Part 34

4.6K 284 5
                                    

Betaယောင်ဆောင်သောမြို့အုပ်ကတော်
Part 34
-------------
နှစ်သစ်ကူးပွဲတော်မို့လို့ ရုံးတွေရောကျောင်းတွေပါ ပိတ်ကြတယ်
နှစ်သစ်ကူးပွဲတော်ကို မြို့အုပ်၀မ်ကဖွင့်လှစ်ပေးခဲ့တယ် ဒါနဲ့ဆိုရင်
သူမြို့အုပ်ဖြစ်တာ၄နှစ်ရှိခဲ့ပြီမို့ နှစ်သစ်ကူးပွဲတော်ကိုဖွင့်လှစ်ပေးတာ
ကလည်း၄ကြိမ်တိတိရှိခဲ့လေပြီ ။

"လော့ယန်မြို့ကြီး တိုးတက်လာတဲ့အတွက်အတိုင်းမသိ၀မ်းသာပါတယ်..."

မြို့တော်ခန်းမရှေ့မှာ ဟောပြောရင်းနဲ့ နှစ်သစ်ကိုစတင်ကြောင်း
ပြောရမည်ပင် သတင်းသမားတွေကလည်းအများအပြား အမတ်တွေကအရှေ့မှာထိုင်နေကြသည် ။

"ရေနံတင်သဘော်ကြီးကို လာမဲ့နှစ်မှာလည်း ထပ်လွှတ်နိုင်အောင်
ကြိုးစားဦးမှာပါ..."

ဟောပြောနေသော သူ့ယောကျာ်းကအရမ်းချောတာပင် ရှောင်ကျန့်ဘေးနားကနေကြည့်နေတာ မျက်တောင်မခတ်စတမ်းပင်။

"အာ..ဒါနဲ့...ဒါက ကျွန်တော့်အမျိုးသားပါ...ရေနံတင်သဘော်ကြီး
လွှတ်တုန်းက သူ့ကိုမမိတ်ဆက်ပေးလိုက်ရလို့ပါ"

ရှောင်ကျန့်လက်ကိုဆွဲလို့ သူဟောပြောတဲ့နေရာရှေ့ထိခေါ်လာသည်။

"အချစ်...တစ်ခုခုပြောလေ..."

"ကျန့်ကျန့်...ဘာပြောရမှာလဲဟင်"

"ကြိုက်တာပြောချည်..."

အရှေ့မှာ မိုက်ခ်ကအဆင်သင့်ရှိနေသည် ရှောင်ကျန့်အရှေ့ကို
ကြည့်လိုက်တော့ အမတ်တွေနဲ့ အမတ်ကတော်တွေအသီးသီး
ထိုင်နေကြတာ တစ်ခါမှလည်းဒီလိုပွဲမျိုးမတက်ဘူးပါ သူပြောတာမှားရင်ဘာဖြစ်မှာလဲ...။

မြို့အုပ်၀မ်ကိုမျှော်လင့်သလိုမျိုးလေးကြည့်လိုက်တော့ သူကခေါင်းငြိမ့်ပြတယ် ။

"အချစ် လုပ်နိုင်မှာပါ...ကိုယ်ယုံတယ် စိတ်မလူပ်ရှားနဲ့..."

"အင်း...."

မိုက်ခ်ရှေ့မှာရပ်လို့ ‌မြို့အုပ်၀မ်လက်ကိုတင်းတင်းဆုပ်ကိုင်ထား
လိုက်ပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။

"ကျန့်ကျန့်တို့..."

*ကျွီ....*

မိုက်ခ်ကအော်လာတာ နားစည်တွေကွဲမတတ်ပင် အကုန်လုံးကနားပိတ်သွားကြတယ် ။

Beta ယောင်ဆောင်သောမြို့အုပ်ကတော် ( Complete)Where stories live. Discover now