Between The Hate [ Completed ]
By Jeon_Khun
43.2K 4.3K 7.6K
Top - KIM TAEHYUNG Bottom - JEON JUNGKOOK VKOOK မောင်ကအတ္တကြီးတယ်!လိုချင်တာကိုလည်းရအောင်ယူမယ်!ကိုကိုအလှလေးက ေ... More
01
02
03
04
05
06
07
08
09
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
32
33
34
35
36
37
No Update ****
38
39
40
41
42
43 [ FINAL ]
31
886 88 163
By Jeon_Khun
#unicode
ထယ်ယောင်းဒဏ်ရာဖြစ်သည့်ညထည်းက ကူးက
အတော့်ကိုဂရုစိုက်ပေးသည်။ညဘက်တောင်မှ
ကင်မ်ထယ်ယောင်းက သူ့အသက်ကိုဖက်မအိပ်ရ
ရင်တောင်အိပ်မပျော်တာကို အနာထိမှာဆိုးပြီး
လက်မောင်းပေါ်လာမအိပ်သည်မို့ ဟိုဆော့က
ကူညီပေးတာတောင် မှားပြီးလာလို့ထင်ရသည်။
မနက်ရောက်ပြန်တော့ ကူးလေးကကိုယ်ဝန်ကြောင့်
ဗိုက်ဆာသည်မို့ စောစောထသည်။ဘေးဘက်မှနှစ်ခြိုက်စွာအိပ်နေတဲ့ ထယ်ယောင်းကိုတော့
ကူးလေးမနှိုးနေတော့ဘူး။သူလည်း ကူးနဲ့ကလေးလေးကိုအမြဲဂရုစိုက်ပေးထားလို့ ပင်ပန်းနေမှာ။
" မောင့်ကိုမနှိုးတော့ဘဲ ထသွားတော့မလို့လား "
ကူးလေးကအိပ်နေသည်ထင်ပြီး ဗိုက်ပူလေးကို
ထိန်းကိုင်ကာထထွက်သွားပေမဲ့ ဘယ်ထည်းက
နိုးနေမှန်းမသိသည့် ထယ်ယောင်းကအသံပေး
လာတော့ ကူးလေးမျက်ဝန်းဝိုင်းတွေဖြင့်ကြည့်ကာ
မေးလိုက်သည်။
" ဘယ်ထည်းကနိုးနေတာလဲ ကင်မ်ထယ်ယောင်း "
ကူးလေးက ကူးအိပ်ထားသည့်ခေါင်းအုံးကိုသေချာပြန့်အောင် ဖြန့်လိုက်ရင်းမှမေးတော့
ထယ်ယောင်းကလည်း သူ့ခေါင်းအုံးကိုပြန့်အောင်
ဖြန့်ဖို့လုပ်သည်။ဒါကကူးလေးရောက်မှပြောင်းလဲ
သွားတဲ့ထယ်ယောင်းရဲ့အကျင့်တွေဖြစ်သည်။
" လက်နာနေတယ်မလား..မလုပ်ပါနဲ့၊ငါကပဲ
လုပ်ပေးပါ့မယ် ကင်မ်ထယ်ယောင်းရယ် "
ကူးလေးက ထယ်ယောင်းအိပ်သည့်ထောင့်နားကို
လျှောက်လာပြီး ခေါင်းအုံးကိုသေချာဖြန့်ပေးပြီး
ပြန့်အောင်လက်ဖြင့်ခပ်ဖွဖွလေး တိုက်ပေးသည်။
ထယ်ယောင်းက အမူအရာလေးကိုသဘောကျပြီး
ပြုံးနေသေး၏။တကယ်ချစ်စရာကောင်းတာဗျ။
" ကိုကိုအလှလေးက မောင်ပေးထားတဲ့နာမည်နဲ့
လိုက်တယ်နော်၊မောင့်အတွက်အလှလေးဖြစ်နေ
တာ၊သီးသန့်မောင့်တစ်ယောက်ထည်းအတွက် "
ထယ်ယောင်းက ကူးလေးရဲ့မျက်နှာလှလှလေးကို
ကြည့်ရင်းပြောတော့ ကူးလေးရဲ့မျက်နှာပန်းရောင်
သန်းသွားပြီး ရှက်သည့်အမူအရာလေးဖြစ်နေ၏။
ထယ်ယောင်းက သဘောကျလို့ကူးလက်လေးမှဆွဲ
ကာကုတင်ပေါ်ထိုင်စေပြီး ဗိုက်ပူလေးပေါ်သို့လက်တင်ကာ စကားဆိုနေတော့သည်။
" ဒယ်ဒီ့မျိုးစေ့လေး ဒယ်ဒီမင်းနဲ့ဒီနေ့မှစကားတွေ
ပြောဖြစ်တာကွာ၊အရင်နေ့က ဒယ်ဒီပြစ်ထားမိတာ၊
တကယ်ဒယ်ဒီကပြစ်ထားတာမဟုတ်ဘူးကွ၊မင်းရဲ့
ပါးပါးလေးလေ ဒယ်ဒီ့ကိုမခေါ်တာကွ! "
ထယ်ယောင်းကကူးလေးရဲ့ဗိုက်ပူလေးကိုပွတ်သပ်ရင်းဖြင့်ပြောသည်။ကူးကတော့ ကူးအကြောင်းကို
ကလေးကိုတိုင်ပြောနေတဲ့ ထယ်ယောင်းဘက်သို့
မျက်စောင်းထိုးရင်းပြောတော့သည်။
" ကလေးကိုနော် ဘာတွေပြောပြနေတာလဲ "
" မောင်ကမှန်တာပြောတာပါ၊မကြာခင်ဒီဗိုက်ပူက
ပိုပိုပူလာပြီး မောင်တို့မျိုးစေ့လေးကနားလည်လာ
တော့မှာ၊မောင်တို့အဲ့ကြမျိုးစေ့လေးကိုစကားတွေအများကြီးပြောရတော့မှာ၊မျိုးစေ့လေးက မောင်တို့ပြောတာတွေနားလည်ရင် ခြေဟန်လက်ဟန်
ပြမယ်၊မောင်တို့ကဒါလေးကြည့်ပြီး မျိုးစေ့လေးကောင်းကောင်းမွန်မွန်ရှင်သန်နေတာလားလို့
သိတော့မှာ မောင့်အသက်ရဲ့... "
ထယ်ယောင်းက ကူးဗိုက်ပူလေးကိုနမ်းရင်းပြောတဲ့စကားကြောင့် ကူးလေးကပြုံးသည်။မျိုးစေ့လေး
အရမ်းကံကောင်းတာပဲ။မျိုးစေ့လေးကအချစ်ခံ
လေးဖြစ်သည်။မမွေးခင်ထည်းက သူ့ဒယ်ဒီက
သည်းသည်းလှုပ်တာကိုခံရတာပဲဖြစ်သည်။
" ချစ်ဖို့ကောင်းလိုက်တာ... "
ကူးလေးက ထယ်ယောင်းကိုကြည့်ရင်းမတော်တဆပြောထွက်မိသွားသည်။ကူးလေးရဲ့
စကားကြောင့် ထယ်ယောင်းကကြည့်လိုက်တော့ကူးလေးကမျက်နှာဖယ်ပြီး သတိရကာဗိုက်ကိုကိုင်လိုက်တော့ ထယ်ယောင်းလက်ကိုသွားထိမိသည်။
" မောင့်ကိုပြောတာလား မောင့်အသက်... "
ထယ်ယောင်းကတော့ သဘောကျလို့ပြုံးကာဖြင့်
ကူးလေးရဲ့လက်ဖြူလေးကိုနမ်းပြီးမေးလိုက်၏။
ကူးလေးကတော့ ရှက်သွားပြီးမျက်နှာကိုတစ်ဖက်
လှည့်သွားတာမို့ ထယ်ယောင်းပြန်ဆွဲလှည့်စေပြီး
ကူးနှုတ်ခမ်းလေးကို နမ်းတော့သည်။ညကတောင်
နမ်းခဲ့တာပေမဲ့လည်း သူ့အသက်ရဲ့နှုတ်ခမ်းက
သူ့အတွက်တကယ့်ကိုစွဲလမ်းရာဖြစ်သည်။မရုန်း
ထွက်နိုင်တဲ့ နှုတ်ခမ်းလေးသာဖြစ်သည်။
ထယ်​ယောင်းက ကူးလေးရဲ့နှုတ်ခမ်းကိုအလွတ်
မပေးဘဲပိုနမ်းပြန်တော့ ကူးလေးကလည်း
မေ့လျော့ကာ ထယ်ယောင်းရဲ့အနမ်းတွေနောက်
လိုက်မိ၏။ထယ်ယောင်းကတော့ သတိထားမိလို့
ပြုံးပါသည်။နည်းနည်းကြာတော့မှ ကူးလေးက
သတိထားမိပြီး ထယ်ယောင်းရဲအနမ်းတွေကို
မခံနိုင်တော့ဘဲ ရင်အုပ်ကိုထုရိုက်တော့သည်။
" ပြွတ်စ်!တော်တော့လို့ ကင်မ်ထယ်ယောင်း...
ငါတို့ရေသွားချိုးပြီး မနက်စာစားရအောင် "
ကူးလေးက ထယ်ယောင်းရှိမှရုန်းထွက်သွားပြီး
ဗိုက်ကိုကိုင်ကာထထွက်သွားတာမို့ ရယ်လိုက်ကာ
ထယ်ယောင်းကူးလေးနောက်လိုက်ရသည်။
ရေချိုးခန်းထဲ ဗိုက်ပူလေးကိုတစ်ယောက်ထည်း
မပို့လိုက်သင့်ဘူး။
" ဟော...မောင့်အသက်လေးကရှက်သွားတာပဲ "
သူပြောရင်း ထလိုက်သွားသည်။ရေချိုးခန်းထဲ
ရောက်တော့ သူ့အသက်ကသူ့အတွက်သွားတိုက်
တံနဲ့၊သွားတိုက်ဆေးကိုပါအသင့်ပြင်ပေးနေ၏။
ဟိုဆော့ကျေးဇူးကြောင့် အရာရာတိုင်းကလေးလို
ဂရုစိုက်ခံနေရတာဖြစ်သည်။
" မင်းညာဘက်လက်မသုံးတက်ဘူးမလား၊ငါတိုက်
ပေးမယ်နော်၊ရေချိုးပြီးရင်တော့ ပတ်တီးလဲဖို့
ဟိုဆော့ကိုခေါ်လိုက်ကြမယ်နော်... "
ထယ်ယောင်းပြုံးကြည့်ရင်း ခေါင်းသာငြိမ့်ပြ၏။
ကူးလေးကပြန်ပြုံးပြလိုက်ပြီး ထယ်ယောင်းကို
သွားတိုက်ဆေးသေချာလုပ်စေကာ ပါးစပ်ဟဖို့
ပြောသည်။ထယ်ယောင်းပါးစပ်လေးဟပေးရော
သေချာလေးကို နူးညံ့ညံ့လေးသွားတိုက်ပေး၏။
သူ့ကိုအိမ်ကကလေးတစ်ယောက်လိုပြုမူခံရတာကို
ထယ်ယောင်းသဘောမကျပေမဲ့ သူ့အသက်က
ကလေးလိုသဘောထားရင် သူသဘောကျ၏။
အရမ်းချစ်လို့လည်း သူ့အသက်ရဲ့အချစ်ရဆုံး
ဖြစ်ချင်တာ။
သွားတိုက်လို့ပြီးရောကူးလေးက ထယ်ယောင်း
ပလုတ်ကျင်းဖို့ရေခွက်ကမ်းပေးတော့ သူသောက်
လိုက်ပြီးပလုတ်ကျင်းလိုက်သည်။ပြီးတော့ ကိုကို
အလှလေးက မျက်နှာသစ်ပေးဖို့လုပ်သည်။
ထယ်ယောင်းတားလိုက်မိသည်။ကိုကိုအလှလေးနဲ့
ရေအတူချိုးချင်မိတာမို့။
" မောင့်ကိုပြီးမှလုပ်ပေးတော့၊အရင်ဆုံးမျက်နှာ
သစ်လိုက်ပါလား၊မောင်တို့ရေအတူချိုးကြမယ် "
" ဖြစ်ပါ့မလား၊ရေအတူချိုးရတာကြီးက--- "
ကူးလေးကရှက်သွားပြီး အသံသေးလေးတွေဖြင့်
ပြောတော့ ထယ်ယောင်းကရယ်လိုက်သည်။
ပြီးမှ 'ရတယ်..အဆင်ပြေတယ်'လို့ပြောတော့
ကူးလေးလက်ခံလိုက်သည်။သည်တော့ကူးက
သွားတိုက်တော့၏။
ကူးကိုတော့ထယ်ယောင်းကဘေးကနေရပ်ကြည့်နေသည်။ကူးကတော့သွားတိုက်ပြီး ပလုတ်ကျင်းပြီးမျက်နှာသစ်တော့ ကူးလေးကဘေးမှကြည့်နေတဲ့ထယ်ယောင်းကိုမြင်တော့ ပြုံးပြသေးသည်။
ကိုကိုအလှလေး အပြုံးတွေပေးနေတာများပြီ။
ထယ်ယောင်းအသည်းတွေယားလာပြီ။
" တကယ်ဖြစ်တယ်နော်၊ငါရေစပ်လိုက်မယ် "
" မလုပ်နဲ့၊မောင်လုပ်လိုက်မယ်၊ထိုင်နေအသက် "
ထယ်ယောင်းက ရေပူရေအေးစပ်ဖို့ထိုင်ချပြီး
သူ့အသက်ကိုတော့ ထိုင်ကြည့်နေစေသည်။
ကူးလေးကပြုံးပြီးကြည့်၏။ကင်မ်ထယ်ယောင်း
တအား လိမ္မာနေတာပဲလို့တွေးလိုက်မိသည်။
ကင်မ်ထယ်ယောင်းက ရေနွေးရရောဖြင့်အဝတ်ကို
ချွတ်ဖို့လုပ်သည်။ကူးလေးကထလာပြီး သူ့အဝတ်
တွေကိုချွတ်ပေးသည်။အောက်ပိုင်းကိုရောက်တော့
လက်တွန့်သွား၏။ထယ်ယောင်းက'ရတယ်'ဆိုပြီး
သူကိုယ်တိုင်လက်တစ်ဖက်ထည်း သုံးကာချွတ်
လိုက်ပြီးတော့ ကူးလေးကတစ်ဖက်သ်ို့လှည့်ကာ
အင်္ကျီချွတ်နေသည်။ပြီးမှသူ့ဘောင်းဘီကိုချွတ်ပြီး
ရေချိုးကန်ထဲဝင်ဖို့လုပ်တော့ ထယ်ယောင်းက
ပြုံးကြည့်နေသေးတာ။
" ဘာ...ဘာကြည့်နေတာလဲ၊ဟိုဘက်လှည့်ထား.. "
" မလှည့်နိုင်လောက်ဘူး၊ဗိုက်ပူလေးရဲ့အလှထဲ
မြောနေတာ၊မြန်မြန်လာတော့ဗျာ...အေးလိမ့်မယ် "
ထယ်ယောင်းကခေါ်တော့ ကူးလေးကရေချိုးကန်
ထဲဆင်းလိုက်သည်။ကူးလေးကဆင်းတော့
ထယ်ယောင်းက ကူးကိုမျက်နှာချင်းဆိုင်မထိုင်
စေဘဲ သူ့ပေါ်တက်ထိုင်စေသည်အထိ။
ကူးလည်းမပြောချင်တော့တာမို့ ထယ်ယောင်းရဲ့
အလိုကျလုပ်ပေးလိုက်ပြီးထိုင်လိုက်တော့သည်။
ထယ်ယောင်းကကူးလေးရဲ့ လည်ဂုတ်လေးတွေကို
လိုက်နမ်းနေသည်။ကူးကတော့ သန့်ရှင်းပေးဖို့
အမွှဖောင်းလေးယူကာ ဆပ်ပြာရည်ထည့်ပြီး
သန့်ရှင်းပေးဖို့လုပ်ရင်း ထယ်ယောင်းကြောင့်
ပြောရသေးသည်။
" ကင်မ်ထယ်ယောင်း...ငါ့ကိုအောက်..အောက်မှာ
ထောက်နေတယ်လို့... "
" ဟဲဟဲ...မောင်ကတောင်းပန်ပါတယ်ဗျာ "
ထယ်ယောင်းကစပ်ဖြဲဖြဲနဲ့တောင်းပန်တော့ ကူးက
မျက်စောင်းလေးထိုးလိုက်သည်။ပြီးတော့မှ ဘေး
နည်းနည်းစောင်းထိုင်လိုက်ပြီး ထယ်ယောင်းကို
သန့်ရှင်းပေးသေးသည်။ထယ်ယောင်းကကန်ကို
မှီပြီးတောင် မှိန်းနေသေးသည်။
ကူးကတော့ရင်ခွင်ထဲကနေသန့်ရှင်းပေးရင်း
ထယ်ယောင်းရဲ့ရေစိုခံလို့်မရတဲ့ဘယ်ဘက်လက်မှာ
အမာရွတ်ရာတစ်ခုကိုတွေ့သည်။ထိုအရာကကူး
ပေးထားဖူးတဲ့ အရာမဟုတ်လား။
ထိုနေ့ကကက်ကြေးဖြင့်ထိုးထားသည့်အရာကြောင့်
ကူးကိုတောင် စိတ်ပျက်သွားခြင်းမရှိဘဲပိုလို့ကို
ချစ်ပြနေပြီး ဂရုစိုက်ပေးသည်။ဒါတောင်မကဘဲ
သူ့အသက်ကိုတောင်မငဲ့ဘဲ ကူးကိုတောင်အသက်
ပေးပြီးကယ်သည်။ကူးဘယ်လိုတောင်ပြောရမလဲ
မသိပေမဲ့ အားနာမိပါသည်။
ထယ်ယောင်းကတော့ ကူးပုံစံလေးဘာဖြစ်မလဲ
ဆိုတာကိုနားလည်သည်မို့ ကူးရဲ့မျက်လုံးလေးကို
အုပ်ပေးလိုက်ကာစကားဆိုသည်။
" အဲ့အရာကဘာမှမပြောလောက်ဘူး၊ကြည့်နေပြီး
ဝမ်းမနည်းနေနဲ့၊ဒဏ်ရာကပျောက်တောင်ပျောက်
နေပြီလေ အသက်ရာ... "
" ငါ့ကြောင့်နဲ့မို့ပါ၊တကယ်ငါကအပြင်ထွက်တာ
ပြဿနာလိုက်ရှာနေသလိုဖြစ်နေတယ်... "
ကူးကဝမ်းနည်းသည့်ပုံစံလေးဖြင့် ပြောတော့
ထယ်ယောင်းကခေါင်းလေးကနေဆွဲသွင်းလို့
သူ့ရင်ခွင်ထဲထည့်စေသည်။နွေးထွေးစေချင်၏။
ကိုကိုအလှလေးကို သူ့ရင်ခွင်ထဲနေစေချင်ပြီး
အရာရာကိုအားကိုးစေချင်တာ။အသက်လေး
သန်မာတာသိပေမဲ့ သူ့ကိုအားကိုးစေချင်သည်။
" မောင်ကခင်ဗျားလေးကို သိပ်ချစ်တာဗျာ၊
ဒါကြောင့်ဝမ်းနည်းစရာအကြောင်းတွေမတွေးဘဲ
မောင့်အချစ်တွေနဲ့လှလှပပလေးနေလိုက်၊မောင်က
အသက်လေးနဲ့မျိုးစေ့လေးကိုအရမ်းချစ်တာ "
ထယ်ယောင်းကပြောတော့ ကူးလေးကိုပိုအားနာပြီးဖက်ငိုတော့၏။ထယ်ယောင်းကတော့ ခေါင်းလုံးလုံးလေးကိုနမ်းပေးပြီး ချော့နေရသည်။
ကူးဘက်ကတော့အချစ်တွေမပေါ်လာသေးပေမဲ့
အခုဆိုရင်ထယ်ယောင်းရဲ့နူးညံ့မှုတွေကြောင့်
ချစ်လာဖို့အတွက် အစပျိုးနေပြီလောက်ပြီထင်ရဲ့။
- - - - -
နှစ်ယောက်အတူရေချိုးပြီးတော့ ထယ်ယောင်းကို
ကူးလေးက ခေါင်းလျှော်ပေးထားတာမို့အခုဆို
ခေါင်းခြောက်အောင်အရင်သုတ်ပေးနေသည်။
ထယ်ယောင်းက ကုတင်ပေါ်ထိုင်ရင်းကူးလေးက
ခေါင်းသုတ်ပေးနေတာကို ဇိမ်ခံငြိမ်နေမိသည်။
ကူးလေးကလည်း နူးညံ့ညံ့လေးကိုခေါင်းခြောက်ဖို့
ရေသုတ်ပေးနေတာဖြစ်သည်။
ကူးက ထယ်ယောင်းခေါင်းကိုရေသုတ်ပေးနေရင်း
အတူတွဲထားထားသည့် ဖုန်းနှစ်လုံးမှကူးလေးရဲ့
ဖုန်းသံလေးဟာမြည်လာသည်ဖြစ်၏။ကူးနဲ့
ထယ်ယောင်းအသံကြားလို့ ကြည့်လိုက်ကြတော့
ကူးဘက်ကဖုန်းမို့ ထယ်ယောင်းကိုကြည့်လိုက်၏။
" ဖုန်းလာလို့ သွားကြည့်လိုက်ဦးမယ်၊ခဏလေး...
ဒီလိုငြိမ်ငြိမ်လေးနေနော်... "
ကူးကခေါင်းပေါ်သဘတ်တင်ပေးပြီး ဖုန်းကြည့်ရန်
သွားတော့ ထယ်ယောင်းခေါင်းငြိမ့်ပြသေးသည်။
ကူးလည်းဖုန်းကိုယူကြည့်လိုက်တော့ Contactမှာ
ပေါ်နေသည်က ဂျီမင်မဟုတ်သည့်ဂယူပါလေ။
ဂျီမင်လို့ထင်လိုက်ပေမဲ့လည်း ဂယူဖြစ်နေတာ။
ကိုင်ဖို့ဖြစ်ပါ့မလားလို့တွေးလိုက်ပေမဲ့လည်း
ကင်မ်ထယ်ယောင်းကိုတစ်ချက်လှည့်ကြည့်ပြီး
ဖုန်းကိုင်လိုက်သည်။သူနဲ့ကူးကဆိုင်သူတွေမှ
မဟုတ်တော့ဘဲ ကူးအနေနဲ့ကိုယ့်ဘက်ကတော့
စိတ်ရှင်းနေတာဖြစ်သည်။
" အင်း...မင်ဂယူပြောလေ... "
ကူးဘက်ကအရင် နာမည်ကိုတစိမ်းဆန်သည့်
နာမည်သုံးလိုက်သည်။တစ်ဖက်ကလူရဲ့ပုံစံကို
မတွေးမိချင်တော့ဘူး။ထယ်ယောင်းကတော့
မင်ဂယူဆိုထည်းက ပိုလို့ကြည့်လာသည်။
ကူးကတော့မမြင်ဘူး။
' ကိုယ်မနေ့က မေမေနဲ့ဆေးရုံမှာမေမေ့အတွက်လာပြတော့ ကူးကငိုပြီးဆေးရုံရောက်လာတာကိုကိုယ်တို့တွေ့လိုက်တာ၊ဘာများဖြစ်တာလဲလို့
ကိုယ်စိတ်ပူပြီး ဖုန်းဆက်ဖြစ်တာ... '
မင်ဂယူဘယ်လောက်တောင်ချစ်လဲဆို ကူးဘက်မှ
လက်ထပ်ပြီးတာတောင် သက်ဆိုင်နေသူလိုလိုဖြင့်
စိတ်ပူပြီးမေးလာသည်။
" အဲ့နေ့က ကူးရဲ့ယောက်ျားထိခိုက်မိလို့ပါ၊ကူးက
သူ့ကိုတအားစိတ်ပူပြီးငိုမိသွားတာ... '
ကူးဘက်ကပြောလိုက်ပေမဲ့လည်း တဖက်က
မင်ဂယူမှာမျက်နှာပျက်သွားမှာသေချာသည်။
သို့ပေမဲ့နားထောင်နေတဲ့ထယ်ယောင်းကပြုံး
နေတာဖြစ်သည်။
' ကိုယ်ကကူးနဲ့ကလေးလေးဖြစ်တယ်ထင်တာ၊
ကူးနဲ့ကလေးလေးဘာမှမဖြစ်ရင်ရပါပြီကွာ '
ဂယူကထိုကဲ့သို့သာဖြေလိုက်သည်။နှစ်ယောက်သားကဘာမှမသက်ဆိုင်တော့လို့သာမင်ဂယူထပ်ပြီးမပြောတော့ချင်ပါ။ဒါကြောင့်လည်း စိတ်ပူတဲ့
ကလေးနဲ့ကူးအကြောင်းသာပြောမိသည်။ချစ်ပြီး၊
စိတ်ပူမိတာကတော့ သူ့ချစ်ရတဲ့ကူးကိုပေါ့။
" မေးပေးတာ ကျေးဇူးပါနော်မင်ဂယူ... အင့်! "
" မောင့်အသက်...မောင့်ကိုအဝတ်အစားလဲ
ပေးဦးလေကွာ၊မောင့်ချမ်းလာပြီအသက်ရဲ့ "
ကူးလေးရဲ့ကိုယ်ငယ်လေးကို နောက်ကနေသိုင်း
ဖက်လာပြီး ထယ်ယောင်းကပြောလာသည်။
စကားပြောတာကြာနေတာမို့ ထယ်ယောင်းက
သဝန်တိုပါသည်။သူတအားချစ်လို့လေ။စိတ်တိုဖို့
မရှိဘူး။သူကိုကိုအလှလေးကိုကတိပေးထား၏။
" မင်ဂယူ...ကူးဖုန်းချတော့မယ်၊ကျေးဇူးပါ "
' ကိုယ်လည်းအလုပ်သွားတော့မှာ၊ကလေးနဲ့ကူး
ဂရုစိုက်ပါ... '
ကူးဘက်ကဖုန်းချလိုက်ပြီးနောက် ထယ်ယောင်း
ဘက်ကိုလှည့်လာသည်။ပြောရရင်တော့ ကူးက
ထယ်ယောင်းကိုပြောပြချင်နေတာ။
" ကင်မ်ထယ်ယောင်း... "
" မောင်သိတယ်၊မောင့်အသက်ကိုယုံတယ် "
ထယ်ယောင်းကပြောတော့ ကူးလေးခေါင်းငြိမ့်ကာ ထယ်ယောင်းကိုအဝတ်စားတွေလဲပေးတော့သည်။
ထယ်ယောင်းယုံတာပေါ့။ကိုကိုအလှလေးကတော့
သူ့ကို မင်ဂယူရှေ့မှာတင်'ယောက်ျား'ဟုသုံးနှုန်း
လိုက်တော့ တကယ်ပျော်မိသွားသည်။သူ့ကိုတော့
ကိုကိုအလှလေးက ချစ်လာနေပြီလို့ယုံကြည်၏။
" မောင်တို့ထမင်းသွားစားရအောင်လေ... "
" အင်း... "
ကူးကထယ်ယောင်းရဲ့အဝတ်အစားကိုသာဝတ်ပြီး
ထယ်ယောင်းက အိမ်မှာနေတာမို့တီရှပ်လက်တိုနဲ့
ဘောင်းဘီတိုသာဝတ်ထားသည်။သွားစရာမရှိလို့
တစ်ခြားမဝတ်တော့ဘူး။
ကူးနဲ့ထယ်ယောင်းမနက်စာစားဖို့ဆင်းဖို့ရှိသေး
ထယ်ယောင်းဖုန်းကမြည်လာလေသည်။
" မောင်ဖုန်းကိုင်လိုက်ဦးမယ်၊အရှေ့မှာခဏနေ
မောင့်အသက်.... "
" အင်းအင်း... "
ကူးကထွက်သွားပေးပြီး ထယ်ယောင်းကဖုန်းကို
ကြည့်လိုက်တော့ သူငယ်ချင်းမင်ယွန်းဂီထံမှ
ဖြစ်သည်။သူဖုန်းကိုင်တော့ တစ်ဖက်ကကား
မောင်းနေသည့်ကြားမှပြောလာသည်။
' ငါနဲ့နမ်ဂျွန်မင်းအိမ်ကိုလာနေပြီ၊ပြီးရင်သွားရအောင်လေ '
" ကောင်းပြီ၊ငါအသက်နဲ့မနက်စာစားပြီရင်
သွားတာပေါ့၊ဒီတိုင်းအဆင်သင့်ပြင်ထားမယ် "
တီ ~
ထယ်ယောင်းပြောလိုက်ပြီး ဖုန်းကိုအိပ်ကပ်ထဲ
ထည့်ရင်း သုံးထပ်မြောက်အံဇွဲကနေရာကိုဆွဲဖွင့်
လိုက်ကာသူပြုံးလိုက်သည်။ပြီးမှ​ထို​ပစ္စည်းကို
ယူလိုက်သည်လေ။
အခန်းပြင်မှာ သူ့အသက်စောင့်နေမည်ဆိုးလို့
ထမင်းစားဖို့အထိလိုက်စောင့်ပေးမှာဖြစ်သည်။
ပြီးမှသွားစရာရှိတာသွားမည်ဖြစ်၏။
- - - - -
အောက်ထပ်သို့ဆင်းလာကြတော့ ကူးလေးက
ထယ်ယောင်းရဲ့လက်မောင်းတစ်ဖက်ကိုကူတွဲ
ပေးထားရင်းဖြစ်သည်။အဒေါ်ဖြစ်သူကတွေ့လို့
သူ့တူလေးကို အပြေးလာမေးသည်။
" သားလေး ဒေါ်လေးရဲ့သားဘာဖြစ်တာလဲကွယ်၊
လက်ကကျိုးသွားတာတဲ့လားဟင်... "
ထယ်ယောင်းကသူ့အဒေါ်ကို စိုက်ကြည့်မိသည်။
တကယ်ပဲမသိချင်ယောင်ဆောင်နေတာလား။
ကိုကိုအလှလေးကိုလုပ်ကြံသည့်အထဲ ဒေါ်လေးကိုယ်တိုင်ပါသည်မဟုတ်လား။အခုကြတော့ မသိသလိုမျိုးအထိဆိုတော့ သူမသိတာများလား။
" ကျွန်တော်ဘာမှမဖြစ်ဘူး၊လက်ကိုမကိုင်ထားနဲ့၊
ကျွန်တော့်အသက်မနက်စာစားရဦးမယ်၊သူက,
ကလေးလေးနဲ့မို့ ဆေးသောက်ရဦးမှာ... "
ထယ်ယောင်းက သူ့အဒေါ်မေးသည်ကိုမဖြေဘဲ
သူ့အသက်ကအရေးကြီးတယ်ဆိုပြီး ခေါ်သွားပြီ။
သူ့အဒေါ်ဆိုသည်လည်း သူ့တူလေးရဲ့ဒဏ်ရာကို
တအားစိတ်ပူမိတာမို့ မေးလိုက်ပေမဲ့သူ့ကိုတောင်
သေချာမဖြေဘဲ လျစ်လျူရှုသွားသည်။သူမက
တူလေးကိုချစ်လို့ဆိုပေမဲ့ တူလေးထယ်ယောင်းက
အဒေါ်အပေါ်ချစ်ရိပ်လေးတောင်မရှိတော့ပေ။
" ဟာ...အဖိုးတန်လေးလာပြီဗျာ၊အဖိုးနားမှာထိုင်
ပါဦး၊ဗိုက်ထဲကမြစ်သေးသေးလေးရော နိုးလာ
ပြီလား၊ဖိုးဖိုးကြီးကနောက်နေ့တွေကစပြီးတော့
မင်းကိုစကားပြောတော့မှာနော်ကွာ... "
" ကျွန်တော်တို့မျိုးစေ့လေးက မကြာခင်အကုန်သိ
တော့မှာ အဖိုးရဲ့၊ဒယ်ဒီကတော့ အလုပ်စောကြီး
ထွက်သွားပြန်ပြီထင်တယ်... "
ထယ်ယောင်းက သူ့ဒယ်ဒီထိုင်ရာနေရာလွတ်နေ
တာမို့ပြောတော့ မေမေကမနက်စာစားဖို့ကူးကို
ထမင်းထည့်ပေးရင်းမှ ဖြေသည်။
" ဟုတ်တယ် သားရေ၊သူ့မြေးအတွက် အလုပ်ကို
ကြိုးစားနေတာ... "
ထယ်ယောင်းနဲ့ကူးတို့ထမင်းစားခန်းဘက်ရောက်
တော့ အဖိုးကမနက်စာကော်ဖီသောက်ရင်းဖြေ၏။
ထယ်ယောင်းက အဖိုးအမေးကိုဖြေရင်းခုံ၌ထိုင်
သည်။ကူးလေးကတော့ အဖိုးကိုကြည့်ပြီးပြုံး၏။
အဖိုးကထမင်းသိပ်မစားဘဲ ကော်ဖီရယ်၊ကြက်ဥ
တစ်ဝက်ကြော်ထားသည့်ပုံစံနဲ့Baconရယ်၊
ဝက်အူချောင်းဖြင့်စားနေတော့ ကူးလေးမျက်ဝန်း
လဲ့သွားသည်။စားချင်နေပုံပဲ။
" ကင်မ်ထယ်ယောင်း... ငါဒါစားချင်တယ်... "
ကူးက ဘေးမှာထိုင်နေသည့်ထယ်ယောင်းကို
အဖိုးစားနေသည့်မနက်စာအား ထိုးပြသည်။
ထယ်ယောင်းက ကူးလေးလက်ညိုးထိုးပြရာကို
ကြည့်လိုက်၏။အဖိုးကလည်း ကူးလေးကို
ဘာများပြောနေတာလဲလို့ ကြည့်နေသည်။
" မောင့်အသက်အဲ့လိုစားချင်တာလား... "
ကူးလေး လက်ညိုးထိုးပြရာကိုကြည်တော့ အဖိုးစားနေသည့်ပုံစံလိုစားချင်တယ်လို့ပြောနေတာ
ဖြစ်သည်။နိုင်ငံခြားခြားဆန်ဆန်စားပုံက အိမ်တော်မှာတော့ အဖိုးရယ်၊ဒယ်ဒီရယ်၊ထယ်ယောင်း
ရယ်သာရှိသည်။အခုတော့ မျိုးစေ့လေးကပါထပ်
တိုးလာဖို့ရှိမည်ထင်သည်။
" အင်း...အင်း... "
ကူးလေးက အရင်နေ့တွေကထမင်းကိုစားချင်၏။
ဒါပေမဲ့အရင်နေ့က အဖိုးနဲ့အဖေရယ်၊ထယ်ယောင်းတို့မနက်စာစားရင် တူတာမျိုးပဲစားကြသည်။ကူး
စားချင်တာမို့ အမြဲအားနာပြီးမပြောဖြစ်ခဲ့ဘူး။
အခုတော့စားချင်တာမို့ပြောခဲ့လိုက်သည်။
" အိမ်တော်ထိန်း အသက်အတွက်--- "
" နေနေ...သားထယ်လေး၊မေမေက အဖိုးတန်လေး
အတွက်လုပ်ပေးလိုက်မယ်၊ဆလပ်ရွက်ရော ထည့်စားချင်လား သားကူးလေး... "
" ဟုတ်...ဟုတ်... "
ထယ်ယောင်းအမေကမေးတော့ ခေါင်းလေးငြိမ့်လို့
ဖြေသည်။မေမေကပြုံးရင်း ပြင်ဆင်ပေးဖို့ဝင်တော့ နွားနို့ကိုယူသောက်နေသေးသည်။
ကူးအကြိုက် ငှက်ပျောသီးနဲ့နွားနို့ရောဖျော်ထားတဲ့
သီးသန့်လေးဖြစ်သည်။
" မေမေ အသားနဲ့ကြက်ဥကိုအနှစ်ခွဲစားလို့ရအောင် ကြက်ဥရော၊အသားကိုများများထည့်
ပေးထားတယ်နော်... "
ခဏကြာတော့မေမေက ကူးလေးအတွက်ဆိုပြီး
သေချာလုပ်ပေးလာသည်။ကူးကတော့အစားမြင်
သည်နှင့် မျက်ဝန်းလေးတွေလဲ့နေပြီးစားဖို့ပြင်
သည်။ထယ်ယောင်းကပြုံးလိုက်ကာ ဘေးက
သူ့အတွက်နွားနို့ကိုယူသောက်သည်။
ကူးလေးကစားဖို့အတွက်ဆိုပြီး ကြက်ဥကိုလှီးပြီး
ပေါင်မုန့်ထဲထည့်ကာ Baconကိုလည်းများများ
ထည့်ကာ အစိပ်စိပ်လေးတွေလှီးထည့်ရင်းဖြင့်
ခရင်းဖြင့်ထိုးကာ ထယ်ယောင်းပါးစပ်နားတေ့
ပေးသည်။
" စား... "
ထယ်ယောင်းလည်း အံ့ဩသွားသလိုအဖိုးနဲ့
မေမေကတောင် အံ့ဩသွားသေးသည်။ပြီးမှ
ကူးလေးက ကျွေးနေတာကိုမစားတာကြောင့်
နှုတ်ခမ်းလေးချွန်ကာကြည့်သည်။
" မောင့်အသက်အတွက်--- "
" မင်းနဲ့ငါ အတူတူစားကြမယ်လို့...ဒါကြောင့်မို့
ငါမင်းကိုခွံ့ကျွေးတာ၊စားကိုစားရမယ်နော် "
ကူးလေးကစိတ်ဆိုးသည့်လေသံသေးလေးဖြင့်
ပြောတော့ မနေနိုင်သည့်ထယ်ယောင်းမှာလည်း
စားပေးရတော့သည်။ထယ်ယောင်းပျော်နေပြီ။
ထယ်ယောင်းရဲ့ရင်ထဲ ပြောမကုန်သည့်စကားတွေ
အများကြီးပြည့်နှံ့လို့နေပြီ။
" ကောင်းတယ်မလား၊ငါလည်းအဲ့လိုစားချင်တာ
ကြာပြီ၊အမေ ကူးလည်းနောက်ဆိုဒါစားမယ်နော် "
ကူးကပြောတော့ ထယ်ယောင်းကအပျော်တွေလွန်
နေပြီး လွတ်နေသည့်လက်ကနွားနို့သောက်သည်။
ကူးကတော့မေမေ့ဘက်လှည့်ပြီးစကားပြောနေ
တာ။
" သားကူးလေးစိတ်ကြိုက်လုပ်ပေးမယ်၊ဒါပေမဲ့
နေ့လယ်စာ၊ညစာတွေကိုတော့ ဝဝလင်လင်ဖြစ်
အောင်စားရမယ်၊မေမေက မျိုးစေ့လေးအတွက်
စိတ်ပူလို့ပြောတာ... "
" ဟုတ်...ကူးသိပါတယ်အမေ၊ကလေးလေးကို
ကူးသိပ်ဂရုစိုက်ပါတယ်၊သူ့ဒယ်ဒီရောပဲ... "
ကူးကထယ်ယောင်းဘက် မျက်နှာလေးငေါ့ပြတော့ထယ်ယောင်းမှာ အတော့်ကိုပြုံးတော့သည်။
သူ့အသက်သူ့အပေါ်ကို ဂရုစိုက်နေတာများလို့
ထပ်ပြီးတောင် လက်ကိုဒဏ်ရာရစေချင်တာ။
" ထယ်ယောင်း...ငါတို့ရောက်ပြီ၊သွားရအောင် "
ကူးလေးကခွံ့ကျွေးနေသည်ကို ထယ်ယောင်းက
စားရင်းဖြင့်ရှိနေသေး ယွန်းဂီနဲ့နမ်ဂျွန်ကဝင်လာသည်။ယွန်းဂီကဝင်လာတော့ ကျဥ်းနေသည့်မျက်လုံးတွေတောင် လင်းလက်သွားသည်အထိ။
အခုသူတို့မြင်လိုက်ရတာဘာလဲ။အစ်ကိုကူးက
ထယ်ယောင်းကို ခွံ့ကျွေးနေသည်တဲ့လား။
ကြည့်ရတာ ထယ်ယောင်းကံကောင်းနေပြီထင်ရဲ့။
အတွေးတွေရပ်ပြီး ထယ်ယောင်းကိုမျက်ရိပ်ပြ
လိုက်သည်။
" မောင်သွားစရာလေးရှိလို့၊အသက်က အိမ်မှာ
အနားယူလိုက်ဦး... "
" မင်းလက်ထိထားတယ်လေ၊အပြင်မသွားရဘူး "
" သားထယ်ကလည်း လက်ထိထားတာကိုဘာလို့
အပြင်ထွက်ဦးမှာလဲ၊အလုပ်ကို ခဏလောက်တော့
နားထားလိုက်ပါလား... "
ကူးကနှုတ်ခမ်းလေးချွန်ရင်းစူပုတ်ပုတ်ပြောတော့
ထယ်ယောင်းကပါးဖောင်းလေးကိုနမ်းလိုက်ရင်း
ချော့ရတော့သည်။သိတာပေါ့။သူကိုမျက်စိရှေ့က
အပျောက်မခံချင်နေသေးတာ။
" မွ!မောင်နဲ့ ညနေကြစျေးဝယ်ထွက်ပြီး အပြင်မှာ
ညစာသွားစားမယ်၊မောင့်အသက်စားတဲ့ဆိုင်မှာ
အများကြီးစားကြမယ်၊အလုပ်ကိစ္စလေးရှိလို့
သွားခွင့်ပြုပါဗျာ.... "
" ရတယ်လေ...သွားပေါ့၊ညနေကြကတိနော်၊
ငါတကယ်စားမှာ... "
ထယ်ယောင်းကထရပ်လိုက်ပြီး ကူးလေးရဲ့နဖူးကို
နမ်းသွားသည်။အပိုအနေနဲ့တော့ အမေဖြစ်သူကို
သူ့အသက်ကိုစောင့်ရှောက်ဖို့မှာသွားသေးသည်။
ဒေါ်လေးက သူ့ဖက်ရှင်ဆိုင်ကိုသွားပေမဲ့လည်း
တစ်ယောက်ထည်းဆို စိတ်မချလို့ဖြစ်သည်။
- - - - -
ယွန်းဂီရဲ့ကားပေါ်ကိုရောက်တော့ ယွန်းဂီကကား
မမောင်းတော့ဘဲ နမ်ဂျွန်ကကားမောင်းမည့်နေရာ
ထိုင်လိုက်သည်။ယွန်းဂီကတော့ နမ်ဂျွန့်ဘေးမှာ။
ထယ်ယောင်းက အနောက်နေရာ၌သာထိုင်ပြီး
တစ်ချိန်လုံးလက်ကျိုးနေသလိုဟန်ဆောင်ထားရ
တော့ လက်ထိန်းတဲ့အရာကိုဖြုတ်ချလိုက်ပြီး
စကားဆိုသည်။
" အခုမှသက်သောင့်သက်သာရှိသွားတာ၊ဟူး...
ဒါပေမဲ့လည်း ငါလက်ကျိုးချင်တော့တယ်၊
ကိုကိုအလှလေးက တအားဂရုစိုက်တာကွာ "
ထယ်ယောင်းကပြောတော့ နမ်ဂျွန်နဲ့ယွန်းဂီက
ပြုံးပြီးနောက်လှည့်ကြည့်ကာ နမ်ဂျွန်ကတော့
ပြောလိုက်သေး၏။
" မင်းတို့အတော့်ကိုအဆင်ပြေနေကြတာပဲ၊ငါတကယ်ဝမ်းသာတယ်ကွာ၊ဟိုဆော့ရဲ့ ကျေးဇူး
ကြောင့် ထယ်ယောင်းနေရာရသွားတာပဲ "
" ဒါလည်း တစ်ခုကောင်းတာပါပဲ၊ဟိုဆော့က
မနေ့ညကဆို ငါ့ကိုဖုန်းလှမ်းဆက်ပြောတယ်၊
အစ်ကိုကူးပြောင်းလဲလာပြီတဲ့လေ... "
ယွန်းဂီကပြောပြရင်းရယ်ကာ ဖုန်းကြည့်နေသည်။
နမ်ဂျွန်ကကားမောင်းနေတာမို့ ကျန်တဲ့နှစ်ယောက်
တိတ်သွားကြပေမဲ့လည်းသူတို့သွားနေသည့်နေရာဟာ တစ်နေရာသာဖြစ်ကြသည်လေ။
တစ်ဖက်က ကင်မ်အိမ်တော်မှာတော့ထမင်းစား
ပြီးလို့ကူးကိုအားဆေးတိုက်ပေးပြီးအကြာမှ
စားချင်သည့်စတော်ဘယ်ရီအသီးတွေကိုကျွေး
နေသည်။မေမေကဧည့်ခန်းမှာထိုင်ပြီး အသီးတွေကိုစိပ်ပေးရင်းပေါ့။
" သားကူးလေး...သားထယ်မနေ့ကဘာဖြစ်သွား
တာလဲကွယ်၊မေမေဖြင့် စဥ်းစားလို့တောင်မရဘူး "
အမေ့စကားကြောင့်ကူးလေးက ပြန်တွေးမိပြီး
စိတ်မကောင်းဖြစ်မိသည်။ကူးအတွက်နဲ့တောင်
သူကိုယ်သူအနာခံပြီးကယ်တင်ခဲ့လိုက်တာတဲ့။
ကူးဖြင့်မယုံနိုင်တော့ဘူး။ဘယ်လောက်တောင်
ကူးနဲ့မျိုးစေ့လေးက အန္တရာယ်ရှိရတာလဲ။
" ကြည့်ရတာကားမောင်းသူက မူးနေတယ်လို့
ကူးထင်မိတယ်၊ဘာလို့ဆို ကူးကလမ်းလျှောက်ဖို့
ရတော့မှ ကူးလမ်းလျှောက်တာ အဲ့ကားကနေရာ
မပြောင်းဘဲကူးတိုရှိကိုပဲရောက်လာနေတာ၊
တော်သေးတယ်၊ကင်မ်ထယ်ယောင်းကယ်လို့၊
မဟုတ်ရင် ကူးကလေးလေး အန္တရာယ်ရှိမှာ "
ကူးအနည်းငယ် မုသားသုံးကာထည့်ပြောလိုက်၏။
အဲ့ဒီကားကဘယ်သူ့ကားလဲဆိုတာ ကူးရိပ်မိသည်။
အဲ့နေ့က ကူးအံ့ဩပြီးဖြစ်နေတာ။ရှောင်ဖို့အတွက်
ကူးသတိမထားမိသေးဘူး။
" နောက်ဆို မေမေမှာမယ်၊သားထယ်လေးမပါရင်
ဘယ်ကိုမှမသွားနဲ့တော့နော်၊မေမေတို့ကတော့
တအားစိတ်ပူလို့ပါ၊နားလည်တယ်မလား "
" ဟုတ်...နားလည်ပါတယ်၊ကင်မ်ထယ်ယောင်းက
တော်တော်ဆိုးတာပဲ အမေရယ်၊ခဏနေကြရင်
ဟိုဆော့က ဆေးလာထည့်ပေးမယ်ပတ်တီးအသစ်
လဲပေးမယ်ပြောတာကို အပြင်ထွက်သွားတယ်၊
ကူးစကားဆို နားမထောင်ဘူး "
ကူးလေးက စိတ်ဆိုးသလိုလေးပြောတော့ဖြင့်
အမေကပြုံးနေတော့သည်။သားထယ်လေး
တစ်ခုခုဖြစ်တော့ အသည်းအသန်စိုးရိမ်နေတဲ့
သားကူးလေးကြောင့် ပြုံးမိလိုက်သည်။
သားထယ်ရဲ့မေတ္တာတွေက တကယ့်ကိုပြန်လာ
နေပြီပဲ။
" မေမေမေးဦးမယ်...သားထယ်လေးကိုသဘော
ကျရဲ့လားကွယ်၊မနေ့ကဆို သားအမူအရာလေးက
သားထယ်ကို ချစ်နေပြီးစိတ်ပူနေသလိုပဲ "
" ဟို...ဟို...မေမေ ကူးဒီစတော်ဘယ်ရီတွေကို
ဖျော်ရည်သောက်ချင်တယ်၊စတော်ဘယ်ရီအဖတ်
လေးတွေပါရင်တအားသောက်ကောင်းမှာပဲ "
အမေကမေးသည်ကို ကူးလေးကစားနေသည့်
စတော်ဘယ်ရီတွေကိုကြည့်ရင်း စကားကိုလှည့်
ပြောလိုက်သည်။မေမေကတော့ သားကူးလေး
ရှက်သွားတာကိုသိလို့ မပြောသေးဘူး။
" မေမေလုပ်လာပေးမယ်...သားကခဏလေးထိုင်
စောင့်နေနော်... "
" ဟုတ်ကဲ့ မေမေ... "
ကူးထိုသို့ပြောပြီး စတော်ဘယ်ရီလေးတွေစားရင်း
ငြိမ်ထိုင်နေသည်။အတွေးထဲလည်း အဲဒီနေ့က
ကင်မ်ထယ်ယောင်းတစ်ခုခုဖြစ်မှာကို စိုးရိမ်ပြီး
ငိုခဲ့တာတော့ဟုတ်သည်။
ကင်မ်ထယ်ယောင်းနာကျင်နေတဲ့ဒဏ်ရာကိုမြင်တော့ ကူးလည်းရင်ဘက်ထဲအထိနာကျင်သည်။
ထယ်ယောင်းတစ်ခုခုဖြစ်သွားမှာကိုစိုးရိမ်ပေမဲ့
အချစ်လို့မခေါ်သင့်သေးဘူး။အဲ့အတွက်လည်း
ကူးမှာအဖြေမရှိသေးဘူး။
- - - - -
လီယမ်ဟိုမနေ့က ဟိုမကောင်းဆိုးဝါးတွေကို ကားနဲ့တိုက်သတ်ဖို့ကြံလိုက်ပေမဲ့လည်း ကံကောင်းပြီး
အစ်ကိုထယ်က အဲ့နှစ်ယောက်ကိုကယ်လိုက်တာမို့
လီယမ်လည်းစိတ်တိုပြီး အိမ်ကိုတန်းပြန်ခဲ့တာ။
သူဆိုတာလောက်တော့ အစ်ကိုထယ်မသိလောက်
ဘူးလို့ လီယမ်ထင်သည်။
အိမ်ကိုတော့မပြန်ဘဲ သူနေထိုင်သည့်ကွန်ဒိုကိုသာ
လာနေတာဖြစ်သည်။ဒီနေရာကိုတော့ဘယ်သူ့မှ
မသိလောက်တာမို့ လီယမ်အေးဆေးဖြစ်နေ၏။
တင် ~
ဧည့်ခန်းမှာအရက်သောက်ရင်း ထိုင်နေတုန်းရှိသေး
တံခါးရဲ့မော်နီတာမှအသံမြည်လာတာကြောင့်
သူမှာထားသည့်မုန့်လာပို့တယ်ထင်ပြီးမို့
လီယမ်သက်ပြင်းရှည်ချကာ တံခါးဖွင့်ဖို့သွား
လိုက်သည်။
" ရောက်တာမြန်လိုက်---အင့်... "
ဘုန်း!
လီယမ်တံခါးလေးသာဖွင့်ပေးတုန်းရှိသေး သူ့ကိုယ်ငယ်ကို ဆောင့်ကန်လိုက်သည်က ထယ်ယောင်း။
ဒါကြောင့်မို့လီယမ့်တစ်ကိုယ်လုံးလွင့်ထွက်ကာ
ကြမ်းပြင်ပေါ်လဲကျသွားသည်။
လီယမ်ကအံ့ဩလို့ နာကျင်သွားသည့်ဗိုက်ကို
အုပ်ကိုင်ရင်း ထယ်ယောင်းကိုမော့ကြည့်သည်။
ထယ်ယောင်းရဲ့ဘယ်လက်က ပတ်တီးစီးထားတာမြင်တော့ လီယမ်အံ့ဩသွားသည်။
" လာခဲ့စမ်း...မင်းကိုငါကိုယ်တိုင်သတ်ပစ်မယ်၊
ငါ့အသက်နှစ်ယောက်လုံးကို ဒုက္ခပေးချင်တဲ့
မင်းကို ကင်မ်ထယ်ယောင်းကသတ်မယ်!!! "
ထယ်ယောင်းက ဘယ်လက်ကနာနေလို့အားသိပ်
မသုံးချင်တာမို့ ညာလက်နဲ့လီယမ်ရဲ့အင်္ကျီကော်
လန်စကိုဆွဲသွားပြီး တရွတ်တိုက်ဆွဲခေါ်သွားပြီး
ဆိုဖာတွေနား ပစ်ချလိုက်သည်။
" အင့်...မလုပ်ပါနဲ့...တားပါဦး.... "
" ခံစားလိုက်ပါဦး... "
လီယမ်ကတားဖို့ အကူညီတောင်းသည်ကိုယွန်းဂီနဲ့
နမ်ဂျွန်က ဧည့်ခန်းထဲကဆိုဖာပေါ်မှာဝင်ထိုင်ပြီး
အပျော်ကြည့်နေသေးတာဖြစ်သည်။လီယမ့်မှာ
ထယ်ယောင်းရဲ့ကန်ချက်တွေကိုခံနေရသည်။
" သေစမ်း!မင်းက ငါ့အသက်တွေကိုထိရဲတာပေါ့၊
အခုမင်းထိထားတဲ့အရာက ငါ့အတွက်အဆိုးရွား
ဆုံးဆိုတာ မင်းမှတ်ထားစမ်း! အင့်!ကွာ! "
ထယ်ယောင်းက ခြေထောက်တွေနဲ့ကန်ရုံမက
သူ့လွတ်နေသည့်လက်နဲ့ပါအဆက်မပြတ်စွာ
လီယမ့်ရဲ့ပါးကိုထိုးချသည်။ထယ်ယောင်းက
သူ့ဒေါသတွေလျော့မသွားဘူး။
" အင့်.!နာပါတယ်...တော်ပါတော့... အာ့!... "
သူစိတ်တိုနေတာဖြစ်သည်။ဒီကိစ္စကဘယ်လိုမှ
ဆုံးဖြတ်လို့မရတာမို့ ထယ်ယောင်းကသူ့ဒေါသကို
မလျော့သွားဘဲ ထိန်းမရနိုင်အောင်ဒေါသတွေဖြင့်
လီယမ့်ရဲ့မျက်နှာတစ်ခုလုံးစုတ်ပြတ်သတ်အောင်
လုပ်သည်။
" တောက်!သောက်ကျက်သရေတုန်းကောင်! "
နမ်ဂျွန်နဲ့ယွန်းဂီကတော့မတားပါဘဲ ပိုလို့တောင်
ကြည့်နေသေးသည်။ဒါတောင် ဆေးလိပ်သောက်လို့ကြည့်နေကြတာဖြစ်သည်။
ထယ်ယောင်းကကူးလေးရဲ့ငိုနေတဲ့မျက်နှာကို
မြင်ယောင်ပြီး လီယမ်ကိုညာဖက်လက်နဲ့ထိုးချ
တော့သည်။ဒါတောင်အားမရပါဘဲ နာနေတဲ့သူ့
လက်နဲ့ပါချတော့ ထယ်ယောင်းရဲ့ပတ်တီးစီးထား
တဲလက်ပါ သွေးတွေထွက်လာသည်အထိ။
" ထယ်ယောင်း!မင်းလက်သွေးထွက်နေပြီ!
တော်တော့! "
နမ်ဂျွန်ကလာရောက်တားရော ထယ်ယောင်းက
ဆွဲဖယ်ကာ လက်သီးဖြင့်ဆက်ထိုးတော့သည်။
ထယ်ယောင်းအခုထိ မရပ်နိုင်သေးဘူး။
" မင်းကိုငါလေ သတ်ပြစ်ချင်တာ၊ငါ့မှာအသက်နဲ့
ငါ့ကလေးရှိလို့ စောင့်ထိန်းထားရတာ... "
" ဒါဆိုလည်း သတ်လိုက်စမ်းပါ!သတ်လိုက်လေ!
မကောင်းဆိုးဝါးကိုလည်း ထွက်မလာစေချင်ဘူး!
အကိုထယ်ကို လီယမ်ပိုင်ချင်တာ!လီယမ်က သူ့ထက်တောင်သဘောကျလာခဲ့ရတာ!မှတ်ထား!
ဂျွန်ဂျောင်ဂုဆိုတဲ့ကောင်ကိုလေ သတ်ချင်တာ၊
ကလေးရော၊သူရောမရှိမှ.... "
ဂျက် ! ဂျောက် ~
" ထယ်ယောင်း!!!..... "
နမ်ဂျွန့်မှာ ထယ်ယောင်းကခါးကြားထဲမှညှပ်လာတဲ့သေနတ်ကိုထုတ်ကာမောင်းချိန်လိုက်ပြီး လီယမ့်
နဖူးတည့်တည့်ကိုချိန်ထားလိုက်သည်ကြောင့်
နမ်ဂျွန်ကအော်တားလိုက်ရသည်။
ယွန်းဂီဆိုလည်းအံ့ဩသွားတာဖြစ်သည်။
ထယ်ယောင်းဘယ်ထည်းက သေနတ်ကို
ဆောင်ထားရသလဲဆိုသည်ကြောင့်ပင်ဖြစ်၏။
" ဆက်ပြောစမ်း!မင်းဆက်ပြောလိုက်ရင် မင်းရဲ့
ဦးနှောက်သေးသေးလေးထဲ ငါပစ်လိုက်တဲ့
ကျည်ဆန်က စိုက်ဝင်သွားပြီးမင်းပွဲလှသွားမှာ!!! "
ထယ်ယောင်းက လီယမ့်ရဲ့ဦးနှောက်နားသေနတ်
ချိန်ထားပြီး ပြောလိုက်တော့ လီယမ်လည်း
တုန်လှုပ်သွားသည်။မျက်နှာတစ်ခုလုံးစုတ်ပြတ်ပြီး
သွေးထွက်နေတာတောင် ထယ်ယောင်းကထပ်ပြီး
သေနတ်နဲ့တောင်ပစ်မယ်ဆိုတော့ အသံတောင်
သေးသေးလေးမထွက်နိုင်သည်အထိ။
" လီယမ့်ကိုသတ်ချင်သေးတာလား!လီယမ့်ကို
သတ်ရင် လီယမ့်ဒယ်ဒီကငြိမ်နေမယ်ထင်လား!
ပြီးတော့ဒေါ်လေးရော၊အကိုထယ်ချစ်တဲ့ ဟိုကောင်ကရော လူသတ်ကောင်ဆိုပြီးမကပ်... "
လီယမ်ကနှုတ်ခမ်းထောင့်ကသွေးတွေကို
သုတ်လိုက်ပြီး ထယ်ယောင်းကိုခပ်စူးစူးကြည့်ပြီး
စကားဆိုသည်။ထယ်ယောင်းကတော့ လီယမ်က
တစ်ခွန်းပြောလေလေ ပစ်တော့မှာမို့ရှိသည်။
ထိုစဥ်ထယ်ယောင်းရဲ့ဘောင်းဘီအိတ်ကပ်ထဲမှ
မြည်လာသည့်ဖုန်းသံကြောင့် ထယ်ယောင်းက
ညာလက်နဲ့သေနတ်ချိန်ထားပြီး နာနေပြီးသွေး
တွေထွက်နေသည့်လက်ဖြင့် ဖုန်းကိုယူကြည့်
လိုက်တော့ သူ့အသက်ဖြစ်နေသည်။
သူလက်နာနေတာမို့ ဖုန်းကိုဘယ်ဘက်နားကို
ကပ်ကာဖုန်းမပြောတော့ဘဲ လီယမ့်ကိုပါးစပ်ပိတ်ထားရန်မှာလိုက်ပြီး Speakerဖွင့်ထားကာစကား
ဆိုလိုက်တော့သည်။
" မင်းပါးစပ်ကိုပိတ်ထား!မင်းရဲ့အသံက
ငါ့အသက်ရှိကြားသွားရင် ကျည်ဆန်က
မင်းအတွက်ပဲ! "
လီယမ်က လည်စလုတ်လေးကိုလှုပ်ရှားလိုက်ပြီး
ငြိမ်နေတာမို့ ထယ်ယောင်းစကားဆိုလိုက်သည်။
" မောင့်အသက် ဘာများလိုအပ်ပါလဲခင်ဗျ "
လီယမ်ကို ခုနကဒေါသထွက်နေသည့်သူနဲ့မတူဘဲ
နူးညံ့သောလေသံအေးအေးဖြင့် ကူးလေးကို
ပြောနေတာမို့ လီယမ်အံ့ဩနေသည်။နမ်ဂျွန်နဲ့
ယွန်းဂီက အထွေအထူးမဟုတ်တာမို့အံ့ဩမနေ
တော့ဘူး။
" ဘာမှမလိုအပ်ဘူး၊အခုချက်ချင်းကို အိမ်ကိုပြန်
လာခဲ့တော့၊ဟိုဆော့ရောက်နေပြီ၊မင်းဒဏ်ရာကို
ပတ်တီးလဲပေးရမယ် "
" မောင်..ဟိုဆော့ဆေးရုံပဲပြန်သွား--- "
" ကင်မ်ထယ်ယောင်း!!!! "
" ဟုတ်ပြီ...မောင်ပြန်လာခဲ့မယ် မောင့်အသက် "
ထယ်ယောင်းက သူ့ဖြစ်ထားသည့်ပုံစံကိုမပြချင်
တာမို့ ကူးလေးကိုတနည်းပြောလိုက်ပေမဲ့လည်း
ကူးလေးကတော့ အိမ်ကိုပြန်လာစေချင်သည်။
ဘယ်တက်နိုင်ပါ့မလဲ။ကိုကိုအလှလေးရှေ့ရောက်
ရင်တော့ သေချာလေးချော့ပြောရတော့မည်။
မဟုတ်ရင် ဒဏ်ရာကြည့်ပြီးငိုနေဦးမှာဖြစ်၏။
ဒါကြောင့်သေချာလေးပြောပေးရဦးမည်။
" ကိုကိုအလှလေးကယ်လိုက်လို့ မင်းအသက်မသေ
တယ်လို့ ခံယူထားလိုက်စမ်းပါ!မဟုတ်ရင်မင်းအခု
မရှိနေတော့ဘူး ! "
ထယ်ယောင်းထိုသို့ပြောပြီး ယွန်းဂီလက်ထဲပေး
လိုက်တော့သည်။ယွန်းဂီအခြေအနေသိတာမို့
သေနတ်ကို အိတ်အနက်ဖြင့်သေချာထည့်ပြီး
သုံးယောက်လုံးထွက်သွားခဲ့သည်။
" မကောင်းတဲ့ဂျောင်ဂု!မင်းကိုငါမရရအောင်
အကိုထယ်နဲ့ခွဲမှာ!!! "
ကျန်ခဲ့သည်လီယမ်ကတော့ ဒေါသထွက်ပြီး
ကြမ်းပြင်ကို လက်သီးဖြင့်ဆင့်ထိုးလိုက်ရင်း
သူနာကျင်တာတွေအပေါ် ကူးလေးကိုသာ
အပြစ်ပုံချနေခဲ့သည်လေ။
To be continued ~
မနေ့ကNotiတွေတက်သွားမိရင် စိတ်မရှိပါနဲ့။
ဘာမှမဟုတ်တဲ့ကိစ္စကြောင့် အာရုံမထားတော့တာမို့ စာဖတ်သူတွေအားလုံးကိုအနှောက်အယှက်ပေး
မိရင် တောင်းပန်ပါတယ်ဗျာ။
> >
#zawgyi
မေးလိုက်သည်။