CHANDLER { Ongoing }

נכתב על ידי Xylo_19

173K 6.7K 328

Chandler Hayden ♡ Yein Yai Mhaine Warning//Fantasy// עוד

Intro
Part 1 U
Part 1 Z
Part 2 U
Part 2 Z
Part 3 U
Part 3 Z
Part 4 U
Part 4 Z
Part 5 U
Part 5 Z
part 6 U
Part 6 Z
Chibi Art
Part 7 U
Part 7 Z
Part 8 U
Part 8 Z
Part 9 U
Part 9 Z
Part 10 U
part10 Z
Part 11 U
Part 11 Z
Part 12 U
Part 12 Z
Part 13 U
Part 13 Z
Do or Die
Part 14 U
Part 14 Z
Part 15 U
Part 15 Z
Part 16 U
Part 16 Z
Part 17 U
Part 17 Z
Part 18 U
Part 18 Z
Part 19 Z
Part 20 U
Part 20 Z
Part 21 U
Part 21 Z
Part 22 U
Chandler 's POV!
Part 22 Z
Part 23 U
Part 23 Z
Attention !
Part 24 U
Part 24 Z

Part 19 U

3K 142 7
נכתב על ידי Xylo_19

DYNAMITE COMPANY LIMITED

အစည်းအဝေးခန်းမကြီး၏အစုရှယ်ယာဝင်တွေကြားလူစုံနေသော်လည်း မရောက်လာသေးသူကားနှစ်ယောက်သာရှိသည်။ကြာလာတော့သက်ကြီးပိုင်းတွေဟာ ဖင်တစ်ကြွကြွဖြစ်ကာအပြစ်‌တင်ဝေဖန်ချင်နေသည့်လူကများပြားလာသည်။သူတို့(ရှယ်ယာရှင်အစုဝင်အသစ်)ကိုယ်တိုင်ကလည်း ဘယ်လောက်အရည်အချင်းရှိသည်ဆိုဆို သူတို့ထက်ငယ်သည့်လူကသူ့တို့(ရှယ်ယာရှင်အစုဝင်အသစ်)ကိုအုပ်ချုပ်နေသည်ကိုသိပ်မကျေနပ်ကြ။နောက်ပြီးဒီတစ်ခါ Project ကသူတို့အတွက်တော့ဆိုးကျိုးများလှသည်။ဘာလို့ဆို ဒီတစ်ခါ Project ရတဲ့လူတိုင်းဟာလူငယ်တွေသာဖြစ်သည်။အရင်က ခေါင်းဆောင်ဆိုတာ သူတို့လှည့်ချင်သလိုလှည့်၊ငွေလေးနည်းနည်းထိုးကျွေးလိုက်တာနဲ့ ကိုယ့်အိတ်ထဲပြန်ဝင်မည့်ငွေကားတစ်လုံးတစ်ခဲ။ခုတော့ဖြင့် ထိုခေါင်းဆောင်ကပါ CEO Chandler ရောက်လာပြီးကတည်းက သူကိုယ်တိုင်တောင်လှုပ်မရခြေချုပ်မိနေသည်။

"" ဒီလိုအချိန်မလေးစားတဲ့လူက တို့ကိုအုပ်ချုပ်နေရလို့ကွယ် ""

"" အုပ်ချုပ်နိုင်မှာပေါ့ အဖေကအတွင်းဝန်ကြီးလေဖအေပိုက်ဆံတွေနဲ့မိုက်နေတာနေမှာပေါ့ ""

"" တကယ်ဆို မင်းတို့လူငယ်တွေထက်ငါတို့လိုအတွေ့အကြုံပိုရှိတဲ့လူတွေက ဒီလိုနေရာ‌တွေမှာပိုပြီးနားလည်တယ်။ ဘယ်အဆင့်နဲ့များငါတို့ကိုကျော်တတ်ရတာလဲ ""

တစ်လတစ်ခါရှယ်ယာဝင်တဲ့လူတွေဟာမတူညီကျ။ထုတ်လိုက်ထည့်လိုက်နှင့်သံသရာလည်နေတာပင်။ရှယ်ယာမရှိလို့လည်း ချန်ဒလာဟာမွဲတေမည့်လူမဟုတ်။အရင်ယာယီခေါင်းဆောင်ဟောင်းကလူတွေပါခုချိန်တော့ချန်ဒလာ့ Company ထဲသို့ရှယ်ယာထည့်နေသူများလည်းရှိလေသည်။

ခုတော့ဖြင့်ရောက်တာ ရက်ပိုင်းပဲရှိသေးသည့်လူ‌တွေသူများ၏အကြောင်းကိုသေချာမသိပဲကဲ့ရဲ့နေကြပြီ။

အစည်းအဝေးအခန်းအတွင်းသတ်လက်ပိုင်းလူငယ်တွေဟာပြန်ပြီးခွန်းတုံ့မပြန်နိုင်။သူ့တို့မှာဘာအဖွဲ့အစည်းမရှိတစ်ယောက်ထဲရပ်တည်ကာယှဉ်ဖိုက်နေကြရတာပင်။ခုအခန်းတွင်းရှိလူတွေဟာ ငွေကိုရေလိုသုံးနိုင်ကြတဲ့လူတွေပင်။ဒီတစ်ခါ project မှာသူတို့ကိုမကျေမနပ်ဖြစ်နေမယ်ဆိုတာလည်းသိသည်။သို့သော်သူတို့ CEO ကလူငယ်တွေကိုကြည့်ကာပထမဆုံး ခြေလှမ်းစတင်လမ်းဖောက်ပေးတာပင်။သူတို့အနေနဲ့ကောင်းကောင်းကြီးအသုံးချရမှာပင်။အမြဲတမ်းရုပ်ကြမ်းကြီးနှင့်အပေါက်ဆိုးတတ်၊စည်းကမ်းကြီးလွန်းသည့်သူတို့ CEO ကသူတို့အတွက်တော့တကယ့်စံပြပင်။သူတို့ကောင်းစေဖို့မသိမသာလမ်းပြပေးတတ်သောလူပင်။တစ်ဖက် Company ကလူတွေလာရင်တောင်ဘယ်သူ့ဆီမှာမှ ခေါင်းမငုံ့နေရအောင်ထားသောလူပင်။ရှင်းရှင်းပြောရရင် ချန်ဒလာကိုယ်တိုင်ကိုယ်ရောက်မအုပ်ချုပ်သည့်အချိန်နှင့် လူကိုယ်တိုင်အုပ်ချုပ်ခဲ့သည့်အချိန်သည်ဆီနှင့်ရေလိုကွာခြားခဲ့သည်မှာ အမှန်ပင်။

ရှယ်ယာအစုဝင်အဟောင်းကြီးများဟာ သူတို့နှင့်မဆိုင်သလိုငြိမ်သက်နေကြလေသည်။ချန်ဒလာအကြောင်းကိုသူတို့ကောင်းကောင်းကြီးသိပေသည်။ဝင်လာတာခုမှ ရက်ပိုင်းပဲရှိသေးသည့်လူတွေဟာ ခုတော့ဇောင်းကြွနေကြသည်။သူတို့အသစ်တွေကြောင့်ပဲ အဟောင်းတွေဘက်ကိုမကြည်မှာစိုးထိတ်ရသည်။ကိုယ်နှင့်မဆိုင်ရင်မဆိုင်သလိုမနေတတ်သူများအကြောင်းကိုသွားပုပ်လေပင့်ပြောချင်နေကြသည်။အမှန်တကယ်ဆို သူတို့လိုဝါရင့်တွေတောင်ချန်ဒလာ့ကိုကြောက်ရသည်ပင်။သူ့ရှေ့ဆို အမြီးမနံ့ရဲသည့်ခွေးတစ်ကောင်အလား။

ချန်ဒလာဟေဒန်ဦးစီးသည့် Company တိုင်းဟာလူငယ်တွေအတွက်အခွင့်အလမ်းပိုများစေသည်။စည်းကမ်းကြီးသည် အကုန်လုံးရဲ့အထက်မှာခေါင်းမော့ရင်ကော့နေထိုင်သည့်လူတန်းစား။အပြစ်တွေ့ရင်တောင်အပြစ်ဒဏ်ပေးဖို့ဝန်မလေးသည့်လူမျိုးပင်။ဘယ်လောက်ဆိုးသွမ်းနေပါစေ သူရဲ့လက်အောက်သားတွေကိုတော့အမြဲဖြစ်မြောက်စေချင်ခဲ့တဲ့သူ။

' Oxford University ကဘွဲ့ရထားတဲ့လူ၊ အကုန်လုံးရဲ့အထက်မှာနေနိုင်ပြီးအမိန့်ပေးနိုင်နေတဲ့လူကိုအရည်အချင်းမရှိဘူးလို့ပြောတဲ့ပါးစပ်တွေကိုရင်လေးမိတယ် '

ထိုင်နေရသည့်နေရာတွေဟာမတူ အစုရှယ်ယာတွေကို ညာဘက်မှာထိုင်ခိုင်းကာ Company ဝန်ထမ်း၊ဒီဇိုင်းဆွဲသူတွေဟာ ဘယ်ဘက်မှာထိုင်နေရသည်ပင်။သူ့နေရာနှင့်သူစည်းစနစ်ကျကျတစ်ကန့်စီပင်။ထို့နောက်အစုရှယ်ယာဝင်တွေဘက်ကလူမှ တစ်ဖက်ကလူတွေကိုမထီမဲ့မြင်ကြည့်ကာ ...

"" ဘာလဲ ဒီတစ်ခါပရောဂျက်မှာအပြတ်သတ်အောင်မြင်တယ်တွေးနေကြတာလား ""

"" မဟုတ်.. မဟုတ်ပါဘူး ""

"" မင်းတို့လူငယ်တွေဘယ်နေရာအသုံးကျလည်းရှေ့ဆောင်လမ်းပြလူကြီးတွေနောက်မလိုက်ပဲကျော်တတ်နေချင်တယ်ပေါ့လေ ""

"" ဒီ Company မှာ အစုဝင်ထားတဲ့ရှယ်ယာထက်အမြတ်ကတန်ကြီးကြီးပြန်မရရင် ငါတို့ကဒီမလောက်လေးမလောက်စားကောင်အုပ်ချုပ်နေရာမှာအလုပ်လုပ်မယ်ထင်နေတာလား ""

"" မလုပ်ချင်ထွက်လိုက်လေ ကျုပ်တို့ CEO ကိုလာပြောစရာမလိုဘူး ""

တစ်ဖက်မှ ဖိနင်းကာပြောလာတော့သူတို့လည်းသူတို့ CEO ကိုထိမှတော့ ငြိမ်ခံနေစရာလား။သူတို့ကိုဘယ်လောက်ပြောပြောငြိမ်ခံနေတာပဲကောင်းလှပြီ။အစိတ်ကိုတစ်အိတ်လုပ်ချင်နေတဲ့ဟာတွေ လူငယ်တွေဆိုတာနဲ့သူတို့နောက်လိုက်ခွေးလိုသတ်မှတ်ထားသလား။ဒေါသထွက်ရသည်။သူတို့ကိုယ်တိုင်လည်းလူငယ်ဘဝကိုဖြတ်သန်းရပြီးမှ လူကြီးဖြစ်လာရတာပင်။ဒါကိုများမွေးကတည်းကလူကြီးတန်းဖြစ်သွားတဲ့ပုံစံနှင့်..

"" ဟဲ့ ငါ့ကိုပြန်ပြောရအောင် နင့်ကိုနင်ဘာထင်နေလည်းခွေးအဆင့်ကများ။ငါပြောတာကောမဟုတ်လို့လား နင်တို့ကိုထမင်းကျွေးနေတဲ့ကောင်ကလည်း မိဘပိုက်ဆံနဲ့သုံးဖြုန်းနေတဲ့ကောင်လေ။သူတို့အဖေသာ,သာမာန်လူတန်းစားဖြစ်ကြည့်ပါလား ချန်ဒလာဆိုတဲ့ကောင်ကဒီနေရာမှဘောင်ဝင်နေမှာမဟုတ်ဘူးဟေ့ ! ""

"" အဲ့တာတော့ဟုတ်တယ် ငါတို့ကိုယ်များဘယ်တုန်းကလေးလေးစားစားဆက်ဆံဖူးလို့လည်း။လူကိုယ်မြင်တာမတန်သလိုမထီသလိုနဲ့ ငါတို့ကပဲ သူ့ကိုခခယယလုပ်နေရသလို။ ဘယ်နေရာအသုံးကျလည်းဟမ် ခုပဲကြည့်အလေလိုက်မယ် လာချင်တဲ့အချိန်လာမယ်၊အချိန်အပေါ်လေးစားမှုကိုရှိလို့လား ၊ဒါဟာခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့အရည်အချင်းလားဟမ် ""

"" မင်းတို့ CEO ကဘာတဲ့မိန်းမတစ်ယောက်အတွက်သူ့ကိုယ်သူတောင်သတ်သေတာတဲ့လေ ဟင်းဟင်းး။အဲ့လိုမနူးမနပ်လေးကကိုယ်ပိုင်အရည်အချင်းတွေနဲ့ ဒီလို Company ကြီးကိုဦးဆောင်နိုင်ပါတယ်ဆိုတာဖြစ်နိုင်ပါ့မလား၊ငါတို့ကကိုယ့်အားကိုယ်ကိုးတဲ့လူတွေတကယ်ဆို မင်းတို့ CEO ကမှ ... ""

ပြောနေသည့်လူမှာအမြန်ပင်စကားကိုဘရိတ်အုပ်လိုက်ရသည်။ဘယ်ချိန်ကတည်းကရောက်နေမှန်းမသိသည့်ချန်ဒလာဟာသူတို့ကို ခပ်ပြုံးပြုံးကြည့်ကာအပေါက်ဝ၌မတ်တပ်ရပ်နေသည်ပင်။ဘယ်အတိုင်းအတာထိတောင်ကြားသွားပြီလည်းမသိပေ။

"" ကျုပ်အကြောင်းခင်ဗျားတို့ကကျုပ်ထက်ပိုသိနေတော့ဆက်ပြောလေ ဘာလို့ရပ်လိုက်တာလဲ ""

"" ... ""

ခန်းမကြီးထဲမှ လူတွေအကုန်လုံးကိုကျော်ဖြတ်ပြီးသည်နှင့် ချန်ဒလာထိပ်ဆုံးထိုင်ခုံမှာကျကျနနဝင်ထိုင်လိုက်လေသည်။ယိမ်းယိုင်မှိုင်းကလည်း အသံတိတ်ဝင်လိုက်လာကာတတိယမြောက်သူ့ခုံ၌သာဝင်ထိုင်လိုက်တော့သည်။လေထုကအဆင်မပြေပေ။ချန်ဒလာက ခပ်မိုက်မိုက်ပြုံးနေသော်လည်းတစ်ပြိုင်ထဲထိုအပြုံးတွေဟာကြောက်စရာအသွင်ကိုဖော်ပြနေပြန်သည်။လည်ပင်းရိုးမေးရိုးတောင်ထောင်တင်းကာဘယ်လောက်ဒေါသထွက်နေလည်းဆိုတာသိသာလှသည်။

"" အဟက်!ချန်ဒလာမသိတဲ့ချန်ဒလာ့ရဲ့အကြောင်းတွေပေါ့ ""

ဘုန်း !!

"" ဆက်ပြောကြလေ! ခင်ဗျားတို့နောက်ကွယ်မှာပြောနေတဲ့လူကရှေ့တည့်တည့်ရောက်နေပြီလေ၊ ကျုပ်ဆိုတာဘယ်လိုကောင်လည်း ခင်ဗျားတို့ပြောမှကျုပ်ကိုယ်ကျုပ်သိရတော့မှာ ""

"" မဟုတ် .. မဟုတ်ရပါဘူးရှင်။ကျွန်မတို့ကဒီက,ကလေးတို့ကိုဆုံးမပေးရုံပါ။အဲ့တာနဲ့ CEO ရဲ့အကြောင်းက ဒီတိုင်း.. ဒီတိုင်း ... ""

"" ဒီတိုင်း ဘာဖြစ်လဲ ""

တကယ်ကို အံ့ဩရသည်။ခုနကဖြင့်တော့သူ့အပြင်သိတတ်တဲ့လူဒီကမ္ဘာမှာနှစ်ယောက်မရှိတော့။ခုတော့ဖြင့် ကြောက်လန့်နေလိုက်တာများအသံတွေတောင်တုန်ရီနေသည်။အစကတည်းကဖင်မနိုင်ပဲ,ပဲဟင်းမစားနဲ့ပေါ့။ ခုတော့ သူတို့ CEO ကိုမကောင်းပြောတဲ့ဟာမကြီး ခံခံ။

"" ကျုပ်အကြောင်းကို ခင်‌ဗျားတို့ကအကုန်သိတဲ့ပုံစံလာမလုပ်နဲ့ ! ခင်ဗျားတို့ဆိုတာ ကျုပ်ချပြသလောက်ပဲမြင်ရတာဆိုတာနားလည် ! ""

"" တောင်း .. တောင်းပန်ပါတယ် ""

"" ဟေး! ဒီဘက်ကငါ့လက်အောက်ကဝန်ထမ်းတွေ မင်းတို့ရှေ့ကလူကြီးတွေကိုအတုမယူကြနဲ့ သူတို့ကပညာပဲသင်ခဲ့ကြတာ ပညာမတတ်ကြဘူးလေ ! ""

အစုရှယ်ယာဝင်တော်တော်များများ မျက်နှာဟာ ပုပ်သိုးကာအပျက်အယွင်းဖြစ်သွားကြသော်လည်း ချန်ဒလာကတော့အေးဆပင်။ထို့အတူလူတွေကလည်း ရှေ့ရှိအမျိုးမျိုးပြောင်းလဲနေသည့်လူတွေကိုကြည့်ကာ အသံမထွက်မိအောင်မနည်းကျိတ်ရယ်နေကြသည်။အစကတည်းကမနိုင်ပဲမပြောပါနဲ့ဆို ခုတော့ဖြင့် ...

အစုရှယ်ယာဝင်အသစ်ဘက်က ဒေါ်မာလာကထပြောလာသည်။

"" မင်းစကားတွေကိုနယ်ကျွံလာပြီနော်ချန်ဒလာ။လူကြီးတွေကို ဘယ်လိုပြောရမလည်းမင်းနားမလည်ဘူးလား မင်းအဖေတွေကမသင်ပေးခဲ့ဘူးလား။ဒီလိုမျိုး နှစ်ပဲခြောက်ပြားပဲရတဲ့ company မှာကောငါတို့ကလုပ်ချင်နေတယ်ထင်လား ""

"" မလုပ်ချင်ထွက်သွားလေ။နောက်ပြီး တစ်ကျပ်တန်အလုပ်ကိုလုပ်ရင်တစ်ကျပ်ဖိုးပဲပြန်ရလိမ့်မယ်။ဘယ်အရာမှ အလကားမရဘူး ကိုယ့်လုပ်ရပ်နဲ့တန်ရာတန်ရာပဲပြန်ရတာလေ ဟုတ်တယ်ဟုတ် ""

"" မင်း .. မင်း။ ခုထွက်မယ် မင်း Company ကနေခုချက်ချင်းငါ့ရဲ့ရှယ်ယာတွေပြန်ထုတ်တယ် ""

"" အိုးဟိုး .. ဖြေးဖြေးပေါ့ နှစ်ဆ ""

ပြုံးနေရာမှ ချက်ချင်းရုပ်တည်သွားကာလက်ညှိုးနှစ်‌ ချောင်းထောင်ပြလာသောကြောင့် ချန်ဒလာဘာကိုဆိုလိုသည်မှန်း ဒေါ်မာလာနားမလည်လိုက်။

"" ခုချိန်မှာ အစုရှယ်ယာထွက်ရင် ဝင်ထားတဲ့ပမာဏရဲ့နှစ်ဆ ပြန် လျော် ရ မယ် ""

ချန်ဒလာဘေးမှာပုံထားသည့် စာရွက်တွေကြားမှာ တစ်ရွက်ကိုထုတ်ချကာ ဒေါ်မာလာမျက်နှာသို့ပစ်ပေါက်ချလိုက်သည်။ပြောရမယ်ဆို ဒေါ်မာလာအစုရှည်ယာဝင်တုန်းကချုပ်ဆိုထားသည့်စာရွက်ပင်။အမြန်စာရွက်ကိုကိုင်ကာ ပါဝင်သည့်အချက်တွေကိုတစ်ချက်ချင်းဖတ်ရှူနေလိုက်သည်။တွေ့ပါပြီ ၉ အချက်မြောက်မှာ အချိန်မတန်ခင် Dynamite Company မှရှယ်ယာတို့ကိုပြန်ထုတ်ယူခဲ့ပါက ထိုရှယ်ယာ၏ % 2ဆကိုပေးလျော်ရမည်ဖြစ်သည်။ထိုအချက်တွေရဲ့အောက်မှာ သူကိုယ်တိုင်ကကျေကျေနပ်နပ်ကြီး လက်မှတ်ထိုးထားတာပေါ့လေ။

"" ငါ .. ငါ တောင်းပန်ပါတယ်။ ဒီတစ်ခါ .. ဒီတစ်ခါတော့ ""

"" အထက်တန်းစားဆိုတာ ကိုယ်ပြောတဲ့စကားကိုတာဝန်ယူရဲရတယ် ""

"" ... ""

ဒေါ်မာလာဟာလည်းတုံးအတဲ့လူမဟုတ်။စကားကိုတစ်ဖက်လှည့်နှင့်အနိုင်ယူသွားတာပင်။

"" နောက်ပြီးကျုပ်ကလူတစ်ယောက်ကို အခွင့်အရေးနှစ်ခါမပေးတတ်လို့ဆောတီး။ ဟယ်ရီ ! ""

"" ဟုတ်ကဲ့ သခင်လေး ""

"" ဒီလောကထဲ ဒေါ်မာလာဆိုတဲ့နာမည်ကို ငါအစတောင်မမြင်ချင်ဘူး! ""

"" ချန်ဒလာ ... ငါ့ကို ဒီလိုမလုပ်ပါနဲ့ .. ငါတောင်းပန်ပါတယ် ""

"" ခင်ဗျားမှာကျုပ်နာမည်ကိုလက်လွတ်စပယ်ခေါ်လို့ရတဲ့အရည်အချင်းမရှိဘူး ""

"" ငါ .. ငါ ""

"" မိန်းမသားဆိုပြီးလည်းညှာတာတတ်တဲ့အထဲမှာမပါဘူး။ကျုပ်ကိုလာထိရင်ကျုပ်ဆိုတာဘယ်လိုကောင်လည်းဆိုတာခင်ဗျားသိအောင်အမောက်ထောင်ပြရလိမ့်မယ် ""

ဒေါ်မာလာ ထိုကောင်လေးကြောင့်ခဏတာကြက်သေ၊သေသွားရသည်။ဒီကောင်လေးကိုလျော့တွက်လိုက်မိတာမှားခဲ့တာပင်။ဒီကောင်လေးရဲ့မျက်ဝန်းတွေကာကြောက်မတ်ဖွယ်ကောင်းလှအောင်ပြတ်သားခြင်းတို့ပျော်ဝင်နေခဲ့ပြီပင်။ထိုအကြည့်ထိုစရိုက်တွေဟာ အကုန်လုံးကိုသူ့ရှေ့မှာညွှန့်တွား‌သွားစေရန်ခိုင်းစေနိုင်သည့်အရည်အချင်းတို့အပြည့်အဝရှိလေသည်။

________________✧。⁠*゚✧__________________

ပြန်လာသည့်လမ်းတစ်လျှောက်လုံးချန်ဒလာ့ရဲ့စိတ်အစဉ်တို့ဟာအစိုးမရ။သူကိုယ်တိုင်တောင်မနည်းထိန်းချုပ်ထားရသည့်နှယ့်မေးကြောတွေထောင်ထနေကာ ကားတံခါးနားကိုသာတစ်တောက်တောက်ခေါက်နေလေသည်။

"" မင်းစိတ်မကြည်ဘူးလား ""

"" အဲ့တာခင်ဗျားအကြောင်းလား ""

"" ငါအကောင်းမေးနေရင်မင်းအကောင်းပြန်ဖြေလို့မရဘူးလား ""

တွေ့လားအမြဲသူ့ကိုဆိုတာနဲ့ကန့်လန့်တိုက်ချင်နေသည်ပင်။စေတနာထားလို့မရ စကားဆိုအမြဲဘုဂလန့်မှမပြောရရင်စားမဝင်အိပ်မပျော်များဖြစ်နေမလားပင်။မျက်နှာမကောင်းလို့မေးလိုက်‌ပေမယ့်ပြန်ရလာသည့်စကားသံတို့ဟာ နားဝင်ချိုခြင်းမရှိ။သူ့ဘက်ကဘာမှမလုပ်ပေးနိုင်ဘူးဆိုရင်တောင် အရာသေးသေးတစ်ခုလောက်တော့စိတ်ကျေနပ်အောင်လုပ်ပေးချင်မိပါသေးသည်။သူ့ဘက်ကအမေးရှိပေမယ့်အဖြေပြန်မရှိသည့်စကားတွေကိုသူမစောင့်ချင်တော့တစ်ဖက်သို့အနည်းငယ်မျှပိုပြီးတိုးကပ်လိုက်ကာ ပြတင်းပေါက်မှန်ကိုသာမှီကာမျက်နာမူလိုက်တော့သည်။

ဟယ်ရီကားနောက်ကြည့်မှန်ကနေ လှမ်းကြည့်လိုက်သည့်အခါနှစ်ယောက်လုံးရဲ့လေထုဟာပို‌၍ပင်အေးစက်နေလေသည်။သခင်လေးချန်ဒလာဟာအစ်ကိုလေးယိမ်းယိုင်မှိုင်းရဲ့အရှေ့မှာသူ့ရဲ့စိတ်ကိုထိန်းထားရမှန်းသိသာလှသည်။အနီးကပ်နေသည့်လူအဖို့သခင်လေးမျက်နှာတစ်ချက်ပြောင်းသွားသည်နှင့်ဘာဖြစ်နေတယ်ဆိုတာဘေးလူတွေထက်သူကကောင်းကောင်းကြီးပိုသိသည်။

ယိမ်းယိုင် ကားမှန်ကိုချလိုက်ကာအပြင်ဘက်ရှိသဘာဝလေကိုသာအပြည့်အဝရှုရှိုက်နေလိုက်သည်။ကားလမ်းမဖြစ်သည့်အလျောက်တစ်ခါ,တစ်ခါ ကား‌တွေဆီကဖုန်မှုန့်နံ့တွေကိုတောင်ရနေရသည်။လမ်းဘေးကလေးတွေရဲ့ရေသန့်ဘူး တစ်ဘူးမှ ၅၀၀ အော်သံတွေ၊ အချဉ်ပေါင်းရောင်းနေတဲ့ကလေး‌တွေ၊ ပန်းရောင်းနေတဲ့ကလေးတွေရဲ့အသံဟာ ဆူညံနေသော်ညား သူ့အဖို့တော့ဂရုဏာသက်မိစေတဲ့အသံသာဖြစ်ပေသည်။သူငယ်ငယ်တုန်းက ရည်မှန်းချက်တစ်ခုရှိခဲ့ဖူးသည် ကိုယ့်အားကိုယ်ကိုပြီးလုပ်ကိုင်နေရသည့်သက်ကြီးဝါကြီးတွေကို လှူချင်တန်းချင်သည်။မိသားစုဆိုတဲ့ ခိုလှုံမှုအောင်မရှိသည့်လမ်းဘေးကလေးငယ်တွေကို ထောက်ပံ့ပေးနိုင်သည့် လူကြီးတစ်ယောက်ဖြစ်ချင်မိသည်။သူ့အိမ်မက်ရဲ့ သုံးပုံ,ပုံ တစ်ပုံခန့်ကတော့အနည်းနှင့်အများပြည့်လေပြီဖြစ်သည်။

ဘယ်လောက်တောင်တွေးတောနေလိုက်မိလိုက်ပါလိမ့် သူ့နှာခေါင်းထဲကားဖုန်မှုန့်နံ့တွေအစား လီလီပန်းရနံ့လေးတွေကတိုးဝင်လာမှသာအိမ်ပြန်ရောက်နေပြီမှန်းသိရတော့သည်။သူအမြဲဂရုတစ်စိုက်ကြည့်နေမိလို့ထင်ပါသည် အပွင့်ခပ်ကြီးကြီးတွေဖြင့်တကယ်ကိုမွှေးပျံ့နေသည်။ Stargazer lily ပန်းတွေဟာ ချန်ဒလာ့ရဲ့ခြံတစ်ဝက်ခန့်၌ အဖြူရောင်၊အပန်းရောင်စသဖြင့်နေရာအပြည့်အဝယူထားလေသည်။

ခြံဝင်ကားရောက်သည်နှင့် အိမ်ထဲကနေအမြန်ပြေးထွက်လာသည့် ရီကလည်းသူ့ကို‌ကြိုဆိုနေပြန်သည်။အရင်ကထက်စာရင် သူ့ဘဝဟာအခုမှအဓိပ္ပါယ်အပြည့်အဝရှိလာသလိုမျိုးပင်။ကားပေါ်မှ ဆင်းလိုက်သည်နှင့် ရီကသူ့ခန္ဓာကိုယ်ကြီးမှအားမနာ ယိမ်းယိုင်ပေါ်သို့အပြေးခုန်တတ်လာသည်။လျှာအကြီးကြီးဖြင့်လည်း မျက်နှာအပြည့်လျက်နေပြန်သည်။

ဝုတ် ! ဝုတ် !

"" ရီ ငါ့ကိုစောင့်နေတာလား ""

ဝုတ် ဝုတ် !!

"" နောက်ခါလဲ ငါအိမ်ပြန်လာတိုင်းအမြဲစောင့်နေပေးပါ။ ""

ရီရဲ့ခန္ဓာကိုယ်ကြီးကိုဖတ်ရင်း ရီ့ရဲ့ပေါ်မှာရှိနေသည့်အရာကိုသူ့မှာ ခုမှသတိထားမိသည်။ ' ဟင် ရွှေဆွဲကြိုးကြီး ' သံကြိုးပုံစံရွှေရောင်ဆွဲကြိုးကြီးက ရီ့ရဲ့လည်ပင်းထက်၌ခံ့ခံ့ညားညားနေရာယူထားလေသည်။ခွေးလည်ပတ်တောင်မဟုတ်ပါပဲ ဘယ်လိုလုပ်ရွှေဆွဲကြိုးကြီးက၊သူကိုင်ကြည့်ရုံဖြင့် အလေးချိန်ကမနည်းလှ၊တန်ဖိုးကြီးမည်ဆိုတာပါသတိထားမိသည်။သူဝတ်ပေးထားတာလည်းမဟုတ် ဒါဆိုချန်ဒလာကများ...

"" ချန်ဒလာ ရီ့ရဲ့လည်ပင်းကဟာကမင်းဆင်ပေးထားတာလား ""

ချန်ဒလာ သူ့ရှေ့မှာရှိနေသည့် ရီရဲ့လည်ပင်းကိုငုံ့ကာပြန်ကြည့်လိုက်သည်။ဟုတ်ပါသည် ဆွဲကြိုးကြီးကပြူးထွက်နေသည်ပင်။သူတို့တစ်အိမ်လုံးမှာရွှေကြိုက်တဲ့လူဟာတစ်ယောက်သာရှိသည်။စီးသည့်ကားတောင်ရွှေကွပ်သည့်လူ။ဖြစ်နိုင်ရင်ကိုယ့်လော်ကိုယ်တောင်ရွှေကွပ်ချင်နေသည့်တစ်ယောက်သောသူ။

"" ကိုယ့်လော်ကိုယ်ရွှေမကွပ်ရလို့ ငါ့ခွေးကိုလာကွပ်ပေးနေတယ် ""

ချန်ဒလာ၏ပွစိပွစိအသံကြောင့် ယိမ်းယိုင်တောင်ကြောင်စီစီဖြစ်သွားရသည်။ချန်ဒလာလုပ်တာမဟုတ်ရင် ဒါဆိုဘယ်သူကများ...

"" ငါလုပ်တာ ! ""

အိမ်ထဲကနေဟိန်းခနဲထွက်လာသည့်အသံနှင့်အတူ အပြင်ဘက်သို့တစ်လှမ်းချင်းလှမ်းလာသည့်အက်စတွန်။အပြင်ဘက်ရောက်ရောက်ချင်းပင် ရီ့ကိုထိကိုင်နေသည့်ယိမ်းယိုင်၏လက်တွေကိုမနှစ်မြို့သလိုကြည့်နေသည့်အကြည့်တို့ကို ချန်ဒလာကောင်းကောင်းကြီးမြင်လိုက်သည်။အက်စတွန်တစ်လှမ်းတိုးလာတာနှင့် ငုတ်တုတ်ထိုင်နေသည့် ယိမ်းယိုင်မှိုင်း၏လက်ကိုအကြမ်းပတမ်းကောက်ဆွဲလိုက်ကာသူ့ခန္ဓာကိုယ်နောက်သို့ပို့ကာထားလိုက်လေသည်။

"" မင်းငါ့ရှေ့ကဖယ်စမ်း ""

"" ခြေမချဘူးပြောခဲ့တယ်မလား။အိမ်ကို ဘာလာလုပ်တာလဲ။ ""

"" မင်းကတကယ်ငါ့ကို မလာစေချင်နေတာပဲ ""

"" ပြောစရာလိုနေသေးလို့လား ""

နှစ်ယောက်၏အကြည့်တို့ကား ဘယ်ချိန်ပေါက်ကွဲနိုင်မလဲမသိနိုင်သည့်ဗုံးတွေအလား။တစ်ယောက်နှင့်တစ်ယောက်အကြည့်ချင်းစစ်ခင်းနေကြသည်မှာ ကြောက်မက်ဖွက်။တစ်ချက်,တစ်ချက် သူ့(ယိမ်းယိုင်)ဘက်ကိုလှည့်,လှည့်ကြည့်လာသည့် အကြည့်တို့ကြားသူ့ကိုမုန်းတီးနေသည့်အကြည့်တို့ကိုမြင်တွေ့နေရသည်။ယိမ်းယိုင်ကိုယ်တိုင်ကလည်းထိုအကြည့်တွေအောက်အပြစ်ရှိနေသည့် ရာဇဝတ်သားအလားမလွန်ဆန်ရဲ။

"" မင်းငါ့သားနားဘာကိစ္စနဲ့ လာကပ်နေတာလည်း။ဘာလဲ မင်းတို့မိသားစုငါ့သားကိုဒုက္ခပေးရတာအားမရလို့လား ""

"" ဘာကိုပြောချင်... ""

"" ဘာပဲဖြစ်ဖြစ်ကျုပ်နဲ့ဒဲ့ရှင်း။ကျုပ်အမျိုးသားကိုမထိခိုက်နဲ့ ""

ယိမ်းယိုင်ရဲ့စကားသံတို့နှင့်အတူ ချန်ဒလာ၏ဟန့်တားသံဟာယှဉ်တွဲပါလာတော့သည်။သူ့သားဟာ ဒီကလေးဘက်ကရပ်တည်နေရအောင်ပျော်ဝင်နေပြီလား မဖြစ်ပေ။ ဒီကောင်လေးအပေါ် ဘယ်လိုမှပျော်ဝင်လိုက်လို့မရဆွဲထုတ်ရပေမည်။ပထမဆုံးအကြိမ်သတိပေးခဲ့သော်ညား‌‌ ရှေ့ဆက်တိုးခဲ့သည်။ဘာပဲလုပ်ရလုပ်ရ သူ့ရဲ့သားကိုထိုကောင်လေးတို့မိသားစုနှင့်မပတ်သတ်စေချင်။သူ့တို့မိသားစုကြီး၏တစ်ဦးတည်းသောရင်သွေးလေးအတွက်ဆို လူပဲသတ်ရသတ်ရသူတို့လုပ်နိုင်သည်။ဒါဟာဦလေးတစ်ယောက်အနေနဲ့ကော အဖေတစ်‌ယောက်အနေနဲ့ပါသူ၏လောဘပဲ။

"" ငါနဲ့မင်း စကားထပ်ပြောဖို့လိုပြီ ""

"" ပြောလို့ကိုမကုန်ဘူး။ ""

ချန်ဒလာ,ယိမ်းယိုင်၏လက်တို့ကို လွှတ်ကာအက်စတွန်နောက်တိတ်တစိတ်သာလိုက်သွားလိုက်သည်။အက်စတွန်သူ့ဖို့ပြောနေမှန်းသိပေမယ့် သူကိုယ်တိုင်ကကိုဘာလို့ရှေ့ဆက်တိုးနေမှန်းနားမလည်။သိစိတ်ကထိုလူ့ကိုမုန်းနေပေမယ့် မသိစိတ်ဟာထိုလူအနားကထွက်သွားမှာကြောက်နေရပြန်သည်။

ဘုန်း!!

အခန်းထဲရောက်သည်နှင့် စားပွဲပေါ်ရှိစာရွက်ဖိုင်တွေတစ်ချို့ကိုလက်ဖြင့်တိုက်ချကာ...

"" ချန်ဒလာ မင်းအဲ့ကလေးအပေါ်ပျော်ဝင်နေပြီလား ""

"" ဟင့်အင်း ""

"" အဲ့ကောင်လေးနဲ့မင်းကွာရှင်းလိုက်! ""

"" ဘာအကြောင်းပြချက်နဲ့လည်း ""

"" မင်းမေ့နေတာလား ချန်ဒလာမင်းမေ့နေတာလား။မင်းဘဝတစ်ခုလုံးကို စုတ်ပြတ်သတ်သွားအောင်လုပ်ခဲ့တဲ့မိသားစု၊မင်းမိဘတွေကိုသတ်ခဲ့တဲ့မိသားစု၊မင်းအရွယ်ရောက်လာကတည်းက အမေလို့မခေါ်ရအောင်လုပ်ခဲ့တဲ့မိသားစုရဲ့သွေးသား၊ အဲ့ကောင်လေးကကောမင်းကိုဒုက္ခမပေးနိုင်ပါဘူးလို့မင်းတစ်ထစ်ချယုံကြည်နေကောလား။မင်းအဲ့မိသားစုဆီကဘယ်တော့များမှ လွတ်မြောက်မှာလည်း ""

ချန်ဒလာတစ်လျှောက်လုံးငြိမ်သတ်နေမိသည်။ဒါတွေကိုယိမ်းယိုင်မှိုင်းမသိဘူးလေ။ယိမ်းယိုင်မှာ အပြစ်မရှိဘူးလေ။အပြစ်မရှိသည့်လူကိုသူမထိခိုက်စေလို။ဘာအကြောင်းပြချက်မှရေရေရာရာမရှိပေမယ့်သူမထိခိုက်‌စေချင်ဘူး။ယိမ်းယိုင်ထက်စာရင်နာကျင်ရမယ့်လူဟာသူပဲဖြစ်ချင်မိသည်။သူ့နာကျင်မှုတွေဟာမပြောပလောက်တော့ပါဘူး။

"" ယိမ်းယိုင်နဲ့မဆိုင်ပါဘူး ""

"" အေး ! မင်းရှေ့ဆက်တိုးကြည့်လိုက် ငါအဲ့မိသားစုကိုဘာလုပ်မိမလည်းဆိုတာအာမ,မခံနိုင်ဘူး။ ""

လက်ညှိုးငေါက်ငေါက်ထိုးနေသည့် အက်စတွန်ဟာဘယ်လောက်ဒေါသထွက်နေမှန်း မျက်နှာမှာထင်ဟပ်နေသည်။အက်စတွန်လိုလူမျိုးအတွက်က လူသတ်တာဟာ သူတို့အပျင်းပြေကစားနေကြကစားနည်းတစ်ခုလို။

"" ယိမ်းယိုင်မှိုင်းကိုမထိသရွေ့ ကျုပ်အဆင်ပြေတယ် ""

တောက် !

ပြောရင်ပြောသလိုလုပ်တတ်သည့်လူဟာ ဘာကိုမှဂရုစိုက်မှာမဟုတ်။ခုချိန်ဆက်ပြောလည်း အက်စတွန်ဒေါသထွက်ရတာသာအဖက်တင်မည်။ချန်ဒလာကတော့ပဂတိအတိုင်းငြိမ်သက်နေ‌သည်။ဒီလိုငြိမ်သတ်နေတာကကိုပိုကြောက်စရာကောင်းလှသည်။ဘယ်အချိန်မှာ ဘယ်လိုစတိုက်ခိုက်မလည်းဆိုတာမသိ။တစ်ခုသာရှိတော့သည် ကနေဒါပြန်ခေါ်ရမည်ဆိုတာသာ။

"" ကနေဒါ ငါနဲ့ပြန်လိုက်ခဲ့ ""

"" အလုပ်မအားဘူး ""

"" ငါအခုဒေါသတော်တော်လျော့ထားတယ်နော်ချန်ဒလာ။ငါ့ကို ထပ်ပြီးအတွန့်မတတ်နဲ့ ""

"" မတတ်ပါဘူး ဟုတ်တာပြောတာလေ မအားလို့မအားဘူးပြောတာ ""

ဒေါသထွက်အောင်သူကဘာများလုပ်နေလို့လည်းသူ့ဘာသာအားနေဒေါသထွက်နေတာမဟုတ်ဘူးလား။ဘာလုပ်လုပ်ချန်ဒလာ့ရဲ့အပြစ်လား။ဟိုလူငိုလည်းချန်ဒလာ၊ဒီလူဒေါသထွက်လည်းချန်ဒလာ။အားနေ ချန်ဒလာ၊ဒေါသထွက်ရင်‌ရုပ်ဆိုးရတဲ့ကြားထဲ ထိုရုပ်ဆိုးဆိုးမျက်နှာကြီးတွေကြည့်ဖို့သူကပဲသက်သက်လုပ်တယ်ထင်နေတာလား။စောက်ကျိုးနည်း Logic

"" ကိုယ့်နိုင်ငံကိုယ်ပြန်တာ လီးဖြစ်လို့မအားတာလား ""

သူပြောပြီးမကြာလိုက်ချန်ဒလာကတံခါးကိုဆောင့်ပိတ်ကာနှုတ်မှလည်းစကားတစ်ခွန်း‌ပြောလျှက်အပြင်ဘက်သို့ထွက်သွားပြီဖြစ်သည်။အခန်းထဲ၌ဒေါကန်ပြီးကျန်ခဲ့လူကသူသာ။ဘယ်နှယ့်ငါ့ကိုပြန်ရွဲ့ပြီးပြောသွားတာ။ပြောတဲ့စကားကလည်း...

"" ဟုတ်ကဲ့ဗျ လီးဖြစ်ပါတယ်ဗျ "" တဲ့လေ။

______________✿。⁠*゚✿________________

10 • 3 • 2024 •
Kiran

Xylo ကနေ Kiran ဆိုပြီး name ပြောင်းလဲထားပါသေးတယ်။

University of Oxford
























המשך קריאה

You'll Also Like

91.6K 677 63
You thought they didn't have a sister well the famous brothers on YouTube have a sister who's the same age as Jake
681 98 4
وەن شۆت ( کورتە چیرۆک ) بۆ هەموو کەیپۆپ و ئەکتەر و هەرچیەک بتانەوێت🤍 چیرۆکەکان موڵکی خۆمن بردن و کۆپیکردنی لاوازیت دەسەلمێنێت جا خۆت ریپۆرت باران مە...
7.1K 416 23
~~မြင်မြင်ချင်းအချစ်ဆိုတာ တကယ်ရှိတယ်၊ စချစ်တက်သွားဖို့ စက္ကန့်အပိုင်းအခြားလေးနဲ့တင် လုံလောက်ပါတယ်~~ Take care of your health💫🙆❣️ ~~မြင်မြင်ချင်းအခ...
1.7M 103K 40
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...