Part-9
~~~~~~
" ဟျောင့် မင်းတို့အခြေအနေ..."
ဆရာမ မလာသေးလို့ရောင့်တက်ရာရာစကားပြောရာမှ ကိုဖြိုးရဲ့အမေးကြောင့်..
" ဒီလိုပါဘဲကွာ.. အော် မင်းတို့နှစ်ကောင်ကိုပြောထားရအုန်းမယ် ငါ့ခလေးနဲ့လိုတာထက်ပိုမပတ်သက်နဲ့ အထူးသဖြင့် အာကာ မင်း ခုနက ခလေးက မင်းနဲ့ကျ စကားပြောနေလိုက်တာ ငယ်ပေါင်းကြီးဖော်လို ငါ့ကျတော့ ကြောက်သလိုနဲ့ ကျစ်... အနုရောအကြမ်းရော သုံးထားရတယ်.. "
"အေးပါကွာ မင်းကလည်း ငါက ငါ့ညမလေးတစ်ယောက်လိုခင်လို့ပါကွ မင်းခလေးကိုယောင်လို့တောင် မထိရဲပါဘူး "
" sky မင်းခလေးက ငယ်သေးတယ်ကွ အတင်းအကြပ်သွားမလုပ်နဲ့ မင်းစိတ်ကိုသိသားနဲ့ အကြမ်းဆို မင်းခလေးက မင်းကို ကြောက်ဘဲကြောက်နေမှာ "
ကိုဖြိုးရဲ့အပြောလည်းဟုတ်သည်။တစ်ခုခုဆို ခလေးကိုအကြမ်းနဲ့မရ အနုနည်းနဲ့ချော့ပြောရမည်ဆိုတာကိုခလေးနဲ့ စကားပြောခဲ့ရသလောက် သိခဲ့ရသည်။
" ကိုဖြိုးပြောတာဟုတ်တယ် မင်းစိတ်ကနဂိုတည်းက လက်တစ်ဆစ်နဲ့ မင်းခလေးကအချော့ကြိုက်လေးကွ "
"အေးပါကွာ မင်းတို့ကလည်း ခလေးနဲ့ဆို ငါ့စိတ်ကိုလျှော့ထားပါတယ် မင်းတို့လည်းသိတယ်လေ ငါလိုချင်တဲ့မေတ္တာ အချစ် ဂရုဏာတွေကို ခလေးဆီကတော့တကယ်လိုချင်မိတယ် "
"ရမှာပါကွာ ညမလေးနဲ့စကားပြောရသလောက် သူတစ်ပါးကို ဖော်ရွေတယ် သဘောကောင်းမနောကောင်းလေး ဟဲဟဲ "
ကိုဖြိုးအာကာကိုမတားတော့ပေ ဝေးဝေးသာရှောင်ထွက်လိုက်သည်။
" ပြောနေရင်းကို.... "
"အားး ကယ်ကြပါအုန်း ဒီမှာ လိုက်လုပ်နေလို့ဗျို့... "
အတန်းထဲက သူတွေလည်းskyရဲ့ ရုပ်တည်ခြင်းကိုဘဲ မြင်ခဲ့ရတာ ခုလို
ပေါ့ပေါ့ပါးပါး ပုံစံလေးမမြင်ဖူးလို့ ကြည့်သူကကြည့် ရီသူကရီနဲ့ အတန်းတစ်ခုလုံးဆူညံနေလေရဲ့။
"ဟားး ဟားး"
"ဟီးး..ဟီးး"
" မိရင်တွေ့မယ် ဟမ် ငါ့ခလေးကိုပြောချင်အုန်း "
"ဗြဲ..."
" ရွှန်းလဲ့ ဖမ်းထားပေးအဲ့ကောင်ကို "
" ဟမ် အေး အေး "
skyရဲ့ခလေးဆိုတဲ့စကားကြောင့်စဥ်းစားနေရာမှ ဖမ်းထားပေးပါဆိုလို့ ယောင်ယမ်းပြီးသူ့အတန်းဘက်ပြေးလာသောအာကာ့ကိုဖမ်းထားပေးလိုက်သည်။
"မိပြီ မင်းတော့သေပြီ ဘဲ ဟားဟားး"
လိုက်သူကကလိုက် ပြောင်သူကပြောင် ရီသူကရီ နှင့် ဆူညံပေမဲ့ သီရိရဲ့အတွေးမှာတော့သေချာသွားပြီလေ။ စောနကခလေးမက သူ့ရဲ့အကြံအစည်ကိုနှောက်ယှက်မည့်သူဆိုတာ။တွေ့ကြသေးတာပေါ့ အသေးလေးရာ skyကို ငါကလွဲပြီးဘယ်သူ့မှမပိုင်ဆိုင်စေရဘူး ရုပ်နဲ့မှမလိုက် အကျည်းတန်စွာ မဲ့နေလေရဲ့။
-------------------
ကျောင်းဆင်းချိန်......
ဒေါင်..ဒေါင်.. ဒေါင်
"မဂ်လာပါဆရာမ ကျေးဇူးတင်ပါတယ် ဆရာမ "
ဆရာမအခန်းပြင်ထွက်သွားမှ ပန်ပန်တို့လည်းအခန်းပြင်ထွက်ပြီးပြန်ဖို့တန်းစီလိုက်သည်။ဒီညနေတော့ ဖူးဖူးကမိန်းခလေးသဘာဝအရ ဗိုက်အောင့်တာမို့ ညနေ၇အချိန်လောက်ကတည်းက သူ့မိဘတွေလာခေါ်သွားတော့ပန်ပန်တစ်ယောက်ဘဲကျန်တော့တာမို့အတန်းထဲကသူငယ်ချင်းတစ်ယောက်နဲ့ဘဲတွဲလိုက်လေသည်။ဖူးဖူးအပျိုဖြစ်တာ၂လ ကျော်လေပြီတဲ့။ပန်ပန့်မှာတော့ခုထိမရောက်လာသေးပေ ။ အတန်းထဲက မိန်းခလေးတွေတောင်လာကုန်ပြီ ။မဟုတ်မှ ပန်ပန့်မှာ ဘာရောဂါများရှိလို့ပါလိမ့်။
" လာလေပန်ပန် ငါတို့အလှည့်ရောက်ပြီ "
" အော် အေအေ သွားရအောင် "
ကျောင်းဝန်းထဲရှိ စက်ဘီး အပ်တဲ့နေရာရောက်တော့ ပန်ပန်ချွေးပြန်လေပြီ။ သော့ရှာမတွေ့ ။လွယ်အိတ်ထဲအခါခါပြန်ရှာလည်းမတွေ့ ။ လမ်းတစ်နေရာမှာများကျကျန်ခဲ့သလား... အတန်းထဲက စားပွဲခုံမှာဘဲ ကျန်ခဲ့သလားစဥ်းစားမရ။ဒုက္ခပါဘဲ ပန်ပန်ရယ် သေချာပြန် စဥ်းစားတော့ ဟာ!!.. ညနေကျရင် ဖူးဖူးနဲ့ပြန်မယ်ပြောထားတာဘဲ ဖူးဖူးတင်နင်းမယ်ပြောလို့သော့ပေးထားလိုက်မိသည်လေ။ကျွတ် သွားပါပြီဟာ...နင်တော့သွားပြီပန်ပန်ရေ.. ကျောင်းနဲ့အိမ်လည်းအလှမ်းဝေးသည်မို့ခြေကျင် ပြန်ဖို့ကကျ စက်ဘီးက ချန်ထားလို့မရ။အကူအညီတောင်းဖို့ကလည်း ခင်တဲ့သူတွေကအပြင်ရောက်ကုန်ပြီ။အကိုဇိုင်းကောင်းကင်မာန် ကိုပြောဖို့ကျ သော့ရှာနေစဥ်အတွင်း ပြန်သွားသည်ထင်သည် မမြင်လိုက်မိဘူး။ နောက်ဆုံးမတတ်နိုင်တော့မှ ကျောင်းဂိတ်ကအစောင့်ကို အကူအညီတောင်းဖို့အလုပ်...
" ခလေး မပြန်သေးဘူးလားး "
"ဟင် ..အကို "
အကိုဇိုင်းကောင်းကင်မာန် ကမေးပြီး သူ့ဆီလျှောက်လာသည်။အကို့နောက်ကနေ နေ့ခင်းက အကို၂ယောက်ရယ် အမ၂ယောက် ပါလိုက်လာသည်။
" ဟမ် ခလေး မပြန်သေးဘူးလားလို့ "
"ဟုတ်..စက်ဘီးသော့ကဖူးဖူးနောက်ပါသွားလို့အကို ဘယ်လိုလုပ်ရမလဲမသိတော့ဘူး ကျောင်းစောင့်အကို ကို အကူအညီတောင်းမို့လုပ်တုန်း အကိုရောက်လာတာ "
ခလေးရဲ့အပြောကို နားထောင်ပြီးsky မပြန်ရသေးလို့ကိုယ့်ကိုယ်ကိုယ်ကျေနပ်မိသည်။ရွှန်းလဲ့က သန့်စင်ခန်းသွားချင်လို့ စောင့်ပေးပါဆိုလို့ စောင့်ပြီး အပြန် လူရှင်းနေတဲ့ကျောင်းဝန်းကြီးထဲ ခလေးတစ်ယောက်သာကျန်တော့ ခလေးများဘာဖြစ်တာလဲတွေးပြီး ခလေးဆီအမြန်သွားမိသည်။တော်သေးတာပေါ့ မဟုတ်ရင်ခလေးတစ်ယောက်တည်း ကျစ်..။
" အာကာ ကိုဖြိုး ရွှန်းလဲ့မင်းတို့သွားနှင့်တော့ ငါကျူရှင်မတက်တော့ဘူး။ ခလေးကိုပြန်လိုက်ပို့အုန်းမယ် "
" ဟဲ့ဇိုင်းယံ အာကာတို့ပြောပြောနေကျ ခလေးဆိုတာက ဒီညမလေးလာ "
" အဟက်!!အွန် ဘယ်လိုလဲ "
" အမလေ ချစ်စရာလေးဟ နင်နဲ့တောင်မလိုက်ဘူး "
"ကျစ်.. ဘာကိစ္စမလိုက်ကမှာ သွားတော့ဟာ "
"အေးပါဟယ် အထိမခံ ကဲ ညမလေး အမတို့သွားနှင့်ပြီနော် နောက်မှတွေ့မယ် လာသွားမယ်သီရိ... "
"အာ့..."
"ဟာ! ဟာ!! နင်ဘာလုပ်တာတုန်း ခလေးပါးနီသွားပြီ ကျစ်..."
ရွှန်းလဲ့တမင်တကာ ခလေးမလေးပါးကိုဆွဲလိုက်ပြီး အဖြစ်သည်းနေတဲ့ဇိုင်းယံကိုစလိုက်တော့ထင်သည့်အတိုင်းနောက်ကနေဆွေ့ဆွေ့ခုန်ကျန်ခဲ့လေရဲ့။
ရွှန်းလဲ့ဆွဲခေါ်ရာနောက်လိုက်ခဲ့ပေမဲ့ သီရိ ရင်ထဲဒူးရင်းသီးတွေ သီးနေလေသည်။ skyအသံကနောက်နဲ့ကပ်ပါလာတာက >ခလေးအရမ်းနာနေလားတဲ့< အဟက်!ခုတော့အဲ့ခလေးမကို အဖြစ်သည်းနေလိုက်အုန်းပေါ့ နောက်မှ သီရိ သီရိ ဆိုပြီးဖြစ်နေစေရမယ်။
နောက်ကကျန်ခဲ့တဲ့၂ယောက်ကတော့
"တကယ်မနာဘူးအကိုရဲ့ "
"မနာဘဲနေပါ့မလာ ဒီလောက်နီနေတဲ့ဟာ ကျစ် ရွှန်းလဲ့မ တွေ့အုန်းမယ် "
"ပန်ပန် အိုကေပါတယ်ဆိုမှ အကို..နော် သူငယ်ချင်းအပေါ်မဆိုးသွမ်းရဘူး နေ့ခင်းကလည်းပန်ပန်ကြည့်နေတာ သူငယ်ချင်းတွေကို တစ်အားအနိုင်ကျင့်တာဘဲ ဟွန့်"
"အာ..သူတို့တွေနဲ့က အဲ့လိုဘဲခလေးရဲ့ဘာ့ဖြစ်ဖူး ပြီးတော့ကိုယ်က နေ့ခင်းကခလေးမြင်တာထက်ပိုပြီးအရမ်းဆိုးတဲ့သူ ခလေးမသိသေးလို့ "
" ဟွန်.. "
" ဇီးကွက်လေးလုပ်မနေနဲ့လူကိုအသည်းယားအောင် "
"ဟမ်.."
" ဟာကွာ ကျစ်!! စက်ဘီး ကိုယ်သယ်သွားပေးမယ် ကိုယ့်ထမင်းဘူးကိုင်ထားပေး "
"ဟို ရပါ့မလားဟင် "
"ရပါတယ်ကွာ ဒီလောက်ကတော့ကိုယ့်တွက်မိုင်နာဘဲ "
" ကျေးဇူးပါအကို "
skyခလေးကိုကြည့်ပြီး
" ကိုယ့်အပေါ်မှာ အားနာပြီး ကျေးဇူးရယ် တောင်းပန်တာရယ် ဘယ်တော့မှမပြောနဲ့ ဒါကပထမဆုံးနဲ့နောက်ဆုံးဖြစ်ပါစေ ထပ်ပြောခဲ့ရင် အဲ့ခါကျ ကိုယ်တကယ် စိတ်ဆိုးမှာ ကိုယ်ကခလေးကို အလကားကူညီပေးတာမဟုတ်ဘူး လေ အဟက်!! "
"ကဲလာပါကွာ ဦးနှောက်သေးသေးလေးနဲ့စဥ်းစားမနေနဲ့ ကိုယ်လေးနေပြီ "
" အာ..ဟုတ် "
>ကိုယ် ခလေးကိုချစ်တယ်လို့မပြောသေးဘူး ခလေးကိုဘယ်သူ့အကူအညီမှမပါဘဲ တာဝန်ယူနိုင်အောင်အရင်ကြိုးစားပြီးမှ ခလေးကိုအဲ့စကားလုံး၂လုံးကိုပြောမှာပါ ခလေးကျောင်းပြီးတာနဲ့ ကိုယ်လည်းခလေးကိုလိုလေသေးမရှိ ခလေးလက်ညိုးညွှန်ရာရေ ဖြစ်အောင် အစွမ်းကုန်ကြိုးစားပါ့မယ်.. ခုတော့ ဒီတိုင်းလေးပေါ့ "