Love Behind The Complexity

By Sunday_27

32.6K 1.4K 142

"ငါတို့ကယောက်ျားအချင်းချင်းလေ...ပတ်ဝန်းကျင်အမြင်မှာ..." "ပတ်ဝန်းကျင်ကိုဂရုမစိုက်ဘူး။အဓိက က ကျွန်တော်တို့တစ်ယေ... More

Part 1
Part 2
Part 3
Part 4
Part 6
Part 7
Part 8
Part 9
Character art
Part 10
Part 11
Part 12
Part 13

Part 5

1.2K 76 7
By Sunday_27

"ဟဲ့ မော်ဒယ်ကအခုထိမရောက်သေးဘူးလား"

"မရောက်သေးဘူး မာမီရေ"

"ကျစ်!နာမည်လေးရလာပြီဆို နောက်ကျရတာနဲ့ အချိန်ဆွဲရတာနဲ့။အချိန်ဘယ်လောက်ကျန်သေးလဲ"

"၄၅မိနစ်ရသေးတယ်မာမီ။"

"ငါဖုန်းထပ်ဆက်ကြည့်အုံးမယ်။မိတ်ကပ်ပြင်အုံးမှာနဲ့ အဝတ်လဲအုံးမှာနဲ့ဆို ဒီအချိန်လောက်သေးတယ်"

မိတ်ကပ်ခန်းထဲတွင် တစ်ချို့သောမော်ဒယ်လေးများမှာ ကိုယ်ပိုင် stylist များနှင့်အဆင်ပြေပြေရှိကြသည်။မဖြစ်သေးတာက ဒီနေ့ပွဲရဲ့ main model ကရောက်မလာသေးတာပင်။လက်တလော social media ကြားမှာ လျှမ်းလျှမ်းတောက်အောင်မြင်နေသူ။သူမ၏ နာမည်မှာ ဒေါင်း။

"နောင်နောင် ဒါလေးကူပေးပါအုံး"

"လာပြီနော်"

ချိုသာစွာထွက်ပေါ်လာသော အသံလေးမှာ မိတ်ကပ် stylist များ၏အားကိုရာလေးဖြစ်သည်။‌

"ဒေါင်း ကို နောင်နောင် တာဝန်ယူထားတာမလား"

"ဟုတ်ဗျ။ဒါပေမဲ့ နောင်နောင် စိုးရိမ်နေတာ အချိန်လောက်ပါ့မလားလို့။သူက main ဆိုတော့တစ်ခုခုမှားယွင်းမှာစိုးတယ်"

သွဲ့ရှင်းနောင်။သူ့နာမည် သွဲ့ရှင်းနောင်ဖြစ်သည်။ အပြင်အဆင်မှာယောက်ျားလေးပမာပင်။အမှန်လဲ ယောက်ျားလေးပါ။သို့သော် ဝတ်ပုံစားပုံကြောင့်သာ ယောကျာ်းလေးလို့ထင်ရခြင်း။သူ၏အသားအရည်၊ကော့စင်းသောမျက်တောင်များ၊ပန်းရောင်သမ်းနေသော နှုတ်ခမ်းလေးများဆိုမိန်းခလေးရှုံးအောင်လှသည်။

သွဲ့ရှင်းနောင်သည် make up stylist ကိုစိတ်ဝင်စားသူဖြစ်သည်။ထို့အတူပင် သွဲ့ရှင်းနောင်မှာ နာမည်ရမိတ်ကပ်ပြင်သူလဲဖြစ်သည်။ပွဲတိုင်းတွင် သွဲ့ရှင်းနောင်နှင့်မာမီတို့မှာမပါမဖြစ်။သူတို့ကိုရဖို့ဆို အနည်းဆုံး၃လလောက်ကြိုချိန်းရသည်ထိ အောင်မြင်နေသူများလဲဖြစ်သည်။

မိတ်ကပ်အခန်း၏ အပြင်ဘက် ခန်းမထဲတွင်တော့ မီးရောင်စုံများနှင့်စည်ကားသိုက်မြိုက်နေပေသည်။ပွဲတက်ဖို့ဖိတ်ကြားခံရသည့်ဧည့်သည်များနှင့်မီဒီယာများမှာလဲသူ့အလုပ်နှင့်သူ။စီးပွားရေးရှင်များမှာ ယခုပွဲကိုအခွင့်ယူကာ မိတ်ဖက်ရှာနေကြသည်။

"လူရှုပ်ပါတယ်အောင်ကြီးရာ....ပြန်ရအောင်ပါကွာ"

"ဟ! ဒီလိုပွဲမျိုးဖိတ်ကြားခံရတာ နည်းတာမဟုတ်ဘူးဟ။ပြီးတော့ ဒီပွဲရဲ့အဓိကလေးက ငါ့အမျိုးသမီးလေးကို"

သင်တိုင်းရှင်းဟန်နှင့်အောင်ကြီးတို့ လွတ်ရာစားပွဲတွင်ဝင်ထိုင်ကာ ဝိတ်တာလေးလာချပေးသော ဝိုင်ကိုငြင်းကာ juice တစ်ခွက်သာယူလိုက်သည်။ပွဲကြီးမို့ ပြင်ဆင်လားဆိုတော့သိပ်မပြင်ပါ။အောင်ကြီး၏ကောင်းမှုကြောင့် မလိုက်ချင်လိုက်ချင်နဲ့လူရှုပ်ရှုပ်ထဲလိုက်လာရခြင်းဖြစ်သည်။

ရှင်းဟန် မှာအနက်ရောင်စပို့ရှပ်အား အပြင်ဘက်မှဂျာကင်ထပ်ဝတ်ကာ သာမန်အတိုင်းသာဝတ်ဆင်ထားသည်။သို့သော် ပဂတိရုပ်ကြောင့် သန့်ပြန့်ကာခန့်ညားနေသည်။မျက်နှာကျမှာလဲပြောစရာမလိုအောင် ကြည့်ကောင်းသည်။အသားဖြူသည့်အထဲပါတာကြောင့် ဝတ်ထားသည့် လက်ပတ်အနက်မှာအထင်းသား။

သပ်ရပ်စွာဖီးသင်ထားသည့် ဆံပင်ကြောင့်မျက်နှာမှာရှင်းရှင်းလင်းလင်းသန့်နေသည်။ရှင်းဟန် စားပွဲဝိုင်းရှိထိုင်ခုံတွင်ထိုင်ကာ juice တစ်ခွက်ကိုသောက်နေရင်းပွဲအခြေအနေကိုကြည့်နေမိသည်။အောင်ကြီးက ဂနာမငြိမ်ဖုန်းဖွင့်လိုက် ဟိုရှာသည်ရှာနှင့် ကျီးကန်းတောင်းမှောက်သကဲ့သို့ပင်ရှာနေသည်။

ဘယ်အဆက်အစပ်တွေနဲ့ဒီပွဲဖိတ်ခံရလဲတော့ ရှင်းဟန်မသိ။သူသိသည်က အောင်ကြီးဇွတ်ခေါ်လာခြင်းပင်။ရှင်းဟန် မျက်စိကစားနေရင်း သူ့မျက်လုံးထဲဝင်လာသည့်ပုံရိပ်တစ်ချို့။

အုတ်ခဲကျိုးရောင် suit အပြည့်ဝတ်ဆင်ထားသူ။ဘေးနားမှာလဲ လူနှစ်သုံးယောက် သုံးယောက်ဝန်းရံလျက်။ထိုဝန်းရံထားသည့်လူတွေကြောင့် အုတ်ခဲကျိုးရောင် suit နဲ့လူအား သူမြင်ရတစ်ချက်။ မမြင်ရတစ်ချက်။ ရှင်းဟန် ကြည့်စရာမရှိရှာကြံကြည့်နေမိပြီထင်တယ်။

မျက်လုံးက ထိုနေရာတွင်သာရောက်နေသည်။မီးအလင်းရောင်ကြောင့် ကွက်ကွက်ကွင်းကွင်းမြင်လိုက်ရချိန်မှာ ထိုသူဟာ လူတစ်ယောက်နဲ့ရပ်စကားပြောနေလေသည်။အတွင်းအိပ်ကပ်ထဲတွင်ထည့်ထားသည့် လက်ကိုင်ပုဝါအဖြူလေးမှာအထင်းသား။မပြုံးမရယ်မျက်နှာထားဖြင့် သူ့ရှေ့ကလူအားလက်ဆွဲနှုတ်ဆက်ကာ တိုးတီးပြောနေလေသည်။

ရှင်းဟန် အသိဝင်လာချိန်မှာတော့

ဟာ!ဒါ ဟိုပြသာနာအိုးပဲ။

သူကဒီကိုဘယ်လို။အော်...သူလဲစီးပွားရေးနယ်ပယ်ကပဲ။ရှင်းဟန် အကြည့်လွှဲမည်ကြံတော့ ထိုသူတို့ကလဲ VIP ထိုင်ခုံဘက်သို့ဉီးတည်သွားလေသည်။

တစ်နေရာမှာတော့...

"ပွဲကစတော့မယ်...မင်းသမီးကအခုထိဆက်သွယ်မရဘူး။ကဲ ဘယ်လိုလုပ်ကြမလဲ"

စိတ်တိုကာပွစိပွစိဖြစ်နေသော မာမီအား ယနေ့ပွဲပိုင်ရှင်အမျိုးသမီးမှာ ပခုံးကိုပုပ်ကာနေသည်။

"ကျွန်မတို့နည်းနည်းလောက်ထပ်စောင့်ကြည့်ရအောင် မာမီ။ထပ်ဆက်သွယ်ကြည့်ပါအုံး"

ပွဲပိုင်ရှင်အမျိုးသမီးမှာ LiLi Diamond ၏ပိုင်ရှင်လဲဖြစ်သည်။LiLi Diamond မှာမြန်မာနိုင်ငံ၏နာမည်အရဆုံး အရည်အသွေးပြည့်မှီသည့် စိန်ဆိုင်ကြီးဖြစ်သည်။ပြည်တွင်းသာမက ပြည်ပမှာပါထိုးထွက်ကာလုပ်ငန်းများပါချဲ့နေကြသည်။

ယနေ့ပွဲကလဲ LiLi Diamond ၏ အသစ်စက်စက်သောဒီဇိုင်းများကိုပြသသောပွဲဖြစ်သည်။ပွဲကိုတက်ရဖို့သူသူငှာငှာစောသ့်မျှော်နေကြသူချည်းသာ။အဘယ့်ကြောင့်ဆို ယခုပွဲကစီးပွားရေးသမားများအတွက် အထူးအခွင့်အလမ်းတွေနှင့်ပြည့်နှက်နေခြင်းကြောင့်ဖြစ်သည်။

ကျန်သည့်ရှိုးလျှောက်ရမည့်မော်ဒယ်များမှာ အဆင့်သင့်ပင်ဖြစ်နေပြီ။ယနေ့ပွဲရဲ့ ဟိုက်လိုက်ဖြစ်တဲ့စိန်ဆွဲကြိုးဆင်မြန်းမည့် မော်ဒယ်မှာတော့ယခုထိပေါ်မလာသေး။

Ring....

တိတ်ဆိတ်နေသော မိတ်ကပ်ခန်းထဲအားဖြိုခွင်းလိုက်သော ဖုန်းမြည်သံ။

"ဒေါင်း ဒေါင်းရဲ့မန်နေဂျာ"

"ဟယ်လို ကျဲ..."

"အွန်း....ဘယ်ရောက်ပြီလဲ"

"အာ....ကျဲ။ကျဲ...ဒေါင်းကလေ.
အစာတွေမှားပြီးအခု toilet ထဲကကိုမထွက်နိုင်ဘူး"

စပီကာဖွင့်ပြောထားသည်မို့ ‌ကြားသွားကြသည့်ဘေးလူတွေကစိတ်ပူကြပေမဲ့ အကြောင်းသိသည့် မာမီကတော့နှုတ်ခမ်းတွန့်နေသည်။

"ပွဲဖျက်ရင် စရံနှစ်ဆပြန်လျော်ရမှာ ညည်းတို့သိတယ်နော်"

"အို မဖျက်ပါဘူး ကျဲရယ်။ခနလေးပဲထပ်စောင့်ပေးပါနော်။ဆရာဝန်နဲ့ပြပြီးရင် ဒေါင်းကိုခေါ်လာပါ့မယ်"

မာမီ,ဘေးနားကနားထောင်နေသော ပွဲပိုင်ရှင်အား မေးဆတ်ပြသောအခါ စောင့်မည်ဟုအဓိပ္ပာယ်ရောက်သည့် သဘောမျိုးလုပ်ပြသောကြောင့်

"အင်းအင်း အမြန်လာခဲ့။ပွဲကခနနေ,စတော့မှာ"

"ဟုတ်ကဲ့ ကျဲ။လာခဲ့မယ်နော်"

**

"ကဲ ဒေါင်း ဒီလိုကြီးမနေနဲ့လေ။တီလေးတို့က စရံယူထားပြီးပြီလေ"

အိပ်ယာထက်တွင်လူးလှိမ့်နေသော ဒေါင်းမှာ ဘာမှမဖြစ်အကောင်းကြီးသာ။ပွဲမတက်ချင်၍ ဝေ့နေရခြင်း။

"တီလေးကလည်း...စရံနှစ်ဆမလား ပြန်ပေးလိုက်ပေါ့။ဒေါင်း တို့မှာဒီလောက်ပေါနေတာကို။ဒေါင်း ပျင်းတယ် ပွဲမတတ်ချင်ဘူး"

"ဟိုမှာစောင့်နေကြပြီ။လိမ္မာပါတယ် ဒေါင်းရယ်နော်။၂၀မိနစ်အချိန်ရသေးတယ်။မြန်မြန်သွားရအောင်နော်"

"မသိဘူးကွာ...ဒေါင်းမလုပ်ချင်ဘူး"

**

"ပွဲစတော့မယ်နော်။‌မော်ဒယ်တွေ အဆင်သင့်ပြင်ထားလို့ရပြီ။"

ပွဲစီစဉ်သူမှ ဖုန်းနှင့်လှမ်းအကြောင်းကြားသောကြောင့် လျှောက်ရမည့်မော်ဒယ်များမှာအဆင်သင့်ပြင်ကြသည်။

"နောင်နောင် ဆွဲကြိုးလေးသေချာပြန်လုပ်ပေးပါအုံး။ပြေတော့မှာလားလို့"

သွဲ့ရှင်းနောင် မော်ဒယ်မလေးအားသေချာပြန်လုပ်ပေးလိုက်သည်။သို့နှင့် အများမျှော်လင့်ထားကြသော တိုက်ရိုက် love ပွဲကြီးမှာစတင်တော့သည်။တဖိတ်ဖိတ်ဝင်းလက်နေသော စိန်တွေကိုလဲအကဲခတ်ကြသည်။မော်ဒယ်မလေးများ၏ကိုယ်မှာကား စိန်များခြံလျက်ရှိသည်။ဟိုက်လိုက်စိန်ဆွဲကြိုးကြီးကိုတော့ ယခုထိမည်သူမှမမြင်ရသေး။

ပွဲခန်းမထဲလက်ခုပ်သံများဆူညံလျက် တစ်ယောက်ပြီးတစ်ယောက်ရှိုးပြသွားသော စိန်များအား လေလံတင်သူကတင် ဝယ်သူကဝယ်နှင့်ပွဲမှာတစ်ဆထက်တစ်ဆ စိတ်ဝင်စားဖို့ကောင်းလာသည်။ပွဲထဲရှိသူများမှာ အာရုံစုစည်းကာ စိန်များဝတ်ဆင်ထားသောမော်ဒယ်လေးများကိုအကဲခတ်ကြည့်နေသော်လည်း မိတ်ကပ်ခန်းထဲတွင်တော့တစ်ယောက်မှအငြိမ်မနေရပါ။

"ဟိုက်လိုက် အလှည့်ရောက်တော့မှာမလား"

"ဟုတ်တယ်"

ပွဲပိုင်ရှင်အမျိုးသမီးမှာလဲ ပွဲထဲမသွားနိုင်။

"ဘယ်လိုလုပ်ကြမလဲ။ရှေ့မှာသိပ်မကျန်တော့ဘူး"

ပွဲစီစဉ်သည့်မိန်းခလေးတစ်ဉီးမှာ အပြေးလေးလာပြောရှာသည်။သွဲ့ရှင်းနောင် ရှင်းစရာရှိသည်များကိုရှင်းနေရာမှ ခနနားထောင်လိုက်သည်။သူ့စိတ်ထင် မင်းသမီးမလာလောက်တော့ဘူးထင်။

"ဘယ်လိုလုပ်ကြမလဲ မာမီ"

ပွဲပိုင်ရှင်အမျိုးသမီးမှာ ထိုသို့ပြောတော့မာမီက အခန်းထဲကို မျက်လုံးတစ်ချက်ဝေ့လိုက်သည်။

"မမှီတော့ဘူး။မာမီ့ကိုအပ်လိုက်တော့"

"ဟင်? "

"မာမီ စီစဉ်ခဲ့မယ်။အဓိက ကဟိုက်လိုက်ကိုထုတ်ခဲ့ဖို့ပဲမလား"

ပွဲပိုင်ရှင်အမျိုးသမီးလဲ ပိုင်ရှင်ဖြစ်လျက် ပွဲခင်းထဲမရောက်နေသည်မို့ မာမီအားအပ်ခဲ့လိုက်သည်။

ပွဲပိုင်ရှင်အမျိုးသမီးအပ်ခဲ့သော ဟိုက်လိုက်စိန်ဆွဲကြိုးဘူးကို ဖွင့်ကာမာမီတစ်ချက်ပြုံးသည်။

ဒါဆို ဒီနေ့ရဲ့ဟိုက်လိုက်စိန်ဆွဲကြိုးကို ဘယ်သူဝတ်မှာလဲ။

***
8.3.2024

Zawgyi

"ဟဲ့ ေမာ္ဒယ္ကအခုထိမေရာက္ေသးဘူးလား"

"မေရာက္ေသးဘူး မာမီေရ"

"က်စ္!နာမည္ေလးရလာၿပီဆို ေနာက္က်ရတာနဲ႔ အခ်ိန္ဆြဲရတာနဲ႔။အခ်ိန္ဘယ္ေလာက္က်န္ေသးလဲ"

"၄၅မိနစ္ရေသးတယ္မာမီ။"

"ငါဖုန္းထပ္ဆက္ၾကည့္အုံးမယ္။မိတ္ကပ္ျပင္အုံးမွာနဲ႔ အဝတ္လဲအုံးမွာနဲ႔ဆို ဒီအခ်ိန္ေလာက္ေသးတယ္"

မိတ္ကပ္ခန္းထဲတြင္ တစ္ခ်ိဳ႕ေသာေမာ္ဒယ္ေလးမ်ားမွာ ကိုယ္ပိုင္ stylist မ်ားႏွင့္အဆင္ေျပေျပရွိၾကသည္။မျဖစ္ေသးတာက ဒီေန႔ပြဲရဲ႕ main model ကေရာက္မလာေသးတာပင္။လက္တေလာ social media ၾကားမွာ လွ်မ္းလွ်မ္းေတာက္ေအာင္ျမင္ေနသူ။သူမ၏ နာမည္မွာ ေဒါင္း။

"ေနာင္ေနာင္ ဒါေလးကူေပးပါအုံး"

"လာၿပီေနာ္"

ခ်ိဳသာစြာထြက္ေပၚလာေသာ အသံေလးမွာ မိတ္ကပ္ stylist မ်ား၏အားကိုရာေလးျဖစ္သည္။‌

"ေဒါင္း ကို ေနာင္ေနာင္ တာဝန္ယူထားတာမလား"

"ဟုတ္ဗ်။ဒါေပမဲ့ ေနာင္ေနာင္ စိုးရိမ္ေနတာ အခ်ိန္ေလာက္ပါ့မလားလို႔။သူက main ဆိုေတာ့တစ္ခုခုမွားယြင္းမွာစိုးတယ္"

သြဲ႕ရွင္းေနာင္။သူ႔နာမည္ သြဲ႕ရွင္းေနာင္ျဖစ္သည္။ အျပင္အဆင္မွာေယာက္်ားေလးပမာပင္။အမွန္လဲ ေယာက္်ားေလးပါ။သို႔ေသာ္ ဝတ္ပုံစားပုံေၾကာင့္သာ ေယာက်ာ္းေလးလို႔ထင္ရျခင္း။သူ၏အသားအရည္၊ေကာ့စင္းေသာမ်က္ေတာင္မ်ား၊ပန္းေရာင္သမ္းေနေသာ ႏႈတ္ခမ္းေလးမ်ားဆိုမိန္းခေလးရႈံးေအာင္လွသည္။

သြဲ႕ရွင္းေနာင္သည္ make up stylist ကိုစိတ္ဝင္စားသူျဖစ္သည္။ထို႔အတူပင္ သြဲ႕ရွင္းေနာင္မွာ နာမည္ရမိတ္ကပ္ျပင္သူလဲျဖစ္သည္။ပြဲတိုင္းတြင္ သြဲ႕ရွင္းေနာင္ႏွင့္မာမီတို႔မွာမပါမျဖစ္။သူတို႔ကိုရဖို႔ဆို အနည္းဆုံး၃လေလာက္ႀကိဳခ်ိန္းရသည္ထိ ေအာင္ျမင္ေနသူမ်ားလဲျဖစ္သည္။

မိတ္ကပ္အခန္း၏ အျပင္ဘက္ ခန္းမထဲတြင္ေတာ့ မီးေရာင္စုံမ်ားႏွင့္စည္ကားသိုက္ၿမိဳက္ေနေပသည္။ပြဲတက္ဖို႔ဖိတ္ၾကားခံရသည့္ဧည့္သည္မ်ားႏွင့္မီဒီယာမ်ားမွာလဲသူ႔အလုပ္ႏွင့္သူ။စီးပြားေရးရွင္မ်ားမွာ ယခုပြဲကိုအခြင့္ယူကာ မိတ္ဖက္ရွာေနၾကသည္။

"လူရႈပ္ပါတယ္ေအာင္ႀကီးရာ....ျပန္ရေအာင္ပါကြာ"

"ဟ! ဒီလိုပြဲမ်ိဳးဖိတ္ၾကားခံရတာ နည္းတာမဟုတ္ဘူးဟ။ၿပီးေတာ့ ဒီပြဲရဲ႕အဓိကေလးက ငါ့အမ်ိဳးသမီးေလးကို"

သင္တိုင္းရွင္းဟန္ႏွင့္ေအာင္ႀကီးတို႔ လြတ္ရာစားပြဲတြင္ဝင္ထိုင္ကာ ဝိတ္တာေလးလာခ်ေပးေသာ ဝိုင္ကိုျငင္းကာ juice တစ္ခြက္သာယူလိုက္သည္။ပြဲႀကီးမို႔ ျပင္ဆင္လားဆိုေတာ့သိပ္မျပင္ပါ။ေအာင္ႀကီး၏ေကာင္းမႈေၾကာင့္ မလိုက္ခ်င္လိုက္ခ်င္နဲ႔လူရႈပ္ရႈပ္ထဲလိုက္လာရျခင္းျဖစ္သည္။

ရွင္းဟန္ မွာအနက္ေရာင္စပို႔ရွပ္အား အျပင္ဘက္မွဂ်ာကင္ထပ္ဝတ္ကာ သာမန္အတိုင္းသာဝတ္ဆင္ထားသည္။သို႔ေသာ္ ပဂတိ႐ုပ္ေၾကာင့္ သန႔္ျပန႔္ကာခန႔္ညားေနသည္။မ်က္ႏွာက်မွာလဲေျပာစရာမလိုေအာင္ ၾကည့္ေကာင္းသည္။အသားျဖဴသည့္အထဲပါတာေၾကာင့္ ဝတ္ထားသည့္ လက္ပတ္အနက္မွာအထင္းသား။

သပ္ရပ္စြာဖီးသင္ထားသည့္ ဆံပင္ေၾကာင့္မ်က္ႏွာမွာရွင္းရွင္းလင္းလင္းသန႔္ေနသည္။ရွင္းဟန္ စားပြဲဝိုင္းရွိထိုင္ခုံတြင္ထိုင္ကာ juice တစ္ခြက္ကိုေသာက္ေနရင္းပြဲအေျခအေနကိုၾကည့္ေနမိသည္။ေအာင္ႀကီးက ဂနာမၿငိမ္ဖုန္းဖြင့္လိုက္ ဟိုရွာသည္ရွာႏွင့္ က်ီးကန္းေတာင္းေမွာက္သကဲ့သို႔ပင္ရွာေနသည္။

ဘယ္အဆက္အစပ္ေတြနဲ႔ဒီပြဲဖိတ္ခံရလဲေတာ့ ရွင္းဟန္မသိ။သူသိသည္က ေအာင္ႀကီးဇြတ္ေခၚလာျခင္းပင္။ရွင္းဟန္ မ်က္စိကစားေနရင္း သူ႔မ်က္လုံးထဲဝင္လာသည့္ပုံရိပ္တစ္ခ်ိဳ႕။

အုတ္ခဲက်ိဳးေရာင္ suit အျပည့္ဝတ္ဆင္ထားသူ။ေဘးနားမွာလဲ လူႏွစ္သုံးေယာက္ သုံးေယာက္ဝန္းရံလ်က္။ထိုဝန္းရံထားသည့္လူေတြေၾကာင့္ အုတ္ခဲက်ိဳးေရာင္ suit နဲ႔လူအား သူျမင္ရတစ္ခ်က္။ မျမင္ရတစ္ခ်က္။ ရွင္းဟန္ ၾကည့္စရာမရွိရွာႀကံၾကည့္ေနမိၿပီထင္တယ္။

မ်က္လုံးက ထိုေနရာတြင္သာေရာက္ေနသည္။မီးအလင္းေရာင္ေၾကာင့္ ကြက္ကြက္ကြင္းကြင္းျမင္လိုက္ရခ်ိန္မွာ ထိုသူဟာ လူတစ္ေယာက္နဲ႔ရပ္စကားေျပာေနေလသည္။အတြင္းအိပ္ကပ္ထဲတြင္ထည့္ထားသည့္ လက္ကိုင္ပုဝါအျဖဴေလးမွာအထင္းသား။မၿပဳံးမရယ္မ်က္ႏွာထားျဖင့္ သူ႔ေရွ႕ကလူအားလက္ဆြဲႏႈတ္ဆက္ကာ တိုးတီးေျပာေနေလသည္။

ရွင္းဟန္ အသိဝင္လာခ်ိန္မွာေတာ့

ဟာ!ဒါ ဟိုျပသာနာအိုးပဲ။

သူကဒီကိုဘယ္လို။ေအာ္...သူလဲစီးပြားေရးနယ္ပယ္ကပဲ။ရွင္းဟန္ အၾကည့္လႊဲမည္ႀကံေတာ့ ထိုသူတို႔ကလဲ VIP ထိုင္ခုံဘက္သို႔ဉီးတည္သြားေလသည္။

တစ္ေနရာမွာေတာ့...

"ပြဲကစေတာ့မယ္...မင္းသမီးကအခုထိဆက္သြယ္မရဘူး။ကဲ ဘယ္လိုလုပ္ၾကမလဲ"

စိတ္တိုကာပြစိပြစိျဖစ္ေနေသာ မာမီအား ယေန႔ပြဲပိုင္ရွင္အမ်ိဳးသမီးမွာ ပခုံးကိုပုပ္ကာေနသည္။

"ကြၽန္မတို႔နည္းနည္းေလာက္ထပ္ေစာင့္ၾကည့္ရေအာင္ မာမီ။ထပ္ဆက္သြယ္ၾကည့္ပါအုံး"

ပြဲပိုင္ရွင္အမ်ိဳးသမီးမွာ LiLi Diamond ၏ပိုင္ရွင္လဲျဖစ္သည္။LiLi Diamond မွာျမန္မာႏိုင္ငံ၏နာမည္အရဆုံး အရည္အေသြးျပည့္မွီသည့္ စိန္ဆိုင္ႀကီးျဖစ္သည္။ျပည္တြင္းသာမက ျပည္ပမွာပါထိုးထြက္ကာလုပ္ငန္းမ်ားပါခ်ဲ႕ေနၾကသည္။

ယေန႔ပြဲကလဲ LiLi Diamond ၏ အသစ္စက္စက္ေသာဒီဇိုင္းမ်ားကိုျပသေသာပြဲျဖစ္သည္။ပြဲကိုတက္ရဖို႔သူသူငွာငွာေစာသ့္ေမွ်ာ္ေနၾကသူခ်ည္းသာ။အဘယ့္ေၾကာင့္ဆို ယခုပြဲကစီးပြားေရးသမားမ်ားအတြက္ အထူးအခြင့္အလမ္းေတြႏွင့္ျပည့္ႏွက္ေနျခင္းေၾကာင့္ျဖစ္သည္။

က်န္သည့္ရႈိးေလွ်ာက္ရမည့္ေမာ္ဒယ္မ်ားမွာ အဆင့္သင့္ပင္ျဖစ္ေနၿပီ။ယေန႔ပြဲရဲ႕ ဟိုက္လိုက္ျဖစ္တဲ့စိန္ဆြဲႀကိဳးဆင္ျမန္းမည့္ ေမာ္ဒယ္မွာေတာ့ယခုထိေပၚမလာေသး။

Ring....

တိတ္ဆိတ္ေနေသာ မိတ္ကပ္ခန္းထဲအားၿဖိဳခြင္းလိုက္ေသာ ဖုန္းျမည္သံ။

"ေဒါင္း ေဒါင္းရဲ႕မန္ေနဂ်ာ"

"ဟယ္လို က်ဲ..."

"အြန္း....ဘယ္ေရာက္ၿပီလဲ"

"အာ....က်ဲ။က်ဲ...ေဒါင္းကေလ.
အစာေတြမွားၿပီးအခု toilet ထဲကကိုမထြက္ႏိုင္ဘူး"

စပီကာဖြင့္ေျပာထားသည္မို႔ ‌ၾကားသြားၾကသည့္ေဘးလူေတြကစိတ္ပူၾကေပမဲ့ အေၾကာင္းသိသည့္ မာမီကေတာ့ႏႈတ္ခမ္းတြန႔္ေနသည္။

"ပြဲဖ်က္ရင္ စရံႏွစ္ဆျပန္ေလ်ာ္ရမွာ ညည္းတို႔သိတယ္ေနာ္"

"အို မဖ်က္ပါဘူး က်ဲရယ္။ခနေလးပဲထပ္ေစာင့္ေပးပါေနာ္။ဆရာဝန္နဲ႔ျပၿပီးရင္ ေဒါင္းကိုေခၚလာပါ့မယ္"

မာမီ,ေဘးနားကနားေထာင္ေနေသာ ပြဲပိုင္ရွင္အား ေမးဆတ္ျပေသာအခါ ေစာင့္မည္ဟုအဓိပၸာယ္ေရာက္သည့္ သေဘာမ်ိဳးလုပ္ျပေသာေၾကာင့္

"အင္းအင္း အျမန္လာခဲ့။ပြဲကခနေန,စေတာ့မွာ"

"ဟုတ္ကဲ့ က်ဲ။လာခဲ့မယ္ေနာ္"

**

"ကဲ ေဒါင္း ဒီလိုႀကီးမေနနဲ႔ေလ။တီေလးတို႔က စရံယူထားၿပီးၿပီေလ"

အိပ္ယာထက္တြင္လူးလွိမ့္ေနေသာ ေဒါင္းမွာ ဘာမွမျဖစ္အေကာင္းႀကီးသာ။ပြဲမတက္ခ်င္၍ ေဝ့ေနရျခင္း။

"တီေလးကလည္း...စရံႏွစ္ဆမလား ျပန္ေပးလိုက္ေပါ့။ေဒါင္း တို႔မွာဒီေလာက္ေပါေနတာကို။ေဒါင္း ပ်င္းတယ္ ပြဲမတတ္ခ်င္ဘူး"

"ဟိုမွာေစာင့္ေနၾကၿပီ။လိမၼာပါတယ္ ေဒါင္းရယ္ေနာ္။၂၀မိနစ္အခ်ိန္ရေသးတယ္။ျမန္ျမန္သြားရေအာင္ေနာ္"

"မသိဘူးကြာ...ေဒါင္းမလုပ္ခ်င္ဘူး"

**

"ပြဲစေတာ့မယ္ေနာ္။‌ေမာ္ဒယ္ေတြ အဆင္သင့္ျပင္ထားလို႔ရၿပီ။"

ပြဲစီစဥ္သူမွ ဖုန္းႏွင့္လွမ္းအေၾကာင္းၾကားေသာေၾကာင့္ ေလွ်ာက္ရမည့္ေမာ္ဒယ္မ်ားမွာအဆင္သင့္ျပင္ၾကသည္။

"ေနာင္ေနာင္ ဆြဲႀကိဳးေလးေသခ်ာျပန္လုပ္ေပးပါအုံး။ေျပေတာ့မွာလားလို႔"

သြဲ႕ရွင္းေနာင္ ေမာ္ဒယ္မေလးအားေသခ်ာျပန္လုပ္ေပးလိုက္သည္။သို႔ႏွင့္ အမ်ားေမွ်ာ္လင့္ထားၾကေသာ တိုက္႐ိုက္ love ပြဲႀကီးမွာစတင္ေတာ့သည္။တဖိတ္ဖိတ္ဝင္းလက္ေနေသာ စိန္ေတြကိုလဲအကဲခတ္ၾကသည္။ေမာ္ဒယ္မေလးမ်ား၏ကိုယ္မွာကား စိန္မ်ားၿခံလ်က္ရွိသည္။ဟိုက္လိုက္စိန္ဆြဲႀကိဳးႀကီးကိုေတာ့ ယခုထိမည္သူမွမျမင္ရေသး။

ပြဲခန္းမထဲလက္ခုပ္သံမ်ားဆူညံလ်က္ တစ္ေယာက္ၿပီးတစ္ေယာက္ရႈိးျပသြားေသာ စိန္မ်ားအား ေလလံတင္သူကတင္ ဝယ္သူကဝယ္ႏွင့္ပြဲမွာတစ္ဆထက္တစ္ဆ စိတ္ဝင္စားဖို႔ေကာင္းလာသည္။ပြဲထဲရွိသူမ်ားမွာ အာ႐ုံစုစည္းကာ စိန္မ်ားဝတ္ဆင္ထားေသာေမာ္ဒယ္ေလးမ်ားကိုအကဲခတ္ၾကည့္ေနေသာ္လည္း မိတ္ကပ္ခန္းထဲတြင္ေတာ့တစ္ေယာက္မွအၿငိမ္မေနရပါ။

"ဟိုက္လိုက္ အလွည့္ေရာက္ေတာ့မွာမလား"

"ဟုတ္တယ္"

ပြဲပိုင္ရွင္အမ်ိဳးသမီးမွာလဲ ပြဲထဲမသြားႏိုင္။

"ဘယ္လိုလုပ္ၾကမလဲ။ေရွ႕မွာသိပ္မက်န္ေတာ့ဘူး"

ပြဲစီစဥ္သည့္မိန္းခေလးတစ္ဉီးမွာ အေျပးေလးလာေျပာရွာသည္။သြဲ႕ရွင္းေနာင္ ရွင္းစရာရွိသည္မ်ားကိုရွင္းေနရာမွ ခနနားေထာင္လိုက္သည္။သူ႔စိတ္ထင္ မင္းသမီးမလာေလာက္ေတာ့ဘူးထင္။

"ဘယ္လိုလုပ္ၾကမလဲ မာမီ"

ပြဲပိုင္ရွင္အမ်ိဳးသမီးမွာ ထိုသို႔ေျပာေတာ့မာမီက အခန္းထဲကို မ်က္လုံးတစ္ခ်က္ေဝ့လိုက္သည္။

"မမွီေတာ့ဘူး။မာမီ့ကိုအပ္လိုက္ေတာ့"

"ဟင္? "

"မာမီ စီစဥ္ခဲ့မယ္။အဓိက ကဟိုက္လိုက္ကိုထုတ္ခဲ့ဖို႔ပဲမလား"

ပြဲပိုင္ရွင္အမ်ိဳးသမီးလဲ ပိုင္ရွင္ျဖစ္လ်က္ ပြဲခင္းထဲမေရာက္ေနသည္မို႔ မာမီအားအပ္ခဲ့လိုက္သည္။

ပြဲပိုင္ရွင္အမ်ိဳးသမီးအပ္ခဲ့ေသာ ဟိုက္လိုက္စိန္ဆြဲႀကိဳးဘူးကို ဖြင့္ကာမာမီတစ္ခ်က္ၿပဳံးသည္။

ဒါဆို ဒီေန႔ရဲ႕ဟိုက္လိုက္စိန္ဆြဲႀကိဳးကို ဘယ္သူဝတ္မွာလဲ။

***
8.3.2024

Continue Reading

You'll Also Like

2.5M 145K 48
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
1.3M 116K 42
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
10.4K 1.1K 6
Protective Man + Shy Boy
46.6K 1.5K 27
waring: 18 plus/Adult