Majestic Love Story In Dae Go...
By nuenueki
21K 3.5K 677
စစ်ထွက်ခါနီးတိုင်း ဒီစစ်ပွဲက ကိုယ့်ရဲ့နောက်ဆုံးစစ်ပွဲဖြစ်သွားနိုင်တယ်ဆိုတဲ့စိတ် အမြဲထည့်ထားတယ်။ အသက်ပေးပြီးကာ... More
မိတ်ဆက်
1.ကံကြမ္မာနှစ်ခုမွေးဖွားလာခြင်း
2.လှည့်စားခံရသောကံကြမ္မာ
3.တွေ့ဆုံခြင်းအစ
4.ပထမဆုံးမိတ်ဆွေ
5.နှစ်ကြိမ်မြောက်ကယ်တင်ရှင်
6.အိမ်ပြန်ခရီး
7.နွေးထွေးသောနှစ်သိမ့်မှု
8.ခွဲခွာချိန်
9.တမ်းတခြင်း
10.သေမင်းတမန်စစ်သူကြီး
11.သမားတော်နဲ့အတိတ်မေ့လူနာ
12. ရှောင်လွှဲ၍မရသော မင်္ဂလာပွဲ
13.ထူးဆန်းသော မင်္ဂလာလက်ဖွဲ့
14.ဖြတ်သန်းခဲ့ရသောအတိတ်
15.ကံကြမ္မာစီစဥ်တဲ့မင်္ဂလာပွဲ
16.ရန်သူတော်ကိုစိတ်ဒုက္ခပေးခြင်း
17.ဖုံးကွယ်ထားသောမျက်နှာ
18. စစ်မှန်သောအိမ်ထောင်ဖက်
19.ကတိ
20.သဲလွန်စ
21. သိုဝှက်မေတ္တာ
22.အောင်နိုင်သူ
23.သေရွာပြန်
24. အတိတ်ကိုတူးဆွခြင်း
25. ဆောန်
26.စစ်ဗျူဟာစာအုပ်စင်ပေါ်က ပန်းပွင့်စာအုပ်
27.အိမ်ရှေ့စံရဲ့ပျော်ရွှင်မှုကို ပျက်စီးစေခြင်း
28. နိုင်ငံတော်စျာပန
29. မိုင်းဂါးမျိုးနွယ်သားအဖရဲ့ကျိန်စာသင့်အချစ်ဦးပုံပြင်
30.အပေးအယူ
31.မထင်မှတ်ထားသောလူနာရှင်
32. အမှန်တရားအပိုင်းအစ
32.နောက်ကွယ်မှစီစဥ်သူ
33.အကြောက်တရားကိုရင်ဆိုင်ကျော်လွှားခြင်း
34.ရပ်တည်ချက်
35.ပျားအုံကိုတုတ်နဲ့ထိုးမိခြင်း
36.တာဝန်သိစိတ်
37.ပါရမီဖြည့်ဖက်
38.အချစ်=လူသားဆန်မှု
39. မြတ်နိုးရပါသော
40.ပွဲဦးထွက်အနိုင်ပွဲ
41.လက်ခံရန်ခက်ခဲသော..
42. အန္တရာယ်ကြားကရင်ခုန်သံ
43.မြားဒဏ်ရာ
44.ဓားစာခံရှာဖွေခြင်း
45.အားပေးဖော်
46.အနောက်ကုန်းတွင် နေလုံးကွယ်ချေပြီတကား
47. ကောင်းကင်မှာလင်းတဲ့ကြယ်
48. အမှာစကား
49. နှလုံးသားခိုးယူခံရခြင်း
50.မထင်မှတ်ထားသောအကူအညီ
51. မထင်မှတ်ထားသောအကူအညီ (2)
52. ကောင်းကင်ဘုံ၏အပြစ်ဒဏ်
Author Note
အမှတ်တရ Section
53.Majestic Love Story in Dae Goguyeo
450 55 33
By nuenueki
ထယ်ဟုမယ်မယ်( ဆောနူးမယ်တော်) နှင့် ဆောင်ဟွန်းမယ်တော်တို့ကို အကျယ်ချုပ်မှ ကင်းလွတ်စေပြီးနောက်
လစ်လပ်နေသောနန်းပလ္လင်အတွက် သင့်လျှော်မည့်သူတစ်ဦးကို ရွေးချယ်စေသည်။
ရွေးချယ်ရာတွင် ဂိူဂူလျောအတွက်အမှန်တကယ်သင့်လျော်မည့်သူမျိုးကိုသာ သေချာစိစစ်ရွေးချယ်ဖို့
ထယ်ဟုမယ်မယ်ကိုအပ်နှံလိုက်သည်။
ထယ်ဟုမယ်မယ်က ကိုယ်တိုင်လည်း စစ်ပွဲများနွှဲ လာခဲ့သောအမျိုးသမီးသူရဲကောင်းဖြစ်သည့်အပြင်
တိုင်းပြည်ရေးရာများကိုလည်း သိကျွမ်းနားလည်သူဖြစ်တာကြောင့် နန်းပလ္လင်နှင့်ဂိုဂူလျောအတွက် အသင့်လျော်ဆုံးသူကိုရွေးချယ်ပေးနိုင်မည်ဟု ဆောင်ဟွန်းယုံကြည်သည်။
နန်းပလ္လင်အတွက် သင့်တော်မည့်သူရွေးချယ်ရာတွင် ဆောင်ဟွန်းဝက်မစွက်ဖက်လိုပါ။
စစ်သူကြီးချုပ်က တော်လှန်းရေးကိုဦးဆောင်ပြီး သူချုပ်ကိုင်လို့ရမည့် ရုပ်သေးဘုရင်နန်းတင်သည်ဟု အပြောမခံနိုင်သောကြောင့်ဖြစ်သည်။
နိုင်ငံအရေးတည်ငြိမ်သွားလျှင် စစ်သူကြီးချုပ်ရာထူးမှ အနားယူပြီးဘဝရဲ့ကျန်ရှိနေတဲ့နေ့ရက်များကို ဆောန်နဲ့အတူ အေးဆေးစွာဖြစ်ကျော်မည်။
အရေးပေါ် နိုင်ငံကာကွယ်ဖို့ လိုအပ်လာချိန်မှ
ဓားဆွဲကာ တပ်ဦးတွင်ဦးဆောင်ပြီး နိုင်ငံကိုကာကွယ်မည်။ ဤသည်ကား ဆောင်ဟွန်းအမှန်တကယ်ဆန္ဒရှိသည့် ရွေးချယ်မှုပင်ဖြစ်သည်။
.
.
.
စစ်စခန်းကိုဆောင်ဟွန်းပြန်ရောက်ချိန်တွင် ညနေပင်စောင်းလုပြီ။
တစ်ဖက်မြို့တွင် တိုက်ခိုက်ပြီး အောင်နိုင်လာသော
ဂျုံဆောင်းမှာ စစ်စခန်းက ဆောင်ဟွန်း၏အလုပ်ခန်းထဲသို့ အမောတကော ဝင်လာပြီး ဆောင်ဟွန်းဆီအပူကပ်လာတော့သည်။
" ဆောင်ဟွန်း ငါ့ကို တစ်ခုကူညီဦး ဆောနူးဒယ်ဂွန်ကသမားတော်ဆိုတော့ ဒယ်ဂွန်ကိုပါအကူအညီတောင်းပေးဦး "
ဂျုံဆောင်းက အသည်းအသန်ဖြစ်နေတာကြောင့်သူ့အကြံအစည်ကိုနားထောင်ကြည့်ပြီးနောက်ဆောင်ဟွန်း
ရယ်ချင်သွားသည်။
ဒါကလှည့်စား​တာ ၊ လူလည်ကျတာ ၊ ဉာဏ်များတာဖြစ်သည်။
သို့သော် ထိုခံစားချက်ကို ဆောင်ဟွန်းနားလည်သည် မို့ ကူညီရန်သာဆုံးဖြတ်လိုက်သည်။
" ကူညီခကတော့ စျေးကြီးတယ်နော် "
သူ့စကားကြောင့် ပတ်ဂျုံဆောင်းမျက်နှာကြီးမည်းမှောင်သွားသည်။
" မင်းက အချင်းချင်းကို စျေးဆစ်နေသေးတယ် ဘာလိုချင်တာလဲပြော"
" အဟမ်း
ပန်းပွင့်အဖုံးနဲ့စာအုပ် နောက်ထပ်၂ အုပ်။
မတူစေနဲ့ "
ဆောင်ဟွန်းစကားကြောင့် ဂျုံဆောင်းမျက်နှာမည်းမှောင်နေရာမှ ချက်ချင်းတိမ်ကင်းစင်သွားပြီး ဝါးလုံးကွဲရယ်ချလိုက်သည်။
" ဖြစ်စေရမယ် ရဲဘော်။
အဲဒါဆို သဘောတူညီချက်ရပြီနော် သူလာရင်လှုပ်ရှားတော့မယ် "
" အေး"
သူတို့နှစ်ဦး၏အကြံအစည်ကို တစ်စုံတစ်ယောက်သောသူခမျာ မသိနိုင်ခဲ့ပေ။.
.
.
ဂျောင်ဝန်းတစ်ယောက် မနေ့ညက
စစ်သူကြီးချုပ်ဂျုံဆောင်းတို့အဖွဲ့နှင့်လိုက်သွားခွင့်မရဘဲ မိုင်းဂါးအဖွဲ့နှင့်သာလိုက်ခဲ့ရတာကြောင့် စစ်သူကြီးချုပ်၏အခြေအနေကိုမသိရသေးပေ။
တာဝန်ကျသောမြို့က ဘုရင့်တပ်ကိုအနိုင်တိုက်ပြီး မြို့တော်ရှိစစ်စခန်းသို့ရောက်ချိန်တွင် ညအနည်းငယ်မှောင်နေချေပြီ။
ဆောင်ဟွန်းဟျောင်းဆီသတင်းပို့ဖို့ လာတော့ ဆောင်ဟွန်းဟျောင်းက သူ့အလုပ်ခန်းတွင်မရှိချေ။
စစ်သည်တစ်ဦးကိုမေးကြည့်လိုက်တော့ ပြောလာသည့်စကားကြောင့် ဂျောင်ဝန်းအနည်းငယ်ပြာယာခပ်သွားတော့သည်။
" စစ်သူကြီးချုပ်နဲ သမားတော်ကြီးက ရေတပ် စစ်သူကြီးချုပ်ပတ်ဂျုံဆောင်း တိုက်ပွဲမှာ ဒဏ်ရာအပြင်းအထန်ရပြီး အခြေအနေစိုးရိမ်ရလို့ လူနာခန်းထဲမှာရှိနေပါတယ်"
ဟူသောစကား အဆုံးမှာ ဂျောင်ဝန်း လူနာခန်းဆီသို့အပြေးလာခဲ့တော့သည်။
စိတ်ထဲမှလည်း ဂျုံဆောင်းဟျောင်း ဘာမှမဖြစ်ပါစေနဲ့ဟုသာ ဆုတောင်းနေခဲ့သည်။
လူနာခန်းထဲသို့အရောက်တွင် ဂျုံဆောင်းဟျောင်းက သွေးတွေမြင်မကောင်းအောင်ရွှဲစိုနေပြီး။
ဆောနူးဟျောင်းက အစွမ်းကုန်ကြိုးစားကာ
ကုသနေသည်။
ဆောင်ဟွန်းဟျောင်းကတော့ ဂျုံဆောင်းဟျောင်းဘေးမှာ ထိုင်ရင်း အံကိုကြိတ်ကာ စိတ်နဲ့ခန္ဓာကွဲကွာနေသူတစ်ဦးလို လူနာခန်း၏ တစ်ဖက်နံရံအား ခံစားချက်မဲ့စွာငေးစိုက်ကြည့်နေသည်။
ဒါကဘာအခြေအနေကြီးလဲ ။
မဟုတ်ပါစေနဲ့ ဘုရားသိကြား မ လို့ ဂျုံဆောင်းဟျောင်း မြန်မြန်သက်သာပါစေ။
ခဏအကြာမှာ ဆောနူးဟျောင်းက ခေါင်းကိုခါယမ်းလိုက်တော့ ဆောင်ဟွန်းဟျောင်းက လူနာကုတင်ပေါ်မှာမှောက်ကာ ငိုကြွေးနေပုံရသည် ။
ဆောင်ဟွန်းဟျောင်းက ခန္ဓာကိုယ် သိမ့်သိမ့်လှုပ်သည်အထိ ငိုကြွေးနေတာကို ဆောနူးဟျောင်းက နောက်ကျောလေးပွတ်ပေးရင်း နှစ်သိမ့်ပေးနေသည်။
ထိုအခိုက်မှာ ဂျောင်ဝန်းရင်ထဲ အဆုံးအစမရှိတဲ့ချောက်နက်ကြီးထဲကို ပြုတ်ကျသွားသလို ဗလာသက်သက်ခံစားချက်ကြီးကိုခံစားလိုက်ရသည်။
အသိပြန်ဝင်လာချိန်မှ ဂျုံဆောင်းဟျောင်းဘေးကိုပြေးကာ ဒူးထောက်ထိုင်ချလိုက်သည်။
" ဟျောင်း ဘာလို့အဲလိုကြီးလှဲနေတာလဲ။
မဟုတ်ဘူးမလား ဆောနူးဟျောင်း။
ဂျုံဆောင်းဟျောင်းက ဒီအတိုင်း နေမကောင်းဖြစ်လို့ ခဏအိပ်ပျော်နေတာမလား ပြန်ကောင်းလာမှာသေချာတယ်မလား"
ဆောနူးဟျောင်းက ခေါင်းခါပြသောအခါ ဂျောင်ဝန်း
မျက်ဝန်းမှ မျက်ရည်များအတားအဆီးမရှိစီးကျနေပြီး ဂျုံဆောင်းဟျောင်းကိုလှုပ်နှိုးနေမိသည်။
" အဲလိုကြီးမလုပ်ပါနဲ့ဟျောင်း ကျွန်တော့်ကိုချစ်မြတ်နိုးတယ်ဆို ကာကွယ်ပေးမှာဆို ဘာလို့ထားခဲ့ရတာလဲ။
ကျွန်တော်က ခင်ဗျားကို အဖေနဲ့မိတ်ဆက်ပေးချင်သေးတယ် တာဝန်ယူချင်သေးတယ်လေ။
ကျွန်တော့်ဆီက ချစ်တယ်ဆိုတဲ့အဖြေကိုတောင် နားထောင်မသွားတော့ဘူးလား "
ဂျောင်ဝန်းဆောက်တည်ရာမရစွာ ဂျုံဆောင်းဟျောင်းကိုဖက်ပြီး ငိုကြွေးနေမိစဥ်မှာပဲ ဂျောင်ဝန်းခါးကိုတစ်စုံတစ်ယောက်ကဆွဲဖက်လိုက်တာကိုခံစားလိုက်ရသည်။
ထိုသူမှာအခြားမဟုတ်ဘဲ လူနာကုတင်တွင်ဆန့်ဆန့်ကြီးလှဲလျောင်းနေသော ဂျုံဆောင်းဟျောင်းပင်။
" ကိုယ့်ကိုယ်ချစ်တယ်လို့ဝန်ခံပြီးပြီနော်
ပြန်ပြင်လို့မရဘူး သေချာပေါက်တာဝန်ယူရမယ်နော်"
ထိုအခါမှ ဂျုံဆောင်းဟျောင်း၏လူနာကုတင်ပေါ်မှောက်ကာတသိမ့်သိမ့်ငိုကြွေးနေသော ဆောင်ဟွန်းဟျောင်းက ခေါင်းထောင်လာသည်။
ရယ်နေတာ။
ဆောင်ဟွန်းဟျောင်း ခန္ဓာကိုယ်တသိမ့်သိမ့်လှုပ်ခတ်နေတာက ဂျောင်ဝန်းထင်သလိုငိုနေတာမဟုတ်ဘဲရယ်နေခဲ့တာဖြစ်သည်။
ထိုအခါမှ ဆောနူးဟျောင်းကလည်း ပြုံးစိစိဖြင့်
" မင်းတို့နှစ်ယောက်က တကယ်လွန်တယ် ဂျောင်ဝန်းနီးခမျာ တကယ်ထင်ပြီးလန့်သွားရှာတာ "
ဟု ပြောလာတာကြောင့်ဂျောင်ဝန်းအံ့သြ၍ ပါးစပ်ပင်မစေ့နိုင် တကယ်ဆို
ဆောနူးဟျောင်းလည်းပူးပေါင်းပါဝင်ခဲ့တာပင်။
ထို့နောက် ဆောနူးဟျောင်းတို့နှစ်ယောက်က အခန်းထဲမှထွက်သွားသောအခါ ဂျောင်ဝန်းလည်းလိုက်ထွက်သွားဖို့ပြင်လိုက်တော့
ဂျုံဆောင်းဟျောင်းက သူ့ရင်ခွင်ထဲဆွဲချသည်။
" ဘယ်သွားမလို့လဲ ကိုယ့်ကိုတာဝန်ယူရမယ်လေ
မင်းဆီက အဖြေရဖို့ကို ကိုယ့်မှာ ဒီလိုမှမလုပ်ရင်
မင်းကအဆုံးထိ ကိုယ့်ကိုဝန်မခံဘဲ မင်းအဖေနဲ့ပြန်လိုက်သွားတော့မှာမလား။
ကိုယ်တောင်းပန်ပါတယ်
ဘယ်လိုမှမတတ်သာဘဲ ကြံစည်လိုက်ရတာပါ။
စိတ်မဆိုးနဲ့နော်
ကိုယ့်ကိုကြည့်ပါဦး"
ဂျောင်ဝန်းခါးလေးကိုလက်တစ်ဖက်ဖြင့်တင်းကြပ်စွာဖက်တွယ်ထားရင်းနောက်ထပ်လက်တစ်ဖက်ဖဖြင့် ပါးအိအိလေးတွေကို ညှစ်ကာ မျက်နှာချင်းဆိုင်စေတော့ မျက်လွှာချကာအကြည့်လွှဲသွားသည်။
ချော့ပေတော့ပတ်ဂျုံဆောင်းရေ.
ဒီလောက်ချစ်စရာကောင်းတာ တစ်သက်လုံးထိုင်ချော့ရလည်း အဆင်ပြေတယ်။
ကိုယ့်ကိုယ်ကိုယ်အားပေးပြီးနောက် ဆက်ချော့ဖို့ပြင်လိုက်စဥ်မှာပင် မထင်မှတ်ဘဲ ဂျောင်ဝန်းနီးက သူ့လည်ပင်းမှာဖက်တွယ်ပြီး နှုတ်ခမ်းကိုထိကပ်ရုံ အနမ်းတစ်ပွင့်ပေးလာသည်။
အရင်တစ်ခါက အသိစိတ်လွတ်သည်အထိ မူးနေချိန်မို့ တရားမဝင်ပေမယ့် အခုတစ်ခါကတော့ နှစ်ယောက်လုံး အရက်သောက်ထားတာမျိုးမရှိတာကြောင့် ယခုအနမ်းလေးကပို၍ရင်ခုန်စရာကောင်းသည်။
" ကျွန်တော်တကယ် လန့်သွားတာ ခင်ဗျားကိုထပ်မတွေ့ရတော့ဘူးထင်သွားတာ။
ဝန်ခံပါတယ်ကျွန်တော် ခင်ဗျားဆီကနေ ရုန်းမထွက်နိုင်တော့ဘူး ။
ခင်ဗျားဂရုစိုက်ပေးတာကို အကျင့်ပါနေပြီ ပြီးတော့သဘောကျတာမို့ တစ်သက်လုံး အနားမှာရှိပြီး အမြဲဂရုစိုက်ပေးရင် ကောင်းမှာပဲ "
ဂျောင်ဝန်းစကားလေးကြောင့် ကြည်နူးစိတ်တို့ကအတောမသတ်နိုင်စွာဖြင့် နှုတ်ခမ်းလေးကိုနောက်ထပ်နမ်းဖို့ပြင်လိုက်စဥ်မှာပဲ လူနာအခန်းတံခါးက ဘမ်းခနဲမြည်အောင်ပွင့်သွားတာမို့ လန့်ပြီး လူချင်းခွာလိုက်မိသည်။
တံခါးဝကိုကြည့်လိုက်တော့ ပတ်ဆောင်ဟွန်းက ရယ်ကျဲကျဲဖြင့်ရပ်နေသည်။
" ဟျောင့် မင်း သွေးအတုလုပ်ထားတဲ့ဆေးနီရည်
တွေမြန်မြန်ဆေးပစ်လို့လာပြောတာ
နည်းနည်းကြာသွားရင် အသားမှာအရောင်တွေစွဲပြီး လူနီကြီးနှစ်ယောက်ဖြစ်နေမှာစိုးလို့ စေတနာနဲ့သတိပေးတာ။
ပြီးတော့ လူနာခန်းလည်းပိတ်တော့မှာ ကိုယ့်အခန်းကိုယ်ပြန်ကြ ဒါပဲ။"
" အဖျက်ကောင်"
ဂျုံဆောင်း ကုတင်ဘေးမှာရှိနေသော သစ်သားခွက်တစ်ခုဖြင့် ပတ်ဆောင်ဟွန်းဆီချိန်ရွယ်ကာပစ်လိုက်တော့ ရယ်မောရင်းရှောင်တိမ်းကာ တံခါးကိုအသံအကျယ်ကြီးမြည်အောင်ပြန်ပိတ်ပြီးထွက်သွားလေတော့သည်။
.
.
ဆောန်မီတစ်ယောက်ဘုရားကျောင်းအတွင်းမှာ ရှန့်ကုန်းနဲ့အတူ ဘုရားရိပ်မှာအပြီးတိုင်ခိုလှုံဖို့ဆုံးဖြတ်ထားခဲ့ပြီးဖြစ်သည်။
ဘုရားကျောင်းဝန်းအတွင်းသို့ဝင်လာခဲ့တော့ သစ်ပင်ကြီးများကအုံ့မှိုင်းနေပြီး အေးချမ်းတိတ်ဆိတ်လှသည်။
ခမ်းနားကြီးကျယ်သောနန်းတော်နှင့် လားလားမျှမဆိုင်အောင် သေးငယ်သောဘုရားကျောင်းလေးက နန်းတော်မှာခံစားခဲ့ရသောအပူမီးအားလုံးကို ခဏအတွင်းမှာပင် ငြိမ်းအေးသွားစေသည်။
ထိုညက ဟွန်းပြန်သွားချိန်တွင် ဆောန်မီလည်းသူ့အခန်းသူပြန်လာခဲတော့ အခန်းထဲမှာ စောင့်ကြိုနေသော ယောက္ခမတော်ကိုတွေ့လိုက်ရသည်။
ယောက္ခမက ဆောန်မီကို
စစ်သူကြီးချုပ်၏ကြင်ယာတော်ဇာတာရှင် ဟူသောအကြောင်းအရင်းကြောင့်သာ သူ့သားနဲ့လက်ဆက်ပေးခဲ့သော်လည်း ဘဝင်မကျဘဲ ဖိနှိပ်ခဲ့သည်ကများသည်။
ဆောန်မီလက်ထဲအာဏာရောက်မှာလည်းသေမလောက်ကြောက်သည်။
ဆောန်မီက သူ့သားကိုသစ္စာဖောက်ပြီးစစ်သူကြီးချုပ်ကိုအကူအညီပေးမည်ဟု အမြဲတစေတွေးထင်သံသယဝင်နေခဲ့တာမို့ ဆောန်မီယောက္ခမတော်ရှေ့မှာဆို အမြဲနေရခက်ခဲ့သည်။
ယခုလည်း ပိုင်စိုးပိုင်နင်း အခန်းအတွင်းဝင်လာပြီးနောက်ဆောန်မီကိုသံသယမျက်လုံးတွေဖြင့်ကြည့်နေပြန်သည်။
" ဟွမ်ဟု အပြစ်သားကိုချုပ်ထားတဲ့အခန်းထဲ ဘာသွားလုပ်တာလဲ "
ဆောနူးဒယ်ဂွန်ကိုချုပ်ထားသည့်ကိစ္စ ယောက္ခမတော်လည်းသိနေခဲ့ပြီး ဆောန်မီအိမ်မှာထိန်းသိမ်းထားတာကိုသဘောမတွေ့ချေ။
နန်းတော်ထဲ၌သာ ချုပ်ထားစေချင်သည်။
သို့သော်ဘုရင်က နန်းတေယ်ထက် ဒီနေရာမှာပိုလုံခြုံသည်ဟု အပူကပ်ခဲ့တာကြောင့်သာမတတ်သာဘဲ လက်ခံခဲ့တာဖြစ်သည်။
ဆောန်မီကိုမယုံကြည်စွာနဲ့ လျှို့ဝှက်တံခါးမှတစ်ဆင့်မြေတိုက်ခန်းအတွင်းသို့ဇွတ်ဝင်သွားသောယောက္ခမတော်အပေါ်
ဆောန်မီ၏သည်းခံနိုင်စွမ်းက ဒီလောက်ပဲဖြစ်သည်။
ကိုယ်ရံတော်ကိုအချက်ပြလိုက်ပြီးနောက် မြေတိုက်ခန်းအတွင်းဝင်သွားသော ယောက္ခမတော်ကိုဖမ်းချုပ်စေကာ
ဆောနူးဒယ်ဂွန်ဝတ်ဆင်သကဲ့သို့ အဖြူရောင် ဝတ်ရုံကိူတစ်ပုံစံတည်းလဲလှယ်ပေးသည်။
စကားပြော၍အသံကောင်းကောင်းပြု၍မရအောင် ပါးစပ်မှာ တင်းကြပ်စွာချည်နှောင်လိုက်ပြီးနောက် ဆောနူးဒယ်ဂွန်၏ပုံစံအတိုင်း မျက်နှာကိုအဝတ်တစ်ခုဖြင့်ဖုံးအုပ်ထားလိုက်တော့သည်။
ဘုရင်က ဓားနဲ့ထိုးသတ်လောက်မည်ဟုမထင်ထားခဲ့တာမို့သတင်းကြားတော့ ဆောန်မီ ထိတ်လန့်တုန်လှုပ်ခဲ့ရသေးသည်။
ဟွန်းကလာမေးသောအခါထိုအကြောင်းကို အကြောင်းစုံရှင်းပြပြီးနောက် ပူလောင်နေသောရင်ကို အေးမြစေရန် ဘုရားရိပ်မှာထာဝရ ခိုလှုံဖို့ ဆုံးဖြတ်ချက်ချလိုက်တာဖြစ်သည်။
ဖခင်ဖြစ်သူ အတိုင်ပင်ခံအမတ်ကြီးမှာလည်း ဘုရင်၏ဘက်တော်သားအဖြစ် ရာထူးမှထုတ်ပယ်ခံရပြီး နယ်နှင်ဒဏ်ပေးခံလိုက်ပြီမို့ ဆောန်မီအတွက် အားကိုးရာမှာ
ဘုရားမှတပါး အခြားမရှိတော့ပေ။.
.
.
လပေါင်းများစွာကြာမြင့်ခဲ့သော တော်လှန်ရေးကြီးကားအဆုံးသတ်သွားချေပြီ။
ပြည်သူ့စစ်တပ်မှ စစ်သည်များလည်း
ပျော်ရွှင်စွာ အိမ်သို့ပြန်ကြပြီး မိသားစုနှင့်ပြန်လည်တွေ့ဆုံကြသည်။
တော်လှန်ရေးကြောင့်အကျဥ်းချခံရသော ဒိဿာပါမောက္ခကြီးနှင့်တကွ အခြားသောအရာရှိများ၊ဆရာများ နှင့်စာသင်သားများကိုလည်း လွတ်ငြိမ်းခွင့်ပေးလိုက်ပြီးနောက် ပြည်သူများမှာ ပျော်ရွှင်လွန်း၍ တီးမှုတ်ကခုန်ကြတော့သည်။
သို့သော်လည်း အချို့မှာတော့ မိသားစုနှင့်ပြန်လည်မတွေ့ဆုံနိုင်တော့သည့်လမ်းသို့ ရောက်သွားခဲ့ပြီးဖြစ်သည်။
ဆောနူး ကလေးနှစ်ယောက်အဖေအကိုကြီးအိမ်သို့စုံစမ်းရောက်ရှိကာ သတင်းစကားပါးချိန်တွင်ညအမျိုးသမီးဖြစ်သူမှာ မျက်ရည်များကျရင်းပြုံးရွှင်နေသည်။
" ထွက်သွားကတည်းက သေလူလို့သတ်မှတ်လိုက်ပါလို့သူကပြောခဲ့တာမို့ ကျွန်မစိတ်ကိုပြင်ဆင်ထားပြီးသားပါအရှင့်သား။
ကျွန်မသားနှစ်ယောက်ကလည်း သူတို့အဖေရဲ့ပေးဆပ်မှုကိုအမြဲဂုဏ်ယူနေမှာပါပဲ "
သားနှစ်ယောက်ရှေ့ရေးအတွက်တာဝန်ယူထောက်ပံ့ပေးပါရစေဟုခွင့်တောင်းတော့ အမျိုးသမီးက အစပိုင်းမှာငြင်းပယ်ပြီး နောက်မှ အားနာနာဖြင့်လက်ခံသည်။
အကိုကြီးလည်း ကောင်းကင်ဘုံကနေ မိသားစုအတွက်စိတ်ချပြီးနေရစ်ပါစေတော့။....
.
.
"ကျွန်မ တကယ်ပဲမျှော်နေခဲ့တာပါအရှင့်သား ။
အကိုဟုန်ရှစ်ပြန်လာခဲ့ရင်
ကျွန်မကိုပြောလာမယ့်စကားလေးကို အမြဲစောင့်မျှော်နေခဲ့တာပါ။
အချုပ်ကျနေတဲ့အဖေ့အတွက်ရော၊ စစ်ချီသွားတဲ့ အကိုဟုန်ရှစ်အတွက်ရော ဘေးကင်းဖို့အမြဲဆုတောင်းခဲ့ပေမယ့်ကျွန်မဆုတောင်းက တစ်ဝက်ပဲ ပြည့်ခဲ့တယ်။
နောက်ဘဝဆိုတာရှိရင် သူနဲ့ပဲဆုံချင်တယ်။
နှလုံးသားက သူနဲ့အတူသေဆုံးသွားပြီမို့ သူ့ဆန္ဒအတိုင်းလူကောင်းတစ်ယောက်နဲ့အိမ်ထောင်ပြုဖို့ဆိုတာကတော့မဖြစ်နိုင်တော့ပါဘူး "...
ဟုန်ရှစ်စကားကိုအမှာစကားပါးရတော့ ဟွန်းကမျက်ရည်ကိုကြိုးစားထိန်းနေရသည်။
နိုင်ငံအရေးအတွက်အသက်ကိုရင်းပြီးတော်လှန်ကြရသည်ရင်း ကြွေလွင့်သွားသောကြယ်လေးများကား ဂိုဂူလျော၏ညကောင်းကင်တွင်တလက်လက်တောက်ပ
လျှက်ရှိနေတော့သည်။..
..
.
.
.
.
မြို့စွန်ရှိအိမ်တော်လေးထဲရှိ မင်္ဂလာဦးအခန်းမှာ ယခုအချိန်ထိ ခိုနားသူကင်းမဲ့လျက် တိတ်ဆိတ်ခြောက်ကပ်နေသည်။
ထိုမင်္ဂလာဦးအခန်း၏ဘေးအခန်းမှာတော့ ရယ်မောသံလွင်လွင်လေးများထွက်ပေါ်လျှက်ရှိသည်။
" ဟွန်းမညစ်နဲ့ မင်းရှုံးနေပြီလေ မင်းရှုံးရင် ဟိုဘက်အခန်းမှာသွားအိပ်ရမှာလို့ပြောထားပြီးသား "
ဓားရေးမှာပြိုင်ဘက်ကင်းသလောက် ကျားထိုးရာတွင်တော့ ဆောန်၏လက်ရည်ကိုသူမမီတာဝန်ခံရမည်။
ထို့ကြောင့်လည်း ကစားသမျှပွဲတိုင်းရှုံးနေတာမို့ လောင်းကြေးစားကြေးက တစ်ခန်းစီခွဲအိပ်ဖို့ဖြစ်သည်။
တော်လှန်ရေးပြီးကတည်းက ဆောန်နားမှာအချိန်တိုင်းကပ်တွယ်နေပြီး တစ်ညက လူနာရှိတာကြောင့်ဆေးဆိုင်ကခေါ်သည့်ခေါင်းလောင်းသံကြားလျက်နှင့်သွားခွင့်မပေးဘဲဇွတ်ဆွဲထားသည့်သူ့ကို ဆောန်ကစိတ်ဆိုးတော့သည်။
တော်သေးသည်က လူနာမှာ အသက်အန္တရာယ်အထိဖြစ်မသွားတာကြောင့်ပင်။
မဟုတ်လျှင် ဆောန်ကသူ့ကို
တစ်လကိုးသတင်းလောက် အနားကပ်ခံမှာမဟုတ်တော့ပေ။
ထို့အခြေအနေကြောင့် ကျားထိုးပြိုင်ကာ ဆောင်ဟွန်းရှုံးလျှင် တစ်ဖက်ခန်းမှာသွားအိပ်ရမည်ဟု ဆောန်က တစ်ချက်လွှတ်အမိန့်ချလိုက်တာဖြစ်သည်။
အခုတော့
ဆောင်ဟွန်းလက်မခံနိုင်သေးပေမယ့် ၃ ပွဲဆော့အပြီးမှာ ၃ပွဲလုံး ရှုံးနေပြီဖြစ်သည်။
နောက်တစ်ပွဲထပ်ဆော့ဖို့ပြောပေမယ့် ဆောန်က ခေါင်းအုံးတစ်လုံးပေးကာ သူ့ကိုအခန်းအပြင်သို့နှင်ထုတ်လိုက်လေသည်။
ဆောင်ဟွန်းလက်မခံနိုင်စွာဖြင့်တစ်ဖက်ခန်းသို့ခေါင်းအုံးပိုက်ကာရောက်လာခဲ့ပြီးနောက် မင်္ဂလာဦးကုတင်ကျယ်ကြီးပေါ်မှာ အထီးကျန်စွာလှဲချလိုက်သည်။
ကုတင်ကျယ်ကြီးမှာသက်သောင့်သက်သာအိပ်ရတာထက် ဆောန်အခန်းထဲက ကုတင်လေးမှာ နှစ်ယောက်တိုးဝှေ့အိပ်ရတာကိုပို၍သဘောကျသည်။
အဓိက ကတော့ ဆောန်သူနဲ့အတူရှိနေလျှင်ဘယ်နေရာပဲဖြစ်ဖြစ်ဆောင်ဟွန်းသဘောကျမိသည်သာ။
ခဏအကြာတွင် ကောင်းကင်မှ မိုးခြိမ်းသံနှင့်အတူ မိုးစက်ဖွဲဖွဲလေးများကျဆင်းလာသည်။
" အားးး "
တစ်ဖက်ခန်းမှ ဟွန်း၏အော်သံကြောင့်စိတ်ပူပြီး ဆောနူး တစ်ဖက်ခန်းဆီသို့ပြေးဝင်လာခဲ့သည်။
" ဟွန်းဘာဖြစ်တာလဲ "ခေါင်းပြန်ကိုက်တာလား"
အိပ်ယာပေါ်မှာခေါင်းကိုကိုင်ရင်း ကွေးကွေးလေးလှဲနေသောဟွန်းကိုစိတ်ပူစွာနဲ့အနားတိုးကာသွေးကြောစမ်းဖို့ပြန်လိုက်တော့ လက်ကိုဖမ်းဆွဲကာ သူရင်ခွင်ထဲပြိုလဲစေသည်။
" ဟွန်း မင်း လူလည်ကျတာ ဘာမှလည်းမဖြစ်ဘဲနဲ့ "
သူ့စကားကြောင့်ဟွန်းရယ်သံ သြရှရှလေးထွက်ပေါ်လာသည်။
" လူလည်ကျမှဖြစ်မယ် ကိုယ်တစ်ယောက်တည်းတကယ်မအိပ်နိုင်ဘူး"
ထို့နောက်ဟွန်းက သူ ပွေ့ဖက်ရင်း ကုတင်တစ်ဖက်သို့လှိမ့်ချလိုက်ကာ ဆောနူးအပေါ်မှာအုပ်မိုးလာသည်။
"မျက်နှာလေးကိုအုပ်ထားလို့ မကြည့်လိုက်ရတဲ့အချိန်တွေကို နှမြောလိုက်တာ။"
ထို့နောက် အပြင်မှာ ကျဆင်းနေသောမိုးစက်တို့နှင့်အပြိုင် နူးညံ့သောအနမ်းတို့ နားရွက်ဖျားမှာ နဖူးပြင်ပေါ်မှာ မျက်တောင်ရှည်တို့ပေါ်မှာ ပါးပြင်ပေါ်မှာ နှုတ်ခမ်းအိအိလေးတွေပေါ်မှာ လည်တိုင်လေးပေါ်မှာ ညှပ်ရိုးလေးပေါ်မှာ တဖွဲဖွဲကျဆင်းလာသည်။
တစ်စတစ်စပိုပိုသိပ်သည်းလာသောအသက်ရှူသံနှလုံးခုန်သံတို့က နှစ်ယောက်သားရဲ့ကမ္ဘာကိုပိုမိုလေးနက်စေသည်။
" ချစ်တယ် ဆောန်
မင်းက ကိုယ့်ရဲ့ထာဝရမြတ်နိုးရာလေးပဲ "
ဟွန်း၏အကြင်နာစကားတို့ကြောင့် ညကပို၍ချိုမြိန်နေတော့သည်။....
.
.
လယ်ကွင်းတွေကြားမှာပြေးလွှားနေသောမြင်းတစ်ကောင်ပေါ်မှာလိုက်ပါလာသူနှစ်ယောက်မှာ
ဂိုဂူလျော၏စောင့်ရှောက်သူဟု အများကမှတ်ယူထားကြသည့် စစ်သူကြီးချုပ်နှင့် ဂိုဂူလျော၏နှလုံးသည်းပွတ်ဖြစ်သော နတ်ဆေးသမားတော်လေးဆောနူးဒယ်ဂွန်တို့စုံတွဲလေးပင်ဖြစ်သည်။
" ဂိုဂူလျောမြေပေါ်မှာ မင်းနဲ့အတူ ဒီလိုမျိုးလွတ်လွတ်လပ်လပ်သွားလာနေရတာကိုသဘောကျတယ်။
ပြေးလွှားနေတဲ့မြင်းပေါ်မှာလိုက်ပါရင်းနဲ့ ဒါက မင်းနဲ့အတူကာကွယ်ခဲ့ရတဲ့မြေပါလားလို့တွေးမိတိုင်း ရှင်သန်ရတာ သိပ်ကိုအဓိပ္ပါယ်ရှိတယ်"
ဟွန်းရဲ့စကားကိုထောက်ခံရင်း ရင်ခွင်ထဲမှာမှီချလိုက်တော့ ဟွန်းက မြင်းဇာတ်ကြိုးကိုအနည်းငယ်ဆွဲလိုက်ရင်းအရှိန်ကိုလျှော့ချလိုက်သည်။
" ဆောန် ကိုယ်တို့ ဒီညရော ကျားကစားကြဦးမလား "
"တော်ပါပြီ မင်းက ပြီးတော့အရှုံးကိုလည်းလက်မခံဘဲနဲ့
လူလည်ကျလွန်းတယ်"
ရယ်သံလွင်လွင်လေးများနဲ့အတူ အသက်ဝင်နေသောညနေခင်းမှာ ဝင်တော့မည်ဆဲဆဲနေမင်းလှပစွာနှုတ်ဆက်နေတော့သည်။
မကြာမီနေဝင်သွားပြီး ညအချိန်သို့ရောက်လာသောအခါ   ကြီးမြတ်သောဂိူဂူလျော၏ ကြည်နူးဆွတ်ပျံ့ဖွယ် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်က လူတိုင်း၏ပါးစပ်ဖျားမှာ အိပ်ယာဝင်ပုံပြင်လှလှလေးတစ်ပုဒ်ပမာ ပြောမဆုံးနိုင်အောင်ရှိကြချေတော့မည်။
ပြီးပါပြီ။
ရွေးချယ်ရာတွင် ဂိုဂူလျောအတွက်အမှန်တကယ်သင့်လျော်မည့်သူမျိုးကိုသာ သေချာစိစစ်ရွေးချယ်ဖို့
.
.
.
ရယ်ချင်သွားသည်။
" ကူညီခကတော့ ဈေးကြီးတယ်နော် "
" မင်းက အချင်းချင်းကို ဈေးဆစ်နေသေးတယ် ဘာလိုချင်တာလဲပြော"
" အဟမ်း
မတူစေနဲ့ "
" ဖြစ်စေရမယ် ရဲဘော်။
" အေး"
.
.
ကုသနေသည်။
ဒါကဘာအခြေအနေကြီးလဲ ။
ထိုအခိုက်မှာ ဂျောင်ဝန်းရင်ထဲ အဆုံးအစမရှိတဲ့ချောက်နက်ကြီးထဲကို ပြုတ်ကျသွားသလို ဗလာသက်သက်ခံသားချက်ကြီးကိုခံစားလိုက်ရသည်။
ထိုသူမှာအခြားမဟုတ်ဘဲ လူနာကုတင်တွင်ဆန့်ဆန်ကြီးလှဲလျောင်းနေသော ဂျုံဆောင်းဟျောင်းပင်။
ရယ်နေတာ။
ထိုအခါမှ ဆောနူးဟျောင်းကလည်း ပြုံစိစိဖြင့်
" မင်းတို့နှစ်ကတကယ်လွန်တယ် ဂျောင်ဝန်းနီးခမျာ တကယ်ထင်ပြီးလန့်သွားရှာတာ "
စိတ်မဆိုးနဲ့နော်
ကိုယ့်ကိုကြည့်ပါဦး"
တွေမြန်မြန်ဆေးပစ်လို့လာပြောတာ နည်းနည်းကြာသွားရင် အသားမှအရောင်တွေစွဲပြီး လူနီကြီးနှစ်ယောက်ဖြစ်နေမှာစိုးလို့ စေတနာနဲ့သတိပေးတာ။
" အဖျက်ကောင်"
.
.
ခမ်းနားကြီးကျယ်သောနန်းတော်နှင့် လားလားမျှမဆိုင်အောင် သေးငယ်သောဘုရားကျောင်းလေးက နန်းတော်မှာခံစားခဲ့ရသောအပူမီးအားလုံးကို ခဏအတှငျူမှာပငျ ငြိမ်းအေးသွားစေသည်။
ဆောန်မီက သူ့သားကိုသစ္စာဖောက်ပြီးစစ်သုကြီးထျုပ်ကိုအကူအညီပေးမည်ဟု အမြဲတစေတွေူထင်သံသယဝင်နေခဲ့တာမို့ ဆောန်မီယောက္ခမတော်ရှေ့မှာဆို အမြဲနေရခက်ခဲ့သည်။
ကိုယ်ရံတော်ကိုအချက်ပြလိုက်ပြီးနောက် မြေတိက်ခန်းအတွင်းဝင်သွားသော ယောက္ခမတော်ကိုဖမ်းချုပ်စေကာ ဆောနူးဒယ်ဂွန်ဝတ်ဆင်သကဲ့သို့ အဖြူရောင် ဝတ်ရုံကိုတစ်ပုံစံတည်းလဲလှယ်ပေးကာ စကားပြော၍အသံကောင်းကောင်းပြု၍မရအောင် ပါးစပ်မှာ တင်းကြပ်စွာချည်နှောင်လိုက်ပြီးနေယက် ဆောနူးဒယ်ဂွန်၏ပုံစံအတိုင်း မျက်နှာကိုအဝတ်တစ်ခုဖြင့်ဖုံးအုပ်ထားလိုက်တော့သည်။
.
.
.
.
.
.
အခုတော့
ဆောင်ဟွန်းလက်မခံနိုင်သေးပေမယ့် ပွဲဆော့အပြီးမှာ ၃ပွဲလုံး ရှုံးနေပြီဖြစ်သည်။
နောက်တစ်ပွဲထပ်ဆော့ဖို့ပြောပေမယ့် ဆောန်က ခေါင်းပုံးတစ်လုံးပေးကာ သူ့ကိုအခန်းအပြင်သို့နှင်ထုတ်လိုက်လေသည်။
" အားးး "
" ချစ်တယ် ဆောန်
.
.
လူလည်ကျလွန်းတယ်"
ရယ်သံလွင်လွင်လေးများနဲ့အတူ အသက်ဝင်နေသောညနေခင်းမှာ ဝင်တော့မည်ဆဲဆဲနေမင်းလှပစွာနှုတ်တက်နေတော့သည်။
မကြာမီနေဝင်သွားပြီး ညအချိန်သို့ရောက်လာသောအခါ   ကြီးမြတ်သောဂိုဂူလျော၏ ကြည်နူးဆွတ်ပျံ့ဖွယ် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်က လူတိုင်း၏ပါးစပ်ဖျားမှာ အိပ်ယာဝင်ပုံပြင်လှလှလေးတစ်ပုဒ်ပမာ ပြောမဆုံးနိုင်အောင်ရှိကြချေတော့မည်။
ပြီးပါပြီ။
Continue Reading
You'll Also Like
14.2K 1.1K 7
_ SUNGJAKE (short story )
148K 5.8K 31
ငါလဲမာနနဲ့ပါ...ငါလဲယောကျာ်းတစ်ယောက်ပါ...ဒါပေမဲ့မောင်....
45.7K 1.2K 23
What would you do if you found a baby on your doorstep? it seems boring at first, but it's fun.
902K 20.7K 49
In wich a one night stand turns out to be a lot more than that.