....Kim Ji Woong ၏ Rose Wineရေမွှေးနံ့သာ အစားထိုးနေရာယူလာ၏။တဖြက်ဖြက်ရိုက်ပေးနေရသော ကောင်မလေးမှာလည်း မနားတမ်း ရိုက်ပေးရှာပါသည်။လျပ်တပြတ်နမ်းရှိုက်ပြီးနောက် ‌လူ‌မြင်ကွင်းဆိုတဲ့အသိကြောင့် ချွမ်ရွေ့ ရပ်ရန်အမူအရာပြတော့...တစ်ဖက်လူမှာ မကျေမနပ်ဖြင့် ရပ်ပေးလိုက်ရတော့သည်။
"ဟို.....ရိုက်အုန်းမှာလားဟင်"
ရှက်‌ကာမျက်နှာကြီးနီနေသောကောင်မလေးကိုကြည့်ပြီး Shen Quan Rui လည်း ခေါင်းကုပ်မိသား...။
"ရပြီ...ကျေးဇူးပါနော် ညီမလေး"
"အာ....လေးယောက်တွဲပုံမရှိသေးဘူးပဲ...အကိုတို့လေးယောက် ဒီမှာရပ်နေလိုက်.."
ကောင်မလေးက ပြောပြောပြီးချင်း ကင်မရာကုိကိုင်ကာ နောက်ကိုဆုတ်သွားပြန်သည်။လေးယောက်လုံးကိုခြုံကြည့်ပြီး ကင်မရာကိုချိန်၏။
ဒီတစ်ခါတော့ ဘယ်သူမှ အထူးအဆန်းတွေမလုပ်မိကြတော့ပဲ ဒီတိုင်းသား ချစ်ရသူဘေး နီးနီးကပ်ကပ်ရပ်နေမိကြသည်။ Han Yujin က Gyuvin ပုခုံးပေါ်ခေါင်းလေးစောင်းပြီး လက်ညှိုးလေးနှစ်ချောင်းပါထောင်ကာ ပိုစ့်ပေးထား၏။ Shen Quan Rui ကတော့ ပြုံးလျှက် ဆင်တူလက်စွပ်ဝတ်ထားသော လက်တစ်ဖက်အား ခပ်ဖွဖွဆုပ်ကိုင်ထားမိသည်။
ပုဇွန်ဆီရောင်သန်းနေသောနေလုံးကြီးသည်အနောက်အရပ်သို့ဝင်ရန် ကြိုးပမ်းနေပြီဖြစ်သည်။ကမ်းခြေရဲ့ နေဝင်ချိန်တွေဟာ သိပ်ကိုလှပသည်မှာ ကဗျာများ၊စာများပင် ဖွဲ့နွဲ့ရန်မလိုအပ်.....။
ဆည်းဆာ‌အားနောက်ခံထားပြီး လေးယောက်စလုံး ပြုံးလျှက်ရပ်နေသော ပုံလေးမှာ လှလှပပကလေး ဖြစ်တည်လာတော့သည်။
ချစ်ရသူက ကိုယ့်ဘေးနားမှာအတူတူရပ်နေတဲ့အခိုက်တန့်တိုင်းက လှပကြသည်ပင်.....
ZAWGYI