31

767 83 163
                                    

#unicode

ထယ်ယောင်းဒဏ်ရာဖြစ်သည့်ညထည်းက ကူးက
အတော့်ကိုဂရုစိုက်ပေးသည်။ညဘက်တောင်မှ
ကင်မ်ထယ်ယောင်းက သူ့အသက်ကိုဖက်မအိပ်ရ
ရင်တောင်အိပ်မပျော်တာကို အနာထိမှာဆိုးပြီး
လက်မောင်းပေါ်လာမအိပ်သည်မို့ ဟိုဆော့က
ကူညီပေးတာတောင် မှားပြီးလာလို့ထင်ရသည်။

မနက်ရောက်ပြန်တော့ ကူးလေးကကိုယ်ဝန်ကြောင့်
ဗိုက်ဆာသည်မို့ စောစောထသည်။ဘေးဘက်မှနှစ်ခြိုက်စွာအိပ်နေတဲ့ ထယ်ယောင်းကိုတော့
ကူးလေးမနှိုးနေတော့ဘူး။သူလည်း ကူးနဲ့ကလေးလေးကိုအမြဲဂရုစိုက်ပေးထားလို့ ပင်ပန်းနေမှာ။

" မောင့်ကိုမနှိုးတော့ဘဲ ထသွားတော့မလို့လား "

ကူးလေးကအိပ်နေသည်ထင်ပြီး ဗိုက်ပူလေးကို
ထိန်းကိုင်ကာထထွက်သွားပေမဲ့ ဘယ်ထည်းက
နိုးနေမှန်းမသိသည့် ထယ်ယောင်းကအသံပေး
လာတော့ ကူးလေးမျက်ဝန်းဝိုင်းတွေဖြင့်ကြည့်ကာ
မေးလိုက်သည်။

" ဘယ်ထည်းကနိုးနေတာလဲ ကင်မ်ထယ်ယောင်း "

ကူးလေးက ကူးအိပ်ထားသည့်ခေါင်းအုံးကိုသေချာပြန့်အောင် ဖြန့်လိုက်ရင်းမှမေးတော့
ထယ်ယောင်းကလည်း သူ့ခေါင်းအုံးကိုပြန့်အောင်
ဖြန့်ဖို့လုပ်သည်။ဒါကကူးလေးရောက်မှပြောင်းလဲ
သွားတဲ့ထယ်ယောင်းရဲ့အကျင့်တွေဖြစ်သည်။

" လက်နာနေတယ်မလား..မလုပ်ပါနဲ့၊ငါကပဲ
လုပ်ပေးပါ့မယ် ကင်မ်ထယ်ယောင်းရယ် "

ကူးလေးက ထယ်ယောင်းအိပ်သည့်ထောင့်နားကို
လျှောက်လာပြီး ခေါင်းအုံးကိုသေချာဖြန့်ပေးပြီး
ပြန့်အောင်လက်ဖြင့်ခပ်ဖွဖွလေး တိုက်ပေးသည်။
ထယ်ယောင်းက အမူအရာလေးကိုသဘောကျပြီး
ပြုံးနေသေး၏။တကယ်ချစ်စရာကောင်းတာဗျ။

" ကိုကိုအလှလေးက မောင်ပေးထားတဲ့နာမည်နဲ့
လိုက်တယ်နော်၊မောင့်အတွက်အလှလေးဖြစ်နေ
တာ၊သီးသန့်မောင့်တစ်ယောက်ထည်းအတွက် "

ထယ်ယောင်းက ကူးလေးရဲ့မျက်နှာလှလှလေးကို
ကြည့်ရင်းပြောတော့ ကူးလေးရဲ့မျက်နှာပန်းရောင်
သန်းသွားပြီး ရှက်သည့်အမူအရာလေးဖြစ်နေ၏။
ထယ်ယောင်းက သဘောကျလို့ကူးလက်လေးမှဆွဲ
ကာကုတင်ပေါ်ထိုင်စေပြီး ဗိုက်ပူလေးပေါ်သို့လက်တင်ကာ စကားဆိုနေတော့သည်။

Between The Hate [ Completed ]Unde poveștirile trăiesc. Descoperă acum