39

1K 82 250
                                    

#Unicode

ထယ်ယောင်းတို့တွေ ညစာကိုအပြင်မှာစားခဲ့ပြီးအိမ်ပြန်ရောက်တော့သားအဖနှစ်ယောက်က
ကားရပ်နေတာကြောင့်ကူးလေးက သားရဲ့
အထုတ်တွေယူပြီးအိမ်ထဲသို့ဝင်လာခဲ့သည်။

အိမ်ထဲရောက်တော့ ဧည့်ခန်းဆိုဖာပေါ်တွေမှာ
အထုတ်တွေအများကြီးရှိနေတာမို့ ကူးအံ့ဩ
သွားသည်။ဘယ်တုန်းထည်းက သားအဖတွေ
ဝယ်ထားတာလဲမသိ။အများကြီးမို့ ကူးသက်ပြင်း
ခပ်ယဲ့ယဲ့ချပြီး အထုတ်တွေနားသွားကာစစ်ကြည့်
နေတော့သည်။

" အယ်...သားအရွယ်အဝတ်အစားတွေပါလား။
မောင်ကသူ့အတွက်တွေရော ဝယ်ထားတာပဲ။ "

ကူးလေး အထုတ်တွေအားလုံးယူစစ်ကြည့်တော့
တစ်ချို့အထုတ်တွေက သားရဲ့အဝတ်အစားတွေ
ဖြစ်ပြီး ကျန်အထုတ်တွေကတော့ မောင်ကအဝတ်
အစားတွေအများကြီးဝယ်ထားသေးသည်။ကူးဖို့ပါ
ဝယ်ထားပေးတာကြောင့် ပြုံးလိုက်ပေမဲ့လည်း
ပိုက်ဆံဖြုန်းနေတာကိုတော့ ကူးလက်မခံပါ။

" အ...ပ..ပ..အဲ... "

ကူးအဝတ်တွေကြည့်နေရင်း သားအဖနှစ်ယောက်
အိမ်ထဲဝင်လာကြသည်။ကူးကတော့ သားရဲ့အသံ
ကြောင့်ပြုံးလိုက်ရင်း အဝတ်တွေကိုပြန်ထည့်လို့
သားတို့ဘက်ကိုလှည့်ကြည့်လိုက်သည်။ခါးစပ်မှာ
လက်ထောက်ရင်းဖြင့် ရှည်ကျနေသည့်သူ့ဆံပင်ကို
သပ်တင်ကာ သားအဖနှစ်ယောက်ကိုလှည့်ကြည့်
လို့ စကားဆိုလိုက်သည်။

" မောင်...ဒါတွေဘာလို့အများကြီးဝယ်ထားတာလဲ။မောင်ပိုက်ဆံတွေအရမ်းဖြုန်းတာပဲနော်။
Cardတွေကူးသိမ်းထားမှရမယ်ထင်တယ်။ "

ကူးလေးကဆိုတော့ ထယ်ယောင်းပြုံးရင်းမှ
လည်စလုတ်ကိုလှုပ်ရှားမိတော့သည်။သားကိုချီလို့
ကူးအနားကိုလာကာ အချိုသပ်နည်းဖြင့်ပြုံးပြ၏။

" Cardတွေကသိမ်းချင်သိမ်းပါ။တကယ်တော့ မောင်ဝယ်ချင်တာမဟုတ်ဘူး။သား...သားကကွာ။
တစ်နေရာဝင်တစ်နေရာထွက်ဆိုပြီး အကုန်ဆွဲနေလို့၊ဝယ်ပေးလိုက်ရတာ။ "

" သားကအဲ့လိုတွေဆွဲတက်လို့လား။ပါးပါးသားက
အရမ်း လိမ္မာနေတာပါနော်။သားဒယ်ဒီကသားကိုမဟုတ်တာတွေပြောတာနေမယ်။ "

Between The Hate [ Completed ]Where stories live. Discover now