Between The Hate [ Completed ]

By Jeon_Khun

38.5K 4.2K 7.6K

Top - KIM TAEHYUNG Bottom - JEON JUNGKOOK VKOOK ေမာင္ကအတၱႀကီးတယ္!လိုခ်င္တာကိုလည္းရေအာင္ယူမယ္!ကိုကိုအလွေလးက ေ... More

01
02
03
04
05
06
07
08
09
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
35
36
37
No Update ****
38
39
40
41
42
43 [ FINAL ]

34

805 90 156
By Jeon_Khun

#unicode

အခန်းထဲလမ်းလျှောက်နေသည့် ကူးလေးကပျင်း
နေပါသည်။သည်နေ့က အလုပ်မပိတ်ကြတာမို့
အိမ်မှာဘယ်သူမှမရှိကြဘူး။မေမေကလည်း
သူငယ်ချင်းရဲ့မြေးမွေးနေ့ဖိတ်ထားလို့ဆိုပြီး
သွားလို့ကူးလေးပျင်းနေတာ။

ကူးလေးလည်းနေရာရှုပ်တာတွေကို လိုက်မသွားချင်ဘူး။ကင်မ်ထယ်ယောင်းက တကယ်တော့
အလုပ်မသွားတော့ဘူး။ဒါကိုစီစဥ်ထားတာလေး
တွေရှိတယ်ဆိုပြီး ထွက်ထွက်သွားတာ။ဘာတွေ
လုပ်နေလည်းမသိဘူး။

" ပါးပါးသားလေး ပါးပါးတို့ပျင်းလို့အပြင်ထွက်
ကြမလားဟင်၊ပါးပါးက ဂရုစိုက်မှာပါ၊ပါးပါး
ဗိုက်လည်းဆာနေတော့ နေရာကောင်းလေးရှိ
တယ်...ပါးပါးတို့သွားမယ်နော်... "

ကူးလေးက မျိုးစေ့လေးရှိရာရပ်ဝန်းကိုပွတ်ပေး
လိုက်ပြီး ထယ်ယောင်းအဝတ်ဗီရိုကိုဖွင့်လိုက်ပြီး
ရှပ်အင်္ကျီတစ်ထည်ကိုလဲလိုက်သည်။ဘောင်းဘီကို
အပွချည်အရှည်သာဝတ်လိုက်၏။မျိုးစေ့လေး
ကြပ်မှာကိုတော့ မလိုလားဘူး။

" ပါးပါးတို့ သွားမဲ့နေရာကိုဖုန်းမက်ဆေ့ချ်ပို့ထား
လိုက်ဦးမယ်၊သားဒယ်ဒီပြန်မလာခင်သွားရမယ်၊
မဟုတ်ရင် ပါးပါးတို့ကိုဆူလိမ့်မယ်... "

ကူးလေးက ထယ်ယောင်းရဲ့ဖုန်းနံပါတ်မဟုတ်တဲ့
နောက်ဖုန်းနံပါတ်ကိုမက်ဆေ့ချ်ပို့လိုက်ပြီး ပြုံးကာ
အိတ်လွယ်လိုက်ပြီး ဗိုက်ပူပူလေးကလှေကားကိုတစ်ဆင့်ချင်းဆင်းလာသည်။

အောက်ရောက်တော့အိမ်တော်ထိန်းက ကူးလေးကို
ကြည့်ကာအသည်းအသန်မေးလာလေသည်။
အားလုံးကသူတို့အပြင်မှာရှိနေရင်တောင် ကူးကိုဂရုစိုက်ဖို့အထိကိုမှာသွားတာဖြစ်သည်။

" သခင်လေးကူး ဘယ်သွားမို့လဲ၊အခန်းထဲမှာ
အဖိုးရှိနေပါတယ်၊စကားသွားမပြောဘူးလား "

အိမ်တော်အမေးကြောင့် ကူးလေးခေါင်းခါပြလိုက်
သည်။ကူးလေးက စကားပြောဖို့မဟုတ်ဘဲ အပြင်
သွားချင်တာမို့ဖြစ်သည်။

" မဟုတ်ဘူး၊ကူးအပြင်သွားချင်လို့၊သားသားက
လမ်းလျှောက်ချင်တယ်ထင်ပါတယ်၊ဒါကြောင့်လေ၊ကူးသူငယ်ချင်းနဲ့အတူသွားချင်လို့ပါ "

ကူးလေးက မျက်ဝန်းလေးတွေဝိုင်းရင်းပြောတော့
အိမ်တော်ထိန်းက သွားစေချင်ပေမဲ့လည်းသူ့ကို
သခင်လေးထယ်က အသေးစိတ်မှာသွားတော့
လက်ခံဖို့ကို သိပ်မရဲတာဖြစ်သည်။

" သခင်လေးထယ်က သူမပါဘဲအပြင်မထွက်ရ
ဘူးလို့မှာထားပါတယ်၊ကိုယ်ဝန်သည်မို့သေချာ
ဂရုစိုက်စေချင်လို့ပါ၊မွေးဖို့နီးနေပြီမလား "

" သားမျိုးစေ့လေးက အပြင်ထွက်ချင်လို့ပါတဲ့၊
ပြီးတော့ ကူးသူငယ်ချင်းအိမ်ပါဆို၊ကူးလည်းပါ,ပါ
သေးတယ်၊အိမ်တော်ကဒရိုင်ဘာနဲ့သွားမှာမို့ ကူးကို
သွားခွင့်ပြုပါ ဦးလေးရယ် "

ကူးကသွားချင်တာမို့ရော ခွင့်တောင်းနေတာမို့
အိမ်တော်ထိန်းက အတော့်ကိုအခက်တွေ့နေပြီဖြစ်
ပါသည်။စိတ်မချတာမို့ အပြင်တောင်မထွက်စေချင်တာဖြစ်သည်။

" ဘာတွေဖြစ်နေတာလဲ အိမ်တော်ထိန်း၊ဟော.. အဖိုးတန်လေးပါလား၊ဘယ်သွားမို့ဒီလောက်ထိ
ပြင်ဆင်ထားရတာလဲ... "

အခန်းထဲကထွက်လာသည့်အဖိုးက အသံတွေကို
ကြားသွားသည်ထင်ပါရဲ့ မေးလာသည်။ပြီးမှ
ပြင်ဆင်ထားသည့်ကူးလေးကိုတွေ့ပြီးမေး၏။

" အဖိုး..ကူးက မျိုးစေ့လေးကြောင့်အပြင်ထွက်ချင်တာပါ၊ကူးရဲ့သူငယ်ချင်းဂျီမင်လည်းပါလို့
အဖိုးကအပြင်ထွက်ဖို့ခွင့်ပြုပေးလို့မရဘူးလား "

ကူးလေးစကားကြောင့် အဖိုးမှာပြုံးမိပါသည်။
အဖိုးတန်လေးက အိမ်ကလူတွေအားလုံးကို
စားချင်သည်ရှိသည်ဖြစ်စေ၊သွားချင်သည်ရှိ
သည်ဖြစ်စေ ချွဲကာတောင်းသည်မို့အလိုမလိုက်ရင်
မှားသွားမည်ဖြစ်သည်။

" အဖိုးတန်လေးရဲ့သူငယ်ချင်းက ဘယ်မှာစောင့်မှာတဲ့လဲ သေချာသိမှအဖိုးကလွှတ်လို့ရမယ်မလား
အဖိုးတန်လေး... "

" ဟုတ်ကဲ့၊ဂျီမင်က သူ့အိမ်နားကနေစောင့်မှာမို့
ကူးကိုထွက်လာခိုင်းလိုက်တာပါ၊အိမ်တော်က
ဒရိုင်ဘာနဲ့သွားမှာပါ အဖိုး "

ကူးလေးရဲ့စကားကြောင့် အဖိုးကနားထောင်ပြီးမှ
ခပ်ယေးယေးပြုံးလိုက်ပြီး ခေါင်းငြိမ့်လိုက်သည်။

" အဖိုးတန်လေးသဘောဗျာ၊မြေးထယ်အတွက်
စိတ်မပူပါနဲ့၊သူသိရင်တောင် အဖိုးဖြေရှင်းပေးမယ်၊အိမ်တော်ထိန်း ဒရိုင်ဘာကိုသေချာအပ်ပေး
လိုက်၊အဖိုးတန်လေးကို နေရာသေချာချပေးဆို
တာမျိုးကိုပြောထားလိုက်ပါ "

" ဟုတ်ကဲ့ပါ အဖိုး "

အိမ်တော်ထိန်းက အဖိုးစကားကြောင့်မှာရန်ဖြင့်
ဒရိုင်ဘာရှိရာသို့ထွက်သွားသည်။ကူးမှာတော့
အဖိုးကခွင့်ပြုသည်ဆိုထည်းက ပျော်နေတာ
ဖြစ်သည်။ကူးလေးက တကယ့်အချစ်ခံလေး။

" အဖိုး ကျေးဇူးပါ၊ကူးနောက်မကျစေရပါဘူး "

" အဲ့ဒါတွေပြောစရာမလိုပါဘူး၊ကိုယ့်ကိုကိုယ်
ဂရုစိုက်၊မတည့်တာတွေတော့စားမနေဘဲ
အသွားအလာလေးသာဂရုစိုက်ဗျာ... "

" ဟုတ်ကဲ့ အဖိုး၊ကူးသွားပြီနော်၊အဖိုးကအိမ်မှာ
အေးဆေးအနားယူပါ၊မျိုးစေ့လေး ပါးပါးတို့
သွားရအောင်... "

အဖိုးရှိကခွင့်ပြုချက်ရသည်နှင့် ကူးလေးကဗိုက်ပူ
လေးကိုဖိကပ်ပွတ်ပေးပြီး အဖိုးကိုနှုတ်ဆက်ကာ
ထွက်သွားတော့သည်။အဖိုးဆိုသည်မှာလည်း
မြေးသမက်လေးနဲ့မြစ်လေးကို စိတ်မချပေမဲ့
သွားချင်စိတ်လေးပြင်းပြနေတာမို့ စိတ်မခုအောင်ပေးသွားလိုက်ရတာဖြစ်သည်။

- - - - -

ကူးလေးက ထယ်ယောင်းကိုအသိမပေးဘဲထွက်
လာခဲ့ကြသည်။အဖိုးကိုတော့ သတိပေးထားပေမဲ့
ထယ်ယောင်းသာသိရင် ကူးတို့ဆူခံရမည်ဖြစ်၏။
အခုတော့ဆူမခံရသေးခင် ဒရိုင်ဘာဦးလေးကြီးကို
လမ်းထိပ်နားမှာသာကားရပ်ခိုင်းပြီး လမ်းကြားထဲ
လမ်းလျှောက်လာခဲ့လေသည်။

ကူးလာသည်က အရင်ကူးနေခဲ့ဖူးတဲ့အိမ်လေးဖြစ်
သည်။ဒီအိမ်မှာအတူဆုံကြမှာမဟုတ်ပေမဲ့လည်း
ဂယူ့အိမ်မှာ မုန့်စားချင်လို့သာဖြစ်သည်။

" သားသား ဒီအိမ်ကအရင်ကပါးပါးနေခဲ့ဖူးတဲ့အိမ်၊
တကယ်တော့ပါးပါးကဘူဆန်သားပါ၊ဘူဆန်မှာ
အိမ်ရှိတယ်၊သားဖွားဖွားတို့က ပါးပါးဆိုးလ်မှာ
ကျောင်းတက်ဖို့အတွက် အိမ်နဲ့စိုက်ခင်းတွေကို
ရောင်းပြီး ပါးပါးတို့ဒီရောက်လာတာ... "

ရောက်မလာသေးတဲ့ ဂျီမင်နဲ့ဂယူတို့ကို
ကူးကကူးအရင်အိမ်မှာစောင့်နေရင်း
ဗိုက်ပူလေးကိုပွတ်သပ်ပေးရင်းပြောပြနေ၏။
ဒါတောင်မျိုးစေ့လေးကဗိုက်ထဲကနေ ခြေဟန်
လက်ဟန်တွေပြပါသေးသည်။

" ပါးပါးအခုတွေ့မှာက ပါးပါးငယ်သူငယ်ချင်း
နှစ်ယောက်၊ဦးဦးဂယူနဲ့ဦးဦးဂျီမင်ကိုမှတ်ထားနော်၊
ကြီးလာရင်တော့ အကုန်လုံးကိုချွဲစားပြစ်နော် "

ကူးလေး မျိုးစေ့လေးကိုထိတွေ့ကာပြောနေရင်း
ကူးသတိလေးတစ်ဖြတ်ဝင်သွားခဲ့သည်။ကူးနဲ့
ကင်မ်ထယ်ယောင်း လက်မထပ်ခင်ထည်းက
ကူးအိမ်ကို အမြဲလာတဲ့ထယ်ယောင်း။ကူးကို
မနက်တိုင်းလာလာကြို၊စောစောမထတက်တဲ့
သူက ဝီရိယရှိပြီးအမြဲလာခေါ်တာဖြစ်သည်။

ကူးလေးက မျိုးစေ့လေးကို စကားမဆက်မိဘဲ
ဗိုက်ပူလေးကိုသာပွတ်သပ်နေတာကြောင့်
မျိုးစေ့လေးက သူ့ပါးပါးအသံမကြားလို့
လှုပ်ရှားပြပါသေးသည်။

" အာ့!ပါးပါးဆက်ပြောပြမယ်နော်၊ပါးပါးကိုလေ
မင်းဒယ်ဒီက မနက်တိုင်းအိမ်ကိုအစောကြီးလာ
စောင့်ပြီး ကုမ္ပဏီအတူသွားရအောင်လာခေါ်တာ၊
ပါးပါးကိုလည်း တအားဆွဲလားရမ်းလားနဲ့
တကယ့်လူဆိုးသိလား... "

" ဂျောင်ကူး...စောင့်နေရတာကြာသွားသလား၊
ဆောရီးပါ...မျိုးစေ့လေး ဦးဦးဂျီလာပြီ...  "

ကူးလေးရပ်စောင့်နေရင်း ဂျီမင်ကအဝေးမှပြေး
လာကာ လက်နှစ်ဖက်အထုပ်တွေကိုတစ်ဖက်သို့
စုကိုင်လိုက်ပြီးမေးတော့သည်။ဒါတောင် ကူးရဲ့ဗိုက်ပူလေးရှိရာကိုလက်ဖြင့်ပွတ်လိုက်ပြီး သူ့တူလေးကိုတောင်နှုတ်ဆက်သေးတာဖြစ်သည်။မျိုးစေ့လေးကတကယ့်ကိုအချစ်ခံလေးပါပဲ။

" ဂျီမင်...မင်းလာတာတစ်ယောက်ထည်းမလား၊
မင်ယွန်းဂီရောပါလာတာလားဟင်... "

ကူးအမေးကြောင့် ဂျီမင်ကရယ်လိုက်ရင်း
အထုတ်တွေကို လက်နှစ်ဖက်စီမှာပြန်ကိုင်ကာ
ဖြေတော့သည်။

" မပါလာဘူး၊သူ့ကိုပြောထားတာ၊မင်းလိုက်လာရင်
ငါနဲ့အပြတ်ဆိုလို့၊လိုက်ကိုမလိုက်လာတာ၊ငါက
မင်ယွန်းဂီကို နိုင်ပါတယ်နော်...ဟဲဟဲ "

ဂျီမင်ကကူးရှေ့ မျက်လုံးတွေပိတ်သည်အထိ
ရယ်ပြရင်း ကူးလေးကိုပြောတော့သည်။ကူးက
သူ့သူငယ်ချင်းဂျီမင်ကိုကြည့်ပြီး ရယ်လိုက်ရင်း...

" အင်းပါ၊ဒါဆိုငါတို့ ဂယူ့အိမ်ကိုသွားရအောင်၊
သူပြောထားတာ သူ့အမေတို့မရှိဘူးတဲ့၊မဟုတ်ရင်
ငါမျက်နှာပြဖို့ အဆင်မပြေဘူးရယ် "

ကူးလေးကမျက်နှာလေးညိုးငယ်ပြီးဖြေသည့်
စကားကြောင့် စိတ်မကောင်းဖြစ်သွားပြီးကူးရဲ့
ပုခုံးလေးပေါ်လက်တင်လိုက်ကာစကားဆို၏။

" မင်းအပြစ်ရယ်လို့မဟုတ်ပါဘူးနော်၊ပြီးခဲ့တာကို
ထပ်မတွေးနေနဲ့တော့ ဂျောင်ကူး၊မျိုးစေ့လေးက
မွေးတော့မှာပဲကို၊ပြီးတော့ မင်းကိုမျိုးစေ့လေးရဲ့
ဒယ်ဒီကတအားချစ်တာကို ငါသိပါတယ်နော် "

ထိုစကားကြောင့် ကူးမျက်နှာလေးရဲတက်သွား၏။
နောက်ပိုင်း ကင်မ်ထယ်ယောင်းနဲ့ပတ်သက်တာ
ပြောလိုက်ရင် ကူးရဲ့မျက်ဝန်းလေးတွေလည်း
လက်သွားသလို၊ပါးပြင်လေးတွေလည်းရဲတက်
လာတာဖြစ်သည်။

ကူးလေးက ထယ်ယောင်းအပေါ်မေတ္တာရှိနေပြီ
ဆိုတာ ဂျီမင်တောင်သတိထားမိသည်။ဒါကြောင့်
သိသိရက်နဲ့ သက်သက်ပြောလိုက်တာဖြစ်သည်။
မျက်နှာလေးတောင် ချက်ချင်းပြောင်းသွားတာ။
ဂျောင်ကူးလေး တကယ်ပြောင်းလဲနေပြီဖြစ်၏။

" မင်းကိုဘယ်နေ့မွေးမယ်လို့ ဟိုဆော့ကပြောထား
သေးသလား၊ငါလည်းအဲ့နေကြ မင်းကိုလာစောင့်
ပေးမလို့လေ၊မင်ယွန်းဂီလည်းအတူစောင့်ပေးမယ်
ပြောနေတာ၊ထယ်ယောင်းမိဘတွေနဲ့အဖိုးရယ်၊
မင်းအမေကလည်း အသက်ကြီးတော့မစောင့်
စေချင်ဘူးလေ၊ဒါကြောင့် ငါမေးလိုက်တာ... "

ဂျီမင်က ကူးနဲ့အတူလမ်းလျှောက်နေရင်းမှ ကူးတို့
မျိုးစေ့လေးမွေးမည့်နေ့ကိုမေးလာလေသည်။
ထို့အတူ လူကြီးတွေကိုမစောင့်ခိုင်းစေချင်တာလည်း ထည့်ပြောလာလို့ ကူးလည်းတွေးမိ၏။

" ဟုတ်တယ်နော်၊အမေတို့ရယ် မေမေရယ်က
အသက်ကြီးနေပြီ၊မွေးပြီးသွားလည်း ကြည့်ပြီး
ပြန်လို့ရတယ်၊ဒါဆိုအားနာပေမဲ့ မင်းတို့ကပဲ
လာခဲ့နော်... "

" မလိုပါဘူး၊ငါတို့ကမိသားစုတွေလိုပဲလေ "

ကူးလေးကပြောတော့ ဂျီမင်ကခေါင်းငြိမ့်ရင်းမှ
ဖြေလိုက်သည်။ဂျီမင်က ကူးအတွက်ဆိုနားလည်
ပေးတက်သည့်သူငယ်ချင်းကောင်း။ဂယူ့ထက်
နောက်ကျပြီးမှသူငယ်ချင်းဖြစ်သွားသော်လည်း
ပြန်တွေ့တော့ သုံးယောက်ပေါင်းပြီးဖြစ်သွား၏။

" မင်းရောဘယ်တော့ မင်ယွန်းဂီနဲ့လက်ထပ်မှာလဲ၊
မင်းတို့တွဲနေတာ မျိုးစေ့လေးမရခင်ထည်းကလေ
လက်ထပ်သင့်နေပြီထင်တယ်နော်... "

ကူးလေးကမေးလိုက်တော့ ဂျီမင်လည်းခပ်ယေး
ယေးပြုံးမိလိုက်သည်။လက်ထပ်ခွင့်ကအစောကြီး
တောင်းခံရပေမဲ့လည်း နှစ်ယောက်သားအတူတူ
မင်ယွန်းဂီက သူငယ်ချင်းထယ်ယောင်းအတွက်
ရှိချင်တာရော၊ဂျီမင်လည်း ကူးလေးအတွက်
ရှိချင်တာကြောင့် နောက်ဆုတ်ထားရခြင်း။

" မျိုးစေ့လေးမွေးပြီး နည်းနည်းကြာရင်လက်ထပ်
မှာပါ၊ဒါတွေက မရောက်သေးဘူး၊မွေးတဲ့နေ့မတိုင်
မှီငါတို့ကိုပြောနော်၊အိမ်လာအိပ်မယ်၊ဒါမှလည်း
ငါတို့သွားရအဆင်ပြေမှာ... "

" အင်း၊ထယ်ယောင်းနဲ့ဟိုဆော့က သီးသန့်ပြောထားကြမှာဆိုတော့ သူ့မေးလိုက်တော့မှ
ငါသိမှာ ဂျီမင်ရဲ့... "

ကူးကဖြေတော့ ဂျီမင်လည်းဆက်မမေးတော့ဘဲ
ခေါင်းငြိမ့်ပြပြီး သူတို့နှစ်ယောက် ဂယူ့အိမ်ကို
ဆက်လျှောက်လာခဲ့ကြသည်။ဂယူ့အိမ်ကကူးရဲ့
နောက်လမ်းမှာမို့ သိပ်ဝေးဝေးတော့မလျှောက်
ခဲ့ကြရတာဖြစ်သည်။

ဂယူ့အိမ်ကိုရောက်တော့ ကူးနဲ့ဂျီမင်ကတံခါးခေါက်
မနေတော့ဘဲ အိမ်ထဲဝင်လာခဲ့သည်။သည်နေ့က
ဂယူ့မိဘတွေအိမ်မှာမရှိလို့ တော်သေးသည်ပြော
ရမည်ဖြစ်သည်။

ကူးတို့အိမ်ထဲဆက်လျှောက်တော့မင်ဂယူက
ထွက်တောင်မကြိုနိုင်သည်အထိကိုမီးဖိုခန်းထဲ အလုပ်ရှုပ်နေတာဖြစ်သည်။ဂျီမင် မီးဖိုခန်းထဲက
စားပွဲပေါ်အထုတ်တွေတင်ရင်း ခေါ်လိုက်သည်။

" မင်ဂယူ၊မင်းအိမ်ကို ငါတို့ဝင်လာတဲ့အထိအသံ
တောင်မကြားဘူးဆိုတော့ သူခိုးဝင်လာတာတောင်
သတိထားမိမဲ့ပုံ ပေါ်မယ်မထင်ဘူးနော်... "

ဂျီမင်ရဲ့စကားကြောင့် မင်ဂယူကအကြော်ကြော်ဖို့
မုန့်နှစ်ကိုမွှေနယ်နေရင်းမှ လှည့်ကြည့်လာပြီးစကားဆိုလာသည်။ကူးကိုတော့သွားတက်တွေ
ပေါ်သည်အထိရယ်ပြလာ၏။ကူးအရင်က
သဘောကျတယ်လို့ပြောဖူးလို့ ကူးကိုတော့
ပြုံးပြနေကြအပြုံးလေးဖြစ်သည်။

" ငါသိပါတယ်ကွာ၊ဒါကြောင့်လည်းအမြန်လုပ်နေ
ရတာပေါ့မဟုတ်လား၊ကူးအပြင်မှာထိုင်နေပါလား၊
ကိုယ်ခဏနေ မုန့်ကြော်ဖို့အနံ့ထွက်နေလိမ့်မယ်၊
ကူးအတွက်အဆင်မပြေဘူးလေ... "

မင်ဂယူက မုန့်နှစ်ကိုမွှေနေရင်းမှကူးကိုကြည့်ပြီး
ပြောလာသည်။ကူးကတော့ မင်ဂယူလုပ်ထားသည့်ထမင်းလိပ်လေးတွေကိုကြည့်ပြီး စားချင်နေဟန်
ရှိတာကြောင့် ဂယူ့ကိုမေးလိုက်ရသေးသည်။

" အွန်း...ကူးအပြင်ထွက်လိုက်ပါ့မယ်၊
ဒီထမင်းလိပ်ယူစားလို့ရရဲ့လား ဂယူ... "

ကူးကမေးတော့ ဂယူကသွားတက်တွေပေါ်သည်ထိ
ဆက်ပြုံးရင်းဖြေလိုက်သည်။ကူးကတော့
မျက်နှာထက်ပြုံးရိပ်တောင်ပိုသန်းသွားသည်။

" ကူးအတွက်သီးသန့်လုပ်ထားတာမို့ ဧည့်ခန်းမှာ
ထိုင်ပြီးအေးဆေးစားနေပါ၊မဟုတ်ဘူး ညှော်နံ့က
ထွက်နေမှာမို့၊ကိုယ့်အခန်းမှာအေးဆေးထိုင်နေသင့်တယ်၊ခဏနေမုန့်တစ်ခုခုလာထပ်ပေးမယ်... "

" အင်း မင်ဂယူ... "

ကူးကထမင်းလိပ်ပန်းကန်ကိုယူပြီး ဂယူ့ရဲ့
အခန်းထဲသို့ဝင်သွားသည်။ဂယူ့အခန်းကကူးရဲ့
အခန်းလိုပါပဲ၊ကျယ်လည်းမကျယ်သလို၊တအား
ကျဥ်းနေတာလည်းမဟုတ်ပေ။

ကူးကုတင်ပေါ်ထိုင်ရင်း ထမင်းလိပ်လေးတွေကို
တစ်ခုချင်းစီပါးစပ်ထဲထည့်ကာ တမြုံမြုံနဲ့ဝါးနေ
ရင်းပိုတာလေးတွေကို ပါးဖောင်းလေးထဲဝှက်ထည့်
ထားသလိုဖြစ်တာကြောင့် ပါးဖောင်းလေးတွေနဲ့
ချစ်စရာလေးဖြစ်နေသည်။

ဂယူ့အခန်းကစာကြည့်သည့်နေရာလေးမှာတော့
မှန်ဘောင်အပြည့်ထည့်ထားတဲ့ ပုံလေးတစ်ပုံရှိ
သည်။ထိုပုံလေးက ကူးနဲ့ဂယူGraduateအတူ
ယူထားသည့်ပုံလေးမှာ၊ကူးပါးလေးကိုမင်ဂယူက
နမ်းနေသည့်ပုံလေးဖြစ်သည်။ဂယူ့စိတ်ရှိသေးတာ
သေချာနေလို့ ကူးစိတ်မကောင်းဖြစ်မိသည်။

ကူးလေးထရပ်လာပြီး ထို​ဓာတ်ပုံလေးကိုယူ
ကြည့်လိုက်ကာ တစ်ဖက်သို့လှန်လိုက်သည်။
ကူးဆက်မကြည့်နိုင်ဘူး။ဒီဆက်ဆံရေးက
ပြီးပြတ်သွားတာကြာပြီ။ကူးအတွက်လည်း
အဖြေကရှိနှင်နေပြီသားမို့ ဒီပုံတွေကိုအတွက်
အာရုံထဲထည့်မထားချင်ဘူး။

" ကူး...ကိုယ်တောင်းပန်ပါတယ် အဲ့ပုံက-.. "

ကူးက ဓာတ်ပုံကိုမမြင်အောင်လှန်လိုက်တုန်း
အသံမပေးဘဲအခန်းထဲဝင်လာသည့်ဂယူကြောင့်
ကူးလန့်ကာကြည့်လိုက်မိသည်။ဂယူ့လက်ထဲ
လုပ်လက်စ ဆလမွန်ငါးထမင်းလိပ်ကိုထပ်တွေ့
တာကြောင့် လာပို့ပေးတာဖြစ်သည်ဟုတွေးလိုက်
မိပါသည်။

" ရပါတယ်၊ဘာမှမဖြစ်တော့ပါဘူး၊ကူးကဒီတိုင်း
လေးကြည့်ဖြစ်တာပါ၊စိတ်မပူပါနဲ့... "

ဂယူ့အမေးကိုကူးက လေသံခပ်အေးအေးဖြေ
လိုက်သည်။အရင်ကအချစ်ဦးဆိုပေမဲ့လည်း
အခုတော့ဆက်ဆံရေးတွေကွာခြားသွားပြီမို့
သူငယ်ချင်းထက်သာရှိတော့သည်ဖြစ်၏။

" ကိုယ်မင်းကိုချစ်နေသေးတာ မှန်တယ်ဆိုပေမဲ့
ကိုယ် မင်းကိုစိတ်ပူနေခဲ့တာ ကူး၊ကိုယ့်ကိုပြောပါ..
ကူးတကယ်အဆင်ပြေရဲ့လား၊ကူးတကယ်ပဲ
ကင်မ်ထယ်ယောင်းနဲ့ နေရတာ--- "

" ရှုး!ကူးရဲ့သားလေးရှေ့ အဲလိုမပြောပါနဲ့၊
ပြီးတော့ မင်ဂယူစိတ်ရှင်းသွားအောင် ကူးက
ပြောစရာရှိတယ်၊အရေးကြီးတာမို့ပါ မင်ဂယူ... "

ကူးကကူးရဲ့နှုတ်ခမ်းကိုလက်ညိုးလေးထိပြီး
တိတ်တိတ်လေးနေပေးပါဆိုသည့် ပုံစံလေးလုပ်ပြ
လာသည်။ဂယူကလည်းခေါင်းငြိမ့်ပြီး ကူးလေးပြောသမျှကိုငြိမ်ငြိမ်လေးနားထောင်နေခဲ့သည်။

- - - - -

ကုမ္ပဏီမှာအလုပ်ရှုပ်နေသည့် ထယ်ယောင်းမှာ
သူ့အသက်မွေးဖို့အတွက် အလုပ်နားတော့မှာမို့
စာရင်းတွေကိုသေချာ အပြီးလုပ်နေတာဖြစ်သည်။
ဒါတောင်ယောင်းဝူကူလုပ်ပေးနေလို့သာပဲ။

" ယောင်းဝူ နောက်ထပ်scheduleတွေဘာများ
ရှိသေးလဲ၊ငါလုပ်နေတာတွေ အခုထက်ထိမပြီး
သေးဘူးလို့ ငါထင်နေတယ်... "

စစ်လို့ပြီးသည့်စာရင်းအချို့ကို ဘေးဘက်မှာတင်
လိုက်ရင်း နက်ကတိုင်ကိုဖြုတ်ကာသပ်သပ်ရပ်ရပ်
တင်ထားသည့်ဆံပင်တွေက ပွယောင်းနေပြီမို့
ပိုသပ်တင်လိုက်ကာ စကားဆိုလိုက်သည်။

" ကျန်သေးတယ်၊နောက်နေ့ကြ Meetingတစ်ခု
ရှိပါတယ်၊designerခန့်အပ်ဖို့အတွက်လည်း
ဆရာကပိုရွေးပေးရပါ့မယ်ဗျ၊ဒါတွေပါပဲ... "

ယောင်းဝူက အတွင်းရေးမှူးနေရာမှာထိုင်ရင်းဖြင့်
စာရင်းတွေအများကြီးကူစစ်ပေးနေသည်။ဒါတောင် ဆရာ့လက်မှတ်အတုမထိုးတက်တာမို့
လက်မှတ်အတွက်သာဆရာ့ကိုကြည့်ခိုင်းဖြစ်၏။

ယောင်းဝူစကားကြောင့် ထယ်ယောင်းသက်ပြင်း
ရှည်ချလိုက်ရင်း ရွှေအိုရောင်ဆံပင်တွေကိုပွနေ
အောင်ပြန်ဖွလိုက်ကာ စကားဆိုသည်။

" အသက်က ကလေးမွေးပါတော့မယ်ဆိုမှ ငါက
အလုပ်တွေများနေသေးတယ်၊ရတယ်မလုပ်ဘူး၊
ယောင်းဝူ မင်းကအလုပ်ဆက်လုပ်နှင့်လိုက်၊ငါ
ပြန်တော့မယ်၊ငါ့အသက်ကိုလွမ်းတယ်... "

ထယ်ယောင်းကထရပ်ကာ သူ့ကုတ်အနက်ကိုပြန်ဝတ်ရင်းမှ ယောင်းဝူကိုပြောလိုက်သည်။
ယောင်းဝူတော့ ဥက္ကဌရဲ့စာရင်းတွေပါများပြီဖြစ်သည်မို့အသက်ရှုသံတောင် ထွက်မလာချင်တော့တာအမှန်ပင်ဖြစ်သည်။သူ့အသက်နဲ့တွေ့ချင်
တာတောင် အလုပ်ကိုပြီးအောင်မလုပ်ဘူး။

ဒုန်း!

ထယ်ယောင်းက တံခါးကိုပိတ်ကာထွက်သွားရော
ယောင်းဝူမှာသက်ပြင်းရှည်ချရင်း ဆရာ့ရဲ့ခုံပေါ်က
ကျန်ရှိနေသည့်စာရင်းအထပ်လ်ိုက်ကို ကြည်ရင်း
စကားဆိုတော့သည်။

" ဆရာက သူ့အပိုင်နဲ့ကရပ်ဝေးဆိုတော့ မတွေ့ရကြဘူး၊သနားလိုက်တာ၊လွမ်းလို့ သွားတွေ့ရတာ "

ယောင်းဝူရွဲ့ပြောလိုက်ပြီး သူ့အလုပ်တွေဆက်လုပ်
နေတော့သည်။ဆရာအလုပ်ပြန်ဝင်လုပ်လို့အလုပ်
တွေမပြီးနေရင် သူလက်သီးနဲ့မျက်နှာမိတ်ဆက်
ခံရမှာသေချာနေတာဖြစ်သည်။ဒါကြောင့်အလုပ်ကိုပြီးအောင်လုပ်ရမည်။

" ဟူး!မောင့်အသက်ကလည်း လွမ်းပါတယ်ဆိုမှ
ဖုန်းလည်းမခေါ်၊မက်ဆေ့ချ်လေးတောင်ပေးမလာ
ဘူး၊ဟမ်...GPSဖွင့်ထားတာပဲ... "

ကားထဲရောက်တော့ ထယ်ယောင်းဖုန်းကိုကြည့်ပြီး
သူ့အသက်ဖုန်းခေါ်ထားမလားလို့ ကြည့်လိုက်၏။
ကူးလေးဘက်က ဘာဖုန်းမှမခေါ်ထားပေမဲ့လည်း
Phone Locationကြည့်နိုင်ရင် GPSတော့အမြဲ
ဖွင့်သွားတက်သေးတော့ တော်သေးသည်။

ထယ်ယောင်း ကူးလေးရှိရာနေရာကိုနှိပ်ကြည့်တော့
ရောက်နေသည်က ကူးတို့အရင်နေတဲ့နေရာကိုဖြစ်
ပြီးထိုအိမ်ထက် တစ်လမ်းကျော်သည့်အိမ်ကိုသာ
ဆိုတော့ ထယ်ယောင်းအံ့ဩသွားသည်။ဒီနေရာက
ဟိုလူမင်ဂယူနေသည့် အိမ်သာဖြစ်သည်လေ။

" ဟာ...မောင့်အသက်ကတော့ကွာ! "

ထယ်ယောင်းစကားဆိုလိုက်ပြီး ကားကိုအမြန်မောင်းကာထွက်သွားတော့သည်။သူစိတ်မချလို့
အပြင်တောင်မလွှတ်တာကို အိမ်အထိတောင်
ဘာတွေလုပ်နေကြတာလဲ။စိုးရိမ်သည်။သူ့ကိုပစ်ထားခဲ့မှာကို အရမ်းကြောက်မိသည်။

- - - - -

ဂယူ့အိမ်မှာ ကူးရယ်ဂျီမင်ရယ်က ဂယူလုပ်ပေးတဲ့ အစားတွေကိုအတူစားကြတာမို့ အခန့်သားဖြစ်နေ
သေးသည်။ကူးစားချင်သမျှကို ဂယူကအစပ်တွေ
လျှော့ပေးပြီးချက်ပေးထားတာမို့ ကူးလေးကနှစ်
ယောက်စာကို အကြိုက်စားနေသည်။

" ငါတို့မင်ဂယူကတော့ အထက်တန်းထည်းကအချက်အပြုတ်Skilက မလျှော့သွားဘူး၊တကယ်!
တော်လိုက်တဲ့ ငါတို့မင်ဂယူ... "

ဂျီမင်က အရည်ပွက်ပွက်ဆူနေသောအိုးထဲမှဖက်ထုပ်တစ်ဖက်ကိုဆယ်စားရင်းပြောလာသည်။
ကူးကတော့ပြုံးရင်း အစားကိုသာစားနေ၏။
ဂယူဆိုလည်း မျက်နှာအနေအထားကအဆင်မပြေ
မဲ့လည်း သူငယ်ချင်းတွေရှေ့တော့အားနာစွာဖြင့်
ပြုံးနေရသေးသည်။တကယ်တမ်းကြ သူမပြုံးနိုင်ဘူး။

" ကျေးဇူးပါကွာ၊သေချာတာတစ်ခုပြောရမလား၊
မျိုးစေ့လေးက ငါ့လက်ရာတွေကိုသဘောကျနေပုံပဲ၊ငါကတော့ချက်ကျွေးခိုင်းရဖို့ထပ်ရှိမယ်ထင်တယ် ဂျီမင်ရယ်... "

ဂယူ့စကားကြောင့် ဂျီမင်ကကူးလေးဘက်ကိုကြည့်
လိုက်သည်။ကူးလေးက ဂယူလုပ်ပေးထားသမျှ
အစားစာတွေအားလုံးကို အားရပါးရစားနေတာမို့
ဂယူကပြောလိုက်ခြင်းဖြစ်သည်။ဒါကြောင့်ဂျီမင်ကလက်မလေးထောင်ပြရင်း ထောက်ခံ၏။

" သေချာလောက်တယ်၊ငါပြောရရင်--- "

ဒုန်း! ဒုန်း! ဒုန်း!

" မောင့်အသက်!!မောင့်ကိုတံခါးဖွင့်ပါဦး၊အသက်!!
မောင်လာပြီလေ၊မျိုးစေ့လေးရဲ့ဒယ်ဒီလာပြီ!! "

ဂျီမင်တို့စကားဆက်နေရင်း အပြင်ဘက်ကနေမှ
တံခါးကိုအဆက်မပြတ်တဒုန်းဒုန်းထုရင်းအော်
ခေါ်နေသည်။ထယ်ယောင်းဆိုတာ အတပ်သိတာမို့
ကူးထသွားပြီးတံခါးဖွင့်ဖို့လုပ်တော့ မင်ဂယူက
တားလိုက်သည်။

" ကိုယ်သွားဖွင့်ပေးလိုက်မယ်၊ကူး..ထိုင်နေ "

မင်ဂယူ့စကားကြောင့် ကူးမထတော့ဘဲထိုင်နေ
တော့သည်။ကူးကကိုယ်ဝန်နဲ့မို့ ထမနိုင်တော့ဘူး။
ဒါကြောင့်ဂယူက ထသွားပြီးတံခါးသွားဖွင့်ပေး
တော့သည်။

ဂယူက အပြင်သို့ထွက်လာပြီးတံခါးအဆက်မပြတ်ခေါက်နေသည့်ထယ်ယောင်းကြောင့် ဘေးပတ်ဝန်း
ကျင်ကို အနှောက်အယှက်ပေးမိမည်ဆိုးလို့အမြန်တံခါးဖွင့်ပေးလိုက်သည်။

" ခင်ဗျား!ကျုပ့်အသက်ကို ဘာလို့ခေါ်ထားတာလဲ၊
အသက့်မှာကျုပ်နဲ့မျိုးစေ့လေးရှိနေပြီ!သူကခင်ဗျားရှိ မလာဘူး!!! "

" သိတယ်၊သိတာမို့ ငါ့ကိုလွှတ်စမ်း!ကူးနဲ့ဂျီမင်က
အထဲမှာရှိတယ်၊ငါနဲ့ကူးနှစ်ယောက်ထည်းရှိနေတာ
မဟုတ်ဘူး၊ကူးကအထဲမှာရှိနေတယ်... "

တံခါးဖွင့်ပေးသည်နှင့် ဂယူရဲ့အင်္ကျီကော်လန်စကို
ဆွဲကိုင်ကာအတင်းမေးတော့သည်။ဒေါသထွက်
နေတာမို့ ထယ်ယောင်းမျက်နှာတစ်ခုလုံးရဲတွက်
နေတာဖြစ်သည်။ဂယူကအိမ်ထဲမှာရှိတယ်လို့
ပြောရော လည်သာဖိနပ်တောင်သေချာမချွတ်ဘဲ
အိမ်ထဲဝင်သွားတာဖြစ်သည်။

" မောင့်အသက်!ဘာလို့ဒီကိုလာတာလဲကွာ၊သား..
သားမျိုးစေ့လေးရှိတယ်လေ၊မောင်စိတ်ပူနေတာ၊
မောင်တို့ပြန်ရအောင်...လာပါဗျာ...ပြန်မယ် "

" အာ့!!မင်းဒေါသမထွက်ပါနဲ့တော့၊မျိုးစေ့လေးက
ငါ့ကိုကန်နေတယ် ကင်မ်ထယ်ယောင်း... "

ဧည့်ခန်းမှာဖက်ထုပ်ကြော်တွေစားနေသည့်ကူးရဲ့
အနားကိုကပ်ကာ လက်ကိုအတင်းဆွဲလို့ထပြန်ဖို့
လုပ်သည်။မျိုးစေ့လေးကတော့ ထယ်ယောင်းစိတ်တိုနေတာကို သဘောမကျသည်ထင်ကူးရဲ့
ဗိုက်ကိုတိုးကန်နေတာဖြစ်သည်။

" ဘာဖြစ်တာလဲ ကင်မ်ထယ်ယောင်း၊ဘာလုပ်ဖို့
ပြန်မှာလဲဟင်...ဒီမှာထမင်းစားနေတာကို၊ဂယူလုပ်ပေးတဲ့ဟင်းတွေက အရမ်းစားကောင်းတာ "

" မောင်တို့ပြန်ရအောင်ကွာ၊အသက်နားရမယ်လေ၊
နေ့လယ်ရောက်နေပြီ၊အားဆေးသောက်ပြီးတရေး
လောက်တော့ အားရှိအောင်အိပ်ရဦးမယ်လေကွာ "

ထယ်ယောင်းကပြောတော့ ကူးလေးကစားပွဲပေါ်ရှိ
ဖက်ထုပ်ကြော်တွေကို မျက်ဝန်းဝိုင်းလေးတွေဖြင့်
ကြည့်လိုက်ပြီး ထယ်ယောင်းကိုခေါင်းငြိမ့်ပြ၏။
ထယ်ယောင်းသတိတော့ ထားမိပါသည်။အသက်
ဖက်ထုပ်ကြော်တွေထပ်စားချင်နေတာ။

" မောင်တို့ပြန်ကြမယ်၊အစ်ကိုဂျီမင်ရောကျွန်တော်တို့နဲ့ပြန်လိုက်မလား၊ယွန်းဂီရှိသွားဦးမယ်ဆိုရင်
မလိုက်နဲ့တော့ပေါ့... "

ထယ်ယောင်းက ကူးလေးထဖို့ကူတွဲပေးလိုက်ရင်း
ဂျီမင်ကိုတွေ့တော့မေးလေသည်။ဂျီမင်ကတော့
ခေါင်းခါပြရင်း စကားဆိုသည်။

" မလိုက်တော့ပါဘူး၊ဒီနေ့သူငယ်ချင်းတွေဟင်း
ချက်စားကြမယ်ပြောပြီး လာနေဖို့သူ့ကိုထားခဲ့တာ၊
သူ့ရှိတော့ပြန်မသွားတော့ဘူး၊ကိုယ့်ဘာကိုယ်ပဲ
အိမ်ပြန်တော့မယ်... "

ဂျီမင်ကဆိုလိုက်ရော ထယ်ယောင်းကခေါင်းငြိမ့်ပြီးကူးလေးကိုသေချာထိန်းကိုင်ပေးရင်းထွက်သွား
တော့သည်။ကူးလေးကတော့ မျက်ဝန်းဖြင့်သာ
ဂယူနဲ့ဂျီမင်ကိုနှုတ်ဆက်လိုက်ရသည်။

ဖိနပ်စင်နားရောက်တော့ ကူးကိုထယ်ယောင်းက
ဖိနပ်သေချာစီးပေးနေသည်။ဂယူကလည်း
ထိုပုံစံကြောင့်ပြုံးလိုက်ပါသည်။သူတကယ်ပဲ၊
ကူးကိုစိတ်ချပါသည်။

ကားပေါ်ကိုရောက်ရော ကူးကိုမထိခိုက်အောင်
ထယ်ယောင်းကခါးပတ်,ပတ်ပေးပြီး ပါးဖောင်း
လေးကိုနမ်းသေးသည်။ကူးကတော့ထယ်ယောင်း
အရင်လိုစိတ်မတိုတော့တာကို အံ့ဩမိသည်မို့
မေးလိုက်သည်။

" ကင်မ်ထယ်ယောင်း ငါ့ကိုမင်းဒေါသမထွက်ဘူး
လားဟင်၊ငါက မင်းမသိဘဲအပြင်ထွက်တာ... "

ကူးစကားကြောင့် ထယ်ယောင်းကပြုံးလိုက်ပြီး
ကားကိုအရှိန်လျှော့မောင်းရင်းမှစကားဆိုလိုက်သည်။

" ဘာဒေါသထွက်စရာရှိလို့လဲ၊မောင် အသက်ကို
ကတိပေးခဲ့တယ်မလား၊မောင် လိမ္မာပါ့မယ်လို့၊
မောင်ကအသက်ကိုယုံကြည်တယ် "

" ဟွန်း!ငါကတော့မင်းကိုစိတ်ဆိုးတယ်သိလား!
ဖက်ထုပ်ကြော်လေးတွေတောင် ဗိုက်ထဲမထည့်
လိုက်ရတော့ဘူး၊သားသားလည်း မင်းကိုတောင်
စိတ်ကောက်နေပြီ၊ဖက်ထုပ်တွေကုန်အောင်မစား
လိုက်ရဘူး!မျိုးစေ့လေး စိတ်ကောက်တယ်မလား "

ကူးလေးက ဗိုက်လေးကိုပွတ်သပ်ရင်းပြောတော့
မျိုးစေ့လေးက လှုပ်ရှားပြလာတာဖြစ်သည်။
ပါးပါးကူးလေးက လည်ပါသည်။မျိုးစေ့လေးက
သူ့ပါးပါးအသံကြားရင် ပိုလှုပ်ရှားပြတယ်ဆိုတာ
သိတာမို့ ဥာဏ်ဆင်လိုက်တာဖြစ်သည်။

" ဟားဟား...ဟုတ်ပါပြီ၊မောင်ကပဲ အသက်နဲ့
မျိုးစေ့လေးကို တောင်းပန်ပါတယ်ဗျာ... "

ထယ်ယောင်းကပြန်စကားဆိုလိုက်တော့ ကူးက
ပြုံးပြီးဘေးပတ်ဝန်းကျင်ကိုကြည်ရင်း ကြာတော့
အိပ်ပျော်သွားသည်။ထယ်ယောင်းကတော့အိပ်
နေသည့်ပုံလေးကိုကြည့်ပြီး လေးထောင့်ဆန်တဲ့
အပြုံးပေါ်လာတော့သည်။

အိမ်ရောက်သည်အထိကူးလေးက မနိုးလာတာမို့
ထယ်ယောင်းမှာအိပ်နေသည့်ကူးလေးကို မထိခိုက်
မိအောင် သေချာပွေ့ချီလာပေးသည်။နှိုးဖို့ကိုတော့
မစဥ်းစားတော့ဘူး။အသက်က သူတို့ထက်အများ
ကြီးပင်ပန်းတာကြောင့်ပင်ဖြစ်သည်။

" ချစ်တယ်...မောင့်အသက် မွ! "

အိပ်ယာပေါ်ချပေးလိုက်ရင်း ပါးဖောင်းလေးကို
နှာခေါင်းနစ်ဝင်အောင်နမ်းလိုက်ကာ သူ့ကုတ်ကိုချွတ်ပြီးဧည့်ခန်းသို့ဆင်းသွားသည်။လုပ်စရာ
လေးတွေရှိလို့သေချာလုပ်ပေးဖို့ဖြစ်သည်။

အတန်ကြာတော့ ကူးလေးကအိပ်ရင်းမှတရေးနိုးလာခဲ့သည်။နိုးနိုးချင်းဘေးဘက်ကိုကြည့်တော့
အိပ်ယာပေါ်ကိုရောက်နေမှန်းသတိထားမိသည်။
ပြန်ရောက်ပြီဟုတွေးပြီး ကင်မ်ထယ်ယောင်းကို
ပတ်ပတ်လည်လိုက်ရှာမိသည်။

ထယ်ယောင်းကိုမတွေ့တာမို့ ဗိုက်ပူလေးကိုထိန်း
ကိုင်ရင်းအိပ်ယာမှထလာကာ အခန်းထဲမှထွက်
လာခဲ့သည်။လှေကားထပ်ကိုတော့ သေချာဆင်း
လျှောက်နေရတာမို့ သတိထားရသည်။မဟုတ်ရင်
ချော်လဲမှာဖြစ်သည်။

" အဖိုးတန်လေး ဘယ်လိုတောင်တစ်ယောက်
ထည်းဆင်းလာရတာလဲကွာ၊ထယ်ယောင်းကို
ခေါ်လိုက်လည်းရပါတယ်ဗျာ... "

ကူးလှေကားတွေကို သေချာထိန်းကိုင်ကာဆင်းလာသည်ကိုတွေ့ရော ထယ်ယောင်းရဲ့ဒယ်ဒီလာကူတွဲ
ပေးတာဖြစ်သည်။ထယ်ယောင်းကိုတောင်ဆူနေလို့
ကူးတောင် ပြုံးလိုက်ပြီးမှမေးလိုက်သည်။

" အဖေ ကင်မ်ထယ်ယောင်းရော ဘယ်ရောက်နေ
တာလဲဟင်၊သူ့ကို ကူးမတွေ့ဘူးအဖေ "

" သူလား...ဒီမှာထိုင်နေ အဖိုးတန်လေး၊ဒယ်ဒီက
သွားခေါ်ပေးမယ်၊ဗိုက်ဆာနေပြီမလား "

အဖေကကူးလေးကို ထမင်းစားခန်းထဲသို့ခေါ်သွား
ပြီး နေရာမှာထိုင်စေလိုက်သည်။ကူးလေးကတော့
အဖေချပေးသည့်နေရာမှာပင် ထိုင်နေရင်းမှ
ထယ်ယောင်းကိုစောင့်နေတော့သည်။

" မင်းဒယ်ဒီ ဘယ်ရောက်နေလဲမသိဘူးသားရေ၊
ပါးပါးတို့သူပြန်လာရင် ဆူကြမယ်နော်... "

" မောင့်ကိုတကယ်ဆူမှာလား အသက် "

ထယ်ယောင်းအသံကြောင့် ကူးလှည့်ကြည့်လိုက်
တော့ ထယ်ယောင်းကလက်ထဲအနံ့မွှေးမွှေး
ပင်လယ်စာပန်းကန်ကို ကိုင်လာတာဖြစ်သည်။
တစ်ဖက်မှာတော့ ဖက်ထုပ်တွေကြော်ထားသည့်
ပန်းကန်ကိုဖြစ်သည်။

" ကင်မ်ထယ်ယောင်း... "

" မောင့်အသက်က မောင်ကျွေးတာတွေနဲ့မျိုးစေ့လေးအတွက် တည့်တာတွေပဲစားလိုက်ရတာမလား၊ပြီးတော့ ဟိုလူချက်ကျွေးတာအရမ်းကြိုက်
သွားမှာဆိုးလို့မောင်က အသက်အတွက်ချက်ပေး
တာ၊မောင်၅ခေါက်လောက် ကြိုးစားထားရတာ၊
ဒီအရသာက ပိုအဆင်ပြေတယ် "

ကူးလေးရှေ့ ပင်လယ်စာခေါက်ဆွဲပန်းကန်ချပြီး
ဖက်ထုပ်လေးတွေကိုအစီအရီထည့်ပေးသည်။
ကူးကတော့ ထယ်ယောင်းလုပ်ပေးတာလေးကို
ကြည့်ပြီးပြုံးနေတော့သည်။

ကင်မ်ထယ်ယောင်းက ကူးအတွက်အများကြီး
တွေးပေးသည်မို့ပြုံးကြည့်နေရင်း ကူးရှေ့ကို
ဟင်းရည်ကိုမှုတ်ပေးပြီးကမ်းပေးလာသည်။
ကူးလည်းခွံ့ကျွေးတာကိုမြည်းလိုက်တော့
အရသာကအရမ်းကြီးဆိုးနေတာမဟုတ်တာမို့
သဘောတွေ့မိသည်။ထို့နောက် ဖက်ထုပ်တစ်ခုကို
တူဖြင့်ညှပ်ရင်းကျွေးတော့ ကူးလေးပြုံးလိုက်ပြီး
လက်မလေးထောင်ပြလိုက်သည်။

" အရမ်းကောင်းတာပဲ စားလိုက်ရင်ကြွပ်ကြွပ်လေး
ဖြစ်နေတာ၊အရမ်းအရသာရှိနေတာပဲ... "

ကူးကလေးက တမြုံမြုံဝါးရင်းပြောလိုက်တော့
ထယ်ယောင်းကပြုံးလိုက်ပြီးခေါင်းငြိမ့်သည်။
ကူးကတော့ဖက်ထုပ်လေးတွေကိုယူစားနေရင်း
ထယ်ယောင်းရဲ့လက်ကိုကြည့်မိသွားတော့၏။
ထိုလက်ပေါ်မှာ အရည်ကြည်ဖုလေးတွေတောင်
တွေ့သွားတော့ ကူးစိတ်ပူသွားသည်။

" ကင်မ်ထယ်ယောင်း!လက်ကဘာဖြစ်တာလဲ၊
အဖုတွေ၊ဟင့်...ဒါတွေလုပ်ရင်းဖြစ်တာလား၊
အရမ်းနာနေမှာပဲ..ကင်မ်ထယ်ယောင်းရယ် "

ကူးလေးက စားနေသည့်တူကိုချလိုက်ပြီး
ထယ်ယောင်းရဲ့လက်ကို ယူကြည့်တော့
ဆီပူလောင်ထားတာမို့ အရည်ကြည်ဖုတွေရော၊
အရည်များထိထားသလိုမျိုး ယောင်ယမ်းနေတာ
တွေကာမြင်ရတာကြောင့် ကူးအားနာမိသည်။
ကူးကြောင့်နဲ့ထိခိုက်ခံရပြန်ပါသည်။

" မောင်ဘာမှမဖြစ်ဘူး၊မနာတော့ဘူး၊ဒါလေးက
အပျော့ပဲ၊မောင်သက်သာတယ်၊အေးကုန်တော့မယ်၊စားလိုက်ဦးဗျ၊မောင်ကြည့်နေမယ် "

" ဟင့်အင်း!ငါမစားတော့ဘူး၊ဆေးလိမ်းပေးမယ်၊
ဦးလေးရေ ကူးကိုဆေးသေတ္တာယူလာပေးပါဦး "

အိမ်တော်ထိန်းက ဆေးသေတ္တာယူလာပေးတော့
ကူးလေးက ထယ်ယောင်းလက်နှစ်ဖက်လုံးကို
နူးညံ့စွာလိမ်းပေးနေသည်။ဆေးသေချာလိမ်းပေး
ပြီး ထယ်ယောင်းကကူးလေးရဲ့ပါးဖောင်းလေးကို
နမ်းလိုက်သည်။

" ချစ်တယ်၊မောင်မင်းကိုတအားချစ်တာပဲ "

ထယ်ယောင်းက ကူးလေးမျက်နှာကိုကြည့်ရင်း
ပြောတော့ ကူးလေးကရှက်ပြီးမျက်နှာကိုတစ်
ဖက်လှည့်လိုက်သည်။ကူးအတွက်ရှက်လွန်းလို့
မျက်နှာချင်းတောင်မဆိုင်နိုင်သေးဘူး။

" အာ့!မျိုးစေ့လေး!ပါးပါးသိပါတယ်ဆို "

ကူးနှုတ်ဆိတ်နေရင်း ဗိုက်ထဲကမျိုးစေ့လေးက
ကန်လာသည်ကြောင့် ဆူလိုက်တာဖြစ်သည်။
ထို့အတူထယ်ယောင်းက ဗိုက်ပူလေးကိုပွတ်ပြီး
ရယ်လိုက်သလို ကူးလေးလည်းမျိုးစေ့လေးရဲ့
'ရှိနေတယ်လို့'သဘောရှိတဲ့ပုံစံကြောင့်
ရယ်လိုက်တော့သည်။

- - - - -

ကူးလေးမနက်ပိုင်း အခန်းထဲမှာမျိုးစေ့လေးကိုပွတ်ပေးကာ သီချင်းဆိုပေးပြီးလမ်းလျှောက်
နေတာဖြစ်သည်။မျိုးစေ့လေးက မွေးတော့မယ်
ဆိုပေမဲ့လည်း လှုပ်ရှားမှုလေးတွေတော့ညတိုင်း
ပြပါသည်။ထွက်ချင်နေရင်ဘယ်လောက်တောင်
များကန်နေမှာပါလိမ့်။

အမေနဲ့မေမေတို့ကအောက်ထပ်မှာရှိနေကြတာမို့
ကူးကတော့အခန်းထဲမှာပဲ လမ်းလျှောက်နေ၏။
နှုတ်မှလည်း သူ့သားလေးကြိုက်သည့်သီချင်း
လေးကိုဆိုရင်းဖြစ်သည်။

" Twinkle twinkle little star, How I wonder what you are, Up above the world so high, like a diamond in the sky "

ကူးလမ်းလျှောက်နေရင်း ကူးရဲ့ဖုန်းမှမြည်သံပေး
လာတာမို့ သွားကြည့်လိုက်တော့ ထယ်ယောင်းထံမှ
ဖုန်းလာတာကြောင့် ကူးSpeakerဖွင့်ထားကာ
ကိုင်လိုက်ရင်းလမ်းဆက်လျှောက်နေသည်။

' မောင့်အသက်...မနက်စာရောသေချာစားရဲ့လား၊
မောင်ညကတောင်းပန်ပါတယ်ကွာ၊အီတလီက
ဧည့်သည်က မောင်နဲ့ယွန်းဂီကို လိုအပ်တာဆွေး
နွှေးဖို့ဆိုပြီးကြာသွားတာမို့ မောင်ကတော့
အလုပ်ခန်းကအခန်းထဲမှာပဲအိပ်လိုက်တော့တာ၊
ယွန်းဂီက အိမ်ပြန်သွားသေးတယ်၊အသက်ကို
ဖုန်းဆက်ပြောသေးတယ်မလား '

ထယ်ယောင်းညက အလုပ်တွေများနေတာကြောင့်
ဖုန်းတောင်မဆက်နိုင်ဘဲအိပ်သွားတာဖြစ်သည်။
ဒါကြောင့်လည်း မနက်ရောက်မှပဲကူးကိုဖုန်းဆက်
ဖြစ်သည်။ညကလည်း ယွန်းဂီလည်းကူးကိုဖုန်း
လှမ်းဆက်ပေးသည်။ထယ်ယောင်းက အလုပ်မှာ
ညအိပ်လိုက်တာဖြစ်တာကြောင့်။

" ငါနဲ့သားကိုစိတ်ပူမနေဘဲ မင်းကသာဂရုစိုက်ပါ၊
အခုရောအိမ်ပြန်လာနေတာလား၊ပြန်လာရင်လည်း
မြန်မြန်ပြန်လာ၊အာ့!မျိုးစေ့လေး!အာ့!!! ပါးပါး
နာတယ်လေ!တအားတွေမကန်ပါနဲ!! "

ထယ်ယောင်းနဲ့ဖုန်းစကားပြောရင်း မျိုးစေ့လေးက
သီချင်းဆိုတာကိုရပ်သွားသည်ထက် ကူးလေးရဲ့
ဗိုက်ကိုကန်ပြနေသည်က ပိုပြင်းလာသည်။

' အသက်...အဆင်ပြေရဲ့လား၊မျိုးစေ့လေး!
ဒယ်ဒီပြောတာနားထောင်ပါဦး၊မွေးဖို့နောက်တစ်
ပတ်တောင်လိုသေးတာကိုကွာ... '

" အင်း...မွေး..မွေးတော့မယ်ထင်တယ်၊ဟင့်!
နားလည်ပါပြီ...ပြန်လာပါတော့!! "

' မောင်ပြန်လာပြီအသက်... '

ထယ်ယောင်းကဖုန်းထဲကနေ စိတ်ပူနေရင်းမှ
ကူးလေးကလည်း အော်လိုက်တော့ထယ်ယောင်း
ဖုန်းချလိုက်ပြီး အောက်ထပ်ကအမေ့ကိုဖုန်းဆက်လိုက်တော့သည်။

ကူးကတော့ မျိုးစေ့လေးကြောင့်နာကျင်မှုကို
အံတုထားရင်း ရှိနေတော့သည်။မျိုးစေ့လေးက
ထွက်လာချင်တာကမြန်လိုက်တာ သားသားရယ်။

" ပါးပါးရှိတယ်နော်၊ဒယ်ဒီ့ကိုတွေ့ချင်တာလား၊
ဟူး!ကင်မ်ထယ်ယောင်း!!မင်းငါ့ကိုတကယ်
ပင်ပန်းအောင်လုပ်တာပဲ! ဟူး...အားတင်းထား! "

ကူးလေးကနာကျင်မှုကို တင်းထားရင်းသက်ပြင်း
တွေအကြိမ်မနည်းချနေသည်။ထို့နောက်မေမေတို့
တက်လာတော့ ထယ်ယောင်းပါရောက်လာသည်။
မေမေတို့ကလည်းအသည်းအသန်ဖြစ်နေတာမို့
ကူးဂရုမစိုက်နိုင်တော့ဘူး။

" နာနေတယ်မလား၊မောင်ပွေ့ချီသွားမယ်၊စိတ်ချ၊
မောင်ရှိတယ်၊အင့်...ခဏလေးပဲသည်းခံထားပါ "

ထယ်ယောင်းကကူးကိုပွေ့မချီသွားပြီး လှေကားကိုလည်းထိန်းဆင်းနေရသည်။ပြီးတဲ့နောက်အသင့်
ရှိနေတဲ့သူတို့အိမ်ကကားပေါ်တက်လိုက်ရင်း
ဆေးရုံသို့သွားတော့သည်။သူတို့မသိသည်က ထွက်သွားတဲ့ကားနှစ်စီးနောက်တွင်တော့
ကားတစ်စီးကကြည့်နေခဲ့သည်။

" မောင့်အသက်...နာနေသေးလား၊နာရင်လည်း
အော်လိုက်ပါကွာ၊တစ်ခုခုလေ...မောင့်ဆံပင်ကို
ဆွဲတာတို့လေ၊မောင့်ကိုအကြိုက်ဆွဲထားပါ "

" ဟင့်...အင်း.. "

ဆေးရုံသွားသည့်လမ်းမှာ ထယ်ယောင်းကငြိမ်နေ
သည့်ကူးလေးကို သူ့ရင်ခွင်ထဲထည့်ရင်း စိတ်ပူလို့
ငိုရင်းပြောတော့သည်။ကူးကတော့ နာကျင်နေ
သည့်ဒဏ်ကို အံတင်းတင်းကြိတ်ပြီးခံစားကာ
မျက်ရည်ကျနေသည့်ထယ်ယောင်းကိုပြုံးပြ
သေးသည်။

ဆေးရုံကိုရောက်တော့ ဟိုဆော့နဲ့တွဲဖက်ဆရာဝန်
ရောက်လာပြီး လှည်းပေါ်တင်ပေးလိုက်သည်။
ဟိုဆော့ကစစ်ဆေးကြည့်တော့ ကူးရဲ့အခြေနေက
မွေးချင်နေတာမို့ ဟိုဆော့အတပ်သိလိုက်သည်။

" မွေးချင်နေပြီမို့ ခေါ်သွားတော့၊စောမွေးချင်လို့
သတိထားရမယ်၊အကုန်အဆင်သင့်ပြင်ထားလိုက်၊
ငါနဲ့အစ်မအွန်းဂျူအတူလာခဲ့မယ်... "

ကူးလေးကမွေးတော့မှာမို့ ဟိုဆော့ကကူးကို
တင်ထားသည့်ကုတင်လှည်းကို ခွဲခန်းထဲအရင်
သွားစေလိုက်သည်။ဒါကြောင့်မို့သူနာပြုဆရာမနဲ့ဆရာဝန်လေးကိုမှာလိုက်ရသည်။

" ထယ်ယောင်းအဆင်ပြေသွားမှာပါကွာ၊ငါက
မျိုးစေ့လေးကိုလည်း ကောင်းကောင်းခေါ်လာခဲ့
မယ်၊အစ်ကိုကူးလည်းကျန်းမာတာမို့စိုးရိမ်စရာ
မလိုဘူး၊မင်းစိတ်ကိုလျှော့ထားလိုက်၊မင်းပြောတဲ့
ကိစ္စကိုလည်း ငါသေချာစီစဥ်ပေးမယ်၊ခွဲမွေးမှာမို့
အဆင်မပြေတာတော့မရှိဘူး "

ဟိုဆော့က စိတ်လှုပ်ရှားနေသည့်ထယ်ယောင်းကို
ကြည့်လိုက်ကာ အားပေးစကားပြောပေးသည်။
ထယ်ယောင်းမှာတော့ အနောက်ကလိုက်လာတဲ့
မိဘတွေမရောက်သေးခင် တစ်ယောက်ထည်းမို့
စိတ်ပူနေတာတွေက ခပ်များများဖြစ်သည်။

" အင်းအင်း...အကူညီတောင်းပါတယ်ကွာ၊
အသက်နဲ့သားလေးကို မင်းကိုအပ်ပါတယ် "

ထယ်ယောင်းက ခွဲခန်းရှေစောင့်ရင်းဟိုဆော့က
ကျန်းမာရေးအတွက် သန့်ရှင်းဖို့သွားလုပ်သည်။
သူနာပြုဆရာမက ထယ်ယောင်းရှိကခွဲဖို့အတွက်
လက်မှတ်လာတောင်းပြီးနောက်မှဟိုဆော့ကအခန်းထဲအပြေးဝင်ပြီးခွဲခန်းဝတ်စုံသေချာဝတ်ပြီး ခွဲစိတ်ဖို့စတင်လိုက်သည်။ထယ်ယောင်းကတော့ အပြင်မှာခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေခဲ့သည်။

" သားထယ်...သားကူးလေးဝင်သွားပြီလားဟင်၊
မေမေ..စိတ်တွေပူလိုက်တာကွယ်၊သားကူးလေး..
မေမေ့သားလေး အဆင်ပြေပါစေကွယ်... "

" အဆင်ပြေသွားမှာပါ အစ်မရယ်၊မပူပါနဲ့၊
အစ်မကလည်းအမေပဲ၊အားတင်းထားရမှာလေ "

ကူးလေးကခွဲခန်းဝင်နေတုန်း ကူးလေးရဲ့အမေကထယ်ယောင်းမိဘတွေနဲ့အတူ ဆေးရုံကိုရောက်
လာခဲ့သည်။အဖိုးလည်းညိုးငယ်သောမျက်နှာထား
ဖြင့် သူတို့အဖိုးတန်လေးကိုစိတ်ပူနေတာဖြစ်၏။

" ဒယ်ဒီ...ကျွန်တော်...ကျွန်တော့်အသက်တွေ
အဆင်ပြေမှာမဟုတ်လား၊ကျွန်တော်စိတ်ပူတယ်၊
ကျွန်တော့်သားကအစောထည်းကမွေးချင်နေတာဗျာ၊ကျွန်တော်က...ကိုကိုအလှလေး... "

ကူးလေးအမေကငိုရော ထယ်ယောင်းလည်းမနေ
နိုင်တော့ဘဲ မျက်ရည်တွေကျပြီး သူ့ဒယ်ဒီအနား
သွားကာငိုတော့သည်။အဖေဖြစ်သူဆိုတော့လည်း
သူ့သားထယ်ယောင်းခံစားနေရလို့ စိတ်ကောင်းဘဲ သူ့သားခေါင်းလေးကိုပွတ်ပေးနေ၏။

ယခုမှအဖေနေရာတာဆိုပေမဲ့လည်း သူ့သားက
အဖိုးတန်လေးနဲ့မျိုးစေ့လေးကို အရမ်းချစ်တယ်
ဆိုတာသိသာသည်။တစ်ချိန်လုံးအရိပ်ကြည့်ကြည့်
စောင့်ကြည့်နေတယ်ဆိုတာအထိဖြစ်သည်။

" ဘာမှမဖြစ်ဘူး ဒယ်ဒီ မင်းကိုပြောဖူးတယ်လေ၊
မဖြစ်တာကိုဖြစ်တာအထိ အတွေးမလွန်နဲ့၊
အဖိုးတန်လေးက မွေးလူနာဖြစ်တာတောင်ခွဲစိတ်ခန်းထဲဝင်လို့ ဘာအသံမှမထွက်ဘဲနေနိုင်တယ်ဆိုတာကသန်မာတယ်ဆိုတာပြသွားတာ၊
နာကျင်မှုကြောင့်မဟုတ်ဘဲ သူ့သားအတွက်
အားတွေစုထားတယ်ဆိုတာပဲ၊ဒီတော့သားလည်း
အဖိုးတန်လေးနဲ့မျိုးစေ့လေးအတွက် အားတင်း
ထားရမယ်၊မပူနဲ့ ငါ့သား...မင်းကွာ...ဒယ်ဒီ့သားက
ဘာမှမစိုးရိမ်ရဘူးလေကွာ "

" ကျွန်တော် ကြောက်သွားလို့ပါဒယ်ဒီရာ... "

ထယ်ယောင်းက သူ့အဖိုးနဲ့ဒယ်ဒီနားမှာရပ်ကာ
ငိုတော့ အဖိုးရောသူ့ဒယ်ဒီရောကခေါင်းလေးပွတ်
ပေးနေသည်။ဒယ်ဒီဆိုလည်း 'သိပါတယ်'ဟုဆိုပြီး
ပုခုံးကိုပုတ်ပေးနေသည်။ခဏကြာတော့ နမ်ဂျွန်တို့၊
ယွန်းဂီတို့ရောက်လာကြပြီး ယောင်းဝူကလည်း
အလုပ်ကနေအပြေးလာကာ စောင့်နေကြသည်။

" မောင်ယုံကြည်တယ်၊မောင့်အသက်ကမောင်တို့
သွေးသားလေးကို သေချာမွေးလာပေးမှာ... "

" ဘာမှတွေးမနေနဲ့ထယ်ယောင်း၊အစ်ကိုကူးက
အဆင်ပြေသွားမှာ... "

ထယ်ယောင်းက ခွဲခန်းနားလမ်းလျှောက်နေရင်း
နမ်ဂျွန်တို့ကပြောလာတာမို့ ခေါင်းငြိမ့်လိုက်ပြီး
ဆုတောင်းနေတော့သည်။ကူးအမေဆိုလည်း
သူ့သားလေးအတွက် ဆုတောင်းရင်းစိတ်လှုပ်ရှား
နေလို့ စိတ်ကိုငြိမ်အောင်ထိန်းရသေးသည်။

" အူငဲ...အူငဲ...အူငဲ... "

" ဒယ်ဒီ့သားလေး... "

နာရီအနည်းငယ်ကြာတော့ ခွဲခန်းထဲမှာကလေးရဲ့
ငိုသံစူးစူးလေးထွက်လာတော့ ထယ်ယောင်းလည်း
သက်ပြင်းရှည်ချနိုင်သလို ခွဲခန်းရှေ့မှာရှိနေသည့်
လူတွေအားလုံးလည်း သက်ပြင်းချနိုင်တော့၏။

ထယ်ယောင်းဆိုပျော်လို့ ဝမ်းသာလွန်းတာကြောင့်
ဒူးထောက်ချလိုက်တော့သည်။ထယ်ယောင်းက
ပျော်လွန်းတာမို့မျက်ရည်တွေတောင်မသုတ်နိုင်
တော့ဘူး။

" မွေးလူနာ ကင်မ်ဂျောင်ဂုကသားယောက်ျားလေး
မွေးဖွားပါတယ်နော်၊ကလေးအဖေရော၊ကလေးရောကျန်းမာပါတယ်၊ကလေးကိုခဏချီလို့ရပါတယ်၊ပြီးရင်တော့ ကလေးအတွက်ပိုးသတ်အောင် nursey roomထဲထည့်ထားရမှာမို့ပါရှင် "

သူနာပြုဆရာမက မျိုးစေ့လေးကိုအနှီးထုတ်ဖြင့်
လုံအောင်ထုတ်ထားရင်း ထယ်ယောင်းထံသို့
ကမ်းပေးလာသည်။ထယ်ယောင်းလည်းမရဲတရဲ
ယူချီလိုက်တော့ မျိုးစေ့လေးကမျက်စိလေးမပွင့်ပေမဲ့ အသံယဲ့ယဲ့လေးတွေပေးလာသည်။

" အဲ့..အဲ့.. "

ထယ်ယောင်းကြည့်ရင်း မျက်ရည်တောင်ကျမိ၏။
တဆက်ထည်း ဖခင်ဖြစ်သူနေရာကိုတောင်ရလိုက်
တာမို့ စိတ်လှုပ်ရှားမှုတွေများပြီးငိုမိသည်။

" အဲ့... "

" ဒယ်ဒီ့သားလေး... "

ကလေးကမျက်လုံးလေးတွေပွင့်လာပြီး သူ့ဒယ်ဒီ့
အသံကိုကြားနေတာမို့ နားပိုစွံ့နေသည်။မျက်လုံးလေးပွင့်လာတာမို့ ထယ်ယောင်းပြုံးလိုက်မိသည်။သားလေးက ကိုကိုအလှလေးနဲ့သိပ်တူလွန်းသည်။

အသားဖြူဖြူပြီး လုံးလုံးလေးဖြစ်ပြီးချစ်စရာအလွန်ကောင်းသည်။အခုကရုပ်လုံးမပေါ်
သေးပေမဲ့လည်း ထယ်ယောင်းရဲ့မျိုးစေ့လေးက
ကိုကိုအလှလေးနဲ့သိပ်တူလွန်းသည်။

" သားကူးလေးနဲ့တစ်ပုံစံထည်းဆိုပေမဲ့လည်း
မေမေ့သားထယ်လေး မွေးတုန်းကပါပဲလား၊
ပုံစံလေးက တအားချစ်စရာကောင်းတာပဲ၊
အကို့သားနဲ့လည်း တူသေးတယ်နော်..အကို... "

" ဟုတ်တာပေါ့၊သားနဲ့လည်းတူနေတာကွာ... "

ထယ်ယောင်းမိဘတွေက ထယ်ယောင်းချီထားတဲ့
ဘေးမှရပ်ရင်းသားလေးကိုကြည့်နေကြသည်။
သားလေးကို အဖိုးကရောအသည်းယားနေသလို
ကူးအမေကလည်း ကြည့်ကာပြုံးနေသေး၏။
သူမချစ်ရတဲ့သားလေး အန္တရာယ်ကင်းသလို
မြေးလေးလည်း လူ့လောကကိုရောက်လာပြီ။

နမ်ဂျွန်နဲ့ဆော့ဂျင်ရယ်၊ယွန်းဂီရယ်နဲ့ဂျီမင်တို့အပြင်
ယောင်းဝူမှာလည်း မွေးလာသည့်သူ့တူလေးကို
ဘေးကနေကြည့်ရင်း ပြုံးနေမိသည်ဖြစ်သည်။

" ကျွန်မယူသွားပေးပြီး အခန်းထဲမှာထားလိုက်ပါ့
မယ်နော်၊ကလေးအဖေကိုတော့ အခန်းပြောင်းလိုက်မှာမို့ အခန်းထဲမှာစောင့်နေလို့ရပါတယ်ရှင်၊
နာရီနည်းနည်းကြာရင် ကလေးလာပို့ပေးပါ့မယ် "

သူနာပြုဆရာမက ကလေးကိုခေါ်သွားတော့မှ
ထယ်ယောင်းတို့လည်း ကူးလေးကိုပြောင်းထားတဲ့
အခန်းကိုအပြေးသွားကြသည်။ကူးလေးကတော့
သတိမရသေးပေမဲ့လည်း ထယ်ယောင်းကအနား
သွားပြီး လက်ဖြူလေးကိုခပ်ဖွဖွကိုင်ရင်းနမ်း
တော့သည်။လက်ဖြူဖြူလေးကနူးနူးညံ့ညံ့လေးမို့
ထယ်ယောင်းနူးညံ့စွာနမ်းလိုက်ပါသည်။

" ကျေးဇူးတင်ပါတယ် မောင့်အသက်၊မောင်တို့
မျိုးစေ့လေးရောက်လာပြီ၊မောင်တို့ကဘဲ သားကို
သင်ပေးရတော့မှာ၊သတိမြန်မြန်ပြန်ရလာတော့ဗျ၊
မောင်တို့နာမည်အတူပေးကြမယ်... "

ထယ်ယောင်းက ကူးလက်လေးကိုနမ်းပြီးပြောကာ
လက်ဖဝါးဖြူဖြူလေးကို သူ့ပါးမှာကပ်ထားပြီး
ငြိမ်နေတော့သည်။အဖိုးတို့နဲ့ဒယ်ဒီရောအမေရော၊
ကူးလေးရဲ့အမေရော၊နမ်ဂျွန်တို့အားလုံးကပါ
ကြည့်ပြီးပြုံးနေကြတာဖြစ်သည်။သူတို့လည်း
မျိုးစေ့လေးရောက်လာလို့ ပိုပျော်မိတာအမှန်။

" အင်း...မျိုးစေ့လေး... "

အတန်ကြာတော့ကူးလေးက သတိလည်လာတော့
ထယ်ယောင်းလည်း ဝမ်းသာသွားပြီးအားလုံးက
ကူးနှိုးလာတော့မှ ပိုပျော်သွားကြတော့သည်။
ဟိုဆော့ကတော့ကျန်းမာရေးလာပြန်စစ်ပေး၏။

" ကင်မ်ထယ်ယောင်း..မေမေ,အဖေရယ်၊အမေ..
အဖိုးတို့ရော အားလုံးလည်းရောက်နေတာပဲ... "

" ဒါပေါ့သားကူးလေးရဲ့၊အမေတို့က သားကူးလေးအတွက်စိုးရိမ်ပေးနေတာ.... "

ကူးလေးသတိရလာပြီးတော့ အခန်းထဲရောက်နေတဲ့အားလုံးကိုလိုက်ကြည့်ပြီး ပြုံးကြည့်နေရင်း
ကူးဗိုက်လေးကိုသတိထားမိတာမို့ ဘေးမှာထိုင်
နေတဲ့ထယ်ယောင်းကို မေးလိုက်သည်။

" သားရော...သားမျိုးစေ့လေးရော၊ငါ..သားကို
တွေ့ချင်နေပြီရယ်၊တွေ့လို့ရပြီမလား... "

" တွေ့ရမှာပေါ့၊မောင်တို့သားလေးက အရမ်းချစ်
စရာကောင်းတာ၊မောင့်အသက်နဲ့တူတယ်... "

ထယ်ယောင်းကပြောတော့ ကူးလေးပြုံးလိုက်ပြီး
ခေါင်းငြိမ့်ပြသည်။ကူးအရမ်းတွေ့ချင်နေပြီ။
ကူးတို့ရဲ့သားလေးကိုကူးတွေဖို့ကိုတောင်
မစောင့်နိုင်တော့ဘူး။

" ကျွန်တော်ခေါ်လာခဲ့မယ် အစ်ကိုကူး... "

ဟိုဆော့က ကလေးခေါ်ဖို့ထွက်သွားတော့
ကူးလေးက သားမျိုးစေ့လေးကိုတွေ့ဖို့အတွက်မျက်ရည်တောင်ကျမိသည်။ဗိုက်ထဲမှာအကြာကြီး
ထားထားရတဲ့အမဲစက်လေးက အခုတော့လူ့လော
ကထဲကိုရောက်ပြီမို့ ကလေးလေးကိုချီပြီးနို့တိုက်
ချင်ပါသည်လေ။

" အဖိုးတန်လေး ပင်ပန်းသွားပြီနော်၊ကျေးဇူးပါ၊
အဖိုးတို့မိသားစုထဲ ကံကောင်း​ခြင်းလေးယူဆောင်
လာပေးလို့ အဖိုးတို့ကကျေးဇူးတင်ပါတယ် "

" ဒယ်ဒီတို့ကအဖိုးတန်လေးကို အများကြီးကျေးဇူးတင်ပါတယ်ကွာ... "

အဖိုးရောဒယ်ဒီနဲ့အမေက ကူးလေးအနားကပ်
လာပြီးကျေးဇူးတင်စကားတွေဆိုကြသည်။
ကူးလေးမှာတော့အသံသေးသေးလေးဖြင့်သာ
ပြန်စကားဆိုနိုင်သည်။ကူးအမေကလည်းအနား
ရောက်လာပြီး ကူးပါးပြင်လေးကိုနမ်းတော့သည်။

" မေေ့သားကူးလေး ပင်ပန်းသွားပြီ၊မြေးလေးရော
သားကူးလေးရောကျန်းမာတာမို့ မေမေစိတ်ချသွားတာ၊မေမေ့သားကူးလေးက တအားသန်မာ
တာပဲနော်... "

" ဟီးဟီး..အကုန်လုံးဂရုစိုက်ပေးထားလို့ကူးက
မွေးနိုင်တာပါ၊ကူးကတောင်ပြန်ပြီးကျေးဇူးတင်
ရမှာပါနော်... "

ကူးလေးကချစ်စရာကောင်းစွာရယ်လိုက်ပြီးပြော
တော့ ကူးကိုတအားချစ်တဲ့ကင်မ်ထယ်ယောင်းက
ပါးပြင်လေးကိုတဖွဖွနမ်းတော့သည်။အားလုံးက
ရယ်ပြုံးလို့ရှိနေခဲ့ကြတုန်း ဟိုဆော့ကတံခါးကို
ဒုန်းစိုင်းတွန်းဖွင့်လာကာ မောဟိုနေသောလေသံ
ဖြင့်စကားဆိုလာသည်။

ဒုန်း!

" ထယ်ယောင်း!!!! မင်းတို့သားမျိုးစေ့လေး
ပျောက်သွားတယ်!!! "

To be continued ~

မျိုးစေ့လေးမွေးပေမဲ့ ပြဿနာပိစိလေးတော့
ဖြစ်သွားခဲ့ပါတယ်ဗျာ။

> >

#zawgyi

အခန္းထဲလမ္းေလွ်ာက္ေနသည့္ ကူးေလးကပ်င္း
ေနပါသည္။သည္ေန႔က အလုပ္မပိတ္ၾကတာမို႔
အိမ္မွာဘယ္သူမွမရွိၾကဘူး။ေမေမကလည္း
သူငယ္ခ်င္းရဲ႕ေျမးေမြးေန႔ဖိတ္ထားလို႔ဆိုၿပီး
သြားလို႔ကူးေလးပ်င္းေနတာ။

ကူးေလးလည္းေနရာရႈပ္တာေတြကို လိုက္မသြားခ်င္ဘူး။ကင္မ္ထယ္ေယာင္းက တကယ္ေတာ့
အလုပ္မသြားေတာ့ဘူး။ဒါကိုစီစဥ္ထားတာေလး
ေတြရွိတယ္ဆိုၿပီး ထြက္ထြက္သြားတာ။ဘာေတြ
လုပ္ေနလည္းမသိဘူး။

" ပါးပါးသားေလး ပါးပါးတို႔ပ်င္းလို႔အျပင္ထြက္
ၾကမလားဟင္၊ပါးပါးက ဂ႐ုစိုက္မွာပါ၊ပါးပါး
ဗိုက္လည္းဆာေနေတာ့ ေနရာေကာင္းေလးရွိ
တယ္...ပါးပါးတို႔သြားမယ္ေနာ္... "

ကူးေလးက မ်ိဳးေစ့ေလးရွိရာရပ္ဝန္းကိုပြတ္ေပး
လိုက္ၿပီး ထယ္ေယာင္းအဝတ္ဗီ႐ိုကိုဖြင့္လိုက္ၿပီး
ရွပ္အက်ႌတစ္ထည္ကိုလဲလိုက္သည္။ေဘာင္းဘီကို
အပြခ်ည္အရွည္သာဝတ္လိုက္၏။မ်ိဳးေစ့ေလး
ၾကပ္မွာကိုေတာ့ မလိုလားဘူး။

" ပါးပါးတို႔ သြားမဲ့ေနရာကိုဖုန္းမက္ေဆ့ခ်္ပို႔ထား
လိုက္ဦးမယ္၊သားဒယ္ဒီျပန္မလာခင္သြားရမယ္၊
မဟုတ္ရင္ ပါးပါးတို႔ကိုဆူလိမ့္မယ္... "

ကူးေလးက ထယ္ေယာင္းရဲ႕ဖုန္းနံပါတ္မဟုတ္တဲ့
ေနာက္ဖုန္းနံပါတ္ကိုမက္ေဆ့ခ်္ပို႔လိုက္ၿပီး ၿပဳံးကာ
အိတ္လြယ္လိုက္ၿပီး ဗိုက္ပူပူေလးကေလွကားကိုတစ္ဆင့္ခ်င္းဆင္းလာသည္။

ေအာက္ေရာက္ေတာ့အိမ္ေတာ္ထိန္းက ကူးေလးကို
ၾကည့္ကာအသည္းအသန္ေမးလာေလသည္။
အားလုံးကသူတို႔အျပင္မွာရွိေနရင္ေတာင္ ကူးကိုဂ႐ုစိုက္ဖို႔အထိကိုမွာသြားတာျဖစ္သည္။

" သခင္ေလးကူး ဘယ္သြားမို႔လဲ၊အခန္းထဲမွာ
အဖိုးရွိေနပါတယ္၊စကားသြားမေျပာဘူးလား "

အိမ္ေတာ္အေမးေၾကာင့္ ကူးေလးေခါင္းခါျပလိုက္
သည္။ကူးေလးက စကားေျပာဖို႔မဟုတ္ဘဲ အျပင္
သြားခ်င္တာမို႔ျဖစ္သည္။

" မဟုတ္ဘူး၊ကူးအျပင္သြားခ်င္လို႔၊သားသားက
လမ္းေလွ်ာက္ခ်င္တယ္ထင္ပါတယ္၊ဒါေၾကာင့္ေလ၊ကူးသူငယ္ခ်င္းနဲ႔အတူသြားခ်င္လို႔ပါ "

ကူးေလးက မ်က္ဝန္းေလးေတြဝိုင္းရင္းေျပာေတာ့
အိမ္ေတာ္ထိန္းက သြားေစခ်င္ေပမဲ့လည္းသူ႔ကို
သခင္ေလးထယ္က အေသးစိတ္မွာသြားေတာ့
လက္ခံဖို႔ကို သိပ္မရဲတာျဖစ္သည္။

" သခင္ေလးထယ္က သူမပါဘဲအျပင္မထြက္ရ
ဘူးလို႔မွာထားပါတယ္၊ကိုယ္ဝန္သည္မို႔ေသခ်ာ
ဂ႐ုစိုက္ေစခ်င္လို႔ပါ၊ေမြးဖို႔နီးေနၿပီမလား "

" သားမ်ိဳးေစ့ေလးက အျပင္ထြက္ခ်င္လို႔ပါတဲ့၊
ၿပီးေတာ့ ကူးသူငယ္ခ်င္းအိမ္ပါဆို၊ကူးလည္းပါ,ပါ
ေသးတယ္၊အိမ္ေတာ္ကဒ႐ိုင္ဘာနဲ႔သြားမွာမို႔ ကူးကို
သြားခြင့္ျပဳပါ ဦးေလးရယ္ "

ကူးကသြားခ်င္တာမို႔ေရာ ခြင့္ေတာင္းေနတာမို႔
အိမ္ေတာ္ထိန္းက အေတာ့္ကိုအခက္ေတြ႕ေနၿပီျဖစ္
ပါသည္။စိတ္မခ်တာမို႔ အျပင္ေတာင္မထြက္ေစခ်င္တာျဖစ္သည္။

" ဘာေတြျဖစ္ေနတာလဲ အိမ္ေတာ္ထိန္း၊ေဟာ.. အဖိုးတန္ေလးပါလား၊ဘယ္သြားမို႔ဒီေလာက္ထိ
ျပင္ဆင္ထားရတာလဲ... "

အခန္းထဲကထြက္လာသည့္အဖိုးက အသံေတြကို
ၾကားသြားသည္ထင္ပါရဲ႕ ေမးလာသည္။ၿပီးမွ
ျပင္ဆင္ထားသည့္ကူးေလးကိုေတြ႕ၿပီးေမး၏။

" အဖိုး..ကူးက မ်ိဳးေစ့ေလးေၾကာင့္အျပင္ထြက္ခ်င္တာပါ၊ကူးရဲ႕သူငယ္ခ်င္းဂ်ီမင္လည္းပါလို႔
အဖိုးကအျပင္ထြက္ဖို႔ခြင့္ျပဳေပးလို႔မရဘူးလား "

ကူးေလးစကားေၾကာင့္ အဖိုးမွာၿပဳံးမိပါသည္။
အဖိုးတန္ေလးက အိမ္ကလူေတြအားလုံးကို
စားခ်င္သည္ရွိသည္ျဖစ္ေစ၊သြားခ်င္သည္ရွိ
သည္ျဖစ္ေစ ခြၽဲကာေတာင္းသည္မို႔အလိုမလိုက္ရင္
မွားသြားမည္ျဖစ္သည္။

" အဖိုးတန္ေလးရဲ႕သူငယ္ခ်င္းက ဘယ္မွာေစာင့္မွာတဲ့လဲ ေသခ်ာသိမွအဖိုးကလႊတ္လို႔ရမယ္မလား
အဖိုးတန္ေလး... "

" ဟုတ္ကဲ့၊ဂ်ီမင္က သူ႔အိမ္နားကေနေစာင့္မွာမို႔
ကူးကိုထြက္လာခိုင္းလိုက္တာပါ၊အိမ္ေတာ္က
ဒ႐ိုင္ဘာနဲ႔သြားမွာပါ အဖိုး "

ကူးေလးရဲ႕စကားေၾကာင့္ အဖိုးကနားေထာင္ၿပီးမွ
ခပ္ေယးေယးၿပဳံးလိုက္ၿပီး ေခါင္းၿငိမ့္လိုက္သည္။

" အဖိုးတန္ေလးသေဘာဗ်ာ၊ေျမးထယ္အတြက္
စိတ္မပူပါနဲ႔၊သူသိရင္ေတာင္ အဖိုးေျဖရွင္းေပးမယ္၊အိမ္ေတာ္ထိန္း ဒ႐ိုင္ဘာကိုေသခ်ာအပ္ေပး
လိုက္၊အဖိုးတန္ေလးကို ေနရာေသခ်ာခ်ေပးဆို
တာမ်ိဳးကိုေျပာထားလိုက္ပါ "

" ဟုတ္ကဲ့ပါ အဖိုး "

အိမ္ေတာ္ထိန္းက အဖိုးစကားေၾကာင့္မွာရန္ျဖင့္
ဒ႐ိုင္ဘာရွိရာသို႔ထြက္သြားသည္။ကူးမွာေတာ့
အဖိုးကခြင့္ျပဳသည္ဆိုထည္းက ေပ်ာ္ေနတာ
ျဖစ္သည္။ကူးေလးက တကယ့္အခ်စ္ခံေလး။

" အဖိုး ေက်းဇူးပါ၊ကူးေနာက္မက်ေစရပါဘူး "

" အဲ့ဒါေတြေျပာစရာမလိုပါဘူး၊ကိုယ့္ကိုကိုယ္
ဂ႐ုစိုက္၊မတည့္တာေတြေတာ့စားမေနဘဲ
အသြားအလာေလးသာဂ႐ုစိုက္ဗ်ာ... "

" ဟုတ္ကဲ့ အဖိုး၊ကူးသြားၿပီေနာ္၊အဖိုးကအိမ္မွာ
ေအးေဆးအနားယူပါ၊မ်ိဳးေစ့ေလး ပါးပါးတို႔
သြားရေအာင္... "

အဖိုးရွိကခြင့္ျပဳခ်က္ရသည္ႏွင့္ ကူးေလးကဗိုက္ပူ
ေလးကိုဖိကပ္ပြတ္ေပးၿပီး အဖိုးကိုႏႈတ္ဆက္ကာ
ထြက္သြားေတာ့သည္။အဖိုးဆိုသည္မွာလည္း
ေျမးသမက္ေလးနဲ႔ျမစ္ေလးကို စိတ္မခ်ေပမဲ့
သြားခ်င္စိတ္ေလးျပင္းျပေနတာမို႔ စိတ္မခုေအာင္ေပးသြားလိုက္ရတာျဖစ္သည္။

- - - - -

ကူးေလးက ထယ္ေယာင္းကိုအသိမေပးဘဲထြက္
လာခဲ့ၾကသည္။အဖိုးကိုေတာ့ သတိေပးထားေပမဲ့
ထယ္ေယာင္းသာသိရင္ ကူးတို႔ဆူခံရမည္ျဖစ္၏။
အခုေတာ့ဆူမခံရေသးခင္ ဒ႐ိုင္ဘာဦးေလးႀကီးကို
လမ္းထိပ္နားမွာသာကားရပ္ခိုင္းၿပီး လမ္းၾကားထဲ
လမ္းေလွ်ာက္လာခဲ့ေလသည္။

ကူးလာသည္က အရင္ကူးေနခဲ့ဖူးတဲ့အိမ္ေလးျဖစ္
သည္။ဒီအိမ္မွာအတူဆုံၾကမွာမဟုတ္ေပမဲ့လည္း
ဂယူ႔အိမ္မွာ မုန္႔စားခ်င္လို႔သာျဖစ္သည္။

" သားသား ဒီအိမ္ကအရင္ကပါးပါးေနခဲ့ဖူးတဲ့အိမ္၊
တကယ္ေတာ့ပါးပါးကဘူဆန္သားပါ၊ဘူဆန္မွာ
အိမ္ရွိတယ္၊သားဖြားဖြားတို႔က ပါးပါးဆိုးလ္မွာ
ေက်ာင္းတက္ဖို႔အတြက္ အိမ္နဲ႔စိုက္ခင္းေတြကို
ေရာင္းၿပီး ပါးပါးတို႔ဒီေရာက္လာတာ... "

ေရာက္မလာေသးတဲ့ ဂ်ီမင္နဲ႔ဂယူတို႔ကို
ကူးကကူးအရင္အိမ္မွာေစာင့္ေနရင္း
ဗိုက္ပူေလးကိုပြတ္သပ္ေပးရင္းေျပာျပေန၏။
ဒါေတာင္မ်ိဳးေစ့ေလးကဗိုက္ထဲကေန ေျခဟန္
လက္ဟန္ေတြျပပါေသးသည္။

" ပါးပါးအခုေတြ႕မွာက ပါးပါးငယ္သူငယ္ခ်င္း
ႏွစ္ေယာက္၊ဦးဦးဂယူနဲ႔ဦးဦးဂ်ီမင္ကိုမွတ္ထားေနာ္၊
ႀကီးလာရင္ေတာ့ အကုန္လုံးကိုခြၽဲစားျပစ္ေနာ္ "

ကူးေလး မ်ိဳးေစ့ေလးကိုထိေတြ႕ကာေျပာေနရင္း
ကူးသတိေလးတစ္ျဖတ္ဝင္သြားခဲ့သည္။ကူးနဲ႔
ကင္မ္ထယ္ေယာင္း လက္မထပ္ခင္ထည္းက
ကူးအိမ္ကို အၿမဲလာတဲ့ထယ္ေယာင္း။ကူးကို
မနက္တိုင္းလာလာႀကိဳ၊ေစာေစာမထတက္တဲ့
သူက ဝီရိယရွိၿပီးအၿမဲလာေခၚတာျဖစ္သည္။

ကူးေလးက မ်ိဳးေစ့ေလးကို စကားမဆက္မိဘဲ
ဗိုက္ပူေလးကိုသာပြတ္သပ္ေနတာေၾကာင့္
မ်ိဳးေစ့ေလးက သူ႔ပါးပါးအသံမၾကားလို႔
လႈပ္ရွားျပပါေသးသည္။

" အာ့!ပါးပါးဆက္ေျပာျပမယ္ေနာ္၊ပါးပါးကိုေလ
မင္းဒယ္ဒီက မနက္တိုင္းအိမ္ကိုအေစာႀကီးလာ
ေစာင့္ၿပီး ကုမၸဏီအတူသြားရေအာင္လာေခၚတာ၊
ပါးပါးကိုလည္း တအားဆြဲလားရမ္းလားနဲ႔
တကယ့္လူဆိုးသိလား... "

" ေဂ်ာင္ကူး...ေစာင့္ေနရတာၾကာသြားသလား၊
ေဆာရီးပါ...မ်ိဳးေစ့ေလး ဦးဦးဂ်ီလာၿပီ...  "

ကူးေလးရပ္ေစာင့္ေနရင္း ဂ်ီမင္ကအေဝးမွေျပး
လာကာ လက္ႏွစ္ဖက္အထုပ္ေတြကိုတစ္ဖက္သို႔
စုကိုင္လိုက္ၿပီးေမးေတာ့သည္။ဒါေတာင္ ကူးရဲ႕ဗိုက္ပူေလးရွိရာကိုလက္ျဖင့္ပြတ္လိုက္ၿပီး သူ႔တူေလးကိုေတာင္ႏႈတ္ဆက္ေသးတာျဖစ္သည္။မ်ိဳးေစ့ေလးကတကယ့္ကိုအခ်စ္ခံေလးပါပဲ။

" ဂ်ီမင္...မင္းလာတာတစ္ေယာက္ထည္းမလား၊
မင္ယြန္းဂီေရာပါလာတာလားဟင္... "

ကူးအေမးေၾကာင့္ ဂ်ီမင္ကရယ္လိုက္ရင္း
အထုတ္ေတြကို လက္ႏွစ္ဖက္စီမွာျပန္ကိုင္ကာ
ေျဖေတာ့သည္။

" မပါလာဘူး၊သူ႔ကိုေျပာထားတာ၊မင္းလိုက္လာရင္
ငါနဲ႔အျပတ္ဆိုလို႔၊လိုက္ကိုမလိုက္လာတာ၊ငါက
မင္ယြန္းဂီကို ႏိုင္ပါတယ္ေနာ္...ဟဲဟဲ "

ဂ်ီမင္ကကူးေရွ႕ မ်က္လုံးေတြပိတ္သည္အထိ
ရယ္ျပရင္း ကူးေလးကိုေျပာေတာ့သည္။ကူးက
သူ႔သူငယ္ခ်င္းဂ်ီမင္ကိုၾကည့္ၿပီး ရယ္လိုက္ရင္း...

" အင္းပါ၊ဒါဆိုငါတို႔ ဂယူ႔အိမ္ကိုသြားရေအာင္၊
သူေျပာထားတာ သူ႔အေမတို႔မရွိဘူးတဲ့၊မဟုတ္ရင္
ငါမ်က္ႏွာျပဖို႔ အဆင္မေျပဘူးရယ္ "

ကူးေလးကမ်က္ႏွာေလးညိဳးငယ္ၿပီးေျဖသည့္
စကားေၾကာင့္ စိတ္မေကာင္းျဖစ္သြားၿပီးကူးရဲ႕
ပုခုံးေလးေပၚလက္တင္လိုက္ကာစကားဆို၏။

" မင္းအျပစ္ရယ္လို႔မဟုတ္ပါဘူးေနာ္၊ၿပီးခဲ့တာကို
ထပ္မေတြးေနနဲ႔ေတာ့ ေဂ်ာင္ကူး၊မ်ိဳးေစ့ေလးက
ေမြးေတာ့မွာပဲကို၊ၿပီးေတာ့ မင္းကိုမ်ိဳးေစ့ေလးရဲ႕
ဒယ္ဒီကတအားခ်စ္တာကို ငါသိပါတယ္ေနာ္ "

ထိုစကားေၾကာင့္ ကူးမ်က္ႏွာေလးရဲတက္သြား၏။
ေနာက္ပိုင္း ကင္မ္ထယ္ေယာင္းနဲ႔ပတ္သက္တာ
ေျပာလိုက္ရင္ ကူးရဲ႕မ်က္ဝန္းေလးေတြလည္း
လက္သြားသလို၊ပါးျပင္ေလးေတြလည္းရဲတက္
လာတာျဖစ္သည္။

ကူးေလးက ထယ္ေယာင္းအေပၚေမတၱာရွိေနၿပီ
ဆိုတာ ဂ်ီမင္ေတာင္သတိထားမိသည္။ဒါေၾကာင့္
သိသိရက္နဲ႔ သက္သက္ေျပာလိုက္တာျဖစ္သည္။
မ်က္ႏွာေလးေတာင္ ခ်က္ခ်င္းေျပာင္းသြားတာ။
ေဂ်ာင္ကူးေလး တကယ္ေျပာင္းလဲေနၿပီျဖစ္၏။

" မင္းကိုဘယ္ေန႔ေမြးမယ္လို႔ ဟိုေဆာ့ကေျပာထား
ေသးသလား၊ငါလည္းအဲ့ေနၾက မင္းကိုလာေစာင့္
ေပးမလို႔ေလ၊မင္ယြန္းဂီလည္းအတူေစာင့္ေပးမယ္
ေျပာေနတာ၊ထယ္ေယာင္းမိဘေတြနဲ႔အဖိုးရယ္၊
မင္းအေမကလည္း အသက္ႀကီးေတာ့မေစာင့္
ေစခ်င္ဘူးေလ၊ဒါေၾကာင့္ ငါေမးလိုက္တာ... "

ဂ်ီမင္က ကူးနဲ႔အတူလမ္းေလွ်ာက္ေနရင္းမွ ကူးတို႔
မ်ိဳးေစ့ေလးေမြးမည့္ေန႔ကိုေမးလာေလသည္။
ထို႔အတူ လူႀကီးေတြကိုမေစာင့္ခိုင္းေစခ်င္တာလည္း ထည့္ေျပာလာလို႔ ကူးလည္းေတြးမိ၏။

" ဟုတ္တယ္ေနာ္၊အေမတို႔ရယ္ ေမေမရယ္က
အသက္ႀကီးေနၿပီ၊ေမြးၿပီးသြားလည္း ၾကည့္ၿပီး
ျပန္လို႔ရတယ္၊ဒါဆိုအားနာေပမဲ့ မင္းတို႔ကပဲ
လာခဲ့ေနာ္... "

" မလိုပါဘူး၊ငါတို႔ကမိသားစုေတြလိုပဲေလ "

ကူးေလးကေျပာေတာ့ ဂ်ီမင္ကေခါင္းၿငိမ့္ရင္းမွ
ေျဖလိုက္သည္။ဂ်ီမင္က ကူးအတြက္ဆိုနားလည္
ေပးတက္သည့္သူငယ္ခ်င္းေကာင္း။ဂယူ႔ထက္
ေနာက္က်ၿပီးမွသူငယ္ခ်င္းျဖစ္သြားေသာ္လည္း
ျပန္ေတြ႕ေတာ့ သုံးေယာက္ေပါင္းၿပီးျဖစ္သြား၏။

" မင္းေရာဘယ္ေတာ့ မင္ယြန္းဂီနဲ႔လက္ထပ္မွာလဲ၊
မင္းတို႔တြဲေနတာ မ်ိဳးေစ့ေလးမရခင္ထည္းကေလ
လက္ထပ္သင့္ေနၿပီထင္တယ္ေနာ္... "

ကူးေလးကေမးလိုက္ေတာ့ ဂ်ီမင္လည္းခပ္ေယး
ေယးၿပဳံးမိလိုက္သည္။လက္ထပ္ခြင့္ကအေစာႀကီး
ေတာင္းခံရေပမဲ့လည္း ႏွစ္ေယာက္သားအတူတူ
မင္ယြန္းဂီက သူငယ္ခ်င္းထယ္ေယာင္းအတြက္
ရွိခ်င္တာေရာ၊ဂ်ီမင္လည္း ကူးေလးအတြက္
ရွိခ်င္တာေၾကာင့္ ေနာက္ဆုတ္ထားရျခင္း။

" မ်ိဳးေစ့ေလးေမြးၿပီး နည္းနည္းၾကာရင္လက္ထပ္
မွာပါ၊ဒါေတြက မေရာက္ေသးဘူး၊ေမြးတဲ့ေန႔မတိုင္
မွီငါတို႔ကိုေျပာေနာ္၊အိမ္လာအိပ္မယ္၊ဒါမွလည္း
ငါတို႔သြားရအဆင္ေျပမွာ... "

" အင္း၊ထယ္ေယာင္းနဲ႔ဟိုေဆာ့က သီးသန္႔ေျပာထားၾကမွာဆိုေတာ့ သူ႔ေမးလိုက္ေတာ့မွ
ငါသိမွာ ဂ်ီမင္ရဲ႕... "

ကူးကေျဖေတာ့ ဂ်ီမင္လည္းဆက္မေမးေတာ့ဘဲ
ေခါင္းၿငိမ့္ျပၿပီး သူတို႔ႏွစ္ေယာက္ ဂယူ႔အိမ္ကို
ဆက္ေလွ်ာက္လာခဲ့ၾကသည္။ဂယူ႔အိမ္ကကူးရဲ႕
ေနာက္လမ္းမွာမို႔ သိပ္ေဝးေဝးေတာ့မေလွ်ာက္
ခဲ့ၾကရတာျဖစ္သည္။

ဂယူ႔အိမ္ကိုေရာက္ေတာ့ ကူးနဲ႔ဂ်ီမင္ကတံခါးေခါက္
မေနေတာ့ဘဲ အိမ္ထဲဝင္လာခဲ့သည္။သည္ေန႔က
ဂယူ႔မိဘေတြအိမ္မွာမရွိလို႔ ေတာ္ေသးသည္ေျပာ
ရမည္ျဖစ္သည္။

ကူးတို႔အိမ္ထဲဆက္ေလွ်ာက္ေတာ့မင္ဂယူက
ထြက္ေတာင္မႀကိဳႏိုင္သည္အထိကိုမီးဖိုခန္းထဲ အလုပ္ရႈပ္ေနတာျဖစ္သည္။ဂ်ီမင္ မီးဖိုခန္းထဲက
စားပြဲေပၚအထုတ္ေတြတင္ရင္း ေခၚလိုက္သည္။

" မင္ဂယူ၊မင္းအိမ္ကို ငါတို႔ဝင္လာတဲ့အထိအသံ
ေတာင္မၾကားဘူးဆိုေတာ့ သူခိုးဝင္လာတာေတာင္
သတိထားမိမဲ့ပုံ ေပၚမယ္မထင္ဘူးေနာ္... "

ဂ်ီမင္ရဲ႕စကားေၾကာင့္ မင္ဂယူကအေၾကာ္ေၾကာ္ဖို႔
မုန္႔ႏွစ္ကိုေမႊနယ္ေနရင္းမွ လွည့္ၾကည့္လာၿပီးစကားဆိုလာသည္။ကူးကိုေတာ့သြားတက္ေတြ
ေပၚသည္အထိရယ္ျပလာ၏။ကူးအရင္က
သေဘာက်တယ္လို႔ေျပာဖူးလို႔ ကူးကိုေတာ့
ၿပဳံးျပေနၾကအၿပဳံးေလးျဖစ္သည္။

" ငါသိပါတယ္ကြာ၊ဒါေၾကာင့္လည္းအျမန္လုပ္ေန
ရတာေပါ့မဟုတ္လား၊ကူးအျပင္မွာထိုင္ေနပါလား၊
ကိုယ္ခဏေန မုန္႔ေၾကာ္ဖို႔အနံ႔ထြက္ေနလိမ့္မယ္၊
ကူးအတြက္အဆင္မေျပဘူးေလ... "

မင္ဂယူက မုန္႔ႏွစ္ကိုေမႊေနရင္းမွကူးကိုၾကည့္ၿပီး
ေျပာလာသည္။ကူးကေတာ့ မင္ဂယူလုပ္ထားသည့္ထမင္းလိပ္ေလးေတြကိုၾကည့္ၿပီး စားခ်င္ေနဟန္
ရွိတာေၾကာင့္ ဂယူ႔ကိုေမးလိုက္ရေသးသည္။

" အြန္း...ကူးအျပင္ထြက္လိုက္ပါ့မယ္၊
ဒီထမင္းလိပ္ယူစားလို႔ရရဲ႕လား ဂယူ... "

ကူးကေမးေတာ့ ဂယူကသြားတက္ေတြေပၚသည္ထိ
ဆက္ၿပဳံးရင္းေျဖလိုက္သည္။ကူးကေတာ့
မ်က္ႏွာထက္ၿပဳံးရိပ္ေတာင္ပိုသန္းသြားသည္။

" ကူးအတြက္သီးသန္႔လုပ္ထားတာမို႔ ဧည့္ခန္းမွာ
ထိုင္ၿပီးေအးေဆးစားေနပါ၊မဟုတ္ဘူး ေညႇာ္နံ႔က
ထြက္ေနမွာမို႔၊ကိုယ့္အခန္းမွာေအးေဆးထိုင္ေနသင့္တယ္၊ခဏေနမုန္႔တစ္ခုခုလာထပ္ေပးမယ္... "

" အင္း မင္ဂယူ... "

ကူးကထမင္းလိပ္ပန္းကန္ကိုယူၿပီး ဂယူ႔ရဲ႕
အခန္းထဲသို႔ဝင္သြားသည္။ဂယူ႔အခန္းကကူးရဲ႕
အခန္းလိုပါပဲ၊က်ယ္လည္းမက်ယ္သလို၊တအား
က်ဥ္းေနတာလည္းမဟုတ္ေပ။

ကူးကုတင္ေပၚထိုင္ရင္း ထမင္းလိပ္ေလးေတြကို
တစ္ခုခ်င္းစီပါးစပ္ထဲထည့္ကာ တၿမဳံၿမဳံနဲ႔ဝါးေန
ရင္းပိုတာေလးေတြကို ပါးေဖာင္းေလးထဲဝွက္ထည့္
ထားသလိုျဖစ္တာေၾကာင့္ ပါးေဖာင္းေလးေတြနဲ႔
ခ်စ္စရာေလးျဖစ္ေနသည္။

ဂယူ႔အခန္းကစာၾကည့္သည့္ေနရာေလးမွာေတာ့
မွန္ေဘာင္အျပည့္ထည့္ထားတဲ့ ပုံေလးတစ္ပုံရွိ
သည္။ထိုပုံေလးက ကူးနဲ႔ဂယူGraduateအတူ
ယူထားသည့္ပုံေလးမွာ၊ကူးပါးေလးကိုမင္ဂယူက
နမ္းေနသည့္ပုံေလးျဖစ္သည္။ဂယူ႔စိတ္ရွိေသးတာ
ေသခ်ာေနလို႔ ကူးစိတ္မေကာင္းျဖစ္မိသည္။

ကူးေလးထရပ္လာၿပီး ထို​ဓာတ္ပုံေလးကိုယူ
ၾကည့္လိုက္ကာ တစ္ဖက္သို႔လွန္လိုက္သည္။
ကူးဆက္မၾကည့္ႏိုင္ဘူး။ဒီဆက္ဆံေရးက
ၿပီးျပတ္သြားတာၾကာၿပီ။ကူးအတြက္လည္း
အေျဖကရွိႏွင္ေနၿပီသားမို႔ ဒီပုံေတြကိုအတြက္
အာ႐ုံထဲထည့္မထားခ်င္ဘူး။

" ကူး...ကိုယ္ေတာင္းပန္ပါတယ္ အဲ့ပုံက-.. "

ကူးက ဓာတ္ပုံကိုမျမင္ေအာင္လွန္လိုက္တုန္း
အသံမေပးဘဲအခန္းထဲဝင္လာသည့္ဂယူေၾကာင့္
ကူးလန္႔ကာၾကည့္လိုက္မိသည္။ဂယူ႔လက္ထဲ
လုပ္လက္စ ဆလမြန္ငါးထမင္းလိပ္ကိုထပ္ေတြ႕
တာေၾကာင့္ လာပို႔ေပးတာျဖစ္သည္ဟုေတြးလိုက္
မိပါသည္။

" ရပါတယ္၊ဘာမွမျဖစ္ေတာ့ပါဘူး၊ကူးကဒီတိုင္း
ေလးၾကည့္ျဖစ္တာပါ၊စိတ္မပူပါနဲ႔... "

ဂယူ႔အေမးကိုကူးက ေလသံခပ္ေအးေအးေျဖ
လိုက္သည္။အရင္ကအခ်စ္ဦးဆိုေပမဲ့လည္း
အခုေတာ့ဆက္ဆံေရးေတြကြာျခားသြားၿပီမို႔
သူငယ္ခ်င္းထက္သာရွိေတာ့သည္ျဖစ္၏။

" ကိုယ္မင္းကိုခ်စ္ေနေသးတာ မွန္တယ္ဆိုေပမဲ့
ကိုယ္ မင္းကိုစိတ္ပူေနခဲ့တာ ကူး၊ကိုယ့္ကိုေျပာပါ..
ကူးတကယ္အဆင္ေျပရဲ႕လား၊ကူးတကယ္ပဲ
ကင္မ္ထယ္ေယာင္းနဲ႔ ေနရတာ--- "

" ရႈး!ကူးရဲ႕သားေလးေရွ႕ အဲလိုမေျပာပါနဲ႔၊
ၿပီးေတာ့ မင္ဂယူစိတ္ရွင္းသြားေအာင္ ကူးက
ေျပာစရာရွိတယ္၊အေရးႀကီးတာမို႔ပါ မင္ဂယူ... "

ကူးကကူးရဲ႕ႏႈတ္ခမ္းကိုလက္ညိဳးေလးထိၿပီး
တိတ္တိတ္ေလးေနေပးပါဆိုသည့္ ပုံစံေလးလုပ္ျပ
လာသည္။ဂယူကလည္းေခါင္းၿငိမ့္ၿပီး ကူးေလးေျပာသမွ်ကိုၿငိမ္ၿငိမ္ေလးနားေထာင္ေနခဲ့သည္။

- - - - -

ကုမၸဏီမွာအလုပ္ရႈပ္ေနသည့္ ထယ္ေယာင္းမွာ
သူ႔အသက္ေမြးဖို႔အတြက္ အလုပ္နားေတာ့မွာမို႔
စာရင္းေတြကိုေသခ်ာ အၿပီးလုပ္ေနတာျဖစ္သည္။
ဒါေတာင္ေယာင္းဝူကူလုပ္ေပးေနလို႔သာပဲ။

" ေယာင္းဝူ ေနာက္ထပ္scheduleေတြဘာမ်ား
ရွိေသးလဲ၊ငါလုပ္ေနတာေတြ အခုထက္ထိမၿပီး
ေသးဘူးလို႔ ငါထင္ေနတယ္... "

စစ္လို႔ၿပီးသည့္စာရင္းအခ်ိဳ႕ကို ေဘးဘက္မွာတင္
လိုက္ရင္း နက္ကတိုင္ကိုျဖဳတ္ကာသပ္သပ္ရပ္ရပ္
တင္ထားသည့္ဆံပင္ေတြက ပြေယာင္းေနၿပီမို႔
ပိုသပ္တင္လိုက္ကာ စကားဆိုလိုက္သည္။

" က်န္ေသးတယ္၊ေနာက္ေန႔ၾက Meetingတစ္ခု
ရွိပါတယ္၊designerခန္႔အပ္ဖို႔အတြက္လည္း
ဆရာကပိုေ႐ြးေပးရပါ့မယ္ဗ်၊ဒါေတြပါပဲ... "

ေယာင္းဝူက အတြင္းေရးမႉးေနရာမွာထိုင္ရင္းျဖင့္
စာရင္းေတြအမ်ားႀကီးကူစစ္ေပးေနသည္။ဒါေတာင္ ဆရာ့လက္မွတ္အတုမထိုးတက္တာမို႔
လက္မွတ္အတြက္သာဆရာ့ကိုၾကည့္ခိုင္းျဖစ္၏။

ေယာင္းဝူစကားေၾကာင့္ ထယ္ေယာင္းသက္ျပင္း
ရွည္ခ်လိုက္ရင္း ေ႐ႊအိုေရာင္ဆံပင္ေတြကိုပြေန
ေအာင္ျပန္ဖြလိုက္ကာ စကားဆိုသည္။

" အသက္က ကေလးေမြးပါေတာ့မယ္ဆိုမွ ငါက
အလုပ္ေတြမ်ားေနေသးတယ္၊ရတယ္မလုပ္ဘူး၊
ေယာင္းဝူ မင္းကအလုပ္ဆက္လုပ္ႏွင့္လိုက္၊ငါ
ျပန္ေတာ့မယ္၊ငါ့အသက္ကိုလြမ္းတယ္... "

ထယ္ေယာင္းကထရပ္ကာ သူ႔ကုတ္အနက္ကိုျပန္ဝတ္ရင္းမွ ေယာင္းဝူကိုေျပာလိုက္သည္။
ေယာင္းဝူေတာ့ ဥကၠဌရဲ႕စာရင္းေတြပါမ်ားၿပီျဖစ္သည္မို႔အသက္ရႈသံေတာင္ ထြက္မလာခ်င္ေတာ့တာအမွန္ပင္ျဖစ္သည္။သူ႔အသက္နဲ႔ေတြ႕ခ်င္
တာေတာင္ အလုပ္ကိုၿပီးေအာင္မလုပ္ဘူး။

ဒုန္း!

ထယ္ေယာင္းက တံခါးကိုပိတ္ကာထြက္သြားေရာ
ေယာင္းဝူမွာသက္ျပင္းရွည္ခ်ရင္း ဆရာ့ရဲ႕ခုံေပၚက
က်န္ရွိေနသည့္စာရင္းအထပ္လ္ိုက္ကို ၾကည္ရင္း
စကားဆိုေတာ့သည္။

" ဆရာက သူ႔အပိုင္နဲ႔ကရပ္ေဝးဆိုေတာ့ မေတြ႕ရၾကဘူး၊သနားလိုက္တာ၊လြမ္းလို႔ သြားေတြ႕ရတာ "

ေယာင္းဝူ႐ြဲ႕ေျပာလိုက္ၿပီး သူ႔အလုပ္ေတြဆက္လုပ္
ေနေတာ့သည္။ဆရာအလုပ္ျပန္ဝင္လုပ္လို႔အလုပ္
ေတြမၿပီးေနရင္ သူလက္သီးနဲ႔မ်က္ႏွာမိတ္ဆက္
ခံရမွာေသခ်ာေနတာျဖစ္သည္။ဒါေၾကာင့္အလုပ္ကိုၿပီးေအာင္လုပ္ရမည္။

" ဟူး!ေမာင့္အသက္ကလည္း လြမ္းပါတယ္ဆိုမွ
ဖုန္းလည္းမေခၚ၊မက္ေဆ့ခ်္ေလးေတာင္ေပးမလာ
ဘူး၊ဟမ္...GPSဖြင့္ထားတာပဲ... "

ကားထဲေရာက္ေတာ့ ထယ္ေယာင္းဖုန္းကိုၾကည့္ၿပီး
သူ႔အသက္ဖုန္းေခၚထားမလားလို႔ ၾကည့္လိုက္၏။
ကူးေလးဘက္က ဘာဖုန္းမွမေခၚထားေပမဲ့လည္း
Phone Locationၾကည့္ႏိုင္ရင္ GPSေတာ့အၿမဲ
ဖြင့္သြားတက္ေသးေတာ့ ေတာ္ေသးသည္။

ထယ္ေယာင္း ကူးေလးရွိရာေနရာကိုႏွိပ္ၾကည့္ေတာ့
ေရာက္ေနသည္က ကူးတို႔အရင္ေနတဲ့ေနရာကိုျဖစ္
ၿပီးထိုအိမ္ထက္ တစ္လမ္းေက်ာ္သည့္အိမ္ကိုသာ
ဆိုေတာ့ ထယ္ေယာင္းအံ့ဩသြားသည္။ဒီေနရာက
ဟိုလူမင္ဂယူေနသည့္ အိမ္သာျဖစ္သည္ေလ။

" ဟာ...ေမာင့္အသက္ကေတာ့ကြာ! "

ထယ္ေယာင္းစကားဆိုလိုက္ၿပီး ကားကိုအျမန္ေမာင္းကာထြက္သြားေတာ့သည္။သူစိတ္မခ်လို႔
အျပင္ေတာင္မလႊတ္တာကို အိမ္အထိေတာင္
ဘာေတြလုပ္ေနၾကတာလဲ။စိုးရိမ္သည္။သူ႔ကိုပစ္ထားခဲ့မွာကို အရမ္းေၾကာက္မိသည္။

- - - - -

ဂယူ႔အိမ္မွာ ကူးရယ္ဂ်ီမင္ရယ္က ဂယူလုပ္ေပးတဲ့ အစားေတြကိုအတူစားၾကတာမို႔ အခန္႔သားျဖစ္ေန
ေသးသည္။ကူးစားခ်င္သမွ်ကို ဂယူကအစပ္ေတြ
ေလွ်ာ့ေပးၿပီးခ်က္ေပးထားတာမို႔ ကူးေလးကႏွစ္
ေယာက္စာကို အႀကိဳက္စားေနသည္။

" ငါတို႔မင္ဂယူကေတာ့ အထက္တန္းထည္းကအခ်က္အျပဳတ္Skilက မေလွ်ာ့သြားဘူး၊တကယ္!
ေတာ္လိုက္တဲ့ ငါတို႔မင္ဂယူ... "

ဂ်ီမင္က အရည္ပြက္ပြက္ဆူေနေသာအိုးထဲမွဖက္ထုပ္တစ္ဖက္ကိုဆယ္စားရင္းေျပာလာသည္။
ကူးကေတာ့ၿပဳံးရင္း အစားကိုသာစားေန၏။
ဂယူဆိုလည္း မ်က္ႏွာအေနအထားကအဆင္မေျပ
မဲ့လည္း သူငယ္ခ်င္းေတြေရွ႕ေတာ့အားနာစြာျဖင့္
ၿပဳံးေနရေသးသည္။တကယ္တမ္းၾက သူမၿပဳံးႏိုင္ဘူး။

" ေက်းဇူးပါကြာ၊ေသခ်ာတာတစ္ခုေျပာရမလား၊
မ်ိဳးေစ့ေလးက ငါ့လက္ရာေတြကိုသေဘာက်ေနပုံပဲ၊ငါကေတာ့ခ်က္ေကြၽးခိုင္းရဖို႔ထပ္ရွိမယ္ထင္တယ္ ဂ်ီမင္ရယ္... "

ဂယူ႔စကားေၾကာင့္ ဂ်ီမင္ကကူးေလးဘက္ကိုၾကည့္
လိုက္သည္။ကူးေလးက ဂယူလုပ္ေပးထားသမွ်
အစားစာေတြအားလုံးကို အားရပါးရစားေနတာမို႔
ဂယူကေျပာလိုက္ျခင္းျဖစ္သည္။ဒါေၾကာင့္ဂ်ီမင္ကလက္မေလးေထာင္ျပရင္း ေထာက္ခံ၏။

" ေသခ်ာေလာက္တယ္၊ငါေျပာရရင္--- "

ဒုန္း! ဒုန္း! ဒုန္း!

" ေမာင့္အသက္!!ေမာင့္ကိုတံခါးဖြင့္ပါဦး၊အသက္!!
ေမာင္လာၿပီေလ၊မ်ိဳးေစ့ေလးရဲ႕ဒယ္ဒီလာၿပီ!! "

ဂ်ီမင္တို႔စကားဆက္ေနရင္း အျပင္ဘက္ကေနမွ
တံခါးကိုအဆက္မျပတ္တဒုန္းဒုန္းထုရင္းေအာ္
ေခၚေနသည္။ထယ္ေယာင္းဆိုတာ အတပ္သိတာမို႔
ကူးထသြားၿပီးတံခါးဖြင့္ဖို႔လုပ္ေတာ့ မင္ဂယူက
တားလိုက္သည္။

" ကိုယ္သြားဖြင့္ေပးလိုက္မယ္၊ကူး..ထိုင္ေန "

မင္ဂယူ႔စကားေၾကာင့္ ကူးမထေတာ့ဘဲထိုင္ေန
ေတာ့သည္။ကူးကကိုယ္ဝန္နဲ႔မို႔ ထမႏိုင္ေတာ့ဘူး။
ဒါေၾကာင့္ဂယူက ထသြားၿပီးတံခါးသြားဖြင့္ေပး
ေတာ့သည္။

ဂယူက အျပင္သို႔ထြက္လာၿပီးတံခါးအဆက္မျပတ္ေခါက္ေနသည့္ထယ္ေယာင္းေၾကာင့္ ေဘးပတ္ဝန္း
က်င္ကို အေႏွာက္အယွက္ေပးမိမည္ဆိုးလို႔အျမန္တံခါးဖြင့္ေပးလိုက္သည္။

" ခင္ဗ်ား!က်ဳပ့္အသက္ကို ဘာလို႔ေခၚထားတာလဲ၊
အသက့္မွာက်ဳပ္နဲ႔မ်ိဳးေစ့ေလးရွိေနၿပီ!သူကခင္ဗ်ားရွိ မလာဘူး!!! "

" သိတယ္၊သိတာမို႔ ငါ့ကိုလႊတ္စမ္း!ကူးနဲ႔ဂ်ီမင္က
အထဲမွာရွိတယ္၊ငါနဲ႔ကူးႏွစ္ေယာက္ထည္းရွိေနတာ
မဟုတ္ဘူး၊ကူးကအထဲမွာရွိေနတယ္... "

တံခါးဖြင့္ေပးသည္ႏွင့္ ဂယူရဲ႕အက်ႌေကာ္လန္စကို
ဆြဲကိုင္ကာအတင္းေမးေတာ့သည္။ေဒါသထြက္
ေနတာမို႔ ထယ္ေယာင္းမ်က္ႏွာတစ္ခုလုံးရဲတြက္
ေနတာျဖစ္သည္။ဂယူကအိမ္ထဲမွာရွိတယ္လို႔
ေျပာေရာ လည္သာဖိနပ္ေတာင္ေသခ်ာမခြၽတ္ဘဲ
အိမ္ထဲဝင္သြားတာျဖစ္သည္။

" ေမာင့္အသက္!ဘာလို႔ဒီကိုလာတာလဲကြာ၊သား..
သားမ်ိဳးေစ့ေလးရွိတယ္ေလ၊ေမာင္စိတ္ပူေနတာ၊
ေမာင္တို႔ျပန္ရေအာင္...လာပါဗ်ာ...ျပန္မယ္ "

" အာ့!!မင္းေဒါသမထြက္ပါနဲ႔ေတာ့၊မ်ိဳးေစ့ေလးက
ငါ့ကိုကန္ေနတယ္ ကင္မ္ထယ္ေယာင္း... "

ဧည့္ခန္းမွာဖက္ထုပ္ေၾကာ္ေတြစားေနသည့္ကူးရဲ႕
အနားကိုကပ္ကာ လက္ကိုအတင္းဆြဲလို႔ထျပန္ဖို႔
လုပ္သည္။မ်ိဳးေစ့ေလးကေတာ့ ထယ္ေယာင္းစိတ္တိုေနတာကို သေဘာမက်သည္ထင္ကူးရဲ႕
ဗိုက္ကိုတိုးကန္ေနတာျဖစ္သည္။

" ဘာျဖစ္တာလဲ ကင္မ္ထယ္ေယာင္း၊ဘာလုပ္ဖို႔
ျပန္မွာလဲဟင္...ဒီမွာထမင္းစားေနတာကို၊ဂယူလုပ္ေပးတဲ့ဟင္းေတြက အရမ္းစားေကာင္းတာ "

" ေမာင္တို႔ျပန္ရေအာင္ကြာ၊အသက္နားရမယ္ေလ၊
ေန႔လယ္ေရာက္ေနၿပီ၊အားေဆးေသာက္ၿပီးတေရး
ေလာက္ေတာ့ အားရွိေအာင္အိပ္ရဦးမယ္ေလကြာ "

ထယ္ေယာင္းကေျပာေတာ့ ကူးေလးကစားပြဲေပၚရွိ
ဖက္ထုပ္ေၾကာ္ေတြကို မ်က္ဝန္းဝိုင္းေလးေတြျဖင့္
ၾကည့္လိုက္ၿပီး ထယ္ေယာင္းကိုေခါင္းၿငိမ့္ျပ၏။
ထယ္ေယာင္းသတိေတာ့ ထားမိပါသည္။အသက္
ဖက္ထုပ္ေၾကာ္ေတြထပ္စားခ်င္ေနတာ။

" ေမာင္တို႔ျပန္ၾကမယ္၊အစ္ကိုဂ်ီမင္ေရာကြၽန္ေတာ္တို႔နဲ႔ျပန္လိုက္မလား၊ယြန္းဂီရွိသြားဦးမယ္ဆိုရင္
မလိုက္နဲ႔ေတာ့ေပါ့... "

ထယ္ေယာင္းက ကူးေလးထဖို႔ကူတြဲေပးလိုက္ရင္း
ဂ်ီမင္ကိုေတြ႕ေတာ့ေမးေလသည္။ဂ်ီမင္ကေတာ့
ေခါင္းခါျပရင္း စကားဆိုသည္။

" မလိုက္ေတာ့ပါဘူး၊ဒီေန႔သူငယ္ခ်င္းေတြဟင္း
ခ်က္စားၾကမယ္ေျပာၿပီး လာေနဖို႔သူ႔ကိုထားခဲ့တာ၊
သူ႔ရွိေတာ့ျပန္မသြားေတာ့ဘူး၊ကိုယ့္ဘာကိုယ္ပဲ
အိမ္ျပန္ေတာ့မယ္... "

ဂ်ီမင္ကဆိုလိုက္ေရာ ထယ္ေယာင္းကေခါင္းၿငိမ့္ၿပီးကူးေလးကိုေသခ်ာထိန္းကိုင္ေပးရင္းထြက္သြား
ေတာ့သည္။ကူးေလးကေတာ့ မ်က္ဝန္းျဖင့္သာ
ဂယူနဲ႔ဂ်ီမင္ကိုႏႈတ္ဆက္လိုက္ရသည္။

ဖိနပ္စင္နားေရာက္ေတာ့ ကူးကိုထယ္ေယာင္းက
ဖိနပ္ေသခ်ာစီးေပးေနသည္။ဂယူကလည္း
ထိုပုံစံေၾကာင့္ၿပဳံးလိုက္ပါသည္။သူတကယ္ပဲ၊
ကူးကိုစိတ္ခ်ပါသည္။

ကားေပၚကိုေရာက္ေရာ ကူးကိုမထိခိုက္ေအာင္
ထယ္ေယာင္းကခါးပတ္,ပတ္ေပးၿပီး ပါးေဖာင္း
ေလးကိုနမ္းေသးသည္။ကူးကေတာ့ထယ္ေယာင္း
အရင္လိုစိတ္မတိုေတာ့တာကို အံ့ဩမိသည္မို႔
ေမးလိုက္သည္။

" ကင္မ္ထယ္ေယာင္း ငါ့ကိုမင္းေဒါသမထြက္ဘူး
လားဟင္၊ငါက မင္းမသိဘဲအျပင္ထြက္တာ... "

ကူးစကားေၾကာင့္ ထယ္ေယာင္းကၿပဳံးလိုက္ၿပီး
ကားကိုအရွိန္ေလွ်ာ့ေမာင္းရင္းမွစကားဆိုလိုက္သည္။

" ဘာေဒါသထြက္စရာရွိလို႔လဲ၊ေမာင္ အသက္ကို
ကတိေပးခဲ့တယ္မလား၊ေမာင္ လိမၼာပါ့မယ္လို႔၊
ေမာင္ကအသက္ကိုယုံၾကည္တယ္ "

" ဟြန္း!ငါကေတာ့မင္းကိုစိတ္ဆိုးတယ္သိလား!
ဖက္ထုပ္ေၾကာ္ေလးေတြေတာင္ ဗိုက္ထဲမထည့္
လိုက္ရေတာ့ဘူး၊သားသားလည္း မင္းကိုေတာင္
စိတ္ေကာက္ေနၿပီ၊ဖက္ထုပ္ေတြကုန္ေအာင္မစား
လိုက္ရဘူး!မ်ိဳးေစ့ေလး စိတ္ေကာက္တယ္မလား "

ကူးေလးက ဗိုက္ေလးကိုပြတ္သပ္ရင္းေျပာေတာ့
မ်ိဳးေစ့ေလးက လႈပ္ရွားျပလာတာျဖစ္သည္။
ပါးပါးကူးေလးက လည္ပါသည္။မ်ိဳးေစ့ေလးက
သူ႔ပါးပါးအသံၾကားရင္ ပိုလႈပ္ရွားျပတယ္ဆိုတာ
သိတာမို႔ ဥာဏ္ဆင္လိုက္တာျဖစ္သည္။

" ဟားဟား...ဟုတ္ပါၿပီ၊ေမာင္ကပဲ အသက္နဲ႔
မ်ိဳးေစ့ေလးကို ေတာင္းပန္ပါတယ္ဗ်ာ... "

ထယ္ေယာင္းကျပန္စကားဆိုလိုက္ေတာ့ ကူးက
ၿပဳံးၿပီးေဘးပတ္ဝန္းက်င္ကိုၾကည္ရင္း ၾကာေတာ့
အိပ္ေပ်ာ္သြားသည္။ထယ္ေယာင္းကေတာ့အိပ္
ေနသည့္ပုံေလးကိုၾကည့္ၿပီး ေလးေထာင့္ဆန္တဲ့
အၿပဳံးေပၚလာေတာ့သည္။

အိမ္ေရာက္သည္အထိကူးေလးက မႏိုးလာတာမို႔
ထယ္ေယာင္းမွာအိပ္ေနသည့္ကူးေလးကို မထိခိုက္
မိေအာင္ ေသခ်ာေပြ႕ခ်ီလာေပးသည္။ႏႈိးဖို႔ကိုေတာ့
မစဥ္းစားေတာ့ဘူး။အသက္က သူတို႔ထက္အမ်ား
ႀကီးပင္ပန္းတာေၾကာင့္ပင္ျဖစ္သည္။

" ခ်စ္တယ္...ေမာင့္အသက္ မြ! "

အိပ္ယာေပၚခ်ေပးလိုက္ရင္း ပါးေဖာင္းေလးကို
ႏွာေခါင္းနစ္ဝင္ေအာင္နမ္းလိုက္ကာ သူ႔ကုတ္ကိုခြၽတ္ၿပီးဧည့္ခန္းသို႔ဆင္းသြားသည္။လုပ္စရာ
ေလးေတြရွိလို႔ေသခ်ာလုပ္ေပးဖို႔ျဖစ္သည္။

အတန္ၾကာေတာ့ ကူးေလးကအိပ္ရင္းမွတေရးႏိုးလာခဲ့သည္။ႏိုးႏိုးခ်င္းေဘးဘက္ကိုၾကည့္ေတာ့
အိပ္ယာေပၚကိုေရာက္ေနမွန္းသတိထားမိသည္။
ျပန္ေရာက္ၿပီဟုေတြးၿပီး ကင္မ္ထယ္ေယာင္းကို
ပတ္ပတ္လည္လိုက္ရွာမိသည္။

ထယ္ေယာင္းကိုမေတြ႕တာမို႔ ဗိုက္ပူေလးကိုထိန္း
ကိုင္ရင္းအိပ္ယာမွထလာကာ အခန္းထဲမွထြက္
လာခဲ့သည္။ေလွကားထပ္ကိုေတာ့ ေသခ်ာဆင္း
ေလွ်ာက္ေနရတာမို႔ သတိထားရသည္။မဟုတ္ရင္
ေခ်ာ္လဲမွာျဖစ္သည္။

" အဖိုးတန္ေလး ဘယ္လိုေတာင္တစ္ေယာက္
ထည္းဆင္းလာရတာလဲကြာ၊ထယ္ေယာင္းကို
ေခၚလိုက္လည္းရပါတယ္ဗ်ာ... "

ကူးေလွကားေတြကို ေသခ်ာထိန္းကိုင္ကာဆင္းလာသည္ကိုေတြ႕ေရာ ထယ္ေယာင္းရဲ႕ဒယ္ဒီလာကူတြဲ
ေပးတာျဖစ္သည္။ထယ္ေယာင္းကိုေတာင္ဆူေနလို႔
ကူးေတာင္ ၿပဳံးလိုက္ၿပီးမွေမးလိုက္သည္။

" အေဖ ကင္မ္ထယ္ေယာင္းေရာ ဘယ္ေရာက္ေန
တာလဲဟင္၊သူ႔ကို ကူးမေတြ႕ဘူးအေဖ "

" သူလား...ဒီမွာထိုင္ေန အဖိုးတန္ေလး၊ဒယ္ဒီက
သြားေခၚေပးမယ္၊ဗိုက္ဆာေနၿပီမလား "

အေဖကကူးေလးကို ထမင္းစားခန္းထဲသို႔ေခၚသြား
ၿပီး ေနရာမွာထိုင္ေစလိုက္သည္။ကူးေလးကေတာ့
အေဖခ်ေပးသည့္ေနရာမွာပင္ ထိုင္ေနရင္းမွ
ထယ္ေယာင္းကိုေစာင့္ေနေတာ့သည္။

" မင္းဒယ္ဒီ ဘယ္ေရာက္ေနလဲမသိဘူးသားေရ၊
ပါးပါးတို႔သူျပန္လာရင္ ဆူၾကမယ္ေနာ္... "

" ေမာင့္ကိုတကယ္ဆူမွာလား အသက္ "

ထယ္ေယာင္းအသံေၾကာင့္ ကူးလွည့္ၾကည့္လိုက္
ေတာ့ ထယ္ေယာင္းကလက္ထဲအနံ႔ေမႊးေမႊး
ပင္လယ္စာပန္းကန္ကို ကိုင္လာတာျဖစ္သည္။
တစ္ဖက္မွာေတာ့ ဖက္ထုပ္ေတြေၾကာ္ထားသည့္
ပန္းကန္ကိုျဖစ္သည္။

" ကင္မ္ထယ္ေယာင္း... "

" ေမာင့္အသက္က ေမာင္ေကြၽးတာေတြနဲ႔မ်ိဳးေစ့ေလးအတြက္ တည့္တာေတြပဲစားလိုက္ရတာမလား၊ၿပီးေတာ့ ဟိုလူခ်က္ေကြၽးတာအရမ္းႀကိဳက္
သြားမွာဆိုးလို႔ေမာင္က အသက္အတြက္ခ်က္ေပး
တာ၊ေမာင္၅ေခါက္ေလာက္ ႀကိဳးစားထားရတာ၊
ဒီအရသာက ပိုအဆင္ေျပတယ္ "

ကူးေလးေရွ႕ ပင္လယ္စာေခါက္ဆြဲပန္းကန္ခ်ၿပီး
ဖက္ထုပ္ေလးေတြကိုအစီအရီထည့္ေပးသည္။
ကူးကေတာ့ ထယ္ေယာင္းလုပ္ေပးတာေလးကို
ၾကည့္ၿပီးၿပဳံးေနေတာ့သည္။

ကင္မ္ထယ္ေယာင္းက ကူးအတြက္အမ်ားႀကီး
ေတြးေပးသည္မို႔ၿပဳံးၾကည့္ေနရင္း ကူးေရွ႕ကို
ဟင္းရည္ကိုမႈတ္ေပးၿပီးကမ္းေပးလာသည္။
ကူးလည္းခြံ႕ေကြၽးတာကိုျမည္းလိုက္ေတာ့
အရသာကအရမ္းႀကီးဆိုးေနတာမဟုတ္တာမို႔
သေဘာေတြ႕မိသည္။ထို႔ေနာက္ ဖက္ထုပ္တစ္ခုကို
တူျဖင့္ညႇပ္ရင္းေကြၽးေတာ့ ကူးေလးၿပဳံးလိုက္ၿပီး
လက္မေလးေထာင္ျပလိုက္သည္။

" အရမ္းေကာင္းတာပဲ စားလိုက္ရင္ႂကြပ္ႂကြပ္ေလး
ျဖစ္ေနတာ၊အရမ္းအရသာရွိေနတာပဲ... "

ကူးကေလးက တၿမဳံၿမဳံဝါးရင္းေျပာလိုက္ေတာ့
ထယ္ေယာင္းကၿပဳံးလိုက္ၿပီးေခါင္းၿငိမ့္သည္။
ကူးကေတာ့ဖက္ထုပ္ေလးေတြကိုယူစားေနရင္း
ထယ္ေယာင္းရဲ႕လက္ကိုၾကည့္မိသြားေတာ့၏။
ထိုလက္ေပၚမွာ အရည္ၾကည္ဖုေလးေတြေတာင္
ေတြ႕သြားေတာ့ ကူးစိတ္ပူသြားသည္။

" ကင္မ္ထယ္ေယာင္း!လက္ကဘာျဖစ္တာလဲ၊
အဖုေတြ၊ဟင့္...ဒါေတြလုပ္ရင္းျဖစ္တာလား၊
အရမ္းနာေနမွာပဲ..ကင္မ္ထယ္ေယာင္းရယ္ "

ကူးေလးက စားေနသည့္တူကိုခ်လိုက္ၿပီး
ထယ္ေယာင္းရဲ႕လက္ကို ယူၾကည့္ေတာ့
ဆီပူေလာင္ထားတာမို႔ အရည္ၾကည္ဖုေတြေရာ၊
အရည္မ်ားထိထားသလိုမ်ိဳး ေယာင္ယမ္းေနတာ
ေတြကာျမင္ရတာေၾကာင့္ ကူးအားနာမိသည္။
ကူးေၾကာင့္နဲ႔ထိခိုက္ခံရျပန္ပါသည္။

" ေမာင္ဘာမွမျဖစ္ဘူး၊မနာေတာ့ဘူး၊ဒါေလးက
အေပ်ာ့ပဲ၊ေမာင္သက္သာတယ္၊ေအးကုန္ေတာ့မယ္၊စားလိုက္ဦးဗ်၊ေမာင္ၾကည့္ေနမယ္ "

" ဟင့္အင္း!ငါမစားေတာ့ဘူး၊ေဆးလိမ္းေပးမယ္၊
ဦးေလးေရ ကူးကိုေဆးေသတၱာယူလာေပးပါဦး "

အိမ္ေတာ္ထိန္းက ေဆးေသတၱာယူလာေပးေတာ့
ကူးေလးက ထယ္ေယာင္းလက္ႏွစ္ဖက္လုံးကို
ႏူးညံ့စြာလိမ္းေပးေနသည္။ေဆးေသခ်ာလိမ္းေပး
ၿပီး ထယ္ေယာင္းကကူးေလးရဲ႕ပါးေဖာင္းေလးကို
နမ္းလိုက္သည္။

" ခ်စ္တယ္၊ေမာင္မင္းကိုတအားခ်စ္တာပဲ "

ထယ္ေယာင္းက ကူးေလးမ်က္ႏွာကိုၾကည့္ရင္း
ေျပာေတာ့ ကူးေလးကရွက္ၿပီးမ်က္ႏွာကိုတစ္
ဖက္လွည့္လိုက္သည္။ကူးအတြက္ရွက္လြန္းလို႔
မ်က္ႏွာခ်င္းေတာင္မဆိုင္ႏိုင္ေသးဘူး။

" အာ့!မ်ိဳးေစ့ေလး!ပါးပါးသိပါတယ္ဆို "

ကူးႏႈတ္ဆိတ္ေနရင္း ဗိုက္ထဲကမ်ိဳးေစ့ေလးက
ကန္လာသည္ေၾကာင့္ ဆူလိုက္တာျဖစ္သည္။
ထို႔အတူထယ္ေယာင္းက ဗိုက္ပူေလးကိုပြတ္ၿပီး
ရယ္လိုက္သလို ကူးေလးလည္းမ်ိဳးေစ့ေလးရဲ႕
'ရွိေနတယ္လို႔'သေဘာရွိတဲ့ပုံစံေၾကာင့္
ရယ္လိုက္ေတာ့သည္။

- - - - -

ကူးေလးမနက္ပိုင္း အခန္းထဲမွာမ်ိဳးေစ့ေလးကိုပြတ္ေပးကာ သီခ်င္းဆိုေပးၿပီးလမ္းေလွ်ာက္
ေနတာျဖစ္သည္။မ်ိဳးေစ့ေလးက ေမြးေတာ့မယ္
ဆိုေပမဲ့လည္း လႈပ္ရွားမႈေလးေတြေတာ့ညတိုင္း
ျပပါသည္။ထြက္ခ်င္ေနရင္ဘယ္ေလာက္ေတာင္
မ်ားကန္ေနမွာပါလိမ့္။

အေမနဲ႔ေမေမတို႔ကေအာက္ထပ္မွာရွိေနၾကတာမို႔
ကူးကေတာ့အခန္းထဲမွာပဲ လမ္းေလွ်ာက္ေန၏။
ႏႈတ္မွလည္း သူ႔သားေလးႀကိဳက္သည့္သီခ်င္း
ေလးကိုဆိုရင္းျဖစ္သည္။

" Twinkle twinkle little star, How I wonder what you are, Up above the world so high, like a diamond in the sky "

ကူးလမ္းေလွ်ာက္ေနရင္း ကူးရဲ႕ဖုန္းမွျမည္သံေပး
လာတာမို႔ သြားၾကည့္လိုက္ေတာ့ ထယ္ေယာင္းထံမွ
ဖုန္းလာတာေၾကာင့္ ကူးSpeakerဖြင့္ထားကာ
ကိုင္လိုက္ရင္းလမ္းဆက္ေလွ်ာက္ေနသည္။

' ေမာင့္အသက္...မနက္စာေရာေသခ်ာစားရဲ႕လား၊
ေမာင္ညကေတာင္းပန္ပါတယ္ကြာ၊အီတလီက
ဧည့္သည္က ေမာင္နဲ႔ယြန္းဂီကို လိုအပ္တာေဆြး
ေႏႊးဖို႔ဆိုၿပီးၾကာသြားတာမို႔ ေမာင္ကေတာ့
အလုပ္ခန္းကအခန္းထဲမွာပဲအိပ္လိုက္ေတာ့တာ၊
ယြန္းဂီက အိမ္ျပန္သြားေသးတယ္၊အသက္ကို
ဖုန္းဆက္ေျပာေသးတယ္မလား '

ထယ္ေယာင္းညက အလုပ္ေတြမ်ားေနတာေၾကာင့္
ဖုန္းေတာင္မဆက္ႏိုင္ဘဲအိပ္သြားတာျဖစ္သည္။
ဒါေၾကာင့္လည္း မနက္ေရာက္မွပဲကူးကိုဖုန္းဆက္
ျဖစ္သည္။ညကလည္း ယြန္းဂီလည္းကူးကိုဖုန္း
လွမ္းဆက္ေပးသည္။ထယ္ေယာင္းက အလုပ္မွာ
ညအိပ္လိုက္တာျဖစ္တာေၾကာင့္။

" ငါနဲ႔သားကိုစိတ္ပူမေနဘဲ မင္းကသာဂ႐ုစိုက္ပါ၊
အခုေရာအိမ္ျပန္လာေနတာလား၊ျပန္လာရင္လည္း
ျမန္ျမန္ျပန္လာ၊အာ့!မ်ိဳးေစ့ေလး!အာ့!!! ပါးပါး
နာတယ္ေလ!တအားေတြမကန္ပါနဲ!! "

ထယ္ေယာင္းနဲ႔ဖုန္းစကားေျပာရင္း မ်ိဳးေစ့ေလးက
သီခ်င္းဆိုတာကိုရပ္သြားသည္ထက္ ကူးေလးရဲ႕
ဗိုက္ကိုကန္ျပေနသည္က ပိုျပင္းလာသည္။

' အသက္...အဆင္ေျပရဲ႕လား၊မ်ိဳးေစ့ေလး!
ဒယ္ဒီေျပာတာနားေထာင္ပါဦး၊ေမြးဖို႔ေနာက္တစ္
ပတ္ေတာင္လိုေသးတာကိုကြာ... '

" အင္း...ေမြး..ေမြးေတာ့မယ္ထင္တယ္၊ဟင့္!
နားလည္ပါၿပီ...ျပန္လာပါေတာ့!! "

' ေမာင္ျပန္လာၿပီအသက္... '

ထယ္ေယာင္းကဖုန္းထဲကေန စိတ္ပူေနရင္းမွ
ကူးေလးကလည္း ေအာ္လိုက္ေတာ့ထယ္ေယာင္း
ဖုန္းခ်လိုက္ၿပီး ေအာက္ထပ္ကအေမ့ကိုဖုန္းဆက္လိုက္ေတာ့သည္။

ကူးကေတာ့ မ်ိဳးေစ့ေလးေၾကာင့္နာက်င္မႈကို
အံတုထားရင္း ရွိေနေတာ့သည္။မ်ိဳးေစ့ေလးက
ထြက္လာခ်င္တာကျမန္လိုက္တာ သားသားရယ္။

" ပါးပါးရွိတယ္ေနာ္၊ဒယ္ဒီ့ကိုေတြ႕ခ်င္တာလား၊
ဟူး!ကင္မ္ထယ္ေယာင္း!!မင္းငါ့ကိုတကယ္
ပင္ပန္းေအာင္လုပ္တာပဲ! ဟူး...အားတင္းထား! "

ကူးေလးကနာက်င္မႈကို တင္းထားရင္းသက္ျပင္း
ေတြအႀကိမ္မနည္းခ်ေနသည္။ထို႔ေနာက္ေမေမတို႔
တက္လာေတာ့ ထယ္ေယာင္းပါေရာက္လာသည္။
ေမေမတို႔ကလည္းအသည္းအသန္ျဖစ္ေနတာမို႔
ကူးဂ႐ုမစိုက္ႏိုင္ေတာ့ဘူး။

" နာေနတယ္မလား၊ေမာင္ေပြ႕ခ်ီသြားမယ္၊စိတ္ခ်၊
ေမာင္ရွိတယ္၊အင့္...ခဏေလးပဲသည္းခံထားပါ "

ထယ္ေယာင္းကကူးကိုေပြ႕မခ်ီသြားၿပီး ေလွကားကိုလည္းထိန္းဆင္းေနရသည္။ၿပီးတဲ့ေနာက္အသင့္
ရွိေနတဲ့သူတို႔အိမ္ကကားေပၚတက္လိုက္ရင္း
ေဆး႐ုံသို႔သြားေတာ့သည္။သူတို႔မသိသည္က ထြက္သြားတဲ့ကားႏွစ္စီးေနာက္တြင္ေတာ့
ကားတစ္စီးကၾကည့္ေနခဲ့သည္။

" ေမာင့္အသက္...နာေနေသးလား၊နာရင္လည္း
ေအာ္လိုက္ပါကြာ၊တစ္ခုခုေလ...ေမာင့္ဆံပင္ကို
ဆြဲတာတို႔ေလ၊ေမာင့္ကိုအႀကိဳက္ဆြဲထားပါ "

" ဟင့္...အင္း.. "

ေဆး႐ုံသြားသည့္လမ္းမွာ ထယ္ေယာင္းကၿငိမ္ေန
သည့္ကူးေလးကို သူ႔ရင္ခြင္ထဲထည့္ရင္း စိတ္ပူလို႔
ငိုရင္းေျပာေတာ့သည္။ကူးကေတာ့ နာက်င္ေန
သည့္ဒဏ္ကို အံတင္းတင္းႀကိတ္ၿပီးခံစားကာ
မ်က္ရည္က်ေနသည့္ထယ္ေယာင္းကိုၿပဳံးျပ
ေသးသည္။

ေဆး႐ုံကိုေရာက္ေတာ့ ဟိုေဆာ့နဲ႔တြဲဖက္ဆရာဝန္
ေရာက္လာၿပီး လွည္းေပၚတင္ေပးလိုက္သည္။
ဟိုေဆာ့ကစစ္ေဆးၾကည့္ေတာ့ ကူးရဲ႕အေျခေနက
ေမြးခ်င္ေနတာမို႔ ဟိုေဆာ့အတပ္သိလိုက္သည္။

" ေမြးခ်င္ေနၿပီမို႔ ေခၚသြားေတာ့၊ေစာေမြးခ်င္လို႔
သတိထားရမယ္၊အကုန္အဆင္သင့္ျပင္ထားလိုက္၊
ငါနဲ႔အစ္မအြန္းဂ်ဴအတူလာခဲ့မယ္... "

ကူးေလးကေမြးေတာ့မွာမို႔ ဟိုေဆာ့ကကူးကို
တင္ထားသည့္ကုတင္လွည္းကို ခြဲခန္းထဲအရင္
သြားေစလိုက္သည္။ဒါေၾကာင့္မို႔သူနာျပဳဆရာမနဲ႔ဆရာဝန္ေလးကိုမွာလိုက္ရသည္။

" ထယ္ေယာင္းအဆင္ေျပသြားမွာပါကြာ၊ငါက
မ်ိဳးေစ့ေလးကိုလည္း ေကာင္းေကာင္းေခၚလာခဲ့
မယ္၊အစ္ကိုကူးလည္းက်န္းမာတာမို႔စိုးရိမ္စရာ
မလိုဘူး၊မင္းစိတ္ကိုေလွ်ာ့ထားလိုက္၊မင္းေျပာတဲ့
ကိစၥကိုလည္း ငါေသခ်ာစီစဥ္ေပးမယ္၊ခြဲေမြးမွာမို႔
အဆင္မေျပတာေတာ့မရွိဘူး "

ဟိုေဆာ့က စိတ္လႈပ္ရွားေနသည့္ထယ္ေယာင္းကို
ၾကည့္လိုက္ကာ အားေပးစကားေျပာေပးသည္။
ထယ္ေယာင္းမွာေတာ့ အေနာက္ကလိုက္လာတဲ့
မိဘေတြမေရာက္ေသးခင္ တစ္ေယာက္ထည္းမို႔
စိတ္ပူေနတာေတြက ခပ္မ်ားမ်ားျဖစ္သည္။

" အင္းအင္း...အကူညီေတာင္းပါတယ္ကြာ၊
အသက္နဲ႔သားေလးကို မင္းကိုအပ္ပါတယ္ "

ထယ္ေယာင္းက ခြဲခန္းေရွေစာင့္ရင္းဟိုေဆာ့က
က်န္းမာေရးအတြက္ သန္႔ရွင္းဖို႔သြားလုပ္သည္။
သူနာျပဳဆရာမက ထယ္ေယာင္းရွိကခြဲဖို႔အတြက္
လက္မွတ္လာေတာင္းၿပီးေနာက္မွဟိုေဆာ့ကအခန္းထဲအေျပးဝင္ၿပီးခြဲခန္းဝတ္စုံေသခ်ာဝတ္ၿပီး ခြဲစိတ္ဖို႔စတင္လိုက္သည္။ထယ္ေယာင္းကေတာ့ အျပင္မွာေခါက္တုံ႔ေခါက္ျပန္လမ္းေလွ်ာက္ေနခဲ့သည္။

" သားထယ္...သားကူးေလးဝင္သြားၿပီလားဟင္၊
ေမေမ..စိတ္ေတြပူလိုက္တာကြယ္၊သားကူးေလး..
ေမေမ့သားေလး အဆင္ေျပပါေစကြယ္... "

" အဆင္ေျပသြားမွာပါ အစ္မရယ္၊မပူပါနဲ႔၊
အစ္မကလည္းအေမပဲ၊အားတင္းထားရမွာေလ "

ကူးေလးကခြဲခန္းဝင္ေနတုန္း ကူးေလးရဲ႕အေမကထယ္ေယာင္းမိဘေတြနဲ႔အတူ ေဆး႐ုံကိုေရာက္
လာခဲ့သည္။အဖိုးလည္းညိဳးငယ္ေသာမ်က္ႏွာထား
ျဖင့္ သူတို႔အဖိုးတန္ေလးကိုစိတ္ပူေနတာျဖစ္၏။

" ဒယ္ဒီ...ကြၽန္ေတာ္...ကြၽန္ေတာ့္အသက္ေတြ
အဆင္ေျပမွာမဟုတ္လား၊ကြၽန္ေတာ္စိတ္ပူတယ္၊
ကြၽန္ေတာ့္သားကအေစာထည္းကေမြးခ်င္ေနတာဗ်ာ၊ကြၽန္ေတာ္က...ကိုကိုအလွေလး... "

ကူးေလးအေမကငိုေရာ ထယ္ေယာင္းလည္းမေန
ႏိုင္ေတာ့ဘဲ မ်က္ရည္ေတြက်ၿပီး သူ႔ဒယ္ဒီအနား
သြားကာငိုေတာ့သည္။အေဖျဖစ္သူဆိုေတာ့လည္း
သူ႔သားထယ္ေယာင္းခံစားေနရလို႔ စိတ္ေကာင္းဘဲ သူ႔သားေခါင္းေလးကိုပြတ္ေပးေန၏။

ယခုမွအေဖေနရာတာဆိုေပမဲ့လည္း သူ႔သားက
အဖိုးတန္ေလးနဲ႔မ်ိဳးေစ့ေလးကို အရမ္းခ်စ္တယ္
ဆိုတာသိသာသည္။တစ္ခ်ိန္လုံးအရိပ္ၾကည့္ၾကည့္
ေစာင့္ၾကည့္ေနတယ္ဆိုတာအထိျဖစ္သည္။

" ဘာမွမျဖစ္ဘူး ဒယ္ဒီ မင္းကိုေျပာဖူးတယ္ေလ၊
မျဖစ္တာကိုျဖစ္တာအထိ အေတြးမလြန္နဲ႔၊
အဖိုးတန္ေလးက ေမြးလူနာျဖစ္တာေတာင္ခြဲစိတ္ခန္းထဲဝင္လို႔ ဘာအသံမွမထြက္ဘဲေနႏိုင္တယ္ဆိုတာကသန္မာတယ္ဆိုတာျပသြားတာ၊
နာက်င္မႈေၾကာင့္မဟုတ္ဘဲ သူ႔သားအတြက္
အားေတြစုထားတယ္ဆိုတာပဲ၊ဒီေတာ့သားလည္း
အဖိုးတန္ေလးနဲ႔မ်ိဳးေစ့ေလးအတြက္ အားတင္း
ထားရမယ္၊မပူနဲ႔ ငါ့သား...မင္းကြာ...ဒယ္ဒီ့သားက
ဘာမွမစိုးရိမ္ရဘူးေလကြာ "

" ကြၽန္ေတာ္ ေၾကာက္သြားလို႔ပါဒယ္ဒီရာ... "

ထယ္ေယာင္းက သူ႔အဖိုးနဲ႔ဒယ္ဒီနားမွာရပ္ကာ
ငိုေတာ့ အဖိုးေရာသူ႔ဒယ္ဒီေရာကေခါင္းေလးပြတ္
ေပးေနသည္။ဒယ္ဒီဆိုလည္း 'သိပါတယ္'ဟုဆိုၿပီး
ပုခုံးကိုပုတ္ေပးေနသည္။ခဏၾကာေတာ့ နမ္ဂြၽန္တို႔၊
ယြန္းဂီတို႔ေရာက္လာၾကၿပီး ေယာင္းဝူကလည္း
အလုပ္ကေနအေျပးလာကာ ေစာင့္ေနၾကသည္။

" ေမာင္ယုံၾကည္တယ္၊ေမာင့္အသက္ကေမာင္တို႔
ေသြးသားေလးကို ေသခ်ာေမြးလာေပးမွာ... "

" ဘာမွေတြးမေနနဲ႔ထယ္ေယာင္း၊အစ္ကိုကူးက
အဆင္ေျပသြားမွာ... "

ထယ္ေယာင္းက ခြဲခန္းနားလမ္းေလွ်ာက္ေနရင္း
နမ္ဂြၽန္တို႔ကေျပာလာတာမို႔ ေခါင္းၿငိမ့္လိုက္ၿပီး
ဆုေတာင္းေနေတာ့သည္။ကူးအေမဆိုလည္း
သူ႔သားေလးအတြက္ ဆုေတာင္းရင္းစိတ္လႈပ္ရွား
ေနလို႔ စိတ္ကိုၿငိမ္ေအာင္ထိန္းရေသးသည္။

" အူငဲ...အူငဲ...အူငဲ... "

" ဒယ္ဒီ့သားေလး... "

နာရီအနည္းငယ္ၾကာေတာ့ ခြဲခန္းထဲမွာကေလးရဲ႕
ငိုသံစူးစူးေလးထြက္လာေတာ့ ထယ္ေယာင္းလည္း
သက္ျပင္းရွည္ခ်ႏိုင္သလို ခြဲခန္းေရွ႕မွာရွိေနသည့္
လူေတြအားလုံးလည္း သက္ျပင္းခ်ႏိုင္ေတာ့၏။

ထယ္ေယာင္းဆိုေပ်ာ္လို႔ ဝမ္းသာလြန္းတာေၾကာင့္
ဒူးေထာက္ခ်လိုက္ေတာ့သည္။ထယ္ေယာင္းက
ေပ်ာ္လြန္းတာမို႔မ်က္ရည္ေတြေတာင္မသုတ္ႏိုင္
ေတာ့ဘူး။

" ေမြးလူနာ ကင္မ္ေဂ်ာင္ဂုကသားေယာက္်ားေလး
ေမြးဖြားပါတယ္ေနာ္၊ကေလးအေဖေရာ၊ကေလးေရာက်န္းမာပါတယ္၊ကေလးကိုခဏခ်ီလို႔ရပါတယ္၊ၿပီးရင္ေတာ့ ကေလးအတြက္ပိုးသတ္ေအာင္ nursey roomထဲထည့္ထားရမွာမို႔ပါရွင္ "

သူနာျပဳဆရာမက မ်ိဳးေစ့ေလးကိုအႏွီးထုတ္ျဖင့္
လုံေအာင္ထုတ္ထားရင္း ထယ္ေယာင္းထံသို႔
ကမ္းေပးလာသည္။ထယ္ေယာင္းလည္းမရဲတရဲ
ယူခ်ီလိုက္ေတာ့ မ်ိဳးေစ့ေလးကမ်က္စိေလးမပြင့္ေပမဲ့ အသံယဲ့ယဲ့ေလးေတြေပးလာသည္။

" အဲ့..အဲ့.. "

ထယ္ေယာင္းၾကည့္ရင္း မ်က္ရည္ေတာင္က်မိ၏။
တဆက္ထည္း ဖခင္ျဖစ္သူေနရာကိုေတာင္ရလိုက္
တာမို႔ စိတ္လႈပ္ရွားမႈေတြမ်ားၿပီးငိုမိသည္။

" အဲ့... "

" ဒယ္ဒီ့သားေလး... "

ကေလးကမ်က္လုံးေလးေတြပြင့္လာၿပီး သူ႔ဒယ္ဒီ့
အသံကိုၾကားေနတာမို႔ နားပိုစြံ႕ေနသည္။မ်က္လုံးေလးပြင့္လာတာမို႔ ထယ္ေယာင္းၿပဳံးလိုက္မိသည္။သားေလးက ကိုကိုအလွေလးနဲ႔သိပ္တူလြန္းသည္။

အသားျဖဴျဖဴၿပီး လုံးလုံးေလးျဖစ္ၿပီးခ်စ္စရာအလြန္ေကာင္းသည္။အခုက႐ုပ္လုံးမေပၚ
ေသးေပမဲ့လည္း ထယ္ေယာင္းရဲ႕မ်ိဳးေစ့ေလးက
ကိုကိုအလွေလးနဲ႔သိပ္တူလြန္းသည္။

" သားကူးေလးနဲ႔တစ္ပုံစံထည္းဆိုေပမဲ့လည္း
ေမေမ့သားထယ္ေလး ေမြးတုန္းကပါပဲလား၊
ပုံစံေလးက တအားခ်စ္စရာေကာင္းတာပဲ၊
အကို႔သားနဲ႔လည္း တူေသးတယ္ေနာ္..အကို... "

" ဟုတ္တာေပါ့၊သားနဲ႔လည္းတူေနတာကြာ... "

ထယ္ေယာင္းမိဘေတြက ထယ္ေယာင္းခ်ီထားတဲ့
ေဘးမွရပ္ရင္းသားေလးကိုၾကည့္ေနၾကသည္။
သားေလးကို အဖိုးကေရာအသည္းယားေနသလို
ကူးအေမကလည္း ၾကည့္ကာၿပဳံးေနေသး၏။
သူမခ်စ္ရတဲ့သားေလး အႏၲရာယ္ကင္းသလို
ေျမးေလးလည္း လူ႔ေလာကကိုေရာက္လာၿပီ။

နမ္ဂြၽန္နဲ႔ေဆာ့ဂ်င္ရယ္၊ယြန္းဂီရယ္နဲ႔ဂ်ီမင္တို႔အျပင္
ေယာင္းဝူမွာလည္း ေမြးလာသည့္သူ႔တူေလးကို
ေဘးကေနၾကည့္ရင္း ၿပဳံးေနမိသည္ျဖစ္သည္။

" ကြၽန္မယူသြားေပးၿပီး အခန္းထဲမွာထားလိုက္ပါ့
မယ္ေနာ္၊ကေလးအေဖကိုေတာ့ အခန္းေျပာင္းလိုက္မွာမို႔ အခန္းထဲမွာေစာင့္ေနလို႔ရပါတယ္ရွင္၊
နာရီနည္းနည္းၾကာရင္ ကေလးလာပို႔ေပးပါ့မယ္ "

သူနာျပဳဆရာမက ကေလးကိုေခၚသြားေတာ့မွ
ထယ္ေယာင္းတို႔လည္း ကူးေလးကိုေျပာင္းထားတဲ့
အခန္းကိုအေျပးသြားၾကသည္။ကူးေလးကေတာ့
သတိမရေသးေပမဲ့လည္း ထယ္ေယာင္းကအနား
သြားၿပီး လက္ျဖဴေလးကိုခပ္ဖြဖြကိုင္ရင္းနမ္း
ေတာ့သည္။လက္ျဖဴျဖဴေလးကႏူးႏူးညံ့ညံ့ေလးမို႔
ထယ္ေယာင္းႏူးညံ့စြာနမ္းလိုက္ပါသည္။

" ေက်းဇူးတင္ပါတယ္ ေမာင့္အသက္၊ေမာင္တို႔
မ်ိဳးေစ့ေလးေရာက္လာၿပီ၊ေမာင္တို႔ကဘဲ သားကို
သင္ေပးရေတာ့မွာ၊သတိျမန္ျမန္ျပန္ရလာေတာ့ဗ်၊
ေမာင္တို႔နာမည္အတူေပးၾကမယ္... "

ထယ္ေယာင္းက ကူးလက္ေလးကိုနမ္းၿပီးေျပာကာ
လက္ဖဝါးျဖဴျဖဴေလးကို သူ႔ပါးမွာကပ္ထားၿပီး
ၿငိမ္ေနေတာ့သည္။အဖိုးတို႔နဲ႔ဒယ္ဒီေရာအေမေရာ၊
ကူးေလးရဲ႕အေမေရာ၊နမ္ဂြၽန္တို႔အားလုံးကပါ
ၾကည့္ၿပီးၿပဳံးေနၾကတာျဖစ္သည္။သူတို႔လည္း
မ်ိဳးေစ့ေလးေရာက္လာလို႔ ပိုေပ်ာ္မိတာအမွန္။

" အင္း...မ်ိဳးေစ့ေလး... "

အတန္ၾကာေတာ့ကူးေလးက သတိလည္လာေတာ့
ထယ္ေယာင္းလည္း ဝမ္းသာသြားၿပီးအားလုံးက
ကူးႏႈိးလာေတာ့မွ ပိုေပ်ာ္သြားၾကေတာ့သည္။
ဟိုေဆာ့ကေတာ့က်န္းမာေရးလာျပန္စစ္ေပး၏။

" ကင္မ္ထယ္ေယာင္း..ေမေမ,အေဖရယ္၊အေမ..
အဖိုးတို႔ေရာ အားလုံးလည္းေရာက္ေနတာပဲ... "

" ဒါေပါ့သားကူးေလးရဲ႕၊အေမတို႔က သားကူးေလးအတြက္စိုးရိမ္ေပးေနတာ.... "

ကူးေလးသတိရလာၿပီးေတာ့ အခန္းထဲေရာက္ေနတဲ့အားလုံးကိုလိုက္ၾကည့္ၿပီး ၿပဳံးၾကည့္ေနရင္း
ကူးဗိုက္ေလးကိုသတိထားမိတာမို႔ ေဘးမွာထိုင္
ေနတဲ့ထယ္ေယာင္းကို ေမးလိုက္သည္။

" သားေရာ...သားမ်ိဳးေစ့ေလးေရာ၊ငါ..သားကို
ေတြ႕ခ်င္ေနၿပီရယ္၊ေတြ႕လို႔ရၿပီမလား... "

" ေတြ႕ရမွာေပါ့၊ေမာင္တို႔သားေလးက အရမ္းခ်စ္
စရာေကာင္းတာ၊ေမာင့္အသက္နဲ႔တူတယ္... "

ထယ္ေယာင္းကေျပာေတာ့ ကူးေလးၿပဳံးလိုက္ၿပီး
ေခါင္းၿငိမ့္ျပသည္။ကူးအရမ္းေတြ႕ခ်င္ေနၿပီ။
ကူးတို႔ရဲ႕သားေလးကိုကူးေတြဖို႔ကိုေတာင္
မေစာင့္ႏိုင္ေတာ့ဘူး။

" ကြၽန္ေတာ္ေခၚလာခဲ့မယ္ အစ္ကိုကူး... "

ဟိုေဆာ့က ကေလးေခၚဖို႔ထြက္သြားေတာ့
ကူးေလးက သားမ်ိဳးေစ့ေလးကိုေတြ႕ဖို႔အတြက္မ်က္ရည္ေတာင္က်မိသည္။ဗိုက္ထဲမွာအၾကာႀကီး
ထားထားရတဲ့အမဲစက္ေလးက အခုေတာ့လူ႔ေလာ
ကထဲကိုေရာက္ၿပီမို႔ ကေလးေလးကိုခ်ီၿပီးႏို႔တိုက္
ခ်င္ပါသည္ေလ။

" အဖိုးတန္ေလး ပင္ပန္းသြားၿပီေနာ္၊ေက်းဇူးပါ၊
အဖိုးတို႔မိသားစုထဲ ကံေကာင္း​ျခင္းေလးယူေဆာင္
လာေပးလို႔ အဖိုးတို႔ကေက်းဇူးတင္ပါတယ္ "

" ဒယ္ဒီတို႔ကအဖိုးတန္ေလးကို အမ်ားႀကီးေက်းဇူးတင္ပါတယ္ကြာ... "

အဖိုးေရာဒယ္ဒီနဲ႔အေမက ကူးေလးအနားကပ္
လာၿပီးေက်းဇူးတင္စကားေတြဆိုၾကသည္။
ကူးေလးမွာေတာ့အသံေသးေသးေလးျဖင့္သာ
ျပန္စကားဆိုႏိုင္သည္။ကူးအေမကလည္းအနား
ေရာက္လာၿပီး ကူးပါးျပင္ေလးကိုနမ္းေတာ့သည္။

" ေမေ့သားကူးေလး ပင္ပန္းသြားၿပီ၊ေျမးေလးေရာ
သားကူးေလးေရာက်န္းမာတာမို႔ ေမေမစိတ္ခ်သြားတာ၊ေမေမ့သားကူးေလးက တအားသန္မာ
တာပဲေနာ္... "

" ဟီးဟီး..အကုန္လုံးဂ႐ုစိုက္ေပးထားလို႔ကူးက
ေမြးႏိုင္တာပါ၊ကူးကေတာင္ျပန္ၿပီးေက်းဇူးတင္
ရမွာပါေနာ္... "

ကူးေလးကခ်စ္စရာေကာင္းစြာရယ္လိုက္ၿပီးေျပာ
ေတာ့ ကူးကိုတအားခ်စ္တဲ့ကင္မ္ထယ္ေယာင္းက
ပါးျပင္ေလးကိုတဖြဖြနမ္းေတာ့သည္။အားလုံးက
ရယ္ၿပဳံးလို႔ရွိေနခဲ့ၾကတုန္း ဟိုေဆာ့ကတံခါးကို
ဒုန္းစိုင္းတြန္းဖြင့္လာကာ ေမာဟိုေနေသာေလသံ
ျဖင့္စကားဆိုလာသည္။

ဒုန္း!

" ထယ္ေယာင္း!!!! မင္းတို႔သားမ်ိဳးေစ့ေလး
ေပ်ာက္သြားတယ္!!! "

To be continued ~

မ်ိဳးေစ့ေလးေမြးေပမဲ့ ျပႆနာပိစိေလးေတာ့
ျဖစ္သြားခဲ့ပါတယ္ဗ်ာ။

> >

Continue Reading

You'll Also Like

314K 6.9K 35
"That better not be a sticky fingers poster." "And if it is ." "I think I'm the luckiest bloke at Hartley." Heartbreak High season 1-2 Spider x oc
887K 41K 61
Taehyung is appointed as a personal slave of Jungkook the true blood alpha prince of blue moon kingdom. Taehyung is an omega and the former prince...
1.1M 45.6K 52
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...
33.5K 3.7K 24
𝑌𝑒𝑠 𝑀𝑎𝑗𝑒𝑠𝑡𝑦, 𝑦𝑜𝑢'𝑟𝑒 𝑡ℎ𝑒 𝑡𝑟𝑢𝑒 𝑚𝑜𝑛𝑎𝑟𝑐ℎ •••••••••••••••••••••••••••••••••••••••••••••• Taekook Omegaverse Start: 06/06/22 En...