Dog Training (mm-translation)
By Iced-mocha
22.2K 1.8K 134
Original name - 训犬 (Xùn quǎn) Original author - 雁一夏 (Yàn yī xià) Eng name - Dog Training Eng translator - Min... More
Synopsis
Chapter 1- Prologue (18+)
Chapter 2- ရွမ်ရွမ်
Chapter 3- S အဆင့်အယ်လ်ဖာ
Chapter 4 - နာကြည်းမှုနှင့်နာကျင်မှု
Chapter 5 - ဒီလောက်ပါပဲ
Chapter 6 - လက်စားချေဖို့အချိန်ကောင်းမဟုတ်သေးဘူး
Chapter 7 - ဖယ်ရိုမုန်းများထုတ်လွှတ်ခြင်း
Chapter 8 - သူ့ကိုကုတင်ပေါ်ပဲခေါ်သွားချင်တာ
Chapter 9 - ကြက်ဥထမင်းကြော်
❌အသိပေးစာ❌
Chapter 10 - ကိုယ်ကအမြဲတမ်းဒီလိုပါပဲ
Chapter 11 - လူပိုတစ်ယောက်တိုးလာပြီ
Chapter 12 - နှစ်ဦးနှစ်ဖက်အတွက်အကောင်းဆုံး
Chapter 13 - အဲ့မှာပဲရပ်မနေနဲ့
Chapter 14 - ပျိုးမကြဲပဲရိတ်သိမ်းခြင်း
Chapter 16 - ငါမင်းကို နောက်နေတာမဟုတ်ဘူး
Chapter 17 - ကိုယ်အဆင်မပြေဘူး
Chapter 18 - အားရှောင်၊ ကျေးဇူးပြုပြီး
Chapter 19 - blank space
Chapter 20 - ဖရိုဖရဲနှင့် ရူပ်ထွေးနေသော နှလုံးသား
Chapter 15 - ကိုယ်ထိန်းချုပ်ဆေးတွေ မသောက်ချင်ဘူး
811 55 6
By Iced-mocha
[Unicode]
ဖုန့်ကျန်းသည် သူ့အားအောက်ချပေးရန်ဘရည်ရွယ်ချက်မရှိပဲ ဆက်လက်ချီထားသည်ကို တွေ့လိုက်ရသဖြင့် ရွမ်ရှောင်းကမျက်မှောင်ကြုတ်ကာပြောလိုက်သည်။
"ဘာရပ်လုပ်နေတာလဲ။ ငါ့ကိုအောက်ချပေးလေ။"
ဖုန့်ကျန်းသည် သူ့ရင်ခွင်ထဲမှ မငြိမ်မသက်လှုပ်ရွနေသူကို ငုံ့ကြည့်လိုက်သည်။ရေချိုးပြီးစဖြစ်သဖြင့် ရွမ်ရှောင်း၏အသားအရေက တောက်ပြောင်ချောမွတ်နေသည်။ပိန်ပိန်ပါးပါးခန္ဓာကိုယ်က bathrobe တစ်ထည်ဖြင့်သာလွှမ်းခြုံထားပြီး သွယ်လျသောခြေထောက်များကို လှစ်ဟပြထားသည်။ထိုခြေထောက်များကပျော့ခွေတွဲကျနေသော်လည်း ချည့်နှဲ့ပြီးသိမ်နေခြင်း အလျဥ်းမရှိပေ။အသုံးပြုခြင်းမခံရသော ခြေဖဝါးများသည်ပါးလွှာပြီး အရောင်ဖျော့ကာ ကျန်းမာသန်စွမ်းသောအရောင်မရှိသော်လည်း ခြေဖနောင့်လေးများသည် ပန်းရောင်သန်းနေပြီး တော်တော်လေးနူးညံ့မည့်ပုံ ပေါ်နေလေသည်.......
သူ့အကြည့်တွေက အပေါ်ကိုရွေ့သွားသည်။ bathrobe၏ ကော်လာများကိုတင်းတင်းကြပ်ကြပ်ချည်နှောင်ထားသော်လည်း ဖုန့်ကျန်းသည် ဧည့်ခန်းရှိဆိုဖာပေါ်တွင် သူနှိပ်ပေးစဉ်က မြင်လိုက်ရသော လျော့ရဲနေသည့် bathrobe ပုံစံကို သူအတိအကျမှတ်မိနေသေးသည်။ကျယ်ပြန့်သောရင်အုပ်၊ ပန်းရောင်သန်းပြီး သေးငယ်သော nipples......
ဖုန့်ကျန့်၏ နက်ရှိုင်းသည့်အကြည့်များကြောင့် ရွမ်ရှောင်းတစ်ချက်တွန့်သွားသည်။တစ်ယောက်ယောက်က သူ့ကိုကြည့်တာက ဘာမှမဖြစ်ပေမယ့် ဒီလိုအနီးကပ်ကြီးကတော့ မသက်မသာဖြစ်စေတယ်လေ။ပြီးတော့ ဖုန့်ကျန်းရဲ့ အကြည့်တွေကနေ အန္တရာယ်အငွေ့အသက်တွေ ခံစားမိနေသလိုပဲ။
"ဖုန့်ကျန်း၊ အောက်ချပေးလို့ ငါပြောနေတယ်လေ။"
ရွမ်ရှောင်းထပ်ပြောလိုက်သည်။ ဒီတစ်ခါမှာတော့ သူ့အသံမှာစိတ်တို‌ေနသည့်အငွေ့အသက်များ ပါဝင်လေသည်။
ဖုန့်ကျန်းက ရွမ်ရှောင်းအော်ဟစ်ပြီး ရုန်းကန်နေတာတွေကိုလျစ်လျူရူပြီး တင်းကြပ်စွာဆက်ချီထားသည်။သူ့ရဲ့ကြံခိုင်ပြီးရှည်လျားတဲ့ကိုယ်က တစ်ခုခုကိုအလေးအနက်တွေးနေသလို မလှုပ်မယှက်ရပ်နေတုန်းပဲ။နောက်တော့ ရွမ်ရှောင်းရဲ့နောက်ကျောဘက်မှာရှိတဲ့ သူ့လက်ကိုမတင်လိုက်ပြီး ခေါင်းကိုငုံ့ကြည့်လိုက်တယ်။မျက်နှာနှစ်ခုက တဖြည်းဖြည်းနီးကပ်လာတယ်.......
ရွမ်ရှောင်းသည် သူ၏ဖီးနစ်မျက်ဝန်းများကို ပြူးကျယ်ပြီး ရုတ်တရက်ချဥ်းကပ်လာတဲ့ ချောမောတဲ့မျက်နှာကို အလန့်တကြားစိုက်ကြည့်နေလိုက်သည်။သူမတုံ့ပြန်နိုင်ခင်မှာပဲ ဖုန့်ကျန်းက သူ့နှာခေါင်းနဲ့ ရွမ်ရှောင်းရဲ့နှာခေါင်းကို ညင်သာစွာပွတ်တိုက်လိုက်ပြီး ‌တစ်‌ေယာက်ရဲ့ အသက်ရှူငွေ့တွေကို တစ်ယောက်ကနွေးထွေးစွာခံစားနိုင်ခဲ့သည်။
"အားရှောင်း၊ ကိုယ်ထိန်းချုပ်ဆေးတွေ မသောက်ချင်ဘူး။" ဖုန့်ကျန်းရဲ့အသံကအက်ကွဲပြီး မြူဆွယ်နေတဲ့အငွေ့အသက်တွေရတယ်။
အယ်လ်ဖာတွေရဲ့ Heatကိုသက်သာစေတဲ့ နည်းလမ်းနှစ်ခုပဲရှိတယ်။ထိန်းချုပ်ဆေးသောက်တာ ဒါမှမဟုတ် တစ်ယောက်ယောက်နဲ့ အနက်ရိူင်းဆုံးပတ်သက်တာ။
ဖုန့်ကျန်းက ထိန်းချုပ်ဆေးမသောက်ချင်ပဲ တခြားတစ်ခုကိုရွေးချင်နေမှန်း သိသာတယ်။ဒီအချိန်မှာ အနှီလူ သူ့ကိုကြည့်နေတဲ့အကြည့်ထဲမှာ သူ့ရဲ့ရည်ရွယ်ချက်ကို ကွက်ကွက်ကွင်းကွင်းမြင်နေရတယ်။
၄င်းရဲ့ရည်ရွယ်ချက်ကိုသိပြီးနောက် ရွမ်ရှောင်းရဲ့မျက်နှာကမည်းမှောင်လာပြီး လေသံမာမာဖြင့် "မင်းထိန်းချုပ်ဆေးမသောက်ချင်ရင် ကိုယ့်ဘာသာအိုမီဂါတစ်ယောက် သွားရှာလေ။"
"ကိုယ် အိုမီဂါ မရှာချင်ဘူး။အားရှောင်းကိုပဲအလိုရှိတာ....."
ဖုန့်ကျန်း၏မျက်လုံးများက အပြစ်ကင်းစင်ပုံပေါက်နေသော်လည်း ရွမ်ရှောင်းကသည်းမခံနိုင်စွာဖြင့် "ငါ့ခြေထောက်တွေက အသုံးမဝင်ပေမယ့် ငါကအယ်လ်ဖာတစ်ယောက်ဖြစ်နေတုန်းပဲ။အယ်လ်ဖာတွေက နူးညံ့သိမ်မွေ့တဲ့ အိုမီဂါတွေကိုပဲသဘောကျသင့်တယ်။အနည်းဆုံး ဘီတာလောက်ပဲရှာသင့်တယ်၊ တခြားအယ်လ်ဖာတစ်ယောက်ကို မရှာသင့်ဘူး။"
ထိုကဲ့သို့ ပြတ်ပြတ်သားသား ငြင်းဆိုခြင်းကိုရင်ဆိုင်လိုက်ရသောအခါ ဖုန့်ကျန်း၏မျက်နှာပေါ်တွင် စိတ်ပျက်မှုများအထင်းသားပေါ်ထွက်လာသည်။ "ဒါဆို ကိုယ်ကအယ်လ်ဖာတစ်ယောက်ဖြစ်တာကြောင့် အားရှောင်းကကိုယ့်ကိုလက်မခံတာလား။ဒါပေမဲ့ ကိုယ်မင်းကိုတကယ်သဘောကျတာပါ....."
ရွမ်ရှောင်းနှလုံးသားထဲကနေ ခါးသီးမှုကိုခံစားလိုက်ရသည်။အယ်လ်ဖာတစ်ယောက်အနေနဲ့ ဒီကမ္ဘာ‌ေပါ်က မာနဂုဏ်ဝင့်တတ်တဲ့ ဘယ်အယ်လ်ဖာကိုမှ သူ့တို့ကိုအပေါ်ယံကြည့်ပြီး ယုံစားလို့မရမှန်း သူသိတယ်။အယ်လ်ဖာအဆင့်မြင့်လေ သူတို့ရဲ့ဖယ်ရိုမုန်းတွေက လွှမ်းမိုးနိုင်လေပဲ။ဒါကြောင့် ဖယ်ရိုမုန်းတွေကိုပုံမှန် လွှတ်ထုတ်ပြီးစိတ်အပန်းဖြေဖို့လိုတယ်။ အဲ့ဒီအတွက် သူတို့က လိင်ဆက်ဆံတဲ့နည်းလမ်းကို အများဆုံးသုံးကြတယ်။
ထိန်းချုပ်ဆေး သောက်တာကသက်သာရာရစေပေမယ့်လည်း လိင်ဆက်ဆံပြီး ဖယ်ရိုမုန်းတိုက်ရိုက်ထုတ်လွှတ်တာလောက်မထိရောက်ဘူး။ပြီးတော့ သူရဲ့အသုံးတော်ခံချင်တဲ့ မရေတွက်နိုင်တဲ့ ယောကျာ်း မိန်းမတွေပတ်လည်ဝိုင်းနေတဲ့  ဖုန့်ကျန်းလို Sအဆင့် အယ်လ်ဖာတစ်ယောက်က အိပ်ရာဖော်တွေအများကြီးရှိမှာ အသေအချာပဲ။ချိုမြိန်တဲ့စကားတွေနဲ့ နူးညံ့တဲ့အပြုအမူတွေကလည်း ကာမဆန္ဒကြောင့်လုပ်တာတွေချည်းပဲ။ ဒါကြောင့် အဆင့်မြင့်အယ်ယ်ဖာတွေဆီက "ကြိုက်လှပါချည်ရဲ့" လို့ပြောတဲ့စကားဟာ ယုံစရာမကောင်းဆုံးစကားပဲ။
13.3.2024 (Wed)
8:35 pm
[Zawgyi]
"ဘာရပ်လုပ်နေတာလဲ။ ငါ့ကိုအောက်ချပေးလေ။"
၎င်းရဲ့ရည်ရွယ်ချက်ကိုသိပြီးနောက် ရွမ်ရှောင်းရဲ့မျက်နှာကမည်းမှောင်လာပြီး လေသံမာမာဖြင့် "မင်းထိန်းချုပ်ဆေးမသောက်ချင်ရင် ကိုယ့်ဘာသာအိုမီဂါတစ်ယောက် သွားရှာလေ။"
13.3.2024 (Wed)
8:35 pm
Continue Reading
You'll Also Like
3.6M 537K 118
Title - Legendary Phoenix Book cover by Narcissus A beautiful romance story of God of Phoneix and extremely handsome God of Dreams ~♥~ Type- OWN CRE...
548K 91.7K 146
ပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရှင်သန်ရေး နည်းလမ်းများ ပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ေ...
661K 89.3K 159
Unicode + Zawgyi ကိုယ်တိုင်ဖတ်ချင်မိတဲ့အတွက် ဘာသာပြန်ခြင်း ဖြစ်ပါတယ် ပျော်စရာကောင်းသော နေ့ရက်လေးများ ပိုင်ဆိုင်ကြပါစေ
478K 79.8K 46
သူသည် မာနထောင်လွှားပြီး မောက်မာဝံ့ကြွားလှသည့် အန်းမိသားစု၏ သခင်လေး အန်းကျီယန် ကိုယ်ထဲသို့ ကူးပြောင်းလာခဲ့၏။ သူကြုံတွေ့လိုက်ရသည့် ပထမဆုံး ပြဿနာမှာကား...