Uni ver
အချိန်အားဖြင့်ညနေ6နာရီ
"သွားရအောင် သိပ်နောက်ကျရင်မနေရဲဘူး"
"ဟုတ်ပြီလေ သွားရအောင်"
တကယ်တော့ ဧကရီကော မင်းဇေယျကောပင်ပန်းနေပြီ ဒါပေမယ့် မပင်ပန်းတာ ကြယ်စင်တို့အတွဲ
ကားပေါ်မှာလဲ ဘာစကားမှမပြောဖြစ်ကြ ဧကရီတို့ဒီလိုအခြေအနေမှာပဲရပ်တန့်နေတော့မယ်ထင်တယ်
"ဧကရီ"
ကိုကြီးကဧကရီ့နာမည်ခေါ်လိုက်တာလား
ကိုကြီးကိုဧကရီလှည့်ကြည့်လိုက်ပြီး
"မပင်ပန်းဘူးလား ဟိုအတွဲနောက်လိုက်ရတာ"
"ဘာလို့တုန်း အဆင်ပြေပါတယ် သူတို့နောက်လိုက်ရတာလည်း"
"ဒီတိုင်းမေးကြည့်တာပါ အကိုတော့ပင်ပန်းနေပြီ"
"အဲ့တာသူများအတွဲနောက်လိုက်ရတာမလို့ပါ"
ဧကရီနဲ့ကိုကြီး စကားအနည်းငယ်တော့ပြောဖြစ်သွားတာပေါ့ ဘယ်လိုပဲဖြစ်ဖြစ် ဧကရီကျေနပ်တယ် ဒီလိုစကားစပြောမှာကိုဧကရီကစောင့်နေခဲ့တာလေ
.....
ညဈေးကိုရောက်လာပါပြီ
ညဈေး ၀င်၀င်ချင်းမှာ ပဲ တွေ့လိုက်ရတဲ့ မုန့်သိုင်းခြုံသည်ဆီကိုကြယ်စင်အပြေးသွားတော့နောက်နေ သူ့ချစ်ချစ်ကလိုက်ရတာပေါ့ ကြယ်စင်စားချင်တာတွေကို ကိုသန့်က၀ယ်ကျွေးနေရပါပြီ
ဧကရီ လည်းကိုသန့်တို့ကိုကြည့်ရင်းအားကျလို့ပေါ့
ရတီကတော့ပင်ပန်းလို့သူကောင်လေးနဲ့ဖုန်းပြောရင်းကားပေါ်မှာကျန်ခဲ့လေရဲ့
ကြယ်စင်ကတော့မမောနိုင်မပန်းနိုင်နဲ့ ကိုသန့်လက်ကိုဆွဲကာ မုန့်ဆိူင်တစ်ဆိုင်ပြိးတစ်ဆိုင်သွားနေတော့တယ်
ဧကရီနဲ့ကို မင်းဇေယျကတော့ လမ်းလျှောက်ရင်း ဆိုင်တွေကိုလျှောက်ကြည့်နေတာပေါ့
"ဧကရီ ဘာမှမစားဘူးလား"
"ဟုတ် ခေါင်းနောက်နေလို့ ဘာမှစားချင်ဘူးဖြစ်နေတာ"
"ပြန်မလား ကို လိုက်ပို့မယ်လေ"
"ရပါတယ် သူတို့အတွဲနဲ့မှအတူတူပြန်လိုက်မယ်"
"အဆင်ပြေလို့လား ခရီးပမ်းနေတဲ့ဟာကို ကိုပြန်လိုက်ပို့မယ် အပန်းမကြီးဘူး"
"ရပါတယ် တိုက်ခန်းမှာညမတစ်ယောက်တည်းကြောက်လို့ သူတို့နဲ့မှပြန်လိုက်မယ်"
"ကိုစောင့်ပေးမယ် လာ ရောဂါမရှာနဲ့တော့"
"သူတို့ကိုပြောလိုက်ဦးမယ်"
"ထားလိုက်လည်ပါလေ့စေ လည်လို့၀ရင်ဖုန်းဆက်လိမ့်မယ်"
"ဟုတ်"
ဧကရီလည်းမင်းဇေယျပြောတဲ့အတိုင်း တိုက်ခန်းကိုပြန်ခဲ့လိုက်တာပေါ့
.......
တိုက်ခန်းထဲမှာတော့မင်းဇေယျရယ် ဧကရီရယ်
"အားနာလိုက်တာ ဘာမှလည်းကျွေးစရာမုန့်မရှိဘူး ဟဲ"
"ရပါတယ်"
ဧည့်ခန်းထဲမှာတီဗီကြည့်ရင်း ဧကရီနဲ့မင်းဇေယျစကားတွေပြောဖြစ်နေကြတုန်း
📞📞📞
တွေ့လား ဟိုကောင်ဆက်ပြီ
ဧကရီကိုဖုန်းထောင်ပြလိုက်ပြီး ခနဲ့ရယ်ရင်းဖုန်းကိုကိုင်လိုက်တယ်
"ပြော"
"မင်းတို့ဘယ်မှာတုန်း"
"ဧကရီတို့တိုက်ခန်းမှာ"
"ဟိတ်ကောင် ဟိုကငယ်သေးတယ်နော်"
"မင်းမေကြီးတော် ဘာတွေတွေးနေတာတုန်း နေမကောင်းလို့စောင့်ပေးနေတာ မြန်မြန်ပြန်လာလိုက်တော့"
"အေးအေး"
📞📞📞
ကြယ်စင်တို့ဘက်တွင်
"သူတို့ဘယ်မှာတဲ့တုန်းကိုကို"
"တိုက်ခန်းမှာတဲ့ဧကရီနေမကောင်းလို့အဲ့မှာစောင့်ပေးနေတယ် မြန်မြန်လာတဲ့"
"အော် ပြန်ရအောင်လေ အဲ့တာဆိုလည်း"
"ဟုတ်ပါပြီဗျာ"
.....
ကြယ်စင် ရယ် ကိုသန့်ရယ် ရတီရယ် လည်း ပြန်ရောက်လာကြပါပြီ
အခန်းထဲမှာတော့
ဧကရီအိပ်ပျော်နေတာကိုမင်းဇေယျကထိုင်ကြည့်နေတာပေါ့
တံခါး bellသံ ကြားတော့မင်းဇေယျလည်းထဖွင့်ပေးလိုက်တယ်
ပျော်ပျော်ရွှင်ရွှင်နဲ့ ၃ယောက်သား၀င်လာကြပါပြီ
"ဟ ဧကရီကအိပ်တောင်ပျော်နေပြီပဲ"
"ဧည့်ခန်းကြီးထဲမှာအိပ်ပျော်နေတာပဲ ငါရီချင်တယ်"
ရတီကတော့အူတက်လို့ပေါ့
"ရီမနေနဲ့ရတီသူ့ကိုအခန်းထဲထည့်ရဦးမယ် နှိုးရင်လည်း စိတ်ဆိုးဦးမယ်သူက"
ကြယ်စင်နဲ့ရတီလည်းဧကရီရွေ့ဖို့လုပ်ပါတော့တယ်
မင်းဇေယျလည်းကြည့်မနေတော့ပဲ ဧကရီ့ကိုကောက်ပွေ့လိုက်ပြီး
"ဘယ်အခန်းလဲ"
ကြယ်စင်ပြတဲ့ အခန်းထဲကအိပ်ယာပေါ်မှာ တင်ပေးလိုက်တာပေါ့
"ကလေးကျနေတာပဲ"
မင်းဇေယျလည်းဧကရီကို တိုးတိုးလေးပြောလိုက်ပြီး ပြန်ထွက်လာခဲ့တယ်
"အဲ့တာဆို ငါပြန်တော့မယ်လေ"
"ကိုကိုလည်းပြန်တော့မယ်နော်"
"ဟုတ်ပါပြီရှင့် ဂရုစိုက်ပြန်နော် ရောက်ရင်ဖုန်းဆက်"
"တာ့တာ"
သူတို့သူငယ်ချင်းနှစ်ယောက်ပြန်ထွက်သွားတော့မှ ရတီရိုက်ထားတဲ့ video တွေကို ပြန်ကြည့်နေကြတာပေါ့
ဧကရီကတော့ အဖြစ်အပျက်တွေကိုမသိပဲအိမ်မက်ကမ္ဘာမှာပျော်နေလောက်ရောပေါ့
.......
မနက်မိုးလင်းတော့ ဧကရီလည်းနိုးလာပြီး ညကဧည့်ခန်းထဲမှာအိပ်နေတာကို အခန်းထဲဘယ်လိုရောက်နေတာလဲပေါ့
"ကြယ်စင်တို့ညီအမနှစ်ယောက် ရွေ့လိုက်တာနေမယ် ဒါမှမဟုတ် ကိုကြီးကရွေ့ပေးသွားတာလားပဲ ဟာ မဟုတ်လောက်ပါဘူး"
ဧကရီတစ်ယောက်နိုးနိုးချင်းအတွေးတွေတိုင်ပတ်နေတာပေါ့ သူ့ကိုတော့ကိုကြီးကမရွေ့ပေးသွားလောက်ဘူး လို့ပဲထင်နေလိုက်တာပေါ့
"နိုးပြီလားအမတော်"
"နိုးပါပြီ ဒါနဲ့လေ"
"ဘယ်သူအိပ်ယာပေါ်ရွေ့ပေးတုနမေးမလို့မလား"
အကုန်သိနေတဲ့အကြီးဆုံးအမကြယ်စင်ပါကွယ်
"ဟီးဟုတ်တယ်"
"နင့်အသဲတုန်းကြီး မင်းဇေယျ"
"မနောက်ကြပါနဲ့ မဖြစ်နိုင်တာ"
"မယုံရင် ရတီနိုးလာရင်သူ့ဖုန်းထဲက videoတောင်းကြည့်"
"ရတီကအားကိုးရသားပဲဟီး"
ရတီနိုးတော့ ဧကရီလည်း video ကိုတောင်းကြည့်လိုက်တော့
"Omg တကယ်ကြီး ပဲ ဟ တကယ်ကြီးလား အမလေး ပျော်လိုက်တာ ဟီး"
ဧကရီလည်းအလွန်ပျော်ပြီး အံဩနေတာပေါ့
"အမပျော်တာလည်းပျော်ပေါ့ မနက်စာစားပြီးရင် အခန်းတွေရှင်းရအော င် တစ်ယောက်တစ်ခန်းနေမှာမလား အခန်းလွတ်ရှိတယ် ရှင်းကြရအောင်"
အကြီးဆုံးမကြယ်စင်နဲ့အတူ မနက်စာစားပြီး အခန်းရှင်းဖို့စီစဉ်လိုက်ကြတာပေါ့
.......
Khin Phyu
Zawgyi ver
"ဟုတ်ပြီလေ သွားရအောင်"
"ဧကရီ"
.....
ညဈေးကိုရောက်လာပါပြီ
ကြယ်စင်ကတော့မမောနိုင်မပန်းနိုင်နဲ့ ကိုသန့်လက်ကိုဆွဲကာ မုန့်ဆိုင်တစ်ဆိုင်ပြိးတစ်ဆိုင်သွားနေတော့တယ်
"ဧကရီ ဘာမှမစားဘူးလား"
"ဟုတ်"
.......
"ရပါတယ်"
📞📞📞
"ပြော"
"မင်းတို့ဘယ်မှာတုန်း"
"အေးအေး"
📞📞📞
ကြယ်စင်တို့ဘက်တွင်
"ဟုတ်ပါပြီဗျာ"
.....
အခန်းထဲမှာတော့
"ဘယ်အခန်းလဲ"
"ကလေးကျနေတာပဲ"
"တာ့တာ"
.......
"နိုးပြီလားအမတော်"
"နိုးပါပြီ ဒါနဲ့လေ"
"ဟီးဟုတ်တယ်"
.......
Khin Phyu