နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]

נכתב על ידי xiaochong17

75.5K 5.4K 308

ဒီ​လောက်နှစ်​တွေအကြာကြီးကြာခဲ့တာ​​တောင် ကိုယ် အခုချိန်ထိ မင်းတစ်​ယောက်တည်းကိုပဲ သ​​​ဘောကျ​နေခဲ့တာပါ ... עוד

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43.1
Chapter 43.2
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85 ( Ending )
Special Chapter
Special Chapter 2
Extra 1
Extra 2
Extra 3
Extra ( From book )
Extra 4 ( The Last )
Translator ' Note

Chapter 50

762 72 1
נכתב על ידי xiaochong17

စန်းရန်သည် ဝိန်းရိဖန်ထံမှ တုံပြန်မှုတစ်စုံတစ်ရာကို ​စောင့်မ​နေပါဘဲ ခပ်မတ်မတ်ပြန်ထိုင်လိုက်ကာ အိတ်ကပ်ထဲမှဖုန်းကိုထုတ်ပြီး နှစ်ကြိမ်ခန့်လှည့်ပတ်ကစားပြလိုက်သည်။ ​နောက်တွင်​တော့ အခု​လေးမှပဲ အိတ်ကပ်ထဲဖုန်းရှိ​နေ​ကြောင်း သိသွားခဲ့သည့်ပုံစံမျိုးဖြင့် ​မျက်နှာ​ပြောင်တင်းတင်းစကားဆိုလာခဲ့သည်။

"လက်စသတ်​တော့ ဒီမှာရှိ​နေ​တာပါလား"

"....."

ထပ်၍ အထူးတလည် ရင်းရင်းနှီးနှီးဖြင့် သတိ​ပေးလာပြန်​သေး၏။

"ရပြီ ၊ ယူ​ပေးစရာမလို​တော့ဘူး​နော်"

စိတ်ထင်​နေရုံသက်သက် ဟုတ်မဟုတ်ကိုမသိ ၊ ဝိန်းရိဖန်၏နှုတ်ခမ်းပါးမှာ ထုံချင်သလိုလိုဖြစ်​နေသည်ကိုသာ ခံစားမိ​နေရသည်။ နဂိုကတည်းက ​နေရာကျဥ်းကျပ်သည်ဟုဆိုရမည့်အခန်းမှာ ပို၍ပြွတ်သိပ်လာသည့်အလား ၊ စိတ်ထင်​ယောင်ထင်မှားဖြစ်​​နေစေသည့်အခန်းငယ်ထဲ အ​နွေးဓါတ်များအပြင် ​ခြောက်​သွေ့အိုက်စပ်ခြင်းများပါ ​နေရာယူလာ​လေ​တော့သည်​။

သူ့နှုတ်ခမ်းစွန်းအား စိုက်ကြည့်​နေမိရင်းက ဝိန်းရိဖန်တစ်​ယောက် ရုတ်တရက်မတ်တပ်ထရပ်ပစ်လိုက်၏။

"ငါ ပန်းသီးကို​ရေသွား​ဆေးလိုက်ဦးမယ်"

စကား​ပြောပြီးသည်နှင့် ဝိန်းရိဖန်သည် စန်းရန်၏တုံပြန်မှုကိုပင်မ​စောင့်​တော့ဘဲ ပန်းသီးနှစ်လုံးအားလှမ်းယူကာ ​ရေချိုးခန်းထဲဝင်လာခဲ့လိုက်သည်။ တံခါးကို အလျင်အမြန်ပိတ် ၊ နားရွက်များ သိသိသာသာကိုနီရဲ​နေသည့်ကိုယ့်ကိုကိုယ်အား မှန်ထဲစိုက်ကြည့်​နေပြီး စိတ်အာရုံတစ်ခုလုံးကိုလည်း ထိုလျှပ်တပြက်အထိအ​တွေ့​ကသာ ကြီးစိုးနေ​လေသည်။

အသက်ရှူ​ငွေ့များကိုထိန်းရင်း ​ရေပိုက်​ခေါင်းကိုဖွင့်လိုက်သည်။

ပန်းသီး​ရေ​ဆေးဖို့ရာအတွက် အချိန်များများမယူ ၊ အရမ်းသိသာလွန်း​နေမည်ကို စိုးရိမ်သည့်အတွက်လည်း ဝိန်းရိဖန်က ​ရေချိုးခန်းထဲ၌ ကြာကြာမ​နေဘဲ ​ဆေး​ကြောပြီး​နောက် ပြန်ထွက်လာခဲ့လိုက်သည်။

လက်ရှိအချိန်တွင် စန်းရန်က စားပွဲ​​ဘေး၌ရှိနေပြီး ညစာဝယ်လာသည့်အိတ်ကိုဖွင့်​နေ၏။ ဝိန်းရိဖန်က အသံတစ်ချက်မပြုဘဲ သူ့​ဘေး၌ ဝင်ထိုင်လိုက်သည်။

စန်းရန်ကလည်း တစ်ချက်သာလှမ်းကြည့်လာပြီး 'လက်​ဆောင်လက်ခံရရှိ'သည့်ကိစ္စအား ထပ်မ​ပြော​တော့​ပေ။

ကြည့်ရသည်မှာ ဖြစ်သွားခဲ့သည့်ကိစ္စနှင့်ပတ်သတ်၍ နှစ်​​ယောက်စလုံးက ​နောက်တစ်ကြိမ်ပြန်​ပြောရမည်ကို ရှက်​နေကြသည့်ဟန်။

ဤကိစ္စမှာ သည်လိုနှင့်သာ မသိမသာ​လေး​ကျော်ချသွားခဲ့၏။

ဝိန်းရိဖန်၏စိတ်အ​​ခြေအ​နေမှာလည်း တဖြည်းဖြည်းနှင့်တည်ငြိမ်စပြုလာခဲ့သည်။ ပန်းသီးတစ်ကိုက်စာကိုက်လိုက်ရင်း ရုတ်တရက် စန်းရန်က အရမ်းကိုမှသနားစရာ​ကောင်း​နေ​ကြောင်း မဆီမဆိုင်ခံစားမိလိုက်ရသည်။ ​​သူ့မွေး​နေ့ရက်တွင် သူဟာ ဤမပျက်စီးရုံတမယ်ရှိ​နေသည့်ဟိုတယ်​ထဲ၌ သူမနှင့်အတူရှိ​နေရကာ ညစာအတွက်ကိုပင် အပြင်ဘက်မှအလျင်းသင့်သလိုဝယ်လာခဲ့သည့်အစားအ​သောက်ကိုသာ စား​နေရ၏။

ယခု​တွေးကြည့်မိလိုက်သည့်အခါတွင်မှ ​ခေါက်ဆွဲဆိုင်ထဲ၌ သူနှင့် ​မ​မျှော်လင့်ဘဲတွေ့ဆုံလိုက်ရသည်မှာ အလွန်တရာကိုမှစိတ်ကစဥ့်ကလျားနိုင်​စေနိုင်မှန်း ခံစားမိလိုက်ရ​တော့သည်။ အစတည်းက သူ့ဘက်မှ ပြန်တုံ့ပြန်လာမည်ကို မ​မျှော်လင့်ထားဘဲ သူမဘက်ကသာ လုပ်သင့်လုပ်ထိုက်သည်ကိုလုပ်လိုက်ခြင်းဖြစ်ပြီး နန်းဝူသို့ပြန်​​ရောက်သည့်အခါမှသာ အိမ််​ပြောင်းမည့်ကိစ္စနှင့်ပတ်သတ်၍ဆွေး​နွေးမည်ဟု ဆုံးဖြတ်ထားခဲ့ခြင်းဖြစ်သည်။

ထိုသို့စိတ်ဆုံးဖြတ်ပြီး ထပြန်ခါနီးတွင်.....

ထိုတဒင်္ဂ​လေးတွင်မှ သူသည် ​ကောင်းကင်​ပေါ်မှ ရုတ်ချည်း ပြုတ်ကျလာ​လေ​ခြင်းဖြစ်​နေခဲ့သည်။

ဆိုင်ပိုင်ရှင်ကြီး​ပြောလိုက်သည့် စကားတစ်ခွန်း ; "ဒီ​လောက်နှစ်​တွေကြာခဲ့ပြီးတာ​တောင် မင်းတို့နှစ်​ယောက်က အတူတူရှိ​နေကြတုန်းပဲ"

ထိုစကားအား သူ ပြန်လည်​ဖြေ​ပေးခဲ့ခြင်းမရှိသလို.....

​နောက်တွင်လည်း မည်သည့်ကိစ္စကိုမှ အစ​ဖော်ခြင်း မပြုခဲ့ပါ​ပေ။

သူမအား ထို​ခေါက်ဆွဲဆိုင်သို့ အဘယ်​​ကြောင့်သွားခဲ့​ကြောင်းလည်း မ​မေး.....

အတိတ်မှကိစ္စများကိုလည်း လက်လွတ်စပယ် စကားမစလာခဲ့သလို.....

သူမထံမှလည်း မည်သည့်အတွက်​ကြောင့်နှင့်မှ အ​ကြောင်းပြချက်တစ်ခု​ပေးရန် ​တောင်းလာခဲ့ခြင်းမျိုးမရှိ၏။

ဂရုမစိုက်သည့်ပုံစံမျိုးနှင့်လည်းတူသလို အတိတ်မှကိစ္စများကို ပြန်အစမ​ဖော်လိုခြင်းနှင့်လည်း တူ​နေ​သေးကာ.....

ထပ်၍ တူ​နေ​သေးသည်မှာ နှစ်​ယောက်သား အတူရှိ​နေရပြီဖြစ်သည့်ထိုအခိုက်အတန့်​လေးတွင်....

သူသည် အတိတ်မှ အ​ကောင်းအဆိုးအရာအားလုံးကို လက်လွှတ်ချပစ်လိုက်ပြီး.....

လက်ရှိအချိန်လေး တစ်ခုတည်းကိုသာ ​ရှေးရှု၍ကြည့်​နေ​တော့သည့်အလားပင်။

-------

စန်းရန် ညစာစားပြီးသည်နှင့်တပြိုင်နက် ဝိန်းရိဖန်သည်လည်း ပန်းသီးတစ်လုံး ကုန်​အောင်စားပြီးသွားခဲ့သည်။ သူမအ​နေဖြင့် စကားတစ်ခွန်းတစ်​လေ​ပြောရန် ​တွေးမိပါ​သော်လည်း ဘယ်က​နေဘယ်လို စကားစရမည်မှန်းမသိ ၊ မသိစိတ်က​နေ၍ ​အလိုလို ​​နေရထိုင်ရခက်​နေ​တော့သည်။

ကြည့်ရသည်မှာ နှစ်​ယောက်စလုံးက အသစ်​ပြောင်းသွားခဲ့သည့်ဆက်ဆံ​ရေးနှင့် အသားတကျမဖြစ်​သေးသည့်ပုံ။

အချိန်မှာ ​နောက်ကျ​နေပြီဖြစ်ကာ ထပ်၍ပန်းသီးလည်းစားပြီးဖြစ်သည့်အတွက် ဝိန်းရိဖန်အ​နေဖြင့် ထပ်​နေစရာအ​​ကြောင်းလည်းမရှိ​တော့ပါသည့်တိုင် သူ့အနားတွင် တစ်ခဏ​လေးဖြစ်ဖြစ် ထပ်​နေချင်ပါ​သေးသည်။ ​ခေါင်းငုံ့ထားရင်း အသံတစ်စိုးတစိမျှမထွက်ဘဲ ဖုန်းကစား​နေလိုက်၏။

စန်းရန်က ညစာဘူးအား သိမ်းဆည်းရှင်းလင်းပြီး​နောက် သူမဘက်သို့လှည့်ကြည့်လာ​၏။

"ထပ်စားဦးမှာလား"

ဝိန်းရိဖန် ​ခေါင်း​မော့လာပြီး ;

"အာ...."

စန်းရန်က စားပွဲ​ပေါ်မှ ပန်းသီးတစ်လုံးကိုလှမ်းယူပြီး ဝိန်းရိဖန်၏လက်ထဲထည့်​ပေးလိုက်​၏။ သူမ၏အ​ခြေအ​နေကို နားလည်​နေသည့်အလား မျက်ခုံးကိုပင့် ၊ နှုတ်ခမ်းကို ​ကွေး၍ပြုံးပြပြီး ;

"ဒီတစ်​​​ခေါက် ​​ဖြေး​ဖြေး​လေးပဲစား"

ဝိန်းရိဖန် ;

"နင် မစား​တော့ဘူးလား"

"မစား​တော့ဘူး"

"အို့"

ဝိန်းရိဖန်က နာရီတစ်ချက်လှမ်းကြည့်လိုက်ပြီး ခပ်တိုးတိုးအသံ​လေးဖြင့် ;

"ဒါဆို ​နောက်ထပ်နာရီဝက်​​လောက်ကြာ​အောင် စားရမလား"

စန်းရန် ;

"အဲ့ထက်ပိုပြီး ​နှေး​အောင် စား​​ပေးလို့ရ​မလား"

ဝိန်းရိဖန်က ပန်းသီး တစ်ကိုက်ကိုက်လိုက်ရင်း ဝိုးတိုးဝါးတား စကားဆိုလိုက်၏။

"....ရတယ်"

အခန်းအတွင်း ​နောက်တစ်ကြိမ် တိတ်ဆိတ်သွားပြန်​တော့သည်။

ပစ္စည်းများ သိမ်းဆည်းရှင်းလင်းပြီး​နောက်တွင် စန်းရန်က ဝိန်းရိဖန်၏​ဘေး၌ထိုင်ပြီး ဖုန်းကစား​နေလိုက်သည်။ ဘေးဘက်​နေပြီး မသိမသာ​လေးလှမ်းကြည့်လိုက်လျှင်​​တော့ ခပ်​ရေး​ရေး​လေးပြုံး​နေသည့် သူ့နှုတ်ခမ်းပါးကိုမြင်​တွေ့လိုက်ရသည်။

ဝိန်းရိဖန်လည်း တစ်ခဏကြာ​အောင်လှမ်းကြည့်​နေမိပြီးမှ တိတ်တိတ်က​လေး အကြည့်ပြန်လွှဲလိုက်၏။

သူမအတွက်​တော့ ပထမဆုံးအကြိမ် ချစ်ကျွမ်းဝင်ဖူးခြင်းဖြစ်ရာ......

ရှိရှိသမျှ​သော လူအားလုံးက ယခုလိုဖြစ်​နေမည်လား​တော့ မသိပါ​​ပေ။ ​ပြောစရာစကားလည်းမရှိဘဲ အနည်းငယ်​လေးမျှစိတ်ကျဥ်းကျပ်​နေပါသည့်တိုင် တစ်ဖက်လူနှင့် အတူတူရှိ​နေချင်မိကာ ၊ ထိုမ​နေသာမထိုင်သာဖြစ်​နေသည့်အ​ခြေအ​နေထဲမှာကိုပင် ​ပျော်ရွှင်မှုဆိုသည့်ခံစားချက်လေးအား ခံစားမိ​​နေပါ​တော့သည်။

ဝိန်းရိဖန်က စကားဦးချီလိုက်၏။

"နင် ဘယ်အချိန်တုန်းက အမြန်ရထားလက်မှတ်ဝယ်လိုက်တာလဲ"

"အမ်"

"ငါ မ​နေ့တုန်းက ဒီ​နေ့အတွက်ရထားလက်မှတ်ဝယ်ပြီး​တော့ အိမ်ပြန်လာ....."

ဝိန်းရိဖန်က တစ်ခဏရပ်လိုက်ပြီးမှဆက်၍ ;

"နင့်​မွေး​နေ့အမီပြန်လာဖို့ စဥ်းစားထားတာ ၊ ဒါ​ပေမယ့် လက်မှတ်​တွေအားလုံးကုန်​နေပြီ"

စန်းရန်က ဖုန်းကိုချထားလိုက်ပြီး ​ဖြေး​ဖြေးချင်းစကားဆိုလိုက်သည်။

"အရင်တစ်ပတ်ကတည်းက"

"နင် အရင်တစ်ပတ်တုန်းက ငါ ဒီ​နေ့ပြန်မလာနိုင်မှန်း ကြိုသိ​နေလို့လား"

"မသိပါဘူး ၊ ဒီအတိုင်း ဝယ်ထားတာ ၊ လက်မှတ်က အသုံးမလိုရင်လည်း ပြန်အမ်း​ပေး​နေတာပဲမလား"

ဝိန်းရိဖန်က တမြုံ့မြုံ့ဝါး​ရင်း တစ်ခဏရပ်သွားခဲ့ကာ ​တော်​တော်​လေးကြာသွားပြီးမှ မျိုချလိုက်​၏။

"​နောက်ဆိုရင် ငါလည်း အဲ့လိုမျိုးလုပ်ထား​တော့မယ်"

"...."

စန်းရန်က သုံး​လေးကြိမ်ခန့် အသံထွက်​အောင်ရယ်လိုက်၏။

ဝိန်းရိဖန်က ပန်းသီးကိုသာ ဆက်စား​နေ​လေ၏။ သို့​သော် ပန်းသီးတစ်လုံးအား တတ်နိုင်သမျှအချိန်ဆွဲ၍ စား​နေခဲ့ပါ​​သော်လည်း ဘယ်​လောက်မှသိပ်မကြာလိုက်​ချေ။ ​နောက်ဆုံးတစ်ကိုက်စာ ကုန်သွားပြီး​နောက်တွင်​တော့ ​နှေးတုံ့တုံ့ဖြင့် ;

"ဒါဆို ငါ သွား​တော့မယ်​နော်"

စန်းရန်ထံမှ 'အင်း' ဆိုသည့်အသံတစ်ခု။

ဝိန်းရိဖန် ;

"ငါတို့ မနက်ဖြန်ကျရင် မနက်ရှစ်နာရီဆို စထွက်မှာမလို့ နင် ဒီ​နေ့ညစော​စောအိပ်လိုက်​နော်"

စန်းရန် ;

"အင်း"

ပန်းသီးအူတိုင်အား အမှိုက်ပုံးထဲသို့ထည့်လိုက်ပြီး ဝိန်းရိဖန် မတ်တပ်ထရပ်ကာ သုံး​လေးလှမ်းလှမ်းပြီး​နောက်တွင် တစ်စုံတစ်ရာကျန်​နေ​သေး​ကြောင်း သတိရလိုက်၍ ​နောက်ပြန်လှည့်ကြည့်လာခဲ့သည်။

"စန်းရန်"

စန်းရန်က သူမ၏အ​နောက်မှ ကပ်လိုက်လာခြင်း။

"ဘာလဲ"

ဝိန်းရိဖန်က သူနှင့်အကြည့်ချင်းဆုံလိုက်ပြီး တ​လေးတနက်ဖြင့် ;

"​မွေး​နေ့မှာ ​ပျော်ရွှင်ပါ​စေ"

စန်းရန် ပြုံးပြလာခဲ့သည်။

"နင့်​မွေး​နေ့ဆု​တောင်းက ဘာလဲ"

"မ​ပြော​ပြတော့ဘူး"

ဝိန်းရိဖန် ;

"ဘာလို့လဲ"

"ဘာလို့လဲဆို​တော့...."

စန်းရန်က လက်တစ်ဖက်ကို​မြှောက်လာကာ ဝိန်းရိဖန်၏​ခေါင်းအား ဖွဖွ​လေးပုတ်လိုက်ရင်း တ​လေးတနက်လည်းနိုင်လှသလို တဖန် စကားအဖြစ်​ပြောပြ​နေသည့်ပုံစံမျိုးဖြင့် ;

"ဆု​တောင်းက ပြည့်သွားပြီးပြီမလို့"

သူမ၏အခန်းထဲသို့ ပြန်​ရောက်လာပြီးသည့်အချိန်တွင် ဝိန်းရိဖန်က အိပ်ရာ ခန္ဓာကိုယ်တစ်ပိုင်းလှဲချပစ်လိုက်သည်။ ​လေဟာပြင်ကြီးအား ​စိတ်လွတ်​နေသည့်အလား ငေးစိုက်ကြည့်​နေမိကာ တစ်ခဏအကြာတွင် ​ဘေးနားမှာ​ခေါင်းအုံးကိုဆွဲယူကာ အိပ်ရာထက် လူးလိမ့်နေပါ​တော့၏။

တစ်ညလုံးထိန်းထားခဲ့ရသည့်စိတ်ခံစားချက်က တစ်ကိုယ်တည်းရှိသည့်အချိန်တွင်မှ အပြည့်အဝလွတ်ထွက်လာပုံလည်းရသည်။

ဝိန်းရိဖန်၏မျက်လုံးများက တပျိုးပျိုးလင်းလက်​တောက်ပ​နေကာ တရိပ်ရိပ်နှင့်​လေ​ပေါ်​မြှောက်တက်လာသည့်ခံစားချက်ကို မထိန်းချုပ်​တော့သည့်အသွင်ဖြင့် ​ခေါင်းအုံးအား မျက်နှာထက်အပ်ထားမိ​လေ​တော့၏။ ခံစားချက်များတည်ငြိမ်စပြုလာသည့်အခါတွင်မှ အိတ်ကပ်ထဲမှဖုန်းကိုထုတ်ပြီး မဖတ်ရ​သေး​သောမက်​ဆေ့များကို ဖွင့်ကြည့်လိုက်သည်။

မျက်​တောင်တစ်ဖျက်ခတ်စာအတွင်း ​​တွေ့လိုက်သည်မှာ ကျုံးစစ်​ချောင်ပို့ထားသည့် မက်​ဆေ့တသီတသန်း။

[ /ဓါတ်ပုံ ]

[ ငါလခွမ်း....စန်းရန် တင်ထားတဲ့ပို့စ် ]

[ သူ့မှာရည်းစားရှိသွားပြီလား ]

[ ဘယ်သူလဲဆိုတာ နင်သိလား ! ! ! ]

[ နင် သူနဲ့ အတူတူဆက်​​နေဦးမှာလား ၊ သူ့​ကောင်မ​လေး သိသွားတဲ့အချိန်ကျရင် ပြဿနာတက်မယ်​​နော် ၊ နင် အခွင့်အ​ရေးရှာပြီး သူ့ကို အိမ်​ပြောင်းဖို့ပြောကြည့်ကြည့်ဦး ]

ဝိန်းရိဖန်က ရုတ်တရက်ဖြစ်သည့်အတွက် ​ကြောင်အမ်း​နေရင်း ပို့ထားသည့်ဓါတ်ပုံအား ဖွင့်ကြည့်လိုက်၏။

စန်းရန် တင်ထားသည့်ပို့စ်အား ကျုံးစစ်​ချောင်က Screenshot ရိုက်လာခြင်းဖြစ်သည်။

သူက ပုံတစ်ပုံတည်းသာတင်ထားပြီး မည်သည့်စာသားမျိုးမှမပါ။

ဓါတ်ပုံမှာ ဝိန်းရိဖန် သူ့အတွက်မှာထား​ပေးသည့် ​မွေး​နေ့ကိတ် ၊ အပေါ်တွင် ကိတ်မုန့်ဆိုင်အား အထူးတလည်​ရေး​ပေးရန်မှာထားခဲ့​သည့် စာလုံးများ 'စန်းရန် ​မွေး​နေ့မှာ​ပျော်ရွှင်ပါ​စေ' ဟူ၍။

စန်းရန်၏ ဓါတ်ပုံရိုက်သည့်စ​ကေးက သိပ်မ​ကောင်းလှ ၊ ဤဓါတ်ပုံသည်ပင် ပြီးစလွယ်ရိုက်ထားသည့်ပုံစံမျိုးဖြစ်ကာ နည်းနည်း​လေးဝါး​နေ​လေသည်။

ကျုံးစစ်​ချောင် နှင့် စန်းရန်တို့က Mutual friend ခပ်များများရှိပုံရကာ Screenshot ထဲတွင် ​အောက်ဘက်တွင်​ရေးထားကြသည့် Comments များပါ ပါလာခဲ့သည်။ အများစုမှာ ​မွေး​နေ့အတွက်ဆု​တောင်း​ပေးကြခြင်းဖြစ်ပြီး စန်းရန်၏လုပ်ရပ်​ကြောင့် ​ဝေဖန်​နေသည့်မှတ်ချက်များလည်း မနည်းမ​နောပါ​ပေ။

[ ? ]

[ အ​ကောင့် Hack ခံထားရတာလား ]

[ ငါ့အရင်တစ်​ခေါက်​မွေး​နေ့တုန်းက ဒီ​သောက်ရူးကို သတိ​ပေးတဲ့အချိန် ငါ့ကို ဘာ​ပြောတယ်မှတ်လဲ ၊ ယောက်ျားရင့်မာကြီးဖြစ်ပြီး ဘာကိစ္စနဲ့​မွေး​နေ့လုပ်မှာလဲတဲ့! ! ! ၊ ပြီး​တော့ ​ပြော​သေးတယ်.....ငါက ​သောက်ပိုကိုလုပ်တယ်တဲ့ ]

[ ပုံမှန်​ရော ဟုတ်ရဲ့လား ok ? ၊ ဘယ်သူမှ Care လုပ်မ​နေဘူး! ]

​အောက်ဆုံးတွင်.....

စန်းရန်က တစ်ပုံစံတည်း စာပြန်ထား​လေ၏။

[ အားနာလိုက်တာ ၊ ကောင်မ​လေးက တင်ခိုင်းလို့ ]

-------

ဝိန်းရိဖန် ဓါတ်ပုံကြည့်​နေသည့်​နေရာမှ ပြန်ထွက်လာခဲ့လိုက်၏။ သူမအ​နေဖြင့် ယခုလိုလုပ်​ပေးရန် မ​တောင်းဆိုထားပါ​ချေ။ သို့​သော်လည်း စန်းရန်၏ပို့စ်ကို မြင်လိုက်ရသည့်အခါ အခု​လေးတင် ငြိမ်ကျထားသည့်ခံစားချက်များက တဖန်ထိုးထွက်လာပြန်ပါ​တော့သည်။

ဝိန်းရိဖန်က မျက်​တောင်များခတ်ရင်း ကျုံးစစ်​ချောင်ထဲ စာပြန်လိုက်၏။

[ မဖြစ်​လောက်ဘူး ထင်တာပဲ ]

ဝိန်းရိဖန် ; [ သူ့​ကောင်မ​လေးက ငါ​ ]

ဤဝါကျစာ​ကြောင်းကိုရိုက်ပြီး​နောက် ဝိန်းရိဖန်က စူးစိုက်ကြည့်​နေရင်း နှုတ်ခမ်းပါးကလည်း ​ကွေးပြီးပြုံး​နေမိခဲ့သည်။ ​ပေးပို့သည့်​နေရာကို နှိပ်ပြီး​နောက် ချန်​ဝေ့ဟွာ၏မက်​ဆေ့​ဘောက်ထဲဝင်ကာ မနက်ဖြန်တွင် သူမ၏အသိတစ်​ယောက်ကိုပါ အတူတူ​ခေါ်သွားမည့်အ​ကြောင်း အ​ကြောင်းကြားလိုက်သည်။

ချန်​ဝေ့ဟွာက စကား​ပြော​၍ကောင်းလွန်းသူဖြစ်ပြီး ချက်ချင်းသ​ဘောတူ​ပေးလိုက်၏။

[ ရတယ် ]

ဤမက်​ဆေ့ပြန်စာကို လက်ခံရရှိသည်နှင့်တပြိုင်နက် ဝိန်းရိဖန်၏ Wechat လည်း ဝုန်းဒိုင်းကျဲပါ​လေ​ရော့၏။

ဟုတ်ပါ၏ ၊ ကျုံးစစ်​ချောင်၏ မက်​ဆေ့များ ​ပေါက်ကွဲထွက်လာသံပင်။

[ ? ]

[ ? ? ? ]

[ ? ? ? ? ? ? ]

ဤကိစ္စနှင့်ပတ်သတ်ပြီး ဝိန်းရိဖန်သည် ကျုံးစစ်​ချောင်အား တစ်ခွန်းတ​စ်​လေမှမ​ပြောပြထားသည့်အတွက် အနည်းငယ်လည်းရှက်မိကာ စိတ်မသိုးမသန့်လည်းဖြစ်ရင်း စာပြန်လိုက်၏။

[ အ​ခြေအ​နေက​တော့ ဒီလိုပဲ ]

ဝိန်းရိဖန် ; [ ခုဏ​​လေးကမှ ဆက်ဆံ​ရေးကို အတည်ပြုထားတာ ]

ကျုံးစစ်​ချောင် ; [ နင် အရင်က ငါ့ကို ​ပြောပြတုန်းကကျ​တော့ နင်တို့နှစ်​ယောက်! လုံးဝမဖြစ်နိုင်ပါဘူးဆို! ]

ဝိန်းရိဖန်က သည်လိုစကားမျိုး​ပြောခဲ့သည် ဟုတ်မဟုတ်ကိုပင် သတိမရပါ​​တော့​ပေ။

[ ​ပြောခဲ့တာလား? ]

ကျုံးစစ်​ချောင် ; [ ​သေချာ​ပေါက် ​ပြောခဲ့တာ​ပေါ့ဟဲ့! ]

ကျုံးစစ်​ချောင် ; [ အတိအကျ​တော့မဟုတ်​ပေမယ့် အဲ့လိုအဓိပ္ပါယ်နဲ့​ပဲပြောခဲ့တာ! ]

ဝိန်းရိဖန် ; [ အို့.....]

ဝိန်းရိဖန် ; [ အဲ့ဒါဆိုလည်း ငါ ]

ဝိန်းရိဖန် ; [ မသိလို့ ​ပြောမိသွားတာ​နေမှာ ]

ကျုံးစစ်​ချောင် ; [ .... ]

ကျုံးစစ်​ချောင် ; [ ? ]

-------

​နောက်တစ်​နေ့တွင်။

ဝိန်းရိဖန်က ပစ္စည်းများထုတ်ပိုးပြီး​နောက် စန်းရန်၏အခန်း​ရှေ့သို့​ရောက်လာခဲ့သည်။ သူ့ကိုမြင်လိုက်ရသည့်အခါ သူမ၏စိတ်ထဲ လက်ရှိအ​ခြေအ​နေအား မယုံကြည်ရဲ​သေးသည့်ခံစားချက်တို့ရှိ​နေ​သေးကာ ​နွေး​နွေး​ထွေး​ထွေးဖြင့်စကားဆိုလိုက်၏။

"ငါတို့ ​အောက်ထပ်မှာမနက်စာစားပြီးရင် စထွက်​တော့မှာ"

စန်းရန်က အိပ်မှုန်စုံမွှား 'အင်း' ဟု အသံပြုလာခဲ့သည်။

ဝိန်းရိဖန်သည် သူ့အား ​နောက်ထပ်တစ်ခါလှမ်းကြည့်မိလိုက်ပြီး စကား​တော့မဆို ၊ ​နောက်တွင် စန်းရန်ကို​ခေါ်ကာ ချန်​ဝေ့ဟွာနှင့်မုချန်ယွင်၏အခန်း​ရှေ့ ​ရောက်လာခဲ့သည်။

သိပ်မကြာလိုက်ပါဘဲ အခြားနှစ်​ယောက်သည်လည်း အခန်းထဲမှထွက်လာခဲ့ကြသည်။

​လေး​ယောက်စလုံးမှာ အရင်က​တွေ့ဆုံဖူးကြသည့်သူများသာ။ ချန်​​ဝေ့ဟွာက စန်းရန်၏အိမ် မီးမ​တော်တဆဖြစ်သည့်အချိန်တွင် တစ်ခါ​တွေ့ဖူးကြသဖြင့် လက်ရှိ၌ စန်းရန်ကို ​တွေ့သည့်အခါ အထူးတလည်အံ့သြ​နေခြင်းမရှိဘဲ နှုတ်ဆက်စကားပင်ဆိုလိုက်​သေးသည်။

"​ပေယွီကို အလုပ်ကိစ္စနဲ့လာတာလား ၊ လာလည်တာလား"

စန်းရန်က အမှန်အတိုင်း​ဖြေ​နေ​လေ၏။

"လူတစ်​ယောက်ကို လာရှာတာ"

မုချန်ယွင်က စန်းရန်နှင့်ဝိန်းရိဖန်အား စူးစိုက်ကြည့်​နေပါ​သော်လည်း စကား​တော့မဆိုလာ​ချေ။

​လေး​ယောက်သား ​အောက်ထပ်သို့ဆင်းလာခဲ့ကြသည်။

ချန်​ဝေ့ဟွာနှင့်ဝိန်းရိဖန်က အခန်းပြန်အပ်​နေကြသည့်အချိန် ၊ စန်းရန်နှင့်မုချန်ယွင်က တစ်ဖက်၌ ရပ်​စောင့်​နေကြ၏။

မိနစ်ဝက်နီးပါးရပ်ပြီးချိန်တွင်​တော့ မုချန်ယွင်ကစပြီး အပြုံး​လေးဖြင့်စကားဆိုလိုက်သည်။

"စီနီယာအစ်ကိုစန်း....အစ်ကို့အ​နေနဲ့ ရိဖန်ကျဲကိုတွေ့ချင်​နေတာ ကျွန်​တော်နားလည်​ပေမယ့်လည်း အစ်မ အလုပ်ခရီးထွက်​နေတဲ့အချိန်မျိုးမှာ အစ်ကိုလိုက်လာကြီးက​တော့ သိပ်မသင့်​တော်ဘူးထင်တယ်"

ဤစကားကိုကြားလိုက်သည့်အခါ စန်းရန်က ​ဘေးနားမှလူအား လှမ်းကြည့်လိုက်ပြီး အမူအရာမှာ​တော့ ​အေး​အေးလူလူပင်။

"ရိဖန်ကျဲက သ​ဘောအရမ်း​ကောင်း​တော့ အစ်ကို့ကို စိတ်ဆိုးမှာမ​ဟုတ်​လောက်ဘူး ၊ ဒါ​ပေမယ့် အစ်ကို့ဘက်က အစ်မ​နေရာကို​တော့ ဝင်တွေးကြည့်​ပေးသင့်တယ်​လေ"

သူ ​ပြောသည့်စကားက ကျိုး​ကြောင်းသင့်သလိုခံစားမိလိုက်၍လည်း စန်းရန်က ဖြည်းဖြည်းချင်းဖြင့် ;

"အို့"

မုချန်ယွင်မှာမူ အရင်တစ်​ခေါက် သူခံထားရသည့်အတွက် သည်တစ်​ခေါက်တွင် မျက်နှာပြန်ဆယ်လိုခြင်းအလို့ငှာ သုံး​လေးစက္ကန့်​လောက်တိတ်​နေပြီး​နောက် သက်ပြင်းတစ်ချက်ချလိုက်၏။

"အစ်ကို ဒီလိုပုံစံမျိုးနဲ့ လိုက်ပိုးပမ်း​နေတာလား ၊ လိုက်မရတာကို မထူးဆန်း​မိတော့ဘူး"

အခန်းအပ်ပြီး​နောက် ဝိန်းရိဖန်က အပ်ထားသည့်ပစ္စည်းများကိုပြန်ယူပြီး ချန်​ဝေ့ဟွာနှင့်အတူ စန်းရန်နှင့်မုချန်ယွင်ရှိရာဆီသို့​လျှောက်လာခဲ့သည်။

ထိုနှစ်​​ယောက်ကြားတွင် သုံး​လေးမီတာသာ အကွာအ​ဝေးရှိပြီး လက်ရှိ၌ စကား​ပြော​နေကြခြင်း။ စန်းရန်က မုချန်ယွင်ထက် အနည်းငယ်မျှအရပ်ပိုမြင့်ကာ ခန္ဓာကိုယ်အရပ်အမြင့်ဖြင့်သာမက ထုတ်လွှတ်နေသည့်အ​ရောင်အဝါများကပါ တစ်ဖက်လူအား လုံးဝ လွှမ်းမိုး​နေ​လေသည်။ သူ့အမူအရာမှာ ​အေး​အေး​ဆေး​ဆေးသာဖြစ်ပြီး တစ်ဖက်လူကိုလည်း အ​ရေးလုပ်ပြီး ကြည့်မ​နေပါ​ပေ။

တစ်ဖက်လူ၏စကားကိုလည်း နားရှိ၍သာ နား​ထောင်​နေရသည့်အလား ပြုမူ​နေ၏။

စန်းရန်​ပြောလိုက်သည့်စကားအား ဝိန်းရိဖန် ခပ်​ရေး​ရေး​လေးကြားလိုက်ရသည်မှာ ;

"အဲ့စည်းကို ​ကျော်သွားတာဖြင့်ကြာလှပြီ"

သူ့​ဘေးနားတွင်ရပ်​နေသည့် မုချန်ယွင်မှာ ဆွံအ​ကြောင်အမ်းသွားသည့်ပုံ။

စက္ကန့်ပိုင်းကြာပြီး​နောက်။

"ငါတို့နှစ်​ယောက်က အခု....."

ဤအထိစကားဆိုလိုက်ပြီး​နောက် စန်းရန်၏မျက်​တောင်များ လှုပ်လှုပ်ရှားရှားဖြစ်သွားကာ သူမရှိရာဘက်သို့လှမ်းကြည့်ပြီး မျက်ဝန်းချင်းဆုံ​စေလိုက်သည်။ တစ်ခုခုကို​တွေး​နေပုံရသည့်သူက သူ့နှုတ်ခမ်းပါးကို ​ကွေး၍ပြုံးပြလာရင်း စကားလုံးများအား တစ်လုံးချင်းစီ ထုတ်​ပြောလာ​လေ​တော့၏။

" နှစ်ဦး , နှစ်ဖက် , ​မေတ္တာ , မျှ​နေတာ "

"...."

"နှစ်ဦးနှစ်ဖက် ​မေတ္တာမျှတာ"

စန်းရန်က ​နောက်တစ်ကြိမ်ထပ်၍ ​ပြောလိုက်ပြီး မထီမဲ့မြင်ပြု၍ ;

"ဒီစကားလုံးကို ကြားဖူးလား"

"...."

ချန်​ဝေ့ဟွာက အ​ရှေ့မှအ​ခြေအ​နေကိုလည်း မသိလိုက်သလို သူတို့​ပြော​နေသည့်အ​ကြောင်းကိုလည်း နားမလည် ၊ လူငယ်ချင်း စကားစမြည်​ပြော​နေကြသည်ဟုသာ ထင်မှတ်ပြီး သူတို့၏စကားဝိုင်းထဲသို့ ဝင်မပါ​​ပေ။

သို့​သော် ဝိန်းရိဖန်ကမူ သူမ၏ပါးစပ်မှထွက်ထားသည့် ထိုစကားလုံးကို ရှင်းရှင်းလင်းလင်းနားလည်​​နေသည့်အပြင် ထိုစကားလုံး​ပြောထားခဲ့သည်မှာ အချိန်တစ်ရက်စာပင် မပြည့်​သေး​ချေ။

သည့်ထက်အပြင် စန်းရန်က ထိုစကားလုံးအား သူမကို စိုက်ကြည့်၍ပြော​နေခြင်း။

ဤအချိန် ဤအခိုက်အတန့်တွင် ဝိန်းရိဖန် မဆီမဆိုင်ခံစားမိလိုက်သည်မှာ စန်းရန်က ထိုစကားလုံးအား သူမကြား​အောင်​ပြောလိုက်ခြင်း ဟူ၍ပင်။ ထို့အပြင် မ​နေ့ညတုန်းက သူမ ထိုစကားလုံးကို​ပြောလိုက်သည့်အချိန် စန်းရန်ကအချိန်ကြာကြာ ရယ်​နေခဲ့​သေးသည်လည်း မဟုတ်လား။

သူမဘက်က ထိုစကားလုံးကို​ တ​လေးတနက်ဖြင့်ပြော​နေသည့်အချိန်တွင် သူ့အမြင်ထဲ၌ အရူးနှင့်တူ​နေသလိုလို ခံစား​နေမိခြင်း​ကြောင့် ဖြစ်ပါလိမ့်မည်။

ဝိန်းရိဖန်က နှုတ်ခမ်းကိုတင်းတင်း​စေ့မိရင်း အနည်းငယ်ရှက်လာမိ​တော့သည်။

မတတ်နိုင်ပါ​ချေ ၊ သူမမှ အ​တွေ့အကြုံမရှိခဲ့​လေ။

ဤကိစ္စမျိုးက များ​သောအားဖြင့် အခမ်းအနားလုပ် ၊ ​ကြေညာပြလိုက်သင့်သည့်အ​ခြေအ​နေဖြစ်​​သော်ငြား လက်ထပ်မှတ်ပုံတင်လိုက်သည့်ကိစ္စကဲ့သို့ တရားဝင်လည်းမဟုတ်ပြန်။ ထို့​ကြောင့် လက်ဆုတ်လက်ကိုင်ပြစရာသက်​သေမရှိသည့်အချိန်တွင် ​ကြေညာသည့်ကိစ္စအတွက် စကားလုံးကိုသာ ​အသုံးချရ​တော့မည်။

ထို့မှသာ သမီးရည်းစားဆက်ဆံ​ရေးကို အများသိ​အောင် တရားဝင်လုပ်ပြနိုင်​ပေမည်။

ဝိန်းရိဖန်တို့​ရောက်လာခြင်း​ကြောင့် စန်းရန်နှင့်မုချန်ယွင်လည်း စကားစပြတ်သွားခဲ့၏။

ဝိန်းရိဖန်က တိတ်တိတ်ဆိတ်ဆိတ်ဖြင့် စန်းရန်၏​ဘေးနားသို့ ​လျှောက်သွားလိုက်သည်။

နှစ်​ယောက်သားက အ​နောက်ဘက်၌ ​နေရာယူ​လျှောက်​နေခြင်းဖြစ်ပြီး သိပ်မကြာလိုက်ခင်ပင် စန်းရန်၏လက်​ချောင်းထိပ်များက သူမ၏လက်​ချောင်းများကို အသာအယာ​လေးထိ​တွေ့လိုက်​ကြောင်း ဝိန်းရိဖန် ခံစားမိလိုက်​တော့၏။ တစ်ချက်က​လေး ထိ​တွေ့သွားခြင်းပင်ဖြစ်ပြီး ခွန်အားမှာ မ​ပျော့လွန်း မပြင်းလွန်းနှင့် အနည်းငယ် ယားကျိသွားသည့်အထိအ​တွေ့။

ဝိန်းရိဖန် အလိုလို​​ခေါင်း​မော့မိလိုက်ပြီး သူ့​ဘေးတ​စောင်းမျက်နှာအား လှမ်းကြည့်လိုက်သည်။

စန်းရန်၏မျက်​​တောင်များဟာ ​အောက်သို့လွှာချထားရင်း မထီမဲ့မြင်ပြု​နေသည့်အပြုံးတစ်ခုဖြင့် သူမထံသို့ ​​ငုံ့ကြည့်​နေ​လေ၏။ ခန္ဓာကိုယ်ကို ခပ်​လျော့​လျော့ကိုင်းလိုက်ပြီး သူမ၏နားရွက်ဖျားနားထိ တိုးကပ်လာကာ တိုးဖျဖျအသံတစ်ခုဖြင့် ;

"မင်း​ရော....ကြားဖူးလား"

********************

~~Zawgyi~~

စန္းရန္သည္ ဝိန္းရိဖန္ထံမွ တုံျပန္မႈတစ္စုံတစ္ရာကို ေစာင့္မေနပါဘဲ ခပ္မတ္မတ္ျပန္ထိုင္လိုက္ကာ အိတ္ကပ္ထဲမွဖုန္းကိုထုတ္ၿပီး ႏွစ္ႀကိမ္ခန့္လွည့္ပတ္ကစားျပလိုက္သည္။ ေနာက္တြင္ေတာ့ အခုေလးမွပဲ အိတ္ကပ္ထဲဖုန္းရွိေနေၾကာင္း သိသြားခဲ့သည့္ပုံစံမ်ိဳးျဖင့္ မ်က္ႏွာေျပာင္တင္းတင္းစကားဆိုလာခဲ့သည္။

"လက္စသတ္ေတာ့ ဒီမွာရွိေနတာပါလား"

"....."

ထပ္၍ အထူးတလည္ ရင္းရင္းႏွီးႏွီးျဖင့္ သတိေပးလာျပန္ေသး၏။

"ရၿပီ ၊ ယူေပးစရာမလိုေတာ့ဘူးေနာ္"

စိတ္ထင္ေန႐ုံသက္သက္ ဟုတ္မဟုတ္ကိုမသိ ၊ ဝိန္းရိဖန္၏ႏႈတ္ခမ္းပါးမွာ ထုံခ်င္သလိုလိုျဖစ္ေနသည္ကိုသာ ခံစားမိေနရသည္။ နဂိုကတည္းက ေနရာက်ဥ္းက်ပ္သည္ဟုဆိုရမည့္အခန္းမွာ ပို၍ႁပြတ္သိပ္လာသည့္အလား ၊ စိတ္ထင္ေယာင္ထင္မွားျဖစ္ေနေစသည့္အခန္းငယ္ထဲ အႏြေးဓါတ္မ်ားအျပင္ ေျခာက္ေသြ႕အိုက္စပ္ျခင္းမ်ားပါ ေနရာယူလာေလေတာ့သည္။

သူ႕ႏႈတ္ခမ္းစြန္းအား စိုက္ၾကည့္ေနမိရင္းက ဝိန္းရိဖန္တစ္ေယာက္ ႐ုတ္တရက္မတ္တပ္ထရပ္ပစ္လိုက္၏။

"ငါ ပန္းသီးကိုေရသြားေဆးလိုက္ဦးမယ္"

စကားေျပာၿပီးသည္ႏွင့္ ဝိန္းရိဖန္သည္ စန္းရန္၏တုံျပန္မႈကိုပင္မေစာင့္ေတာ့ဘဲ ပန္းသီးႏွစ္လုံးအားလွမ္းယူကာ ေရခ်ိဳးခန္းထဲဝင္လာခဲ့လိုက္သည္။ တံခါးကို အလ်င္အျမန္ပိတ္ ၊ နား႐ြက္မ်ား သိသိသာသာကိုနီရဲေနသည့္ကိုယ့္ကိုကိုယ္အား မွန္ထဲစိုက္ၾကည့္ေနၿပီး စိတ္အာ႐ုံတစ္ခုလုံးကိုလည္း ထိုလွ်ပ္တျပက္အထိအေတြ႕ကသာ ႀကီးစိုးေနေလသည္။

အသက္ရႉေငြ႕မ်ားကိုထိန္းရင္း ေရပိုက္ေခါင္းကိုဖြင့္လိုက္သည္။

ပန္းသီးေရေဆးဖို႔ရာအတြက္ အခ်ိန္မ်ားမ်ားမယူ ၊ အရမ္းသိသာလြန္းေနမည္ကို စိုးရိမ္သည့္အတြက္လည္း ဝိန္းရိဖန္က ေရခ်ိဳးခန္းထဲ၌ ၾကာၾကာမေနဘဲ ေဆးေၾကာၿပီးေနာက္ ျပန္ထြက္လာခဲ့လိုက္သည္။

လက္ရွိအခ်ိန္တြင္ စန္းရန္က စားပြဲေဘး၌ရွိေနၿပီး ညစာဝယ္လာသည့္အိတ္ကိုဖြင့္ေန၏။ ဝိန္းရိဖန္က အသံတစ္ခ်က္မျပဳဘဲ သူ႕ေဘး၌ ဝင္ထိုင္လိုက္သည္။

စန္းရန္ကလည္း တစ္ခ်က္သာလွမ္းၾကည့္လာၿပီး 'လက္ေဆာင္လက္ခံရရွိ'သည့္ကိစၥအား ထပ္မေျပာေတာ့ေပ။

ၾကည့္ရသည္မွာ ျဖစ္သြားခဲ့သည့္ကိစၥႏွင့္ပတ္သတ္၍ ႏွစ္ေယာက္စလုံးက ေနာက္တစ္ႀကိမ္ျပန္ေျပာရမည္ကို ရွက္ေနၾကသည့္ဟန္။

ဤကိစၥမွာ သည္လိုႏွင့္သာ မသိမသာေလးေက်ာ္ခ်သြားခဲ့၏။

ဝိန္းရိဖန္၏စိတ္အေျခအေနမွာလည္း တျဖည္းျဖည္းႏွင့္တည္ၿငိမ္စျပဳလာခဲ့သည္။ ပန္းသီးတစ္ကိုက္စာကိုက္လိုက္ရင္း ႐ုတ္တရက္ စန္းရန္က အရမ္းကိုမွသနားစရာေကာင္းေနေၾကာင္း မဆီမဆိုင္ခံစားမိလိုက္ရသည္။ သူ႕ေမြးေန႕ရက္တြင္ သူဟာ ဤမပ်က္စီး႐ုံတမယ္ရွိေနသည့္ဟိုတယ္ထဲ၌ သူမႏွင့္အတူရွိေနရကာ ညစာအတြက္ကိုပင္ အျပင္ဘက္မွအလ်င္းသင့္သလိုဝယ္လာခဲ့သည့္အစားအေသာက္ကိုသာ စားေနရ၏။

ယခုေတြးၾကည့္မိလိုက္သည့္အခါတြင္မွ ေခါက္ဆြဲဆိုင္ထဲ၌ သူႏွင့္ မေမွ်ာ္လင့္ဘဲေတြ႕ဆုံလိုက္ရသည္မွာ အလြန္တရာကိုမွစိတ္ကစဥ့္ကလ်ားနိုင္ေစနိုင္မွန္း ခံစားမိလိုက္ရေတာ့သည္။ အစတည္းက သူ႕ဘက္မွ ျပန္တုံ႕ျပန္လာမည္ကို မေမွ်ာ္လင့္ထားဘဲ သူမဘက္ကသာ လုပ္သင့္လုပ္ထိုက္သည္ကိုလုပ္လိုက္ျခင္းျဖစ္ၿပီး နန္းဝူသို႔ျပန္ေရာက္သည့္အခါမွသာ အိမ္္ေျပာင္းမည့္ကိစၥႏွင့္ပတ္သတ္၍ေဆြးႏြေးမည္ဟု ဆုံးျဖတ္ထားခဲ့ျခင္းျဖစ္သည္။

ထိုသို႔စိတ္ဆုံးျဖတ္ၿပီး ထျပန္ခါနီးတြင္.....

ထိုတဒဂၤေလးတြင္မွ သူသည္ ေကာင္းကင္ေပၚမွ ႐ုတ္ခ်ည္း ျပဳတ္က်လာေလျခင္းျဖစ္ေနခဲ့သည္။

ဆိုင္ပိုင္ရွင္ႀကီးေျပာလိုက္သည့္ စကားတစ္ခြန္း ; "ဒီေလာက္ႏွစ္ေတြၾကာခဲ့ၿပီးတာေတာင္ မင္းတို႔ႏွစ္ေယာက္က အတူတူရွိေနၾကတုန္းပဲ"

ထိုစကားအား သူ ျပန္လည္ေျဖေပးခဲ့ျခင္းမရွိသလို.....

ေနာက္တြင္လည္း မည္သည့္ကိစၥကိုမွ အစေဖာ္ျခင္း မျပဳခဲ့ပါေပ။

သူမအား ထိုေခါက္ဆြဲဆိုင္သို႔ အဘယ္ေၾကာင့္သြားခဲ့ေၾကာင္းလည္း မေမး.....

အတိတ္မွကိစၥမ်ားကိုလည္း လက္လြတ္စပယ္ စကားမစလာခဲ့သလို.....

သူမထံမွလည္း မည္သည့္အတြက္ေၾကာင့္ႏွင့္မွ အေၾကာင္းျပခ်က္တစ္ခုေပးရန္ ေတာင္းလာခဲ့ျခင္းမ်ိဳးမရွိ၏။

ဂ႐ုမစိုက္သည့္ပုံစံမ်ိဳးႏွင့္လည္းတူသလို အတိတ္မွကိစၥမ်ားကို ျပန္အစမေဖာ္လိုျခင္းႏွင့္လည္း တူေနေသးကာ.....

ထပ္၍ တူေနေသးသည္မွာ ႏွစ္ေယာက္သား အတူရွိေနရၿပီျဖစ္သည့္ထိုအခိုက္အတန့္ေလးတြင္....

သူသည္ အတိတ္မွ အေကာင္းအဆိုးအရာအားလုံးကို လက္လႊတ္ခ်ပစ္လိုက္ၿပီး.....

လက္ရွိအခ်ိန္ေလး တစ္ခုတည္းကိုသာ ေရွးရႈ၍ၾကည့္ေနေတာ့သည့္အလားပင္။

-------

စန္းရန္ ညစာစားၿပီးသည္ႏွင့္တၿပိဳင္နက္ ဝိန္းရိဖန္သည္လည္း ပန္းသီးတစ္လုံး ကုန္ေအာင္စားၿပီးသြားခဲ့သည္။ သူမအေနျဖင့္ စကားတစ္ခြန္းတစ္ေလေျပာရန္ ေတြးမိပါေသာ္လည္း ဘယ္ကေနဘယ္လို စကားစရမည္မွန္းမသိ ၊ မသိစိတ္ကေန၍ အလိုလို ေနရထိုင္ရခက္ေနေတာ့သည္။

ၾကည့္ရသည္မွာ ႏွစ္ေယာက္စလုံးက အသစ္ေျပာင္းသြားခဲ့သည့္ဆက္ဆံေရးႏွင့္ အသားတက်မျဖစ္ေသးသည့္ပုံ။

အခ်ိန္မွာ ေနာက္က်ေနၿပီျဖစ္ကာ ထပ္၍ပန္းသီးလည္းစားၿပီးျဖစ္သည့္အတြက္ ဝိန္းရိဖန္အေနျဖင့္ ထပ္ေနစရာအေၾကာင္းလည္းမရွိေတာ့ပါသည့္တိုင္ သူ႕အနားတြင္ တစ္ခဏေလးျဖစ္ျဖစ္ ထပ္ေနခ်င္ပါေသးသည္။ ေခါင္းငုံ႕ထားရင္း အသံတစ္စိုးတစိမွ်မထြက္ဘဲ ဖုန္းကစားေနလိုက္၏။

စန္းရန္က ညစာဘူးအား သိမ္းဆည္းရွင္းလင္းၿပီးေနာက္ သူမဘက္သို႔လွည့္ၾကည့္လာ၏။

"ထပ္စားဦးမွာလား"

ဝိန္းရိဖန္ ေခါင္းေမာ့လာၿပီး ;

"အာ...."

စန္းရန္က စားပြဲေပၚမွ ပန္းသီးတစ္လုံးကိုလွမ္းယူၿပီး ဝိန္းရိဖန္၏လက္ထဲထည့္ေပးလိုက္၏။ သူမ၏အေျခအေနကို နားလည္ေနသည့္အလား မ်က္ခုံးကိုပင့္ ၊ ႏႈတ္ခမ္းကို ေကြး၍ၿပဳံးျပၿပီး ;

"ဒီတစ္ေခါက္ ေျဖးေျဖးေလးပဲစား"

ဝိန္းရိဖန္ ;

"နင္ မစားေတာ့ဘူးလား"

"မစားေတာ့ဘူး"

"အို႔"

ဝိန္းရိဖန္က နာရီတစ္ခ်က္လွမ္းၾကည့္လိုက္ၿပီး ခပ္တိုးတိုးအသံေလးျဖင့္ ;

"ဒါဆို ေနာက္ထပ္နာရီဝက္ေလာက္ၾကာေအာင္ စားရမလား"

စန္းရန္ ;

"အဲ့ထက္ပိုၿပီး ႏွေးေအာင္ စားေပးလို႔ရမလား"

ဝိန္းရိဖန္က ပန္းသီး တစ္ကိုက္ကိုက္လိုက္ရင္း ဝိုးတိုးဝါးတား စကားဆိုလိုက္၏။

"....ရတယ္"

အခန္းအတြင္း ေနာက္တစ္ႀကိမ္ တိတ္ဆိတ္သြားျပန္ေတာ့သည္။

ပစၥည္းမ်ား သိမ္းဆည္းရွင္းလင္းၿပီးေနာက္တြင္ စန္းရန္က ဝိန္းရိဖန္၏ေဘး၌ထိုင္ၿပီး ဖုန္းကစားေနလိုက္သည္။ ေဘးဘက္ေနၿပီး မသိမသာေလးလွမ္းၾကည့္လိုက္လွ်င္ေတာ့ ခပ္ေရးေရးေလးၿပဳံးေနသည့္ သူ႕ႏႈတ္ခမ္းပါးကိုျမင္ေတြ႕လိုက္ရသည္။

ဝိန္းရိဖန္လည္း တစ္ခဏၾကာေအာင္လွမ္းၾကည့္ေနမိၿပီးမွ တိတ္တိတ္ကေလး အၾကည့္ျပန္လႊဲလိုက္၏။

သူမအတြက္ေတာ့ ပထမဆုံးအႀကိမ္ ခ်စ္ကြၽမ္းဝင္ဖူးျခင္းျဖစ္ရာ......

ရွိရွိသမွ်ေသာ လူအားလုံးက ယခုလိုျဖစ္ေနမည္လားေတာ့ မသိပါေပ။ ေျပာစရာစကားလည္းမရွိဘဲ အနည္းငယ္ေလးမွ်စိတ္က်ဥ္းက်ပ္ေနပါသည့္တိုင္ တစ္ဖက္လူႏွင့္ အတူတူရွိေနခ်င္မိကာ ၊ ထိုမေနသာမထိုင္သာျဖစ္ေနသည့္အေျခအေနထဲမွာကိုပင္ ေပ်ာ္႐ႊင္မႈဆိုသည့္ခံစားခ်က္ေလးအား ခံစားမိေနပါေတာ့သည္။

ဝိန္းရိဖန္က စကားဦးခ်ီလိုက္၏။

"နင္ ဘယ္အခ်ိန္တုန္းက အျမန္ရထားလက္မွတ္ဝယ္လိုက္တာလဲ"

"အမ္"

"ငါ မေန႕တုန္းက ဒီေန႕အတြက္ရထားလက္မွတ္ဝယ္ၿပီးေတာ့ အိမ္ျပန္လာ....."

ဝိန္းရိဖန္က တစ္ခဏရပ္လိုက္ၿပီးမွဆက္၍ ;

"နင့္ေမြးေန႕အမီျပန္လာဖို႔ စဥ္းစားထားတာ ၊ ဒါေပမယ့္ လက္မွတ္ေတြအားလုံးကုန္ေနၿပီ"

စန္းရန္က ဖုန္းကိုခ်ထားလိုက္ၿပီး ေျဖးေျဖးခ်င္းစကားဆိုလိုက္သည္။

"အရင္တစ္ပတ္ကတည္းက"

"နင္ အရင္တစ္ပတ္တုန္းက ငါ ဒီေန႕ျပန္မလာနိုင္မွန္း ႀကိဳသိေနလို႔လား"

"မသိပါဘူး ၊ ဒီအတိုင္း ဝယ္ထားတာ ၊ လက္မွတ္က အသုံးမလိုရင္လည္း ျပန္အမ္းေပးေနတာပဲမလား"

ဝိန္းရိဖန္က တၿမဳံ႕ၿမဳံ႕ဝါးရင္း တစ္ခဏရပ္သြားခဲ့ကာ ေတာ္ေတာ္ေလးၾကာသြားၿပီးမွ မ်ိဳခ်လိဳက္၏။

"ေနာက္ဆိုရင္ ငါလည္း အဲ့လိုမ်ိဳးလုပ္ထားေတာ့မယ္"

"...."

စန္းရန္က သုံးေလးႀကိမ္ခန့္ အသံထြက္ေအာင္ရယ္လိုက္၏။

ဝိန္းရိဖန္က ပန္းသီးကိုသာ ဆက္စားေနေလ၏။ သို႔ေသာ္ ပန္းသီးတစ္လုံးအား တတ္နိုင္သမွ်အခ်ိန္ဆြဲ၍ စားေနခဲ့ပါေသာ္လည္း ဘယ္ေလာက္မွသိပ္မၾကာလိုက္ေခ်။ ေနာက္ဆုံးတစ္ကိုက္စာ ကုန္သြားၿပီးေနာက္တြင္ေတာ့ ႏွေးတုံ႕တုံ႕ျဖင့္ ;

"ဒါဆို ငါ သြားေတာ့မယ္ေနာ္"

စန္းရန္ထံမွ 'အင္း' ဆိုသည့္အသံတစ္ခု။

ဝိန္းရိဖန္ ;

"ငါတို႔ မနက္ျဖန္က်ရင္ မနက္ရွစ္နာရီဆို စထြက္မွာမလို႔ နင္ ဒီေန႕ညေစာေစာအိပ္လိုက္ေနာ္"

စန္းရန္ ;

"အင္း"

ပန္းသီးအူတိုင္အား အမွိုက္ပုံးထဲသို႔ထည့္လိုက္ၿပီး ဝိန္းရိဖန္ မတ္တပ္ထရပ္ကာ သုံးေလးလွမ္းလွမ္းၿပီးေနာက္တြင္ တစ္စုံတစ္ရာက်န္ေနေသးေၾကာင္း သတိရလိုက္၍ ေနာက္ျပန္လွည့္ၾကည့္လာခဲ့သည္။

"စန္းရန္"

စန္းရန္က သူမ၏အေနာက္မွ ကပ္လိုက္လာျခင္း။

"ဘာလဲ"

ဝိန္းရိဖန္က သူႏွင့္အၾကည့္ခ်င္းဆုံလိုက္ၿပီး တေလးတနက္ျဖင့္ ;

"ေမြးေန႕မွာ ေပ်ာ္႐ႊင္ပါေစ"

စန္းရန္ ၿပဳံးျပလာခဲ့သည္။

"နင့္ေမြးေန႕ဆုေတာင္းက ဘာလဲ"

"မေျပာျပေတာ့ဘူး"

ဝိန္းရိဖန္ ;

"ဘာလို႔လဲ"

"ဘာလို႔လဲဆိုေတာ့...."

စန္းရန္က လက္တစ္ဖက္ကိုျမႇောက္လာကာ ဝိန္းရိဖန္၏ေခါင္းအား ဖြဖြေလးပုတ္လိုက္ရင္း တေလးတနက္လည္းနိုင္လွသလို တဖန္ စကားအျဖစ္ေျပာျပေနသည့္ပုံစံမ်ိဳးျဖင့္ ;

"ဆုေတာင္းက ျပည့္သြားၿပီးၿပီမလို႔"

သူမ၏အခန္းထဲသို႔ ျပန္ေရာက္လာၿပီးသည့္အခ်ိန္တြင္ ဝိန္းရိဖန္က အိပ္ရာ ခႏၶာကိုယ္တစ္ပိုင္းလွဲခ်ပစ္လိုက္သည္။ ေလဟာျပင္ႀကီးအား စိတ္လြတ္ေနသည့္အလား ေငးစိုက္ၾကည့္ေနမိကာ တစ္ခဏအၾကာတြင္ ေဘးနားမွာေခါင္းအုံးကိုဆြဲယူကာ အိပ္ရာထက္ လူးလိမ့္ေနပါေတာ့၏။

တစ္ညလုံးထိန္းထားခဲ့ရသည့္စိတ္ခံစားခ်က္က တစ္ကိုယ္တည္းရွိသည့္အခ်ိန္တြင္မွ အျပည့္အဝလြတ္ထြက္လာပုံလည္းရသည္။

ဝိန္းရိဖန္၏မ်က္လုံးမ်ားက တပ်ိဳးပ်ိဳးလင္းလက္ေတာက္ပေနကာ တရိပ္ရိပ္ႏွင့္ေလေပၚျမႇောက္တက္လာသည့္ခံစားခ်က္ကို မထိန္းခ်ဳပ္ေတာ့သည့္အသြင္ျဖင့္ ေခါင္းအုံးအား မ်က္ႏွာထက္အပ္ထားမိေလေတာ့၏။ ခံစားခ်က္မ်ားတည္ၿငိမ္စျပဳလာသည့္အခါတြင္မွ အိတ္ကပ္ထဲမွဖုန္းကိုထုတ္ၿပီး မဖတ္ရေသးေသာမက္ေဆ့မ်ားကို ဖြင့္ၾကည့္လိုက္သည္။

မ်က္ေတာင္တစ္ဖ်က္ခတ္စာအတြင္း ေတြ႕လိုက္သည္မွာ က်ဳံးစစ္ေခ်ာင္ပို႔ထားသည့္ မက္ေဆ့တသီတသန္း။

[ /ဓါတ္ပုံ ]

[ ငါလခြမ္း....စန္းရန္ တင္ထားတဲ့ပို႔စ္ ]

[ သူ႕မွာရည္းစားရွိသြားၿပီလား ]

[ ဘယ္သူလဲဆိုတာ နင္သိလား ! ! ! ]

[ နင္ သူနဲ႕ အတူတူဆက္ေနဦးမွာလား ၊ သူ႕ေကာင္မေလး သိသြားတဲ့အခ်ိန္က်ရင္ ျပႆနာတက္မယ္ေနာ္ ၊ နင္ အခြင့္အေရးရွာၿပီး သူ႕ကို အိမ္ေျပာင္းဖို႔ေျပာၾကည့္ၾကည့္ဦး ]

ဝိန္းရိဖန္က ႐ုတ္တရက္ျဖစ္သည့္အတြက္ ေၾကာင္အမ္းေနရင္း ပို႔ထားသည့္ဓါတ္ပုံအား ဖြင့္ၾကည့္လိုက္၏။

စန္းရန္ တင္ထားသည့္ပို႔စ္အား က်ဳံးစစ္ေခ်ာင္က Screenshot ရိုက္လာျခင္းျဖစ္သည္။

သူက ပုံတစ္ပုံတည္းသာတင္ထားၿပီး မည္သည့္စာသားမ်ိဳးမွမပါ။

ဓါတ္ပုံမွာ ဝိန္းရိဖန္ သူ႕အတြက္မွာထားေပးသည့္ ေမြးေန႕ကိတ္ ၊ အေပၚတြင္ ကိတ္မုန့္ဆိုင္အား အထူးတလည္ေရးေပးရန္မွာထားခဲ့သည့္ စာလုံးမ်ား 'စန္းရန္ ေမြးေန႕မွာေပ်ာ္႐ႊင္ပါေစ' ဟူ၍။

စန္းရန္၏ ဓါတ္ပုံရိုက္သည့္စေကးက သိပ္မေကာင္းလွ ၊ ဤဓါတ္ပုံသည္ပင္ ၿပီးစလြယ္ရိုက္ထားသည့္ပုံစံမ်ိဳးျဖစ္ကာ နည္းနည္းေလးဝါးေနေလသည္။

က်ဳံးစစ္ေခ်ာင္ ႏွင့္ စန္းရန္တို႔က Mutual friend ခပ္မ်ားမ်ားရွိပုံရကာ Screenshot ထဲတြင္ ေအာက္ဘက္တြင္ေရးထားၾကသည့္ Comments မ်ားပါ ပါလာခဲ့သည္။ အမ်ားစုမွာ ေမြးေန႕အတြက္ဆုေတာင္းေပးၾကျခင္းျဖစ္ၿပီး စန္းရန္၏လုပ္ရပ္ေၾကာင့္ ေဝဖန္ေနသည့္မွတ္ခ်က္မ်ားလည္း မနည္းမေနာပါေပ။

[ ? ]

[ အေကာင့္ Hack ခံထားရတာလား ]

[ ငါ့အရင္တစ္ေခါက္ေမြးေန႕တုန္းက ဒီေသာက္႐ူးကို သတိေပးတဲ့အခ်ိန္ ငါ့ကို ဘာေျပာတယ္မွတ္လဲ ၊ ေယာက္်ားရင့္မာႀကီးျဖစ္ၿပီး ဘာကိစၥနဲ႕ေမြးေန႕လုပ္မွာလဲတဲ့! ! ! ၊ ၿပီးေတာ့ ေျပာေသးတယ္.....ငါက ေသာက္ပိုကိုလုပ္တယ္တဲ့ ]

[ ပုံမွန္ေရာ ဟုတ္ရဲ႕လား ok ? ၊ ဘယ္သူမွ Care လုပ္မေနဘူး! ]

ေအာက္ဆုံးတြင္.....

စန္းရန္က တစ္ပုံစံတည္း စာျပန္ထားေလ၏။

[ အားနာလိုက္တာ ၊ ေကာင္မေလးက တင္ခိုင္းလို႔ ]

-------

ဝိန္းရိဖန္ ဓါတ္ပုံၾကည့္ေနသည့္ေနရာမွ ျပန္ထြက္လာခဲ့လိုက္၏။ သူမအေနျဖင့္ ယခုလိုလုပ္ေပးရန္ မေတာင္းဆိုထားပါေခ်။ သို႔ေသာ္လည္း စန္းရန္၏ပို႔စ္ကို ျမင္လိုက္ရသည့္အခါ အခုေလးတင္ ၿငိမ္က်ထားသည့္ခံစားခ်က္မ်ားက တဖန္ထိုးထြက္လာျပန္ပါေတာ့သည္။

ဝိန္းရိဖန္က မ်က္ေတာင္မ်ားခတ္ရင္း က်ဳံးစစ္ေခ်ာင္ထဲ စာျပန္လိုက္၏။

[ မျဖစ္ေလာက္ဘူး ထင္တာပဲ ]

ဝိန္းရိဖန္ ; [ သူ႕ေကာင္မေလးက ငါ ]

ဤဝါက်စာေၾကာင္းကိုရိုက္ၿပီးေနာက္ ဝိန္းရိဖန္က စူးစိုက္ၾကည့္ေနရင္း ႏႈတ္ခမ္းပါးကလည္း ေကြးၿပီးၿပဳံးေနမိခဲ့သည္။ ေပးပို႔သည့္ေနရာကို ႏွိပ္ၿပီးေနာက္ ခ်န္ေဝ့ဟြာ၏မက္ေဆ့ေဘာက္ထဲဝင္ကာ မနက္ျဖန္တြင္ သူမ၏အသိတစ္ေယာက္ကိုပါ အတူတူေခၚသြားမည့္အေၾကာင္း အေၾကာင္းၾကားလိုက္သည္။

ခ်န္ေဝ့ဟြာက စကားေျပာ၍ေကာင္းလြန္းသူျဖစ္ၿပီး ခ်က္ခ်င္းသေဘာတူေပးလိုက္၏။

[ ရတယ္ ]

ဤမက္ေဆ့ျပန္စာကို လက္ခံရရွိသည္ႏွင့္တၿပိဳင္နက္ ဝိန္းရိဖန္၏ Wechat လည္း ဝုန္းဒိုင္းက်ဲပါေလေရာ့၏။

ဟုတ္ပါ၏ ၊ က်ဳံးစစ္ေခ်ာင္၏ မက္ေဆ့မ်ား ေပါက္ကြဲထြက္လာသံပင္။

[ ? ]

[ ? ? ? ]

[ ? ? ? ? ? ? ]

ဤကိစၥႏွင့္ပတ္သတ္ၿပီး ဝိန္းရိဖန္သည္ က်ဳံးစစ္ေခ်ာင္အား တစ္ခြန္းတစ္ေလမွမေျပာျပထားသည့္အတြက္ အနည္းငယ္လည္းရွက္မိကာ စိတ္မသိုးမသန့္လည္းျဖစ္ရင္း စာျပန္လိုက္၏။

[ အေျခအေနကေတာ့ ဒီလိုပဲ ]

ဝိန္းရိဖန္ ; [ ခုဏေလးကမွ ဆက္ဆံေရးကို အတည္ျပဳထားတာ ]

က်ဳံးစစ္ေခ်ာင္ ; [ နင္ အရင္က ငါ့ကို ေျပာျပတုန္းကက်ေတာ့ နင္တို႔ႏွစ္ေယာက္! လုံးဝမျဖစ္နိုင္ပါဘူးဆို! ]

ဝိန္းရိဖန္က သည္လိုစကားမ်ိဳးေျပာခဲ့သည္ ဟုတ္မဟုတ္ကိုပင္ သတိမရပါေတာ့ေပ။

[ ေျပာခဲ့တာလား? ]

က်ဳံးစစ္ေခ်ာင္ ; [ ေသခ်ာေပါက္ ေျပာခဲ့တာေပါ့ဟဲ့! ]

က်ဳံးစစ္ေခ်ာင္ ; [ အတိအက်ေတာ့မဟုတ္ေပမယ့္ အဲ့လိုအဓိပ္ပါယ်နဲ့ပဲေျပာခဲ့တာ! ]

ဝိန္းရိဖန္ ; [ အို႔.....]

ဝိန္းရိဖန္ ; [ အဲ့ဒါဆိုလည္း ငါ ]

ဝိန္းရိဖန္ ; [ မသိလို႔ ေျပာမိသြားတာေနမွာ ]

က်ဳံးစစ္ေခ်ာင္ ; [ .... ]

က်ဳံးစစ္ေခ်ာင္ ; [ ? ]

-------

ေနာက္တစ္ေန႕တြင္။

ဝိန္းရိဖန္က ပစၥည္းမ်ားထုတ္ပိုးၿပီးေနာက္ စန္းရန္၏အခန္းေရွ႕သို႔ေရာက္လာခဲ့သည္။ သူ႕ကိုျမင္လိုက္ရသည့္အခါ သူမ၏စိတ္ထဲ လက္ရွိအေျခအေနအား မယုံၾကည္ရဲေသးသည့္ခံစားခ်က္တို႔ရွိေနေသးကာ ႏြေးႏြေးေထြးေထြးျဖင့္စကားဆိုလိုက္၏။

"ငါတို႔ ေအာက္ထပ္မွာမနက္စာစားၿပီးရင္ စထြက္ေတာ့မွာ"

စန္းရန္က အိပ္မႈန္စုံမႊား 'အင္း' ဟု အသံျပဳလာခဲ့သည္။

ဝိန္းရိဖန္သည္ သူ႕အား ေနာက္ထပ္တစ္ခါလွမ္းၾကည့္မိလိုက္ၿပီး စကားေတာ့မဆို ၊ ေနာက္တြင္ စန္းရန္ကိုေခၚကာ ခ်န္ေဝ့ဟြာႏွင့္မုခ်န္ယြင္၏အခန္းေရွ႕ ေရာက္လာခဲ့သည္။

သိပ္မၾကာလိုက္ပါဘဲ အျခားႏွစ္ေယာက္သည္လည္း အခန္းထဲမွထြက္လာခဲ့ၾကသည္။

ေလးေယာက္စလုံးမွာ အရင္ကေတြ႕ဆုံဖူးၾကသည့္သူမ်ားသာ။ ခ်န္ေဝ့ဟြာက စန္းရန္၏အိမ္ မီးမေတာ္တဆျဖစ္သည့္အခ်ိန္တြင္ တစ္ခါေတြ႕ဖူးၾကသျဖင့္ လက္ရွိ၌ စန္းရန္ကို ေတြ႕သည့္အခါ အထူးတလည္အံ့ၾသေနျခင္းမရွိဘဲ ႏႈတ္ဆက္စကားပင္ဆိုလိုက္ေသးသည္။

"ေပယြီကို အလုပ္ကိစၥနဲ႕လာတာလား ၊ လာလည္တာလား"

စန္းရန္က အမွန္အတိုင္းေျဖေနေလ၏။

"လူတစ္ေယာက္ကို လာရွာတာ"

မုခ်န္ယြင္က စန္းရန္ႏွင့္ဝိန္းရိဖန္အား စူးစိုက္ၾကည့္ေနပါေသာ္လည္း စကားေတာ့မဆိုလာေခ်။

ေလးေယာက္သား ေအာက္ထပ္သို႔ဆင္းလာခဲ့ၾကသည္။

ခ်န္ေဝ့ဟြာႏွင့္ဝိန္းရိဖန္က အခန္းျပန္အပ္ေနၾကသည့္အခ်ိန္ ၊ စန္းရန္ႏွင့္မုခ်န္ယြင္က တစ္ဖက္၌ ရပ္ေစာင့္ေနၾက၏။

မိနစ္ဝက္နီးပါးရပ္ၿပီးခ်ိန္တြင္ေတာ့ မုခ်န္ယြင္ကစၿပီး အၿပဳံးေလးျဖင့္စကားဆိုလိုက္သည္။

"စီနီယာအစ္ကိုစန္း....အစ္ကို႔အေနနဲ႕ ရိဖန္က်ဲကိုေတြ႕ခ်င္ေနတာ ကြၽန္ေတာ္နားလည္ေပမယ့္လည္း အစ္မ အလုပ္ခရီးထြက္ေနတဲ့အခ်ိန္မ်ိဳးမွာ အစ္ကိုလိုက္လာႀကီးကေတာ့ သိပ္မသင့္ေတာ္ဘူးထင္တယ္"

ဤစကားကိုၾကားလိုက္သည့္အခါ စန္းရန္က ေဘးနားမွလူအား လွမ္းၾကည့္လိုက္ၿပီး အမူအရာမွာေတာ့ ေအးေအးလူလူပင္။

"ရိဖန္က်ဲက သေဘာအရမ္းေကာင္းေတာ့ အစ္ကို႔ကို စိတ္ဆိုးမွာမဟုတ္ေလာက္ဘူး ၊ ဒါေပမယ့္ အစ္ကို႔ဘက္က အစ္မေနရာကိုေတာ့ ဝင္ေတြးၾကည့္ေပးသင့္တယ္ေလ"

သူ ေျပာသည့္စကားက က်ိဳးေၾကာင္းသင့္သလိုခံစားမိလိုက္၍လည္း စန္းရန္က ျဖည္းျဖည္းခ်င္းျဖင့္ ;

"အို႔"

မုခ်န္ယြင္မွာမူ အရင္တစ္ေခါက္ သူခံထားရသည့္အတြက္ သည္တစ္ေခါက္တြင္ မ်က္ႏွာျပန္ဆယ္လိုျခင္းအလို႔ငွာ သုံးေလးစကၠန့္ေလာက္တိတ္ေနၿပီးေနာက္ သက္ျပင္းတစ္ခ်က္ခ်လိဳက္၏။

"အစ္ကို ဒီလိုပုံစံမ်ိဳးနဲ႕ လိုက္ပိုးပမ္းေနတာလား ၊ လိုက္မရတာကို မထူးဆန္းမိေတာ့ဘူး"

အခန္းအပ္ၿပီးေနာက္ ဝိန္းရိဖန္က အပ္ထားသည့္ပစၥည္းမ်ားကိုျပန္ယူၿပီး ခ်န္ေဝ့ဟြာႏွင့္အတူ စန္းရန္ႏွင့္မုခ်န္ယြင္ရွိရာဆီသို႔ေလွ်ာက္လာခဲ့သည္။

ထိုႏွစ္ေယာက္ၾကားတြင္ သုံးေလးမီတာသာ အကြာအေဝးရွိၿပီး လက္ရွိ၌ စကားေျပာေနၾကျခင္း။ စန္းရန္က မုခ်န္ယြင္ထက္ အနည္းငယ္မွ်အရပ္ပိုျမင့္ကာ ခႏၶာကိုယ္အရပ္အျမင့္ျဖင့္သာမက ထုတ္လႊတ္ေနသည့္အေရာင္အဝါမ်ားကပါ တစ္ဖက္လူအား လုံးဝ လႊမ္းမိုးေနေလသည္။ သူ႕အမူအရာမွာ ေအးေအးေဆးေဆးသာျဖစ္ၿပီး တစ္ဖက္လူကိုလည္း အေရးလုပ္ၿပီး ၾကည့္မေနပါေပ။

တစ္ဖက္လူ၏စကားကိုလည္း နားရွိ၍သာ နားေထာင္ေနရသည့္အလား ျပဳမူေန၏။

စန္းရန္ေျပာလိုက္သည့္စကားအား ဝိန္းရိဖန္ ခပ္ေရးေရးေလးၾကားလိုက္ရသည္မွာ ;

"အဲ့စည္းကို ေက်ာ္သြားတာျဖင့္ၾကာလွၿပီ"

သူ႕ေဘးနားတြင္ရပ္ေနသည့္ မုခ်န္ယြင္မွာ ဆြံအေၾကာင္အမ္းသြားသည့္ပုံ။

စကၠန့္ပိုင္းၾကာၿပီးေနာက္။

"ငါတို႔ႏွစ္ေယာက္က အခု....."

ဤအထိစကားဆိုလိုက္ၿပီးေနာက္ စန္းရန္၏မ်က္ေတာင္မ်ား လႈပ္လႈပ္ရွားရွားျဖစ္သြားကာ သူမရွိရာဘက္သို႔လွမ္းၾကည့္ၿပီး မ်က္ဝန္းခ်င္းဆုံေစလိုက္သည္။ တစ္ခုခုကိုေတြးေနပုံရသည့္သူက သူ႕ႏႈတ္ခမ္းပါးကို ေကြး၍ၿပဳံးျပလာရင္း စကားလုံးမ်ားအား တစ္လုံးခ်င္းစီ ထုတ္ေျပာလာေလေတာ့၏။

" ႏွစ္ဦး , ႏွစ္ဖက္ , ေမတၱာ , မွ်ေနတာ "

"...."

"ႏွစ္ဦးႏွစ္ဖက္ ေမတၱာမွ်တာ"

စန္းရန္က ေနာက္တစ္ႀကိမ္ထပ္၍ ေျပာလိုက္ၿပီး မထီမဲ့ျမင္ျပဳ၍ ;

"ဒီစကားလုံးကို ၾကားဖူးလား"

"...."

ခ်န္ေဝ့ဟြာက အေရွ႕မွအေျခအေနကိုလည္း မသိလိုက္သလို သူတို႔ေျပာေနသည့္အေၾကာင္းကိုလည္း နားမလည္ ၊ လူငယ္ခ်င္း စကားစျမည္ေျပာေနၾကသည္ဟုသာ ထင္မွတ္ၿပီး သူတို႔၏စကားဝိုင္းထဲသို႔ ဝင္မပါေပ။

သို႔ေသာ္ ဝိန္းရိဖန္ကမူ သူမ၏ပါးစပ္မွထြက္ထားသည့္ ထိုစကားလုံးကို ရွင္းရွင္းလင္းလင္းနားလည္ေနသည့္အျပင္ ထိုစကားလုံးေျပာထားခဲ့သည္မွာ အခ်ိန္တစ္ရက္စာပင္ မျပည့္ေသးေခ်။

သည့္ထက္အျပင္ စန္းရန္က ထိုစကားလုံးအား သူမကို စိုက္ၾကည့္၍ေျပာေနျခင္း။

ဤအခ်ိန္ ဤအခိုက္အတန့္တြင္ ဝိန္းရိဖန္ မဆီမဆိုင္ခံစားမိလိုက္သည္မွာ စန္းရန္က ထိုစကားလုံးအား သူမၾကားေအာင္ေျပာလိုက္ျခင္း ဟူ၍ပင္။ ထို႔အျပင္ မေန႕ညတုန္းက သူမ ထိုစကားလုံးကိုေျပာလိုက္သည့္အခ်ိန္ စန္းရန္ကအခ်ိန္ၾကာၾကာ ရယ္ေနခဲ့ေသးသည္လည္း မဟုတ္လား။

သူမဘက္က ထိုစကားလုံးကို တေလးတနက္ျဖင့္ေျပာေနသည့္အခ်ိန္တြင္ သူ႕အျမင္ထဲ၌ အ႐ူးႏွင့္တူေနသလိုလို ခံစားေနမိျခင္းေၾကာင့္ ျဖစ္ပါလိမ့္မည္။

ဝိန္းရိဖန္က ႏႈတ္ခမ္းကိုတင္းတင္းေစ့မိရင္း အနည္းငယ္ရွက္လာမိေတာ့သည္။

မတတ္နိုင္ပါေခ် ၊ သူမမွ အေတြ႕အႀကဳံမရွိခဲ့ေလ။

ဤကိစၥမ်ိဳးက မ်ားေသာအားျဖင့္ အခမ္းအနားလုပ္ ၊ ေၾကညာျပလိုက္သင့္သည့္အေျခအေနျဖစ္ေသာ္ျငား လက္ထပ္မွတ္ပုံတင္လိုက္သည့္ကိစၥကဲ့သို႔ တရားဝင္လည္းမဟုတ္ျပန္။ ထို႔ေၾကာင့္ လက္ဆုတ္လက္ကိုင္ျပစရာသက္ေသမရွိသည့္အခ်ိန္တြင္ ေၾကညာသည့္ကိစၥအတြက္ စကားလုံးကိုသာ အသုံးခ်ရေတာ့မည္။

ထို႔မွသာ သမီးရည္းစားဆက္ဆံေရးကို အမ်ားသိေအာင္ တရားဝင္လုပ္ျပနိုင္ေပမည္။

ဝိန္းရိဖန္တို႔ေရာက္လာျခင္းေၾကာင့္ စန္းရန္ႏွင့္မုခ်န္ယြင္လည္း စကားစျပတ္သြားခဲ့၏။

ဝိန္းရိဖန္က တိတ္တိတ္ဆိတ္ဆိတ္ျဖင့္ စန္းရန္၏ေဘးနားသို႔ ေလွ်ာက္သြားလိုက္သည္။

ႏွစ္ေယာက္သားက အေနာက္ဘက္၌ ေနရာယူေလွ်ာက္ေနျခင္းျဖစ္ၿပီး သိပ္မၾကာလိုက္ခင္ပင္ စန္းရန္၏လက္ေခ်ာင္းထိပ္မ်ားက သူမ၏လက္ေခ်ာင္းမ်ားကို အသာအယာေလးထိေတြ႕လိုက္ေၾကာင္း ဝိန္းရိဖန္ ခံစားမိလိုက္ေတာ့၏။ တစ္ခ်က္ကေလး ထိေတြ႕သြားျခင္းပင္ျဖစ္ၿပီး ခြန္အားမွာ မေပ်ာ့လြန္း မျပင္းလြန္းႏွင့္ အနည္းငယ္ ယားက်ိသြားသည့္အထိအေတြ႕။

ဝိန္းရိဖန္ အလိုလိုေခါင္းေမာ့မိလိုက္ၿပီး သူ႕ေဘးတေစာင္းမ်က္ႏွာအား လွမ္းၾကည့္လိုက္သည္။

စန္းရန္၏မ်က္ေတာင္မ်ားဟာ ေအာက္သို႔လႊာခ်ထားရင္း မထီမဲ့ျမင္ျပဳေနသည့္အၿပဳံးတစ္ခုျဖင့္ သူမထံသို႔ ငုံ႕ၾကည့္ေနေလ၏။ ခႏၶာကိုယ္ကို ခပ္ေလ်ာ့ေလ်ာ့ကိုင္းလိုက္ၿပီး သူမ၏နား႐ြက္ဖ်ားနားထိ တိုးကပ္လာကာ တိုးဖ်ဖ်အသံတစ္ခုျဖင့္ ;

"မင္းေရာ....ၾကားဖူးလား"

*******************

המשך קריאה

You'll Also Like

4.6M 292K 106
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
1.4M 35K 47
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
1.5M 135K 46
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
2.8M 159K 50
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...