Betaယောင်ဆောင်သောမြို့အုပ်ကတော်
Part 10
------------
လော့ယန်မြို့ကနေ ယွီမြို့တော်ကို ရထားနဲ့သွားရတာလောက်
ဘယ်ဟာမှကောင်းတာမရှိပါ ရှောင်ကျန့်ဒီလိုမျိုးကိုသဘောကျတယ် အမှန်ဆိုသဘော်နဲ့သွားချင်တာကို မြို့အုပ်၀မ်ကရထားနဲ့ပဲသွားမယ်
တဲ့လေ ။"မြို့အုပ်၀မ်...မြို့အုပ်၀မ်"
"ပြော..."
"ကျန့်ကျန့်တို့အဲ့ကိုဘာသွားလုပ်ကြမှာလဲဟင်"
"မင်းကိုသွားရောင်းစားမလို့"
"ဟွန်း...အကောင်းနဲ့မေးတာကို..."
"ငါကလည်းအကောင်းနဲ့ပြောတာပဲလေ..."
"မြို့အုပ်၀မ်ကို ခေါ်တော့ဘူး...."
လက်လေးပိုက်လို့ ပြတင်းပေါက်ဘက်လှည့်ကာ နူတ်ခမ်းကမသိမသာထော်ထားသေးတယ် ကလေးကလားစိတ်
တွေပါလား....။"အဖွဲ့၁က ရထားရပ်ရင် အရှေ့မှာစောင့်နေရမယ် အဖွဲ့၂ကကားရှေ့မှာစောင့်နေရမယ် ဟုတ်ပြီလား..."
"ဟုတ်ကဲ့!"
ကျင်းရန်ကမှာကြားနေတယ် ဒီနေရာက ပထမတန်းစားဖြစ်လို့
မည်သူမှ၀ယ်မစီးနိုင်ပေမဲ့လည်း မြို့အုပ်၀မ်ကအပြတ်ငှားထား
တာဆိုတော့ ဒီနေရာမှာ ကိုယ်ရံတော်တွေနဲ့သူတို့ကလွဲပြီးမည်သူ
မှမရှိပေ ။"မြို့အုပ်၀မ်...."
မခေါ်ဘူးလို့ပြောလည်း မနေနိုင်တဲ့ဒီဟာလေးက စကားခဏခဏကို
လာပြောနေတော့ မြို့အုပ်၀မ်အထူးတလည်မချော့ပါ ချော့ရအောင်
လည်းသူနဲ့ကိုယ်နဲ့ကသမီးရည်းစားမဟုတ်။"ကိုယ်ရံတော်တပ်တွေအများကြီးပဲနော်...ဘာလို့လဲဟင်..."
"လုပ်ကြံသူတွေရှိနိုင်တယ်..."
"ဝါး...တကယ်ကြီး..."
"အင်း...အဲ့တာကြောင့်သတိထားနေရတယ်"
"မိုက်တယ်ကွာ လုပ်ကြံသူတွေက သေနတ်နဲ့ခပ်ဝေးဝေးက
နေချောင်းပြီး ပစ်ရင် ပွဲသိမ်းပြီ ရုပ်ရှင်ထဲကလိုပဲ မိုက်တယ်""...."
ရှောင်ကျန့်ကအမြဲလိုလိုကလေးအတွေးတွေပဲတွေးတတ်တယ်
မြို့အုပ်တို့မည်သည် လုပ်ကြံခံရနိုင်တယ် ဘုရင်တွေတောင်လုပ်ကြံ
ခံရသေးတာပဲကို သူတို့ရဲ့ဘိုးဘေးတစ်ယောက်ဖြစ်တဲ့ မြို့အုပ်၀မ်ရိူး
ဆိုရင်လည်းရထားပေါ်မှာလုပ်ကြံခံရလိုက်တာပဲကို....။
YOU ARE READING
Beta ယောင်ဆောင်သောမြို့အုပ်ကတော် ( Complete)
Fanfictionမြို့အုပ် ficကိုမှ AOB typeလေးရေးကြည့်ထားတာပါ အားပေးကြပါဦးနော်