『Unicode』
အခန်း ( ၃၈ ) : ဉာဉ့်နှောင်းပိုင်း ဖုန်းခေါ်ဆိုမှု
※※※※※※※※※※※※※※※※※※※※
ဒေါက်တာက ကျန်းကျွယ်အား ခန္ဓာကိုယ်အခြေအနေအားလုံး တည်ငြိမ်သွားသည်အထိ စောင့်ပြီးမှ ဆေးရုံကဆင်းရန်အကြံပြုလာ၍ သူဟာ အထူးကြပ်မတ်ဆောင်တွင် လဝက်မျှ နေထိုင်ခဲ့သည်။
အဆိုပါရက်များ၏ ညဘက်များတွင် သူ့အမေက အထူးကြပ်မတ်ဆောင်ရှိ တခြားအိပ်ခန်းတွင် သူနှင့်အတူနေပေးပြီး သူ့အဖေကတော့ သူထွက်ရလျှင်ရသလို သူနှင့်လာနေပေးလေ့ရှိသည်။
ကျန်းကျွယ်၏ ကျန်းမာရေးပြန်ကောင်းလာသည်နှင့်အမျှ ချန်ပေါ်ချောင်၏ ဖုန်းခေါ်ချိန်ကလည်း တဖြည်းဖြည်းမူသေဖြစ်လာ၏။ အမြဲလိုလို ညနေခင်း ကိုးနာရီ ဝန်းကျင်တွင်ဖြစ်ပြီး စကားဝိုင်းက တစ်ခါတစ်ရံ ရှည်တတ်ကာ ရံဖန်ရံခါမှာတော့ တိုတောင်းသည့်တိုင် နေ့စဉ်နေ့တိုင်းတော့ ဖုန်းပြောဖြစ်ကြလေသည်။
ချန်ပေါ်ချောင်တစ်ယောက် မိသားစုအတွင်း ကြီးကြီးမားမား ပြောင်းလဲမှုကြောင့် တာဝန်ထမ်းဆောင်ခြင်းမှအငြိမ်းစားယူရန် လျှောက်ထားခဲ့ပြီဖြစ်ကြောင်း မီဒီယာထံ မရောက်မီ ကျန်းကျွယ်က နှစ်ရက်ကြို၍သိခဲ့ရ၏။
မီဒီယာများနှင့် ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ကြသော အာရှပြည်ထောင်စုနိုင်ငံသားများနှင့်စာလျှင် ချန်ပေါ်ချောင်က အလွန်အေးဆေးနေဟန်ပေါ်သည်။
သူက ကျန်းကျွယ်ကို အငြိမ်းစားယူရန် လျှောက်ထားခဲ့ပြီး သူ့အဖေ၏ကော်ပိုရေးရှင်းမှာ လိုအပ်သည့်ကိစ္စများကိုကိုင်တွယ်နေကြောင်းသာ ပြောပြခဲ့၏။ အခြေကျသွားပါက သူ ရွေးကောက်ပွဲ ဝင်မည်ဖြစ်သည်။ချန်ပေါ်ချောင်၏သီးသန့် အခြေအနေကြောင့် လာမည့်၆လအတွင်း စစ်တပ်သို့ပြန်၍ တာဝန်ထမ်းရွက်စရာမလိုအပ်သည့်တိုင် သူ၏ ဗိုလ်မှုးဟူသော အဆင့်ကြောင့် အငြိမ်းစားယူရန်လျှောက်ထားခြင်းက နှစ်ဝက်နီးပါးကြာမြင့်မည်ဖြစ်၏။ နိုင်ငံရပ်ခြားသွားသည့်အခါ ခရီးစဉ်ကို အထက်လူကြီးများသို့ သတင်းပို့ဖို့ လိုအပ်နေတုန်းဖြစ်၍ ကျန်းကျွယ်နှင့် တွေ့ဖို့ရာ သိပ် အဆင်မပြေသေးပေ။
ကျန်းကျွယ်က မှန်တယ်ထင်သဖြင့် ကန့်ကွက်စရာမရှိခဲ့။
ဆေးရုံမှမဆင်းမီည၌ ဒေါက်တာက ကျန်းကျွယ်ထံရောက်လာပြီး နောက်ဆုံးဆေးလဲပေး၏။ သူ အဆောင်ထဲမှ ထွက်သွားသည်နှင့် စောင်နံဘေးရှိ ကျန်းကျွယ်၏ ဖုန်းကတုန်လာပါသည်။
အကိုက်အခဲပျောက်ဆေးပေးခဲ့သည့်တိုင် ကျန်းကျွယ်၏ လည်ကုပ်မှာ တစစ်စစ်နှင့် နာကျင်နေဆဲဖြစ်သည်။ အရေပြားကိုကပ်နေသော ဆေးတိပ်က အလွန်တင်းနေသဖြင့် မသက်သာလှပေ။ သူ ကုတင်ပေါ်မှာ တင်ပျဉ်ခွေထိုင်၍ ဖုန်းဖြေမည်စိတ်ကူးလိုက်၏။ လက်ချောင်းများက ဖြေသည့်ခလုတ်ကို ထိရန်အပြု ရုတ်တရက် သိလိုက်ရသည်မှာ ချန်ပေါ်ချောင်ကသူ့ကိုဗွီဒီယိုခေါ်ဆိုမှု ပေးပို့လိုက်ခြင်းပင်။
ကျန်းကျွယ် လန့်သွားပြီး လက်က လေထဲတွင် တန့်လျက်။
သူ ချန်ပေါ်ချောင့်ကို မြင်ချင်သော်လည်း ချန်ပေါ်ချောင့်အတွက်မူ ဆေးရုံဝတ်စုံနှင့် သူ့ကို မမြင်စေချင်ပါချေ။
သူ ဖုန်းကို ချီတုံချတုံဖြင့်ကိုင်ထားရင်း မည်သို့လုပ်ရမလဲ ဝေခွဲမရဖြစ်နေခိုက် ၊ ဖုန်းကို သေချာမကိုင်မိပဲ မတော်တဆ ချသည့်ခလုတ်ကို ဖိကာ ချန်ပေါ်ချောင့်ခေါ်ဆိုမှုကို ဖြတ်တောက်လိုက်သည်။
သူ ပြန်မချိတ်ဆက်နိုင်ခင် ချန်ပေါ်ချောင်က ပုံမှန်ဖုန်းကောကို နောက်တစ်ကြိမ် ထပ်ခေါ်နေခဲ့ပြီပင်။
ကျန်းကျွယ် ကိုင်လိုက်သည်နှင့် ချန်ပေါ်ချောင်ကပြော၏ : " မင်း ငါ့ ဖုန်းကို ချပစ်လိုက်တယ် "
" မဟုတ်ဘူး။ ငါ ခလုတ်မှားနှိပ်မိလိုက်လို့ " ကျန်းကျွယ် မိမိကိုယ်ကို ခုခံဖို့ကြိုးစားမိသည်။
" တကယ်လား " ချန်ပေါ်ချောင်က ပွင့်လင်းစွာဆိုသည် : " ငါက မင်းငါ့ကို မမြင်ချင်ဘူးထင်လိုက်တာ "
ကျန်းကျွယ်ဘာမှ မပြောနိုင်သေးခင် ချန်ပေါ်ချောင်က ထပ်ဆိုသည် : " မနေ့က မင်း ပတ်တီးဖြည်မယ်လို့ ပြောခဲ့တယ်မလား ? ဖြည်ပြီးတာတောင် ကြည့်လို့မရသေးဘူးလား ? "
" လည်ပင်းပတ်ပတ်လည်က အပြင်လွှာကိုပဲ ဖြည်ရတာ။ " ကျန်းကျွယ် ပြောရင်း တုံ့ဆိုင်းစွာဖြင့် လက်မြှောက်၍လည်ကုပ်ရှိ ပတ်တီးထူထူကို ထိကြည့်လိုက်သည်။
" ပတ်တီးက အုပ်ထားရတုန်းပဲ " သူက ချန်ပေါ်ချောင့်ကို ပြောသည် : " မင်း အရှေ့ကဆို မြင်ရတယ် "
လွန်ခဲ့သည့် ဆယ်နှစ်ကျော်လောက်က ၊ သူဟာ Alpha ဂလင်းတွေကို ဦးရေမှ ခွဲ၍ မြင်သာသည့်အမာရွတ်များ မကျန်စေပဲ အောက်ဖက်ပိုင်းတွင် ထည့်သွင်းခဲ့သည်။သို့သော် ယခုတစ်ခါကတော့ ဂလင်း ဖယ်ခဲ့ရတာပင်။ အနီးရှိ Omegaဂလင်းတွေအပေါ် မထိခိုက်အောင် ကာကွယ်ရန် Alpha ဂလင်းများကို ၎င်း၏ ဘေးဖက်မှ ဖယ်ထုတ်ဖို့လိုအပ်၏။ ဒေါက်တာကခွဲစိတ်မှုတွင် အကျဉ်းတန်မည့် အမာရွတ်တစ်ခု ကျန်ခဲ့လိမ့်မည်ဖြစ်ကြောင်း ၊ လိုအပ်ပါက အမာရွတ်ဖျက်ရန် ပလပ်စတစ်ဆာဂျရီဆရာဝန်ကို သူ အကြံပြုပေးနိုင်ကြောင်း ကျန်းကျွယ်ကို ကြင်နာစွာ သတိပေးခဲ့သေးသည်။
ယခင်က ကျန်းကျွယ်သည် အဆိုပါကိစ္စမျိုးကို ဂရုမစိုက်ခဲ့သော်လည်း ယခုမူ အလှအပဆရာဝန်အား ဆက်သွယ်ရမည့်နံပါတ်ကို ယူခဲ့လေသည်။
ချန်ပေါ်ချောင်က ကျန်းကျွယ်ကို အတင်းအကျပ်မတိုက်တွန်းပေ။ သူက အကြောင်းအရာပြောင်းလိုက်ပြီး ကျန်းကျွယ်အား ဆေးရုံမဆင်းမီ စစ်ဆေးချက်ကော်ပီကို ပို့ပေးရန် တောင်းဆိုလာသည်။ သူ့ အတွင်းရေးမှူးက τ ကွဲပြားရေးပစ္စည်း ပရောဂျက်တွင် အလုပ်လုပ်သော ဆေးဘက်ဆရာဝန်နှင့် ဆက်သွယ်ထားပြီး သူ့ကိုလည်း အားလုံး အဆင်ပြေချောမွေ့သလားဟု ဖတ်ကြည့်ပေးဖို့ပြောထားကြောင်း ပြောပြလာခဲ့သည်။
ကျန်းကျွယ် သဘောတူလိုက်စဉ် သူ့အမေက လူနာဆောင်တံခါးကို ခေါက်၍ ဖွင့်ဝင်လာခဲ့၏။
သူ့အမေက လက်ထဲတွင်သာမိုမီတာတစ်ခု ကိုင်ထားခဲ့ပြီး ကျန်းကျွယ်ဖုန်းပြောနေသည်ကိုမြင်လျှင် မေးသည် : " ကျားရှီလား ? "
ကျန်းကျွယ် ဝန်လဲမခံသလို ငြင်းလဲမငြင်းသဖြင့် သူ့အမေက အိုက်ကျားရှီဟု အလိုလိုယုံသွား၏။သူမက ကျန်းကျွယ်ကုတင်ဘေးတွင် ထိုင်လိုက်ပြီး " အမေက ကိုယ်အပူတိုင်းမလို့ ၊ မင်းဆက်ပြောလို့ရတယ် "
သူမက ကျန်းကျွယ် နဖူးပေါ် သာမိုမီတာတင်ပြီး ခလုတ်ဖိလိုက်သည်။
မွန်းလွဲပိုင်းမှစ၍ ကျန်းကျွယ်တွင် အဖျားငွေ့ငွေ့ရှိနေ၏။ ဒေါက်တာ သိသွားလျှင် ၎င်းကဖယ်ရိုမုန်းပြောင်းလဲခြင်း၏သာမန်လက္ခဏာများဖြစ်ပြီး စိတ်ပူစရာမလိုကြောင်း ပြောခဲ့သည်။
သို့သော် ကျန်းကျွယ်အမေက စိတ်ပူနေဆဲပင်။ ခဏကြာတိုင်း သူမက သာမိုမီတာနှင့်ရောက်လာတတ်ပြီး ကိုယ်အပူချိန်တိုင်းပေး၏။
သာမိုမီတာက အဝါရောင်လေးလင်းသွားလျက်။သူမ ကောက်ကြည့်လိုက်လျှင် ၃၇.၉ဒီဂရီဖြစ်နေဆဲပင်။ သူမက ပူပန်စွာသက်ပြင်းချလျက် ဆိုသည် : " ဘာလို့ မကျသေးတာပါလိမ့် "
ထို့နောက် သူမက ကျန်းကျွယ် ပါးပေါ်လက်တင်စမ်းလိုက်ပြီး : " မျက်နှာကလဲ နည်းနည်းနွေးနေသေးတယ် "
ကျန်းကျွယ်က သူ့အမေကို ကြည့်ပြီး ရိုးသားစွာဆို၏ : " အဆောင်ထဲက ဟိဒ်တာက အရမ်းမြင့်နေလို့ မျက်နှာက ပူနေတာ"
" မမြင့်ပါဘူး " သူ့အမေက တိုးလျစွာဆိုသည်။
" ကျားရှီက နေ့ခင်းတုန်းကပဲ လာသွားတယ်မလား ? ညကျလဲ ဖုန်းပြောကြသေးတယ် ? "
သူမက ဖုန်းကိုင်ထားသော ကျန်းကျွယ်လက်ကို တစ်ချက်ကြည့်၍ ငုံ့ပြီး သာမိုမီတာကိုပိတ်လျက် ကျန်းကျွယ်ကိုပြောသည် : " စောစောအိပ် "
ထွက်မသွားခင် ကျန်းကျွယ် ကုတင်ဘေးက မီးအိမ်ကိုလည်း အလင်းလျှော့ပေးသွားသည်။
တံခါးပိတ်သွားသော် ချန်ပေါ်ချောင်က စက္ကန့်ပိုင်းမျှ တိတ်နေခဲ့ပြီးမှ ကျန်းကျွယ်ကို မေးသည် " မင်း အဖျားရှိနေတာလား? "
" အဖျားက ငွေ့ငွေ့လေးပါ " ကျန်းကျွယ် ချန်ပေါ်ချောင်ကို ပြောလိုက်သည်။ " ဒေါက်တာက ဖယ်ရိုမုန်း အပြောင်းအလဲကြောင့် ဖြစ်တာလို့ ပြောတယ်။ မနက်ဖြန် ၊ သဘက်ခါလောက်ဆို အဖျားကျသွားမှာပါ "
" အဖျားငွေ့ငွေ့ကလဲ အဖျားပဲ " ချန်ပေါ်ချောင်က ထောက်ပြလိုက်၏။
ကျန်းကျွယ်တစ်ယောက် ခွန်းတုံ့ပြန်မလာတော့ပဲ တိတ်သွားသည်။
သူသည် သူ၏ အရိုးပေါ်အရေတင်လက်နှင့် ဆေးရုံဝတ်စုံ အပြင်တွင် ပေါ်နေသော လက်ဖျံပိုင်းကို ကြည့်လိုက်မိသည်။သူလက်မြှောက်၍ အခန်းတွင်းရှိ မီးအားလုံးကို ပိတ်လိုက်၏။ကျန်းကျွယ်သည် အရပ်ရှည်ပြီး ပိန်ပါးပြီးသားဖြစ်သည့်တိုင်ခွဲစိတ်အပြီးတွင် သူဟာ ပိုလို့တောင် ကြောက်စရာကောင်းလောက်အောင် ပိန်လာခဲ့သည်။ ရေချိုးချိန်ဆို သူ့ကိုယ်သူပင်မှန်ထဲမှာ မကြည့်ဝံ့ပေ။ မျက်လုံးစွန်မှသည် သူ နှစ်သက်ဖွယ်မကောင်းတော့ပြီမှန်း သတိပြုမိသည်။
မီးပိတ်ပြီးသည်နှင့် သူ ကုတင်မှာလှဲလျက် ဘေးတိုက်ကွေးပြီး နားကြပ်တပ်လိုက်ကာ ပြင်သစ်ပြတင်းပေါက်ကိုမျှော်ကြည့်နေလိုက်၏။
အနည်းဆုံးတော့ ချန်ပေါ်ချောင် ယခု သူ့ကို မတွေ့နိုင်ခဲ့ပေ။ ကျန်းကျွယ်တွေးမိသည်။
တစ်ခါတလေ၌ သူနှင့် ချန်ပေါ်ချောင်တို့၏ ထိုင်းနိုင်ငံတွင် ရှိခဲ့သော နေ့ရက်များက မျက်စိရှေ့မှောက်မှာ ရှိသလိုဖြစ်ခဲ့သည့်တိုင် တစ်ခါတရံ၌ အိပ်မက်လိုခံစားရသည်။
ခွဲစိတ်စဉ်က မေ့ဆေးမပေးမီ ကျန်းကျွယ်မျက်လုံးမှိတ်လိုက်သောအခါ သူ နောက်ဆုံး သတိရမိသည့်အရာမှာ Safe Houseတွင် သူနှင့်ချန်ပေါ်ချောင်တို့ နေ့ခင်းကြောင်တောင် ချစ်တင်းနှောခဲ့ကြသော ထို့နေ့ကိုပင်။
နေရောင်က လိုက်ကာအဟကြားမှ လင်းဖြာနေပြီး လေထဲတွင် ဖုန်နှင့်အမှုန်အမွှားများ လွင့်မျောနေသည်ကို ပေါ်လွင်စေသည်။ဆည်းဆာချိန် နီးကပ်လာပြီဖြစ်သည့် နေမင်းက သိပ်မလင်းတော့ပဲ အိပ်မက်ချိုချိုလေးထဲတွင် မြင်ရတတ်သည့် အလင်းတန်းပမာ ကတ္တီပါရောင်လဲ့လဲ့နှင့် တောက်ပနေခဲ့၏။
သူတို့တွေ သုံးထပ်မှာ ချစ်တင်းနှောခဲ့ကြ၏။ မှန်ပြတင်းက အသံမလုံသဖြင့် အောက်ထပ်ရှိ စက်ဘီးစီးသွားသော ဖြတ်သွားဖြတ်လာတို့၏ အသံတွေက အလွန်နီးကပ်နေလျက်။မြို့စွန်မှာနေထိုင်ကြသူ ဒေသခံများက ထိုင်းဘာသာဖြင့်ပြောဆို၊ရယ်မောနေကြပြီး စက်ဘီးနှင့် လျှပ်စစ်စက်ဘီးများ၏ စူးရှရှဘဲလ်သံတို့က ရှင်းလင်းနေခဲ့သည်။
ချန်ပေါ်ချောင်၏ ချွေးရွှဲနေသော ချောကျိကျိအရေပြားက ကျန်းကျွယ်နှင့် ကပ်နေပြီး ကျန်းကျွယ်မှာ ထင်းရှုးနှင့်ပင်လယ်ဆားရနံ့ ၊ အခန်း၏ မွှေးရနံ့ ၊ မိမိကိုယ်တိုင်၏ ရနံ့တို့ကို ရနေခဲ့သည်။ယင်းသည် လွမ်းမောရိပ်စွက်ပြီး စိတ်လွတ်လက်လွတ်ဖြစ်စေခဲ့သည့် ကာမဆက်ဆံမှုပင်။
ထိုင်းနိုင်ငံ၏ ပျားပန်းခပ်နေသော လမ်းကြားများနှင့် မတူစွာ ကျန်းကျွယ်မွေးဖွားခဲ့သောနေရာကတော့ ခေတ်မီ ဖွံ့ဖြိုး၏။အတွင်းလူနာဌာန၏ ၂၁လွှာရှိ အထူးစောင့်ရှောက်ဆောင်မှ လှမ်းမျှော်ကြည့်လျှင် ရှုပ်ထွေးနေသော ယာဉ်သွားယာဉ်လာတန်းကြီး ၊ အိမ်နှင့်အဆောက်အဦးများမှ အသင်္ချေမက မီးရောင်များအပါအဝင် မြို့တော်တောင်ပိုင်းတစ်ဝက်လောက်၏ညမြင်ကွင်းကို မြင်နိုင်ပေသည်။
ချန်ပေါ်ချောင့်ဘက်က မည်သည့်စကားသံမှ လွတ်မသွားရန် ကျန်းကျွယ် မျက်လုံးမှိတ်ထားပြီး ငြိမ်ငြိမ်လေး နားထောင်နေလိုက်၏။
ချန်ပေါ်ချောင့်ဘက်တွင် တစ်စုံတစ်ယောက်က သူ့ကို ခေါ်လိုက်သည်။ သူက ကျန်းကျွယ်ကို စောင့်ဖို့ပြော၍ တစ်ဖက်လူအား စကားအနည်းငယ်ပြောလိုက်ပြီးမှ ကျန်းကျွယ်၏ နာမည်ကို ပြန်ခေါ်လာခဲ့သည်။
ကျန်းကျွယ်က အလွန်တိုးညှင်းသော နှာသံလေးဖြင့် ဘာလဲဟု တုံ့ပြန်လ်ိုက်၏။
ချန်ပေါ်ချောင် ရုတ်ခြည်း ရပ်သွားခဲ့သည်။ ခဏအကြာမှ သူပြောလာသည်က : " နောက်တစ်ပတ်....."
သူသည် စက္ကန့်ပိုင်းလောက် ရပ်နေပြီးမှ ဆက်သည် : " နောက်တစ်ပတ်ကျရင် ငါ မြောက်အမေရိကက ကျောက်ဟွားဌာနခွဲကို လေးရက်သွားနေရမယ်။ ဒါပေမယ့် ဒီတစ်ခေါက်တော့ ငါ သမ္မတနိုင်ငံသစ်ကို မလာနိုင်သေးဘူး။ ကျောက်ဟွားရဲ့သမ္မတနိုင်ငံသစ်စီးပွားရေးတွေအားလုံး မြောက်အမေရိကကို ရွှေ့ထားတာမို့လို့ "
ကျန်းကျွယ် ဆတ်ခနဲ့ မျက်လုံးတွေဖွင့်လိုက်မိရာ လှုပ်ရှားမှုက လည်ပင်းကြွက်သားထံ သက်ရောက်သွား၍ တစစ်စစ်နှင့်နာကျင်လာ၏။
သူ ကုတင်လက်ရန်းကိုဆုပ်ပြီး နာကျင်မှုကို သည်းခံလိုက်မိသည်။ သူတွေးမိနေသည်မှာ ချန်ပေါ်ချောင်က မြောက်အမေရိကသို့ သွားမည်ကိုပင်။
" ငါ.... " သူဟာ ငါမြောက်အမေရိကကို အမြန်ဆုံးလာခဲ့မည်ဟု ပြောလိုက်ချင်ပါသော်လည်း ရုတ်တရက် သူ့မိဘများကလတ်တလောမှာ သူ့ကို အများကြီး ကန့်သတ်ထားတာကို သတိရသွား၏။ သူ တုံ့ဆိုင်းစွာဖြင့် ချန်ပေါ်ချောင့်ကို ပြောလိုက်သည် : " နောက်တစ်ပတ်ကျရင် ငါ့မိဘအိမ်မှာပဲ နေရဦးမှာ။ သူတို့က ငါ့ကိုမလွှတ်လောက်ဘူး "
" ငါမင်းကို လာခဲ့ဖို့ပြောတာမဟုတ်ပါဘူးကွာ " ချန်ပေါ်ချောင်က ကျွဲမြီးတိုသွားသလို ရယ်မောလိုက်ပြီး သူ့လေသံက ကျန်းကျွယ်အား ရှင်းပြပေးနေသကဲ့သို့ပင် : " မင်း အရမ်းတွေးနေပြန်ပြီ "
" မင်းက အခုမှ ခွဲစိတ်ပြီးထားတာလေ ဒါကြောင့် လျှောက်မသွားရဘူး " သူကပြောသည် : " ငါမင်းကို ခရီးစဉ်တစ်ခုလုံးပြောပြမှာမို့ ငါ ဘယ်ရောက်နေလဲ မင်းသိမှာပါ။ "
ကျန်းကျွယ်မှာ ကြောင်အမ်းသွားပြီးမှ စိတ်မပါစွာဖြင့် ပြောလိုက်သည် : " အို့ အဲ့လိုလား "
ထို့နောက် ချန်ပေါ်ချောင်က လည်ချောင်းရှင်း၍ ပုံမှန်ထက် နူးညံ့သည့်လေသံဖြင့် မေးလာတာကို သူကြားလိုက်ရ၏ : " ကျန်းကျွယ် မင်း ငါ့ကို တကယ် တွေ့ချင်နေတာလား ? "
မျက်နှာမမြင်ရသော်လည်း ကျန်းကျွယ်မှာ အနည်းငယ်ရှက်မိနေဆဲပင်။ သူနှုတ်ခမ်းလေးတွေစေ့သွားပြီး : " တွေ့ချင်တယ် "
" ဟုတ်လို့လား ? " ချန်ပေါ်ချောင်က ရယ်မြူးသံဖြင့်ဆိုသည်။
ကျန်းကျွယ်မှာ အခန်းတွင်း အပူချိန်က တကယ် မြင့်လာသလို ခံစားရ၏။ သူ ပြန် ထထိုင်လိုက်၍ ဖုန်းကို ဆုပ်ထားရင်းမျက်လွှာချကာ " အွန်း " ဟူ၍ အသံလေးပြု၍ ဆိုသည် : " ငါ အခုတကယ် မင်းကို တွေ့ချင်တယ် "
ကျန်းကျွယ်သည် စကားမပြောတတ်သဖြင့် ချိုမြိန် ရိုမန့်တစ်ဆန်သော စကားများကိုလဲ မဆိုတတ်ပေ။ သို့သော် သူ ချန်ပေါ်ချောင့်ကို ပြောပြချင်တုန်းပင်။
ချန်ပေါ်ချောင်က ခပ်သဲ့သဲ့ ရယ်လိုက်ပေမယ့် ကျန်းကျွယ်ကြားရပါ၏။
" အခုမှ တစ်လကျော်ပဲ ရှိသေးတယ်လေကွာ " ချန်ပေါ်ချောင်က ဆိုသည် " လိလိမ္မာမ္မာလေးနဲ့ ငါ့ကို စောင့်နေပေးပါလို့တောင်းဆိုထားတယ်မလား ? "
ချန်ပေါ်ချောင်၏ အသံမှာ အလွန်ဩရှ၍ ညင်သာနေသောကြောင့် ကျန်းကျွယ်ကဲ့သို့ အိပ်မက်မမက်ချင်သောသူပင်မတတ်သာပဲ ထပ်မံချစ်ကျွမ်းဝင်မိသွားစေ၏။
ကျန်းကျွယ်: " ငါတောင်းပန်ပါတယ် "
ထိုသို့ပြောပြီးမှ လွန်ခဲ့သောရက်များက သူသိခဲ့ရသည်ကို အမှတ်ရမိသွား၏။ ချန်ပေါ်ချောင်က သူ တောင်းပန်သည်ကိုသဘောမတွေ့ပုံရသည့်တိုင် သူပြောသမျှတိုင်းကို မငြင်းတတ်ကြောင်းကိုပါပင်။
" ကိစ္စမရှိပါဘူး " ဤတစ်ကြိမ်တွင်တော့ ချန်ပေါ်ချောင်က သူနှင့် ငြင်းခုံမလာတော့ပဲ ဆိုလာပါ၏ : " ငါလည်း မင်းကိုတွေ့ချင်နေတာပါ "
________________________________________________________________________________
『Zawgyi』
အခန္း ( ၃၈ ) : ဉာဉ့္ေႏွာင္းပိုင္း ဖုန္းေခၚဆိုမွု
※※※※※※※※※※※※※※※※※※※※
ေဒါက္တာက က်န္းကၽြယ္qအား ခႏၶာကိုယ္အေျခအေနအားလုံး တည္ၿငိမ္သြားသည္အထိ ေစာင့္ၿပီးမွ ေဆး႐ုံကဆင္းရန္ အႀကံျပဳလာ၍ သူဟာ အထူးၾကပ္မတ္ေဆာင္တြင္ လဝက္မၽွ ေနထိုင္ခဲ့သည္။
အဆိုပါရက္မ်ား၏ ညဘက္မ်ားတြင္ သူ႔အေမက အထူးၾကပ္မတ္ေဆာင္ရွိ တျခားအိပ္ခန္းတြင္ သူႏွင့္အတူေနေပးၿပီး သူ႔အေဖကေတာ့ သူထြက္ရလၽွင္ရသလို သူႏွင့္လာေနေပးေလ့ရွိသည္။
က်န္းကၽြယ္၏ က်န္းမာေရးျပန္ေကာင္းလာသည္ႏွင့္အမၽွ ခ်န္ေပၚေခ်ာင္၏ ဖုန္းေခၚခ်ိန္ကလည္း တျဖည္းျဖည္းမူေသျဖစ္လာ၏။ အျမဲလိုလို ညေနခင္း ကိုးနာရီ ဝန္းက်င္တြင္ျဖစ္ၿပီး စကားဝိုင္းက တစ္ခါတစ္ရံ ရွည္တတ္ကာ ရံဖန္ရံခါမွာေတာ့ တိုေတာင္းသည့္တိုင္ ေန႔စဥ္ေန႔တိုင္းေတာ့ ဖုန္းေျပာျဖစ္ၾကေလသည္။
ခ်န္ေပၚေခ်ာင္တစ္ေယာက္ မိသားစုအတြင္း ႀကီးႀကီးမားမား ေျပာင္းလဲမွုေၾကာင့္ တာဝန္ထမ္းေဆာင္ျခင္းမွအၿငိမ္းစားယူရန္ ေလၽွာက္ထားခဲ့ၿပီျဖစ္ေၾကာင္း မီဒီယာထံ မေရာက္မီ က်န္းကၽြယ္က ႏွစ္ရက္ႀကိဳ၍သိခဲ့ရ၏။
မီဒီယာမ်ားႏွင့္ ျပင္းျပင္းထန္ထန္ တုံ႔ျပန္ခဲ့ၾကေသာ အာရွျပည္ေထာင္စုနိုင္ငံသားမ်ားႏွင့္စာလၽွင္ ခ်န္ေပၚေခ်ာင္က အလြန္ေအးေဆးေနဟန္ေပၚသည္။
သူက က်န္းကၽြယ္ကို အၿငိမ္းစားယူရန္ ေလၽွာက္ထားခဲ့ၿပီး သူ႔အေဖ၏ေကာ္ပိုေရးရွင္းမွာ လိုအပ္သည့္ကိစၥမ်ားကို ကိုင္တြယ္ေနေၾကာင္းသာ ေျပာျပခဲ့၏။ အေျခက်သြားပါက သူ ေရြးေကာက္ပြဲ ဝင္မည္ျဖစ္သည္။ခ်န္ေပၚေခ်ာင္၏ သီးသန႔္ အေျခအေနေၾကာင့္ လာမည့္၆လအတြင္း စစ္တပ္သို႔ျပန္၍ တာဝန္ထမ္းရြက္စရာမလိုအပ္သည့္တိုင္ သူ၏ ဗိုလ္မွုးဟူေသာ အဆင့္ေၾကာင့္ အၿငိမ္းစားယူရန္ေလၽွာက္ထားျခင္းက ႏွစ္ဝက္နီးပါးၾကာျမင့္မည္ျဖစ္၏။ နိုင္ငံရပ္ျခားသြားသည့္အခါ ခရီးစဥ္ကို အထက္လူႀကီးမ်ားသို႔ သတင္းပို႔ဖို႔ လိုအပ္ေနတုန္းျဖစ္၍ က်န္းကၽြယ္ႏွင့္ ေတြ႕ဖို႔ရာ သိပ္ အဆင္မေျပေသးေပ။
က်န္းကၽြယ္က မွန္တယ္ထင္သျဖင့္ ကန႔္ကြက္စရာမရွိခဲ့။
ေဆး႐ုံမွမဆင္းမီည၌ ေဒါက္တာက က်န္းကၽြယ္ထံေရာက္လာၿပီး ေနာက္ဆုံးေဆးလဲေပး၏။ သူ အေဆာင္ထဲမွ ထြက္သြားသည္ႏွင့္ ေစာင္နံေဘးရွိ က်န္းကၽြယ္၏ ဖုန္းကတုန္လာပါသည္။
အကိုက္အခဲေပ်ာက္ေဆးေပးခဲ့သည့္တိုင္ က်န္းကၽြယ္၏ လည္ကုပ္မွာ တစစ္စစ္ႏွင့္ နာက်င္ေနဆဲျဖစ္သည္။ အေရျပားကိုကပ္ေနေသာ ေဆးတိပ္က အလြန္တင္းေနသျဖင့္ မသက္သာလွေပ။ သူ ကုတင္ေပၚမွာ တင္ပ်ဥ္ေခြထိုင္၍ ဖုန္းေျဖမည္ စိတ္ကူးလိုက္၏။ လက္ေခ်ာင္းမ်ားက ေျဖသည့္ခလုတ္ကို ထိရန္အျပဳ ႐ုတ္တရက္ သိလိုက္ရသည္မွာ ခ်န္ေပၚေခ်ာင္က သူ႔ကိုဗြီဒီယိုေခၚဆိုမွု ေပးပို႔လိုက္ျခင္းပင္။
က်န္းကၽြယ္ လန႔္သြားၿပီး လက္က ေလထဲတြင္ တန႔္လ်က္။
သူ ခ်န္ေပၚေခ်ာင့္ကို ျမင္ခ်င္ေသာ္လည္း ခ်န္ေပၚေခ်ာင့္အတြက္မူ ေဆး႐ုံဝတ္စုံႏွင့္ သူ႔ကို မျမင္ေစခ်င္ပါေခ်။
သူ ဖုန္းကို ခ်ီတုံခ်တုံျဖင့္ကိုင္ထားရင္း မည္သို႔လုပ္ရမလဲ ေဝခြဲမရျဖစ္ေနခိုက္ ၊ ဖုန္းကို ေသခ်ာမကိုင္မိပဲ မေတာ္တဆ ခ်သည့္ခလုတ္ကို ဖိကာ ခ်န္ေပၚေခ်ာင့္ေခၚဆိုမွုကို ျဖတ္ေတာက္လိုက္သည္။
သူ ျပန္မခ်ိတ္ဆက္နိုင္ခင္ ခ်န္ေပၚေခ်ာင္က ပုံမွန္ဖုန္းေကာကို ေနာက္တစ္ႀကိမ္ ထပ္ေခၚေနခဲ့ၿပီပင္။
က်န္းကၽြယ္ ကိုင္လိုက္သည္ႏွင့္ ခ်န္ေပၚေခ်ာင္ကေျပာ၏ : " မင္း ငါ့ ဖုန္းကို ခ်ပစ္လိုက္တယ္ "
" မဟုတ္ဘူး။ ငါ ခလုတ္မွားႏွိပ္မိလိုက္လို႔ " က်န္းကၽြယ္ မိမိကိုယ္ကို ခုခံဖို႔ႀကိဳးစားမိသည္။
" တကယ္လား " ခ်န္ေပၚေခ်ာင္က ပြင့္လင္းစြာဆိုသည္ : " ငါက မင္းငါ့ကို မျမင္ခ်င္ဘူးထင္လိုက္တာ "
က်န္းကၽြယ္ဘာမွ မေျပာနိုင္ေသးခင္ ခ်န္ေပၚေခ်ာင္က ထပ္ဆိုသည္ : " မေန႔က မင္း ပတ္တီးျဖည္မယ္လို႔ ေျပာခဲ့တယ္မလား ? ျဖည္ၿပီးတာေတာင္ ၾကည့္လို႔မရေသးဘူးလား ? "
" လည္ပင္းပတ္ပတ္လည္က အျပင္လႊာကိုပဲ ျဖည္ရတာ။ " က်န္းကၽြယ္ ေျပာရင္း တုံ႔ဆိုင္းစြာျဖင့္ လက္ေျမႇာက္၍ လည္ကုပ္ရွိ ပတ္တီးထူထူကို ထိၾကည့္လိုက္သည္။
" ပတ္တီးက အုပ္ထားရတုန္းပဲ " သူက ခ်န္ေပၚေခ်ာင့္ကို ေျပာသည္ : " မင္း အေရွ႕ကဆို ျမင္ရတယ္ "
လြန္ခဲ့သည့္ ဆယ္ႏွစ္ေက်ာ္ေလာက္က ၊ သူဟာ Alpha ဂလင္းေတြကို ဦးေရမွ ခြဲ၍ ျမင္သာသည့္အမာရြတ္မ်ား မက်န္ေစပဲ ေအာက္ဖက္ပိုင္းတြင္ ထည့္သြင္းခဲ့သည္။သို႔ေသာ္ ယခုတစ္ခါကေတာ့ ဂလင္း ဖယ္ခဲ့ရတာပင္။ အနီးရွိ Omegaဂလင္းေတြအေပၚ မထိခိုက္ေအာင္ ကာကြယ္ရန္ Alpha ဂလင္းမ်ားကို ၎၏ ေဘးဖက္မွ ဖယ္ထုတ္ဖို႔လိုအပ္၏။ ေဒါက္တာက ခြဲစိတ္မွုတြင္ အက်ဥ္းတန္မည့္ အမာရြတ္တစ္ခု က်န္ခဲ့လိမ့္မည္ျဖစ္ေၾကာင္း ၊ လိုအပ္ပါက အမာရြတ္ဖ်က္ရန္ ပလပ္စတစ္ဆာဂ်ရီဆရာဝန္ကို သူ အႀကံျပဳေပးနိုင္ေၾကာင္း က်န္းကၽြယ္ကို ၾကင္နာစြာ သတိေပးခဲ့ေသးသည္။
ယခင္က က်န္းကၽြယ္သည္ အဆိုပါကိစၥမ်ိဳးကို ဂ႐ုမစိုက္ခဲ့ေသာ္လည္း ယခုမူ အလွအပဆရာဝန္အား ဆက္သြယ္ရမည့္နံပါတ္ကို ယူခဲ့ေလသည္။
ခ်န္ေပၚေခ်ာင္က က်န္းကၽြယ္ကို အတင္းအက်ပ္မတိုက္တြန္းေပ။ သူက အေၾကာင္းအရာေျပာင္းလိုက္ၿပီး က်န္းကၽြယ္အား ေဆး႐ုံမဆင္းမီ စစ္ေဆးခ်က္ေကာ္ပီကို ပို႔ေပးရန္ ေတာင္းဆိုလာသည္။ သူ႔ အတြင္းေရးမွူးက τ ကြဲျပားေရးပစၥည္း ပေရာဂ်က္တြင္ အလုပ္လုပ္ေသာ ေဆးဘက္ဆရာဝန္ႏွင့္ ဆက္သြယ္ထားၿပီး သူ႔ကိုလည္း အားလုံး အဆင္ေျပေခ်ာေမြ႕သလားဟု ဖတ္ၾကည့္ေပးဖို႔ေျပာထားေၾကာင္း ေျပာျပလာခဲ့သည္။
က်န္းကၽြယ္ သေဘာတူလိုက္စဥ္ သူ႔အေမက လူနာေဆာင္တံခါးကို ေခါက္၍ ဖြင့္ဝင္လာခဲ့၏။
သူ႔အေမက လက္ထဲတြင္သာမိုမီတာတစ္ခု ကိုင္ထားခဲ့ၿပီး က်န္းကၽြယ္ဖုန္းေျပာေနသည္ကိုျမင္လၽွင္ ေမးသည္ : " က်ားရွီလား ? "
က်န္းကၽြယ္ ဝန္လဲမခံသလို ျငင္းလဲမျငင္းသျဖင့္ သူ႔အေမက အိုက္က်ားရွီဟု အလိုလိုယုံသြား၏။သူမက က်န္းကၽြယ္ကုတင္ေဘးတြင္ ထိုင္လိုက္ၿပီး " အေမက ကိုယ္အပူတိုင္းမလို႔ ၊ မင္းဆက္ေျပာလို႔ရတယ္ "
သူမက က်န္းကၽြယ္ နဖူးေပၚ သာမိုမီတာတင္ၿပီး ခလုတ္ဖိလိုက္သည္။
မြန္းလြဲပိုင္းမွစ၍ က်န္းကၽြယ္တြင္ အဖ်ားေငြ႕ေငြ႕ရွိေန၏။ ေဒါက္တာ သိသြားလၽွင္ ၎ကဖယ္ရိုမုန္းေျပာင္းလဲျခင္း၏ သာမန္လကၡဏာမ်ားျဖစ္ၿပီး စိတ္ပူစရာမလိုေၾကာင္း ေျပာခဲ့သည္။
သို႔ေသာ္ က်န္းကၽြယ္အေမက စိတ္ပူေနဆဲပင္။ ခဏၾကာတိုင္း သူမက သာမိုမီတာႏွင့္ေရာက္လာတတ္ၿပီး ကိုယ္အပူခ်ိန္တိုင္းေပး၏။
သာမိုမီတာက အဝါေရာင္ေလးလင္းသြားလ်က္။သူမ ေကာက္ၾကည့္လိုက္လၽွင္ ၃၇.၉ဒီဂရီျဖစ္ေနဆဲပင္။ သူမက ပူပန္စြာ သက္ျပင္းခ်လ်က္ ဆိုသည္ : " ဘာလို႔ မက်ေသးတာပါလိမ့္ "
ထို႔ေနာက္ သူမက က်န္းကၽြယ္ ပါးေပၚလက္တင္စမ္းလိုက္ၿပီး : " မ်က္ႏွာကလဲ နည္းနည္းေႏြးေနေသးတယ္ "
က်န္းကၽြယ္က သူ႔အေမကို ၾကည့္ၿပီး ရိုးသားစြာဆို၏ : " အေဆာင္ထဲက ဟိဒ္တာက အရမ္းျမင့္ေနလို႔ မ်က္ႏွာက ပူေနတာ "
" မျမင့္ပါဘူး " သူ႔အေမက တိုးလ်စြာဆိုသည္။
" က်ားရွီက ေန႔ခင္းတုန္းကပဲ လာသြားတယ္မလား ? ညက်လဲ ဖုန္းေျပာၾကေသးတယ္ ? "
သူမက ဖုန္းကိုင္ထားေသာ က်န္းကၽြယ္လက္ကို တစ္ခ်က္ၾကည့္၍ ငုံ႔ၿပီး သာမိုမီတာကိုပိတ္လ်က္ က်န္းကၽြယ္ကို ေျပာသည္ : " ေစာေစာအိပ္ "
ထြက္မသြားခင္ က်န္းကၽြယ္ ကုတင္ေဘးက မီးအိမ္ကိုလည္း အလင္းေလၽွာ့ေပးသြားသည္။
တံခါးပိတ္သြားေသာ္ ခ်န္ေပၚေခ်ာင္က စကၠန႔္ပိုင္းမၽွ တိတ္ေနခဲ့ၿပီးမွ က်န္းကၽြယ္ကို ေမးသည္ " မင္း အဖ်ားရွိေနတာလား ? "
" အဖ်ားက ေငြ႕ေငြ႕ေလးပါ " က်န္းကၽြယ္ ခ်န္ေပၚေခ်ာင္ကို ေျပာလိုက္သည္။ " ေဒါက္တာက ဖယ္ရိုမုန္း အေျပာင္းအလဲေၾကာင့္ ျဖစ္တာလို႔ ေျပာတယ္။ မနက္ျဖန္ ၊ သဘက္ခါေလာက္ဆို အဖ်ားက်သြားမွာပါ "
" အဖ်ားေငြ႕ေငြ႕ကလဲ အဖ်ားပဲ " ခ်န္ေပၚေခ်ာင္က ေထာက္ျပလိုက္၏။
က်န္းကၽြယ္တစ္ေယာက္ ခြန္းတုံ႔ျပန္မလာေတာ့ပဲ တိတ္သြားသည္။
သူသည္ သူ၏ အရိုးေပၚအေရတင္လက္ႏွင့္ ေဆး႐ုံဝတ္စုံ အျပင္တြင္ ေပၚေနေသာ လက္ဖ်ံပိုင္းကို ၾကည့္လိုက္မိသည္။သူ လက္ေျမႇာက္၍ အခန္းတြင္းရွိ မီးအားလုံးကို ပိတ္လိုက္၏။က်န္းကၽြယ္သည္ အရပ္ရွည္ၿပီး ပိန္ပါးၿပီးသားျဖစ္သည့္တိုင္ ခြဲစိတ္အၿပီးတြင္ သူဟာ ပိုလို႔ေတာင္ ေၾကာက္စရာေကာင္းေလာက္ေအာင္ ပိန္လာခဲ့သည္။ ေရခ်ိဳးခ်ိန္ဆို သူ႔ကိုယ္သူပင္ မွန္ထဲမွာ မၾကည့္ဝံ့ေပ။ မ်က္လုံးစြန္မွသည္ သူ ႏွစ္သက္ဖြယ္မေကာင္းေတာ့ၿပီမွန္း သတိျပဳမိသည္။
မီးပိတ္ၿပီးသည္ႏွင့္ သူ ကုတင္မွာလွဲလ်က္ ေဘးတိုက္ေကြးၿပီး နားၾကပ္တပ္လိုက္ကာ ျပင္သစ္ျပတင္းေပါက္ကို ေမၽွာ္ၾကည့္ေနလိုက္၏။
အနည္းဆုံးေတာ့ ခ်န္ေပၚေခ်ာင္ ယခု သူ႔ကို မေတြ႕နိုင္ခဲ့ေပ။ က်န္းကၽြယ္ေတြးမိသည္။
တစ္ခါတေလ၌ သူႏွင့္ ခ်န္ေပၚေခ်ာင္တို႔၏ ထိုင္းနိုင္ငံတြင္ ရွိခဲ့ေသာ ေန႔ရက္မ်ားက မ်က္စိေရွ႕ေမွာက္မွာ ရွိသလိုျဖစ္ခဲ့သည့္တိုင္ တစ္ခါတရံ၌ အိပ္မက္လိုခံစားရသည္။
ခြဲစိတ္စဥ္က ေမ့ေဆးမေပးမီ က်န္းကၽြယ္မ်က္လုံးမွိတ္လိုက္ေသာအခါ သူ ေနာက္ဆုံး သတိရမိသည့္အရာမွာ Safe Houseတြင္ သူႏွင့္ခ်န္ေပၚေခ်ာင္တို႔ ေန႔ခင္းေၾကာင္ေတာင္ ခ်စ္တင္းေႏွာခဲ့ၾကေသာ ထို႔ေန႔ကိုပင္။
ေနေရာင္က လိုက္ကာအဟၾကားမွ လင္းျဖာေနၿပီး ေလထဲတြင္ ဖုန္ႏွင့္အမွုန္အမႊားမ်ား လြင့္ေမ်ာေနသည္ကို ေပၚလြင္ေစသည္။ဆည္းဆာခ်ိန္ နီးကပ္လာၿပီျဖစ္သည့္ ေနမင္းက သိပ္မလင္းေတာ့ပဲ အိပ္မက္ခ်ိဳခ်ိဳေလးထဲတြင္ ျမင္ရတတ္သည့္ အလင္းတန္းပမာ ကတၱီပါေရာင္လဲ့လဲ့ႏွင့္ ေတာက္ပေနခဲ့၏။
သူတို႔ေတြ သုံးထပ္မွာ ခ်စ္တင္းေႏွာခဲ့ၾက၏။ မွန္ျပတင္းက အသံမလုံသျဖင့္ ေအာက္ထပ္ရွိ စက္ဘီးစီးသြားေသာ ျဖတ္သြားျဖတ္လာတို႔၏ အသံေတြက အလြန္နီးကပ္ေနလ်က္။ၿမိဳ႕စြန္မွာေနထိုင္ၾကသူ ေဒသခံမ်ားက ထိုင္းဘာသာျဖင့္ ေျပာဆို၊ရယ္ေမာေနၾကၿပီး စက္ဘီးႏွင့္ လၽွပ္စစ္စက္ဘီးမ်ား၏ စူးရွရွဘဲလ္သံတို႔က ရွင္းလင္းေနခဲ့သည္။
ခ်န္ေပၚေခ်ာင္၏ ေခၽြးရႊဲေနေသာ ေခ်ာက်ိက်ိအေရျပားက က်န္းကၽြယ္ႏွင့္ ကပ္ေနၿပီး က်န္းကၽြယ္မွာ ထင္းရွုးႏွင့္ပင္လယ္ဆားရနံ႔ ၊ အခန္း၏ ေမႊးရနံ႔ ၊ မိမိကိုယ္တိုင္၏ ရနံ႔တို႔ကို ရေနခဲ့သည္။ယင္းသည္ လြမ္းေမာရိပ္စြက္ၿပီး စိတ္လြတ္လက္လြတ္ျဖစ္ေစခဲ့သည့္ ကာမဆက္ဆံမွုပင္။
ထိုင္းနိုင္ငံ၏ ပ်ားပန္းခပ္ေနေသာ လမ္းၾကားမ်ားႏွင့္ မတူစြာ က်န္းကၽြယ္ေမြးဖြားခဲ့ေသာေနရာကေတာ့ ေခတ္မီ ဖြံ႕ၿဖိဳး၏။ အတြင္းလူနာဌာန၏ ၂၁လႊာရွိ အထူးေစာင့္ေရွာက္ေဆာင္မွ လွမ္းေမၽွာ္ၾကည့္လၽွင္ ရွုပ္ေထြးေနေသာ ယာဥ္သြားယာဥ္လာတန္းႀကီး ၊ အိမ္ႏွင့္အေဆာက္အဦးမ်ားမွ အသေခၤ်မက မီးေရာင္မ်ားအပါအဝင္ ၿမိဳ႕ေတာ္ေတာင္ပိုင္းတစ္ဝက္ေလာက္၏ ညျမင္ကြင္းကို ျမင္နိုင္ေပသည္။
ခ်န္ေပၚေခ်ာင့္ဘက္က မည္သည့္စကားသံမွ လြတ္မသြားရန္ က်န္းကၽြယ္ မ်က္လုံးမွိတ္ထားၿပီး ၿငိမ္ၿငိမ္ေလး နားေထာင္ေနလိုက္၏။
ခ်န္ေပၚေခ်ာင့္ဘက္တြင္ တစ္စုံတစ္ေယာက္က သူ႔ကို ေခၚလိုက္သည္။ သူက က်န္းကၽြယ္ကို ေစာင့္ဖို႔ေျပာ၍ တစ္ဖက္လူအား စကားအနည္းငယ္ေျပာလိုက္ၿပီးမွ က်န္းကၽြယ္၏ နာမည္ကို ျပန္ေခၚလာခဲ့သည္။
က်န္းကၽြယ္က အလြန္တိုးညႇင္းေသာ ႏွာသံေလးျဖင့္ ဘာလဲဟု တုံ႔ျပန္လ္ိုက္၏။
ခ်န္ေပၚေခ်ာင္ ႐ုတ္ျခည္း ရပ္သြားခဲ့သည္။ ခဏအၾကာမွ သူေျပာလာသည္က : " ေနာက္တစ္ပတ္....."
သူသည္ စကၠန႔္ပိုင္းေလာက္ ရပ္ေနၿပီးမွ ဆက္သည္ : " ေနာက္တစ္ပတ္က်ရင္ ငါ ေျမာက္အေမရိကက ေက်ာက္ဟြားဌာနခြဲကို ေလးရက္သြားေနရမယ္။ ဒါေပမယ့္ ဒီတစ္ေခါက္ေတာ့ ငါ သမၼတနိုင္ငံသစ္ကို မလာနိုင္ေသးဘူး။ ေက်ာက္ဟြားရဲ့ သမၼတနိုင္ငံသစ္စီးပြားေရးေတြအားလုံး ေျမာက္အေမရိကကို ေရႊ႕ထားတာမို႔လို႔ "
က်န္းကၽြယ္ ဆတ္ခနဲ႔ မ်က္လုံးေတြဖြင့္လိုက္မိရာ လွုပ္ရွားမွုက လည္ပင္းႂကြက္သားထံ သက္ေရာက္သြား၍ တစစ္စစ္ႏွင့္နာက်င္လာ၏။
သူ ကုတင္လက္ရန္းကိုဆုပ္ၿပီး နာက်င္မွုကို သည္းခံလိုက္မိသည္။ သူေတြးမိေနသည္မွာ ခ်န္ေပၚေခ်ာင္က ေျမာက္အေမရိကသို႔ သြားမည္ကိုပင္။
" ငါ.... " သူဟာ ငါေျမာက္အေမရိကကို အျမန္ဆုံးလာခဲ့မည္ဟု ေျပာလိုက္ခ်င္ပါေသာ္လည္း ႐ုတ္တရက္ သူ႔မိဘမ်ားက လတ္တေလာမွာ သူ႔ကို အမ်ားႀကီး ကန႔္သတ္ထားတာကို သတိရသြား၏။ သူ တုံ႔ဆိုင္းစြာျဖင့္ ခ်န္ေပၚေခ်ာင့္ကို ေျပာလိုက္သည္ : " ေနာက္တစ္ပတ္က်ရင္ ငါ့မိဘအိမ္မွာပဲ ေနရဦးမွာ။ သူတို႔က ငါ့ကိုမလႊတ္ေလာက္ဘူး "
" ငါမင္းကို လာခဲ့ဖို႔ေျပာတာမဟုတ္ပါဘူးကြာ " ခ်န္ေပၚေခ်ာင္က ကၽြဲၿမီးတိုသြားသလို ရယ္ေမာလိုက္ၿပီး သူ႔ေလသံက က်န္းကၽြယ္အား ရွင္းျပေပးေနသကဲ့သို႔ပင္ : " မင္း အရမ္းေတြးေနျပန္ၿပီ "
" မင္းက အခုမွ ခြဲစိတ္ၿပီးထားတာေလ ဒါေၾကာင့္ ေလၽွာက္မသြားရဘူး " သူကေျပာသည္ : " ငါမင္းကို ခရီးစဥ္တစ္ခုလုံး ေျပာျပမွာမို႔ ငါ ဘယ္ေရာက္ေနလဲ မင္းသိမွာပါ။ "
က်န္းကၽြယ္မွာ ေၾကာင္အမ္းသြားၿပီးမွ စိတ္မပါစြာျဖင့္ ေျပာလိုက္သည္ : " အို႔ အဲ့လိုလား "
ထို႔ေနာက္ ခ်န္ေပၚေခ်ာင္က လည္ေခ်ာင္းရွင္း၍ ပုံမွန္ထက္ ႏူးညံ့သည့္ေလသံျဖင့္ ေမးလာတာကို သူၾကားလိုက္ရ၏ : " က်န္းကၽြယ္ မင္း ငါ့ကို တကယ္ ေတြ႕ခ်င္ေနတာလား ? "
မ်က္ႏွာမျမင္ရေသာ္လည္း က်န္းကၽြယ္မွာ အနည္းငယ္ရွက္မိေနဆဲပင္။ သူႏွုတ္ခမ္းေလးေတြေစ့သြားၿပီး : " ေတြ႕ခ်င္တယ္ "
" ဟုတ္လို႔လား ? " ခ်န္ေပၚေခ်ာင္က ရယ္ျမဴးသံျဖင့္ဆိုသည္။
က်န္းကၽြယ္မွာ အခန္းတြင္း အပူခ်ိန္က တကယ္ ျမင့္လာသလို ခံစားရ၏။ သူ ျပန္ ထထိုင္လိုက္၍ ဖုန္းကို ဆုပ္ထားရင္း မ်က္လႊာခ်ကာ " အြန္း " ဟူ၍ အသံေလးျပဳ၍ ဆိုသည္ : " ငါ အခုတကယ္ မင္းကို ေတြ႕ခ်င္တယ္ "
က်န္းကၽြယ္သည္ စကားမေျပာတတ္သျဖင့္ ခ်ိဳၿမိန္ ရိုမန႔္တစ္ဆန္ေသာ စကားမ်ားကိုလဲ မဆိုတတ္ေပ။ သို႔ေသာ္ သူ ခ်န္ေပၚေခ်ာင့္ကို ေျပာျပခ်င္တုန္းပင္။
ခ်န္ေပၚေခ်ာင္က ခပ္သဲ့သဲ့ ရယ္လိုက္ေပမယ့္ က်န္းကၽြယ္ၾကားရပါ၏။
" အခုမွ တစ္လေက်ာ္ပဲ ရွိေသးတယ္ေလကြာ " ခ်န္ေပၚေခ်ာင္က ဆိုသည္ " လိလိမၼာမၼာေလးနဲ႔ ငါ့ကို ေစာင့္ေနေပးပါလို႔ ေတာင္းဆိုထားတယ္မလား ? "
ခ်န္ေပၚေခ်ာင္၏ အသံမွာ အလြန္ဩရွ၍ ညင္သာေနေသာေၾကာင့္ က်န္းကၽြယ္ကဲ့သို႔ အိပ္မက္မမက္ခ်င္ေသာသူပင္ မတတ္သာပဲ ထပ္မံခ်စ္ကၽြမ္းဝင္မိသြားေစ၏။
က်န္းကၽြယ္: " ငါေတာင္းပန္ပါတယ္ "
ထိုသို႔ေျပာၿပီးမွ လြန္ခဲ့ေသာရက္မ်ားက သူသိခဲ့ရသည္ကို အမွတ္ရမိသြား၏။ ခ်န္ေပၚေခ်ာင္က သူ ေတာင္းပန္သည္ကို သေဘာမေတြ႕ပုံရသည့္တိုင္ သူေျပာသမၽွတိုင္းကို မျငင္းတတ္ေၾကာင္းကိုပါပင္။
" ကိစၥမရွိပါဘူး " ဤတစ္ႀကိမ္တြင္ေတာ့ ခ်န္ေပၚေခ်ာင္က သူႏွင့္ ျငင္းခုံမလာေတာ့ပဲ ဆိုလာပါ၏ : " ငါလည္း မင္းကို ေတြ႕ခ်င္ေနတာပါ "
________________________________________________________________________________