『Unicode』
အခန်း ( ၃၉ ) : ပြန်လည်ဆုံတွေ့ခြင်း။
※※※※※※※※※※※※※※※※※※※※
နှစ်အသစ်၏ ဖေဖော်ဝါရီ၅ရက်တွင် ကျန်းကျွယ်က သူ၏ အဖြူနှင့်အပြာဆေးရုံဝတ်စုံကို ချွတ်ရပြီး ပုံမှန်အဝတ်အစားပြန်လည် ဝတ်ဆင်ခဲ့ရသည်။
ထိုနေ့က နေရောင်ခြည် တောက်ပနေပြီး မွန်းလွဲပိုင်း အပူချိန်က သိပ်မနိမ့်လှ။ ကျန်းကျွယ် သူ့အမေနှင့် ဆေးရုံဥယျာဉ်အတွင်း လမ်းလျှောက်လာခဲ့ရာ လေထဲရှိ သစ်ပင်စိမ်းတို့၏ ရနံ့က သင်းပျံ့နေခဲ့သည်။ သူတို့တွေ ကားထဲဝင်၍ လဝက်ကျော်နေထိုင်ခဲ့သော ဆေးရုံမှ အိမ်သို့ ပြန်လာခဲ့ကြ၏။
ကျန်းကျွယ်သည် သမ္မတနိုင်ငံသစ်၏ ပျားပန်းခပ်နေသော လမ်းကြားတို့ကို ကားပြတင်းမှ ထွက်၍ ငေးကြည့်နေမိသည်။သူဟာ ဆံပင်ချ၍ လည်ကုပ်ရှိ ပတ်တီးစကို ဖုံးထား၏။
သူ့အမေက နောက်ထိုင်ခုံတွင် ထိုင်လျက် မဂ္ဂဇင်းတစ်အုပ်ဖတ်နေခဲ့လျက်။ ရုတ်တရက် သူမက ထထိုင်လိုက်ကာ သူ့ဆံပင်ဖျားတွေကို ထိကြည့်လာသည်။
" ရှောင်ကျွယ် ၊ မင်း ဆံပင်ညှပ်မှာကို အမေလိုက်ကူရင်ရော ? " သူ့အမေက စိတ်အားထက်သန်စွာဖြင့် ကျန်းကျွယ်ကိုမဂ္ဂဇင်း၏တစ်ဖက်အား ပြသလာသည်။ " ဒီလိုလေးလုပ်ကြမယ် "
မဂ္ဂဇင်းထဲရှိ အမျိုးသားမော်ဒယ်က အလွန်ကြည့်ကောင်းပြီး ပုခုံးရှည်ဆံပင်နှင့် အလွန်လိုက်ဖက်ပါသည်။
ကျန်းကျွယ်၏ အဖြေကိုပင် မစောင့်ပဲ သူ့အမေက ထပ်ပြော၏ : " ဒီလောက်ရှည်ရင်လဲ ဖုံးထားလို့ရတာပဲ။တော်တော်လန်းဆန်းသွားမှာ "
ကျန်းကျွယ် မြောက်အမေရိကမှ ပြန်ရောက်သောနေ့က သူ့အမေသည် သူ့ဆံပင်စတိုင်အပေါ်တွင် သူမ၏ အမြင်ကို ပြောပြပေးခဲ့သည်။ထို့ကြောင့် သူမ သူ့ကို စတိုင်လစ်ထံသို့ ခေါ်သွားချင်သည်မှာ ပထမဆုံးမဟုတ်ပေ။
သို့သော် ကျန်းကျွယ် မဂ္ဂဇင်းထဲရှိ အမျိုးသားမော်ဒယ်လ်ကို ကြည့်ရင်း ထိုမျှလောက်အရှည်က ခေါင်းလှည့်လိုက်တိုင်း ချုပ်ရိုးမရှိတော့လျှင်တောင် အမာရွတ်က အလွယ်တကူ ပေါ်လာမည်ဟု ခံစားနေရ၏။ထို့ကြောင့် သူ သူ့အမေကို ပြောလိုက်သည်။ " နောက်တစ်ခါမှပေါ့ "
YOU ARE READING
ဆည်းဆာရိပ်လမ်းသွယ် || ဘာသာပြန် || 『Completed』
Romance" ကျန်းကျွယ် " " အွန်း " " နောက်တစ်ခါဆို ပန်းပေးတာက ရပေမဲ့ မိုးမမိစေနဲ့ "