Betaယောင်ဆောင်သောမြို့အုပ်ကတော်
Part 45
-------------
ည၉နာရီတိတိထိုးနေလေပြီ ရှောင်ကျန့်ကစော်အောကို
ထိန်းပါရဲ့ ပေါင်ပေါ်မှာတင်လို့ Tvကိုပဲကြည့်နေလေသည်
ဒီနေ့မှအပိုင်းသစ်စလာတာကို ရှောင်ကျန့်ကစွဲမြဲအောင်
ကြည့်သည် အခုကညအိပ်ချိန်ရောက်နေလေပြီ ဒီလောက်ထိ
မကြည့်သင့်ဘူးမဟုတ်လား။
"အချစ် အိပ်မယ်လေ"
"အင်း....သွားအိပ်လေ စော်အောကိုပါခေါ်သွား "
"မဟုတ်ဘူးလေ အချစ်ရောမအိပ်ဘူးလားလို့"
"အိပ်မှာပါ မောင်ရဲ့ခဏလေးTvကြည့်နေတယ်"
"ဘာဇာတ်ကားမို့လို့လဲ"
"ကျန့်ကျန့်ကြိုက်တဲ့ ၀တ္ထုကိုဇာတ်ကားပြန်ရိုက်ထားတာ
ဟိုရုံးပတေသီးချွဲသံနဲ့ ဟိုတစ်ယောက်မပါလို့ကြည့်တာ
ပိုကောင်းသွားတယ်"
"....."
"ကိုယ့်လင်ကိုယ်မြှူလေကွာ...တုံးလိုက်တာ..."
ဇာတ်ကားကိုအားမလိုအားမရဖြစ်နေသောရှောင်ကျန့်ပါပေ
မြို့အုပ်၀မ်ကစော်အောကိုအသာလေးချီလို့ အပေါ်ထပ်တက်
သွားလေပြီ နာရီဝက်လောက်နေမှ ရှောင်ကျန့်ကပွစိပွစိနဲ့အပေါ်တက်လာတယ်။
"ပြီးသွားပြီလား ဇာတ်ကားက"
"မဟုတ်ဘူး...လိုင်းပြတ်သွားလို့...ဟင်း..."
"၀တ္ထုဖတ်ပြီးသွားပြီလေ အချစ်ရယ်...ဇာတ်ကားမကြည့်နဲ့တော့ပေါ့"
"မရဘူး ကြည့်မှာ မနက်ဖြန်ထပ်လာဦးမှာ"
"...."
"၀တ္ထုနဲ့ဇာတ်ကားနဲ့ကမတူဘူးမောင်ရဲ့ အဲ့ထဲကမယားငယ်မ
ကလေ အရမ်းကိုအမြင်ကတ်ဖို့ကောင်းတာပဲ ဟိုမယားကြီးက ကိုယ့်ယောကျာ်းကိုယ်မမြှူစွယ်ဘူး ပုံသေကြီးနေတယ် ဟင်း..."
"...."
"မောင်...မောင့်ကိုအဲ့၀တ္ထုပြောပြမယ်လေနားထောင်မယ်မှတ်လား..."
"ကိုယ်..."
"နားထောင်လိုက်ပါ ကျန့်ကျန့်ပြောချင်လို့"
"...."
"အစမှာလေကွာ...မင်းသားကလေ မယားငယ်နဲ့ရည်းစား
သိလား သူတို့ကပြတ်သွားပြီးတော့ မင်းသားကမယားကြီး
ကိုယူလိုက်တာ ....မောင်ရယ် ကျန့်ကျန့်ပြောချင်တာကလေ
ကိုယ်ဖောက်ပြန်မယ်ဆိုရင် ဘာလို့ယူသေးလဲ ဟုတ်တယ်မှတ်လား..."
"အင်း...အင်း..."
"မယားငယ်မကလည်း ပြန်လာမယ်ဆိုရင်လည်း ဘာလို့ဟို
ကောင်ကမစောင့်နေတာလဲ သူဘာလို့အားယားပြီးယူသေးလဲ
ဟုတ်တယ်မှတ်လား..."
"အင်း..."
"ဟိုမယားငယ်မကနိုင်ငံခြားပတ်ပြီး လင်တွေအများကြီး
ပတ်ယူပြီးမှ၀လို့ ဒီကောင်စီပြန်လာပြီးမြှူစွယ်တာ ဟွန်း...
တော်တော်နှံ့တာပဲ"
"အဲ့ ၀တ္ထုတွေကို အချစ်ကဖတ်တာပဲလား"
"အင်းလေ...ဒီထက်အများကြီးဖတ်သေးတာ "
"...."
"အဲ့မှာလေသိလား ဒုတိယဇာတ်ကောင်မင်းသားကပေါ်လာပါလေရော အရမ်းချောတာပဲသိလားမောင်...တက်သစ်စမင်းသားဖြစ်မယ် အရမ်း အရမ်းချောတာပဲ..."
"အချစ်...အိပ်ရအောင်...တော်တော့နော်"
"ဟင့်အင်း...နောက်ပိုင်းဇာတ်ရူပ်တွေကကျန်သေးတယ်
မောင်ရဲ့ ကောင်းခန်းရောက်လာတော့မှာ..."
ရှောင်ကျန့်ကသာပြောနေပေမဲ့လည်း မြို့အုပ်၀မ်မှာအိပ်ငိုက်
နေလေပြီ နားကလည်းငြီးသလားမမေးနဲ့ ချစ်လို့သည်းခံပြီး
နားထောင်ပေးနေရတာ နားတွေပါပူလာလေပြီ အိပ်တော့ဆိုလည်းမရဘူး...ရှောင်ကျန့်ကမောမှန်းတော့သိသား ဘေးနားမှာ ရေဘူးချထားပြီးပြောတယ်လေ။
"နောက်ဆုံးတော့လေ အဲ့မယားငယ်မကသေသွားတယ်သိလား..."
"...."
ရှောင်ကျန့်ပြောနေရင်းနဲ့ မြို့အုပ်၀မ်ကိုကြည့်လိုက်တော့ ခေါင်းကငိုက်စိုက်ကြလို့ အိပ်ပျော်နေလေပြီ ရှောင်ကျန့်လက်ကမြို့အုပ်၀မ် ပါးအနားကိုသွားလို့ ဖတ်ခနဲအသာလေးရိုက်ချလိုက်သည်။
"ဘာ...ဘာလဲ"
"မအိပ်နဲ့ဦး...ထဦး ကျန့်ကျန့်ပြောလို့မပြီးသေးဘူး..."
"အချစ်ရယ် ကိုယ်အိပ်ချင်နေပြီ မနက်ဖြန်အမတ်၀န်တွေနဲ့
တွေ့ရမှာ..."
"ခဏလေးပါမောင်ရယ် ကောင်းခန်းရောက်နေပြီ ကျန့်ကျန့်ပြောချင်ဆုံးအပိုင်းပဲ"
"...."
"အဲ့မယားငယ်သေသွားတော့လေ မင်းသားကဘာလုပ်တယ်
ထင်လဲ မယားကြီးကိုပြန်ကပ်တယ်လေ သူကွာရှင်းတုန်းက
သူမဟုတ်တဲ့အတိုင်းပဲ အရှက်မရှိမျက်နှာပြောင်နဲ့..."
"...."
"မောင်ရာ...ထလို့..."
မြို့အုပ်၀မ်ကရှောင်ကျန့်ကိုဆွဲဖက်လို့အတင်းဖက်ကာ အိပ်လိုက်တယ် ရှောင်ကျန့်ကရုန်းသည် ။
"မောင်နော်...အကျင့်မကောင်းဘူး...ဖယ်ဦး..."
"အိပ်ရတော့မယ် နောက်ကျနေပြီ..."
"ကျန့်ကျန့်ကိုမချစ်တော့လို့...စကားနားမထောင်တော့တာလား သိပါပြီ သိပါပြီ..."
ရှောင်ကျန့်ကငြိမ်ကျသွားကာ တစ်ဖက်လှည့်သွားသည်
မြို့အုပ်၀မ်ကသူ့နောက်ကနေလာဖက်ပြီးတော့ နားသယ်ဖျားလေးကိုလာနမ်းသည်။
"မနမ်းနဲ့...မခေါ်ဘူးသွား!"
"ဇာတ်ကားအကြောင်းမပြောတော့ဘူးလား"
"မပြောတော့ဘူး ဖယ်တော့!"
"ကိုယ့်အချစ်လေးကလည်းစိတ်ဆိုးနေပြန်ပြီ ပြောပါ ကိုယ်နားထောင်ချင်လို့ကို...မယားကြီးကရောမင်းသားကိုပြန်လက်ခံလိုက်လား အရံဇာတ်ကောင်ကရောဘယ်လိုဖြစ်သွားလဲ"
"မနက်ဖြန်ကျမှဇာတ်ကားကြည့်တော့"
"ကိုယ်ကအလုပ်မှာလေ ဘယ်လိုလုပ်ကြည့်လို့ရမှာလဲ"
"စာအုပ်၀ယ်ဖတ်"
"ကိုယ့်ပိုက်ဆံတွေက ကိုယ့်အချစ်လက်ထဲမှာပဲလေ"
"...."
"ပြောပြပါဦး...ဇာတ်ကားအကြောင်းလေး"
"တစ်ကြောင်းထဲပြောပြမယ်နော်"
"အင်း..."
မြို့အုပ်၀မ်မှာ မတရားအိပ်ချင်နေပေမဲ့လည်း မနည်းမျက်လုံးဖွင့်ပြီးတော့ ရှောင်ကျန့်ပြောတာကိုနားထောင်ပေးလိုက်တယ်
နားငြီးနေပေမဲ့လည်း ရှောင်ကျန့်ကျေနပ်ရင်တော်ပါပြီ။
"အဲ့တာနဲ့လေ...နောက်ဆုံးမှာ...ဝှား...အရံဇာတ်ဆောင်မင်းသားက နိုင်ငံခြားကိုထွက်သွားခဲ့တယ် မင်းသားနဲ့
မယားကြီးကတော့နှစ်ယောက်ထဲအတူတူကျန်နေခဲ့တာပဲ
ဝှား...ဒါပဲ...ကျန့်ကျန့်အဲ့၀တ္ထုကိုသိပ်အားမရဘူးသိလား
မယားကြီးကလေ...မင်းသားကိုအရာအားလုံးထက်ပိုပြီး
ချစ်တာသိလား..."
"အင်း...."
"ဝှား...ကျန့်ကျန့်အိပ်ချင်လာပြီ"
"...."
ရှောင်ကျန့်က မြို့အုပ်၀မ်ရင်ခွင်ထဲအတင်းတိုး၀င်လို့ဖက်ထားကာ အိပ်သွားတော့တယ် မျက်လုံးကျယ်သွားတဲ့မြို့အုပ်၀မ်
ကတော့တော်ရုံပြန်မအိပ်နိုင်တော့ချေ ည၁၂နာရီထိုးမှပဲ
အိပ်ပျော်သွားတော့တယ် ရှောင်ကျန့်ပြောတဲ့ဇာတ်ကားကို
စွဲသွားလားတော့မသိဘူး အိမ်မက်ထဲအထိရှောင်ကျန့်က
ဇာတ်ကားအကြောင်းပြောနေတုန်းပင်။
_____________
"မြို့အုပ်မင်း မင်းကတော်လာ..."
"မောင်!"
အမတ်၀န်တွေနဲ့ ရုံးခန်းထဲမှာဆွေးနွေးနေတုန်းပဲ ရှောင်ကျန့်က၀င်ချလာသည် နောက်မှသူတို့ကိုတွေ့ပြီး ပါးစပ်အုပ်လို့
မြို့အုပ်၀မ်ထိုင်ခုံပေါ်မှာငြိမ်ငြိမ်လေးသွားထိုင်နေလိုက်သည်။
"ရေနံတင်သဘော်ကြီးနောက်တစ်စင်းကို ကျွန်တော်တို့
လွှတ်နိုင်အောင်လို့ အကောင်အထည်ပေါ်နေပါတယ် အရင်တစ်ခါလွှတ်တဲ့သဘော်ကြီးကြောင့် စီးပွားရေးတွေတိုးတက်လာပါတယ် မြို့အုပ်မင်း"
"အင်း..."
"ဟာ!...အဲ့တာဆိုကျန့်ကျန့်တို့ သဘော်ကြီးကိုလွှတ်ရဦးမှာပေါ့..."
ရှောင်ကျန့်ကထပြောတာကြောင့် အကုန်လုံးကသူ့ကိုဝိုင်း
ကြည့်နေကြသည် ရှောင်ကျန့်ကဟိုကြည့်ဒီကြည့်နဲ့ငြိမ်ငြိမ်
လေးပြန်ထိုင်နေလိုက်သည် မြို့အုပ်၀မ်ကိုမျက်လုံးလေး
လှန်ပြီးကြည့်လိုက်တယ် သူကတော့ပြုံးလို့။
"မြို့အုပ်၀မ်အတွက် England ကနေ၀ယ်လာတဲ့ ဆေးလိပ်ပါဗျ လက်ခံပေးပါ"
"...."
"ကဲ...ဒါဆို အခြားသူတွေကအရက်နဲ့ဂုဏ်ပြုပေမဲ့လည်း
ကျုပ်တို့ကတော့တစ်မူထူးအောင်လို့ ဆေးလိပ်နဲ့ပဲဂုဏ်ပြု
လိုက်ရအောင်...တစ်ရိူက်ထဲပဲဟေ့..."
အမတ်၀န်ငါးယောက်လုံးကဆေးလိပ်ကိုကိုယ်စီထုတ်လို့
မီးမြှိုက်လိုက်ကြတယ် မြို့အုပ်၀မ်ကတော့ ဆေးလိပ်ကို
တောင်မထိ မီးခြစ်ကို ခြစ်လိုက် ပြန်ပိတ်လိုက်နဲ့ပဲလုပ်နေတယ် ။
"မြို့အုပ်မင်း မသောက်ဘူးလား"
"ကျွန်တော့်အမျိုးသားကဆေးလိပ်သောက်တာမကြိုက်လို့ဗျ"
"အော်...."
အံ့ဩသား အရင်ကဆိုဆေးလိပ်ထိုင်သောက်နေတတ်တဲ့
မြို့အုပ်၀မ်ကသူတို့နဲ့မတွေ့ရသောအချိန်အတွင်းမှာ သူ့အမျိုးသားကြောင့် ဆေးလိပ်သောက်တာကိုဖြတ်လိုက်သည်။
"ဟို...မောင် အခုကဂုဏ်ပြုတာပဲလေ တစ်လိပ်တော့သောက်လိုက်ပါ လူကြီးတွေကိုအားနာစရာကြီး..."
မောင့်ကိုစစ်ယမ်စသွားသလိုမျိုး မယက တော့သူတို့မတွေးစေချင်ပင် အဲ့တာဆိုမောင့်ကိုလှောင်ကြလိမ့်မယ် သူ့အမျိုးသားကိုတော့ကြောက်တယ် ဘာညာနဲ့ ပြောကြဦးမယ်။
"ကဲပါ မြို့အုပ်မင်းရယ် တစ်လိပ်ထဲသောက်လိုက်ပါ တစ်ရိူက်ထဲ..."
"..."
"သောက်လိုက်ပါ ကျန့်ကျန့်ခွင့်ပြုပါတယ် တစ်လိပ်ထဲဘာမှမဖြစ်ပါဘူး"
"...."
ရှောင်ကျန့်ခွင့်ပြုအမိန့်ရတာနဲ့ မြို့အုပ်၀မ်ကဆေးလိပ်ဘူးထဲကတစ်လိပ်ထုတ်ကာမီးမြှိုက်လိုက်သည် အမတ်၀န်တွေကလည်းတပြုံးပြုံးနဲ့။
"ရေနံတင်သဘော်ကြီးကို နောက်၅လကျော်အတွင်းမှာ
လွှတ်နိုင်စေရမယ်..."
"လော့ယန်မြို့ကြီးတည်တံ့ရေးအတွက်"
"လော့ယန်မြို့ကြီးတည်တံ့ရေးအတွက်"
အမတ်၀န်တွေကပြောနေပေမဲ့လည်း မောင်ကတော့ဆေးလိပ်ကိုတောင်တစ်ရိူက်ပဲသောက်ကာ ငြိမ်နေတယ် လက်ချောင်း
ကြားထဲမှာဆေးလိပ်ထည့်ထားပြီး တစ်ငွေ့ငွေ့တောက်လောက်နေသောဆေးလိပ်နဲ့အတူတူ မောင်ကအရမ်းကိုမိမိုက်လွန်းတယ်။
"ကဲ..မြို့အုပ်မင်း ခွင့်ပြုပါဦး"
"အင်း"
အမတ်၀န်တွေပြန်သွားတာနဲ့ဆေးလိပ်ကိုသတ်လိုက်သည်
ပြီးတော့ရှောင်ကျန့်ဘက်ကိုလှည့်လာတယ်။
"ဟို...ကျန့်ကျန့်က...မောင့်ကိုလှောင်မှာကြောက်လို့ ခွင့်ပြု
ပေးလိုက်တာ တော်ကြာနေမောင့်ကို သူတို့ကအကုန်လုံးပေါ်မှာအာဏာရှိပြီးတော့ သူ့အမျိုးသားကိုတော့ကြောက်တယ်
ဆိုပြီး လှောင်ပြောင်နေကြဦးမယ်"
"...."
"အခုကျန့်ကျန့်လာတာက...ဟို...ပျင်းလို့"
"စော်အောလေးရော"
"အိပ်နေလို့ ထားခဲ့တယ်"
"အော်..."
"ဟိုလေ...မောင်..."
"အင်း..."
"ခုနက ဆေးလိပ်သောက်နေတဲ့ပုံကလေအရမ်းမိုက်တာပဲ
သိလား..."
"အင်း..."
"မောင်ကလည်း တအင်းအင်းပဲပြောနေတော့မှာလား"
"အင်း"
"မောင်နော်!"
ရှောင်ကျန့်ကမျက်ခုံးလေးတွေစုကျုံ့လို့လက်ပိုက်ကာထိုင်နေရင်းနဲ့ သူ့ကိုဘုကြည့်ကြည့်နေသည် မြို့အုပ်၀မ်ကထကာ
ရှောင်ကျန့်ရှေ့သွားရပ်တယ်။
"မြို့အုပ်ရှောင်း....စိတ်ဆိုးတော်မမူပါနဲ့"
"သိဘူး စိတ်ဆိုးတယ်"
စိတ်ဆိုးတဲ့ရုပ်လေးကလည်း ပြုံးစိစိနဲ့ မြို့အုပ်တွေထိုင်တဲ့
ခုံမှာထိုင်နေလို့ သူ့ကိုမြို့အုပ်ရှောင်းလို့မောင်ကခေါ်သည်။
"မြို့အုပ်ရှောင်း....ကျွန်တော်မျိုးဘာလုပ်ပေးရမလဲဗျ"
"အင်း....မုန့်၀ယ်ကျွေးရမယ် မာကာရွန်နော်"
"ကောင်းပါပြီ မြို့အုပ်ရှောင်း"
"ဟီး... အဲ့တာဆိုလည်းစိတ်ဆိုးပြေပါတယ်ဗျ "
ရှောင်ကျန့်ကထလိုက်ကာ နေရာဖယ်ပေးလိုက်တယ်။
"မထိုင်တော့ဘူးလား"
"ဒါမြို့အုပ်တွေထိုင်တဲ့ခုံပဲလေ မောင်ရဲ့ ကျန့်ကျန့်ကဘယ်လို
လုပ်ပြီးထိုင်ရမှာလဲ"
"ကိုယ်ကမြို့အုပ်လေအချစ် ကိုယ်ပိုင်သမျှမင်းပိုင်တာပဲကို"
"ကျန့်ကျန့်ကမြို့အုပ်မှမဟုတ်တာ"
"မြို့အုပ်ကတော်လေ အချစ်...မင်းကမြို့အုပ်ကတော်"
"အိုက်ယား...မြို့အုပ်ကတော်ဆိုတိုင်းလဲ အဲ့မှာမထိုင်ချင်ပါဘူး မောင့်လိုမျိုးတစ်နေကုန်ထိုင်ပြီးအလုပ်ကြီးလည်းမလုပ်
ချင်ပါဘူး ဒီအတိုင်း မြို့အုပ်ကတော်ရာထူးလေးပဲကောင်းပါတယ်ဗျ ဟီး...."
ရှောင်ကျန့်ကပြုံးပြလိုက်တော့ မြို့အုပ်၀မ်ကအသာလေး
မျက်နှာကိုသူ့လက်နဲ့အုပ်ကိုင်လိုက်တယ်။
"ပြုံးတာချစ်စရာလေး အချစ်ရယ်"
"ဟီး...ကျန့်ကျန့်ပြုံးတာပဲကို ချစ်ဖို့ကောင်းတာပေါ့ဗျ"
"သမီးလေးတွေလဲ အချစ်လိုမျိုး အပြုံးလေးလှပြီးချစ်ဖို့ကောင်းမှာပဲ"
ရှောင်ကျန့်မဲ့သွားပြီ လာပြီ ဗိုက်ထဲရောက်လားမရောက်လား
တောင်မသိသေးတဲ့ သမီးမိန်းကလေးတွေကို တနေပြီ ။
"မောင်နော်...အခုထဲကကျန့်ကျန့်အကြောင်းပြောနေရင်းနဲ့
အဲ့ဟာလေးတွေဘက်ရောက်သွားပြီ"
"အချစ်နဲ့တူစေချင်လို့ပါ"
"တူတာကတော့ရပါတယ်...ဒါပေမဲ့လည်း...ကျန့်ကျန့်နဲ့
ရင်ခုန်စရာစကားလေးတွေပြောနေရင် အဲ့ဒီပေါက်စနတွေ
မပါလာစေနဲ့ ကျန့်ကျန့်မနာလိုဘူး သူတို့လေးတွေကို ကျန့်ကျန့်လည်းချစ်ပါတယ် ဒါပေမဲ့ သူတို့လေးတွေလာတော့ ကျန့်ကျန့်စီကနေမောင့်အချစ်တွေဖဲ့ယူသွားသလိုခံစားလိုက်ရတယ်"
"မွှ...လူတစ်ယောက်ကိုချစ်တဲ့အချစ်နဲ့ သားသမီးအပေါ်ချစ်တဲ့အချစ်ကမတူပါဘူး အချစ်ကို ၁၅၀၀ ကြီးတောင်ပေးထားတာလေ သူတို့လေးတွေကိုတော့၅၂၈ ပဲပေးထားတာလေ"
"ဟီး...အဲ့တာတော့ဟုတ်တယ်နော် ကျန့်ကျန့်အရမ်းကလေး
ဆန်လွန်းတယ်မဟုတ်လား"
"အဲ့ကလေးဆန်တာလေးကိုကိုယ်ချစ်တာပဲလေ...အထူးသဖြင့် ရှောင်ကျန့်ဆိုတဲ့မင်းဖြစ်နေလို့ပေ့ါ"
"အိန်း...အပြောလေးတွေများချိုနေတာပဲ..."
ရှောင်ကျန့်က မြို့အုပ်၀မ်ကိုဖက်ထားလိုက်သည် မောင့်ကိုမစွန့်လွှတ်ချင်ဘူး မောင်ကသူ့ကိုချစ်တယ် အဲ့တာသူ့အသိ
တစ်ဘ၀စာလုံးအတွက် အချစ်တွေက ၀မ်ရိပေါ်ဆိုသော
လူသားစီမှာပဲ တစ်သက်လုံးပုံအပ်ပါတယ် ။
______________
(28.2.2024)
#Su🐼
(Su ficအသစ်လေးတင်ထားတယ်နော်😘)
အား!!!!! မောင်ရေ...မောင်ရေ...😭🫶🫶 Love တယ်
Part 45
-------------
"အချစ် အိပ်မယ်လေ"
"ဘာဇာတ်ကားမို့လို့လဲ"
ပိုကောင်းသွားတယ်"
"....."
"...."
"...."
"ကိုယ်..."
"...."
"အင်း...အင်း..."
ဟုတ်တယ်မှတ်လား..."
"အင်း..."
တော်တော်နှံ့တာပဲ"
"...."
"...."
"ဘာ...ဘာလဲ"
တွေ့ရမှာ..."
"...."
"...."
"မောင်ရာ...ထလို့..."
"မပြောတော့ဘူး ဖယ်တော့!"
"စာအုပ်ဝယ်ဖတ်"
"...."
"အင်း..."
ချစ်တာသိလား..."
"အင်း...."
"...."
_____________
"မောင်!"
"အင်း..."
"...."
လိုက်ရအောင်...တစ်ရိုက်ထဲပဲဟေ့..."
"အော်...."
"ကဲပါ မြို့အုပ်မင်းရယ် တစ်လိပ်ထဲသောက်လိုက်ပါ တစ်ရိုက်ထဲ..."
"..."
"...."
လွှတ်နိုင်စေရမယ်..."
အမတ်ဝန်တွေကပြောနေပေမဲ့လည်း မောင်ကတော့ဆေးလိပ်ကိုတောင်တစ်ရိုက်ပဲသောက်ကာ ငြိမ်နေတယ် လက်ချောင်း
"အင်း"
"...."
"စော်အောလေးရော"
"အိပ်နေလို့ ထားခဲ့တယ်"
"အော်..."
"ဟိုလေ...မောင်..."
"အင်း..."
သိလား..."
"အင်း..."
"အင်း"
"မောင်နော်!"
"သိဘူး စိတ်ဆိုးတယ်"
"မထိုင်တော့ဘူးလား"
လုပ်ပြီးထိုင်ရမှာလဲ"
ဆန်လွန်းတယ်မဟုတ်လား"
"အဲ့ကလေးဆန်တာလေးကိုကိုယ်ချစ်တာပဲလေ...အထူးသဖြင့် ရှောင်ကျန့်ဆိုတဲ့မင်းဖြစ်နေလို့ပေါ့"
______________
(28.2.2024)
#Su🐼