Between The Hate [ Completed ]

By Jeon_Khun

38.4K 4.2K 7.6K

Top - KIM TAEHYUNG Bottom - JEON JUNGKOOK VKOOK ေမာင္ကအတၱႀကီးတယ္!လိုခ်င္တာကိုလည္းရေအာင္ယူမယ္!ကိုကိုအလွေလးက ေ... More

01
02
03
04
05
06
07
08
09
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
33
34
35
36
37
No Update ****
38
39
40
41
42
43 [ FINAL ]

32

707 91 118
By Jeon_Khun

#Unicode

ကင်မ်အိမ်တော်မှာတော့ ကူးလေးကဧည့်ခန်းမှာ
Tvကလာသည့်ကာတွန်းကားကိုကြည့်ရင်းဖြင့်
စတော်ဘယ်ရီဖျော်ရည်သောက်ရင်း အမေက
လုပ်ပေးထားသည့် ကွက်ကီးလေးတွေစားရင်း
ထယ်ယောင်းကိုစောင့်နေသည်။

ဟိုဆော့လည်းကူးလေးရဲ့ဘေးမှထိုင်ပြီး Ipadဖြင့်ဆေးစာတွေနဲ့ပတ်သတ်တာတွေကို လေ့လာရင်းဖတ်နေသည်။ပြီးမှသတိရကာ မျက်မှန်ကိုပင့်တင်
လိုက်ကာဖြင့် ကူးလေးကိုမေးတော့သည်။

" အစ်ကိုကူး...ထယ်ယောင်းတို့ကိုဖုန်းဆက်
ထားတော့ လာနေပြီပြောလား "

ဟိုဆော့ကစာဖတ်သည်ကို ခဏရပ်ကာမေးတော့
ကူးလေးကTvကြည့်နေတာကိုရပ်ကာ ဟိုဆော့ကိုလှည့်ကြည့်လာပြီး ခေါင်းငြိမ့်ပြသည်။အစားတော့
စားမပျက်ဘူးပေါ့။

ဟိုဆော့ပြုံးလိုက်ရင်း ကူးလေးကိုကြည့်ကာဖြင့်
ထယ်ယောင်းအကြောင်း အနည်းငယ်မေးမည်။

" အစ်ကိုကူး...ထယ်ယောင်းအရင်ကလိုဆိုးလား၊
ညကရော အစ်ကိုကူးနဲ့ဘယ်လိုနေသေးလဲ "

ဟိုဆော့ကမေးတော့ ကူးလေးစတော်ဘယ်ရီဖျော်
ရည်သောက်နေရာမှခဏငြိမ်ကြသွားပြီး ရှက်သွား
သလိုလေးဖြစ်နေတော့သည်။ဟိုဆော့ကတော့ မျက်နှာအမူအထားကိုသတိထားမိနေလို့ပြုံးပြီး
ထပ်မေးတော့သည်။

" ကျွန်တော့်ကိုယုံကြည်ပြီး အရှိကိုအရှိတိုင်းလေး
ပြောပြလို့ရပါတယ်၊ထယ်ယောင်းကိုတော့ ပြန်မပြောဘူးလို့ ကတိပေးပါတယ် "

ဟိုဆော့ကလေသံခပ်အေးအေးဖြင့် ပြောလာတော့
ကူးလေးကလှည့်ကြည့်လာပြီး ကွတ်ကီးလေး
တစ်ကိုက်ကိုက်ကာဖြင့် ဖြေသည်။

" ကင်မ်ထယ်ယောင်းကို အစ်ကိုအားနာမိတယ်၊
အကိုနဲ့သူရန်ဖြစ်ဖူးတဲ့ကိစ္စကြောင့် နှစ်ယောက်လုံး
စကားသိပ်မပြောကြဘူး၊သူ့ကိုတောင်းပန်ဖို့ အချိန်
ယူလိုက်ပေမဲ့ သူအိမ်မပြန်လာဘူးလေ လအများကြီးခွဲထားရတာ၊အရမ်းအားနာမိတယ်၊အစ်ကိုကသူ့အချစ်တွေနဲ့မထိုက်တန်ဘူး၊နာကျင်အောင်အမြဲ
စကားတွေနဲ့ထိုးနှက်တယ်၊ဒါတင်မကဘူး၊အသား
နာအောင်အထိ အစ်ကိုလုပ်မိတာ၊ဒါကြောင့်
မျိုးစေ့လေးနဲ့တောင် ထွက်သွားဖို့လုပ်ခဲ့တယ် "

ကူးလေးရဲ့စကားတွေမှာ အားနာစိတ်တွေပေါ်ပြီး
ဝမ်းနည်းရိပ်လေးတွေ တက်လာသည်ကိုဟိုဆော့
ခံစားမိပါသည်။ဘယ်လောက်တောင်မှ ရင်ထဲသိမ်း
ထားရတော့ အစ်ကိုကူးနာကျင်နေမလဲ။

" အစ်ကိုထွက်သွားဖို့တွေးပြီး အားလုံးအတွက်
စာရေးနေတော့ အစ်ကို့မေမေကိုဖုန်းဆက်တာ၊
မေမေကသဘောမတူဘူး အိမ်ကလူတွေအစ်ကို့ကို
ဘယ်လိုသဘောထားပေးလဲဆိုတာ ပြောပြတော့
အစ်ကိုမထွက်သွားတော့တာ၊အဲ့တုန်းကဆို မေမေ
ခဏခဏလာလာတွေ့တာ၊ကင်မ်ထယ်ယောင်းကို
ဖုန်းဆက်ဖို့လုပ်ပေမဲ့လည်း မဆက်ရဲဘူးလေ၊
ပြီးတော့ သူ့အသားကိုအမြဲနာအောင်လုပ်မိတယ်၊
သူ့ကိုလည်းစကားအကောင်းမပြောခဲ့ဘူး... "

ကူးလေးကငိုချင်သည့်စိတ်ကို ထိန်းထားရင်း
ဟိုဆော့ကိုပြောပြနေသည်။ဟိုဆော့လည်း
အစ်ကိုကူးပြောနေတာတွေကြောင့် လုံးဝစိတ်
မကောင်းဘူး။အစ်ကိုကူးကနဂိုစိတ်ရင်းလေး
ကောင်းသည်။ဒါကြောင့်မို့ မသိစိတ်ကနေချစ်ပြီး
နာကျင်နေတက်တာဖြစ်သည်။

ဟိုဆော့သက်ပြင်းခပ်ယဲ့ယဲ့ချရင်း ကူးလေးဘက်
ကြည့်လို့ စကားဆိုလိုက်သည်။

" အဲ့လိုလုပ်ခဲ့တာအတွက် အစ်ကိုကူးကအခုတော့
ထယ်ယောင်းကိုအများကြီး ချစ်ပေးလိုက်ပါ "

" အစ်ကိုမသိဘူး၊ကင်မ်ထယ်ယောင်းကိုချစ်ဖို့က
အစ်ကို့အတွက်... "

ကူးလေးက ဟိုဆော့ရဲ့စကားကိုပြန်ဖြေသည်။
ကြည့်ရတာအခုထက်ထိ ဟိုဆော့စကားကိုတောင်
အစ်ကိုကူးလေးကနားမလည်သေးဘူးပဲ။

" အစ်ကိုကူး ကိုယ့်ဘာသာကိုယ်သေချာပြန်စဥ်း
စားကြည့်ပါ၊မျိုးစေ့လေးလည်း မကြာခင်ဆို
ရောက်လာတော့မှာ၊ကလေးက အစ်ကိုကူးတို့
ပျော်ရင်သူလိုက်ပျော်မယ်၊မျိုးစေ့လေးက
အကုန်နားလည်လာတော့မှာ... "

ကူးလေးက ဟိုဆော့ပြောတဲ့စကားကြောင့်
စိတ်မကောင်းဖြစ်သွားကာ မျိုးစေ့လေးရှိရာ
ရပ်ဝန်းငယ်လေးကိုဖိကပ်ထားလိုက်မိသည်။

ဟိုဆော့ပြောတာလည်းမှန်သည်။မျိုးစေ့လေးက
နောက်ဆိုမိဘတွေပြောရင် ဗိုက်ထဲကနေတောင်
အရိပ်အယောင်တွေကိုနားလည်မှာဖြစ်သည်လေ။
ကလေးလေးအရွယ်ရောက်လာသည်အထိတော့
ကူးလေးမတွေးမိနိုင်သေးဘူး။

" အစ်ကိုသိပ်မှားသွားပါတယ် ဟိုဆော့ရယ်၊ဒါပေမဲ့
ကင်မ်ထယ်ယောင်းကပိုချစ်ပြလေ အစ်ကိုက
အရင်လုပ်ခဲ့တာတွေအတွက် ပိုအားနာတယ်၊
ကင်မ်ထယ်ယောင်း!!! "

ကူးလေးနဲ့ဟိုဆော့စကားပြောနေရင်း အိမ်တော်က
တံခါးပွင့်လာသည်မို့ ကူးလေးကအကြည့်ပို့မိရင်း
စကားဆိုပြီး သွေးတွေပေကျံနေသည့်ပုံစံကြောင့်
ကူးလေးလန့်သွားကာ အနားကိုပြေးသွားသည်။

ဟိုဆော့ကတော့ ထယ်ယောင်းရဲ့အနာကိုကြည့်ပြီးကူးကိုကြည့်လိုက်မိတော့ အံ့ဩသလိုဖြစ်သွား၏။
ကိုယ်ဝန်နဲ့တောင်ဇက်ခနဲထရပ်လိုက်ပုံကတော့
အတော့်ကိုလန့်သွားမိသည်။

" မောင်ရောက်ပါပြီဗျ၊ဟာ...ဖြည်းဖြည်းထလေ "

ကူးလေးကဇက်ခနဲထရပ်ကာအနားကိုပြေးလာလို့ ထယ်ယောင်းမှာ တားလိုက်ရသေးသည်။ဒါတောင်
ထယ်ယောင်းကိုစိတ်ပူပြီး တစ်ကိုယ်လုံးကိုကြည့်
နေတာ။ကိုယ်ဝန်သည်မို့ သွေးမြင်ရင်ပိုဆိုး၏။

" မင်း..မင်း..ဖြစ်လာပြန်ပြီ၊ဘာတွေလုပ်လာ
တာလဲဟင်၊နာနေမှာပဲ၊အမေတို့ အပြင်ခဏထွက်
သွားကြတာ၊ပြန်လာရင် မင်းကိုတိုင်မယ်... "

" ဟုတ်ပါပြီဗျာ၊မောင်ကဆိုးပါတယ်
မောင့်အသက်ကိုယ်တိုင်လည်း အပြစ်ပေးပါ "

ကူးလေးက ထယ်ယောင်းလက်ကိုဆွဲကာအပေါ်
ထပ်ကိုတက်ဖို့အတွက် ခေါ်သွားသည်။သွေးတွေ
မြင်တာတောင် ထယ်ယောင်းကလန့်မည်ဆိုးလို့
ကာနေတာတောင် ကူးလေးရအောင်ခေါ်သွားတာ
ဖြစ်သည်။

" အစ်ကိုကူး ထယ်ယောင်းကိုကျွန်တော်တို့--- "

ကူးလေးကထယ်ယောင်းကို ရေချိုးပေးဖို့ပြန်ခေါ်
သွားပေမဲ့လည်း နမ်ဂျွန်ကကိုယ်ဝန်သည်ရှေ့သွေး
တွေနဲ့မို့ မမြင်စေချင်လို့ပြောဖို့စကာစဖို့ကြံတော့
ဟိုဆော့က မျက်ရိပ်ပြပြီးတားသည်။

နမ်ဂျွန်တို့အနားကိုလျှောက်လာကာ မျက်မှန်ကို
ပင့်တင်ရင်းဖြင့် ဖြစ်သမျှအရာတွေကိုမေးလာ
လေသည်။

" သူတို့ဘာသာလွှတ်ထားပေးလိုက်၊အဆင်ပြေမှာ၊
မင်းတို့သာငါမပါဘဲသွားကြလို့ ဖြစ်လာတာတွေ
ပြောပြဦး... "

ဟိုဆော့က နမ်ဂျွန်နဲ့ယွန်းဂီကိုပုခုံးဖက်ကာဆိုဖာ
ပေါ်ထိုင်စေရင်း ရှင်းပြခိုင်းတော့သည်။အပေါ်က
ထယ်ယောင်းနဲ့ကူးလေးမှာတော့ ရေချိုးခန်းထဲ
တန်းဝင်စေလိုက်သည်။

" အသက်...မောင့်ဘာသာလုပ်လိုက်ပါ့မယ်ကွာ၊
အသက်ကသာ အခန်းထဲမှာစောင့်နေပြီး မောင့်ကို
အဝတ်အစားထုတ်ပေးထား၊မောင်တို့ ခဏနေ
အပြင်ထွက်ကြမယ်လေ "

" အင်း... ငါအဝတ်ထုတ်ထားပေးမယ် "

ကူးလေးကပြောရင်းထွက်သွားတော့ ထယ်ယောင်း
သက်ပြင်းချနိုင်တော့သည်။အသက်ရှေ့မှာမို့
သွေးထွက်တာမမြင်စေချင်ဘူးဆိုတာမှ အသက်ကသွေးမြင်ပြီး ငိုသံရှိုက်သံလည်းတစ်စိုးတစ်စိမျှ
မရှိချေ။သူ့မှာတော့ငိုမှာဆိုးတာရော၊လန့်မှာဆိုး
တာတွေကြောင့်ပါ သွေးတွေမပြချင်ပါလေ။
တကယ်သန်မာလိုက်တဲ့ကိုယ်ဝန်သည်လေးပဲ။

ထယ်ယောင်းကရေချိုးဖို့လုပ်ရင်း ကူးလေးက
အခန်းထဲမှထယ်ယောင်းအတွက် အဝတ်အစား
ထုတ်ပေးရင်း နှုတ်ခမ်းဆူမိပြီး မျိုစေ့လေးရှိရာ
ရပ်ဝန်းကိုထိတွေ့လိုက်ကာ ဆိုသည်။

" ပါးပါးကလေးလေး မင်းဒယ်ဒီကပါးပါးရဲ့စကား
နားမထောင်တာတွေ့လား၊ပါးပါးဖြင့် နားမလည်နိုင်
တော့ဘူး မင်းဒယ်ဒီကို... "

ကူးလေးက မျိုးစေ့လေးကိုထိရင်း ထယ်ယောင်းအကြောင်းပြောနေတော့သည်။ထယ်ယောင်းက
ကူးစကားနားမထောင်တာမို့ ကူးသဘောမကျ။
အခုလည်းကူးက ထယ်ယောင်းကိုဘယ်လိုဆုံးမ
ရမလဲတွေးရင်း မသိသေးတဲ့မျိုးစေ့လေးကို
တိုင်နေတာဖြစ်သည်။

" ပါးပါးစိတ်ဆိုးရင်လည်း သူကမကြိုက်ဘူး၊
မျိုးစေ့လေးရော ပါးပါးဘက်ပါတယ်မလား၊
ပါးပါးတို့ မင်းဒယ်ဒီကိုဆူကြမယ်နော်... "

ကူးလေးက အဝတ်အစားထုတ်ပေးရင်း
တစ်ယောက်ထည်းစကားတွေပြောနေတော့
ထယ်ယောင်းရေချိုးခန်းထဲကထွက်လာတာကို
မတွေ့ဘူး။

ထယ်ယောင်းကတော့ ခပ်ယေးယေးပြုံးနေပြီး
ကူးလေးအနားကို အသံမကြားအောင်ဖြင့်
လျှောက်လာပြီး အနောက်ကနေခါးသေးလေးကိုဖက်ကာ ပုခုံသေးလေးပေါ်ခေါင်းလေးတင်ရင်း စကားဆိုတော့သည်။

" ပါးပါးကအချစ်တွေအများကြီး ချစ်ပေးရင်တော့
ဒီကဒယ်ဒီက လိမ္မာပါ့မယ်တဲ့၊မျိုးစေ့လေးက
ပြောနေတယ်လေ မကြားဘူးလား ပါးပါး... "

ထယ်ယောင်းက ချွဲသလိုလေးဖြင့်ကူးလေးရဲ့
ပုခုံးပေါ်ခေါင်းတင်ကာဖြေတော့သည်။ကူးလေးက
ထိုစကားကြောင့် မျက်နှာလေးရဲတက်သွား၏။
ထယ်ယောင်းပြောပုံက ကူးမျက်နှာလေးကို
ရဲတက်သွားဖို့အထိ လုံလောက်သည်ထင်ပါ့။

" စကားနားထောင်ပေါ့၊ငါက မင်းကိုစိတ်ပူလို့ပြော
တာ၊မင်းလက်က သိပ်ကောင်းသေးတာမဟုတ်ဘူး၊
ကိုယ့်ကိုကိုယ်ဂရုစိုက်ပါ ကင်မ်ထယ်ယောင်း "

ကူးလေးက ထယ်ယောင်းအမေးကိုမဖြေချင်ဘဲ
စကားလမ်းကြောင်းကိုလွှဲလိုက်သည့်အနေဖြင့်
ဂရုစိုက်ရန်ပြောတော့ ထယ်ယောင်းကအလိုမကျ
သည့်မျက်နှာထားဖြစ်လာပြီး ကူးလေး၏ကိုယ်ကို
သူ့ဘက်လှည့်ချလိုက်သည်။

" မောင်ပြောတဲ့စကားကို လွှဲလိုက်တဲ့အတွက်
မောင်ကအပြစ်ကြီးကြီးပေးမယ်ကွာ... "

" ဟမ်...အု.. "

ထယ်ယောင်းက ကူးလေးကိုအသည်းယားပေမဲ့
သူမေးတာကိုမဖြေဘဲ လည်နေတာကြောင့်
သူ့ဘက်လှည့်လိုက်ပြီးနှုတ်ခမ်းပါးလေးကို
နမ်းတော့သည်။

ကူးလေးလည်း ထယ်ယောင်းပေးတဲ့အနမ်းတွေကို
မငြင်းဆန်နိုင်ပါဘဲ အနမ်းတွေနောက်ခံစားပြီး
အတူနမ်းမိပါသည်။ကူးလေးအရင်လိုငြိမ်မနေနိုင်
တော့ဘူး။ထယ်ယောင်းအနမ်းတွေက နူးညံ့လွန်း
တာမို့ ကူးလေးလည်းအတူရှေ့ဆက်မိပါသည်။

ဒေါက်! ဒေါက်!

" ထယ်ယောင်းရေ...ငါဂျူတီရှိသေးလို့မင်းကို
ဆေးအမြန်ထည့်ပေးသွားရမယ်လေကွာ... "

ထယ်ယောင်းနဲ့ကူးလေးနှစ်ယောက်အတူနမ်းနေ
ကြရင်း အပြင်မှဟိုဆော့ကအခန်းတံခါးခေါက်ကာ
လာပြောနေတာကြောင့် ထယ်ယောင်းကကူးရဲ့
နှုတ်ခမ်းတစ်ချက်စုပ်နမ်းလိုက်ပြီးမှ လွှတ်ပေး
တော့သည်။

အနမ်းတွေလွှတ်ပေးလိုက်ရော ကူးလေးကတော့
တွန့်သွားတဲ့အဝတ်ကိုပြန်ပြင်လိုက်ရင်း အခန်းတံ
ခါးနားကိုသွားပြီး တံခါးဖွင့်လိုက်သည်။
ထယ်ယောင်းက Bathrobeနဲ့မို့တော်သေးသည်။

" ဟိုဆော့ဝင်ခဲ့လေ... "

ကူးလေးကတံခါးဖွင့်ပေးလိုက်ကာ အလိုက်သင့်ပြုံးရင်းဖြင့်အခန်းထဲခေါ်တော့ ဟိုဆော့လည်း
မျက်မှန်ကိုပင့်တင်ပြီးပြုံးရင်း ကုတင်ပေါ်မှာ
ထိုင်ပြီးသူ့ကိုမျက်မှောင်ကြုံ့ကြည်နေသည့်
ထယ်ယောင်းအနားကိုလျှောက်ကာစကားစ၏။

" အစ်ကိုကြီးထယ်ယောင်းခင်ဗျ ကျွန်တော်မျိုး
ဆေးလာထည့်ပေးတာမို့ မျက်မှောင်ကြီးမကြုံ့
ထားပါနဲ့ခင်ဗျ၊ကျွန်တော်မျိုးသိပါတယ်ဗျာ၊
အချိန်ကောင်းကို ဖြတ်ဆီးမိလိုက်တယ်မလား "

ဟိုဆော့က ကုတင်ဘေးခုံဆွဲကာထိုင်လိုက်ပြီး
ခပ်ပြုံးပြုံးစကားဆိုတော့ ထယ်ယောင်းက
တကယ့်ကိုကြည့်မရဖြစ်နေတာဖြစ်သည်။

" နောက်ဆိုနေရာနဲ့အချိန်အခါကိုကြည့်ပြီးတော့
မင်းလာသင့်တယ်၊မဟုတ်ရင် မင်းဝဋ့်လည်မှာ
ငါ့ကောင်ကြီးရေ... "

ထယ်ယောင်းကမကြည့်ပေမဲ့လည်း ဟိုဆော့ကို
ခပ်စူးစူးကြည့်ရင်း စကားဆိုတော့သည်။ကူးက
ထယ်ယောင်းစကားကြောင့် ဆိုဖာပေါ်ထိုင်ရင်းမှ
ခပ်ယေးယေးပြုံးလိုက်သေးသည်။

" မောင့်အသက် အဝတ်လဲထားဦးမလား၊ဟိုဆော့
မောင့်ကိုဆေးထည့်ပြီးရင် စျေးဝယ်ထွက်ကြမယ်၊
မောင့်အသက်စားချင်တဲ့ဆိုင်မှာ စားကြတာပေါ့ "

ထယ်ယောင်းက ဟိုဆော့ဆေးထည့်ပေးရင်းမှ
ပြောလိုက်တော့ ကူးလေးကခေါင်းငြိမ့်ပြသည်။
ပြီးမှရှည်ကျနေသည့်ဆံပင်ရှည်လေးကို နားထဲ
ညှပ်ထည့်လိုက်ပြီး ဖြေတော့သည်။

" အင်း...သွားမယ်၊ပူလို့အဝတ်လဲထားလိုက်မယ်၊
မင်းရှပ်အင်္ကျီငါယူဝတ်လိုက်မယ်နော်... "

ကူးလေးကပြောတော့ ထယ်ယောင်းကလည်း
လေးထောင့်ဆန်သည့်အပြုံးတွေဖြင့် ပြုံးရင်း
ခေါင်းငြိမ့်ပြလိုက်သည်။အခုတလော ဗိုက်ပူလေး
သူ့အသက်က သူ့အင်္ကျီတွေဝတ်ရတာကိုအတော်
ကြိုက်နေတာဖြစ်သည်။တကယ်ယောက်ျားကိုများ
ချစ်နေတာတဲ့လား။

" ဟိုဆော့...ငါ့အသက်ကိုချစ်ရိပ်တောင်ရှိနေတာ
မင်းတွေ့ရဲ့လား၊ငါဖြင့်မြင်လိုက်ရလို့အပျော်တွေ
များနေပြီကွာ၊ငါမကြာခင် အချစ်ခံရတော့မယ် "

ထယ်ယောင်းကပျော်ရင်းပြောတော့ ဟိုဆော့က
လက်မောင်းကိုဆေးသေချာပြန်လုပ်ပေးပြီး
ပတ်တီးစည်းပေးနေကာ ပြောတော့သည်။

" အဲ့ပုံစံလေးဖြစ်လာနေပြီဆိုတာ ငါသိပါတယ်၊
အစ်ကိုကူးကချစ်ပါတယ်ကွာ၊ဝန်မခံတက်တာ၊
မသိစိတ်ကမင်းရှိနေပြီး သိစိတ်ကိုဝင်နေတဲ့မင်းကို
အစ်ကိုကူးကဖယ်ချင်နေတာ၊ငါပြောတာယုံ!
မင်းကိုလုံးဝမချစ်ဘဲမနေနိုင်ဘူးကွာ "

ဟိုဆော့က ပတ်တီးစည်းပေးရင်းပြောပြသည်။
ထယ်ယောင်းလည်း ငြိမ်နားထောင်ရင်းဟိုဆော့ကို
သတိရဟန်ဖြင့် ပြန်မေးလာသည်။

" မင်းရော ဟိုဆရာဝန်ငယ်လေးနဲ့အဆင်ပြေလား၊
ဆရာဝန်လေးက မင်းကိုသဘောကျနေပုံပါပဲ... "

" သူကတော့သဘောကျမှာပဲကွာ၊မင်းသိရဲ့နဲ့၊
ငါတို့ကဘယ်သူတွေလဲ အချောကြီးတွေလေကွာ "

ဟိုဆော့က ဆေးပစ္စည်းတွေကိုတစ်ခုချင်းစီအိတ်ထဲသိမ်းထည့်နေပြီးမှ သူ့ဂျူတီကုတ်ကော်လန်ကို
ကိုင်ရင်းပြောတော့သည်။ထယ်ယောင်းရယ်ပြီး
ဟိုဆော့စကားကိုထောက်ခံတော့သည်။

" မင်းစကားအမှန်ဆုံးပဲ ဟိုဆော့ "

" မမှန်သေးဘူး၊ပြောဖို့မေ့နေတာ၊ငါကချောပြီး
အဲ့ဆရာဝန်လေးကိုငါကနိုင်သေးတယ်၊မင်းရယ်၊
နမ်ဂျွန်ရယ်၊ယွန်းဂီရယ်လို ကြောက်တာမဟုတ်
ဘူးကွ...ဟားဟား... "

ဟိုဆော့ကရယ်ရင်းပြောပြီး အခန်းတံခါးနားကို
ရောက်သွားသည်။ထယ်ယောင်းကတော့
ဟိုဆော့စကားကိုမခံနိုင်ပါဘဲ ပြန်ဖြေသေး၏။

" ငါကငါ့အသက်ကို ကြောက်လို့မဟုတ်ဘူး၊
ချစ်လို့ကွ၊တအားချစ်လို့..လိုက်လျောတာ... "

" ကင်မ်ထယ်ယောင်း!!!ဆေးထည့်ပြီးတာနဲ့စကား
များမနေဘဲ အဝတ်လဲဖို့အထဲကိုလာခဲ့တော့လို့! "

" မောင်လာပါပြီဗျာ.... "

ထယ်ယောင်းကဟိုဆော့ကို စကားနိုင်လုနေရင်း
အဝတ်လဲခန်းထဲကကူးလေးမှာ ထယ်ယောင်းကို
အဝတ်လဲဖို့ဆိုရင်းခေါ်တော့ ထယ်ယောင်းမှာ
ဟိုဆော့ကိုတောင်မနှုတ်ဆက်နိုင်တော့ဘဲ ပြေးဝင်
သွားတော့ ဟိုဆော့ရယ်လိုက်ရင်းအခန်းထဲက
ထွက်သွားတော့သည်။

" အလကား...ငါ့ကိုလေနဲ့ပြောနေကြတာ၊ဟိုက
ခေါ်လည်းခေါ်လိုက်ရော တန်းနေတာပဲကွာ... "

ဟိုဆော့ပြောရင်းထွက်သွားတော့သည်။သူလည်း
ဆရာဝန်ငယ်လေးနဲ့နီးကပ်ခဲ့တာက အစ်ကိုကူးနဲ့
မျိုးစေ့လေးတို့ကြောင့်ဖြစ်သည်။နှစ်ယောက်က
ချစ်နေတာသိခဲ့ကြပေမဲ့လည်း ဖွင့်မပြောသေးဘူး။

- - - - -

ထယ်ယောင်းနဲ့ကူးလေးတို့ အဝတ်အစားလဲကြပြီး
အိမ်ကနေစထွက်ထည်းက ထယ်ယောင်းမှာ
လက်တစ်ဖက်ထည်းနဲ့ကားမောင်းမည်လုပ်နေလို့
ကူးလေးက ရိုက်ထုပြီးတားထားရသည်။

ကူးလေးစိတ်ကျေနပ်အောင် ထယ်ယောင်းက
ယောင်းဝူကိုလှမ်းခေါ်ပြီး လိုက်ပို့ခိုင်းရသည်။
အခုကားပေါ်ရောက်တာတောင် ကူးလေးက
ထယ်ယောင်းအနားမကပ်ဘဲ မျိုးစေ့လေးကို
ထိတွေ့ရင်းနေ,နေတာဖြစ်သည်။အခုတော့
Shopping Centreကိုရောက်လာခဲ့ကြသည်။

" ဟေ့ကောင်!မင်းအလုပ်ကိုမပြန်နဲ့ဦး၊ယွန်းဂီက
လာလာကြည့်ပေးလိမ့်မယ်၊မင်းကတော့အထုတ်
သယ်ဖို့လိုက်ခဲ့လိုက်.... "

ကားထဲကနေထွက်တော့ ထယ်ယောင်းကကူးလေး
ဘေးနားရပ်ရင်း ယောင်းဝူကိုစကားဆိုတော့သည်။
ယောင်းဝူကတော့ အတွဲကြားနေရမယ်ဆိုတာထက်
အလုပ်ကိုတာဝန်ယူရမှာမို့ သွားဖို့အတွက်လုပ်ရ
မည်လေ။မဟုတ်ရင်တော့ ဆရာပြန်သက်သာရင်
အလုပ်ပိုများမှာဖြစ်သည်။

" ကင်မ်ထယ်ယောင်း...ငါတို့နှစ်ယောက်ထဲသွား
ကြရအောင်လားနော်၊ငါတို့လည်း ဘာမှဝယ်သေး
မှာမဟုတ်ဘဲ၊ငါ့မေမေကမှာထားတယ်၊ကလေး
အတွက်လိုအပ်တာတွေ ကြိုမဝယ်ရဘူးတဲ့ "

ကူးလေးစကားကြောင့် ထယ်ယောင်းသိလို့
ခေါင်းငြိမ့်လိုက်သည်။သူသိပါသည်ပေါ့။
ယောင်းဝူရှေ့တွင်ကူးလေးရဲ့နဖူးလေးကို
ထယ်ယောင်းကနမ်းလိုက်သည်။

" မောင်တို့မျိုးစေ့လေးအတွက် မဟုတ်သေးရင်
မောင့်အသက်အတွက်ဝယ်မယ်လေဗျာ... "

" မဝယ်ဘူး၊အိမ်မှာလည်း အများကြီးရှိတယ်၊
ပိုက်ဆံကိုဖြုန်းမနေနဲ့၊ငါမကြိုက်ဘူး၊ဒီအတိုင်း
သွားရအောင်နော်လို့.... "

ထယ်ယောင်းကပြောတာတောင် ဗိုက်ပူလေးကို
ကိုင်ထားရင်းခေါင်းတခါခါဖြင်ပြောနေသည်။
ထယ်ယောင်းထိုအချွဲသန်လေးကြောင့်မနေနိုင်ဘဲ
အလိုကျလိုက်ပေးရတော့သည်။ယောင်းဝူကိုတော့
အလုပ်အတွက် သေချာမှာခဲ့ထား၏။

ထယ်ယောင်းနဲ့ကူးလေးက Shopping Centreထဲ
ဝင်လာကြရင်း ကူးလေးလက်ကိုဆွဲထားခြင်းဖြင့်
လျှောက်ပတ်နေကြသည်။လျှောက်ပတ်နေရင်း
ကူးလေးက ကလေးလေးတွေပစ္စည်းနေရာလေး
ရှေ့ရောက်ရင် ပြုံးပြီးကြည့်နေတက်သေးသည်။

" မောင့်အသက် တစ်ခုခုလိုချင်တာရှိရင်လည်း
မောင့်ကိုပြောဗျာ၊မောင်လိုက်ဝယ်ပေးမယ် "

ထယ်ယောင်းကကူးလေးလက်ကိုတွဲရင်းဖြင့်
ဆိုင်ထဲကအဝတ်အစားလှလှလေးတွေတွေ့ရင်
သဘောကျကာကြည့်နေတက်လို့ ထယ်ယောင်းက
မေးနေသေးသည်။

" ဟုတ်ရဲ့လား၊မင်းက ပိုလိုချင်နေတာမဟုတ်လား၊
ခုနကGUCCIဆိုင်ရှေ့ကဖြတ်တာတောင် မျက်လုံး
မခွာနိုင်ဘူးနော်၊No!No!မင်းမှာအဲ့Brandတွေ
အများကြီးပဲနော်၊မဝယ်ရဘူး.... "

ကူးလေးရဲ့စကားကြောင့် ထယ်ယောင်းကကြောင်
သွားသည်။ခုနကအတူလျှောက်လာကြရင်းဖြင့်
ထယ်ယောင်းက GUCCIဆိုင်ကိုမျက်လုံးလေး
ခဏရောက်လိုက်မိတာကို အသက်ကသတိထား
မိသွားပုံပဲဖြစ်သည်။

" ဟုတ်ပြီဗျာ၊မောင်မဝယ်ဘူးကတိပေးတယ် "

ထယ်ယောင်းက သူ့အသက်သူ့ကိုချုပ်ချယ်တာ
သဘောကျတာမို့ ကတိပေးလက်ခံလိုက်သည်။
ထိုသည်ဖြင့်ကူးလေးကပြုံးလိုက်ပြီး....

" အင်း...တအားလိမ္မာတယ် "

ကူးလေးကထယ်ယောင်းရှေ့ ခြေဖျားထောက်ကာ
ထယ်ယောင်းရဲ့ပါးကိုခပ်ဖွဖွဆွဲသွားပြီး စကားဆို
သွားတာမို့ ထယ်ယောင်းနှလုံးတွေတောင်အကျယ်
ကြီးခုန်နေမိသည်။

အသက်က သူ့ပါးကိုထိတွေ့သွားသည်တဲ့။
ထယ်ယောင်းပျော်လွန်းလို့ ရပ်မတန့်နိုင်သေးဘူး။
အသက်ကသူ့ကိုချစ်စရာလို့ပျော်ရုံတင်မကဘဲ
လိမ္မာတယ်လို့သုံးသွားသေးတာဖြစ်သည်။

" beauté - အလှလေး!!! "

ထယ်ယောင်းရပ်ကျန်နေခဲ့တုန်းရှိသေး ကူးလေးကို
အဝေးကနေ 'အလှလေး'လို့ခေါ်ကာပြေးလာသည့်
ကလေးကြောင့် ထယ်ယောင်းကြည့်မိတော့
မျက်မှောင်တွေတောင်ကြုံ့သွားသည်။

ဟိုပြင်သစ်ပေါက်စအခုထက်ထိ မပြီးနိုင်သေးဘူး။
သူ့အသက်နားပြေးနေတာမို့ မျိုးစေ့လေးကိုထိမိ
မှာဆိုးလို့ ရှေ့ကနေကာလိုက်ရတော့သည်။

" Hey!Il est enceinte et prudent-ကိုယ်ဝန်နဲ့မို့
သတိထားစမ်း! "

ဟိုပေါက်စလေးကအပြေးလာပြီး ကူးကိုတောင် ဖက်ဖို့အတွက်ကပ်လာပေမဲ့လည်း ထယ်ယောင်းမှ
ကူးရှေ့ကပိတ်ရပ်လိုက်တော့သည်။ထိုသည်ကို
ပြင်သစ်သားပေါက်စလေးက တရှုးရှုးဖြစ်ကာ
မျက်စောင်းလေးထိုးကြည့်သည်။

" beauté - အလှလေး... "

ပြင်သစ်သားလေးက သူ့ရဲ့မျက်ဝန်းဝိုင်းလေးတွေနဲ့ချစ်စရာကောင်းအောင် ကူးလေးကိုခေါ်သည်။
ကူးလေးကတော့ သဘောကျလို့ပြုံးကာဖြင့်
ထယ်ယောင်းကိုဖယ်ကာ ထိုင်ချဖို့လုပ်တော့
ထယ်ယောင်းကတားသည်။ကိုယ်ဝန်နဲ့ဖို့ထိုင်ချဖို့
မဖြစ်သေးဘူး။

" မလုပ်ရဘူးလေကွာ၊စကားပြောချင်ရင်ဒီတိုင်း
စကားပြော၊မောင်တို့မျိုးစေ့လေးနေရခက်သွား
မယ်လေကွာ... "

ကူးလေးကထိုင်ဖို့လုပ်နေသည်ကို ထယ်ယောင်းက
တားရတော့သည်။ဟိုပြင်သစ်သားပေါက်စလည်း
ကူးလေးကိုသူနဲ့မြင်သာအောင် ထိုင်စေချင်ပုံ။
ပြီးမှကူးလေးက အားနာသည့်မျက်နှာဖြင့်
ဖြေလေသည်။

" အားနာပါတယ်၊ဗိုက်ထဲကလေးလေးရှိနေတော့
ထိုင်ဖို့ခက်နေတာ တောင်းပန်ပါတယ်နော်..
Sorry Baby "

ကူးလေးကအားနာဟန်ဟန်းဂုဘာသာစကားဖြင့်ပြောလိုက်ပေမဲ့လည်း ပြင်သစ်သားပေါက်စက
လက်ဟန်ကိုနားလည်ဟန်ဖြင့် ပြုံးပြသည်။

" အို!!သားကဒီကိုရောက်နေတာပဲလား၊အို...
နေကောင်းရဲ့လား၊ဗိုက်ပူလေးကချစ်စရာလေး.. "

ပြင်သစ်သားပေါက်စရောက်နေသည့် ကူးတို့အနား
ရောက်လာပြီး ကူးရဲ့ဗိုက်ပူလေးကိုကြည့်ကာ
ဖြေတော့သည်။ကူးတို့လည်း ပြုံးပြရင်းပေါ့။

သူ့အမေက အင်္ဂလိပ်ဘာသာဖြင့်ပြောတော့
ကူးနဲ့ထယ်ယောင်းကပြုံးပြီး ပြန်နှုတ်ဆက်သည်။
ထယ်ယောင်းက လူမှုရေးအရမို့သူမအားမေးရ
သေးသည်။

" မဒမ်အန်နာက ဟန်းဂုကိုပြန်လာလည်တာလား "

" မေ့နေတာလား၊ကျွန်မက မစ္စတာတို့နဲ့အလုပ်တူ
တွဲလုပ်လိုက်ပြီလေ၊ဒီတော့ ကျွန်မကစာချုပ်သက်
တမ်းကြောင့်လည်း ဒီမှာအခြေချဖို့အတွက်ဖြစ်သွားတာ၊ဒါကြောင့် အိမ်အတွက်လိုအပ်တာတွေ
လာဝယ်ရင်း သားကအပြေးထွက်သွားလို့လိုက်
ကြည့်တာ ဒီရောက်ရင်းမစ္စတာတို့နဲ့တွေ့တာ "

မဒမ်အန်နာပြောသည့်စကားကြောင့် ကူးလေးနဲ့
ထယ်ယောင်းက ခေါင်းငြိမ့်နားထောင်လိုက်ရင်း
ပြီးမှ မဒမ်အန်နာကသတိရတော့စကားဆို၏။

" ကျွန်မတို့နဲ့နေ့လယ်စာအတူလိုက်စားကြမလား၊
နောက်ဆို ကုမ္ပဏီမှာလည်းအမြဲတမ်းတွေ့ရတော့မဲ့
သူတွေပဲကို၊ထမင်းအတူစားရအောင် "

" မရဘူး၊ကျွန့်တော့်အသက်--- "

" ကျွန်တော်တို့အတူစားကြပါ့မယ် "

ထယ်ယောင်းက သူ့အသက်စားချင်သည့်နေရာကို
ပို့ပေးချင်တာမို့ ငြင်းဖို့ကိုအသက်ကကြားဖြတ်
ဖြေလိုက်ကာ လက်ခံလိုက်တာမို့ထယ်ယောင်း
ကြောင်နေတာဖြစ်သည်။

" ဒါဆိုShopping Centreအပေါ်ထပ်မှာဆိုင်
ကောင်းတစ်ဆိုင်ရှိတယ်၊မစ္စတာကင်မ်က လက်နာနေလို့လိုက်ပို့ပေးနိုင်မယ်မထင်လို့ ကျွန်မတို့လည်း
ဒီနေရာလေးကိုရွေးလိုက်တာပါ... "

သူမကပြောရင်း သူမသားလေးကိုလက်ဆွဲရင်း
ရှေ့ကနေသွားသည်။ကူးကတော့ မျက်မှောင်ကြုံ့
နေသည့်ထယ်ယောင်းကိုကြည့်ပြီး ရယ်လိုက်၏။

" ကလေးဆန်မနေနဲ့၊ဧည်သည်တွေနဲ့မို့ ငါလည်း
မငြင်းကောင်းလို့ ဖြေလိုက်ရတာ၊အပြန်ကြမှ
မင်းနဲ့ငါ သက်သက်ဝင်စားမယ်နော်လို့... "

မဒမ်အန်နာနဲ့သူ့သားထွက်သွားတော့မှ ကူးလေးက
ထယ်ယောင်းကိုချော့တော့သည်။ထယ်ယောင်းက
သူ့အသက်စားချင်တာကိုကျွေးချင်တာမို့ ဗိုက်မဝ
တာမျိုးမဖြစ်စေချင်တာကြောင့် ငြင်းချင်တာ။

" မောင့်အသက်က စားနိုင်သေးလို့လားဗျာ "

" စားနိုင်တာပေါ့၊နှစ်ယောက်စာပဲကို၊ငါ့ကို
အထင်မသေးပါနဲ့ အာ...ကင်မ်ထယ်ယောင်း
ငါတို့အမြန်သွားရအောင်လေနော် "

ကူးလေးကရှေ့ကနေ ဦးဆောင်သွားတော့
ထယ်ယောင်းလည်းဘေးကနေလိုက်ရသည်။
တကယ်ပါ၊အသက်လေးက ထယ်ယောင်းကို
ခြွေချနေတာ အရည်ပျော်လို့အတိုင်းပါပဲ။
သူကလည်းပျော်ကြနေတာမို့ လိုအပ်တိုင်း
မောင့်အသက်ခိုလှုံဖို့အသင့်ပဲ။

- - - - -

Shopping Centreရဲ့အပေါ်ဆုံးထပ်နေရာရှိ
စားသောက်ဆိုင်သည် သန့်ရှင်းသပ်ရပ်နေတာမို့
အဆင်ပြေနေသည်။အစားအသောက်ကမျိုးစုံ
ရပေမဲ့လည်း ပြင်သစ်စာနဲ့steakကအဓိကမို့
မှာရန်အတွက် ဟိုသားအမိကမခက်ခဲပေ။

ကူးနဲ့ထယ်ယောင်းကအတူထိုင်လိုက်ကြပြီး Menuကဒ်ကြည့်ရင်း သင့်တင်ရာသာမှာစားကြ
တော့သည်။တစ်ဖက်ကသားအမိနှစ်ယောက်က ပြင်သစ်စာတွေမှာစားနေကြသည်။

အတန်ကြာအစားသောက်တွေရောက်လာတော့
ကူးလေးကSteakပန်းကန်နှစ်ပန်းကန်လုံးကို
အနားထားပြီး ထယ်ယောင်းအတွက်အသားကိုလှီးဖြတ်ပေးသေးသည်။

" ရော့..ငါခွံ့ကျွေးမယ်၊အတူတူစားရအောင်... "

ကူးကအသားတုံးလေးကို ခရင်းဖြင့်ထိုးကာ
ထယ်ယောင်းကိုခွံ့ကျွေးတော့ ထယ်ယောင်းကခေါင်းငြိမ့်လိုက်ပြီး စားတော့သည်။

" beauté nourris-moi aussi - အလှလေး
သားကိုလည်းကျွေးပါလား... "

" အို...သားကတော့လေ... "

ပြင်သစ်သားပေါက်စလေးကြောင့် ကူးလေးက
ကြောင်သွားပြီး သူ့အမေကတော့ရယ်လိုက်ပြီး
အသားတုံးလေးကိုခွံ့ကျွေးလိုက်တော့ ကလေးက
စားလိုက်ကာ ကူးလေးကိုပြန်ကြည့်နေသည်။

ထယ်ယောင်းဘက်ကိုလှည့်ကြည့်တော့လည်း
မျက်မှောင်ကြုံ့ကာ ကလေးကိုကြည့်နေတာမို့
ကူးလေးမေးရတော့သည်။

" ကင်မ်ထယ်ယောင်း...သူဘာပြောတာလဲ "

ကူးလေးက အသားတုံးကိုကူးလည်းစားရင်း
နောက်တစ်တုံးကိုထယ်ယောင်းအတွက် ခရင်းဖြင့်
ထိုးခွံ့ကျွေးနေတော့ ထယ်ယောင်းကစားလိုက်ရင်း
ဖြေလေသည်။

" ကလေးက အသက်ကိုစားကောင်းရဲ့လားတဲ့ "

" ဟုတ်လို့လား ကင်မ်ထယ်ယောင်း... "

ကူးလေးကမေးတော့ ခေါင်းငြိမ့်ပြလိုက်ပြီး
ထယ်ယောင်းကပါးစပ်လေးဟပေးပြန်သည်။
ဒယ်ဒီကြီးက ပါးပါးပေါက်စထံမှာကလေးလုပ်
နေတာဖြစ်သည်။

" beauté - အလှလေး... "

ကလေးက ကူးလက်လေးကိုခပ်ဖွဖွဆွဲလိုက်ရင်း
အသားတုံးလေးကိုလက်ညိုးထိုးပြကာ ပါးစပ်ထဲ
ထည့်ပြသည်အမူအရာလေးလုပ်ပြနေတာမို့
ကူးလေး သဘောပေါက်ကာရယ်တော့သည်။

" အင်းအင်း... "

" အသက်...မလုပ်နဲ့လေကွာ၊အဲ့ကလေးကကို
လွန်ကိုလွန်လွန်းပါတယ်... "

ကူးလေးက မစားရသေးသည့်တစ်ခြားခရင်းဖြင့်
အသားတုံးလေးကိုထိုးလိုက်ကာ ကလေးလေးရှေ့
ကမ်းပေးတော့ ကလေးကပါးစပ်ဟပြီးကူးလေး
ကျွေးတာကိုစားရသည်။ထယ်ယောင်းကတော့
ကြည့်မနေတော့ဘူး။

" ရပါပြီနော်၊အများကြီး ခွံ့မကျွေးနေနဲ့တော့၊
တော်ကြာခင်ပွန်းက ပိုစိတ်တိုသွားမယ်... "

မဒမ်အန်နာကရယ်ရင်းပြောတော့ ကူးလေးလည်း
သဘောပေါက်ကာရှိသည်။အတန်ကြာတော့
ထပ်မှာထားသည့်အစားစာတွေရောက်လာရင်း
ကူးလေးက Spaghettiထပ်စားနေသည်။

ဒီတစ်ခါတော့ ထယ်ယောင်းကကူးလေးအေးဆေး
စားနိုင်အောင် ညာဘက်ဖြင့်သာစားနေတော့သည်။
မဒမ်အန်နာကတော့ ထယ်ယောင်းနဲ့ကူးလေးကို
စကားဆက်နေတော့သည်။

" သန့်စင်ခန်းသွားမို့ ကလေးကိုခဏလောက်ကြည့်
ပေးထားပါနော်... "

သူ့အမေကသန့်စင်ခန်းသွားဖို့ ကလေးကိုပြောပြီး
ထယ်ယောင်းတို့ကိုပါစောင့်ကြည့်ခိုင်းသည်မို့
ထယ်ယောင်းလည်း ခေါင်းငြိမ့်ပြလိုက်သည်။

" beauté! you're so beautiful "

" I know!! "

ကူးလေးကဖြေတာမဟုတ်ဘဲ ထယ်ယောင်းက
ကြားဖြတ်ဖြေလိုက်တာမို့ ကလေးကတောင်
မျက်စောင်းစွေကြည့်သည်။ကူးလေးကတော့
ထယ်ယောင်းတို့စကားဝိုင်းထဲမဝင်နိုင်ဘဲ
Spaghettiစားနေသည်။

" မောင့်အသက်...မောင့်ကိုခဏမော့ကြည့်ဦး "

ထယ်ယောင်းက အစာစားနေသည့်ကူးလေးကို
မော့ကြည့်ခိုင်းတော့ ကလေးကလည်းသူတို့ကို
စပ်စုနေသည့်အလားကြည့်နေသည်။

ကူးလေးကမော့ကြည့်လိုက်ရော ထယ်ယောင်းက
သဘောတကျရယ်တော့သည်။နှုတ်ခမ်းဘေးမှာ
အနှစ်ရည်လေးပေနေသည်ကြောင့် ထယ်ယောင်း
ပြုံးရယ်လိုက်ပြီး လက်မဖြင့်သုတ်ပေးရင်းမှ
နှုတ်ခမ်းပါးလေးအောက်က မှဲ့နက်လေးက
ထယ်ယောင်းကို ဆွဲဆောင်သွားသည်။

" ကင်မ်ထယ်ယောင်း... "

ကူးလေးခေါ်နေတာတောင်စိတ်ထဲမရှိဘဲ
ထယ်ယောင်းကအနားကပ်ကာဖြင့်
ကလေးရှေ့တင်ကူးလေးရဲ့ နှုတ်ခမ်းကို
နမ်းလိုက်တာဖြစ်သည်လေ။

" တော်တော့!အရှက်လည်းမရှိဘူး "

နမ်းလိုက်ပြီးမှကူးလေးကရုန်းထွက်လိုက်ကာ
အစာကိုဆက်စားနေသည်။ထယ်ယောင်းက
ကူးလေးရဲ့ပုံစံလေးကို သဘောကျလို့ပြုံးလိုက်ပြီး
ကလေးကိုတော့ ခပ်စူးစူးအကြည့်ပို့လိုက်တော့
ပြင်သစ်သားပေါက်စက သူ့ကိုမကြောက်ပါဘဲ
မျက်စောင်းတောင်ထိုးကြည့်သေးသည်။

To be continued ~

Updateနောက်ကျသွားရင် အားနာပါတယ်ဗျ။

> >

#zawgyi

ကင္မ္အိမ္ေတာ္မွာေတာ့ ကူးေလးကဧည့္ခန္းမွာ
Tvကလာသည့္ကာတြန္းကားကိုၾကည့္ရင္းျဖင့္
စေတာ္ဘယ္ရီေဖ်ာ္ရည္ေသာက္ရင္း အေမက
လုပ္ေပးထားသည့္ ကြက္ကီးေလးေတြစားရင္း
ထယ္ေယာင္းကိုေစာင့္ေနသည္။

ဟိုေဆာ့လည္းကူးေလးရဲ႕ေဘးမွထိုင္ၿပီး Ipadျဖင့္ေဆးစာေတြနဲ႔ပတ္သတ္တာေတြကို ေလ့လာရင္းဖတ္ေနသည္။ၿပီးမွသတိရကာ မ်က္မွန္ကိုပင့္တင္
လိုက္ကာျဖင့္ ကူးေလးကိုေမးေတာ့သည္။

" အစ္ကိုကူး...ထယ္ေယာင္းတို႔ကိုဖုန္းဆက္
ထားေတာ့ လာေနၿပီေျပာလား "

ဟိုေဆာ့ကစာဖတ္သည္ကို ခဏရပ္ကာေမးေတာ့
ကူးေလးကTvၾကည့္ေနတာကိုရပ္ကာ ဟိုေဆာ့ကိုလွည့္ၾကည့္လာၿပီး ေခါင္းၿငိမ့္ျပသည္။အစားေတာ့
စားမပ်က္ဘူးေပါ့။

ဟိုေဆာ့ၿပဳံးလိုက္ရင္း ကူးေလးကိုၾကည့္ကာျဖင့္
ထယ္ေယာင္းအေၾကာင္း အနည္းငယ္ေမးမည္။

" အစ္ကိုကူး...ထယ္ေယာင္းအရင္ကလိုဆိုးလား၊
ညကေရာ အစ္ကိုကူးနဲ႔ဘယ္လိုေနေသးလဲ "

ဟိုေဆာ့ကေမးေတာ့ ကူးေလးစေတာ္ဘယ္ရီေဖ်ာ္
ရည္ေသာက္ေနရာမွခဏၿငိမ္ၾကသြားၿပီး ရွက္သြား
သလိုေလးျဖစ္ေနေတာ့သည္။ဟိုေဆာ့ကေတာ့ မ်က္ႏွာအမူအထားကိုသတိထားမိေနလို႔ၿပဳံးၿပီး
ထပ္ေမးေတာ့သည္။

" ကြၽန္ေတာ့္ကိုယုံၾကည္ၿပီး အရွိကိုအရွိတိုင္းေလး
ေျပာျပလို႔ရပါတယ္၊ထယ္ေယာင္းကိုေတာ့ ျပန္မေျပာဘူးလို႔ ကတိေပးပါတယ္ "

ဟိုေဆာ့ကေလသံခပ္ေအးေအးျဖင့္ ေျပာလာေတာ့
ကူးေလးကလွည့္ၾကည့္လာၿပီး ကြတ္ကီးေလး
တစ္ကိုက္ကိုက္ကာျဖင့္ ေျဖသည္။

" ကင္မ္ထယ္ေယာင္းကို အစ္ကိုအားနာမိတယ္၊
အကိုနဲ႔သူရန္ျဖစ္ဖူးတဲ့ကိစၥေၾကာင့္ ႏွစ္ေယာက္လုံး
စကားသိပ္မေျပာၾကဘူး၊သူ႔ကိုေတာင္းပန္ဖို႔ အခ်ိန္
ယူလိုက္ေပမဲ့ သူအိမ္မျပန္လာဘူးေလ လအမ်ားႀကီးခြဲထားရတာ၊အရမ္းအားနာမိတယ္၊အစ္ကိုကသူ႔အခ်စ္ေတြနဲ႔မထိုက္တန္ဘူး၊နာက်င္ေအာင္အၿမဲ
စကားေတြနဲ႔ထိုးႏွက္တယ္၊ဒါတင္မကဘူး၊အသား
နာေအာင္အထိ အစ္ကိုလုပ္မိတာ၊ဒါေၾကာင့္
မ်ိဳးေစ့ေလးနဲ႔ေတာင္ ထြက္သြားဖို႔လုပ္ခဲ့တယ္ "

ကူးေလးရဲ႕စကားေတြမွာ အားနာစိတ္ေတြေပၚၿပီး
ဝမ္းနည္းရိပ္ေလးေတြ တက္လာသည္ကိုဟိုေဆာ့
ခံစားမိပါသည္။ဘယ္ေလာက္ေတာင္မွ ရင္ထဲသိမ္း
ထားရေတာ့ အစ္ကိုကူးနာက်င္ေနမလဲ။

" အစ္ကိုထြက္သြားဖို႔ေတြးၿပီး အားလုံးအတြက္
စာေရးေနေတာ့ အစ္ကို႔ေမေမကိုဖုန္းဆက္တာ၊
ေမေမကသေဘာမတူဘူး အိမ္ကလူေတြအစ္ကို႔ကို
ဘယ္လိုသေဘာထားေပးလဲဆိုတာ ေျပာျပေတာ့
အစ္ကိုမထြက္သြားေတာ့တာ၊အဲ့တုန္းကဆို ေမေမ
ခဏခဏလာလာေတြ႕တာ၊ကင္မ္ထယ္ေယာင္းကို
ဖုန္းဆက္ဖို႔လုပ္ေပမဲ့လည္း မဆက္ရဲဘူးေလ၊
ၿပီးေတာ့ သူ႔အသားကိုအၿမဲနာေအာင္လုပ္မိတယ္၊
သူ႔ကိုလည္းစကားအေကာင္းမေျပာခဲ့ဘူး... "

ကူးေလးကငိုခ်င္သည့္စိတ္ကို ထိန္းထားရင္း
ဟိုေဆာ့ကိုေျပာျပေနသည္။ဟိုေဆာ့လည္း
အစ္ကိုကူးေျပာေနတာေတြေၾကာင့္ လုံးဝစိတ္
မေကာင္းဘူး။အစ္ကိုကူးကနဂိုစိတ္ရင္းေလး
ေကာင္းသည္။ဒါေၾကာင့္မို႔ မသိစိတ္ကေနခ်စ္ၿပီး
နာက်င္ေနတက္တာျဖစ္သည္။

ဟိုေဆာ့သက္ျပင္းခပ္ယဲ့ယဲ့ခ်ရင္း ကူးေလးဘက္
ၾကည့္လို႔ စကားဆိုလိုက္သည္။

" အဲ့လိုလုပ္ခဲ့တာအတြက္ အစ္ကိုကူးကအခုေတာ့
ထယ္ေယာင္းကိုအမ်ားႀကီး ခ်စ္ေပးလိုက္ပါ "

" အစ္ကိုမသိဘူး၊ကင္မ္ထယ္ေယာင္းကိုခ်စ္ဖို႔က
အစ္ကို႔အတြက္... "

ကူးေလးက ဟိုေဆာ့ရဲ႕စကားကိုျပန္ေျဖသည္။
ၾကည့္ရတာအခုထက္ထိ ဟိုေဆာ့စကားကိုေတာင္
အစ္ကိုကူးေလးကနားမလည္ေသးဘူးပဲ။

" အစ္ကိုကူး ကိုယ့္ဘာသာကိုယ္ေသခ်ာျပန္စဥ္း
စားၾကည့္ပါ၊မ်ိဳးေစ့ေလးလည္း မၾကာခင္ဆို
ေရာက္လာေတာ့မွာ၊ကေလးက အစ္ကိုကူးတို႔
ေပ်ာ္ရင္သူလိုက္ေပ်ာ္မယ္၊မ်ိဳးေစ့ေလးက
အကုန္နားလည္လာေတာ့မွာ... "

ကူးေလးက ဟိုေဆာ့ေျပာတဲ့စကားေၾကာင့္
စိတ္မေကာင္းျဖစ္သြားကာ မ်ိဳးေစ့ေလးရွိရာ
ရပ္ဝန္းငယ္ေလးကိုဖိကပ္ထားလိုက္မိသည္။

ဟိုေဆာ့ေျပာတာလည္းမွန္သည္။မ်ိဳးေစ့ေလးက
ေနာက္ဆိုမိဘေတြေျပာရင္ ဗိုက္ထဲကေနေတာင္
အရိပ္အေယာင္ေတြကိုနားလည္မွာျဖစ္သည္ေလ။
ကေလးေလးအ႐ြယ္ေရာက္လာသည္အထိေတာ့
ကူးေလးမေတြးမိႏိုင္ေသးဘူး။

" အစ္ကိုသိပ္မွားသြားပါတယ္ ဟိုေဆာ့ရယ္၊ဒါေပမဲ့
ကင္မ္ထယ္ေယာင္းကပိုခ်စ္ျပေလ အစ္ကိုက
အရင္လုပ္ခဲ့တာေတြအတြက္ ပိုအားနာတယ္၊
ကင္မ္ထယ္ေယာင္း!!! "

ကူးေလးနဲ႔ဟိုေဆာ့စကားေျပာေနရင္း အိမ္ေတာ္က
တံခါးပြင့္လာသည္မို႔ ကူးေလးကအၾကည့္ပို႔မိရင္း
စကားဆိုၿပီး ေသြးေတြေပက်ံေနသည့္ပုံစံေၾကာင့္
ကူးေလးလန္႔သြားကာ အနားကိုေျပးသြားသည္။

ဟိုေဆာ့ကေတာ့ ထယ္ေယာင္းရဲ႕အနာကိုၾကည့္ၿပီးကူးကိုၾကည့္လိုက္မိေတာ့ အံ့ဩသလိုျဖစ္သြား၏။
ကိုယ္ဝန္နဲ႔ေတာင္ဇက္ခနဲထရပ္လိုက္ပုံကေတာ့
အေတာ့္ကိုလန္႔သြားမိသည္။

" ေမာင္ေရာက္ပါၿပီဗ်၊ဟာ...ျဖည္းျဖည္းထေလ "

ကူးေလးကဇက္ခနဲထရပ္ကာအနားကိုေျပးလာလို႔ ထယ္ေယာင္းမွာ တားလိုက္ရေသးသည္။ဒါေတာင္
ထယ္ေယာင္းကိုစိတ္ပူၿပီး တစ္ကိုယ္လုံးကိုၾကည့္
ေနတာ။ကိုယ္ဝန္သည္မို႔ ေသြးျမင္ရင္ပိုဆိုး၏။

" မင္း..မင္း..ျဖစ္လာျပန္ၿပီ၊ဘာေတြလုပ္လာ
တာလဲဟင္၊နာေနမွာပဲ၊အေမတို႔ အျပင္ခဏထြက္
သြားၾကတာ၊ျပန္လာရင္ မင္းကိုတိုင္မယ္... "

" ဟုတ္ပါၿပီဗ်ာ၊ေမာင္ကဆိုးပါတယ္
ေမာင့္အသက္ကိုယ္တိုင္လည္း အျပစ္ေပးပါ "

ကူးေလးက ထယ္ေယာင္းလက္ကိုဆြဲကာအေပၚ
ထပ္ကိုတက္ဖို႔အတြက္ ေခၚသြားသည္။ေသြးေတြ
ျမင္တာေတာင္ ထယ္ေယာင္းကလန္႔မည္ဆိုးလို႔
ကာေနတာေတာင္ ကူးေလးရေအာင္ေခၚသြားတာ
ျဖစ္သည္။

" အစ္ကိုကူး ထယ္ေယာင္းကိုကြၽန္ေတာ္တို႔--- "

ကူးေလးကထယ္ေယာင္းကို ေရခ်ိဳးေပးဖို႔ျပန္ေခၚ
သြားေပမဲ့လည္း နမ္ဂြၽန္ကကိုယ္ဝန္သည္ေရွ႕ေသြး
ေတြနဲ႔မို႔ မျမင္ေစခ်င္လို႔ေျပာဖို႔စကာစဖို႔ႀကံေတာ့
ဟိုေဆာ့က မ်က္ရိပ္ျပၿပီးတားသည္။

နမ္ဂြၽန္တို႔အနားကိုေလွ်ာက္လာကာ မ်က္မွန္ကို
ပင့္တင္ရင္းျဖင့္ ျဖစ္သမွ်အရာေတြကိုေမးလာ
ေလသည္။

" သူတို႔ဘာသာလႊတ္ထားေပးလိုက္၊အဆင္ေျပမွာ၊
မင္းတို႔သာငါမပါဘဲသြားၾကလို႔ ျဖစ္လာတာေတြ
ေျပာျပဦး... "

ဟိုေဆာ့က နမ္ဂြၽန္နဲ႔ယြန္းဂီကိုပုခုံးဖက္ကာဆိုဖာ
ေပၚထိုင္ေစရင္း ရွင္းျပခိုင္းေတာ့သည္။အေပၚက
ထယ္ေယာင္းနဲ႔ကူးေလးမွာေတာ့ ေရခ်ိဳးခန္းထဲ
တန္းဝင္ေစလိုက္သည္။

" အသက္...ေမာင့္ဘာသာလုပ္လိုက္ပါ့မယ္ကြာ၊
အသက္ကသာ အခန္းထဲမွာေစာင့္ေနၿပီး ေမာင့္ကို
အဝတ္အစားထုတ္ေပးထား၊ေမာင္တို႔ ခဏေန
အျပင္ထြက္ၾကမယ္ေလ "

" အင္း... ငါအဝတ္ထုတ္ထားေပးမယ္ "

ကူးေလးကေျပာရင္းထြက္သြားေတာ့ ထယ္ေယာင္း
သက္ျပင္းခ်ႏိုင္ေတာ့သည္။အသက္ေရွ႕မွာမို႔
ေသြးထြက္တာမျမင္ေစခ်င္ဘူးဆိုတာမွ အသက္ကေသြးျမင္ၿပီး ငိုသံရႈိက္သံလည္းတစ္စိုးတစ္စိမွ်
မရွိေခ်။သူ႔မွာေတာ့ငိုမွာဆိုးတာေရာ၊လန္႔မွာဆိုး
တာေတြေၾကာင့္ပါ ေသြးေတြမျပခ်င္ပါေလ။
တကယ္သန္မာလိုက္တဲ့ကိုယ္ဝန္သည္ေလးပဲ။

ထယ္ေယာင္းကေရခ်ိဳးဖို႔လုပ္ရင္း ကူးေလးက
အခန္းထဲမွထယ္ေယာင္းအတြက္ အဝတ္အစား
ထုတ္ေပးရင္း ႏႈတ္ခမ္းဆူမိၿပီး မ်ိဳေစ့ေလးရွိရာ
ရပ္ဝန္းကိုထိေတြ႕လိုက္ကာ ဆိုသည္။

" ပါးပါးကေလးေလး မင္းဒယ္ဒီကပါးပါးရဲ႕စကား
နားမေထာင္တာေတြ႕လား၊ပါးပါးျဖင့္ နားမလည္ႏိုင္
ေတာ့ဘူး မင္းဒယ္ဒီကို... "

ကူးေလးက မ်ိဳးေစ့ေလးကိုထိရင္း ထယ္ေယာင္းအေၾကာင္းေျပာေနေတာ့သည္။ထယ္ေယာင္းက
ကူးစကားနားမေထာင္တာမို႔ ကူးသေဘာမက်။
အခုလည္းကူးက ထယ္ေယာင္းကိုဘယ္လိုဆုံးမ
ရမလဲေတြးရင္း မသိေသးတဲ့မ်ိဳးေစ့ေလးကို
တိုင္ေနတာျဖစ္သည္။

" ပါးပါးစိတ္ဆိုးရင္လည္း သူကမႀကိဳက္ဘူး၊
မ်ိဳးေစ့ေလးေရာ ပါးပါးဘက္ပါတယ္မလား၊
ပါးပါးတို႔ မင္းဒယ္ဒီကိုဆူၾကမယ္ေနာ္... "

ကူးေလးက အဝတ္အစားထုတ္ေပးရင္း
တစ္ေယာက္ထည္းစကားေတြေျပာေနေတာ့
ထယ္ေယာင္းေရခ်ိဳးခန္းထဲကထြက္လာတာကို
မေတြ႕ဘူး။

ထယ္ေယာင္းကေတာ့ ခပ္ေယးေယးၿပဳံးေနၿပီး
ကူးေလးအနားကို အသံမၾကားေအာင္ျဖင့္
ေလွ်ာက္လာၿပီး အေနာက္ကေနခါးေသးေလးကိုဖက္ကာ ပုခုံေသးေလးေပၚေခါင္းေလးတင္ရင္း စကားဆိုေတာ့သည္။

" ပါးပါးကအခ်စ္ေတြအမ်ားႀကီး ခ်စ္ေပးရင္ေတာ့
ဒီကဒယ္ဒီက လိမၼာပါ့မယ္တဲ့၊မ်ိဳးေစ့ေလးက
ေျပာေနတယ္ေလ မၾကားဘူးလား ပါးပါး... "

ထယ္ေယာင္းက ခြၽဲသလိုေလးျဖင့္ကူးေလးရဲ႕
ပုခုံးေပၚေခါင္းတင္ကာေျဖေတာ့သည္။ကူးေလးက
ထိုစကားေၾကာင့္ မ်က္ႏွာေလးရဲတက္သြား၏။
ထယ္ေယာင္းေျပာပုံက ကူးမ်က္ႏွာေလးကို
ရဲတက္သြားဖို႔အထိ လုံေလာက္သည္ထင္ပါ့။

" စကားနားေထာင္ေပါ့၊ငါက မင္းကိုစိတ္ပူလို႔ေျပာ
တာ၊မင္းလက္က သိပ္ေကာင္းေသးတာမဟုတ္ဘူး၊
ကိုယ့္ကိုကိုယ္ဂ႐ုစိုက္ပါ ကင္မ္ထယ္ေယာင္း "

ကူးေလးက ထယ္ေယာင္းအေမးကိုမေျဖခ်င္ဘဲ
စကားလမ္းေၾကာင္းကိုလႊဲလိုက္သည့္အေနျဖင့္
ဂ႐ုစိုက္ရန္ေျပာေတာ့ ထယ္ေယာင္းကအလိုမက်
သည့္မ်က္ႏွာထားျဖစ္လာၿပီး ကူးေလး၏ကိုယ္ကို
သူ႔ဘက္လွည့္ခ်လိုက္သည္။

" ေမာင္ေျပာတဲ့စကားကို လႊဲလိုက္တဲ့အတြက္
ေမာင္ကအျပစ္ႀကီးႀကီးေပးမယ္ကြာ... "

" ဟမ္...အု.. "

ထယ္ေယာင္းက ကူးေလးကိုအသည္းယားေပမဲ့
သူေမးတာကိုမေျဖဘဲ လည္ေနတာေၾကာင့္
သူ႔ဘက္လွည့္လိုက္ၿပီးႏႈတ္ခမ္းပါးေလးကို
နမ္းေတာ့သည္။

ကူးေလးလည္း ထယ္ေယာင္းေပးတဲ့အနမ္းေတြကို
မျငင္းဆန္ႏိုင္ပါဘဲ အနမ္းေတြေနာက္ခံစားၿပီး
အတူနမ္းမိပါသည္။ကူးေလးအရင္လိုၿငိမ္မေနႏိုင္
ေတာ့ဘူး။ထယ္ေယာင္းအနမ္းေတြက ႏူးညံ့လြန္း
တာမို႔ ကူးေလးလည္းအတူေရွ႕ဆက္မိပါသည္။

ေဒါက္! ေဒါက္!

" ထယ္ေယာင္းေရ...ငါဂ်ဴတီရွိေသးလို႔မင္းကို
ေဆးအျမန္ထည့္ေပးသြားရမယ္ေလကြာ... "

ထယ္ေယာင္းနဲ႔ကူးေလးႏွစ္ေယာက္အတူနမ္းေန
ၾကရင္း အျပင္မွဟိုေဆာ့ကအခန္းတံခါးေခါက္ကာ
လာေျပာေနတာေၾကာင့္ ထယ္ေယာင္းကကူးရဲ႕
ႏႈတ္ခမ္းတစ္ခ်က္စုပ္နမ္းလိုက္ၿပီးမွ လႊတ္ေပး
ေတာ့သည္။

အနမ္းေတြလႊတ္ေပးလိုက္ေရာ ကူးေလးကေတာ့
တြန္႔သြားတဲ့အဝတ္ကိုျပန္ျပင္လိုက္ရင္း အခန္းတံ
ခါးနားကိုသြားၿပီး တံခါးဖြင့္လိုက္သည္။
ထယ္ေယာင္းက Bathrobeနဲ႔မို႔ေတာ္ေသးသည္။

" ဟိုေဆာ့ဝင္ခဲ့ေလ... "

ကူးေလးကတံခါးဖြင့္ေပးလိုက္ကာ အလိုက္သင့္ၿပဳံးရင္းျဖင့္အခန္းထဲေခၚေတာ့ ဟိုေဆာ့လည္း
မ်က္မွန္ကိုပင့္တင္ၿပီးၿပဳံးရင္း ကုတင္ေပၚမွာ
ထိုင္ၿပီးသူ႔ကိုမ်က္ေမွာင္ႀကဳံ႕ၾကည္ေနသည့္
ထယ္ေယာင္းအနားကိုေလွ်ာက္ကာစကားစ၏။

" အစ္ကိုႀကီးထယ္ေယာင္းခင္ဗ် ကြၽန္ေတာ္မ်ိဳး
ေဆးလာထည့္ေပးတာမို႔ မ်က္ေမွာင္ႀကီးမႀကဳံ႕
ထားပါနဲ႔ခင္ဗ်၊ကြၽန္ေတာ္မ်ိဳးသိပါတယ္ဗ်ာ၊
အခ်ိန္ေကာင္းကို ျဖတ္ဆီးမိလိုက္တယ္မလား "

ဟိုေဆာ့က ကုတင္ေဘးခုံဆြဲကာထိုင္လိုက္ၿပီး
ခပ္ၿပဳံးၿပဳံးစကားဆိုေတာ့ ထယ္ေယာင္းက
တကယ့္ကိုၾကည့္မရျဖစ္ေနတာျဖစ္သည္။

" ေနာက္ဆိုေနရာနဲ႔အခ်ိန္အခါကိုၾကည့္ၿပီးေတာ့
မင္းလာသင့္တယ္၊မဟုတ္ရင္ မင္းဝဋ့္လည္မွာ
ငါ့ေကာင္ႀကီးေရ... "

ထယ္ေယာင္းကမၾကည့္ေပမဲ့လည္း ဟိုေဆာ့ကို
ခပ္စူးစူးၾကည့္ရင္း စကားဆိုေတာ့သည္။ကူးက
ထယ္ေယာင္းစကားေၾကာင့္ ဆိုဖာေပၚထိုင္ရင္းမွ
ခပ္ေယးေယးၿပဳံးလိုက္ေသးသည္။

" ေမာင့္အသက္ အဝတ္လဲထားဦးမလား၊ဟိုေဆာ့
ေမာင့္ကိုေဆးထည့္ၿပီးရင္ ေစ်းဝယ္ထြက္ၾကမယ္၊
ေမာင့္အသက္စားခ်င္တဲ့ဆိုင္မွာ စားၾကတာေပါ့ "

ထယ္ေယာင္းက ဟိုေဆာ့ေဆးထည့္ေပးရင္းမွ
ေျပာလိုက္ေတာ့ ကူးေလးကေခါင္းၿငိမ့္ျပသည္။
ၿပီးမွရွည္က်ေနသည့္ဆံပင္ရွည္ေလးကို နားထဲ
ညႇပ္ထည့္လိုက္ၿပီး ေျဖေတာ့သည္။

" အင္း...သြားမယ္၊ပူလို႔အဝတ္လဲထားလိုက္မယ္၊
မင္းရွပ္အက်ႌငါယူဝတ္လိုက္မယ္ေနာ္... "

ကူးေလးကေျပာေတာ့ ထယ္ေယာင္းကလည္း
ေလးေထာင့္ဆန္သည့္အၿပဳံးေတြျဖင့္ ၿပဳံးရင္း
ေခါင္းၿငိမ့္ျပလိုက္သည္။အခုတေလာ ဗိုက္ပူေလး
သူ႔အသက္က သူ႔အက်ႌေတြဝတ္ရတာကိုအေတာ္
ႀကိဳက္ေနတာျဖစ္သည္။တကယ္ေယာက္်ားကိုမ်ား
ခ်စ္ေနတာတဲ့လား။

" ဟိုေဆာ့...ငါ့အသက္ကိုခ်စ္ရိပ္ေတာင္ရွိေနတာ
မင္းေတြ႕ရဲ႕လား၊ငါျဖင့္ျမင္လိုက္ရလို႔အေပ်ာ္ေတြ
မ်ားေနၿပီကြာ၊ငါမၾကာခင္ အခ်စ္ခံရေတာ့မယ္ "

ထယ္ေယာင္းကေပ်ာ္ရင္းေျပာေတာ့ ဟိုေဆာ့က
လက္ေမာင္းကိုေဆးေသခ်ာျပန္လုပ္ေပးၿပီး
ပတ္တီးစည္းေပးေနကာ ေျပာေတာ့သည္။

" အဲ့ပုံစံေလးျဖစ္လာေနၿပီဆိုတာ ငါသိပါတယ္၊
အစ္ကိုကူးကခ်စ္ပါတယ္ကြာ၊ဝန္မခံတက္တာ၊
မသိစိတ္ကမင္းရွိေနၿပီး သိစိတ္ကိုဝင္ေနတဲ့မင္းကို
အစ္ကိုကူးကဖယ္ခ်င္ေနတာ၊ငါေျပာတာယုံ!
မင္းကိုလုံးဝမခ်စ္ဘဲမေနႏိုင္ဘူးကြာ "

ဟိုေဆာ့က ပတ္တီးစည္းေပးရင္းေျပာျပသည္။
ထယ္ေယာင္းလည္း ၿငိမ္နားေထာင္ရင္းဟိုေဆာ့ကို
သတိရဟန္ျဖင့္ ျပန္ေမးလာသည္။

" မင္းေရာ ဟိုဆရာဝန္ငယ္ေလးနဲ႔အဆင္ေျပလား၊
ဆရာဝန္ေလးက မင္းကိုသေဘာက်ေနပုံပါပဲ... "

" သူကေတာ့သေဘာက်မွာပဲကြာ၊မင္းသိရဲ႕နဲ႔၊
ငါတို႔ကဘယ္သူေတြလဲ အေခ်ာႀကီးေတြေလကြာ "

ဟိုေဆာ့က ေဆးပစၥည္းေတြကိုတစ္ခုခ်င္းစီအိတ္ထဲသိမ္းထည့္ေနၿပီးမွ သူ႔ဂ်ဴတီကုတ္ေကာ္လန္ကို
ကိုင္ရင္းေျပာေတာ့သည္။ထယ္ေယာင္းရယ္ၿပီး
ဟိုေဆာ့စကားကိုေထာက္ခံေတာ့သည္။

" မင္းစကားအမွန္ဆုံးပဲ ဟိုေဆာ့ "

" မမွန္ေသးဘူး၊ေျပာဖို႔ေမ့ေနတာ၊ငါကေခ်ာၿပီး
အဲ့ဆရာဝန္ေလးကိုငါကႏိုင္ေသးတယ္၊မင္းရယ္၊
နမ္ဂြၽန္ရယ္၊ယြန္းဂီရယ္လို ေၾကာက္တာမဟုတ္
ဘူးကြ...ဟားဟား... "

ဟိုေဆာ့ကရယ္ရင္းေျပာၿပီး အခန္းတံခါးနားကို
ေရာက္သြားသည္။ထယ္ေယာင္းကေတာ့
ဟိုေဆာ့စကားကိုမခံႏိုင္ပါဘဲ ျပန္ေျဖေသး၏။

" ငါကငါ့အသက္ကို ေၾကာက္လို႔မဟုတ္ဘူး၊
ခ်စ္လို႔ကြ၊တအားခ်စ္လို႔..လိုက္ေလ်ာတာ... "

" ကင္မ္ထယ္ေယာင္း!!!ေဆးထည့္ၿပီးတာနဲ႔စကား
မ်ားမေနဘဲ အဝတ္လဲဖို႔အထဲကိုလာခဲ့ေတာ့လို႔! "

" ေမာင္လာပါၿပီဗ်ာ.... "

ထယ္ေယာင္းကဟိုေဆာ့ကို စကားႏိုင္လုေနရင္း
အဝတ္လဲခန္းထဲကကူးေလးမွာ ထယ္ေယာင္းကို
အဝတ္လဲဖို႔ဆိုရင္းေခၚေတာ့ ထယ္ေယာင္းမွာ
ဟိုေဆာ့ကိုေတာင္မႏႈတ္ဆက္ႏိုင္ေတာ့ဘဲ ေျပးဝင္
သြားေတာ့ ဟိုေဆာ့ရယ္လိုက္ရင္းအခန္းထဲက
ထြက္သြားေတာ့သည္။

" အလကား...ငါ့ကိုေလနဲ႔ေျပာေနၾကတာ၊ဟိုက
ေခၚလည္းေခၚလိုက္ေရာ တန္းေနတာပဲကြာ... "

ဟိုေဆာ့ေျပာရင္းထြက္သြားေတာ့သည္။သူလည္း
ဆရာဝန္ငယ္ေလးနဲ႔နီးကပ္ခဲ့တာက အစ္ကိုကူးနဲ႔
မ်ိဳးေစ့ေလးတို႔ေၾကာင့္ျဖစ္သည္။ႏွစ္ေယာက္က
ခ်စ္ေနတာသိခဲ့ၾကေပမဲ့လည္း ဖြင့္မေျပာေသးဘူး။

- - - - -

ထယ္ေယာင္းနဲ႔ကူးေလးတို႔ အဝတ္အစားလဲၾကၿပီး
အိမ္ကေနစထြက္ထည္းက ထယ္ေယာင္းမွာ
လက္တစ္ဖက္ထည္းနဲ႔ကားေမာင္းမည္လုပ္ေနလို႔
ကူးေလးက ႐ိုက္ထုၿပီးတားထားရသည္။

ကူးေလးစိတ္ေက်နပ္ေအာင္ ထယ္ေယာင္းက
ေယာင္းဝူကိုလွမ္းေခၚၿပီး လိုက္ပို႔ခိုင္းရသည္။
အခုကားေပၚေရာက္တာေတာင္ ကူးေလးက
ထယ္ေယာင္းအနားမကပ္ဘဲ မ်ိဳးေစ့ေလးကို
ထိေတြ႕ရင္းေန,ေနတာျဖစ္သည္။အခုေတာ့
Shopping Centreကိုေရာက္လာခဲ့ၾကသည္။

" ေဟ့ေကာင္!မင္းအလုပ္ကိုမျပန္နဲ႔ဦး၊ယြန္းဂီက
လာလာၾကည့္ေပးလိမ့္မယ္၊မင္းကေတာ့အထုတ္
သယ္ဖို႔လိုက္ခဲ့လိုက္.... "

ကားထဲကေနထြက္ေတာ့ ထယ္ေယာင္းကကူးေလး
ေဘးနားရပ္ရင္း ေယာင္းဝူကိုစကားဆိုေတာ့သည္။
ေယာင္းဝူကေတာ့ အတြဲၾကားေနရမယ္ဆိုတာထက္
အလုပ္ကိုတာဝန္ယူရမွာမို႔ သြားဖို႔အတြက္လုပ္ရ
မည္ေလ။မဟုတ္ရင္ေတာ့ ဆရာျပန္သက္သာရင္
အလုပ္ပိုမ်ားမွာျဖစ္သည္။

" ကင္မ္ထယ္ေယာင္း...ငါတို႔ႏွစ္ေယာက္ထဲသြား
ၾကရေအာင္လားေနာ္၊ငါတို႔လည္း ဘာမွဝယ္ေသး
မွာမဟုတ္ဘဲ၊ငါ့ေမေမကမွာထားတယ္၊ကေလး
အတြက္လိုအပ္တာေတြ ႀကိဳမဝယ္ရဘူးတဲ့ "

ကူးေလးစကားေၾကာင့္ ထယ္ေယာင္းသိလို႔
ေခါင္းၿငိမ့္လိုက္သည္။သူသိပါသည္ေပါ့။
ေယာင္းဝူေရွ႕တြင္ကူးေလးရဲ႕နဖူးေလးကို
ထယ္ေယာင္းကနမ္းလိုက္သည္။

" ေမာင္တို႔မ်ိဳးေစ့ေလးအတြက္ မဟုတ္ေသးရင္
ေမာင့္အသက္အတြက္ဝယ္မယ္ေလဗ်ာ... "

" မဝယ္ဘူး၊အိမ္မွာလည္း အမ်ားႀကီးရွိတယ္၊
ပိုက္ဆံကိုျဖဳန္းမေနနဲ႔၊ငါမႀကိဳက္ဘူး၊ဒီအတိုင္း
သြားရေအာင္ေနာ္လို႔.... "

ထယ္ေယာင္းကေျပာတာေတာင္ ဗိုက္ပူေလးကို
ကိုင္ထားရင္းေခါင္းတခါခါျဖင္ေျပာေနသည္။
ထယ္ေယာင္းထိုအခြၽဲသန္ေလးေၾကာင့္မေနႏိုင္ဘဲ
အလိုက်လိုက္ေပးရေတာ့သည္။ေယာင္းဝူကိုေတာ့
အလုပ္အတြက္ ေသခ်ာမွာခဲ့ထား၏။

ထယ္ေယာင္းနဲ႔ကူးေလးက Shopping Centreထဲ
ဝင္လာၾကရင္း ကူးေလးလက္ကိုဆြဲထားျခင္းျဖင့္
ေလွ်ာက္ပတ္ေနၾကသည္။ေလွ်ာက္ပတ္ေနရင္း
ကူးေလးက ကေလးေလးေတြပစၥည္းေနရာေလး
ေရွ႕ေရာက္ရင္ ၿပဳံးၿပီးၾကည့္ေနတက္ေသးသည္။

" ေမာင့္အသက္ တစ္ခုခုလိုခ်င္တာရွိရင္လည္း
ေမာင့္ကိုေျပာဗ်ာ၊ေမာင္လိုက္ဝယ္ေပးမယ္ "

ထယ္ေယာင္းကကူးေလးလက္ကိုတြဲရင္းျဖင့္
ဆိုင္ထဲကအဝတ္အစားလွလွေလးေတြေတြ႕ရင္
သေဘာက်ကာၾကည့္ေနတက္လို႔ ထယ္ေယာင္းက
ေမးေနေသးသည္။

" ဟုတ္ရဲ႕လား၊မင္းက ပိုလိုခ်င္ေနတာမဟုတ္လား၊
ခုနကGUCCIဆိုင္ေရွ႕ကျဖတ္တာေတာင္ မ်က္လုံး
မခြာႏိုင္ဘူးေနာ္၊No!No!မင္းမွာအဲ့Brandေတြ
အမ်ားႀကီးပဲေနာ္၊မဝယ္ရဘူး.... "

ကူးေလးရဲ႕စကားေၾကာင့္ ထယ္ေယာင္းကေၾကာင္
သြားသည္။ခုနကအတူေလွ်ာက္လာၾကရင္းျဖင့္
ထယ္ေယာင္းက GUCCIဆိုင္ကိုမ်က္လုံးေလး
ခဏေရာက္လိုက္မိတာကို အသက္ကသတိထား
မိသြားပုံပဲျဖစ္သည္။

" ဟုတ္ၿပီဗ်ာ၊ေမာင္မဝယ္ဘူးကတိေပးတယ္ "

ထယ္ေယာင္းက သူ႔အသက္သူ႔ကိုခ်ဳပ္ခ်ယ္တာ
သေဘာက်တာမို႔ ကတိေပးလက္ခံလိုက္သည္။
ထိုသည္ျဖင့္ကူးေလးကၿပဳံးလိုက္ၿပီး....

" အင္း...တအားလိမၼာတယ္ "

ကူးေလးကထယ္ေယာင္းေရွ႕ ေျခဖ်ားေထာက္ကာ
ထယ္ေယာင္းရဲ႕ပါးကိုခပ္ဖြဖြဆြဲသြားၿပီး စကားဆို
သြားတာမို႔ ထယ္ေယာင္းႏွလုံးေတြေတာင္အက်ယ္
ႀကီးခုန္ေနမိသည္။

အသက္က သူ႔ပါးကိုထိေတြ႕သြားသည္တဲ့။
ထယ္ေယာင္းေပ်ာ္လြန္းလို႔ ရပ္မတန္႔ႏိုင္ေသးဘူး။
အသက္ကသူ႔ကိုခ်စ္စရာလို႔ေပ်ာ္႐ုံတင္မကဘဲ
လိမၼာတယ္လို႔သုံးသြားေသးတာျဖစ္သည္။

" beauté - အလွေလး!!! "

ထယ္ေယာင္းရပ္က်န္ေနခဲ့တုန္းရွိေသး ကူးေလးကို
အေဝးကေန 'အလွေလး'လို႔ေခၚကာေျပးလာသည့္
ကေလးေၾကာင့္ ထယ္ေယာင္းၾကည့္မိေတာ့
မ်က္ေမွာင္ေတြေတာင္ႀကဳံ႕သြားသည္။

ဟိုျပင္သစ္ေပါက္စအခုထက္ထိ မၿပီးႏိုင္ေသးဘူး။
သူ႔အသက္နားေျပးေနတာမို႔ မ်ိဳးေစ့ေလးကိုထိမိ
မွာဆိုးလို႔ ေရွ႕ကေနကာလိုက္ရေတာ့သည္။

" Hey!Il est enceinte et prudent-ကိုယ္ဝန္နဲ႔မို႔
သတိထားစမ္း! "

ဟိုေပါက္စေလးကအေျပးလာၿပီး ကူးကိုေတာင္ ဖက္ဖို႔အတြက္ကပ္လာေပမဲ့လည္း ထယ္ေယာင္းမွ
ကူးေရွ႕ကပိတ္ရပ္လိုက္ေတာ့သည္။ထိုသည္ကို
ျပင္သစ္သားေပါက္စေလးက တရႈးရႈးျဖစ္ကာ
မ်က္ေစာင္းေလးထိုးၾကည့္သည္။

" beauté - အလွေလး... "

ျပင္သစ္သားေလးက သူ႔ရဲ႕မ်က္ဝန္းဝိုင္းေလးေတြနဲ႔ခ်စ္စရာေကာင္းေအာင္ ကူးေလးကိုေခၚသည္။
ကူးေလးကေတာ့ သေဘာက်လို႔ၿပဳံးကာျဖင့္
ထယ္ေယာင္းကိုဖယ္ကာ ထိုင္ခ်ဖို႔လုပ္ေတာ့
ထယ္ေယာင္းကတားသည္။ကိုယ္ဝန္နဲ႔ဖို႔ထိုင္ခ်ဖို႔
မျဖစ္ေသးဘူး။

" မလုပ္ရဘူးေလကြာ၊စကားေျပာခ်င္ရင္ဒီတိုင္း
စကားေျပာ၊ေမာင္တို႔မ်ိဳးေစ့ေလးေနရခက္သြား
မယ္ေလကြာ... "

ကူးေလးကထိုင္ဖို႔လုပ္ေနသည္ကို ထယ္ေယာင္းက
တားရေတာ့သည္။ဟိုျပင္သစ္သားေပါက္စလည္း
ကူးေလးကိုသူနဲ႔ျမင္သာေအာင္ ထိုင္ေစခ်င္ပုံ။
ၿပီးမွကူးေလးက အားနာသည့္မ်က္ႏွာျဖင့္
ေျဖေလသည္။

" အားနာပါတယ္၊ဗိုက္ထဲကေလးေလးရွိေနေတာ့
ထိုင္ဖို႔ခက္ေနတာ ေတာင္းပန္ပါတယ္ေနာ္..
Sorry Baby "

ကူးေလးကအားနာဟန္ဟန္းဂုဘာသာစကားျဖင့္ေျပာလိုက္ေပမဲ့လည္း ျပင္သစ္သားေပါက္စက
လက္ဟန္ကိုနားလည္ဟန္ျဖင့္ ၿပဳံးျပသည္။

" အို!!သားကဒီကိုေရာက္ေနတာပဲလား၊အို...
ေနေကာင္းရဲ႕လား၊ဗိုက္ပူေလးကခ်စ္စရာေလး.. "

ျပင္သစ္သားေပါက္စေရာက္ေနသည့္ ကူးတို႔အနား
ေရာက္လာၿပီး ကူးရဲ႕ဗိုက္ပူေလးကိုၾကည့္ကာ
ေျဖေတာ့သည္။ကူးတို႔လည္း ၿပဳံးျပရင္းေပါ့။

သူ႔အေမက အဂၤလိပ္ဘာသာျဖင့္ေျပာေတာ့
ကူးနဲ႔ထယ္ေယာင္းကၿပဳံးၿပီး ျပန္ႏႈတ္ဆက္သည္။
ထယ္ေယာင္းက လူမႈေရးအရမို႔သူမအားေမးရ
ေသးသည္။

" မဒမ္အန္နာက ဟန္းဂုကိုျပန္လာလည္တာလား "

" ေမ့ေနတာလား၊ကြၽန္မက မစၥတာတို႔နဲ႔အလုပ္တူ
တြဲလုပ္လိုက္ၿပီေလ၊ဒီေတာ့ ကြၽန္မကစာခ်ဳပ္သက္
တမ္းေၾကာင့္လည္း ဒီမွာအေျခခ်ဖို႔အတြက္ျဖစ္သြားတာ၊ဒါေၾကာင့္ အိမ္အတြက္လိုအပ္တာေတြ
လာဝယ္ရင္း သားကအေျပးထြက္သြားလို႔လိုက္
ၾကည့္တာ ဒီေရာက္ရင္းမစၥတာတို႔နဲ႔ေတြ႕တာ "

မဒမ္အန္နာေျပာသည့္စကားေၾကာင့္ ကူးေလးနဲ႔
ထယ္ေယာင္းက ေခါင္းၿငိမ့္နားေထာင္လိုက္ရင္း
ၿပီးမွ မဒမ္အန္နာကသတိရေတာ့စကားဆို၏။

" ကြၽန္မတို႔နဲ႔ေန႔လယ္စာအတူလိုက္စားၾကမလား၊
ေနာက္ဆို ကုမၸဏီမွာလည္းအၿမဲတမ္းေတြ႕ရေတာ့မဲ့
သူေတြပဲကို၊ထမင္းအတူစားရေအာင္ "

" မရဘူး၊ကြၽန္႔ေတာ့္အသက္--- "

" ကြၽန္ေတာ္တို႔အတူစားၾကပါ့မယ္ "

ထယ္ေယာင္းက သူ႔အသက္စားခ်င္သည့္ေနရာကို
ပို႔ေပးခ်င္တာမို႔ ျငင္းဖို႔ကိုအသက္ကၾကားျဖတ္
ေျဖလိုက္ကာ လက္ခံလိုက္တာမို႔ထယ္ေယာင္း
ေၾကာင္ေနတာျဖစ္သည္။

" ဒါဆိုShopping Centreအေပၚထပ္မွာဆိုင္
ေကာင္းတစ္ဆိုင္ရွိတယ္၊မစၥတာကင္မ္က လက္နာေနလို႔လိုက္ပို႔ေပးႏိုင္မယ္မထင္လို႔ ကြၽန္မတို႔လည္း
ဒီေနရာေလးကိုေ႐ြးလိုက္တာပါ... "

သူမကေျပာရင္း သူမသားေလးကိုလက္ဆြဲရင္း
ေရွ႕ကေနသြားသည္။ကူးကေတာ့ မ်က္ေမွာင္ႀကဳံ႕
ေနသည့္ထယ္ေယာင္းကိုၾကည့္ၿပီး ရယ္လိုက္၏။

" ကေလးဆန္မေနနဲ႔၊ဧည္သည္ေတြနဲ႔မို႔ ငါလည္း
မျငင္းေကာင္းလို႔ ေျဖလိုက္ရတာ၊အျပန္ၾကမွ
မင္းနဲ႔ငါ သက္သက္ဝင္စားမယ္ေနာ္လို႔... "

မဒမ္အန္နာနဲ႔သူ႔သားထြက္သြားေတာ့မွ ကူးေလးက
ထယ္ေယာင္းကိုေခ်ာ့ေတာ့သည္။ထယ္ေယာင္းက
သူ႔အသက္စားခ်င္တာကိုေကြၽးခ်င္တာမို႔ ဗိုက္မဝ
တာမ်ိဳးမျဖစ္ေစခ်င္တာေၾကာင့္ ျငင္းခ်င္တာ။

" ေမာင့္အသက္က စားႏိုင္ေသးလို႔လားဗ်ာ "

" စားႏိုင္တာေပါ့၊ႏွစ္ေယာက္စာပဲကို၊ငါ့ကို
အထင္မေသးပါနဲ႔ အာ...ကင္မ္ထယ္ေယာင္း
ငါတို႔အျမန္သြားရေအာင္ေလေနာ္ "

ကူးေလးကေရွ႕ကေန ဦးေဆာင္သြားေတာ့
ထယ္ေယာင္းလည္းေဘးကေနလိုက္ရသည္။
တကယ္ပါ၊အသက္ေလးက ထယ္ေယာင္းကို
ေႁခြခ်ေနတာ အရည္ေပ်ာ္လို႔အတိုင္းပါပဲ။
သူကလည္းေပ်ာ္ၾကေနတာမို႔ လိုအပ္တိုင္း
ေမာင့္အသက္ခိုလႈံဖို႔အသင့္ပဲ။

- - - - -

Shopping Centreရဲ႕အေပၚဆုံးထပ္ေနရာရွိ
စားေသာက္ဆိုင္သည္ သန္႔ရွင္းသပ္ရပ္ေနတာမို႔
အဆင္ေျပေနသည္။အစားအေသာက္ကမ်ိဳးစုံ
ရေပမဲ့လည္း ျပင္သစ္စာနဲ႔steakကအဓိကမို႔
မွာရန္အတြက္ ဟိုသားအမိကမခက္ခဲေပ။

ကူးနဲ႔ထယ္ေယာင္းကအတူထိုင္လိုက္ၾကၿပီး Menuကဒ္ၾကည့္ရင္း သင့္တင္ရာသာမွာစားၾက
ေတာ့သည္။တစ္ဖက္ကသားအမိႏွစ္ေယာက္က ျပင္သစ္စာေတြမွာစားေနၾကသည္။

အတန္ၾကာအစားေသာက္ေတြေရာက္လာေတာ့
ကူးေလးကSteakပန္းကန္ႏွစ္ပန္းကန္လုံးကို
အနားထားၿပီး ထယ္ေယာင္းအတြက္အသားကိုလွီးျဖတ္ေပးေသးသည္။

" ေရာ့..ငါခြံ႕ေကြၽးမယ္၊အတူတူစားရေအာင္... "

ကူးကအသားတုံးေလးကို ခရင္းျဖင့္ထိုးကာ
ထယ္ေယာင္းကိုခြံ႕ေကြၽးေတာ့ ထယ္ေယာင္းကေခါင္းၿငိမ့္လိုက္ၿပီး စားေတာ့သည္။

" beauté nourris-moi aussi - အလွေလး
သားကိုလည္းေကြၽးပါလား... "

" အို...သားကေတာ့ေလ... "

ျပင္သစ္သားေပါက္စေလးေၾကာင့္ ကူးေလးက
ေၾကာင္သြားၿပီး သူ႔အေမကေတာ့ရယ္လိုက္ၿပီး
အသားတုံးေလးကိုခြံ႕ေကြၽးလိုက္ေတာ့ ကေလးက
စားလိုက္ကာ ကူးေလးကိုျပန္ၾကည့္ေနသည္။

ထယ္ေယာင္းဘက္ကိုလွည့္ၾကည့္ေတာ့လည္း
မ်က္ေမွာင္ႀကဳံ႕ကာ ကေလးကိုၾကည့္ေနတာမို႔
ကူးေလးေမးရေတာ့သည္။

" ကင္မ္ထယ္ေယာင္း...သူဘာေျပာတာလဲ "

ကူးေလးက အသားတုံးကိုကူးလည္းစားရင္း
ေနာက္တစ္တုံးကိုထယ္ေယာင္းအတြက္ ခရင္းျဖင့္
ထိုးခြံ႕ေကြၽးေနေတာ့ ထယ္ေယာင္းကစားလိုက္ရင္း
ေျဖေလသည္။

" ကေလးက အသက္ကိုစားေကာင္းရဲ႕လားတဲ့ "

" ဟုတ္လို႔လား ကင္မ္ထယ္ေယာင္း... "

ကူးေလးကေမးေတာ့ ေခါင္းၿငိမ့္ျပလိုက္ၿပီး
ထယ္ေယာင္းကပါးစပ္ေလးဟေပးျပန္သည္။
ဒယ္ဒီႀကီးက ပါးပါးေပါက္စထံမွာကေလးလုပ္
ေနတာျဖစ္သည္။

" beauté - အလွေလး... "

ကေလးက ကူးလက္ေလးကိုခပ္ဖြဖြဆြဲလိုက္ရင္း
အသားတုံးေလးကိုလက္ညိဳးထိုးျပကာ ပါးစပ္ထဲ
ထည့္ျပသည္အမူအရာေလးလုပ္ျပေနတာမို႔
ကူးေလး သေဘာေပါက္ကာရယ္ေတာ့သည္။

" အင္းအင္း... "

" အသက္...မလုပ္နဲ႔ေလကြာ၊အဲ့ကေလးကကို
လြန္ကိုလြန္လြန္းပါတယ္... "

ကူးေလးက မစားရေသးသည့္တစ္ျခားခရင္းျဖင့္
အသားတုံးေလးကိုထိုးလိုက္ကာ ကေလးေလးေရွ႕
ကမ္းေပးေတာ့ ကေလးကပါးစပ္ဟၿပီးကူးေလး
ေကြၽးတာကိုစားရသည္။ထယ္ေယာင္းကေတာ့
ၾကည့္မေနေတာ့ဘူး။

" ရပါၿပီေနာ္၊အမ်ားႀကီး ခြံ႕မေကြၽးေနနဲ႔ေတာ့၊
ေတာ္ၾကာခင္ပြန္းက ပိုစိတ္တိုသြားမယ္... "

မဒမ္အန္နာကရယ္ရင္းေျပာေတာ့ ကူးေလးလည္း
သေဘာေပါက္ကာရွိသည္။အတန္ၾကာေတာ့
ထပ္မွာထားသည့္အစားစာေတြေရာက္လာရင္း
ကူးေလးက Spaghettiထပ္စားေနသည္။

ဒီတစ္ခါေတာ့ ထယ္ေယာင္းကကူးေလးေအးေဆး
စားႏိုင္ေအာင္ ညာဘက္ျဖင့္သာစားေနေတာ့သည္။
မဒမ္အန္နာကေတာ့ ထယ္ေယာင္းနဲ႔ကူးေလးကို
စကားဆက္ေနေတာ့သည္။

" သန္႔စင္ခန္းသြားမို႔ ကေလးကိုခဏေလာက္ၾကည့္
ေပးထားပါေနာ္... "

သူ႔အေမကသန္႔စင္ခန္းသြားဖို႔ ကေလးကိုေျပာၿပီး
ထယ္ေယာင္းတို႔ကိုပါေစာင့္ၾကည့္ခိုင္းသည္မို႔
ထယ္ေယာင္းလည္း ေခါင္းၿငိမ့္ျပလိုက္သည္။

" beauté! you're so beautiful "

" I know!! "

ကူးေလးကေျဖတာမဟုတ္ဘဲ ထယ္ေယာင္းက
ၾကားျဖတ္ေျဖလိုက္တာမို႔ ကေလးကေတာင္
မ်က္ေစာင္းေစြၾကည့္သည္။ကူးေလးကေတာ့
ထယ္ေယာင္းတို႔စကားဝိုင္းထဲမဝင္ႏိုင္ဘဲ
Spaghettiစားေနသည္။

" ေမာင့္အသက္...ေမာင့္ကိုခဏေမာ့ၾကည့္ဦး "

ထယ္ေယာင္းက အစာစားေနသည့္ကူးေလးကို
ေမာ့ၾကည့္ခိုင္းေတာ့ ကေလးကလည္းသူတို႔ကို
စပ္စုေနသည့္အလားၾကည့္ေနသည္။

ကူးေလးကေမာ့ၾကည့္လိုက္ေရာ ထယ္ေယာင္းက
သေဘာတက်ရယ္ေတာ့သည္။ႏႈတ္ခမ္းေဘးမွာ
အႏွစ္ရည္ေလးေပေနသည္ေၾကာင့္ ထယ္ေယာင္း
ၿပဳံးရယ္လိုက္ၿပီး လက္မျဖင့္သုတ္ေပးရင္းမွ
ႏႈတ္ခမ္းပါးေလးေအာက္က မွဲ႔နက္ေလးက
ထယ္ေယာင္းကို ဆြဲေဆာင္သြားသည္။

" ကင္မ္ထယ္ေယာင္း... "

ကူးေလးေခၚေနတာေတာင္စိတ္ထဲမရွိဘဲ
ထယ္ေယာင္းကအနားကပ္ကာျဖင့္
ကေလးေရွ႕တင္ကူးေလးရဲ႕ ႏႈတ္ခမ္းကို
နမ္းလိုက္တာျဖစ္သည္ေလ။

" ေတာ္ေတာ့!အရွက္လည္းမရွိဘူး "

နမ္းလိုက္ၿပီးမွကူးေလးက႐ုန္းထြက္လိုက္ကာ
အစာကိုဆက္စားေနသည္။ထယ္ေယာင္းက
ကူးေလးရဲ႕ပုံစံေလးကို သေဘာက်လို႔ၿပဳံးလိုက္ၿပီး
ကေလးကိုေတာ့ ခပ္စူးစူးအၾကည့္ပို႔လိုက္ေတာ့
ျပင္သစ္သားေပါက္စက သူ႔ကိုမေၾကာက္ပါဘဲ
မ်က္ေစာင္းေတာင္ထိုးၾကည့္ေသးသည္။

To be continued ~

Updateေနာက္က်သြားရင္ အားနာပါတယ္ဗ်။

> >

Continue Reading

You'll Also Like

1.1M 49.5K 95
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
941 54 12
It's 1978, Joe & Jill are on their first overseas trip as a married couple. Joe has to step in as Chairman of a Senate Committee so Jill is hostess f...
661K 40.4K 104
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
313K 6.9K 35
"That better not be a sticky fingers poster." "And if it is ." "I think I'm the luckiest bloke at Hartley." Heartbreak High season 1-2 Spider x oc