Unicode
Episode _ 22
* ဖြောင်း....!!! *
" အား.....အမေ့!! နာလိုက်တာ အဘရယ် "
" တိတ်စမ်း...၊ အသံမထွက်နဲ့ "
" အဟင့်... အမေ အမေ့သားကို ဒီတိုင်းလွတ်ထားတော့မှာလားလို့....၊ အမေ့သားကို မကယ်တော့ဘူးလားလို့... အဟင့် "
" ဟာ.. ဒီကောင်!! "
" တော်.. တော်ပါတော့ ဖေသောင်း၊ တေလွန်းကို ထပ်မရိုက်ပါနဲ့တော့နော်... "
ကျွန်တော်လည်း ဘေးကနေရပ်ကြည့်မနေနိုင်တော့တာကြောင့် ဖေသောင်းကိုအရဲစွန့်ပြီးဝင်တားလိုက်တယ်။ တေလွန်းက အိမ်တိုင်ကိုဖက်ထားပြီး ပုဆိုးကိုဒူးခေါင်းအထက်ထိခပ်တိုတိုဝတ်ထားတာကြောင့် ဖြူဖွေးနေတဲ့ခြေသလုံးမှာ ညိုမဲစွဲပြီးယောင်နေတဲ့ကြိမ်လုံးရာပလပွကို မြင်နေရသည်။ ကျွန်တော်လည်း ဒီလောက်ထိ ဖေသောင်း လုပ်လိမ့်မယ်လို့မထင်တာကြောင့် မနေ့ညက တေလွန်းမူးလာတဲ့အကြောင်းကိုတိုင်ပြောမိတာ။ ဖေသောင်းက ချက်ချင်းတေလွန်းကိုခေါ်ပြီး အိမ်တိုင်ဖက်ခိုင်းကာ ရေစိမ်ထားတဲ့ကြိမ်နဲ့တန်းဆော်သည်။
" ဟေ့ကောင်... မင်း နောက်တခါ အဲ့လောက် လူမှန်းသူမှန်းမသိအောင် သောက်အုံးမလား... ဟမ်! "
" အဟင့်.. မသောက်တော့ပါဘူး အဘရယ် "
တေလွန်းက ရှိုက်သံလေးနဲ့ပြောတော့ အမှန်တကယ်ဝမ်းနည်းရသူမှာ ကျွန်တော်သာ။ ပြီးတော့ တေလွန်းရဲ့ခြေသလုံးက ယောင်ယမ်းနေတဲ့ကြိမ်ရာတွေကိုကြည့်ပြီး ကိုယ့်ကိုယ်ကိုလည်း အပြစ်တင်မိသည်။
" အေး...၊ မင်း လာ... ငါနဲ့လိုက်ခဲ့အုန်း "
" အဘက ထပ်ရိုက်အုန်းမလို့လား.... "
" ကျစ်! မရှည်နဲ့ မင်းကို ဆူစရာကိစ္စရှိသေးတယ်...၊ သားငယ်က ဒီမှာပဲ နေခဲ့အုံးနော် "
" ဟုတ်.. ဟုတ် ဖေသောင်း "
ကျုပ်လည်း အဘခေါ်တဲ့နောက်ကို ထော့နဲ့ထော့နဲ့လေးနဲ့လိုက်သွားရတယ်။ အဘက တော်တော်ဒေါသထွက်နေတာဗျ။ ဒါပေမဲ့ အဘဒေါသထွက်နေတာထက် ကျုပ်ရဲ့ဆင်ပေါက်မျက်နှာလေးက ပြိုတော့မဲ့မိုးလိုမဲ့ကျနေတာက ပိုအရေးကြီးတယ်ဗျ။ ကျုပ်ကလည်း ကျုပ်ပဲ။ အတန်တန်သတိထားတဲ့ကြားကနေ အရက်မူးမိရတယ်လို့။ မနေ့ညကအကြောင်းတွေကို ဘာမှမမှတ်မိပေမဲ့ ကျုပ်ရဲ့ဆင်ပေါက်လေးက အဘကိုပြောပြရလောက်တဲ့အထိဆိုတော့ ကျုပ်တော်တော်ဆိုးခဲ့လို့နေမယ်။ အခုလည်း ကျုပ်ကိုကြည့်ပြီး သူ့ကိုယ်သူအပြစ်တင်ကာငိုချတော့မလိုဖြစ်နေတဲ့ကျုပ်ရဲ့ဆင်ပေါက်လေးကြောင့် ကျုပ်မှာ အဘနောက်ကိုလိုက်သွားရပေမဲ့ စိတ်က မဖြောင့်ဘူးဗျ။
" လာ! ဒီမှာထိုင်အုံး... "
ကျုပ်လည်း အဘပြောတဲ့နေရာမှာ ဝင်ထိုင်လိုက်သည်။
" ရော့.. ဒီလိမ်းဆေးအရည်ဗူး ယူသွား၊ ခြေထောက်က ဒဏ်ရာတွေကို လိမ်းလိုက် "
" ဟဲ.. ဟဲ ကျုပ် သိတာပေါ့၊ ကျုပ်အဘက အဲ့လောက် မရက်စက်တတ်ပါဘူးလို့ "
" ငါ ဆေးဗူးနဲ့ မင်းမျက်ခွက်ကို ပေါက်လိုက်ရမလား "
" ဟာ... မလုပ်နဲ့လေ အဘ၊ ကျုပ်ရဲ့မျက်နှာကို တစ်ရွာလုံးက အဘနဲ့တူတယ်ဆိုပြီးပြောနေကြတာနော်... ကျုပ်မျက်နှာ တစ်ခုခုဖြစ်ရင် အဘပဲ နစ်နာရမှာ "
" အောင်မာ!!... ၊ ဘာကိစ္စ ငါကနစ်နာရမှာတုံး "
" အဘပဲ စဥ်းစားကြည့်လေဗျာ "
" ငါ မကြိုက်ဘူး၊ မင်းပဲ ဆင်းစား၊ နောက်ဖေးအိမ်သာက ပြည့်တော့မှာ.. ငါ လှေကားချပေးမယ် "
" အဘ ကျုပ် စကားအကောင်းပြောမလို့ဗျ "
အဘနဲ့ကျုပ်က အဲ့လိုပဲ။ စကားကို အကောင်းမပြောရဘူး၊ တွေ့တာနဲ့ ရန်စောင်နေကြတာ။ သားအဖနှစ်ယောက် မချစ်ကြဘူးလားဆိုတော့လည်း မဟုတ်။
" အင်း ဆိုပါအုန်း... "
" ကျုပ်ပြောမယ်နော်...၊ ကျုပ်ရဲ့မျက်နှာကို အဘက ဆေးဗူးနဲ့ထုတော့ ကျုပ်ရဲ့မျက်နှာက ဒဏ်ရာရသွားမယ်လေ "
" အင်း... "
" အဲ့လို ဒဏ်ရာရတဲ့အခါ ကျုပ်ရဲ့မျက်နှာက ကြည့်ရဆိုးသွားမှာပေါ့.. "
" ဟ... ဒဏ်ရာရတဲ့မျက်နှာက ကြည့်ကောင်းပါ့မလား... "
" ချစ်တဲ့စိတ်နဲ့ကြည့်ရင် ဘယ်လိုနေနေ ကြည့်ကောင်းပါတယ် အဘရာ၊ ဥပမာ.. ကျုပ်ရဲ့ဆင်ပေါက်လေးလိုပေါ့ "
" ဒီခွေးကောင်!! "
" ဟား... ကျုပ်က စတာပါ အဘရာ၊ ကျုပ်ဆက်ပြောမယ်နော်... "
" ပြော... "
" အဲ့ခါကျ ရုပ်ဆိုးသွားတယ်ဗျာ၊ ကျုပ် အစောက ပြောခဲ့သလိုပဲ ကျုပ်က အဘနဲ့တူတယ်လို့ပြောတယ်နော်...၊ ကျုပ်ကို ချောတယ်လို့ပြောရင် အဘကိုချောတယ်လို့ပြောတာနဲ့အတူတူပဲလေ... မဟုတ်ဘူးလား "
" အော်... အဲ့တော့ မင်းပြောချင်တာက မင်းကို ရုပ်ဆိုးတယ်လို့ပြောရင် ငါ့ကိုပါ တိုက်ရိုက်အကျိုးသက်ရောက်တယ်ပေါ့လေ... "
" ဒါပေါ့.. အဘ "
" ငါ... ထလုပ်လိုက်ရ!! "
" ဟီး... ကျုပ်က အဘ စိတ်ဆိုးပြေအောင် စနေတာပါဗျာ၊ အဘ.. ကျုပ်ကို ဘာထပ်ဆူမှာလဲ.. မြန်မြန်ဆူဗျာ...၊ အိမ်အောက်မှာ ကျုပ်ရဲ့ဆင်ပေါက်လေး ငိုနေတော့မှာဗျ၊ ကျုပ် အခုလိုဖြစ်ရတာ သူ့ကြောင့်ဆိုပြီးတော့ သူ့ကိုယ်သူ အပြစ်တွေတင်နေတော့မှာ "
" ဟမ့်! ရတာမှ တစ်ရက်ပဲရှိသေးတယ်... အချိုးတွေက "
" ဘမျိုး ဘိုးတူလေ... ဗျာ "
" ဘာကွ! "
" ဟုတ်တယ်လေ.. အဘနဲ့ဦးကြီးသာငြိမ်း တူတာလေ..... "
" ငါ..! မပြောတော့ဘူး.. မပြောတော့ဘူး မင်းကို!.... "
ကျုပ်က မှန်တာပြောတော့ အဘ ပြန်ချေပစရာစကားမရှိတော့ဘူးလေ။
" မင်းကိုခေါ်တာ ကျန်တဲ့ကိစ္စပြောမလို့မဟုတ်ဘူး၊ မင်းတို့အနာဂတ်အတွက် မင်း ဘာလုပ်မယ်လို့စီစဥ်ထားလဲ...၊ ငါ့သားငယ်ရှေ့မှာမေးလို့ မင်းက ဘာမှစီစဥ်ထားတာမရှိရင် မကောင်းဘူးလေ... "
" အော်.. ကျုပ် စဥ်းစားထားပြီးသားပါဗျ "
" အေး... ဘယ်လိုစဥ်းစားထားတာလဲ၊ ဟေ့ကောင် အတည်တော့ပြောနော်... ရွတ်နောက်နောက် ထပြောလို့ကတော့! "
" ဟုတ်ကဲ့ပါ အဘရဲ့၊ ဒီလိုဗျာ... ကျုပ်ကို အဘပေးထားတဲ့လယ်သုံးဧက ကျုပ်တို့လယ်စာရင်းငှားချပေးလိုက်မယ်.... "
" မင်းတို့ကိုယ်တိုင် မလုပ်ဘူးလား "
" ဟာ.. မလုပ်ပါဘူးဗျာ၊ ကျုပ်က ကိစ္စမရှိပေမဲ့ ကျုပ်ရဲ့ဆင်ပေါက်က ပြောမရ... ဆိုမရဗျ၊ သူ ပင်ပန်းမှာကို ကျုပ်မကြည့်ရက်ပါဘူးဗျာ...၊ ဦးကြီးသာငြိမ်းနဲ့အရီးလေးနန်းမှုံက ကျုပ်ရဲ့ဆင်ပေါက်ကို ပိုးမွေးသလိုမွေးထားကြတာ.. ကျုပ်ဆီရောက်မှ ခိုင်းစားနေတယ်လို့အဖြစ်မခံနိုင်ပါဘူး.. "
" ဟင်း... ဒါလည်း ဟုတ်တာပဲ၊ သားငယ်က မင်း လယ်လုပ်ရင် သူပါ မရမကလိုက်လုပ်မှာ.. "
" အဘတို့ကို ကျုပ် မေးပါအုံးမယ်၊ တကယ်ဆို ကျုပ်ရဲ့ဆင်ပေါက်က ကျုပ်ထက် သုံးရက်တောင်ကြီးတာကို ဘာလို့ ကျုပ်ရဲ့ဆင်ပေါက်ကို သားငယ်လို့ခေါ်နေရတာတုန်း "
" မင်းရဲ့ရုပ်က ငါ့သားငယ်ထက် ရင့်နေလို့လေ!.... "
" ဟာ... အဘ! "
အဘရဲ့စကားကြောင့် ကျုပ်မှာ နင်သွားတယ်။ ဘယ့်နှယ့်ဗျာ၊ ကိုယ့်သားကိုပြောရက်တယ်။ ကျုပ်ကိုပြောရင် အဘကိုပြောခံရတာနဲ့ အတူတူပဲလို့ပြောထားရက်နဲ့ကို။
" ဟား.... ငါ့သားငယ်က မင်းထက်အသက်ကြီးတာမှန်ပေမဲ့ မင်းနဲ့ယှဥ်ရင် ဘယ်နေရာကကြည့်ကြည့် ကြီးတယ်လို့မထင်ရဘူးလေ... "
" ဟုတ်တယ်... ဟုတ်တယ် အဘပြောတာ မှန်တယ် "
" အဲ့မချိုမချဥ်မျက်နှာကို ဘာဖြစ်တာလဲ "
" ဟီး... ဘာမှမဟုတ်ဘူး "
အဘရှေ့မှာ ကျုပ် တွေးလိုက်တဲ့ဟာကိုပြောလို့ဘယ်ပြောလို့ဖြစ်မလဲ။ ပြေးပေါက်မှားမှာပေါ့လို့။
" အဲ့တာကြောင့်ရော...၊ ပြီးတော့ မင်းက သားအရင်း...၊ ငါ့သားငယ်က ငါ့ရဲ့မွေးစားသားငယ်လေ...၊ အဲ့တော့ ငါတို့က သားငယ်လို့ခေါ်တာ... နှုတ်ကျိုးသွားတာပဲ "
" အော်... ထားပါတော့၊ အဲ့တာ ကျုပ် လယ်တွေကို စာရင်းငှားချလိုက်မယ်.. ပြီးရင် ကျုပ်တို့ဝိုင်းက အကျယ်ကြီးလေ...၊ ခြံနောက်ဖေးမှာ စားပင်လေးတွေတစ်နိုင်တစ်ပိုင်စိုက်ပြီး.. အိမ်နောက်ဖေး စျေးဆိုင်တည်မလားလို့၊ ပြီးတော့ ကျုပ် ပန်းလည်းစိုက်မှာ...၊ အဓိကက ဂန္ဓာမာနဲ့မေမြို့ကို စိုက်မလားလို့... "
" မင်း အကြံက မဆိုးပါဘူး၊ ဒါပေမဲ့ အလုပ်အကိုင်အတည်တကျလေးတစ်ခုတော့ ရှိသင့်တယ်ထင်တယ်၊ ဒီလိုလုပ်ပါ့လားကွာ.... အဘ အသိတစ်ယောက်ရှိတယ်... သူက ပွဲစားလုပ်တာ၊ ငါ့သား စိတ်ဝင်စားရင် အဘ ဆက်ပေးမယ်လေ "
" အင်း... မဆိုးဘူးဗျ၊ ဒါပေမဲ့ ကျုပ်နဲ့အဆင်ပြေပါ့မလား... "
" ဘာမပြေစရာရှိလဲကွာ... မင်းက ဒီရွာမှာသာ ငတေကောင်၊ မင်းမသိတဲ့သူစိမ်းတွေဆိုရင် အပြောကောင်းအဆိုကောင်းမှန်း ငါ သိပြီးသား "
" အင်း... ကျုပ် လုပ်မယ်ဗျာ၊ ဒါပဲမလား အဘ ကျုပ်သွားပြီ.. "
~~~~~~~~~~~~~~~~~~~~~~
" အာ့! ကျွတ်.. ကျွတ် နာလိုက်တာ "
" ငါ တောင်းပန်ပါတယ်နော်...၊ ငါက ဖေသောင်းအဲ့လောက်ထိလုပ်လိမ့်မယ်လို့ မထင်မိလို့ပါ... ငါက ဆူရုံလေးပဲ ဆူမယ်လို့ ထင်လို့... "
" မောင် ဘာမှမဖြစ်ဘူးကွာ...၊ ဒီဒဏ်ရာလေးလောက်ကတော့ မနက်ဖြန်၊ သဘက်ခါဆို အမာရွတ်တောင်ကျန်မှာမဟုတ်ဘူး.. ပျောက်သွားမှာ "
ကျပ်ရဲ့ခြေသလုံးက အရွန်းရာတွေကိုဆေးလိမ်းပေးရင်း စိတ်မကောင်းဖြစ်နေတဲ့ဆင်ပေါက်ကို နှစ်သိမ့်ပေးနေရတယ်။ အဘတို့အိမ်ကနေ ပြန်လာကတည်းက ကျုပ်ကို တဖွဖွတောင်းပန်နေတဲ့ဆင်ပေါက်က တကယ် သူ့ကိုယ်သူအပြစ်ရှိစိတ်ကြီးက ကြီးစိုးနေရှာသည်။
" မောင် မနေ့ညက မင်းကိုဘာလုပ်မိသေးလဲ... "
" ဟင့်အင်း.. မင်း အရမ်းမူးပြီးအိပ်ပျော်သွားတာ...၊ အမေတို့အိမ်ကနေခေါ်လာတဲ့လမ်းမှာပဲ ငါ့ကိုရစ်တာ "
ဆင်ပေါက်က ကျုပ်ရဲ့ခြေသလုံးကိုဆေးသေချာလူးပေးပြီးတာနဲ့ လက်ဆေးဖို့ထသွားသည်။ ကျုပ်လည်း မှောက်လျက်လဲနေရာမှ ပတ်လက်လှန်ပြီး ကုတင်ပေါ်မှာလဲနေလိုက်တယ်။ ခဏနေတော့ ဆင်ပေါက်က အခန်းထဲကိုပြန်ဝင်လာသည်။
" ဆင်ပေါက်... "
" ဟင်.. ဘာလဲ "
" မောင့်ဆီ ခဏလာအုန်း "
တေလွန်းက ကုတင်ပေါ်ကနေလှမ်းခေါ်တော့ ကျွန်တော်လည်း စာကျတ်ဖို့ယူထားတဲ့စာအုပ်ကိုစားပွဲပေါ်ပြန်တင်ပြီး တေလွန်းဆီ သွားလိုက်သည်။
" ဘာလဲ... "
" ဘာလုပ်မလို့လဲလို့ မေးမလို့... "
" စာကျတ်မလို့လေ....၊ ငါတို့က အခုအဝေးသင်မလား... စာကိုပိုပြီးကြိုးစားရမှာပေါ့ "
" အင်း... မောင်တို့က အခု တရားဝင်လင်မယား.. အယ် မဟုတ်သေးပါဘူး၊ မောင်တို့နှစ်ယောက်စလုံးက ရွှေဂျိုးလေးတွေနဲ့ဆိုတော့ တရားဝင်လင်ခင်ပွန်းတွေလို့ပြောရမှာပေါ့... "
" မင်း.. အရှက်ကို မရှိဘူး၊ ငါက ဘာများအရေးတကြီးပြောစရာရှိလဲလို့... မရှိရင် ငါ စာသွားကျတ်တော့မယ် "
" ခဏလေးပါ... မောင့်ဆင်ပေါက်လေးရဲ့ "
" ဟာ... မင်း ဘာလုပ်တာလဲ၊ ဖယ်... လွှတ်! "
ကျွန်တော့်ခါးကို တေလွန်းကအိပ်နေရင်းနဲ့ ဆွဲဖက်ထားသည်။
" မောင်... လို့ခေါ် "
" တေလွန်း... မင်း အရူးမထစမ်းနဲ့၊ ဖယ်ပါကွာ.... "
" မောင်... လို့ခေါ်ရင် လွှတ်ပေးမယ် "
" တေလွန်း... ငါ.. ငါရှက်တယ်ကွ၊ မင်းဘာသာ အရှက်မရှိ မောင်လို့ပြောတာကို ငါ မတားတော့ဘူးလေ... ဒါပေမဲ့ ငါကိုယ်တိုင်ခေါ်ဖို့ကျ.. ငါ ရှက်တယ် "
" နှစ်ယောက်တည်းရှိတဲ့အချိန်မှာ ခေါ်... "
" တေလွန်း...လို့ "
" ဒီ့ထက် ပိုလျော့မပေးနိုင်တော့ဘူး... "
သူပြောသလိုမလုပ်မချင်း ပေတေနေမဲ့တေလွန်းအကြောင်းသိတာမို့ ကျွန်တော့်မှာအခက်တွေ့ရသည်။ ပြီးတော့ အခုလိုပုံစံကြီးနဲ့နေရတာကလည်း ကျွန်တော့်အတွက် အရမ်းအနေရခက်တာမို့ အဆင်မပြေလှ။
" တေလွန်း... ငါ့ကို အနိုင်မကျင့်နဲ့လို့၊ ငါ တကယ်မခေါ်ရဲလို့ပါကွာ... နော် "
" ...... "
" အဲ့တာဆို... ဒီတစ်ခါတည်းပဲ ခေါ်မယ်လေနော်... "
" မရဘူး!! တစ်သက်လုံးခေါ်ရမှာ "
" ........ "
" ........ "
တေလွန်းက ဘာမှပြန်မပြေတော့ ကျွန်တော်လည်း ဘာဆက်ပြောရမှန်းမသိ၊ ဘာဆက်လုပ်ရမှန်းမသိတော့ဘူး။ ကျွန်တော့်ခါးကိုဖက်ထားတဲ့လက်တွေကိုလည်း မလွှတ်ပေးသေးတော့ ထထွက်သွားလို့လည်းမရ။ နောက်ဆုံးတော့လည်း ထုံးစံမပြတ် အလျော့ပေးရတဲ့သူက ကျွန်တော်ပါလေ။
" မ.မ..မ... မောင် "
" မကြားရဘူး "
" ဟင်.. "
" မကြားရဘူးလို့... ဘာပြောလိုက်တာလဲ "
ဒါ သက်သက်မဲ့ အကျင့်ယုတ်တာ။ ကျွန်တော့်ကိုမှုန်တေတေနဲ့ကြည့်ပြီးပြောနေတဲ့တေလွန်းက တကယ့်ပေတေလွန်းတဲ့ကလေးဆိုးကြီးကျနေတာပဲ။
" မောင်... "
" ဟာ... ဒီခြင်တွေကလည်း "
တေလွန်းကို ကျွန်တော် မျက်စောင်းထိုးပြီး ကြည့်လိုက်တယ်။
" ဘာပြောလိုက်တာလဲ... မောင် သေချာမကြားလိုက်ဘူး၊ ခြင်တွေရဲ့တောင်ပံခတ်သံက တဝီဝီနဲ့တူညံနေတာပဲဗျာ "
ပြောချင်တာက ကျွန်တော်အသံက ခြင်ပျံတဲ့အသံလောက်တောင် မကျယ်ဘူးပေါ့လေ။ တွေ့ကြသေးတာပေါ့.. ငဂျစ်ကောင်။
" မောင်!!... မောင်.... မောင်.... မောင်ရေ... ဟော့ဒီက ပေတေပြီးဂျစ်လွန်းတဲ့မောင်ရေ... မောင်ရေ!!! "
" ဟား... ရပြီ!.. ရပြီ! ဟား.... ဟား..... "
ဆင်ပေါက်က တကယ်စိတ်မရှည်တော့တဲ့ပုံ၊ ကျုပ်ရဲ့မျက်နှာနားကိုကပ်ပြီး သူ့လက်နှစ်ဖက်နဲ့ကျုပ်မျက်နှာကိုပင့်ကာ မျက်လုံးချင်းစုံပြီး ဆက်တိုက်ပြောတော့ နောက်ဆုံးအလျော့ပေးရတဲ့သူက ကျုပ်ပဲပေါ့ဗျာ။
" ဟား.... ဟား..... "
" အဲ့မှာ ရယ်နေလိုက်! ဖယ်တော့... "
ဆင်ပေါက်က ကျုပ်ရဲ့လက်တွေကို သူ့ခါးပေါ်ကနေ အတင်းဖယ်ချကာ ကုတင်ပေါ်ကနေထဖို့ရုန်းတော့ ကျုပ်မှာ အတင်းပြန်ဆွဲထားရတယ်။ ကျုပ် အခုထိအိမ်ထောင်သည်အစစ်မဖြစ်သေးဘူးလေ။ အဲ့တာကို တကယ့်အကောင်အထည်ဖော်ရအုန်းမယ်။ မနေ့ညက မင်္ဂလာဦးညဆိုပေမဲ့ မင်္ဂလာမဦးလိုက်ရဘူးလေ။ ဟဲ... ဟဲ.....။
" ခဏလေး နေပါအုန်း... "
" ဟာကွာ... ဘာကျန်သေးတာတုန်း! "
" နိုင်ထွန်းတို့လည်း ပြန်သွားပြီ...၊ ဇော်ဝင်းနဲ့တိုးလွင်ကလည်း ဒီအချိန်အားကြမှာမဟုတ်ဘူး...၊ အဘတို့ကလည်း မောင်တို့ကို ဒီနေ့လွတ်လွတ်လပ်လပ်နေစေချင်မှာပဲ "
" ........ "
တေလွန်းကို ကျွန်တော် ကြည့်လိုက်တယ်။ နိုင်ထွန်းနဲ့ဟန်သာက ကျောင်းတက်ရအုန်းမှာမို့ပြန်သွားကြတာ ကျွန်တော်သိတယ်လေ။ ဇော်ဝင်းနဲ့တိုးလွင်ကလည်း သူတို့အလုပ်နဲ့သူတို့၊ အဘတို့ကတော့ မနေ့က ပင်ပန်းထားတော့ ဒီကိုတကူးတကကြီးလာအုန်းမယ်မထင်ဘူး။ အဲ့တာတွေကို ကျွန်တော် သိပြီးသားလေ။ ဒါကို ဘာဖြစ်လို့ တေလွန်းက လာပြောပြနေတာလဲ။
" မောင်ပြောချင်တာကို နားမလည်ဘူးလား... "
" မင်းက ဘာကိုပြောချင်တာလဲ... "
ကျုပ်ရဲ့ဆင်ပေါက်က တကယ်ကို ဘာမှမသိတဲ့ဖိုးခွားလေးဗျာ။ ပြန်မေးတဲ့ပုံလေးကိုက ကျုပ်ပြောချင်တဲ့ကိစ္စကိုလုံးဝအကျွမ်းတဝင်ရှိသွားအောင် စိတ်ရှည်လက်ရှည်နဲ့ကိုယ်ဖိရင်ဖိသင်ပေးချင်စရာလေး.... ဟက်။
" ဟား... မောင့်ဆင်ပေါက်လေးက တကယ့်ဖိုးသခွားလေးပဲကွာ၊ မောင် ပြောချင်တဲ့ကိစ္စက.. .. "
" အမေ့!!.... "
ရုတ်တရက် တေလွန်းက သူ့ကိုယ်ကိုလှည့်ကာ ကုတင်ပေါ်ခါးတစ်စောင်းထိုင်နေတဲ့ကျွန်တော့်ကို ကုတင်ပေါ်လွှဲတင်ပြီး သူ့ကိုယ်ကြီးနဲ့အပေါ်ကနေဖိ၍ လှဲချလိုက်သည်။
Next episode ............
Zawgyi
Episode _ 22
* ေျဖာင္း....!!! *
" အား.....အေမ့!! နာလိုက္တာ အဘရယ္ "
" တိတ္စမ္း...၊ အသံမထြက္နဲ႔ "
" အဟင့္... အေမ အေမ့သားကို ဒီတိုင္းလြတ္ထားေတာ့မွာလားလို႔....၊ အေမ့သားကို မကယ္ေတာ့ဘူးလားလို႔... အဟင့္ "
" ဟာ.. ဒီေကာင္!! "
" ေတာ္.. ေတာ္ပါေတာ့ ေဖေသာင္း၊ ေတလြန္းကို ထပ္မရိုက္ပါနဲ႔ေတာ့ေနာ္... "
ကြၽန္ေတာ္လည္း ေဘးကေနရပ္ၾကည့္မေနႏိုင္ေတာ့တာေၾကာင့္ ေဖေသာင္းကိုအရဲစြန္႔ၿပီးဝင္တားလိုက္တယ္။ ေတလြန္းက အိမ္တိုင္ကိုဖက္ထားၿပီး ပုဆိုးကိုဒူးေခါင္းအထက္ထိခပ္တိုတိုဝတ္ထားတာေၾကာင့္ ျဖဴေဖြးေနတဲ့ေျခသလံုးမွာ ညိုမဲစြဲၿပီးေယာင္ေနတဲ့ႀကိမ္လံုးရာပလပြကို ျမင္ေနရသည္။ ကြၽန္ေတာ္လည္း ဒီေလာက္ထိ ေဖေသာင္း လုပ္လိမ့္မယ္လို႔မထင္တာေၾကာင့္ မေန့ညက ေတလြန္းမူးလာတဲ့အေၾကာင္းကိုတိုင္ေျပာမိတာ။ ေဖေသာင္းက ခ်က္ခ်င္းေတလြန္းကိုေခၚၿပီး အိမ္တိုင္ဖက္ခိုင္းကာ ေရစိမ္ထားတဲ့ႀကိမ္နဲ႔တန္းေဆာ္သည္။
" ေဟ့ေကာင္... မင္း ေနာက္တခါ အဲ့ေလာက္ လူမွန္းသူမွန္းမသိေအာင္ ေသာက္အံုးမလား... ဟမ္! "
" အဟင့္.. မေသာက္ေတာ့ပါဘူး အဘရယ္ "
ေတလြန္းက ရိႈက္သံေလးနဲ႔ေျပာေတာ့ အမွန္တကယ္ဝမ္းနည္းရသူမွာ ကြၽန္ေတာ္သာ။ ၿပီးေတာ့ ေတလြန္းရဲ့ေျခသလံုးက ေယာင္ယမ္းေနတဲ့ႀကိမ္ရာေတြကိုၾကည့္ၿပီး ကိုယ့္ကိုယ္ကိုလည္း အျပစ္တင္မိသည္။
" ေအး...၊ မင္း လာ... ငါနဲ႔လိုက္ခဲ့အုန္း "
" အဘက ထပ္ရိုက္အုန္းမလို႔လား.... "
" က်စ္! မရွည္နဲ႔ မင္းကို ဆူစရာကိစၥရိွေသးတယ္...၊ သားငယ္က ဒီမွာပဲ ေနခဲ့အံုးေနာ္ "
" ဟုတ္.. ဟုတ္ ေဖေသာင္း "
က်ဳပ္လည္း အဘေခၚတဲ့ေနာက္ကို ေထာ့နဲ႔ေထာ့နဲ႔ေလးနဲ႔လိုက္သြားရတယ္။ အဘက ေတာ္ေတာ္ေဒါသထြက္ေနတာဗ်။ ဒါေပမဲ့ အဘေဒါသထြက္ေနတာထက္ က်ဳပ္ရဲ့ဆင္ေပါက္မ်က္ႏွာေလးက ၿပိဳေတာ့မဲ့မိုးလိုမဲ့က်ေနတာက ပိုအေရးႀကီးတယ္ဗ်။ က်ဳပ္ကလည္း က်ဳပ္ပဲ။ အတန္တန္သတိထားတဲ့ၾကားကေန အရက္မူးမိရတယ္လို႔။ မေန့ညကအေၾကာင္းေတြကို ဘာမွမမွတ္မိေပမဲ့ က်ဳပ္ရဲ့ဆင္ေပါက္ေလးက အဘကိုေျပာျပရေလာက္တဲ့အထိဆိုေတာ့ က်ဳပ္ေတာ္ေတာ္ဆိုးခဲ့လို႔ေနမယ္။ အခုလည္း က်ဳပ္ကိုၾကည့္ၿပီး သူ႔ကိုယ္သူအျပစ္တင္ကာငိုခ်ေတာ့မလိုျဖစ္ေနတဲ့က်ဳပ္ရဲ့ဆင္ေပါက္ေလးေၾကာင့္ က်ဳပ္မွာ အဘေနာက္ကိုလိုက္သြားရေပမဲ့ စိတ္က မေျဖာင့္ဘူးဗ်။
" လာ! ဒီမွာထိုင္အံုး... "
က်ဳပ္လည္း အဘေျပာတဲ့ေနရာမွာ ဝင္ထိုင္လိုက္သည္။
" ေရာ့.. ဒီလိမ္းေဆးအရည္ဗူး ယူသြား၊ ေျခေထာက္က ဒဏ္ရာေတြကို လိမ္းလိုက္ "
" ဟဲ.. ဟဲ က်ဳပ္ သိတာေပါ့၊ က်ဳပ္အဘက အဲ့ေလာက္ မရက္စက္တတ္ပါဘူးလို႔ "
" ငါ ေဆးဗူးနဲ႔ မင္းမ်က္ခြက္ကို ေပါက္လိုက္ရမလား "
" ဟာ... မလုပ္နဲ႔ေလ အဘ၊ က်ဳပ္ရဲ့မ်က္ႏွာကို တစ္ရြာလံုးက အဘနဲ႔တူတယ္ဆိုၿပီးေျပာေနၾကတာေနာ္... က်ဳပ္မ်က္ႏွာ တစ္ခုခုျဖစ္ရင္ အဘပဲ နစ္နာရမွာ "
" ေအာင္မာ!!... ၊ ဘာကိစၥ ငါကနစ္နာရမွာတံုး "
" အဘပဲ စဥ္းစားၾကည့္ေလဗ်ာ "
" ငါ မႀကိဳက္ဘူး၊ မင္းပဲ ဆင္းစား၊ ေနာက္ေဖးအိမ္သာက ျပည့္ေတာ့မွာ.. ငါ ေလွကားခ်ေပးမယ္ "
" အဘ က်ဳပ္ စကားအေကာင္းေျပာမလို႔ဗ် "
အဘနဲ႔က်ဳပ္က အဲ့လိုပဲ။ စကားကို အေကာင္းမေျပာရဘူး၊ ေတြ့တာနဲ႔ ရန္ေစာင္ေနၾကတာ။ သားအဖႏွစ္ေယာက္ မခ်စ္ၾကဘူးလားဆိုေတာ့လည္း မဟုတ္။
" အင္း ဆိုပါအုန္း... "
" က်ဳပ္ေျပာမယ္ေနာ္...၊ က်ဳပ္ရဲ့မ်က္ႏွာကို အဘက ေဆးဗူးနဲ႔ထုေတာ့ က်ဳပ္ရဲ့မ်က္ႏွာက ဒဏ္ရာရသြားမယ္ေလ "
" အင္း... "
" အဲ့လို ဒဏ္ရာရတဲ့အခါ က်ဳပ္ရဲ့မ်က္ႏွာက ၾကည့္ရဆိုးသြားမွာေပါ့.. "
" ဟ... ဒဏ္ရာရတဲ့မ်က္ႏွာက ၾကည့္ေကာင္းပါ့မလား... "
" ခ်စ္တဲ့စိတ္နဲ႔ၾကည့္ရင္ ဘယ္လိုေနေန ၾကည့္ေကာင္းပါတယ္ အဘရာ၊ ဥပမာ.. က်ဳပ္ရဲ့ဆင္ေပါက္ေလးလိုေပါ့ "
" ဒီေခြးေကာင္!! "
" ဟား... က်ဳပ္က စတာပါ အဘရာ၊ က်ဳပ္ဆက္ေျပာမယ္ေနာ္... "
" ေျပာ... "
" အဲ့ခါက် ရုပ္ဆိုးသြားတယ္ဗ်ာ၊ က်ဳပ္ အေစာက ေျပာခဲ့သလိုပဲ က်ဳပ္က အဘနဲ႔တူတယ္လို႔ေျပာတယ္ေနာ္...၊ က်ဳပ္ကို ေခ်ာတယ္လို႔ေျပာရင္ အဘကိုေခ်ာတယ္လို႔ေျပာတာနဲ႔အတူတူပဲေလ... မဟုတ္ဘူးလား "
" ေအာ္... အဲ့ေတာ့ မင္းေျပာခ်င္တာက မင္းကို ရုပ္ဆိုးတယ္လို႔ေျပာရင္ ငါ့ကိုပါ တိုက္ရိုက္အက်ိဳးသက္ေရာက္တယ္ေပါ့ေလ... "
" ဒါေပါ့.. အဘ "
" ငါ... ထလုပ္လိုက္ရ!! "
" ဟီး... က်ဳပ္က အဘ စိတ္ဆိုးေျပေအာင္ စေနတာပါဗ်ာ၊ အဘ.. က်ဳပ္ကို ဘာထပ္ဆူမွာလဲ.. ျမန္ျမန္ဆူဗ်ာ...၊ အိမ္ေအာက္မွာ က်ဳပ္ရဲ့ဆင္ေပါက္ေလး ငိုေနေတာ့မွာဗ်၊ က်ဳပ္ အခုလိုျဖစ္ရတာ သူ႔ေၾကာင့္ဆိုၿပီးေတာ့ သူ႔ကိုယ္သူ အျပစ္ေတြတင္ေနေတာ့မွာ "
" ဟမ့္! ရတာမွ တစ္ရက္ပဲရိွေသးတယ္... အခ်ိဳးေတြက "
" ဘမ်ိဳး ဘိုးတူေလ... ဗ်ာ "
" ဘာကြ! "
" ဟုတ္တယ္ေလ.. အဘနဲ႔ၪီးႀကီးသာၿငိမ္း တူတာေလ..... "
" ငါ..! မေျပာေတာ့ဘူး.. မေျပာေတာ့ဘူး မင္းကို!.... "
က်ဳပ္က မွန္တာေျပာေတာ့ အဘ ျပန္ေခ်ပစရာစကားမရိွေတာ့ဘူးေလ။
" မင္းကိုေခၚတာ က်န္တဲ့ကိစၥေျပာမလို႔မဟုတ္ဘူး၊ မင္းတို႔အနာဂတ္အတြက္ မင္း ဘာလုပ္မယ္လို႔စီစဥ္ထားလဲ...၊ ငါ့သားငယ္ေရ႔ွမွာေမးလို႔ မင္းက ဘာမွစီစဥ္ထားတာမရိွရင္ မေကာင္းဘူးေလ... "
" ေအာ္.. က်ဳပ္ စဥ္းစားထားၿပီးသားပါဗ် "
" ေအး... ဘယ္လိုစဥ္းစားထားတာလဲ၊ ေဟ့ေကာင္ အတည္ေတာ့ေျပာေနာ္... ရြတ္ေနာက္ေနာက္ ထေျပာလို႔ကေတာ့! "
" ဟုတ္ကဲ့ပါ အဘရဲ့၊ ဒီလိုဗ်ာ... က်ဳပ္ကို အဘေပးထားတဲ့လယ္သံုးဧက က်ဳပ္တို႔လယ္စာရင္းငွားခ်ေပးလိုက္မယ္.... "
" မင္းတို႔ကိုယ္တိုင္ မလုပ္ဘူးလား "
" ဟာ.. မလုပ္ပါဘူးဗ်ာ၊ က်ဳပ္က ကိစၥမရိွေပမဲ့ က်ဳပ္ရဲ့ဆင္ေပါက္က ေျပာမရ... ဆိုမရဗ်၊ သူ ပင္ပန္းမွာကို က်ဳပ္မၾကည့္ရက္ပါဘူးဗ်ာ...၊ ၪီးႀကီးသာၿငိမ္းနဲ႔အရီးေလးနန္းမႈံက က်ဳပ္ရဲ့ဆင္ေပါက္ကို ပိုးေမြးသလိုေမြးထားၾကတာ.. က်ဳပ္ဆီေရာက္မွ ခိုင္းစားေနတယ္လို႔အျဖစ္မခံႏိုင္ပါဘူး.. "
" ဟင္း... ဒါလည္း ဟုတ္တာပဲ၊ သားငယ္က မင္း လယ္လုပ္ရင္ သူပါ မရမကလိုက္လုပ္မွာ.. "
" အဘတို႔ကို က်ဳပ္ ေမးပါအံုးမယ္၊ တကယ္ဆို က်ဳပ္ရဲ့ဆင္ေပါက္က က်ဳပ္ထက္ သံုးရက္ေတာင္ႀကီးတာကို ဘာလို႔ က်ဳပ္ရဲ့ဆင္ေပါက္ကို သားငယ္လို႔ေခၚေနရတာတုန္း "
" မင္းရဲ့ရုပ္က ငါ့သားငယ္ထက္ ရင့္ေနလို႔ေလ!.... "
" ဟာ... အဘ! "
အဘရဲ့စကားေၾကာင့္ က်ဳပ္မွာ နင္သြားတယ္။ ဘယ့္ႏွယ့္ဗ်ာ၊ ကိုယ့္သားကိုေျပာရက္တယ္။ က်ဳပ္ကိုေျပာရင္ အဘကိုေျပာခံရတာနဲ႔ အတူတူပဲလို႔ေျပာထားရက္နဲ႔ကို။
" ဟား.... ငါ့သားငယ္က မင္းထက္အသက္ႀကီးတာမွန္ေပမဲ့ မင္းနဲ႔ယွဥ္ရင္ ဘယ္ေနရာကၾကည့္ၾကည့္ ႀကီးတယ္လို႔မထင္ရဘူးေလ... "
" ဟုတ္တယ္... ဟုတ္တယ္ အဘေျပာတာ မွန္တယ္ "
" အဲ့မခ်ိဳမခ်ဥ္မ်က္ႏွာကို ဘာျဖစ္တာလဲ "
" ဟီး... ဘာမွမဟုတ္ဘူး "
အဘေရ႔ွမွာ က်ဳပ္ ေတြးလိုက္တဲ့ဟာကိုေျပာလို႔ဘယ္ေျပာလို႔ျဖစ္မလဲ။ ေျပးေပါက္မွားမွာေပါ့လို႔။
" အဲ့တာေၾကာင့္ေရာ...၊ ၿပီးေတာ့ မင္းက သားအရင္း...၊ ငါ့သားငယ္က ငါ့ရဲ့ေမြးစားသားငယ္ေလ...၊ အဲ့ေတာ့ ငါတို႔က သားငယ္လို႔ေခၚတာ... ႏႈတ္က်ိဳးသြားတာပဲ "
" ေအာ္... ထားပါေတာ့၊ အဲ့တာ က်ဳပ္ လယ္ေတြကို စာရင္းငွားခ်လိုက္မယ္.. ၿပီးရင္ က်ဳပ္တို႔ဝိုင္းက အက်ယ္ႀကီးေလ...၊ ၿခံေနာက္ေဖးမွာ စားပင္ေလးေတြတစ္ႏိုင္တစ္ပိုင္စိုက္ၿပီး.. အိမ္ေနာက္ေဖး ေစ်းဆိုင္တည္မလားလို႔၊ ၿပီးေတာ့ က်ဳပ္ ပန္းလည္းစိုက္မွာ...၊ အဓိကက ဂႏၶာမာနဲ႔ေမၿမိဳ႔ကို စိုက္မလားလို႔... "
" မင္း အႀကံက မဆိုးပါဘူး၊ ဒါေပမဲ့ အလုပ္အကိုင္အတည္တက်ေလးတစ္ခုေတာ့ ရိွသင့္တယ္ထင္တယ္၊ ဒီလိုလုပ္ပါ့လားကြာ.... အဘ အသိတစ္ေယာက္ရိွတယ္... သူက ပြဲစားလုပ္တာ၊ ငါ့သား စိတ္ဝင္စားရင္ အဘ ဆက္ေပးမယ္ေလ "
" အင္း... မဆိုးဘူးဗ်၊ ဒါေပမဲ့ က်ဳပ္နဲ႔အဆင္ေျပပါ့မလား... "
" ဘာမေျပစရာရိွလဲကြာ... မင္းက ဒီရြာမွာသာ ငေတေကာင္၊ မင္းမသိတဲ့သူစိမ္းေတြဆိုရင္ အေျပာေကာင္းအဆိုေကာင္းမွန္း ငါ သိၿပီးသား "
" အင္း... က်ဳပ္ လုပ္မယ္ဗ်ာ၊ ဒါပဲမလား အဘ က်ဳပ္သြားၿပီ.. "
~~~~~~~~~~~~~~~~~~~~~~
" အာ့! ကြၽတ္.. ကြၽတ္ နာလိုက္တာ "
" ငါ ေတာင္းပန္ပါတယ္ေနာ္...၊ ငါက ေဖေသာင္းအဲ့ေလာက္ထိလုပ္လိမ့္မယ္လို႔ မထင္မိလို႔ပါ... ငါက ဆူရံုေလးပဲ ဆူမယ္လို႔ ထင္လို႔... "
" ေမာင္ ဘာမွမျဖစ္ဘူးကြာ...၊ ဒီဒဏ္ရာေလးေလာက္ကေတာ့ မနက္ျဖန္၊ သဘက္ခါဆို အမာရြတ္ေတာင္က်န္မွာမဟုတ္ဘူး.. ေပ်ာက္သြားမွာ "
က်ပ္ရဲ့ေျခသလံုးက အရြန္းရာေတြကိုေဆးလိမ္းေပးရင္း စိတ္မေကာင္းျဖစ္ေနတဲ့ဆင္ေပါက္ကို ႏွစ္သိမ့္ေပးေနရတယ္။ အဘတို႔အိမ္ကေန ျပန္လာကတည္းက က်ဳပ္ကို တဖြဖြေတာင္းပန္ေနတဲ့ဆင္ေပါက္က တကယ္ သူ႔ကိုယ္သူအျပစ္ရိွစိတ္ႀကီးက ႀကီးစိုးေနရွာသည္။
" ေမာင္ မေန့ညက မင္းကိုဘာလုပ္မိေသးလဲ... "
" ဟင့္အင္း.. မင္း အရမ္းမူးၿပီးအိပ္ေပ်ာ္သြားတာ...၊ အေမတို႔အိမ္ကေနေခၚလာတဲ့လမ္းမွာပဲ ငါ့ကိုရစ္တာ "
ဆင္ေပါက္က က်ဳပ္ရဲ့ေျခသလံုးကိုေဆးေသခ်ာလူးေပးၿပီးတာနဲ႔ လက္ေဆးဖို႔ထသြားသည္။ က်ဳပ္လည္း ေမွာက္လ်က္လဲေနရာမွ ပတ္လက္လွန္ၿပီး ကုတင္ေပၚမွာလဲေနလိုက္တယ္။ ခဏေနေတာ့ ဆင္ေပါက္က အခန္းထဲကိုျပန္ဝင္လာသည္။
" ဆင္ေပါက္... "
" ဟင္.. ဘာလဲ "
" ေမာင့္ဆီ ခဏလာအုန္း "
ေတလြန္းက ကုတင္ေပၚကေနလွမ္းေခၚေတာ့ ကြၽန္ေတာ္လည္း စာက်တ္ဖို႔ယူထားတဲ့စာအုပ္ကိုစားပြဲေပၚျပန္တင္ၿပီး ေတလြန္းဆီ သြားလိုက္သည္။
" ဘာလဲ... "
" ဘာလုပ္မလို႔လဲလို႔ ေမးမလို႔... "
" စာက်တ္မလို႔ေလ....၊ ငါတို႔က အခုအေဝးသင္မလား... စာကိုပိုၿပီးႀကိဳးစားရမွာေပါ့ "
" အင္း... ေမာင္တို႔က အခု တရားဝင္လင္မယား.. အယ္ မဟုတ္ေသးပါဘူး၊ ေမာင္တို႔ႏွစ္ေယာက္စလံုးက ေရႊဂ်ိဳးေလးေတြနဲ႔ဆိုေတာ့ တရားဝင္လင္ခင္ပြန္းေတြလို႔ေျပာရမွာေပါ့... "
" မင္း.. အရွက္ကို မရိွဘူး၊ ငါက ဘာမ်ားအေရးတႀကီးေျပာစရာရိွလဲလို႔... မရိွရင္ ငါ စာသြားက်တ္ေတာ့မယ္ "
" ခဏေလးပါ... ေမာင့္ဆင္ေပါက္ေလးရဲ့ "
" ဟာ... မင္း ဘာလုပ္တာလဲ၊ ဖယ္... လႊတ္! "
ကြၽန္ေတာ့္ခါးကို ေတလြန္းကအိပ္ေနရင္းနဲ႔ ဆြဲဖက္ထားသည္။
" ေမာင္... လို႔ေခၚ "
" ေတလြန္း... မင္း အရူးမထစမ္းနဲ႔၊ ဖယ္ပါကြာ.... "
" ေမာင္... လို႔ေခၚရင္ လႊတ္ေပးမယ္ "
" ေတလြန္း... ငါ.. ငါရွက္တယ္ကြ၊ မင္းဘာသာ အရွက္မရိွ ေမာင္လို႔ေျပာတာကို ငါ မတားေတာ့ဘူးေလ... ဒါေပမဲ့ ငါကိုယ္တိုင္ေခၚဖို႔က်.. ငါ ရွက္တယ္ "
" ႏွစ္ေယာက္တည္းရိွတဲ့အခ်ိန္မွာ ေခၚ... "
" ေတလြန္း...လို႔ "
" ဒီ့ထက္ ပိုေလ်ာ့မေပးႏိုင္ေတာ့ဘူး... "
သူေျပာသလိုမလုပ္မခ်င္း ေပေတေနမဲ့ေတလြန္းအေၾကာင္းသိတာမို႔ ကြၽန္ေတာ့္မွာအခက္ေတြ့ရသည္။ ၿပီးေတာ့ အခုလိုပံုစံႀကီးနဲ႔ေနရတာကလည္း ကြၽန္ေတာ့္အတြက္ အရမ္းအေနရခက္တာမို႔ အဆင္မေျပလွ။
" ေတလြန္း... ငါ့ကို အႏိုင္မက်င့္နဲ႔လို႔၊ ငါ တကယ္မေခၚရဲလို႔ပါကြာ... ေနာ္ "
" ...... "
" အဲ့တာဆို... ဒီတစ္ခါတည္းပဲ ေခၚမယ္ေလေနာ္... "
" မရဘူး!! တစ္သက္လံုးေခၚရမွာ "
" ........ "
" ........ "
ေတလြန္းက ဘာမျွပန္မေျပေတာ့ ကြၽန္ေတာ္လည္း ဘာဆက္ေျပာရမွန္းမသိ၊ ဘာဆက္လုပ္ရမွန္းမသိေတာ့ဘူး။ ကြၽန္ေတာ့္ခါးကိုဖက္ထားတဲ့လက္ေတြကိုလည္း မလႊတ္ေပးေသးေတာ့ ထထြက္သြားလို႔လည္းမရ။ ေနာက္ဆံုးေတာ့လည္း ထံုးစံမျပတ္ အေလ်ာ့ေပးရတဲ့သူက ကြၽန္ေတာ္ပါေလ။
" မ.မ..မ... ေမာင္ "
" မၾကားရဘူး "
" ဟင္.. "
" မၾကားရဘူးလို႔... ဘာေျပာလိုက္တာလဲ "
ဒါ သက္သက္မဲ့ အက်င့္ယုတ္တာ။ ကြၽန္ေတာ့္ကိုမႈန္ေတေတနဲ႔ၾကည့္ၿပီးေျပာေနတဲ့ေတလြန္းက တကယ့္ေပေတလြန္းတဲ့ကေလးဆိုးႀကီးက်ေနတာပဲ။
" ေမာင္... "
" ဟာ... ဒီျခင္ေတြကလည္း "
ေတလြန္းကို ကြၽန္ေတာ္ မ်က္ေစာင္းထိုးၿပီး ၾကည့္လိုက္တယ္။
" ဘာေျပာလိုက္တာလဲ... ေမာင္ ေသခ်ာမၾကားလိုက္ဘူး၊ ျခင္ေတြရဲ့ေတာင္ပံခတ္သံက တဝီဝီနဲ႔တူညံေနတာပဲဗ်ာ "
ေျပာခ်င္တာက ကြၽန္ေတာ္အသံက ျခင္ပ်ံတဲ့အသံေလာက္ေတာင္ မက်ယ္ဘူးေပါ့ေလ။ ေတြ့ၾကေသးတာေပါ့.. ငဂ်စ္ေကာင္။
" ေမာင္!!... ေမာင္.... ေမာင္.... ေမာင္ေရ... ေဟာ့ဒီက ေပေတၿပီးဂ်စ္လြန္းတဲ့ေမာင္ေရ... ေမာင္ေရ!!! "
" ဟား... ရၿပီ!.. ရၿပီ! ဟား.... ဟား..... "
ဆင္ေပါက္က တကယ္စိတ္မရွည္ေတာ့တဲ့ပံု၊ က်ဳပ္ရဲ့မ်က္ႏွာနားကိုကပ္ၿပီး သူ႔လက္ႏွစ္ဖက္နဲ႔က်ဳပ္မ်က္ႏွာကိုပင့္ကာ မ်က္လံုးခ်င္းစံုၿပီး ဆက္တိုက္ေျပာေတာ့ ေနာက္ဆံုးအေလ်ာ့ေပးရတဲ့သူက က်ဳပ္ပဲေပါ့ဗ်ာ။
" ဟား.... ဟား..... "
" အဲ့မွာ ရယ္ေနလိုက္! ဖယ္ေတာ့... "
ဆင္ေပါက္က က်ဳပ္ရဲ့လက္ေတြကို သူ႔ခါးေပၚကေန အတင္းဖယ္ခ်ကာ ကုတင္ေပၚကေနထဖို႔ရုန္းေတာ့ က်ဳပ္မွာ အတင္းျပန္ဆြဲထားရတယ္။ က်ဳပ္ အခုထိအိမ္ေထာင္သည္အစစ္မျဖစ္ေသးဘူးေလ။ အဲ့တာကို တကယ့္အေကာင္အထည္ေဖာ္ရအုန္းမယ္။ မေန့ညက မဂၤလာၪီးညဆိုေပမဲ့ မဂၤလာမၪီးလိုက္ရဘူးေလ။ ဟဲ... ဟဲ.....။
" ခဏေလး ေနပါအုန္း... "
" ဟာကြာ... ဘာက်န္ေသးတာတုန္း! "
" ႏိုင္ထြန္းတို႔လည္း ျပန္သြားၿပီ...၊ ေဇာ္ဝင္းနဲ႔တိုးလြင္ကလည္း ဒီအခ်ိန္အားၾကမွာမဟုတ္ဘူး...၊ အဘတို႔ကလည္း ေမာင္တို႔ကို ဒီေန့လြတ္လြတ္လပ္လပ္ေနေစခ်င္မွာပဲ "
" ........ "
ေတလြန္းကို ကြၽန္ေတာ္ ၾကည့္လိုက္တယ္။ ႏိုင္ထြန္းနဲ႔ဟန္သာက ေက်ာင္းတက္ရအုန္းမွာမို႔ျပန္သြားၾကတာ ကြၽန္ေတာ္သိတယ္ေလ။ ေဇာ္ဝင္းနဲ႔တိုးလြင္ကလည္း သူတို႔အလုပ္နဲ႔သူတို႔၊ အဘတို႔ကေတာ့ မေန့က ပင္ပန္းထားေတာ့ ဒီကိုတကူးတကႀကီးလာအုန္းမယ္မထင္ဘူး။ အဲ့တာေတြကို ကြၽန္ေတာ္ သိၿပီးသားေလ။ ဒါကို ဘာျဖစ္လို႔ ေတလြန္းက လာေျပာျပေနတာလဲ။
" ေမာင္ေျပာခ်င္တာကို နားမလည္ဘူးလား... "
" မင္းက ဘာကိုေျပာခ်င္တာလဲ... "
က်ဳပ္ရဲ့ဆင္ေပါက္က တကယ္ကို ဘာမွမသိတဲ့ဖိုးခြားေလးဗ်ာ။ ျပန္ေမးတဲ့ပံုေလးကိုက က်ဳပ္ေျပာခ်င္တဲ့ကိစၥကိုလံုးဝအကြၽမ္းတဝင္ရိွသြားေအာင္ စိတ္ရွည္လက္ရွည္နဲ႔ကိုယ္ဖိရင္ဖိသင္ေပးခ်င္စရာေလး.... ဟက္။
" ဟား... ေမာင့္ဆင္ေပါက္ေလးက တကယ့္ဖိုးသခြားေလးပဲကြာ၊ ေမာင္ ေျပာခ်င္တဲ့ကိစၥက.. .. "
" အေမ့!!.... "
ရုတ္တရက္ ေတလြန္းက သူ႔ကိုယ္ကိုလွည့္ကာ ကုတင္ေပၚခါးတစ္ေစာင္းထိုင္ေနတဲ့ကြၽန္ေတာ့္ကို ကုတင္ေပၚလႊဲတင္ၿပီး သူ႔ကိုယ္ႀကီးနဲ႔အေပၚကေနဖိ၍ လွဲခ်လိုက္သည္။
Next episode ............