Dog Training (mm-translation)

Bởi Iced-mocha

21.4K 1.7K 130

Original name - 训犬 (Xùn quǎn) Original author - 雁一夏 (Yàn yī xià) Eng name - Dog Training Eng translator - Min... Xem Thêm

Synopsis
Chapter 1- Prologue (18+)
Chapter 2- ရွမ်ရွမ်
Chapter 3- S အဆင့်အယ်လ်ဖာ
Chapter 4 - နာကြည်းမှုနှင့်နာကျင်မှု
Chapter 5 - ဒီလောက်ပါပဲ
Chapter 6 - လက်စားချေဖို့အချိန်ကောင်းမဟုတ်သေးဘူး
Chapter 7 - ဖယ်ရိုမုန်းများထုတ်လွှတ်ခြင်း
Chapter 8 - သူ့ကိုကုတင်ပေါ်ပဲခေါ်သွားချင်တာ
Chapter 9 - ကြက်ဥထမင်းကြော်
❌အသိပေးစာ❌
Chapter 10 - ကိုယ်ကအမြဲတမ်းဒီလိုပါပဲ
Chapter 11 - လူပိုတစ်ယောက်တိုးလာပြီ
Chapter 12 - နှစ်ဦးနှစ်ဖက်အတွက်အကောင်းဆုံး
Chapter 13 - အဲ့မှာပဲရပ်မနေနဲ့
Chapter 15 - ကိုယ်ထိန်းချုပ်ဆေးတွေ မသောက်ချင်ဘူး
Chapter 16 - ငါမင်းကို နောက်နေတာမဟုတ်ဘူး
Chapter 17 - ကိုယ်အဆင်မပြေဘူး
Chapter 18 - အားရှောင်၊ ကျေးဇူးပြုပြီး
Chapter 19 - blank space
Chapter 20 - ဖရိုဖရဲနှင့် ရူပ်ထွေးနေသော နှလုံးသား

Chapter 14 - ပျိုးမကြဲပဲရိတ်သိမ်းခြင်း

575 60 4
Bởi Iced-mocha

[Unicode]

(TN/ဒီအပိုင်းမှာတော့ Chapter 12ရဲ့အဆက်ကိုပြန်ရောက်သွားပါပြီ။Chapter 13ကတော့ ဘာဖြစ်သွားလဲ ကိုယ်လည်းမသိပါဘူး။ ಠ⌣ಠ )

ဒါပေမဲ့ ဖုန့်ကျန်းက ရွမ်ရှောင်းရဲ့သဘောထားကို ဘယ်တော့မှမမေးခဲ့ဘူး။ရွမ်ရှောင်းဘာမှတောင်မပြောရသေးဘူး သူကချီထားပြီ။ရွမ်ရှောင်းအသိဝင်လို့ စိတ်တိုလာတာနဲ့ သူကရွမ်‌ေရှာင်းကိုနေရာချပေးထားပြီးပြီ။

အချိန်ကြာလာတာနဲ့အမျှ တစ်စုံတစ်ယောက်ဆီမှာ အချီခံရတာက ဝှီးလ်ချဲနဲ့သွားတာထက်ပိုလွယ်တယ်ဆိုတာ ရွမ်ရှောင်းသိလိုက်ရတယ်။အချိန်ကုန်သက်သာရုံတင်မက စွမ်းအင်ချွေတာရာပါရောက်တယ်။တဖြည်းဖြည်းနဲ့ အဲ့ဒါကိုသူအသားကျလာခဲ့တယ်။အယ်လ်ဖာတစ်ယောက်အနေနဲ့ အချီခံရရုံနဲ့ အသားပဲ့မပါသွားပါဘူး။

ရေချိုးပြီးတာနဲ့ သူ့ကိုယ်သူ bathrobe နဲ့ထုပ်လိုက်ပြီး ဆိုဖာပေါ်ချီသွားခံလိုက်ရတယ်။ဖုန့်ကျန်းကလေမှုတ်စက်ယူပြီး ဆိုဖာနောက်မှာရပ်လိုက်ကာ ရွမ်ရှောင်းရဲ့ဆံပင်တွေကိုဂရုတစိုက်အခြောက်ခံပေးလိုက်တယ်။

လက်ချောင်းတွေက ဆံပင်တွေကြားမှာ ညင်သာစွာပြေးလွှားနေပြီး ဦးရေပြားတွေကိုပွတ်တိုက်သွားတဲ့ ခံစားချက်က အရမ်းသက်တောင့်သက်သာရှိတယ်။ဖုန့်ကျန်းရဲ့ လှုပ်ရှားတွေက ညင်သာပြီး သေသပ်တယ်။ဆိုဖာပေါ်ခေါင်းမှီနေရင်းနဲ့ ရွမ်ရှောင်းအိပ်ငိုက်လာခဲ့သည်။

ဖုန့်ကျန်းသည် ရွမ်ရှောင်း၏ ပင်ပန်းနွမ်းနယ်နေမှုကို သတိထားမိသွားသည်။ဆံပင်တွေကို ခြောက်အောင်မှုတ်ပေးပြီးတာနဲ့ ထွက်မသွားသေးပဲ ဖုန့်ကျန်းရဲ့ ရှည်လျားပြီးသန်မာတဲ့လက်တွေက ရွမ်ရှောင်းရဲ့လည်ပင်းတွေဆီလျောကျသွားပြီး နာကျင်တောင့်တင်းနေတဲ့ ပုခုံးနဲ့လက်မောင်းတွေကို နှိပ်နယ်ပေးလိုက်သည်။

ရွမ်ရှောင်းရဲ့ခြေထောက်တွေက အသုံးပြုလို့မရတာကြောင့် လက်မောင်းတွေကိုပဲ အားကိုးပြီးအရာအားလုံးကိုလုပ်ရသည်။အလုပ်များတဲ့နေ့တွေဆို လက်မောင်းနဲ့ပုခုံးတွေက နာကျင်ကိုက်ခဲနေတတ်သည်။ဖုန့်ကျန်းရဲ့ သူ့ပုခုံးတွေပေါ် နှိပ်နယ်ပေးမှုက အားသိပ်မပါသလို လျော့လည်းမလျော့ဘူး၊ အနေတော်ပဲ။ရွမ်ရှောင်းမရုန်းပဲ ဒီတိုင်းဇိမ်ခံနေလိုက်တယ်။

ဖုန့်ကျန်းရဲ့ ဒီပြုစုစောင့်ရှောက်တွေစွမ်းရည်တွေက ဘယ်ကတတ်လာလဲ ရွမ်ရှောင်းအမြဲတမ်းသိချင်ခဲ့တယ်။ဒါပေမဲ့ သေချာစဥ်းစားကြည့်လိုက်တော့ ရွမ်ကျင်းကချူချာတဲ့ အိုမီဂါတစ်ယောက်ဖြစ်တာကြောင့် ဖုန့်ကျန်းကရွမ်ကျင်းကို မကြာခဏဂရုစိုက်ခဲ့ရပြီး ဒါတွေကို ကျွမ်းကျင်သွားတာပဲဖြစ်ရမယ်။

မူလကတခြားသူတစ်ယောက်ပိုင်ဆိုင်သည့် ဂရုစိုက်မှုများကို လက်ခံရန်အတွက် အပြစ်ရှိသလိုခံစားရသော်လည်း အခုတော့အားနာမနေတော့ပေ။ရွမ်ကျင်းတောင်မှ သူပိုင်တဲ့အရာတွေကိုမတရားသိမ်းယူပြီး သူ့စံအိမ်မှာတက်နေကာဇိမ်ခံကားကိုတောင် အရှက်မရှိယူစီးရဲသေးတာပဲ။

အခုချိန်မှာတော့ သူနေပျော်သရွေ့ ကျေနပ်ပါတယ်လေ။ဒီလူရဲ့နှလုံးသားကို အမှန်တကယ်လိုချင်ရအောင်ထိ သူမမိုက်မဲပါဘူး။

ဒီတစ်ခဏအတွင်းမှာ လေထုထဲမှာထင်းရှူးရနံ့ အနည်းငယ်ပြင်းလာတာကို ခံစားမိလိုက်တယ်။ရွမ်ရှောင်းမျက်မှောင်ကြုတ်လိုက်ပြီး မျက်လုံးများကိုဖွင့်လိုက်ကာ သူ့ပုခုံးများကိုနှိပ်ပေးနေသောသူ့‌ေနာက်ကလူကို လှည့်ကြည့်လိုက်သည်။

ဖုန့်ကျန်းကလည်း သူ့ကိုစိုက်ကြည့်နေပြီး အကြည့်တွေထဲတွင် ထိန်းချုပ်ထားရမှုများ ပေါ်လွင်နေသည်။အကြောင်းတစ်ခုခုကြောင့် အနှီလူ၏မျက်လုံးများ ပိုနက်လာသည်ဟု ရွမ်ရှောင်းခံစားလာရသည်။

နှိပ်နယ်ပေးမှုကြောင့်လျော့ရဲသွားသော bathrobe ကိုပြင်ဝတ်လိုက်ပြီး "မင်းရဲ့ဖယ်ရိုမုန်းတွေက ပြင်းထန်လာပြန်ပြီ။ထိုနေ့ကငါပြောထားတဲ့ ထိန်းချုပ်ဆေး မင်းမဝယ်ခဲ့ဘူးလား။"

ဖုန့်ကျန်း၏မျက်လုံးများသည် ရွမ်ရှောင်းကိုစိုက်ကြည့်ကာ "ဝယ်ခဲ့ပြီ။" ဟုရိုးရိုးသားသား ပြန်ဖြေလိုက်သည်။

အယ်လ်ဖာတစ်ယောက်ရဲ့Heatရောက်တော့မယ်ဆိုလျှင် ခန္ဓာကိုယ်ရှိဖယ်ရိုမုန်းများက ထိန်းမနိုင်သိမ်းမရထွက်လာတတ်သည်။ဖုန့်ကျန်းက အတိတ်မေ့နေတဲ့အတွက်ကြောင့် သူ့ရဲ့ Heat Cycle ကာလကိုမမှတ်မိဘူး။သို့သော် အနှီလူ၏ဖယ်ရိုမုန်းများက တစ်ရက်ထက်တစ်ရက်ပိုပြီးသိပ်သည်းလာတာကို ရွမ်ရှောင်းခံစားမိလာတယ်။ပုံမှန်အတိုင်းဆို ဖုန့်ကျန်းရဲ့Heatက နှစ်ရက်အတွင်းဖြစ်လိမ့်မယ်။

ရွမ်ရှောင်းက အယ်လ်ဖာတစ်ယောက်ဖြစ်တာကြောင့် ဖုန့်ကျန်း၏Heatက သူ့ကိုသိသိသာသာထိခိုက်စေမည် မဟုတ်ပေ။သို့သော် အဆင့်မြင့်အယ်လ်ဖာများသည် ၄င်းတို့၏လွှမ်းမိုးခြယ်လှယ်မှုအားပြင်းသည့် ဖယ်ရိုမုန်းများနှင့် မွေးရာပါဗီဇတို့ကြောင့် သူ့တို့၏Heatကာလတွင် ဖယ်ရိုမုန်းများအားကောင်းလာသောအခါ အနည်းနှင့်အများ ပတ်ဝန်းကျင်ကိုသက်ရောက်မှုရှိစေသည်။၄င်းက အဆင့်နိမ့်အယ်လ်ဖာများကို ဖိအားများခံစားရစေသည်။ရွမ်ရှောင်းကထိုခံစားချက်ကိုမကြိုက်သည့်အတွက် သူက "နောက်ကျနေပြီ။ဒီနေ့ကအလုပ်များတာကြောင့် မင်းစောစောအနားယူလိုက်ပါ........"

ပြောပြီးတာနဲ့ သူကဝှီးလ်ချဲကို ဆိုဖာနဲ့နီးအောင်ဆွဲယူလိုက်ပြီး ကိုယ့်ဘာသာတက်ကာ အိပ်ခန်းဆီသို့ဦးတည်လိုက်သည်။

ထိုအချိန်တွင် ဖုန့်ကျန်းသည် ရွမ်ရှောင်းအားလှဲလျက်အနေအထားအတိုင်း ပွေ့ချီလိုက်ပြီး အိပ်ခန်းဆီသယ်သွားသည်။

ရွမ်ရှောင်းသည် ပွေ့ချီခံလိုက်ရသောအခါ အံ့ဩသွားသော်လည်း အလျင်အမြန်နေသားကျသွားသည်။သူသည် ဖုန့်ကျန်း၏ရင်ခွင်ထဲတွင် နာခံစွာဖြင့်မှီချလိုက်ပြီး ပြန်ချပေးမည့်အချိန်ကို စောင့်နေလိုက်သည်။

သို့သော် အိပ်ခန်းထဲရောက်သော်လည်း ဖုန့်ကျန်းက ခါတိုင်းလိုသူ့အား အိပ်ရာပေါ်ချပေးမလားသေးသည့်အတွက် အံ့ဩမိသွားသည်။ထိုအစား ဖုန့်ကျန်းသည်နူးညံ့ပုံပေါက်သောအိပ်ရာကိုငုံ့ကြည့်ကာ သူ့အမှုအရာမှာ တုံ့ဆိုင်းနေသော အရိပ်အမြွက်ကိုပြသနေသည်။

8.3.2024 (Fri)
11:05 am

[Zawgyi]

(TN/ဒီအပိုင္းမွာေတာ့ Chapter 12ရဲ႕အဆက္ကိုျပန္ေရာက္သြားပါၿပီ။Chapter 13ကေတာ့ ဘာျဖစ္သြားလဲ ကိုယ္လည္းမသိပါဘူး။ ಠ⌣ಠ )

ဒါေပမဲ့ ဖုန္႔က်န္းက ႐ြမ္ေရွာင္းရဲ႕သေဘာထားကို ဘယ္ေတာ့မွမေမးခဲ့ဘူး။႐ြမ္ေရွာင္းဘာမွေတာင္မေျပာရေသးဘူး သူကခ်ီထားၿပီ။႐ြမ္ေရွာင္းအသိဝင္လို႔ စိတ္တိုလာတာနဲ႔ သူက႐ြမ္‌ေရွာင္းကိုေနရာခ်ေပးထားၿပီးၿပီ။

အခ်ိန္ၾကာလာတာနဲ႔အမွ် တစ္စုံတစ္ေယာက္ဆီမွာ အခ်ီခံရတာက ဝွီးလ္ခ်ဲနဲ႔သြားတာထက္ပိုလြယ္တယ္ဆိုတာ ႐ြမ္ေရွာင္းသိလိုက္ရတယ္။အခ်ိန္ကုန္သက္သာ႐ုံတင္မက စြမ္းအင္ေခြၽတာရာပါေရာက္တယ္။တျဖည္းျဖည္းနဲ႔ အဲ့ဒါကိုသူအသားက်လာခဲ့တယ္။အယ္လ္ဖာတစ္ေယာက္အေနနဲ႔ အခ်ီခံရ႐ုံနဲ႔ အသားပဲ့မပါသြားပါဘူး။

ေရခ်ိဳးၿပီးတာနဲ႔ သူ႔ကိုယ္သူ bathrobe နဲ႔ထုပ္လိုက္ၿပီး ဆိုဖာေပၚခ်ီသြားခံလိုက္ရတယ္။ဖုန္႔က်န္းကေလမႈတ္စက္ယူၿပီး ဆိုဖာေနာက္မွာရပ္လိုက္ကာ ႐ြမ္ေရွာင္းရဲ႕ဆံပင္ေတြကိုဂ႐ုတစိုက္အေျခာက္ခံေပးလိုက္တယ္။

လက္ေခ်ာင္းေတြက ဆံပင္ေတြၾကားမွာ ညင္သာစြာေျပးလႊားေနၿပီး ဦးေရျပားေတြကိုပြတ္တိုက္သြားတဲ့ ခံစားခ်က္က အရမ္းသက္ေတာင့္သက္သာရွိတယ္။ဖုန္႔က်န္းရဲ႕ လႈပ္ရွားေတြက ညင္သာၿပီး ေသသပ္တယ္။ဆိုဖာေပၚေခါင္းမွီေနရင္းနဲ႔ ႐ြမ္ေရွာင္းအိပ္ငိုက္လာခဲ့သည္။

ဖုန္႔က်န္းသည္ ႐ြမ္ေရွာင္း၏ ပင္ပန္းႏြမ္းနယ္ေနမႈကို သတိထားမိသြားသည္။ဆံပင္ေတြကို ေျခာက္ေအာင္မႈတ္ေပးၿပီးတာနဲ႔ ထြက္မသြားေသးပဲ ဖုန္႔က်န္းရဲ႕ ရွည္လ်ားၿပီးသန္မာတဲ့လက္ေတြက ႐ြမ္ေရွာင္းရဲ႕လည္ပင္းေတြဆီေလ်ာက်သြားၿပီး နာက်င္ေတာင့္တင္းေနတဲ့ ပုခုံးနဲ႔လက္ေမာင္းေတြကို ႏွိပ္နယ္ေပးလိုက္သည္။

႐ြမ္ေရွာင္းရဲ႕ေျခေထာက္ေတြက အသုံးျပဳလို႔မရတာေၾကာင့္ လက္ေမာင္းေတြကိုပဲ အားကိုးၿပီးအရာအားလုံးကိုလုပ္ရသည္။အလုပ္မ်ားတဲ့ေန႔ေတြဆို လက္ေမာင္းနဲ႔ပုခုံးေတြက နာက်င္ကိုက္ခဲေနတတ္သည္။ဖုန္႔က်န္းရဲ႕ သူ႔ပုခုံးေတြေပၚ ႏွိပ္နယ္ေပးမႈက အားသိပ္မပါသလို ေလ်ာ့လည္းမေလ်ာ့ဘူး၊ အေနေတာ္ပဲ။႐ြမ္ေရွာင္းမ႐ုန္းပဲ ဒီတိုင္းဇိမ္ခံေနလိုက္တယ္။

ဖုန္႔က်န္းရဲ႕ ဒီျပဳစုေစာင့္ေရွာက္ေတြစြမ္းရည္ေတြက ဘယ္ကတတ္လာလဲ ႐ြမ္ေရွာင္းအၿမဲတမ္းသိခ်င္ခဲ့တယ္။ဒါေပမဲ့ ေသခ်ာစဥ္းစားၾကည့္လိုက္ေတာ့ ႐ြမ္က်င္းကခ်ဴခ်ာတဲ့ အိုမီဂါတစ္ေယာက္ျဖစ္တာေၾကာင့္ ဖုန္႔က်န္းက႐ြမ္က်င္းကို မၾကာခဏဂ႐ုစိုက္ခဲ့ရၿပီး ဒါေတြကို ကြၽမ္းက်င္သြားတာပဲျဖစ္ရမယ္။

မူလကတျခားသူတစ္ေယာက္ပိုင္ဆိုင္သည့္ ဂ႐ုစိုက္မႈမ်ားကို လက္ခံရန္အတြက္ အျပစ္ရွိသလိုခံစားရေသာ္လည္း အခုေတာ့အားနာမေနေတာ့ေပ။႐ြမ္က်င္းေတာင္မွ သူပိုင္တဲ့အရာေတြကိုမတရားသိမ္းယူၿပီး သူ႔စံအိမ္မွာတက္ေနကာဇိမ္ခံကားကိုေတာင္ အရွက္မရွိယူစီးရဲေသးတာပဲ။

အခုခ်ိန္မွာေတာ့ သူေနေပ်ာ္သေ႐ြ႕ ေက်နပ္ပါတယ္ေလ။ဒီလူရဲ႕ႏွလုံးသားကို အမွန္တကယ္လိုခ်င္ရေအာင္ထိ သူမမိုက္မဲပါဘူး။

ဒီတစ္ခဏအတြင္းမွာ ေလထုထဲမွာထင္းရွဴးရနံ႔ အနည္းငယ္ျပင္းလာတာကို ခံစားမိလိုက္တယ္။႐ြမ္ေရွာင္းမ်က္ေမွာင္ၾကဳတ္လိုက္ၿပီး မ်က္လုံးမ်ားကိုဖြင့္လိုက္ကာ သူ႔ပုခုံးမ်ားကိုႏွိပ္ေပးေနေသာသူ႔‌ေနာက္ကလူကို လွည့္ၾကည့္လိုက္သည္။

ဖုန္႔က်န္းကလည္း သူ႔ကိုစိုက္ၾကည့္ေနၿပီး အၾကည့္ေတြထဲတြင္ ထိန္းခ်ဳပ္ထားရမႈမ်ား ေပၚလြင္ေနသည္။အေၾကာင္းတစ္ခုခုေၾကာင့္ အႏွီလူ၏မ်က္လုံးမ်ား ပိုနက္လာသည္ဟု ႐ြမ္ေရွာင္းခံစားလာရသည္။

ႏွိပ္နယ္ေပးမႈေၾကာင့္ေလ်ာ့ရဲသြားေသာ bathrobe ကိုျပင္ဝတ္လိုက္ၿပီး "မင္းရဲ႕ဖယ္႐ိုမုန္းေတြက ျပင္းထန္လာျပန္ၿပီ။ထိုေန႔ကငါေျပာထားတဲ့ ထိန္းခ်ဳပ္ေဆး မင္းမဝယ္ခဲ့ဘူးလား။"

ဖုန္႔က်န္း၏မ်က္လုံးမ်ားသည္ ႐ြမ္ေရွာင္းကိုစိုက္ၾကည့္ကာ "ဝယ္ခဲ့ၿပီ။" ဟု႐ိုး႐ိုးသားသား ျပန္ေျဖလိုက္သည္။

အယ္လ္ဖာတစ္ေယာက္ရဲ႕Heatေရာက္ေတာ့မယ္ဆိုလွ်င္ ခႏၶာကိုယ္ရွိဖယ္႐ိုမုန္းမ်ားက ထိန္းမႏိုင္သိမ္းမရထြက္လာတတ္သည္။ဖုန္႔က်န္းက အတိတ္ေမ့ေနတဲ့အတြက္ေၾကာင့္ သူ႔ရဲ႕ Heat Cycle ကာလကိုမမွတ္မိဘူး။သို႔ေသာ္ အႏွီလူ၏ဖယ္႐ိုမုန္းမ်ားက တစ္ရက္ထက္တစ္ရက္ပိုၿပီးသိပ္သည္းလာတာကို ႐ြမ္ေရွာင္းခံစားမိလာတယ္။ပုံမွန္အတိုင္းဆို ဖုန္႔က်န္းရဲ႕Heatက ႏွစ္ရက္အတြင္းျဖစ္လိမ့္မယ္။

႐ြမ္ေရွာင္းက အယ္လ္ဖာတစ္ေယာက္ျဖစ္တာေၾကာင့္ ဖုန္႔က်န္း၏Heatက သူ႔ကိုသိသိသာသာထိခိုက္ေစမည္ မဟုတ္ေပ။သို႔ေသာ္ အဆင့္ျမင့္အယ္လ္ဖာမ်ားသည္ ၄င္းတို႔၏လႊမ္းမိုးျခယ္လွယ္မႈအားျပင္းသည့္ ဖယ္႐ိုမုန္းမ်ားႏွင့္ ေမြးရာပါဗီဇတို႔ေၾကာင့္ သူ႔တို႔၏Heatကာလတြင္ ဖယ္႐ိုမုန္းမ်ားအားေကာင္းလာေသာအခါ အနည္းႏွင့္အမ်ား ပတ္ဝန္းက်င္ကိုသက္ေရာက္မႈရွိေစသည္။၄င္းက အဆင့္နိမ့္အယ္လ္ဖာမ်ားကို ဖိအားမ်ားခံစားရေစသည္။႐ြမ္ေရွာင္းကထိုခံစားခ်က္ကိုမႀကိဳက္သည့္အတြက္ သူက "ေနာက္က်ေနၿပီ။ဒီေန႔ကအလုပ္မ်ားတာေၾကာင့္ မင္းေစာေစာအနားယူလိုက္ပါ........"

ေျပာၿပီးတာနဲ႔ သူကဝွီးလ္ခ်ဲကို ဆိုဖာနဲ႔နီးေအာင္ဆြဲယူလိုက္ၿပီး ကိုယ့္ဘာသာတက္ကာ အိပ္ခန္းဆီသို႔ဦးတည္လိုက္သည္။

ထိုအခ်ိန္တြင္ ဖုန္႔က်န္းသည္ ႐ြမ္ေရွာင္းအားလွဲလ်က္အေနအထားအတိုင္း ေပြ႕ခ်ီလိုက္ၿပီး အိပ္ခန္းဆီသယ္သြားသည္။

႐ြမ္ေရွာင္းသည္ ေပြ႕ခ်ီခံလိုက္ရေသာအခါ အံ့ဩသြားေသာ္လည္း အလ်င္အျမန္ေနသားက်သြားသည္။သူသည္ ဖုန္႔က်န္း၏ရင္ခြင္ထဲတြင္ နာခံစြာျဖင့္မွီခ်လိုက္ၿပီး ျပန္ခ်ေပးမည့္အခ်ိန္ကို ေစာင့္ေနလိုက္သည္။

သို႔ေသာ္ အိပ္ခန္းထဲေရာက္ေသာ္လည္း ဖုန္႔က်န္းက ခါတိုင္းလိုသူ႔အား အိပ္ရာေပၚခ်ေပးမလားေသးသည့္အတြက္ အံ့ဩမိသြားသည္။ထိုအစား ဖုန္႔က်န္းသည္ႏူးညံ့ပုံေပါက္ေသာအိပ္ရာကိုငုံ႔ၾကည့္ကာ သူ႔အမႈအရာမွာ တုံ႔ဆိုင္းေနေသာ အရိပ္အႁမြက္ကိုျပသေနသည္။

8.3.2024 (Fri)
11:05 am

Đọc tiếp

Bạn Cũng Sẽ Thích

530K 84.7K 115
Both Unicode and Zawgyi are available! Title - 穿越之灵植师 Author - Ye Yiluo (叶忆落) Type - Web Novel (CN) Status in COO - 397 chapters (Complete) Origina...
124K 12.3K 31
နေတခေတ်ဆိုတဲ့ကောင်လေးတစ်ယောက်ဟာ ရိုးရှင်းတဲ့ဘဝကိုဖန်တီးရင်း နောက်ကွယ်ကသစ္စာဖောက်မှုကြောင့် သေဆုံးခဲ့ရမှုအပေါ်မကျေနပ်၍ သေဆုံးခဲ့ရခြင်းအပေါ်လောကစီရင်သူ...
654K 88.3K 159
Unicode + Zawgyi ကိုယ်တိုင်ဖတ်ချင်မိတဲ့အတွက် ဘာသာပြန်ခြင်း ဖြစ်ပါတယ် ပျော်စရာကောင်းသော နေ့ရက်လေးများ ပိုင်ဆိုင်ကြပါစေ
94.6K 11.5K 164
Description နိုက်ကလပ်တွင်ပျော်ရွှင်မှုကိုရှာဖွေပြီးနောက် စိတ်ကူးယဉ်ဆန်သော ညလေးတစ်ညကိုပိုင်ဆိုင်ခဲ့သည်။ အဲဒီ့နောက်မှာတော့ သူ့ဗိုက်ထဲတွင် အစေ့တစ်စေ့ရှိ...