Chapter - 15

3.6K 608 47
                                    

『Unicode 』

အခန်း ( ၁၅ ) - လမ်းလျှောက်ပြန်ခြင်း။

※※※※※※※※※※※※※※※※※※※※



ထွက်သွားပြီး မိနစ်ပိုင်းအတွင်းမှာပဲ ၊ အိုက်ကျားရှီက သရက်သီးSmoothie ခွက်ကြီးတစ်ခွက်ဖြင့် ပြန်ရောက်လာ​၏။

သူက ကျန်းကျွယ်ဘေးမှာ ထိုင်၍ smoothieကို တစ်စုပ်သောက်လိုက်ကာ အကြွေကိုင်ထားသောလက်ကို ယမ်းပြပြီးမှကျန်းကျွယ်အား မပီမသနှင့်ဆိုသည် : " အားကျွယ် မင်းကို ပြန်ပေးမယ် "

" မင်း ပိုက်ဆံအိတ်ထဲပဲ ထည့်ထားလိုက်ပါ " ကျန်းကျွယ် အကြွေစေ့တွေအများကြီး မလိုချင်ပါ။

" ကောင်းပြီလေ " အိုက်ကျားရှီက နာခံစွာဖြင့် သူ့အိတ်ထဲ ထိုးထည့်လိုက်ပြီး smoothie ခွက်ကို ကျန်းကျွယ် ပါးစပ်နားတေ့ပေးကာ ဆိုသည် : " သောက်ကြည့်လိုက် အရမ်းနာမည်ကြီးတာ "

smoothieခွက်က မျက်နှာနားကပ်လာသည်နှင့် သရက်သီးနံ့ပြင်းပြင်းက တိုးဝှေ့လာ​၏။ကျန်းကျွယ်က သရက်သီး သိပ်မကြိုက်၍ မျက်နှာလွှဲပြီး ငြင်းလိုက်သည် : " မင်းဘာသာသောက်ပါ "

အိုက်ကျားရှီက ပုခုံးတွန့်လိုက်ပြီး ခွက်ကို ပြန်ယူ​၏။သူ ပိုက်ကိုစုပ်ရင်း စားပွဲပေါ်က ဟင်းလျာတွေကို စက္ကန့်အနည်းငယ်ကြည့်နေလိုက်သည်။ ထို့နောက် ရုတ်တရက် ခွက်ကိုချပြီး ကျန်းကျွယ်ဘက်လှည့်ကာ မေးလေသည် : " မင်း ပုစွန်မကြိုက်ဘူးလို့ထင်နေတာ ? "

သူက ကျန်းကျွယ်​၏ပန်းကန်ကို လက်ညှိုးထိုးပြပြီး : " မင်း ဘာလို့ ငါ့ နောက်ဆုံးပုစွန်လေးကို စားပစ်လိုက်တာလဲ ? "

ကျန်းကျွယ် ဖြေရှင်းချက် မစဉ်းစားနိုင်သေးခင် ချန်ပေါ်ချောင်က သူ့အမှားအား အိုက်ကျားရှီထံ ဝန်ခံလိုက်လေသည် : " ကျွန်တော် စားလိုက်တာ "

အိုက်ကျားရှီက ချန်ပေါ်ချောင်​၏ ပန်းကန်ထဲ တစ်ချက်ကြည့်ရာ ကျန်းကျွယ်လည်း လိုက်ကြည့်လိုက်သည်။ချန်ပေါ်ချောင်​၏ ပန်းကန်ထဲတွင် ပုစွန်ခွံမရှိနေ။

ဆည်းဆာရိပ်လမ်းသွယ် || ဘာသာပြန် || 『Completed』Where stories live. Discover now