Betaယောင်ဆောင်သော မြို့အုပ်ကတော်
Part 35
------------
နှစ်သစ်ကူးပွဲတော်ရက်ဖြစ်လို့လားမသိ အိမ်တိုင်းမှာတင် မီးပုံး
လေးတွေချိတ်ဆွဲထားကြတယ် ညအခါလှည့်လည်ဖို့အတွက်
အကသမားတွေရော ပြင်ဆင်နေကြလေပြီ ။"မောင်...မောင်...ညကြရင်ဒီမှာလာကြည့်မယ်မှတ်လားဟင်"
"လူတအားများတယ်နော်"
"မောင်ကလည်း ကျန့်ကျန့်ကလေကျန်းစစ်နဲ့တောင်မှတစ်ခါရောက်
လာဖူးတာ သိပ်လည်းမကြပ်ပါဘူး""...."
"အဲ့တုန်းကဆိုရင်လေ...ကျန့်ကျန့်ကလူကြီးတစ်ယောက်နဲ့တိုက်မိ
သွားတာသိလား ဘာမှလည်းမဖြစ်ဘဲနဲ့အဲ့လူကြီးက အလျော်လာ
တောင်းတယ်...ကျန်းစစ်ကကာကွယ်ပေးလို့တော်သေးတာပေါ့""အချစ်နော်...သူ့အကြောင်းပြောနေတာကိုယ်မကြိုက်ဘူးနော်"
"အမှတ်တရတွေပြန်ပြောနေတာပါနော်"
"ဟုတ်လား ယွမ်နင်နဲ့တုန်းကလည်း ပြဇာတ်ရုံ
ထဲရော ဒီလိုလမ်းလေးပါ အတူလျှောက်ဖူးတယ်""မောင်နော်....ဘာလို့သူကပါလာပြန်တာလဲ..ကျန့်ကျန့်မကြိုက်ဘူး"
"ကိုယ်လည်းအမှတ်တရပြန်ပြောတာလေ"
"မရဘူး မရဘူး မပြောရဘူး..."
"မင်းကျရတယ်ပေါ့လေ"
"ဟုတ်တယ် ကျန့်ကျန့်က ရတယ် မောင်ကမရဘူး ဟွန့်!"
"...."
ရှောင်ကျန့်ကစူပုတ်လို့သူ့လက်မောင်းကိုချိတ်ထားရာကနေလွှတ်ကာလက်ပိုက်ပြီးတစ်ဖက်ကိုမျက်နှာမူလို့ ကောက်သည်။
"ဒီလမ်းလေးမှာ တစ်ခါထဲ ယွမ်နင်နဲ့ပုခုံးချင်းယှဉ်လို့လျှောက်ဖူးတယ် ပန်းလေးတွေကလည်းကြွေလို့...."
"ဒါဆို...သူနဲ့အတူလျှောက်ဖူးပြီးသားလမ်းကို...ကျန့်ကျန့်နဲ့ဒုတိယလျှောက်တာပေါ့"
"အင်းပေါ့..."
"အင့်! မခေါ်ဘူး!! စိတ်ဆိုးတယ်!"
ရှောင်ကျန့်ကဆောင့်အောင့်လို့ လှည့်ထွက်ဖို့ပြင်တော့ မြို့အုပ်၀မ်က
လက်ကိုပြန်ဆွဲကာ သူ့နားကပ်စေသည်။
YOU ARE READING
Beta ယောင်ဆောင်သောမြို့အုပ်ကတော် ( Complete)
Fanfictionမြို့အုပ် ficကိုမှ AOB typeလေးရေးကြည့်ထားတာပါ အားပေးကြပါဦးနော်