35

794 90 148
                                    

#unicode

နမ်ဂျွန်နဲ့ယွန်းဂီတို့ယောင်းဝူက ဟိုဆော့ထံမှကြားပြီးထည်းကအပြင်ကိုပြေးထွက်သွားခဲ့ကြကာလိုက်ရှာနေတော့သည်။ကူးလေးမှာတော့
မျက်ရည်တွေကျပြီးရင်ဘက်ကိုဖိရင်း
ပြေးဆင်းသည်။

" ဟင့်အင်း...မဖြစ်ရဘူး၊ပါးပါးသားလေး...
ပါးပါးကလေးလေး!!! အင့်ဟင့်... "

ကူးလေးကဆေးပိုက်တွေကိုဆွဲဖြုတ်ပြီးတော့
မျိုးစေ့လေးကိုရှာဖို့အတွက် ထလာလေသည်။
ထယ်ယောင်းကတော့ ကူးလေးကိုတားဖို့အတွက်
လက်လှမ်းဆွဲလိုက်ပေမဲ့လည်း သူ့ကိုတောင်အတင်းရုန်းထွက်သွားပြီး တံခါးဝနားကိုပြေးရင်း
ချော်လဲသွားသေးသည်။

" အင့်...ပါးပါးသားလေး! အား! "

" မောင့်အသက်... "

ကူးလေးချော်လဲသွားတော့ ထယ်ယောင်းကအနား
ရောက်လာပြီးဖက်ထားလိုက်သည်။ကူးလေးက
ဗိုက်ခွဲမွေးထားတာမို့ ချုပ်ရိုးရာကဖြည်ကျသွားသည်ထင်၏။သွေးစတို့ ထွက်လာတော့သည်။

" အင့်...မရဘူး!!!ငါ့သား!!!ငါ့သားကိုပြန်ခေါ်ပေး၊
ငါ့သားလေး!!ငါသေချာလေးဗိုက်ထဲမှာ
ဂရုစိုက်ထားတာ!!အား!!! သားသား... "

ကူးလေးကထယ်​ယောင်းဖက်ထားရာမှရုန်းပြီး
တံခါးနားကိုသွားရန်လက်လှမ်းနေသည်။ဗိုက်ကို
ချုပ်ထားသည့် ချုပ်ရိုးပြဲသွားတဲ့နာကျင်မှုကို
ဂရုမစိုက်နိုင်ဘဲ အရူးတစ်ယောက်လိုကူးက
အော်ငိုနေခဲ့သည်။

" သားကူးလေး...စိတ်လျှော့ပါဦး... "

မိခင်ဖြစ်သူကအနားလာပြီးတားတာတောင်
ခေါင်းကိုအသွင်သွင်ခါရမ်းကာ တံခါးနားကို
သွားရန်သာဖြစ်နေသည်။

" အစ်ကိုကူး..စိတ်လျှော့ပါဦး၊ချုပ်ရိုးကနာနေပြီ၊
သိပ်မလှုပ်ရှားပါနဲ့၊ပိုနာလိမ့်မယ်... "

" ဟုတ်တယ်...မောင့်အသက်နာနေပြီလေကွာ၊
မရုန်းပါနဲ့၊မောင်က သားလေးကိုကိုယ်တိုင်ရှာလာ
ခဲ့ပေးပါ့မယ်ကွာ... "

ဟိုဆော့ကလည်း ကူးရဲ့ချုပ်ရိုးပြဲသွားမှာဆိုးလို့
တားနေပေမဲ့ သားဇောကြောင့်အပြေးထဖို့လုပ်နေ
သေးတာကြောင့် ထယ်ယောင်းမှာလည်းသန်မာ
သောလက်တွေဖြင့် တင်းနေအောင်ချုပ်ထား၏။
ထယ်ယောင်းအဖေဆို သူ့တပည့်တွေကိုလူလွှတ်
ရှာခိုင်းနေပြီဖြစ်သည်။

Between The Hate [ Completed ]Where stories live. Discover now