တရားဝင်သမီး လက်ထပ်ထိမ်းမြားခြ...

Da Swae_Nyoe

103K 9K 42

ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက... Altro

Description
Part 1
Part 2
Part 3.1
Part 3.2
Part 4.1
Part 4.2
Part 5.1
Part 5.2
Part 6.1
Part 6.2
Part 7.1
Part 7.2
Part 8.1
Part 8.2
Part 9.1
Part 9.2
Part 10.1
Part 10.2
🥰🥰တယ်လီဂရမ်ဂရုလေးရရှိပြီ ဖြစ်ပါကြောင်း
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part21
Part 22
Part 23
Part 24
Part 25
Part 26
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36.1
Part 36.2
Part 37.1
Part 37.2
Part 38.1
Part 38.2
Part 39.1
Part 39.2
Part 40.1
Part 40.2
Part 41
ဗီလိန်အတုမှ အမြောက်စာဇာတ်ကောင်သို့... အစအဆုံးပြီးဆုံးကြောင်း...
Part 42
Part 43
🌤️May Breeze Promotion နောက်ဆုံးရက်🌤️
Part 44
Part 45
Part 46
Part 47
Telegram ကို လာခဲ့နော်
🌅Summer Mood Promotion🌅
Part 48
Part 49

Part 27

1.1K 129 1
Da Swae_Nyoe

အခန်း (၂၇)

ရှန်ရုယွင်က သည်းမခံနိုင်တော့ဘူး။ အခုလက်ရှိမှာ သူမရဲ့ ဂုဏ်အဆင့်အတန်းက ပြောင်းလဲသွားပြီ။ တကယ်လို့ သူ့အစ်ကို ရှန်းယွီရုန်ကသာ ထိပ်ဆုံးဂုဏ်ထူးနဲ့အရာရှိမဖြစ်လာဘူးဆိုရင် မနှစ်ထဲက သူမဟာ မြို့ထဲက ဝိုင်အရက်ရောင်းတဲ့ လုပ်ငန်းအသေးစား ဆိုင်ပိုင်ရှင်နဲ့ပဲ လက်ထပ်ရမှာဖြစ်ပြီး အဲဒီအချိန်တုန်းက အဲ့လိုလူနဲ့ လက်ထပ်​ဖြစ်ရင်တောင် သူ့အဆင့်အတန်းက နည်းနည်း မြင့်တက်သွားတယ်လို့ ယူဆလို့ ရဦးမှာဖြစ်တယ်။ ဒါပေမယ့် အခုကမတူတော့ဘူးလေ...သူ့အစ်ကိုက ဧကရာဇ်ကိုယ်တိုင်က ချီးမြှောက်ခံထားရတဲ့ ဂုဏ်ယူစရာ အရာရှိတစ်ယောက်ဖြစ်သွားပြီ။ အဲ့တော့ သူမရဲ့ဂုဏ်အဆင့်အတန်းကလည်း တစ်ဆင့်ချင်း တက်သွားပြီ။ရှန်းယွီရုန်ကအလားအလာရှိတဲ့အပြင် မင်းသမီး ယုံနင်းရဲ့ထောက်ခံအရေးပေးမှုရထားတာကိုလည်း သူမသတိထားမိတယ်။ အနာဂတ်မှာ သူတို့ရဲ့ ရှန်မိသားစုက ဒီထက်ပိုပြီး ပြောမပြနိုင်လောက်အောင် ဂုဏ်အဆင့်အတန်းက ပိုမြင့်ရင်လည်း မြင့်သွားနိုင်တာပဲ။ အဲ့တော့ ဆိုင်ပိုင်ရှင်မဆိုထားနဲ့ သာမန်အရာရှိတွေရဲ့သားတွေကိုတောင် သူမက မျက်စိထဲ မထည့်တော့ဘူး။

သူမရဲ့ နှလုံးသားထဲမှာတော့ လူတစ်ယောက်ရှိခဲ့တယ်..သူက ယန်ကျင်းရဲ့လူချောလေး ဂုဏ်ပုဒ်ရထားတဲ့ အမတ်ချုပ်ကြီးနင်းယွမ်ရဲ့ ဆက်ခံသူ ကျိုးယန်ပန်ပဲဖြစ်တယ်။ ကျိုးယန်ပန်က ကောင်းကင်ပေါ်က ​မြင့်မြတ်တဲ့ တိမ်ကလေး...သူမကတော့ မြေကြီးပေါ်က ရွှံ့သာသာ အခြေအနေတုန်းထဲက သူမကသူ့ကို တိတ်တိတ်လေး ခိုးကြည့်ကာနှစ်သက်စုံမက်ခဲ့ရတာ ဖြစ်တယ်။ ဒါပေမယ့် အခြေအနေတွေဟာ ပြောင်းလဲသွားခဲ့ပြီ..အခုသူမက အဆင့်တစ်ခုမှာရှိနေပြီး ကျိုးယန်ပန်ရဲ့ဇနီးအဖြစ်တောင် ရပ်လို့ရတဲ့နေရာမှာ ဆိုတာ ရှန်ရုယွင်က သဘောပေါက်သွားတယ်။

မည်သို့ပင်ဖြစ်စေကာမူ ကျိုးယန်ပန်ဟာ ငယ်စဥ်ကတည်းက ကျန်းအိမ်တော်ရဲ့ အကြီးဆုံးသမီး ဂုဏ်သရေရှိ ဒုတိယ သခင်မလေးနဲ့ လက်ထပ်ဖို့ရာ စီစဉ်ထားပြီးခဲ့တာ ဖြစ်တယ်။ ကျန်းသခင်မလေး ၂ ရဲ့ရက်စက်ဆိုးယုတ်တဲ့ လုပ်ရပ်ကြောင့် အမတ်ကြီးနင်းယွမ်တို့က ဒီလိုစရိုက်မျိုးနဲ့ မိန်းကလေးကို သူတို့အိမ်ထဲပေးမဝင်စေချင်ခဲ့ဘူး။ ဒါပေမဲ့ လူကြီးတွေရဲ့ ကတိကဝတ်အရ လက်ထပ်ပွဲကိုဖျက်သိမ်းလို့မရတော့ ဒုတိယ သခင်မလေးအစား သင့်တော်တဲ့ တတိယ သခင်မလေးက အစားထိုးဝင်သွားတာဖြစ်တယ်။

ယန်ကျင်းက လူတွေ အားလုံးက ဒီကိစ္စကို အာ​ပေါင်အာရင်းသန်သန် ဆွေးနွေးနေကြပေမဲ့ ကျန်းသခင်မလေးနှစ် ရဲ့ လက်ထပ်မှုဟာ မတရားသဖြင့် အစားထိုးခံရမှုကို လွဲမှားတယ်လို့ ယူဆပြီး သူမဘက်ကရပ်တည်ပေးသူ တစ်ဦး တစ်ယောက်မှ မရှိခဲ့ဘူး။ အကြောင်းရင်းကတော့ သူတို့နေရာမှာ ငါတို့သာဆိုလည်း ရက်စက်ယုတ်မာတဲ့ ဒုတိယသခင်မလေး ထက် နူးညံ့နှစ်လိုဖွယ်ကောင်းတဲ့ သခင်မလေး၃ ကိုပဲရွေးမှာ ဆိုပြီး တွေးကြလို့ပဲ။

ဒီနေ့ကျန်းသခင်မလေး၃က လက်ထပ်ရမဲ့အရွယ်ရောက်သွားပြီဆိုတော့ မကြာခင်မှာပဲ သူတို့နှစ်ယောက်ရဲ့ ထိမ်းမြားမှုက လက်စသတ်လိမ့်မယ်။ ရှန်ရုယွင်တစ်ယောက် မဖြေသာနိုင်ဖြစ်နေတာကြောင့် သူ့အမေနဲ့လိုက်လာပြီး သူသဘောကျရတဲ့လူရဲ့ ဇနီးလောင်းကဘယ်လို ပုံစံရှိလဲဆိုတာ ကြည့်ချင်လို့ဖြစ်တယ်။ ဒါကြောင့်သူမက ပွဲရဲ့ အဓိကသူထက် ပိုပြီး ထင်ရှားအောင် တောက်တောက်ပပဝတ်လာခဲ့တယ်။

ပွဲလာတဲ့သူတွေအကုန်လုံးက ကျန်းယွမ်ပိုင်တို့ အကြိုက်လိုက်ကာ ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ချင်ပြီး ကျန်းယို့ရောင် ကိုလည်းမြင်ချင်ကြတာကြောင့် သူမကို အလေးပေးတဲ့အနေနဲ့ လှတယ်ဆိုရုံလောက် အရောင်သိပ်မတောက်တဲ့အဝတ်အစားတွေပဲ ဝတ်လာခဲ့ကြတယ်။

ကျီရှုးရန်လည်းပဲ ထိုသခင်မလေးရဲ့ဝတ်စားလာပုံကို မြင်ပြီး စိတ်မသာမယာဖြစ်သွားပေမဲ့ ကျန်းယွမ်ပိုင်က ထိုရှန်သခင်လေးက နယ်နယ်ရရအထင်သေးစရာမဟုတ်ဘဲ ရှန်မိသားစုကို သူတို့ဘက်ပါအောင် စည်းရုံးသိမ်းသွင်းလို့ရရင် ပိုတောင်ကောင်းသေးတယ်ဆိုတဲ့အကြောင်း ပြောထားတာကို ပြန်သတိရသွားပြီး မျက်နှာကိုပြန်ထိန်းကာ အရင်လိုပဲ ပြုံးနေတော့တယ်။

ကျီရှုးရန်နဲ့ ဆက်ဆံရေးကောင်းပြီး ကျော်ကြားတဲ့အိမ်တော်က သခင်မတစ်ယောက်ကမေးတယ်။

"အိမ်တော်က ဒုတိယ သခင်မလေးက ပြန်လာတာ ရက်အနည်းငယ်ရှိပြီဆို ဒီနေ့ဒီပွဲကို သူမတက်ဘူးလား"

ကျီရှုးရန်က ပြောလိုက်တယ်။

"သေချာပေါက် လာမှာပေါ့ ဖြီးလိမ်းပြင်ဆင်နေတာ မပြီးသေးလို့နောက်ကျနေတာ ဖြစ်ပါလိမ့်မယ်"

သူမရဲ့ စကားပြောပုံက ကျန်းလီက သူမရဲ့ဆုံးမပဲ့ပြင်ပေးမှုကို နားမထောင်သလို လေသံနဲ့။ အသေအချာပါပဲ သူအဲ့လိုပြောလိုက်တော့ အနားကအမျိုးသမီးတွေအားလုံးက ကိုယ်ချင်းစာသလို အကြည့်တွေ အသီးသီး ဖြစ်သွားတော့တယ်။ တချို့ပွင့်လင်းတဲ့ စိတ်သဘောထားရှိကြတဲ့ အမျိုးသမီးတွေက ပြောတယ်။

"ဒီသခင်မလေးက ယန်ကျင်းကို ပြန်မလာတာ အတော်ကြာပြီဆိုတော့ လိုက်နာသင့်တဲ့ စည်းကမ်း အစဥ်အလာတွေကို မသိလောက်ဘူး... အရမ်းငယ်သေးတဲ့အချိန်မှာ ထွက်သွားရတာဆိုတော့ သိရင်တောင် နည်းနည်းပဲ ရှိလိမ့်မယ် အဲ့တုန်းကလည်း ငယ်သေးတော့ သွန်သင်ဖို့ခက်မှာပဲ ဒါပေမယ့် အခု....."

စကားကမပြီးသေးပေမဲ့ သူမ ဆိုလိုချင်တာက အရှင်းကြီးပဲ။ ကျီရှုးရန်က အချိန်ကိုက် သက်ပြင်းချလိုက်ပြီး ယန်ရှီဘေးမှာ ထိုင်နေတဲ့ ကျန်းယွီအာက စိတ်ပျက်သလို မျက်လုံးလှန်လိုက်ပြီး ချက်ချင်းဘဲ ထပြောတယ်။

"နဂိုတုန်းက ဒုတိယမမက မမလေးသုံးရဲ့မွေးနေ့ကို တက်လို့ရမှာတောင် မဟုတ်ဘူး...ပြီးခဲ့တဲ့လက သူနေနေတဲ့ ဘုရားကျောင်းမှာ ပြဿနာတက်သွားတယ်လေ...ဘာလို့မှန်းမသိ ဦးလေး၁က အိမ်ပြန်ခေါ်ဖို့ လူတွေလွှတ်လိုက်တော့တာပဲ"

သူမရဲ့ စကားက လုံးဝပြည့်စုံပြီး ကြားလိုက်တဲ့ သခင်မတွေက နောက်ထပ် အဓိပ္ပာယ်တစ်ခုရှိနေသေးတာကို သိလိုက်ကြတယ်။ အခုနက ပြောတဲ့ တစ်ယောက်ကပဲ ကျီရှုးရန်ကို ညင်သာစွာ ထောက်ပြတယ်။

"ကြည့်ရတာ အဲဒီ ဒုတိယသခင်မလေးက အရည်အချင်း ရှိပုံပဲ"

ကျန်းလီက မြို့တော်ကိုပြန်လာနိုင်တာက ထက်မြက်ပြီး ကိုင်တွယ်ဖို့ခက်မဲ့သူဆိုတာ ညွှန်ပြနေတယ်ဆိုပြီး သူမက ကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ထောက်ပြခဲ့တယ်။

ဘေးနားကနေ သခင်မလျူက ထိုစကားတွေကြားတော့ ကျန်းလီဘက်က ရပ်တည်ပေးရင်း တစ်ခုခု ပြန်ပြောချင်ပေမဲ့လည်း ဒီနေ့ရောက်လာတဲ့ လူတွေအားလုံးက ကျီရှုးရန်နဲ့ စိတ်ထဲကမပါတောင် အပေါ်ယံ မိတ်ဆွေဖွဲ့ချင်ကြတာကြောင့် သူမစကားတွေကို ဘယ်သူမှ နားမထောင်အရေးမလုပ်ကြမှာတောင် စိုးရတယ်။ အဲ့လိုကပဲ ကျန်းလီအတွက် ပိုဒုက္ခရောက်သွားစေမှာ။

ကျီရှုးရန်က သူမစကားကြောင့် နှုတ်ခမ်းစွန်းတွေကော့တက်ပြီး ကျေနပ်သွားတာမြင်တော့ ကျန်းယွီအာက ကိုယ့်ကိုယ်ကိုယ် သိပ်ကျေနပ်သွားတယ်။ ကျန်းအိမ်တော်ထဲမှာ တတိယမိသားစုက သိပ်အရေးမပါအရာမဝင်တဲ့အပြင် သူမက အဆင့်နိမ့်တရားမဝင်သားရဲ့ သမီးဖြစ်နေသေးတယ်။ သူမကအိမ်တော်မှာ နေရဖို့တောင် သူ့မိဘတွေကိုမှီခိုနေရတော့ ဒီဘဝမှာ ဘာအရေးပါတဲ့နေရာမှ ရောက်နိုင်မှာမဟုတ်ဘူး။ အဲ့တော့ ဒီအကြီးဆုံးအဒေါ်ကို ကပ်ထားမှ တော်ကာကြမယ်။ ပြီးတော့ ကျီမိသားစုက လီပင်းကလည်း နန်းတော်ထဲမှာ မျက်နှာသာ အပေးခံထားရသေးတော့ သူသာဒီအဒေါ်အကြိုက်လိုက်ပေးလိုက်မယ်ဆိုရင် သူတို့အကျန် နည်းနည်းပါးပါးတော့ ရကောင်း ရနိုင်လိမ့်မယ်ဆိုတဲ့ အကြံနဲ့။

ကျန်းယွိယန်ကတော့ သူ့ညီမလိုမဟုတ်ဘဲ တောင့်တောင့်ကြီး သစ်သားတုံးလိုထိုင်နေတုန်းပဲ....ဘေးက သူ့အမေယန်ရှီကလည်း သူ့သမီးရဲ့ အရှက်မရှိ ကျီရှုးရန်အပေါ်ဖော်လန်ဖားလုပ်နေတာကို မြင်တော့ အရမ်းဒေါသထွက်သွားပေမဲ့ ရွေးချယ်စရာ မရှိတာကြောင့် သူမခမျာ ဒီအတိုင်းပဲ လွှတ်ထားလိုက်ရတော့တယ်။

လုရှီက သူတို့ဘက်မှာ မဟုတ်ဘဲ အဝေးတစ်နေရာမှာ ထိုင်နေရင်း ကျန်းယွီအာရဲ့ လုပ်ရပ်ကိုမြင်တော့ စက်ဆုပ်ရွံရှာသွားပြီး သူမက သရော်လှောင်ပြောင်ဟန် ပြုံးလိုက်တယ်။

သူတို့ဒီလိုပြောနေကြရင်းနဲ့ပဲ အခမ်းအနားက စတင်လာတော့တယ်။ကျန်းယွမ်ပိုင်နဲ့ ကျီရှုးရန်က အဆောင်ဝင်းရဲ့ အရှေ့ဘက်က စင်မြင့်လေးရဲ့ လှေကားထစ်ပေါ် ခြေလှမ်း အနည်းငယ် တက်လိုက်ကြတယ်။ ဧည့်သည်တွေကတော့ အဆောင်ဝင်းရဲ့ အစွန်ပိုင်းမှာရှိနေကြပြီး ကြေးနီပန်းကန်ပြားတွေကိုင်ဆောင်ထားတဲ့ လူတွေက စင်မြင့်ပေါ်က ကျန်းယွမ်ပိုင်တို့ရဲ့ နောက်မှာရပ်နေကြတယ်။

ကျန်းယို့ရောင်ကို အစေခံလေးတစ်ယောက်က ခေါ်ဆောင်လာပြီး သူမဟာ ခြေတစ်လှမ်း ကုဋေတစ်သန်းဟန်နဲ့ အရှေ့ကို ဖြည်းဖြည်းချင်း လျှောက်လှမ်းလာတယ်။

ဒီနေ့ ရိုးရာထုံးတမ်းကိုမပျက်စေရန် သူမက လက်ဖျားစကျယ်ကျယ် အောက်ပိုင်းရှည်ရှည် ခရမ်းရောင် ရိုးရာဝတ်စုံကို ဝတ်ဆင်ထားပြီး သူမရဲ့ ဆံပင်က ခဏနေ

ဖြည်လို့လွယ်စေရန် ရိုးရိုးပဲ နှစ်ဖက်ခွဲထုံးထားတယ်။ သူမက မွေးကတည်းက ပိုးမွေးသလို ဂရုတစိုက် မွေးခံခဲ့ရပြီး အလိုလိုက်ခံရတာကြောင့် နူးညံ့တဲ့သွင်ပြင်က ရှိနေတဲ့လူအပေါင်းကို မြင်ကွင်းက သိပ်ကိုလှပလွန်းတယ်လို့ တွေးထင်စေတော့တယ်။ ကျောက်မျက်တွေလို တလက်လက်တောက်ပရွှန်းလက်နေပုံက ဧည့်သည်တွေအကြား ပိုပြီး ထင်းထင်းလင်းလင်း ဖြစ်နေတော့တယ်။

အလှချင်းယှဥ်ကြေးဆို ကျန်းယွီအာရဲ့ ဝတ်စုံကလည်း တောက်ပပေမဲ့ သူမက မင်းသမီးတစ်ပါးလိုနေခဲ့ရတဲ့ ကျန်းယို့ရောင်နဲ့ဆိုရင်တော့ အတော်လေး လိုသေးတယ်။

သူ့မောင်ငယ် ကျန်းပင်းကျီကလည်း ကျန်းသခင်မကြီးနားမှာ ထိုင်နေရင်းက အကျယ်ကြီး ထအော်တယ်။

"တတိယမမက အရမ်းလှတာပဲ"

ဒါကိုကြားတော့ သူမရဲ့ မျက်နှာမှာ အပြုံးလေး တစ်ခု ချိတ်ဆွဲသွားတယ်။ မနက်ခင်းနေမင်းကြီး ဖြန်းပက်လိုက်တဲ့ နေရောင်ခြည်တွေက ထိုနူးညံ့တဲ့အပြုံးအပေါ် ပေါင်းစပ်သွားမှုဟာ ပတ်လည်မှာရှိတဲ့ လူအပေါင်းကို လက်ရာမြောက်ပန်းချီကား တစ်ချပ်မြင်လိုက်ရသလို အံ့အားသင့်ဆွံ့အသွားစေတော့တယ်။ ကျန်းယို့ရောင်က ဒီမြင်ကွင်းကိုတွေ့ပြီး စိတ်ထဲက ကြိတ်ဂုဏ်ယူနေတယ်။ ဒါပေမယ့် သူမ တစ်ခုခု ပြောဖို့ပြင်ချိန်မှာ ထူးဆန်းသလို ခံစားလိုက်ရတယ်။ အဲ့လူတွေက သူ့နောက်က တစ်စုံတစ်ရာကို ကျော်ကြည့်နေသလိုပဲ။

သူ့အနောက်ကို ကြည့်နေကြတာလား

သူ့အနောက်မှာ ဘာရှိလို့လဲ

ကျန်းယို့ရောင်က သံသယဖြစ်စွာ လှည့်ပြီး ခေါင်းမော့ကြည့်လိုက်တော့ မိန်းကလေး တစ်ယောက်က ခပ်နှေးနှေးခြေလှမ်းတွေနဲ့ ကျက်သရေရှိရှိ လျှောက်လာတာကိုတွေ့လိုက်ရတယ်။ သူမက တခြားခြံဝန်းဆောင်ကလာတာပဲ...ကျန်းအိမ်တော်ရဲ့ ခြံဝန်းကြီးတစ်ခုလုံးမှာ သစ်ပင်ပန်းမန်တွေဟာ လမ်းတစ်လျှောက် စိမ်းလန်းစိုပြေနေကြတယ်။ သူမက မိုးမခပင်ရဲ့တွဲလွဲကျနေတဲ့ အကိုင်းအခက်တချို့ကို အသာလေးဖယ်ပြီး ထွက်လာပုံက လူအပေါင်းအမြင်မှာ တစ်မျိူးတဖုံ နှစ်သက်ဖွယ်ကောင်းနေတော့တယ်။

ကျန်းယို့ရောင်ရဲ့ တောက်ပြောင်တဲ့ဝတ်စုံနဲ့ မတူဘဲ ထိုမိန်းကလေးက ဖျော့တော့သော စိမ်းပြာရောင် အပေါ်ထပ်ကို ဝတ်ဆင်ထားပြီးသူမရဲ့ ဝတ်စုံဟာ ချည်ထိုးပန်းထိုး တစ်စုံတစ်ရာ မပါတဲ့ ဗြောင်ဝတ်စုံသာ ဖြစ်တယ်။ ပိုပြီး သိသာကွဲပြားတာကတော့ အကျီနဲ့ ဆင်တူ ကျောက်စိမ်းဆံထိုးနဲ့ထုံးထားတဲ့ မှင်ရောင်လိုနက်မှောင်တဲ့ ဆံပင်ရှည်တွေပဲ။ သူမရဲ့ မျက်နှာက အစက်အပြောက်မရှိ ဖြူဖွေးတယ်။ မျက်ဝန်းတွေက ကြည်လင်နေပြီး သိမ်မွေ့လှတဲ့ အပြုံးလေးနဲ့ သူမက သူ့ရဲ့ဝတ်စုံလိုဘဲ သန့်ပြန့်ကျော့ရှင်းနေတယ်။ အရောင်စုံနဲ့ မျက်စိကျိန်းလောက်စရာ ရွှန်းတင့်နေတာမျိုးမဟုတ်ဘဲ ကျော့ရှင်းတဲ့ အကြည်ဓာတ်လေးဖြစ်တယ်။

ကျန်းယို့ရောင်က အဖိုးတန် ကျောက်မျက်တစ်တုံးဆို သူမကတော့ ဘယ်သူမှ မထွင်းထုရသေးတဲ့ ထုထွင်းပုံဖော်စရာလည်းမလိုတဲ့ ကျောက်စိမ်းအရိုင်းတုံးလေးပဲ..။

ကျန်းယို့ရောင်က အသက်ရှူဖို့တောင် တန့်သွားပြီး သူမလက်သည်းတွေက လက်ဖဝါးကိုဖောက်ဝင်သွားမတတ် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။

သူတို့တွေအားလုံးက သူ့အနောက်က ကျန်းလီကို ကြည့်နေကြတာပဲ!

Telegram မှာ အပိုင်း ၉၃အထိ ရောက်ပါပြီနော်။

Continua a leggere

Ti piacerà anche

122K 14.6K 95
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...
168K 28.4K 55
Name(s) : Quick Transmigration Cannon Fodder's Record of Counter Attack Ning Shu 快穿之炮灰女配逆袭记 Author(s) : Hen...
61.2K 6.5K 92
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မှားယွင်းသော လက်ထ...
523K 76.6K 160
Disclaimer : I'm not own this novel. I'm just translate to MM langauge Eng Title- I become a burdensome child after transmigrating Author(s)- Biting...