Chapter - 22

3.8K 600 31
                                    

『Unicode 』

အခန်း ( ၂၂ ) : စမ်းကြည့်ရအောင်လား။

※※※※※※※※※※※※※※※※※※※※


ချန်ပေါ်ချောင် ဝရန်တာသို့လျှောက်လာချိန်က ကောင်းကင်မှာ မိုးဖွဲဖွဲသာကျသည်။ ကျန်းကျွယ်နှင့် ခဏမျှ စကားပြောပြီးသည့်နောက် မိုးက ပိုမိုသည်းထန်လာ​၏။ မိုးရေတွေက ဝရန်တာလက်ရန်းပေါ်မှာ တင်ထားသော မီးခြစ်ဆံဘူးနှင့်စီးကရက်ဘူးတို့သာမက ကျန်းကျွယ်ကိုပင် ရွှဲစိုစေလာတော့သည်။

ဝရန်တာမှ လေတိုက်ခတ်လာသောအခါ ဆံပင်စိုများက ကျန်းကျွယ်​၏ ဖြူစွတ်သော ပါးပြင်ပေါ်တွင် ကပ်ညှိကုန်သည်။ချန်ပေါ်ချောင် သူ့ကိုကူဝတ်ပေးထားသော အပေါ်ဝတ်သည် အလွန်ပါးလျတာကြောင့် မိုးဖြင့် တစ်ဝက်လောက် စိုရွှဲသွား​၏။

ကျန်းကျွယ်မှာ အေးလာပုံပေါ်ကာ နဂို နီစွေးသောနှုတ်ခမ်းများသည် ဖြူရော်လာသည်။ သို့သော် ဆိုးရွားသည့်ရာသီဥတုနှင့် တွေ့ကြုံနေရသည့်ခန္ဓာကိုယ် အဆင်အပြေခြင်းများကပင် ချန်ပေါ်ချောင် စကားမစလာခင် " ငါ အခန်းထဲ ဝင်ချင်တယ် " လို့ ပြောထွက်စေဖို့ မစွမ်းသာပါချေ။

သူဟာ ချန်ပေါ်ချောင့်ကို ဆက်၍စကား ပြောချင်သော်လည်း မိမိသည် မဖွင့်ဟတတ်သလို စကားစကိုလည်း ရှာမတွေ့ဖြစ်နေသောကြောင့် အပြင်းအထန် စဉ်းစားနေမိ​၏။

ချန်ပေါ်ချောင်က ရပ်နေလျက်ရှိပြီး ကျန်းကျွယ် စကားစလာမှာကို စောင့်ပေးနေသည်။ သူသည် ကျန်းကျွယ်​၏ အားထုတ်မှုရလဒ်ကိုပင် ကြားသိချင်သော်လည်း ယမန်နေ့ညက ကောင်းကောင်းအိပ်မပျော်ခဲ့သည့်အပြင် ယနေ့တွင် မိုးနှင့်လေစိုရွှဲရသဖြင့် ကျန်းကျွယ် ပြန်ပြီး နေမကောင်းဖြစ်မည်ကို စိုးရိမ်လာ​၏။ ထို့ကြောင့် သူ တံခါးဖွင့်၍ ကျန်းကျွယ်ကို ပြောလိုက်သည် : " အခန်းထဲဝင်ပြီးမှ ပြောကြတာပေါ့ "

ကျန်းကျွယ်က ခေါင်းညိတ်လိုက်၍ သူ့နောက်လိုက်ကာ အခန်းထဲဝင်သွားတော့သည်။

အခန်းထဲဝင်လာပြီးသည့််နောက် ချန်ပေါ်ချောင်က လေအေးပေးစက်ကို ပိတ်လိုက်ပြီး ရေချိူးခန်းထဲသွား၍ တဘက်ယူကာ ကျန်းကျွယ်​၏ စိုနေသောမျက်နှာကို သုတ်ဖို့ပြောလာသည်။

ဆည်းဆာရိပ်လမ်းသွယ် || ဘာသာပြန် || 『Completed』Where stories live. Discover now