စနေသားရဲ့ ဆင်ပေါက် / စေနသားရဲ...

By Ex_0069

38.4K 1.3K 113

unicode ကျွန်တော့်ရဲ့ တမူမတူညီတဲ့စာရေးပုံနဲ့ မတူညီတဲ့ဇာတ်အိမ်လေးမို့ ဖတ်ကြည့်ပေးစေချင်တယ်ဗျ zawgyi ကြၽန္ေတာ့္... More

Author Ex's အမှာစာ / အမွာစာ 😁
Episode _ 1
Episode _ 2
Episode _ 3
Epiaode _ 4
Episode _ 5
Episode _ 6
Episode _ 7
Episode _ 8
Episode _ 9
Episode _ 10
Episode _ 11
Episode _ 12
Episode _ 13
Episode _ 14
Episode _ 15
Episode _ 16
Episode _ 17
Episode _ 18
Episode _ 19
Episode _ 20
Episode _ 21
Episode _ 22
No update
Episode _ 23 🚨🚨🚨🚨
Episode _ 24
Episode _ 26
Episode _ 27
Episode _ 28
Episode _ 29
Episode _ 30
🥺🥺
Episode _ 31
Episode _ 32 ( Final episode )
Bye for long time

Episode _ 25

980 44 8
By Ex_0069

Unicode
Episode _ 25

ဒီနေ့ ကျုပ်တို့မြို့တက်မဲ့နေ့မို့ အစောကြီးထပြီး ကျုပ်ရော.. ဆင်ပေါက်ရော ပြင်ဆင်ရသည်။ ကျုပ်တို့နဲ့အတူတူ ဆရာအောင်ထူးမော်တို့ပါအတူတူလိုက်မှာဆိုတော့  ဆင်ပေါက်အတွက် မပျင်းရတော့ဘူးပေါ့။ ဘာလို့ဆို ကျုပ်က အဘရဲ့မိတ်ဆွေဆိုတဲ့ပွဲစားနဲ့သွားတွေ့ရမှာလေ..။ ပြီးတော့ ထော်လာဂျီလည်း သွားဝယ်ရအုံးမှာ။ ပွဲစားအလုပ်က ပုံမှန်ဝင်ငွေမရှိတော့ ထော်လာဂျီလေးတစ်စီးဝယ်ပြီး အငှားလိုက်တာက အဆင်ပြေတယ်လို့ ကျုပ်တွေးထားတယ်။ ထော်လာဂျီမောင်းတတ်လားဆိုရင်တော့ ကျုပ်က ဘယ်သူမို့လဲ။ အေးဆေးပါ။ ကျုပ်တို့မြို့ကိုလာတော့ ကားကြုံနဲ့သွားရမယ်ဆိုပေမဲ့ အပြန်ကျရင်တော့ ကျုပ်ရဲ့ထော်လာဂျီနဲ့ပြန်မယ်ပေါ့ဗျာ။

" တေလွန်း... ငါ မလိုက်လို့မရဘူးလားဟင် "

" ဘာဖြစ်လို့လဲ.. မောင်က မင်းနဲ့အတူတူပဲ သွားချင်တာ "

" ဟိုရောက်ရင် မင်းကလည်း မင်းကိစ္စနဲ့မင်းအလုပ်ရှုပ်မှာလေ..၊ ငါ မပါလည်း ဘာမှမဖြစ်ပါဘူး... ပြီးတော့ ငါ အခုထိမသက်သာသေးဘူး "

" မောင့်ဆင်ပေါက်လေးက အကြမ်းမခံလိုက်တာ...၊ အကြမ်းခံအောင် မောင်သေချာလေ့ကျင့်ပေးရမဲ့ပုံပဲ.. "

" တေလွန်း.!! ခွေးကောင်၊ ငါ စကားအကောင်းပြောနေတာကို ထမဖောက်နဲ့ "

" ဟား... ရှက်သွားတာလား "

" ဘာလို့ရှက်ရမှာလဲ... ငါ ယောက်ျားကွ၊ မင်း ထပ်စရင်.. ဒီမှာ ငါ့လက်သီးကိုကြည့်ထား "

ကျုပ်ကို လက်သီးရွယ်ပြတဲ့ဆင်ပေါက်ကြောင့် ကျုပ်မှာ တဟားဟားရယ်မိသည်။

" မောင့်ဆင်ပေါက်လေးက မောင့်ကို ထိုးရက်လို့လား...ဟင် "

" ဘာလို့ မထိုးရက်ရမှာလဲ၊ ထိုးရက်လွန်းလို့ လာစမ်းပါ..  ထိုးပြမယ် "

အိမ်တံခါးတွေကိုလိုက်ပိတ်နေတဲ့ဆင်ပေါက်က ကျုပ်ကိုလက်သီးလက်မောင်းတန်းကာ စိန်ခေါ်သည်။

" လာပါပြီဗျာ...  တစ်ယောက်တစ်ချက်နော်၊ ဆင်ပေါက်အရင်ထိုး... ဆင်ပေါက်ပြီးရင် မောင့်အလှည့်၊ ဒါပေမဲ့ မောင်က မင်းလို လက်သီးနဲ့မထိုးဘူး...၊ အခြားတစ်ခုနဲ့ မောင်ထိုးချင်တဲ့နေရာကို ထိုးမှာ... "

" တေလွန်း!!! "

ကျွန်တော့်အနားကိုချက်ချင်းရောက်လာပြီး တဏှာငယ်ထိပ်ရောက်နေတဲ့တေလွန်းကို ကျွန်တော်လည်း ရှက်ရှက်နဲ့အော်လွှတ်လိုက်တယ်။ ဒီကောင့်ပါးစပ်က တကယ့်ကိုစည်းမရှိတာပဲ။ ပြီးတော့ အရှက်လည်းမရှိဘူး။ ပြောတဲ့ဒင်းက ဘယ်လိုမှမနေတဲ့အပြင် မျက်နှာက ထန်းသီးမှည့်ဆီသုတ် လှည်းဘီးကြိတ်ထားတဲ့ရုပ်လို ပြောင်ချော်ချော်စပ်ပြဲပြဲနဲ့။ သူပြောတာကိုကြားရတဲ့ကျွန်တော့်မှာသာ မပြီးနိုင်မစီးရင် ရိုးမသွားဘဲ အပျိုဖျန်းလေးတစ်ယောက်လို တစ်ကိုယ်လုံးရဲပလောင်းခတ်နေပြီး ပူထူပြီးရှက်နေတုန်းပဲ။

ကျုပ်တို့လေးယောက်စလုံး ရွာကလှည်းနဲ့ကားရပ်မဲ့နေရာထိ ဇော်ဝင်းကိုလိုက်ပို့ခိုင်းပြီး မြို့ပေါ်သွားမဲ့ကားကိုစောင့်ရတယ်။ မြို့ပေါ်ရောက်တော့ ဆယ်နာရီခွဲ၊ ဆယိ့တစ်မတ်တင်းလောက်ရှိပြီ။ အရင်ဆုံး ကျုပ်အဘရဲ့မိတ်ဆွေပွဲစားဆီကိုသွားပြီး အကျိုးအကြောင်းပြောပြ၊ ပြီးတော့ ကျုပ်ကို တပည့်အဖြစ်လက်ခံပြီးလက်တွဲခေါ်ပေးဖို့ ပြောရတယ်။ ပွဲစားဦးလေးက သဘောလည်းကောင်းတဲ့အပြင် အဘရဲ့မျက်နှာကြောင့် ကျုပ်ကို ချက်ချင်းလက်ခံပေးတာပေါ့။ အဘနဲ့သက်တူရွယ်တူဖြစ်တဲ့ ပွဲစားဦးလေးရော၊ သူ့မိန်းမဖြစ်သူကရော ကျုပ်ကိုဖော်ရွေကြတယ်။ စိတ်မကောက်းစရာက ဦးလေးသိန်းတို့က သားသမီးမရသည့်လင်မယားစုံတွဲဖြစ်သည်။ ကျုပ်ရဲ့ကံကကောင်းတော့ ဦးလေးသိန်းက အိမ်​ခြံမြေသာမက စက်ပစ္စည်းယာဥ်တွေကိုပါ ပွဲစားလုပ်ပေးတဲ့သူဖြစ်နေတာပဲ။ ဦးလေးသိန်းရဲ့အကူအညီနဲ့ပဲ ကျုပ်တို့ ထော်လာဂျီ ကောင်းကောင်းသန့်သန့်တစ်စီးကိုစျေးချိုချိုနဲ့ခဏလေူအတွင်း ဦးလေးသိန်းရဲ့အိမ်တိုင်ရာအရောက်ထိ သက်သက်သာသာရခဲ့သည်။ ပွဲစားအလုပ်ကိုသင်ယူဖို့က အချိန်ခဏလေးနဲ့မရတာကြောင့် နောက်ရက်တွေမှ ကျုပ်ကို ဦးလေးသိန်းက သူနဲ့အတူတူပွဲစားစျေးကွက်ထဲလိုက်ခဲ့ဖို့ခေါ်သည်။ အားလုံးပြီးသွားတော့ နေ့လည်တစ်နာရီပင်ကျော်သွားသည်။ ဦးလေးသိန်းက သူ့အိမ်မှာထမင်းစားသွားဖို့ပြောပေမဲ့ ဆရာအောင်ထူးမော်တို့ကို ကြိုရအုံးမှာမို့ ကျုပ်တို့လည်း အားနာနာနဲ့ပဲ ငြင်းခဲ့ရသေးတယ်။ ဆင်ပေါက်ကို ဆရာအောင်ထူးမော်တို့နဲ့လိုက်သွားဖို့ပြောပေမဲ့ ဆင်ပေါက်က ကျုပ်နဲ့ပဲအတူတူလိုက်လာပြီး တစ်လျှောက်လုံး ကျုပ်ဘေးကနေငြိမ်ငြိမ်လေး ကျုပ်တို့ပြောသမျှ၊ လုပ်သမျှတွေကို ထိုင်နားထောင်နေရရှာသည်။

ကျုပ်တို့ ဆရာအောင်ထူးမော်တို့ဆီကိုရောက်တော့ ဆရာအောင်ထူးမော်နဲ့တိုးလွင်က ဝယ်စရာရှိတဲ့ပစ္စည်း၊ ပရိဘောဂတွေအကုန်ဝယ်ထားပြီးဖြစ်သည်။ ဆရာအောင်ထူးမော် မြို့ပေါ်တက်ရတဲ့အကြောင်းက အလုပ်လုပ်ချင်တယ်လို့အမြဲပြောနေတဲ့တိုးလွင်ကို ဆရာအောင်ထူးမော်က သူစုထားတဲ့ငွေကြေးနဲ့ အိမ်ဆိုင်လေးတစ်ဆိုင်ဆောက်ပေးဖို့လိုအပ်တာတွေကိုလာဝယ်ခြင်းဖြစ်သည်။ ဒါကလည်း ကျုပ်နဲ့ဆရာအောင်ထူးမော်သာသိတဲ့ ဆရာအောင်ထူးမော်က တိုးလွင်ကိုပေးတဲ့လက်ဆောင်ဖြစ်သည်။ တိုးလွင်က ငိုထားသည်ထင် မျက်လုံးတွေရဲနေသည်။ ဒါပေမဲ့ စိတ်ပူစရာမှမလိုတာ၊ တိုးလွင် ငိုရင်တောင် ဒါက ဆရာအောင်ထူးမော်ပေးတဲ့လက်ဆောင်ကြောင့် ဝမ်းသာလွန်းဆို့ပြီး ငိုမှန်း အခု ကျုပ်တို့ဘေးမှာ ဆရာအောင်ထူးမော်ပေါင်ပေါ်တက်ထိုင်ပြီး တစ်တေတူးနေတဲ့တိုးလွင်ကိုကြည့်ရုံနဲ့သိတယ်။ ထော်လာဂျီနောက်တွဲပေါ်မှာ အိမ်ဆောက်ပစ္စည်းတွေနဲ့ ဆိုင်မှာရောင်းဖို့ စားသုံးကုန် ကုန်ခြောက်ပစ္စည်းတွေတင်ထားတာကြောင့် အခုကျုပ်တို့လေးယောက်စလုံးက ထော်လာဂျီခေါင်းထဲမှာပဲ ကျပ်ကျပ်ညှပ်ညှပ်နဲ့ရွာကိုပြန်လာရတယ်။ ထော်လာဂျီခေါင်းခန်းက လူလေးယောက်ထိုင်ဖို့အဆင်မပြေတာကြောင့် ဆရာအောင်ထူးမော်က သူ့ပေါင်ပေါ်မှာတိုးလွင်ကိုထိုင်ခိုင်းပြီး အလည်မှာဆင်ပေါက်က ထိုင်သည်။ ကျုပ်လည်း အားကျမခံ ဆင်ပေါက်ကို ကျုပ်ပေါင်ပေါ်မှာထိုင်ခိုင်းချင်ပေမဲ့ ထော်လာဂျီက ကျုပ်မောင်းနေရတာမို့ အဆင်မပြေ။ တော်သေးတယ်... ထော်လာဂျီကူရှင်ထိုင်ခုံက ဖော့နဲ့လုပ်ထားလို့၊ မဟုတ်ရင် ကျုပ်ဆင်ပေါက်လေး ဘယ်လောက်ခံရခက်လိမ့်မလဲ။

~~~~~~~~~~~~~~~~~~~~~~~

ကျွန်တော်နဲ့တေလွန်းအိမ်ထောင်ရေးက ဘာလိုလိုနဲ့တစ်လတောင်ပြည့်သွားပြီ။ ဒီအတောအတွင်း တေလွန်းကပွဲစားအလုပ်ကို ဦးလေးသိန်းဆီကနေကျွမ်းကျင်စွာသင်ယူနိုင်ခဲ့သလို ပွဲဖြစ်တဲ့အရောင်းအဝယ်တွေလည်း ရှိသည်။ ကျွန်တော်ကတော့ စာမေးပွဲနီးလာပြီမို့ ကျောင်းတက်ဖို့ပြင်ဆင်နေရတယ်။ တေလွန်းက ကျောင်းဆက်တက်ဖို့ကိုစိတ်မဝင်စားတော့ပေ။ ဖေသောင်းနဲ့မေကြိုင်ကလည်း ဘာမှမပြော။ ကျွန်တော်လည်း တေလွန်းကြောင့် ကျောင်းဆက်မတက်တော့ဘူးလို့ပြောပေမဲ့ ခါးခါးသီးသီးငြင်းတဲ့သူက တေလွန်း။ ထိုနေ့က ရန်ဖြစ်တော့မလိုတောက်ဖြစ်ခဲ့သေးတယ်။ ကျွန်တော်ကလည်း အဲ့နေ့က ခေါင်းမမာသဖူး ခေါင်းမာခဲ့တာလေ။ တေလွန်းကျောင်းမတက်ရင် ကျွန်တော်လည်း မတက်တော့ဘူးလို့၊ နောက်မှ အဘတို့နဲ့ဖေသောင်းတို့ကပါ ကျွန်တော်ကျောင်းထွက်မဲ့ကိစ္စကို ဝိုင်းကန့်ကွက်ကြတော့ ကျွန်တော်လည်း ခေါင်းဆက်မမာနိုင်တော့။ အဲ့နေ့က အဘတို့ပြန်သွားပြီးတာနဲ့ ကျွန်တော်လည်း ညနေသာတောင်မစားဘဲ အခန်းထဲမှာပဲအောင်းနေလိုက်တာ။ တေလွန်းက ကျွန်တော်နဲ့အချေအတင်ပြောနေရင်း အဘတို့ရောက်လာကတည်းက အိမ်ကနေထွက်သွားတာ ကျွန်တော်အိပ်ပျော်သွားမှ အိမ်ကိုပြန်ရောက်လာတယ်ထင်၊ နောက်နေ့မနက် ကျွန်တော်နိုးတော့ တေလွန်းက မြို့ပေါ်သွားဖို့ပြင်နေသည်။ မြို့နဲ့ရွာက လမ်းပန်းဆက်သွယ်ရေးမကောင်းပေမဲ့ ထော်လာဂျီနဲ့ဆိုရင် အချိန်တစ်နာရီလောက်သာကြာသည်။

ကျွန်တော် တေလွန်းနဲ့စကားမပြောချင်ပေမဲ့ အလုပ်သွားတော့မဲ့သူကို ဘာမှမစားဘဲသွားရမှာစိုးတာကြောင့် သူ့အတွက် မနက်စာတစ်ခုခုလုပ်ပေးဖို့ ကတမ်းကယမ်းနဲ့မီးဖိုချောင်ထဲကိုသွားလိုက်သည်။ သို့သော် စားပွဲပေါ်မှာ အုပ်ဆောင်းတစ်လုံးနဲ့အသင့်ပြင်ထားတဲ့ထမင်းကြော်က ကျွန်တော့်ကိုလှောင်ရယ်နေသည်။ မနေ့ကကျန်တဲ့ထမင်းကြမ်းက တစ်ယောက်စာသာ၊ အခုထမင်းကြော်ကလည်း တစ်ယောက်စာပဲရှိတော့ တေလွန်း ဘာမှမစားရသေးဘူးဆိုတာ သေချာတယ်။ ထမင်းကြော်ပေါ်မှာ ကြက်ဥအကာကျတ်ကြော်လေးတစ်ချပ်ပါ ထည့်ထားသည်။  တေလွန်းက သူ့ဘာသာတောင်မစားသွားဘဲ ကျွန်တော့်အတွက်လုပ်ပေးထားတာပေါ့။ ထိုအချိန် ထော်လာဂျီစက်နိုးသံကြောင့် ကျွန်တော် အခန်းထဲကပိုက်ဆံအိတ်ကိုပြေးယူကာ အပြင်ကိုအမြန်​သွားလိုက်သည်။

" နေဦး..၊ ငါကော မြို့ပေါ်လိုက်ခဲ့မယ် "

" ဘာလိုက်လုပ်မလို့လဲ "

" ငါ စာအုပ်တွေဝယ်စရာရှိသေးတယ်.. "

" မလိုက်နဲ့...၊ ဝယ်ခဲ့မယ် "

" လိုက်မှာပဲ... "

ကျွန်တော့်ကို မခေါ်ချင်တဲ့တေလွန်းကို အရွဲ့တိုက်ကာ ထော်လာဂျီပေါ်တက်ထိုင်လိုက်တယ်။

" ထမင်းကြော်ထားတယ်... "

" မစားဘူး.. "

" ကျစ်!... "

တေလွန်းက ကျွန်တော့်ကိုမကြည့်ဘဲ အံကိုကြိတ်ကာ ကျစ်သပ်သည်။

" ငါ့ဘာသာ လမ်းမှာတစ်ခုခုဝယ်စားမယ်... "

ထိုအခါမှ တေလွန်းက ကျွန်တော့်ကိုတစ်ချက်စောင်းကြည့်ကာ ဘာမှမပြောဘဲ ထော်လာဂျီကိုခြံအပြင်ထိမောင်းကာ သူ့ဘာသာပဲခြံတံခါးကိုဆင်းပိတ်သည်။

" ဘာစားမှာလဲ... "

" မသိဘူး၊ တွေ့တဲ့ဆိုင် ဝင်လိုက်.. "

တစ်လမ်းလုံးဘာစကားမှမပြောတဲ့တေလွန်းက ကျွန်တော့်ကိုမြို့ပေါ်ရောက်တာနဲ့ ထိုစကားကို စမေးသည်။ ထို့နောက် ကျွန်တော့်ဆီကိုလှမ်းပေးတဲ့ရေသန့်ဘူးတစ်ဘူး၊ အဲ့ရေဘူးကို ကျွန်တော်က ဘာလုပ်ရမှာလဲ။

" ကြည့်မနေနဲ့၊ မျက်နှာမသစ်ရသေးဘဲ သူများဆိုင်ကို သွားထိုင်မလို့လား... "

သွားပြီ။ ဟုတ်သားပဲ၊ ကျွန်တော် မျက်နှာသစ်ဖို့မေ့နေတာ။ ဒါ့ကြောင့် ကျွန်တော့်စိတ်ထဲဘဝင်မကျသလို၊ တစ်ခုခုလိုနေသလိုဖြစ်နေတာပေါ့။ တေလွန်းကို စိတ်ဆိုးနေလို့ဖြစ်တယ်ပဲထင်နေတာ။

ကျွန်တော်လည်း ရေဘူးကိုဆွဲယူပြီးမျက်နှာသစ်၊ ပါးလုတ်ကျင်းလိုက်သည်။ မျက်နှာသုတ်စရာတဘတ်က ပါမလာ။ ထိုအခါမှ နောက်ထပ်သတိရတာတစ်ခုက ကျွန်တော်ဝတ်ထားတာတဲ့ကာတွန်းဘောင်းဘီရှည်။ ညအိပ်ရင် ပုဆိုးနဲ့မအိပ်တတ်တဲ့ကျွန်တော်က တေလွန်းကိုရွဲ့ချင်လွန်းလို့ ဘာမှမပြင်မဆင်ဘဲ မြို့ပေါ်ကိုတက်လာမိပြီ။ အား.... တွေးရင်း၊ တွေးရင်း.. ရှက်လာပြီ။ ဘေးပတ်ဝန်းကျင်ကိုတစ်ချက်အကဲခတ်ကြည့်တော့ တော်သေးသည်။ ဘယ်သူမှ ကျွန်တော့်ကိုကြည့်ပြီးရယ်မနေကြလို့။

" ဒီနား လာ... "

တေလွန်းက မပြောမဆိုနဲ့ ကျွန်တော့်ကို သူ့အနားထိဆွဲယူပြီး သူ့ပုဆိုးခါးပုံစကိုအနည်းငယ်ဖြည်ချကာ ကျွန်တော့်မျက်နှာအနားထိအပေါ်ဆွဲယူပြီး မျက်နှာကို ရေခြောက်ရုံမျှ ခပ်ဖွဖွလေးဖိသုတ်ပေးသည်။ မသိရင် ကျွန်တော်က သူ့သားကြနေတာပဲ။  အရပ်အမောင်း၊ ခန္ဓာကိုယ်ကလည်းသိသာစွာကွာခြားတာကြောင့် အကယ်၍များ အခြားသူတွေကထင်ကြေးပေးကြရင် သားအဖနှစ်ယောက်လား.. ဒါမှမဟုတ် အကိုအကြီးဆုံးနဲ့ညီအငယ်ဆုံးတွေလားလို့မေးကြလိမ့်မည်။ ဒါကလည်း သူတို့အမှားမဟုတ်၊ ကျွန်တော့်ထက်လူကောင်ကြီးပြီး အရပ်ကလည်းခေါင်းတစ်လုံးပိုမြင့်ကာ ကျွန်တော့်ထက်သုံးရက်သာငယ်ပေမဲ့ သုံးနှစ်လောက်ပိုပြီးရုပ်ရင့်နေတဲ့ဒင်းရဲ့အပြစ်ပဲလေ။

" ပုဆိုးက မနက်ကမှ အသစ်ထုတ်ဝတ်ထားတာ... "

" ဘာပြောနေလို့လဲ... "

ကျုပ်ကို ဘုတောပြောပြီး ကျုပ်ကိုထားခဲ့တဲ့ဆင်ပေါက်။ ဟက်! ကျုပ်ရဲ့ဆင်ပေါက်လေးက ကျုပ်ကို တော်တော်စိတ်ဆိုးနေတာပဲ။ မနေ့ကဖြစ်တဲ့ကိစ္စမှာ ကျုပ်ဘက်က လွန်သွားတာကို သိပါတယ်။ ကျုပ်က ကျုပ်တို့အနာဂတ်စီးပွားရေးကိုဦးစားပေးပြီးတွေးမိတော့ ဆင်ပေါက်ရဲ့စေတနာက ကျုပ်ကစော်ကားမိသွားသလိုဖြစ်သွားတာပေါ့။ အဲ့တုန်းက ကျုပ်လည်းသွေးပူနေတော့ ဘာမှစဥ်းစားမရဘူးလေ။ နောက်မှ ကျုပ်မှားသွားမှန်း သိတာ။ ဒါပေမဲ့ ဆင်ပေါက်ကို ပြန်တော့မတောင်းပန်နိုင်ဘူး။ ဘာလို့ဆို ဒီကိစ္စမှာ ဆင်ပေါက်လည်းမှားတာပဲ။ တကယ်ဆို ကျုပ်တို့နှစ်ယောက်လုံးက ကိုယ်ဖြသ်ချင်တာ၊ သူဖြစ်ချင်တာကိုအေးဆေးပြောပြီး ညှီနှိုင်းရမှာ။ အခုကျ သူဖြစ်ချင်တာ၊ ကိုယ်ဖြစ်ချင်တာကိုပဲ ဇွတ်ပြောကြတော့ စကားများရတာပေါ့။

ဒီမနက်လည်း ကြည့်။ ကျုပ်ပြင်ထားပေတဲ့ထမင်းကြော်ကို မစားဘူး။ ကျုပ်က စကားနဲ့ပြန်မချော့တတ်လို့ စေတနာနဲ့ကျုပ်တောင်မစားဘဲ သူ့အတွက်ပြင်ထားပေးတာကို မစားဘူးဆိုတော့ စိတ်ဆိုးတာပေါ့။ ဘာမှမစားဘဲနေရင် တစ်ခုခုဖြစ်သွားမှာကို ဒီကောင် မတွေးတတ်ဘူးလား။ ကျုပ်လည်း ဘာမှမပြောချင်တော့ဘူး။ ဒါပေမဲ့ လမ်းရောက်မှတစ်ခုခုဝယ်စားမယ်ပြောတော့ ကျုပ်လည်း ကျုပ်စိတ်ကို လျော့လိုက်ပါတယ်။ ထမင်းကြော်က အဆာမကြေဖြစ်တတ်တော့ အပြင်မှာစားတာပဲကောင်းပါတယ်၊ ဒါက ဆင်ပေါက် အမှားမှမဟုတ်တာ။

ပြီးတော့လည်း တစ်လမ်းလုံး ကျုပ်ကို စကားတစ်ခွန်းမှ မဟဘူးဗျာ။ တော်သေးတယ်၊ ဆင်ပေါက်သာ ကျုပ်ကိုစကားစပြောရင် ကျုပ် ဝါးလုံးကွဲအောင်ရယ်မိမှာ။ ကျုပ်မှာ တစ်လမ်းလုံးရယ်ချင်စိတ်ကိုမနည်းအောင့်ထားရတယ်။ ဘာလို့ဆို ဆင်ပေါက်က အခုထိသူ့ကိုယ်သူ ဘာဖြစ်နေမှန်းမသိသေးဘူးလေ။ ကျုပ်ရဲ့ဗုဒ္ဓဟူးသားလေးက ကျုပ်ကိုစိတ်ကောက်ပြီး အခုထိ မျက်နှာလည်းမသစ်ရသေးသလို၊ ညကဝတ်ထားတဲ့ကာတွန်းဘောင်းဘီရှည်ကိုလည်း မလဲရသေးမှန်း သူ့ကိုယ်သူ သတိမထားမိဘူးတဲ့ဗျာ။ မြို့ပေါ်ရောက်တော့ ကျုပ်ထက်အရင် ထော်လာဂျီပေါ်က ဆင်းသွားသေးတယ်။ ကျုပ်လည်း ကျုပ်သောက်ဖို့ထားထားတဲ့ရေသန့်ဘူးကိုယူပြီး ဆင်ပေါက်ကို ပေးလိုက်တယ်။

ကျုပ်ရဲ့ဆင်ပေါက်ကိုကြည့်ပြီးရယ်သွားတဲ့လူတွေနဲ့ဒီတိုင်းရပ်ကြည့်နေတဲ့လူတွေကို ကျုပ်မှာ နဂါးမျက်စောင်းနဲ့ဂြိုလ်ကြည့်ကြည့်ပေးရသေး။ ရေဘူးပေးတာကို အူကြောင်ကြောင်နဲ့ကျုပ်ကိုပြန်ကြည့်တဲ့ဆင်ပေါက်ကြောင့် ကျုပ်လည်း မျက်နှာသစ်ဖို့ပေးတဲ့အကြောင်း တည့်ပဲပြောလိုက်တယ်။ ထိုအခါမှ ကမန်းကတန်းနဲ့မျက်နှာသစ်ကာ သူ့ကိုယ်သူပါ သတိထားမိသွားပြီး ဘေးလူတွေကိုခိုးကြောင်ခိုးဝှက်နဲ့ချောင်းကြည့်၍ အပျိုလေးလိုရှက်ပြနေတဲ့ကျုပ်ရဲ့ဆင်ပေါက်။ ဟား... ဘယ်လိုလေးလဲ၊ အူယားလိုက်တာကွာ။

မျက်နှာသစ်ပြီးတော့လည်း သုတ်စရာတဘတ်က မရှိ။ ကျုပ်လည်း ဆင်ပေါက်ကိုဆွဲပြီး ကျုပ်ပုဆိုးခါးပုံစနဲ့ဖွဖွလေးသုတ်ပေးလိုက်တယ်။ တဘတ်မဟုတ်တော့ နာသွားမှာလည်း စိုးတယ်လေ။ ဒါကို ဗုဒ္ဓဟူးက ဘာတွေးနေလဲမသိ၊ ဧကန္တ ကျုပ်ပုဆိုးကိုအဟောင်းလို့များထင်နေတာလား..၊ နှုတ်ခမ်းကိုဆူပြီး မျက်မှောင်ကလည်း ကျုံ့ထားသေးတယ်။ ကျုပ်က သူစိတ်သန့်အောင် ပုဆိုးကလျှော်ပြီးသားအသစ်ဖြစ်တဲ့အကြောင်းပြောတော့ ကျုပ်ကို မျက်စောင်းထိုးပြီး လက္ဘက်ရည်ဆိုင်ထဲဝင်သွားသည်။ ဟင်း.... ဒီဆင်ပေါက်နဲ့တော့။ ကျုပ်လည်း ဆင်ပေါက်နောက်ကနေ အမြန်လိုက်ကာ လက္ဘက်ရယ်ဆိုင်ထဲဝင်ထိုင်လိုက်သည်။ လက္ဘက်ရည်ဆိုင်ဆိုတာ ကျားတွေချည်းပဲ။ အခု ကျုပ်ရဲ့ဆင်ပေါက်ပုံစံလေးက ယောက်ျားလေးတန်မဲ့အရမ်းအူယားစရာကောင်းနေတာမဟုတ်လား။ ကျုပ်ရဲ့ဆင်ပေါက်ကို အခြားကောင်တွေကြည့်တာ မကြိုက်ပါဘူး၊ ဘယ်လိုသဘောနဲ့ကြည့်ကြည့် ကျုပ်ကတော့ စိတ်လည်းတိုသလို ဒေါသလည်းထွက်တယ်ဗျ။

Next episode ........

Zawgyi
Episode _ 25

ဒီေန့ က်ဳပ္တို႔ၿမိဳ႔တက္မဲ့ေန့မို႔ အေစာႀကီးထၿပီး က်ဳပ္ေရာ.. ဆင္ေပါက္ေရာ ျပင္ဆင္ရသည္။ က်ဳပ္တို႔နဲ႔အတူတူ ဆရာေအာင္ထူးေမာ္တို႔ပါအတူတူလိုက္မွာဆိုေတာ့  ဆင္ေပါက္အတြက္ မပ်င္းရေတာ့ဘူးေပါ့။ ဘာလို႔ဆို က်ဳပ္က အဘရဲ့မိတ္ေဆြဆိုတဲ့ပြဲစားနဲ႔သြားေတြ့ရမွာေလ..။ ၿပီးေတာ့ ေထာ္လာဂ်ီလည္း သြားဝယ္ရအံုးမွာ။ ပြဲစားအလုပ္က ပံုမွန္ဝင္ေငြမရိွေတာ့ ေထာ္လာဂ်ီေလးတစ္စီးဝယ္ၿပီး အငွားလိုက္တာက အဆင္ေျပတယ္လို႔ က်ဳပ္ေတြးထားတယ္။ ေထာ္လာဂ်ီေမာင္းတတ္လားဆိုရင္ေတာ့ က်ဳပ္က ဘယ္သူမို႔လဲ။ ေအးေဆးပါ။ က်ဳပ္တို႔ၿမိဳ႔ကိုလာေတာ့ ကားႀကံဳနဲ႔သြားရမယ္ဆိုေပမဲ့ အျပန္က်ရင္ေတာ့ က်ဳပ္ရဲ့ေထာ္လာဂ်ီနဲ႔ျပန္မယ္ေပါ့ဗ်ာ။

" ေတလြန္း... ငါ မလိုက္လို႔မရဘူးလားဟင္ "

" ဘာျဖစ္လို႔လဲ.. ေမာင္က မင္းနဲ႔အတူတူပဲ သြားခ်င္တာ "

" ဟိုေရာက္ရင္ မင္းကလည္း မင္းကိစၥနဲ႔မင္းအလုပ္ရႈပ္မွာေလ..၊ ငါ မပါလည္း ဘာမွမျဖစ္ပါဘူး... ၿပီးေတာ့ ငါ အခုထိမသက္သာေသးဘူး "

" ေမာင့္ဆင္ေပါက္ေလးက အၾကမ္းမခံလိုက္တာ...၊ အၾကမ္းခံေအာင္ ေမာင္ေသခ်ာေလ့က်င့္ေပးရမဲ့ပံုပဲ.. "

" ေတလြန္း.!! ေခြးေကာင္၊ ငါ စကားအေကာင္းေျပာေနတာကို ထမေဖာက္နဲ႔ "

" ဟား... ရွက္သြားတာလား "

" ဘာလို႔ရွက္ရမွာလဲ... ငါ ေယာက္်ားကြ၊ မင္း ထပ္စရင္.. ဒီမွာ ငါ့လက္သီးကိုၾကည့္ထား "

က်ဳပ္ကို လက္သီးရြယ္ျပတဲ့ဆင္ေပါက္ေၾကာင့္ က်ဳပ္မွာ တဟားဟားရယ္မိသည္။

" ေမာင့္ဆင္ေပါက္ေလးက ေမာင့္ကို ထိုးရက္လို႔လား...ဟင္ "

" ဘာလို႔ မထိုးရက္ရမွာလဲ၊ ထိုးရက္လြန္းလို႔ လာစမ္းပါ..  ထိုးျပမယ္ "

အိမ္တံခါးေတြကိုလိုက္ပိတ္ေနတဲ့ဆင္ေပါက္က က်ဳပ္ကိုလက္သီးလက္ေမာင္းတန္းကာ စိန္ေခၚသည္။

" လာပါၿပီဗ်ာ...  တစ္ေယာက္တစ္ခ်က္ေနာ္၊ ဆင္ေပါက္အရင္ထိုး... ဆင္ေပါက္ၿပီးရင္ ေမာင့္အလွည့္၊ ဒါေပမဲ့ ေမာင္က မင္းလို လက္သီးနဲ႔မထိုးဘူး...၊ အျခားတစ္ခုနဲ႔ ေမာင္ထိုးခ်င္တဲ့ေနရာကို ထိုးမွာ... "

" ေတလြန္း!!! "

ကြၽန္ေတာ့္အနားကိုခ်က္ခ်င္းေရာက္လာၿပီး တဏွာငယ္ထိပ္ေရာက္ေနတဲ့ေတလြန္းကို ကြၽန္ေတာ္လည္း ရွက္ရွက္နဲ႔ေအာ္လႊတ္လိုက္တယ္။ ဒီေကာင့္ပါးစပ္က တကယ့္ကိုစည္းမရိွတာပဲ။ ၿပီးေတာ့ အရွက္လည္းမရိွဘူး။ ေျပာတဲ့ဒင္းက ဘယ္လိုမွမေနတဲ့အျပင္ မ်က္ႏွာက ထန္းသီးမွည့္ဆီသုတ္ လွည္းဘီးႀကိတ္ထားတဲ့ရုပ္လို ေျပာင္ေခ်ာ္ေခ်ာ္စပ္ၿပဲျပဲနဲ႔။ သူေျပာတာကိုၾကားရတဲ့ကြၽန္ေတာ့္မွာသာ မၿပီးႏိုင္မစီးရင္ ရိုးမသြားဘဲ အပ်ိဳဖ်န္းေလးတစ္ေယာက္လို တစ္ကိုယ္လံုးရဲပေလာင္းခတ္ေနၿပီး ပူထူၿပီးရွက္ေနတုန္းပဲ။

က်ဳပ္တို႔ေလးေယာက္စလံုး ရြာကလွည္းနဲ႔ကားရပ္မဲ့ေနရာထိ ေဇာ္ဝင္းကိုလိုက္ပို႔ခိုင္းၿပီး ၿမိဳ႔ေပၚသြားမဲ့ကားကိုေစာင့္ရတယ္။ ၿမိဳ႔ေပၚေရာက္ေတာ့ ဆယ္နာရီခြဲ၊ ဆယိ့တစ္မတ္တင္းေလာက္ရိွၿပီ။ အရင္ဆံုး က်ဳပ္အဘရဲ့မိတ္ေဆြပြဲစားဆီကိုသြားၿပီး အက်ိဳးအေၾကာင္းေျပာျပ၊ ၿပီးေတာ့ က်ဳပ္ကို တပည့္အျဖစ္လက္ခံၿပီးလက္တြဲေခၚေပးဖို႔ ေျပာရတယ္။ ပြဲစားၪီးေလးက သေဘာလည္းေကာင္းတဲ့အျပင္ အဘရဲ့မ်က္ႏွာေၾကာင့္ က်ဳပ္ကို ခ်က္ခ်င္းလက္ခံေပးတာေပါ့။ အဘနဲ႔သက္တူရြယ္တူျဖစ္တဲ့ ပြဲစားၪီးေလးေရာ၊ သူ႔မိန္းမျဖစ္သူကေရာ က်ဳပ္ကိုေဖာ္ေရြၾကတယ္။ စိတ္မေကာက္းစရာက ၪီးေလးသိန္းတို႔က သားသမီးမရသည့္လင္မယားစံုတြဲျဖစ္သည္။ က်ဳပ္ရဲ့ကံကေကာင္းေတာ့ ၪီးေလးသိန္းက အိမ္​ၿခံေျမသာမက စက္ပစၥည္းယာဥ္ေတြကိုပါ ပြဲစားလုပ္ေပးတဲ့သူျဖစ္ေနတာပဲ။ ၪီးေလးသိန္းရဲ့အကူအညီနဲ႔ပဲ က်ဳပ္တို႔ ေထာ္လာဂ်ီ ေကာင္းေကာင္းသန္႔သန္႔တစ္စီးကိုေစ်းခ်ိဳခ်ိဳနဲ႔ခဏေလူအတြင္း ၪီးေလးသိန္းရဲ့အိမ္တိုင္ရာအေရာက္ထိ သက္သက္သာသာရခဲ့သည္။ ပြဲစားအလုပ္ကိုသင္ယူဖို႔က အခ်ိန္ခဏေလးနဲ႔မရတာေၾကာင့္ ေနာက္ရက္ေတြမွ က်ဳပ္ကို ၪီးေလးသိန္းက သူနဲ႔အတူတူပြဲစားေစ်းကြက္ထဲလိုက္ခဲ့ဖို႔ေခၚသည္။ အားလံုးၿပီးသြားေတာ့ ေန့လည္တစ္နာရီပင္ေက်ာ္သြားသည္။ ၪီးေလးသိန္းက သူ႔အိမ္မွာထမင္းစားသြားဖို႔ေျပာေပမဲ့ ဆရာေအာင္ထူးေမာ္တို႔ကို ႀကိဳရအံုးမွာမို႔ က်ဳပ္တို႔လည္း အားနာနာနဲ႔ပဲ ျငင္းခဲ့ရေသးတယ္။ ဆင္ေပါက္ကို ဆရာေအာင္ထူးေမာ္တို႔နဲ႔လိုက္သြားဖို႔ေျပာေပမဲ့ ဆင္ေပါက္က က်ဳပ္နဲ႔ပဲအတူတူလိုက္လာၿပီး တစ္ေလ်ွာက္လံုး က်ဳပ္ေဘးကေနၿငိမ္ၿငိမ္ေလး က်ဳပ္တို႔ေျပာသမ်ွ၊ လုပ္သမ်ွေတြကို ထိုင္နားေထာင္ေနရရွာသည္။

က်ဳပ္တို႔ ဆရာေအာင္ထူးေမာ္တို႔ဆီကိုေရာက္ေတာ့ ဆရာေအာင္ထူးေမာ္နဲ႔တိုးလြင္က ဝယ္စရာရိွတဲ့ပစၥည္း၊ ပရိေဘာဂေတြအကုန္ဝယ္ထားၿပီးျဖစ္သည္။ ဆရာေအာင္ထူးေမာ္ ၿမိဳ႔ေပၚတက္ရတဲ့အေၾကာင္းက အလုပ္လုပ္ခ်င္တယ္လို႔အၿမဲေျပာေနတဲ့တိုးလြင္ကို ဆရာေအာင္ထူးေမာ္က သူစုထားတဲ့ေငြေၾကးနဲ႔ အိမ္ဆိုင္ေလးတစ္ဆိုင္ေဆာက္ေပးဖို႔လိုအပ္တာေတြကိုလာဝယ္ျခင္းျဖစ္သည္။ ဒါကလည္း က်ဳပ္နဲ႔ဆရာေအာင္ထူးေမာ္သာသိတဲ့ ဆရာေအာင္ထူးေမာ္က တိုးလြင္ကိုေပးတဲ့လက္ေဆာင္ျဖစ္သည္။ တိုးလြင္က ငိုထားသည္ထင္ မ်က္လံုးေတြရဲေနသည္။ ဒါေပမဲ့ စိတ္ပူစရာမွမလိုတာ၊ တိုးလြင္ ငိုရင္ေတာင္ ဒါက ဆရာေအာင္ထူးေမာ္ေပးတဲ့လက္ေဆာင္ေၾကာင့္ ဝမ္းသာလြန္းဆို႔ၿပီး ငိုမွန္း အခု က်ဳပ္တို႔ေဘးမွာ ဆရာေအာင္ထူးေမာ္ေပါင္ေပၚတက္ထိုင္ၿပီး တစ္ေတတူးေနတဲ့တိုးလြင္ကိုၾကည့္ရံုနဲ႔သိတယ္။ ေထာ္လာဂ်ီေနာက္တြဲေပၚမွာ အိမ္ေဆာက္ပစၥည္းေတြနဲ႔ ဆိုင္မွာေရာင္းဖို႔ စားသံုးကုန္ ကုန္ေျခာက္ပစၥည္းေတြတင္ထားတာေၾကာင့္ အခုက်ဳပ္တို႔ေလးေယာက္စလံုးက ေထာ္လာဂ်ီေခါင္းထဲမွာပဲ က်ပ္က်ပ္ၫွပ္ၫွပ္နဲ႔ရြာကိုျပန္လာရတယ္။ ေထာ္လာဂ်ီေခါင္းခန္းက လူေလးေယာက္ထိုင္ဖို႔အဆင္မေျပတာေၾကာင့္ ဆရာေအာင္ထူးေမာ္က သူ႔ေပါင္ေပၚမွာတိုးလြင္ကိုထိုင္ခိုင္းၿပီး အလည္မွာဆင္ေပါက္က ထိုင္သည္။ က်ဳပ္လည္း အားက်မခံ ဆင္ေပါက္ကို က်ဳပ္ေပါင္ေပၚမွာထိုင္ခိုင္းခ်င္ေပမဲ့ ေထာ္လာဂ်ီက က်ဳပ္ေမာင္းေနရတာမို႔ အဆင္မေျပ။ ေတာ္ေသးတယ္... ေထာ္လာဂ်ီကူရွင္ထိုင္ခံုက ေဖာ့နဲ႔လုပ္ထားလို႔၊ မဟုတ္ရင္ က်ဳပ္ဆင္ေပါက္ေလး ဘယ္ေလာက္ခံရခက္လိမ့္မလဲ။

~~~~~~~~~~~~~~~~~~~~~~~

ကြၽန္ေတာ္နဲ႔ေတလြန္းအိမ္ေထာင္ေရးက ဘာလိုလိုနဲ႔တစ္လေတာင္ျပည့္သြားၿပီ။ ဒီအေတာအတြင္း ေတလြန္းကပြဲစားအလုပ္ကို ၪီးေလးသိန္းဆီကေနကြၽမ္းက်င္စြာသင္ယူႏိုင္ခဲ့သလို ပြဲျဖစ္တဲ့အေရာင္းအဝယ္ေတြလည္း ရိွသည္။ ကြၽန္ေတာ္ကေတာ့ စာေမးပြဲနီးလာၿပီမို႔ ေက်ာင္းတက္ဖို႔ျပင္ဆင္ေနရတယ္။ ေတလြန္းက ေက်ာင္းဆက္တက္ဖို႔ကိုစိတ္မဝင္စားေတာ့ေပ။ ေဖေသာင္းနဲ႔ေမႀကိဳင္ကလည္း ဘာမွမေျပာ။ ကြၽန္ေတာ္လည္း ေတလြန္းေၾကာင့္ ေက်ာင္းဆက္မတက္ေတာ့ဘူးလို႔ေျပာေပမဲ့ ခါးခါးသီးသီးျငင္းတဲ့သူက ေတလြန္း။ ထိုေန့က ရန္ျဖစ္ေတာ့မလိုေတာက္ျဖစ္ခဲ့ေသးတယ္။ ကြၽန္ေတာ္ကလည္း အဲ့ေန့က ေခါင္းမမာသဖူး ေခါင္းမာခဲ့တာေလ။ ေတလြန္းေက်ာင္းမတက္ရင္ ကြၽန္ေတာ္လည္း မတက္ေတာ့ဘူးလို႔၊ ေနာက္မွ အဘတို႔နဲ႔ေဖေသာင္းတို႔ကပါ ကြၽန္ေတာ္ေက်ာင္းထြက္မဲ့ကိစၥကို ဝိုင္းကန္႔ကြက္ၾကေတာ့ ကြၽန္ေတာ္လည္း ေခါင္းဆက္မမာႏိုင္ေတာ့။ အဲ့ေန့က အဘတို႔ျပန္သြားၿပီးတာနဲ႔ ကြၽန္ေတာ္လည္း ညေနသာေတာင္မစားဘဲ အခန္းထဲမွာပဲေအာင္းေနလိုက္တာ။ ေတလြန္းက ကြၽန္ေတာ္နဲ႔အေခ်အတင္ေျပာေနရင္း အဘတို႔ေရာက္လာကတည္းက အိမ္ကေနထြက္သြားတာ ကြၽန္ေတာ္အိပ္ေပ်ာ္သြားမွ အိမ္ကိုျပန္ေရာက္လာတယ္ထင္၊ ေနာက္ေန့မနက္ ကြၽန္ေတာ္ႏိုးေတာ့ ေတလြန္းက ၿမိဳ႔ေပၚသြားဖို႔ျပင္ေနသည္။ ၿမိဳ႔နဲ႔ရြာက လမ္းပန္းဆက္သြယ္ေရးမေကာင္းေပမဲ့ ေထာ္လာဂ်ီနဲ႔ဆိုရင္ အခ်ိန္တစ္နာရီေလာက္သာၾကာသည္။

ကြၽန္ေတာ္ ေတလြန္းနဲ႔စကားမေျပာခ်င္ေပမဲ့ အလုပ္သြားေတာ့မဲ့သူကို ဘာမွမစားဘဲသြားရမွာစိုးတာေၾကာင့္ သူ႔အတြက္ မနက္စာတစ္ခုခုလုပ္ေပးဖို႔ ကတမ္းကယမ္းနဲ႔မီးဖိုေခ်ာင္ထဲကိုသြားလိုက္သည္။ သို႔ေသာ္ စားပြဲေပၚမွာ အုပ္ေဆာင္းတစ္လံုးနဲ႔အသင့္ျပင္ထားတဲ့ထမင္းေၾကာ္က ကြၽန္ေတာ့္ကိုေလွာင္ရယ္ေနသည္။ မေန့ကက်န္တဲ့ထမင္းၾကမ္းက တစ္ေယာက္စာသာ၊ အခုထမင္းေၾကာ္ကလည္း တစ္ေယာက္စာပဲရိွေတာ့ ေတလြန္း ဘာမွမစားရေသးဘူးဆိုတာ ေသခ်ာတယ္။ ထမင္းေၾကာ္ေပၚမွာ ၾကက္ဥအကာက်တ္ေၾကာ္ေလးတစ္ခ်ပ္ပါ ထည့္ထားသည္။  ေတလြန္းက သူ႔ဘာသာေတာင္မစားသြားဘဲ ကြၽန္ေတာ့္အတြက္လုပ္ေပးထားတာေပါ့။ ထိုအခ်ိန္ ေထာ္လာဂ်ီစက္ႏိုးသံေၾကာင့္ ကြၽန္ေတာ္ အခန္းထဲကပိုက္ဆံအိတ္ကိုေျပးယူကာ အျပင္ကိုအျမန္​သြားလိုက္သည္။

" ေနၪီး..၊ ငါေကာ ၿမိဳ႔ေပၚလိုက္ခဲ့မယ္ "

" ဘာလိုက္လုပ္မလို႔လဲ "

" ငါ စာအုပ္ေတြဝယ္စရာရိွေသးတယ္.. "

" မလိုက္နဲ႔...၊ ဝယ္ခဲ့မယ္ "

" လိုက္မွာပဲ... "

ကြၽန္ေတာ့္ကို မေခၚခ်င္တဲ့ေတလြန္းကို အရြဲ႔တိုက္ကာ ေထာ္လာဂ်ီေပၚတက္ထိုင္လိုက္တယ္။

" ထမင္းေၾကာ္ထားတယ္... "

" မစားဘူး.. "

" က်စ္!... "

ေတလြန္းက ကြၽန္ေတာ့္ကိုမၾကည့္ဘဲ အံကိုႀကိတ္ကာ က်စ္သပ္သည္။

" ငါ့ဘာသာ လမ္းမွာတစ္ခုခုဝယ္စားမယ္... "

ထိုအခါမွ ေတလြန္းက ကြၽန္ေတာ့္ကိုတစ္ခ်က္ေစာင္းၾကည့္ကာ ဘာမွမေျပာဘဲ ေထာ္လာဂ်ီကိုၿခံအျပင္ထိေမာင္းကာ သူ႔ဘာသာပဲၿခံတံခါးကိုဆင္းပိတ္သည္။

" ဘာစားမွာလဲ... "

" မသိဘူး၊ ေတြ့တဲ့ဆိုင္ ဝင္လိုက္.. "

တစ္လမ္းလံုးဘာစကားမွမေျပာတဲ့ေတလြန္းက ကြၽန္ေတာ့္ကိုၿမိဳ႔ေပၚေရာက္တာနဲ႔ ထိုစကားကို စေမးသည္။ ထို႔ေနာက္ ကြၽန္ေတာ့္ဆီကိုလွမ္းေပးတဲ့ေရသန္႔ဘူးတစ္ဘူး၊ အဲ့ေရဘူးကို ကြၽန္ေတာ္က ဘာလုပ္ရမွာလဲ။

" ၾကည့္မေနနဲ႔၊ မ်က္ႏွာမသစ္ရေသးဘဲ သူမ်ားဆိုင္ကို သြားထိုင္မလို႔လား... "

သြားၿပီ။ ဟုတ္သားပဲ၊ ကြၽန္ေတာ္ မ်က္ႏွာသစ္ဖို႔ေမ့ေနတာ။ ဒါ့ေၾကာင့္ ကြၽန္ေတာ့္စိတ္ထဲဘဝင္မက်သလို၊ တစ္ခုခုလိုေနသလိုျဖစ္ေနတာေပါ့။ ေတလြန္းကို စိတ္ဆိုးေနလို႔ျဖစ္တယ္ပဲထင္ေနတာ။

ကြၽန္ေတာ္လည္း ေရဘူးကိုဆြဲယူၿပီးမ်က္ႏွာသစ္၊ ပါးလုတ္က်င္းလိုက္သည္။ မ်က္ႏွာသုတ္စရာတဘတ္က ပါမလာ။ ထိုအခါမွ ေနာက္ထပ္သတိရတာတစ္ခုက ကြၽန္ေတာ္ဝတ္ထားတာတဲ့ကာတြန္းေဘာင္းဘီရွည္။ ညအိပ္ရင္ ပုဆိုးနဲ႔မအိပ္တတ္တဲ့ကြၽန္ေတာ္က ေတလြန္းကိုရြဲ႔ခ်င္လြန္းလို႔ ဘာမွမျပင္မဆင္ဘဲ ၿမိဳ႔ေပၚကိုတက္လာမိၿပီ။ အား.... ေတြးရင္း၊ ေတြးရင္း.. ရွက္လာၿပီ။ ေဘးပတ္ဝန္းက်င္ကိုတစ္ခ်က္အကဲခတ္ၾကည့္ေတာ့ ေတာ္ေသးသည္။ ဘယ္သူမွ ကြၽန္ေတာ့္ကိုၾကည့္ၿပီးရယ္မေနၾကလို႔။

" ဒီနား လာ... "

ေတလြန္းက မေျပာမဆိုနဲ႔ ကြၽန္ေတာ့္ကို သူ႔အနားထိဆြဲယူၿပီး သူ႔ပုဆိုးခါးပံုစကိုအနည္းငယ္ျဖည္ခ်ကာ ကြၽန္ေတာ့္မ်က္ႏွာအနားထိအေပၚဆြဲယူၿပီး မ်က္ႏွာကို ေရေျခာက္ရံုမ်ွ ခပ္ဖြဖြေလးဖိသုတ္ေပးသည္။ မသိရင္ ကြၽန္ေတာ္က သူ႔သားၾကေနတာပဲ။  အရပ္အေမာင္း၊ ခႏၶာကိုယ္ကလည္းသိသာစြာကြာျခားတာေၾကာင့္ အကယ္၍မ်ား အျခားသူေတြကထင္ေၾကးေပးၾကရင္ သားအဖႏွစ္ေယာက္လား.. ဒါမွမဟုတ္ အကိုအႀကီးဆံုးနဲ႔ညီအငယ္ဆံုးေတြလားလို႔ေမးၾကလိမ့္မည္။ ဒါကလည္း သူတို႔အမွားမဟုတ္၊ ကြၽန္ေတာ့္ထက္လူေကာင္ႀကီးၿပီး အရပ္ကလည္းေခါင္းတစ္လံုးပိုျမင့္ကာ ကြၽန္ေတာ့္ထက္သံုးရက္သာငယ္ေပမဲ့ သံုးႏွစ္ေလာက္ပိုၿပီးရုပ္ရင့္ေနတဲ့ဒင္းရဲ့အျပစ္ပဲေလ။

" ပုဆိုးက မနက္ကမွ အသစ္ထုတ္ဝတ္ထားတာ... "

" ဘာေျပာေနလို႔လဲ... "

က်ဳပ္ကို ဘုေတာေျပာၿပီး က်ဳပ္ကိုထားခဲ့တဲ့ဆင္ေပါက္။ ဟက္! က်ဳပ္ရဲ့ဆင္ေပါက္ေလးက က်ဳပ္ကို ေတာ္ေတာ္စိတ္ဆိုးေနတာပဲ။ မေန့ကျဖစ္တဲ့ကိစၥမွာ က်ဳပ္ဘက္က လြန္သြားတာကို သိပါတယ္။ က်ဳပ္က က်ဳပ္တို႔အနာဂတ္စီးပြားေရးကိုၪီးစားေပးၿပီးေတြးမိေတာ့ ဆင္ေပါက္ရဲ့ေစတနာက က်ဳပ္ကေစာ္ကားမိသြားသလိုျဖစ္သြားတာေပါ့။ အဲ့တုန္းက က်ဳပ္လည္းေသြးပူေနေတာ့ ဘာမွစဥ္းစားမရဘူးေလ။ ေနာက္မွ က်ဳပ္မွားသြားမွန္း သိတာ။ ဒါေပမဲ့ ဆင္ေပါက္ကို ျပန္ေတာ့မေတာင္းပန္ႏိုင္ဘူး။ ဘာလို႔ဆို ဒီကိစၥမွာ ဆင္ေပါက္လည္းမွားတာပဲ။ တကယ္ဆို က်ဳပ္တို႔ႏွစ္ေယာက္လံုးက ကိုယ္ျဖသ္ခ်င္တာ၊ သူျဖစ္ခ်င္တာကိုေအးေဆးေျပာၿပီး ၫွီႏိႈင္းရမွာ။ အခုက် သူျဖစ္ခ်င္တာ၊ ကိုယ္ျဖစ္ခ်င္တာကိုပဲ ဇြတ္ေျပာၾကေတာ့ စကားမ်ားရတာေပါ့။

ဒီမနက္လည္း ၾကည့္။ က်ဳပ္ျပင္ထားေပတဲ့ထမင္းေၾကာ္ကို မစားဘူး။ က်ဳပ္က စကားနဲ႔ျပန္မေခ်ာ့တတ္လို႔ ေစတနာနဲ႔က်ဳပ္ေတာင္မစားဘဲ သူ႔အတြက္ျပင္ထားေပးတာကို မစားဘူးဆိုေတာ့ စိတ္ဆိုးတာေပါ့။ ဘာမွမစားဘဲေနရင္ တစ္ခုခုျဖစ္သြားမွာကို ဒီေကာင္ မေတြးတတ္ဘူးလား။ က်ဳပ္လည္း ဘာမွမေျပာခ်င္ေတာ့ဘူး။ ဒါေပမဲ့ လမ္းေရာက္မွတစ္ခုခုဝယ္စားမယ္ေျပာေတာ့ က်ဳပ္လည္း က်ဳပ္စိတ္ကို ေလ်ာ့လိုက္ပါတယ္။ ထမင္းေၾကာ္က အဆာမေၾကျဖစ္တတ္ေတာ့ အျပင္မွာစားတာပဲေကာင္းပါတယ္၊ ဒါက ဆင္ေပါက္ အမွားမွမဟုတ္တာ။

ၿပီးေတာ့လည္း တစ္လမ္းလံုး က်ဳပ္ကို စကားတစ္ခြန္းမွ မဟဘူးဗ်ာ။ ေတာ္ေသးတယ္၊ ဆင္ေပါက္သာ က်ဳပ္ကိုစကားစေျပာရင္ က်ဳပ္ ဝါးလံုးကြဲေအာင္ရယ္မိမွာ။ က်ဳပ္မွာ တစ္လမ္းလံုးရယ္ခ်င္စိတ္ကိုမနည္းေအာင့္ထားရတယ္။ ဘာလို႔ဆို ဆင္ေပါက္က အခုထိသူ႔ကိုယ္သူ ဘာျဖစ္ေနမွန္းမသိေသးဘူးေလ။ က်ဳပ္ရဲ့ဗုဒၶဟူးသားေလးက က်ဳပ္ကိုစိတ္ေကာက္ၿပီး အခုထိ မ်က္ႏွာလည္းမသစ္ရေသးသလို၊ ညကဝတ္ထားတဲ့ကာတြန္းေဘာင္းဘီရွည္ကိုလည္း မလဲရေသးမွန္း သူ႔ကိုယ္သူ သတိမထားမိဘူးတဲ့ဗ်ာ။ ၿမိဳ႔ေပၚေရာက္ေတာ့ က်ဳပ္ထက္အရင္ ေထာ္လာဂ်ီေပၚက ဆင္းသြားေသးတယ္။ က်ဳပ္လည္း က်ဳပ္ေသာက္ဖို႔ထားထားတဲ့ေရသန္႔ဘူးကိုယူၿပီး ဆင္ေပါက္ကို ေပးလိုက္တယ္။

က်ဳပ္ရဲ့ဆင္ေပါက္ကိုၾကည့္ၿပီးရယ္သြားတဲ့လူေတြနဲ႔ဒီတိုင္းရပ္ၾကည့္ေနတဲ့လူေတြကို က်ဳပ္မွာ နဂါးမ်က္ေစာင္းနဲ႔ၿဂိဳလ္ၾကည့္ၾကည့္ေပးရေသး။ ေရဘူးေပးတာကို အူေၾကာင္ေၾကာင္နဲ႔က်ဳပ္ကိုျပန္ၾကည့္တဲ့ဆင္ေပါက္ေၾကာင့္ က်ဳပ္လည္း မ်က္ႏွာသစ္ဖို႔ေပးတဲ့အေၾကာင္း တည့္ပဲေျပာလိုက္တယ္။ ထိုအခါမွ ကမန္းကတန္းနဲ႔မ်က္ႏွာသစ္ကာ သူ႔ကိုယ္သူပါ သတိထားမိသြားၿပီး ေဘးလူေတြကိုခိုးေၾကာင္ခိုးဝွက္နဲ႔ေခ်ာင္းၾကည့္၍ အပ်ိဳေလးလိုရွက္ျပေနတဲ့က်ဳပ္ရဲ့ဆင္ေပါက္။ ဟား... ဘယ္လိုေလးလဲ၊ အူယားလိုက္တာကြာ။

မ်က္ႏွာသစ္ၿပီးေတာ့လည္း သုတ္စရာတဘတ္က မရိွ။ က်ဳပ္လည္း ဆင္ေပါက္ကိုဆြဲၿပီး က်ဳပ္ပုဆိုးခါးပံုစနဲ႔ဖြဖြေလးသုတ္ေပးလိုက္တယ္။ တဘတ္မဟုတ္ေတာ့ နာသြားမွာလည္း စိုးတယ္ေလ။ ဒါကို ဗုဒၶဟူးက ဘာေတြးေနလဲမသိ၊ ဧကႏၲ က်ဳပ္ပုဆိုးကိုအေဟာင္းလို႔မ်ားထင္ေနတာလား..၊ ႏႈတ္ခမ္းကိုဆူၿပီး မ်က္ေမွာင္ကလည္း က်ံဳ႔ထားေသးတယ္။ က်ဳပ္က သူစိတ္သန္႔ေအာင္ ပုဆိုးကေလ်ွာ္ၿပီးသားအသစ္ျဖစ္တဲ့အေၾကာင္းေျပာေတာ့ က်ဳပ္ကို မ်က္ေစာင္းထိုးၿပီး လက႓က္ရည္ဆိုင္ထဲဝင္သြားသည္။ ဟင္း.... ဒီဆင္ေပါက္နဲ႔ေတာ့။ က်ဳပ္လည္း ဆင္ေပါက္ေနာက္ကေန အျမန္လိုက္ကာ လက႓က္ရယ္ဆိုင္ထဲဝင္ထိုင္လိုက္သည္။ လက႓က္ရည္ဆိုင္ဆိုတာ က်ားေတြခ်ည္းပဲ။ အခု က်ဳပ္ရဲ့ဆင္ေပါက္ပံုစံေလးက ေယာက္်ားေလးတန္မဲ့အရမ္းအူယားစရာေကာင္းေနတာမဟုတ္လား။ က်ဳပ္ရဲ့ဆင္ေပါက္ကို အျခားေကာင္ေတြၾကည့္တာ မႀကိဳက္ပါဘူး၊ ဘယ္လိုသေဘာနဲ႔ၾကည့္ၾကည့္ က်ဳပ္ကေတာ့ စိတ္လည္းတိုသလို ေဒါသလည္းထြက္တယ္ဗ်။

Next episode ........

Continue Reading

You'll Also Like

58.9K 4.2K 40
မထင်​မှတ်​ထားတဲ့..​တွေဆုံမှု​လေးသည်​... အပြာ​ရောင်​နွေဦးမှာစခဲ့တာမို့.... ကျွန်​တော့်​ရဲ့အချစ်​တွေသည်​လည်း..အပြာ​ရောင်​နွေဦး​လေးလို.. တကယ်​ပင်​လှပသာယ...
13.1K 328 27
ရေးသားထားသောအကြောင်းအရာများသည် စိတ်ကူးယဉ်သက်သက်သာဖြစ်၍အချက်အလက် အမှားများပါခဲ့လျှင်ကြိုတင်၍တောင်းပန်ပါသည်။ Mafia type Action-Romance-Science #Ongoin...
3.6K 367 1
ဒါလေးက အရှေးရဲ့အကြောင်းလေးကို ဇာတ်လမ်းပုံစံလေးပြန်ရေးထားတာပါ။ ဒါေလးက အေရွးရဲ့အေၾကာင္းေလးကို ဇာတ္လမ္းပုံစံေလးျပန္ေရးထားတာပါ။
1.5K 95 4
စိတ်ကူးပေါက်တိုင်း ရေးရေးတင်ဖြစ်မည့် ဝတ္ထုတိုများ စုစည်းမှုဖြစ်ပါသည်။