Between Us

De rynx4_q

276 76 0

မတူညီလို့ ဆန့်ကျင်ဘက်ဖြစ်နေလို့ဆိုပြီး အချင်းချင်း အပြန်အလှန် သဘောကျခဲ့ကြပေမယ့် နောက်ဆုံးကျ အဲ့ဒါကြောင့်ပဲ ပ... Mais

▪︎I▪︎
▪︎II▪︎
▪︎III▪︎
▪︎IV▪︎
▪︎V▪︎
▪︎VII▪︎
▪︎VIII▪︎
▪︎IX▪︎
▪︎X▪︎
▪︎XI▪︎
▪︎XII▪︎[EnD]

▪︎VI▪︎

19 6 0
De rynx4_q

Jennie ကုတင်ပေါ်မှာ လှဲနေရင်း ဖုန်းကိုလှမ်းကြည့်တော့ ဖုန်းcall လည်းမရှိသလို msg ဝင်နေတာမျိုးလည်းမမြင်ရ

အပြစ်မရှိတဲ့ ဖုန်းကိုသာ မျက်စောင်းတစ်ချက်ထိုးပစ်လိုက်ရင်း

" နှလုံးသားမရှိတဲ့လူပဲ Kim Jisoo! အဲ့လိုပြောလိုက်တာနဲ့ ပြီးသွားရောလား စိတ်တိုလိုက်တာ "

ဖုန်းကောက်ကိုင်ရင်း insta feed ကြည့်မိတော့

" အချစ်ရေးကြောင့် တွေဝေနေရတဲ့သူတွေ ဆက်သွယ်ပြီး ဆွေးနွေးလို့ရပါတယ် "

ကျောင်းရဲ့ sns account က တင်ထားတာဖြစ်သည် radio လွှင့်ဖို့အတွက် storyline ရွေးတဲ့ သဘောမျိုးသာ

Jennie ကတော့ Jisoo ကို မကျေနပ်တဲ့စိတ်နဲ့ သူတို့​ပြဿနာအကြောင်းကို အစအဆုံးရေးကာ ပို့လိုက်ပြီး ဖုန်းပိတ်ကာ အိပ်ပစ်လိုက်တော့သည်

.
.
.

ကိုးရီးယားစာ အတန်းချိန်ဖြစ်သည် ဆရာက စာသင်နေပေမယ့် စာအုပ်ထဲ အရှေ့ သင်ထားတဲ့ တစ်လုံးထဲကို စာအုပ်ထဲ ဆက်တိုက်ရေးချနေတဲ့ Jisoo က စာထဲလည်း အာရုံရပုံမပေါ်

" 수 화 상 극 ( ဆူ ဟွာ ဆန်းင် ဂု ) "

Jisoo နားထဲ ဖြတ်ခနဲဝင်လာတဲ့ ဆရာ့ရဲ့အသံ

" မတူညီတဲ့ အရာ၂ခု ဥပမာ ရေနဲ့မီးလိုမျိုးပေါ့ လုံးဝဆန့်ကျင်ဘက် ဖြစ်နေတဲ့အခါမျိုးမှာ တူတူရှိဖို့ ပေါင်းစပ်ဖို့ဆိုတာ ခက်ခဲတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ "

Jennie ပြောခဲ့တဲ့ စကားတွေ တစ်ခုချင်း ပြန်ကြားယောင်နေတာမလို့ ကိုင်ထားတဲ့ ဘောပင်ကို ခုံပေါ်ဆောင့်ချလိုက်မိတယ်

Jennie မှာလည်း ဂီတအတန်းချိန်မှာ Drum ကို Jisoo အမှတ်နဲ့တီးနေသလားပဲ ဆရာမ ဝင်တားတာတောင် တော်ရုံနဲ့ မရပ်လိုက်ပေ

အဲ့လောက်ဆို Joy ကတော့ သူတစ်ခုခုဖြစ်နေတာ ခန့်မှန်းမိနေပြီး

.
.
.

📻🎙

" သိပ်မကြာသေးခင်က ချစ်သူနဲ့ ဟန်မြစ်မှာ ဒိတ်လုပ်ဖို့သွားခဲ့ပါတယ် "

နားနေချိန်မှာ ကျောင်းထဲပျံ့လွင့်လာတဲ့ ရေဒီယိုသံကြောင့် Jisoo လမ်းလျှောက်နေရာက ရပ်လိုက်မိသလို Jennie လည်း မိတ်ကပ်ပြင်နေတဲ့ လက်တွေ တန့်သွားသည်

📻🎙

" သူက ထမင်းစားပြီးလာခဲ့တာမလို့ ဗိုက်ပြည့်နေပြီး ကျွန်မပြင်လာတဲ့ အစားအစာတွေကို မစားနိုင်တာ နားလည်ပါတယ် တွေ့တဲ့အချိန်ကလည်း နောက်ကျနေတာမလို့ နားလည်ပေးလို့ရပါတယ်

ဒါပေမယ့် စိတ်မကောင်းဖြစ်မိတာက ဘာလဲဆိုရင် အဲ့ဒါကို အမှန်တိုင်း မပြောခဲ့လို့ပါပဲ ထမင်းစားခဲ့ရင် စားခဲ့တယ် အိမ်ပြန်ချင်တယ်ဆို ပြန်ချင်တယ် နေမကောင်းဖြစ်နေရင် နေမကောင်းဖြစ်နေပါတယ်လို့ ဘာလို့မပြောခဲ့တာလဲလို့ပါ တခြားသူလည်းမဟုတ်ဘူး သမီးရည်းစား ဆက်ဆံရေးကို အဲ့လောက်တောင် မပြောပြနိုင်ဘူးလားဆိုပြီး စိတ်မကောင်းဖြစ်ခဲ့ပါတယ် .. ကဲ .. ဇာတ်လမ်းကတော့ ဒီအထိပါပဲ "

💭 ' အား ရူးတော့မှာပဲ '

စိတ်ရူးပေါက်ပေါက်နဲ့ ပို့ထားတဲ့ သူတို့အကြောင်းက အရွေးခံရပြီး ရေဒီယိုလွှင့်တဲ့ထဲပါလာတာ အခုလောက်ဆို Jisoo လည်းသေချာပေါက် ကြားသွားမှာပဲ

📻🎙

" ပြင်သစ်မှာ နာမည်ကြီးတဲ့ အဆိုအမိန့်တစ်ခုရှိတာကို ကြားဖူးကြလားမသိဘူး ၁နာရီလောက် မျက်နှာချင်းဆိုင် စကားပြောတာက စာအစောင်ရေ ၅၀လောက်ပို့တာထက် အများကြီးပိုသာတယ်ဆိုတာပါပဲ

တကယ်တော့ ၁နာရီတောင်မလိုပါဘူး ၅မိနစ် ဒါမှမဟုတ် ၁မိနစ်လောက်ပဲ စိတ်ရင်းအမှန်နဲ့ ပြောတဲ့စကားဆိုရင် အဲ့ဒါနဲ့တင်လုံလောက်ပါတယ်

ကိုယ်က နဂိုတည်းက အဲ့လိုလူမျိုးပါဆိုပြီးတော့ ကိုယ့်ကိုယ်ကို ပိတ်မလှောင်ထားဘဲနဲ့ နဂိုတည်းကဆိုတာတွေက ကိုယ့်​ကိုယ်ကို စိတ်သက်သာရာရအောင်ပြောတဲ့ အပိုအကြောင်းပြချက် ဆင်ခြေပါပဲ

ပြီးတော့ နားဆင်သူတွေလည်း မြိုသိပ်မထားဘဲ ထုတ်ပြောစေချင်ပါတယ် ကိုယ်ကိုယ်တိုင်လည်း မွန်းကြပ်ပြီး စိတ်ပျက်ရတာပဲမဟုတ်လား ဒီလောက်ပါပဲ ကျေးဇူးတင်ပါတယ် "

📻🎙

အသံလွှင့်တာကို နားထောင်ပြီး Jisoo တွေးစရာတွေများသွားတယ် ပန်းခြံထဲက ခုံလေးတစ်နေရာမှာ ဝင်ထိုင်လိုက်ရင်း စဥ်းစားမလို့လုပ်ပေမယ့် အနားမှာရှိတဲ့ ကောင်မလေး၂ယောက်က အသံလွှင့်တာကို နားထောင်ပြီး ဝေဖန်နေပုံရတာမလို့ Jisoo လည်း သူတို့ဆီအာရုံရောက်သွားတယ်

" ဒါနဲ့လေ အမှန်တိုင်းပြောရရင် တစ်ဖက် အရမ်းနားလည်ပြီး တွေးပေးနေတာလို့ မထင်ဘူးလား "

" အဲ့ဒါတွေးပေးတာ ဟုတ်လို့လား စိတ်ရှုပ်လို့ မပြောတာမဟုတ်ဘူးလား မဖြေရှင်းချင်လို့လေ တိတ်တိတ်လေး သည်းခံနေလိုက်တာက ပိုကောင်းမယ်ဆိုပြီးတော့ "

" အဲ့ဒါကြောင့် ဟန်မြစ်မသွားခင် ဘာလို့ နေ့လည်စာ စားသွားရတာလဲ "

" နောက်ကျမှ တွေ့ကြတယ်လို့ပြောတယ်မလား ထမင်းက ဗိုက်ဆာတဲ့အချိန်စားတာ အကောင်းဆုံးပေါ့ စောင့်နေဖို့မှမလိုတာ "

Jisoo သူတို့ပြောနေတာတွေ နားထောင်ရင်း လက်သူကြွယ်က လက်စွပ်လေးကို အကြောင်းအရင်းမရှိ ငေးကြည့်နေမိသည်

.
.
.

" နင်တို့အကြောင်းမလား ခုနက "

" ဘာကလဲ "

Joy မေးလာတာကို ဝေ့လည်ကြောင်ပတ်လုပ်နေတဲ့ Jennie ကြောင့်

" အကုန်မြင်နေရတာမလို့ မရစ်ဘဲ ပြောစမ်းပါ Ruby Jane ရာ "

" အင်း နင်တို့အမြင်ရော "

" ဘာကိုလဲ "

" ဘယ်သူမှားတယ်လို့ထင်လဲ ငါလား သူလား "

" ငါတော့ Jisoo Unnie .. သူမှားတာပေါ့ ပြောမှသိမှာလေ မဟုတ်ရင် ဘယ်လိုလုပ်သိမှာလဲ အဲ့လိုကနေ တဖြည်းဖြည်းဝေးသွားနိုင်တယ်ဆိုတာကို မသိတာလား "

" ဟုတ်တယ်မလား ငါချဲ့ကားပြောနေတာလည်းမဟုတ်ဘူးလေ အဲ့ဒါကြောင့် .. "

Jeongyeon ပြောတဲ့စကားကို Jennie က ထောက်ခံနေတာကြောင့်

" မဟုတ်ပါဘူး Unnie မမှားဘူးထင်တာပဲ မပြောပြဘူးဆိုတာကလည်း သူ့မှာ အဲ့လိုလုပ်ရလောက်တဲ့ အကြောင်းပြချက်ရှိနေတာမျိုးလည်း ဖြစ်နိုင်တာပဲလေ အသေးအဖွဲကအစ ဘာလို့ သိချင်နေရတာလဲ "

" ဘာလဲ ပတ်ခ်ဂျိုအီ နင်က ငါ့ဘက်က မဟုတ်ဘူးလား "

မကျေမနပ်ပွစိပွစိပြောနေတဲ့ Jennie ကို ပြိုင်ပြီးမငြင်းချင်တော့

.
.
.

Jennie အတန်းဆင်းတော့ အိမ်ပြန်မလို့ သူငယ်ချင်းကို နှုတ်ဆက်လိုက်ပြီး message ဝင်လာတာမလို့ ဝင်ဖတ်ကြည့်တော့

📩

" ဘယ်မှာလဲ "

Jisoo ဆီကမလို့ ပါးစပ်ကလေးအုပ်ပြီး အံ့သြနေတယ် ပျော်နေပုံရတဲ့ Jennie က လူတွေရှိနေတာမလို့ မျက်နှာထားကို ပြန်ထိန်းလိုက်ရင်း

" ကျောင်းရှေ့မှာ အိမ်ပြန်မလို့ အခု "

💭 ' အား ဘယ်လိုလုပ်ရမလဲ ဘယ်လိုလုပ် '

Jennie ဟန်မဆောင်နိုင်တော့ဘဲ ခုန်ပေါက်မတတ် ပျော်နေတာ

" လမ်းလေးခွဆုံဘက်ကို လာခဲ့မလား
တွေ့ရအာင်လေ "

Jisoo ရဲ့စာကိုဖတ်ပြီးတာနဲ့ အိတ်ကပ်ထဲ အသင့်ရှိနေတဲ့ နှုတ်ခမ်းနီလေးကောက်ဆိုးလိုက်ကာ ချိန်းတဲ့နေရာကို ခုန်ပေါက်ပြေးသွားတော့တာပဲ

.
.
.

တံတားပေါ်ကို လမ်းတူတူလျှောက်လာရင်း Jisoo က ခပ်ဖွဖွပြုံးပြကာ စကားစလာတယ် အရင်လို လက်ချင်းဆုပ်ကိုင်ထားတာမျိုးလည်းမဟုတ် ဘေးချင်းယှဥ်ရပ်နေရုံသာ

" ဇာတ်လမ်းကိုနားထောင်လိုက်ရတယ် Jen ပို့လိုက်တာမလား "

Jennie ခဏတော့ ကြောင်သွားပေမယ့်

" ဟင်? အင်း ~ ငါလည်း ရွေးခံရမယ်လို့ မထင်လိုက်မိဘူး အဲ့တုန်းက စိတ်ဆိုးနေလို့ရေးလိုက်ပေမယ့် ကြားတော့မှ အံ့သြနေတာ.. အဲ့ဒါကြောင့်လေ.. "

သူတို့အကြောင်းကို ခွင့်ပြုချက်မရှိဘဲ ပြောလိုက်သလိုဖြစ်သွားတာမလို့ Jennie အားနာနေတယ်

" တောင်းပန်ပါတယ် Jennie ah ~ "

ရုတ်တရက် တောင်းပန်လာတဲ့ Jisoo ကြောင့် Jennie သူ့ကို ခပ်တွေတွေလေး ကြည့်မိပြန်သည်

" ဒီနေ့ နားထောင်ရင်းနဲ့ ဒီအတောအတွင်း Jen အရမ်းပင်ပန်းခဲ့မှာပဲဆိုတဲ့ အတွေးက ဝင်လာတယ် "

" မဟုတ်ပါဘူး အဲ့လိုမျိုးတော့ ~ ငါလည်း ကောင်းခဲ့တာမျိုးလည်း မဟုတ်ဘဲ .. "

" Jennie ah ~ "

Jisoo ဒီနေ့ သူ့နာမည်ခေါ်တာ အရမ်းများနေပြီး စကားကိုလည်း ခဏခဏဖြတ်ပြောနေတာ

" ဟင် "

" ငါတို့ ပထမဆုံးတွေ့တဲ့အချိန်ကို မှတ်မိလား အဲ့တုန်းက Jenက အလယ်တန်းပဲရှိသေးတာ "

Jisoo စကားကြောင့် အတွေးတွေက အတိတ်ကိုပြန်ရောက်သွားရင်း Jennie ပြုံးလိုက်မိသည် အမှတ်တရ လှလှလေးတွေ

ကွန်ပျူတာသင်တန်းတက်ရင် သူတို့ပထမဆုံး စတွေ့ခဲ့တာလေ

" သေချာပေါက် မှတ်မိတာပေါ့ ဘယ်လိုလုပ်မေ့လို့ရမှာလဲ အဲ့တုန်းက Unnie ကို သဘောကျလို့ ငါကပဲ အရင်စကားစပြောခဲ့တာလေ အဲ့တုန်းက Unnie မျက်နှာထားကြောင့် ငါ့ကို သဘောမကျဘူးထင်ခဲ့တာ "

" ပြောခဲ့တယ်မဟုတ်လား Chuက အရင်သဘောကျခဲ့တာပါလို့ "

" အဲ့ဒါ သဘောကျတဲ့သူရှေ့မှာ လုပ်ရတဲ့ မျက်နှာထားလား ရုပ်တည်ကြီးနဲ့လေ "

" တကယ်က အဲ့တုန်းက စိတ်ထဲမှာ အရမ်းပျော်နေခဲ့တာ Jenက ဘေးမှာ လာထိုင်တာမလို့ ပြီးတော့ ထမင်းတူတူစားမလားဆိုပြီး စာရွက်လေးနဲ့ ရေးပေးတဲ့ လက်ရေးလေးတွေကအစ အူယားခဲ့ရတာ "

Jisoo စကားတွေနားထောင်ပြီး Jennie ကတော့ သဘောတကျနဲ့ရယ်နေတယ်

" ပထမဆုံး ၂ယောက်တည်း ထမင်းတူတူစားတုန်းကလည်း မရပ်တမ်း စကားတွေပြောနေတဲ့ Jenကိုကြည့်ပြီး အရမ်းသဘောကျခဲ့တာ "

" ငါရောပဲလေ ငါပြောတာတွေကို စိတ်ရှည်လက်ရှည်နဲ့ ထိုင်နားထောင်ပေးလို့ အရမ်းကျေးဇူးတင်ခဲ့တာ "

Jisoo က သူ့ကို ထပ်ပြုံးပြတယ်

" Jenကို ငါနဲ့မတူလို့ သဘောကျခဲ့တာ ငါက ငါ့​ခံစားချက်ကိုဖော်ပြဖို့တောင် ခက်ခဲနေတဲ့သူမလို့လေ အဆုံးထိ သည်းခံပြီး ​တစ်ခွန်းလောက်အပြင်မပြောနိုင်ပေမယ့် Jenကတော့ အမြဲတမ်းပြောပြပေးတယ်မလား "

Jennie ပြန်မတုံ့ပြန်ဘဲ သူပြောတာကိုသာ ငြိမ်ငြိမ်လေး နားထောင်နေမိသည်

" အဲ့ဒီနေ့က ရန်ဖြစ်ပြီး အများကြီးစဥ်းစားခဲ့တယ် ဒီအတိုင်း နောက်မှသွားရအောင်လို့ ပြောခဲ့ရမှာ .. ထမင်းစားလာခဲ့တာ နေလို့သိပ်မကောင်းဘူးထင်တယ် အဲ့လိုမျိုး တစ်ခါလောက်လေးပဲဖြစ်ဖြစ် ပြောပြခဲ့ရမှာ .. အဲ့လိုမျိုးသာဆို အဲ့လောက်ထိ ရန်မဖြစ်ခဲ့လောက်ဘူးထင်တယ်ဆိုပြီး နောင်တရခဲ့ပေမယ့်

ဒါပေမယ့်လေ Jennie ah ~ ဒီတစ်ခေါက်က ပထမဆုံးမဟုတ်ဘူးမလို့လေ "

အဝေးကို ခပ်ဆွေးဆွေးကြည့်ရင်း ပြောနေတာ Jisoo ကြောင့် Jennie သူ ဘာပြောချင်လဲဆိုတာကို သဘောပေါက်လာသလိုလိုပဲ

" Unnie အခု ဘာပြောချင်နေတာလဲ "

" မတူညီလို့ ဆန့်ကျင်ဘက်ဖြစ်နေလို့ဆိုပြီး အချင်းချင်း အပြန်အလှန် သဘောကျခဲ့ကြပေမယ့်နောက်ဆုံးကျ အဲ့ဒါကြောင့်ပဲ ပင်ပန်းနေရတာမလား ငါတို့ .. "

" တော်ပြီ နားမထောင်ချင်တော့ဘူး "

" Jen~ "

" သွားတော့မယ် "

ဆတ်ခနဲ ထွက်သွားဖိုပြင်နေတဲ့ Jennie လက်ကို Jisoo အမြန်ဖမ်းဆွဲလိုက်ကာ

" အဆင်ပြေတယ်ဆိုပြီး မသိချင်ယောင်ဆောင် ကျော်သွားဖို့အတွက်က ၂ယောက်လုံး ပင်ပန်းနေပြီးလေ "

မျက်ရည်တွေဝေ့နေတဲ့ မျက်ဝန်းတွေနဲ့ ကြည့်လာတဲ့ Jisoo ကိုကြည့်ပြီး Jennie ငိုချလိုက်ချင်လာတယ်

" Kim Jisoo! "

" အဲ့ဒါကြောင့်လေ Jennie ah~ ငါတို့ .. "

ဆုပ်ကိုင်ထားတဲ့ Jennie လက်ကလေးကို အသာလွှတ်ပေးလိုက်ရင်း စကားပြောဖို့ Jisoo မနည်းအားယူနေရတယ်

" လမ်းခွဲရအောင်
အဲ့လိုလုပ်တာက မှန်မယ်ထင်တယ် "

Jennie မျက်ဝန်းထဲ ဝေ့တက်လာတဲ့ အရည်ကြည်တွေကို လက်နဲ့ အတင်းဖယ်ရှားပစ်ရင်း

" မှန်ရအောင် ဘာကမှန်တာလဲ ပထမဆုံးအနေနဲ့ Unnie စိတ်ထဲက စကားတွေကို ငါ့ကိုပြောပြပေးလာတာမလို့ ပျော်နေခဲ့တာကို နောက်ဆုံးတော့ ရည်ရွယ်ချက်က လမ်းခွဲချင်တယ်ဆိုတာလား တကယ် တစ်ကိုယ်ကောင်းဆန်တဲ့လူပဲ Kim Jisoo! ရုတ်တရက်ကြီး အဲ့လိုမျိုး .. "

Jennie ငိုနေတာကိုကြည့်ပြီး Jisoo လည်း ပြောပြမတတ်အောင် နာကျင်နေရတယ်ဆိုပေမယ့် ဒီလိုမှ မလုပ်ရင် ၂ယောက်လုံး အချင်းချင်း စိတ်ဒဏ်ရာတွေ ဆက်ပေးနေမိမှာ

Jennie သူ့ကို မုန်းသွားမှာလည်း မလိုလားသလို Jennie ကိုလည်း မမုန်းပစ်လိုက်ချင်ဘူး

" ရုတ်တရက်ကြီး မဟုတ်ဘူး .. "

" ကောင်းပြီးလေ လမ်းခွဲကြမယ်
Unnie ပြောသလို ငါလည်း ပင်ပန်းနေပြီးမလို့ လမ်းခွဲကြတာပေါ့ "

Jennie လည်း ပင်ပန်းနေပြီးမလို့ ထွက်သွားချင်နေတဲ့ Jisoo ကို ဆက်ပြီး မဆွဲထားချင်တော့ဘူး ဒီလောက်နဲ့ ရပ်လိုက်တာက သူတို့တွေ အကောင်းဆုံးဖြစ်မယ်ထင်ရတာပဲလေ

.
.
.

TBC 》 》》

Continue lendo

Você também vai gostar

511 19 5
Не сполярю иди читай ☺️🤔по секрету скажу здесь про Лерку и давидика🤫(бай бай)
4.1K 574 7
ပိုင်ရှင်ရှိတဲ့ အလှလေးကိုမှချစ်မိလေတော့......
4.8M 118K 45
Lalisa Manoban An agent, and not just a simple agent mind you. She's the cream of the top, the best of the best, give her a mission and expect a 100%...