ဆောင်ဟွန်းကိုအရိုအသေပြုပြီး တဲထဲမှ ဟုန်ရှစ်ထွက်သွားသည်နှင့် ဆောင်ဟွန်းစိတ်တွေလေးလံလာသလိုခံစားလိုက်ရသည်။
အရင်ကဆိုလည်း အချို့ရွာငယ်လေးတွေမှာ ဘုရင့်တပ်နဲ့ထိပ်တိုက်တွေ့ဖို့ ဟုန်ရှစ်က မကြာခဏတာဝန်ယူဖူးသော်လည်း ယခုတစ်ခေါက်မှ အဘယ်ကြောင့် စိတ်မချသလို စိတ်ထဲလေးနေမိသည်ကိုဆောင်ဟွန်းလည်း
နားမလည်နိုင်ပေ။
လုပ်လက်စအလုပ်ကိုစိတ်နှစ်လုပ်နေရင်း နှစ်နာရီကျော်လောက်အကြာမှာ စစ်သူကြီးငယ်တစ်ဦး တဲအတွင်းသို့ဝင်ရောက်လာသည်။
" စစ်သူကြီးချုပ် အခုပဲ ဘုရင့်တပ်ထဲက သူလျှိုဆီက စာတစ်စောင်ရောက်လာပါတယ် ။
မနေ့ညကတည်းကပို့ဖို့လုပ်ပေမယ့် အစစ်အဆေးအရမ်းကြပ်လို့ အခုမှပဲရောက်လာပါတယ် ။
စာထဲကအတိုင်းဆို လက်ထောက်စစ်သူကြီးဟုန်ရှစ်တို့အဖွဲ့အန္တရာယ်ရှိနေပါပြီ"
"ဘာ"
ဆောင်ဟွန်းလည်း စာကိုအလျှင်အမြန်ယူကြည့်လိုက်တော့ စာထဲမှာ ရွာထဲကိုဝင်လာမယ့် ပြည်သူ့တပ်ဖွဲ့တွေကို အဆိပ်ငွေ့နဲ့မှိုင်းတိုက်ပြီး ရှင်းဖို့ကြံစည်နေကြောင်း။ စစ်သူကြီးချုပ်ကိုရှင်းနိုင်လျှင် တစ်သက်စားမကုန်အောင်ပိုလျှံနေသောစည်းစိမ်ဥစ္စာများ၊ရာထူးရာခံများချီးမြှင့်မည်ဟုလည်း တပ်တွင်းမှာကြေညာထားကြောင်း ရေးထားသည်။
ရန်သူတပ်ဖွဲ့များကတော့ အဆိပ်ငွေ့ကို ခံနိုင်ရည်ရှိဖို့ ဖြေဆေးကြိုသောက်ထားပြီးဖြစ်တာကြောင့် ပြည်သူ့တပ်များ ရွာထဲကိုဝင်မလာသင့်သေးကြောင်း စာထဲမှာလျှို့ဝှက်သတင်းပေးထားသည်။
စာကိုဖတ်ပြီး သည်နှင့် ဆောင်ဟွန်း ဆောန်ဆီသွားကာ ရန်သူဘက်ကအဆိပ်ငွေ့အတွက် ဖြေဆေးအလျှင်အမြန်ဖော်ခိုင်းပြီးနောက် လက်ရွေးစင်စစ်သည်ရာဂဏန်းကိုအားချင်းစုစည်းလိုက်သည်။
" ငါလိုက်ခဲ့မယ်ဟွန်း"
ဆောန်ကလည်းလိုက်မယ်ပြောလာသဖြင့် ဆောင်ဟွန်းခေါင်းငြိမ့်ကာ ခရီးကိုအလျှင်အမြန်စတင်တော့သည်။
ဟုန်ရှစ်တို့ထွက်သွားသည်မှာ ၃နာရီကျော်ခန့်ကြာနေပြီဖြစ်သဖြင့် ခရီးလမ်းတစ်လျှောက်မနားဘဲ ဒုန်းစိုင်းစီးလျှင်တောင် မီသည်ဆိုရုံလောက်သာမီမှာမို့ တစ်ချက်မှမနားဘဲ အသော့နှင်ခဲ့သည်။
တိုက်တိုက်ဆိုင်ဆိုင် လမ်းခုလတ်၌ ဆောင်ဟွန်းတို့ရှိရာသို့ လာရောက်ပူးပေါင်းသော ဂျုံဆောင်း၏တပ်ဖွဲနှင့်ဆုံမိသည်။
တပ်ဖွဲ့အချို့ကို ဆောင်ဟွန်းတို့လောလောလတ်လတ်စခန်းချနေသောနေရာသို့ သွားစေပြီး ဂျုံဆောင်း၊ဂျောင်ဝန်းနှင့် တပ်ဖွဲ့အချို့ကတော့ ဆောင်ဟွန်းနှင့်လိုက်လာခဲ့သည်။
.
.
မီးခိုးအူနေသောရွာနှစ်ရွာကို လှမ်းမြင်နေရပြီ။
အဆိပ်ဖြေဆေးမှာ ဆောင်ဟွန်းတို့လူစုအတွက်သာလုံလောက်တာမို့ နောက်မှလိုက်လာသော ဂျုံဆောင်းတို့အဖွဲ့ကို မီးခိုးငွေ့တွေနှင့်ဝေးရာ ရွာအပြင်မှာ စောင့်နေစေပြီး ရွာကိုဝိုင်းထားစေသည်။
ရွာထဲမှ ဒယိမ်းဒယိုင်ထွက်လာသော ဆောင်ဟွန်းတို့တပ်သားအချို့မှာ ရွာပြင်သို့ရောက်သည်နှင့် လဲကျကုန်ကြသည်ကိုတွေ့ရတော့ ဆောင်ဟွန်း ဟုန်ရှစ်အတွက် ပို၍စိုးရိမ်သွားသည်။
ရွာထဲသို့ ဝင်ကာ တွေ့သမျှရန်သူ့စစ်သည်များကို ရှင်းလင်းပြီးနောက် ရွာလယ်အရောက်တွင်တော့ ရင်ဘတ်မှာ ဓားတစ်ချောင်းစိုက်ဝင်ကာ ဒူးထောက်ကျနေသောဟုန်ရှစ်ကိုတွေ့လိုက်ရသည်။
ဆောင်ဟွန်းအလျှင်အမြန်ပြေးပွေ့လိုက်ချိန်မှာ ဟုန်ရှစ်သတိရှိနေသေးသည်။
သို့သော် ဓားက ဘယ်ဘက်ရင်အုံမှာ တည့်တည့် စိုက်ဝင်နေတာကြောင့် မျှော်လင့်ချက်မရှိတော့ပေ။
" ဟုန်ရှစ်"
ရင်ထဲမှာဆို့နင့်ကြေကွဲမှုအပြည့်နဲ့ခေါ်လိုက်တော့ ဟုန်ရှစ်ဆီမှ " ဆောင်ဟွန်းဟျောင်း" ဟူသောအသံလေးထွက်လာသည်။
ဟုန်ရှစ်က သူ့ကို အကိုရင်းတစ်ယောက်လိုအမြဲသဘောထားပြီးချစ်ရှာတာကို ဆောင်ဟွန်းသိသည်။
ဂိုဂူလျောကိုပြန်ရောက်ကတည်းက တိုက်ပွဲတိုင်းတွင် သူနှင့်အတူ သေဖော်သေဖက်အဖြစ် ကျောချင်းကပ်ကာ ရန်သူစစ်တပ်များကိုအတူတကွ တိုက်ခိုက်လာခဲ့ကြတာမို့ဆောင်ဟွန်းက ဟုန်ရှစ်ကို အယုံကြည်ဆုံးဖြစ်သည်။
အခုတော့ မနက်ကမှ အားမာန်အပြည့်ဖြင့်စခန်းကထွက်သွားသော ဟုန်ရှစ်မှာ ဆောင်ဟွန်းနှင့်ပြန်တွေ့သည့်ညနေစောင်းအချိန်တွင် ရင်ဘတ်၌ဓားတစ်ချောင်းစိုက်ဝင်နေခဲ့ချေပြီ။
သတိကပ်နိုင်သေးသမျှအချိန်ကာလလေးအတွင်းမှာ အားတင်းပြီးမှာစရာရှိတဲ့စကားတွေကို မှာနေသော
ဟုန်ရှစ်ကိုဂရုစိုက်နားထောင်ရင်း ကိုယ့်ကိုယ်ကိုယ်တောင်သတိမထားမီဘဲ ငိုရှိုက်သံအနည်းငယ်ထွက်လာမိသည်။
ထွက်သွားမည့်သူနောက်ဆံတင်းနေမှာစိုးတာကြောင့် မျက်ရည်တွေကိုကြိုးစားထိန်းကာ နောက်ဆုံးအချိန်ကို အေးချမ်းစွာသွားခွင့်ပေးလိုက်သည်။
ဟုန်ရှစ်ရင်ဘတ်ကဓားက ဆောင်ဟွန်းနှလုံးသားကိုစူးဝင်စေသော ဆူးတစ်ချောင်းဖြစ်လာခဲ့သည်။
ဟုန်ရှစ်ကိုအသာအယာမြေပေါ်ချလိုက်ပြီး ဓားကိုကောက်ယူကာ ထွက်ပြေးသွားသောရန်သူများနောက်သို့အသည်းအသန်လိုက်ရင်း စိတ်ရှိလက်ရှိ ချေမှုန်းပစ်နေမိသည်။
ထို့နောက် ရန်သူတပ်ခေါင်းဆောင်ကိုလက်ရဖမ်းဆီးကာ ခေါင်းကိုဖြတ်ပြီးနောက် ရန်သူဘက်မှ တပ်သားငယ်တစ်ဦးကို တပ်မှူးခေါင်းနှင့်စာတစ်စောင် ဘုရင့်ထံဆက်သစေလိုက်သည်။
ဟုန်ရှစ်အလောင်းကို ပွေ့ကာ ရွာပြင်သို့ထွက်လာချိန်တွင် ညအချိန်သို့ရောက်နေပြီဖြစ်တာကြောင့် မီးတိုင်များပင်ထွန်းညှိထားရပြီဖြစ်သည်။
" ဟွန်း
ဟာ
ဟုန်ရှစ်"
ရွာပြင်သို့ထွက်လာသောစစ်သည်များကို ဆေးကုသပေးရင်းရွာအပြင်မှာနေခဲ့သောဆောန်က ယခုမှ ဟုန်ရှစ်ကျဆုံးသွားတာကို သိသွားခဲ့သည်။
ဆောင်ဟွန်းအနားသို့ပြေးလာကာ လက်ထဲမှ ဟုန်ရှစ်ကိုကြည့်ရင်းဆောန်လည်းမျက်ရည်တို့မဆည်နိုင်ပေ။
ဟုန်ရှစ်အလောင်းကို လှည်းတစ်စီးပေါ်သို့အသာအယာချလိုက်ပြီးနောက် ညတွင်းချင်းပင် ရွာပြင်က သုဿာန်လေးမှာ မြေမြှုပ်သဂြိုလ်ဖို့ပြင်ဆင်ကြသည်။
" လက်ထောက်စစ်သူကြီးဟုန်ရှစ်
အသက် ၂၂ နှစ်
တိုင်းပြည်အတွက် တော်လှန်ရေးတွင် ရဲရင့်စွာ ကျဆုံးသည်။ "
ကဗ္ဗည်းတိုင်လေးကို အုတ်ဂူတွင်သေချာစွာရေးထိုးစေပြီးနောက် ဆောင်ဟွန်း အုတ်ဂူရှေ့မှာ ဒူးထောက်ထိုင်ချလိုက်သည်။
" စိတ်ချသွား ငါက မင်းယုံကြည်ခဲ့တဲ့အတိုင်း
ဂိုဂူလျောကို သေချာ ကာကွယ်ပေးမှာမို့ မင်းကတော့ကောင်းကင်ဘုံမှာ အေးအေးချမ်းချမ်းအနားယူပါတော့ "
နောက်ဆုံးအနေနဲ့စကားဆိုပြီးနောက် ဟုန်ရှစ်ကိုနှုတ်ဆက်လိုက်သည်။
" လက်ထောက်စစ်သူကြီးက အရင်လိုရှေ့ပြေးတပ်သားမလွှတ်ဘဲ သတိလွတ်နေသလိုမျိုး ရွာထဲကို ဝင်သွားတာ ကျွန်တော်တို့တောင်တားချိန်မရဘူး"
ဟူသောစစ်သည်အချို့၏ စကားကြောင့်ဆောင်ဟွန်းစိတ်ထဲမတင်မကျဖြစ်နေသည်ကတော့အမှန်ပင်။
တကယ်တော့ ဆောင်ဟွန်းလိုက်သွားသင့်တာ။
အသက်နှင့်အဝေးကြီးရှိသောမြားဒဏ်ရာလေးတစ်ခုကြောင့် ဆောင်ဟွန်းက စခန်းမှာနေခဲ့ပြီး ဟုန်ရှစ်မှာ ကူကယ်ရာမဲ့ခဲ့ရသည် ဟူသောအတွေးဖြင့်မိမိကိုယ်ကိုယ်အပြစ်တင်၍မဆုံးနိုင်အောင်ဖြစ်ရသည်။
တိုင်းပြည်အတွက်အသက်ပေးလှူသွားသောသူရဲကောင်းတစ်ဦးအဖြစ် ဟုန်ရှစ်ကို ဆောင်ဟွန်းအလေးပြုလိုက်သည်။
ဆောန်၊ ဂျုံဆောင်း ဂျောင်ဝန်းနှင့် ကျန်စစ်သည်များကလည်း ဟုန်ရှစ်ကို နောက်ဆုံးအနေနှင့်အလေးပြုကာ နှမြောတသစွာဖြင့် ထားရစ်ခဲ့ကြရသည်။
ဟုန်ရှစ်ထွက်သွားသည့်ညက အရင်ညတွေထက် ကောင်းကင်မှာ ကြယ်တွေပိုပြီးစုံလင်နေသည်။
ဟုန်ရှစ်က ကြယ်ကလေးဖြစ်သွားပြီး
သူတို့ကိုစောင့်ကြည့်နေတာကြောင့်ဖြစ်မည်။
ကောင်းကင်ကိုမော့ကြည့်ကာ ဟုန်ရှစ်နောက်ဆုံးမှာခဲ့သည့်စကားများကိုပြန်လည်ကြားယောင်လာမိသည်။
"မင်းကအရင်သွားနှင့်တာမို့ နောက်ဘဝကျရင် မင်းကအကိုကြီးဖြစ်ပြီး ငါက မင်းရဲ့ညီလေးဖြစ်သွားမယ်ထင်တယ်။
မင်းက ငါ့ရဲ့ အစားထိုးမရတဲ့ ရဲဘော်ရဲဘက်ပါပဲဟုန်ရှစ်ရေ.."
.
.
စစ်သည်အများကို ဦးဆောင်နေရသူမို့ စစ်သည်တွေရှေ့မှာ ပြိုလဲနေတဲ့ပုံရိပ်ကို ပြလို့မဖြစ်တာကြောင့်ဆောင်ဟွန်းစိတ်တွေတင်းကာ နောက်တစ်နေ့မနက်မှာ စစ်သည်အများအပြားကို ရွာနှစ်ရွာအတွက်ပြန်လည်ထူထောင်ရေးကူညီပေးရန်ထားခဲ့ပြီးနောက် စခန်းသို့ပြန်လာခဲ့သည်။
စခန်းရောက်သည်နှင့် စခန်းရှိ စစ်သည်များကိုစုစည်းကာလာမည့်တိုက်ပွဲအတွက်ပြင်ဆင်သည်။
ဂျုံဆောင်းဘက်မှပါလာသောစစ်သည်များကိုလည်း စခန်း၌နေရာချပေးပြီး တိုက်ပွဲအနေအထား စစ်ဗျူဟာများနှင့် အကျွမ်းဝင်စေသည်။
ဆောန်က သူ့ကိုစိုးရိမ်တဲ့မျက်ဝန်းတွေနဲ့စောင့်ကြည့်နေတာသိပေမယ့် ဆောန်ကိုမြင်လျှင် ဆောန်ရင်ခွင်ထဲဝင်ကာ စိတ်ရှိလက်ရှိငိုကြွေးပြိုလဲမိမှာကို စိုးရိမ်သည်။
ယခုအချိန်က ပြိုလဲရမည့်အချိန်မဟုတ်သေးပေ။
ရန်သူကို အချိန်တိုအတွင်း အပြတ်ချေမှုန်းဖို့ကြိုးစားရတော့မည့်အချိန်ဖြစ်သည်။
ဆောင်ဟွန်းခဏအနားယူမည်ကြံလိုက်တိုင်း ဟုန်ရှစ်ကိုမြင်ယောင်ကာ အလုပ်ကိုပဲဆက်တိုက်လုပ်နေမိတော့သည်။
.
.
ဟုန်ရှစ်ကျဆုံးသွားပြီး နေ့မနားညမနားအလုပ်လုပ်နေသောဟွန်းကို ဆောနူးစိုးရိမ်လာသည်။
ခဏတာလေးတောင်အနားမယူဘဲ အလုပ်စားပွဲမှာထိုင်လိုက်၊ စစ်သည်တွေနဲ့အတူဓားရေးလေ့ကျင့်လိုက်၊ တိုက်ပွဲနယ်မြေလေ့လာဖို့သွားလိုက်နှင့် အလုပ်တွေဆက်တိုက်ဖြစ်နေသည်။
ရေတပ်စစ်သူကြီးချုပ်ဂျုံဆောင်းနှင့်ဂျောင်ဝန်းမှာလည်း ရောက်တည်းက ဟွန်းနဲ့အတူ ဆက်တိုက်အလုပ်လုပ်နေရတာကြောင့်ပင်ပန်းရှာရော့မည်။
အစပိုင်းမှာတော့ ဟုန်ရှစ်စိတ်ကြောင့် စိတ်ပြေလက်ပျောက်အလုပ်လုပ်ပါစေဟုသဘောထားကာ ဘေးမှပဲ အသာအယာဂရုစိုက်ပေးနေခဲ့ပေမယ့်
အနားမယူဘဲဒီလိုသာဆက်ပြီးလုပ်နေလျှင် ဟွန်း ကျန်းမာရေးထိခိုက်ကာလဲသွားမှာစိုးတာကြောင့် မတတ်သာဘဲ အနားယူခိုင်းဖို့တိုက်တွန်းရတော့မည်။
" ဟွန်း "
မြေပုံတွေကြားမှာ ခေါင်းစိုက်ကာ အလုပ်လုပ်နေသောဟွန်းအနားသို့ကပ်ကာ အသာအယာခေါ်လိုက်တော့ ဟွန်းက သူ့ကိုခေါင်းထောင်ကြည့်ကာ ပြုံးပြသည်။
ဟွန်းရဲ့အပြုံးတွေမှာ အသက်မဲ့နေကာ စိတ်ထိခိုက်ကြေကွဲမှုကိုဖောက်ထွင်းမြင်နေရသည်။
" ဟွန်း ငါနဲ့ ခဏစကားပြောရအောင်လေ"
" ဆောန် ကိုယ် ဒါလေးပြီးအောင်လုပ်ချင်သေးတယ် ကိုယ့်ကိုစောင့်ပေးလို့ရမလား "
ဟွန်းရဲ့မျက်ဝန်းမှာနီရဲကာစိုစွတ်နေတာကြောင့်
မျက်ရည်တွေကိုကြိုးစားထိန်းနေမှန်းသဘောပေါက်လိုက်သည်။
ဟွန်းအနီးသို့အသာအယာလျှောက်သွားလိုက်ပြီး ဘေးမှာရပ်လိုက်တော့ ထိုင်နေရာမှမော့ကြည့်လာသည်။
" ဟင့်အင်းဟွန်း မင်းအလုပ်တွေအရမ်းပိနေပြီ ခဏလောက်ဖြစ်ဖြစ်နားရဦးမယ်လေ။
မင်းခံစားနေရတာ ငါသိတယ်။
စစ်သည်တွေရှေ့မှာ မယိမ်းယိုင်တဲ့မင်းရဲ့ပုံရိပ်ကိုကြိုးစားထိန်းနေရပေမယ့်
ငါ့ရှေ့မှာတော့ မင်းစိတ်ကိုလွှတ်ချလိုက်ပြီး ငိုချလိုက်လို့ရတယ်။
စစ်သူကြီးချုပ်လည်း ဝမ်းနည်းတတ်တယ် စိတ်ရှိလက်ရှိပေါက်ကွဲငိုချလိုက်ချင်တဲ့အချိန်တွေ ပြိုလဲတဲ့အချိန်တွေရှိတာပဲ။
ငါ့ရှေ့မှာ မင်းက ပတ်ဆောင်ဟွန်းဆိုတဲ့မင်းပုံစံအစစ်အတိုင်းနေလို့ရတယ် ဟွန်းရယ် နော်"
ဆောနူးစကားကြောင့် ဟွန်းက ထိုင်နေရာမှမတ်တပ်ထရပ်လိုက်ရင်း ဆောနူးကိုတင်းကြပ်စွာဖက်တွယ်ပြီး ပခုံးပေါ်မှီကာစိတ်ရှိလိုက်ရှိငိုချလိုက်တော့သည်။
ဟွန်းရဲ့နောက်ကျောလေးကိုအသာအယာပုတ်ပေးရင်း ခံနိုင်ရည်ထက်ကျော်လွန်ပြီးပင်ပန်းနေပြီဖြစ်တဲ့ဟွန်းရဲ့စိတ်ဝိဉာဥ်လေးကို နှစ်သိမ့်ပေးဖို့ကြိုးစားလိုက်သည်။
ဒီတော်လှန်ရေးအတွက် ပေးဆပ်ရသော အသက် သွေးချွေး မျက်ရည်တို့က များလှပါဘိ။
ဒီအပြစ်ကြွေးများကို အာဏာရူးအကိုတော်သေချာပေါက်ပြန်လည်ပေးဆပ်စေရမည်။
" ဒီညတော့ စိတ်လွတ်ကိုယ်လွတ်အနားယူပြီးအိပ်ပျော်အောင်အိပ်လိုက်နော်ဟွန်း ဘေးမှာ ငါရှိနေပေးမယ်။ အနားယူပြီး အားပြည့်သွားမှ အင်အားအပြည့်နဲ့ ရန်သူကိုဆက်ပြီးတိုက်နိုင်မှာ။ "
ထိုအခါမှပင်ဟွန်းက နာခံစွာဖြင့် ချပ်ဝတ်ကိုချွတ်ကာ ကိုယ်လက်သန့်စင်ပြီး ညအိပ်ဝတ်ရုံကိုလဲလှယ်လိုက်သည်။
ထို့နောက် ဆောနူးကိုရင်ခွင်ထဲမှာတင်းကြပ်စွာဖက်တွယ်ကာ အိပ်မောကျသွားတော့သည်။.
.
.
" လုပ်ကြံရမယ့်သူက အားကြီးလွန်းနေတာမို့ အစီအရင်က ဘေးကလူကိုပဲထိသွားပါတယ် အရှင်မင်းကြီး။
အခွင့်အရေးက နောက်ထပ်တစ်ခါပဲရှိပါတော့တယ်။
ဒီနေ့ကစပြီးရေတွက်ရင်
နောက်ထပ် ၁၅ရက်မြောက်နေ့မှာ နှစ်ယောက်ကိုခွဲထုတ်ပြီး တစ်ယောက်ကို ခေါ်ဆောင်နိုင်ခဲ့ရင် အခွင့်ကောင်းပါပဲ
ကျွန်တော်မျိုးမကလည်း တတ်နိုင်သမျှအစွမ်းကုန်ကြိုးစားပြီး အစီအရင်လုပ်နေမှာမို့
အရှင်မင်းကြီးဘက်ကလည်း နှစ်ယောက်ကိုခွဲထုတ်ပြီးတစ်ယောက်တည်းကိုခေါ်ဆောင်လာနိုင်ရင် အကြံအစည်ပြီးမြောက်ပါလိမ့်မယ်"
နတ်ဆရာမရဲ့စကားကြောင့် ဘုရင်မှာ အနည်းငယ်စိတ်အေးသွားသည်။
ယခုရက်ပိုင်းအတွင်းမှာပဲ သူပုန်ခေါင်းဆောင်ပတ်ဆောင်ဟွန်းက သူ့ဆီကို တပ်မှူးတစ်ယောက်ရဲ့ခေါင်းနဲ့ ခြိမ်းခြောက်စာ ပို့လိုက်တာမို့ ရတတ်မအေးဖြစ်နေတာကြောင့်နတ်ဆရာမဆီအစီအရင်ထပ်လုပ်ခိုင်းဖို့ဆုံးဖြတ်ခဲ့တာဖြစ်သည်။
" ပတ်ဆောင်ဟွန်း စောင့်နေပါ မကြာခင် မင်းလည်းငါ့လက်ထဲရောက်လာတော့မှာ။"
စိတ်ပြေအောင် ရေရွတ်လိုက်ပေမယ့် စိုးရိမ်စိတ်တို့ကတော့ အပြည့်ဖြသ်နေသေးသည်။
ဆောနူးဒယ်ဂွန်ကိုဖမ်းနိုင်ပြီးမှသာ ပတ်ဆောင်ဟွန်းကိုအကြပ်ကိုင်ပြီး သူပုန်ကိစ္စ ကို အဆုံးသတ်ရပေတော့မည်။...
(A/N ဇာတ်သိမ်းဖို့နီးနေပြီမို့ အားရှိအောင် အမှတ်တရဖြစ်အောင် feedbackလေးတွေလည်းရေးပေးခဲ့ကြပါဦးနော် 😘)
Zawgyi
ေဆာင္ဟြန္းကိုအရိုအေသျပဳၿပီး တဲထဲမွ ဟုန္ရွစ္ထြက္သြားသည္ႏွင့္ ေဆာင္ဟြန္းစိတ္ေတြေလးလံလာသလိုခံစားလိုက္ရသည္။
အရင္ကဆိုလည္း အခ်ိဳ႕႐ြာငယ္ေလးေတြမွာ ဘုရင့္တပ္နဲ႕ထိပ္တိုက္ေတြ႕ဖို႔ ဟုန္ရွစ္က မၾကာခဏတာဝန္ယူဖူးေသာ္လည္း ယခုတစ္ေခါက္မွ အဘယ္ေၾကာင့္ စိတ္မခ်သလို စိတ္ထဲေလးေနမိသည္ကိုေဆာင္ဟြန္းလည္း
နားမလည္နိုင္ေပ။
လုပ္လက္စအလုပ္ကိုစိတ္ႏွစ္လုပ္ေနရင္း ႏွစ္နာရီေက်ာ္ေလာက္အၾကာမွာ စစ္သူႀကီးငယ္တစ္ဦး တဲအတြင္းသို႔ဝင္ေရာက္လာသည္။
" စစ္သူႀကီးခ်ဳပ္ အခုပဲ ဘုရင့္တပ္ထဲက သူလွ်ိုဆီက စာတစ္ေစာင္ေရာက္လာပါတယ္ ။
မေန႕ညကတည္းကပို႔ဖို႔လုပ္ေပမယ့္ အစစ္အေဆးအရမ္းၾကပ္လို႔ အခုမွပဲေရာက္လာပါတယ္ ။
စာထဲကအတိုင္းဆို လက္ေထာက္စစ္သူႀကီးဟုန္ရွစ္တို႔အဖြဲ႕အႏၱရာယ္ရွိေနပါၿပီ"
"ဘာ"
ေဆာင္ဟြန္းလည္း စာကိုအလွ်င္အျမန္ယူၾကည့္လိုက္ေတာ့ စာထဲမွာ ႐ြာထဲကိုဝင္လာမယ့္ ျပည္သူ႕တပ္ဖြဲ႕ေတြကို အဆိပ္ေငြ႕နဲ႕မွိုင္းတိုက္ၿပီး ရွင္းဖို႔ႀကံစည္ေနေၾကာင္း။ စစ္သူႀကီးခ်ဳပ္ကိုရွင္းနိုင္လွ်င္ တစ္သက္စားမကုန္ေအာင္ပိုလွ်ံေနေသာစည္းစိမ္ဥစၥာမ်ား၊ရာထူးရာခံမ်ားခ်ီးျမႇင့္မည္ဟုလည္း တပ္တြင္းမွာေၾကညာထားေၾကာင္း ေရးထားသည္။
ရန္သူတပ္ဖြဲ႕မ်ားကေတာ့ အဆိပ္ေငြ႕ကို ခံနိုင္ရည္ရွိဖို႔ ေျဖေဆးႀကိဳေသာက္ထားၿပီးျဖစ္တာေၾကာင့္ ျပည္သူ႕တပ္မ်ား ႐ြာထဲကိုဝင္မလာသင့္ေသးေၾကာင္း စာထဲမွာလွ်ို႔ဝွက္သတင္းေပးထားသည္။
စာကိုဖတ္ၿပီး သည္ႏွင့္ ေဆာင္ဟြန္း ေဆာန္ဆီသြားကာ ရန္သူဘက္ကအဆိပ္ေငြ႕အတြက္ ေျဖေဆးအလွ်င္အျမန္ေဖာ္ခိုင္းၿပီးေနာက္ လက္ေ႐ြးစင္စစ္သည္ရာဂဏန္းကိုအားခ်င္းစုစည္းလိုက္သည္။
" ငါလိုက္ခဲ့မယ္ဟြန္း"
ေဆာန္ကလည္းလိုက္မယ္ေျပာလာသျဖင့္ ေဆာင္ဟြန္းေခါင္းၿငိမ့္ကာ ခရီးကိုအလွ်င္အျမန္စတင္ေတာ့သည္။
ဟုန္ရွစ္တို႔ထြက္သြားသည္မွာ ၃နာရီေက်ာ္ခန့္ၾကာေနၿပီျဖစ္သျဖင့္ ခရီးလမ္းတစ္ေလွ်ာက္မနားဘဲ ဒုန္းစိုင္းစီးလွ်င္ေတာင္ မီသည္ဆို႐ုံေလာက္သာမီမွာမို႔ တစ္ခ်က္မွမနားဘဲ အေသာ့ႏွင္ခဲ့သည္။
တိုက္တိုက္ဆိုင္ဆိုင္ လမ္းခုလတ္၌ ေဆာင္ဟြန္းတို႔ရွိရာသို႔ လာေရာက္ပူးေပါင္းေသာ ဂ်ဳံေဆာင္း၏တပ္ဖြဲႏွင့္ဆုံမိသည္။
တပ္ဖြဲ႕အခ်ိဳ႕ကို ေဆာင္ဟြန္းတို႔ေလာေလာလတ္လတ္စခန္းခ်ေနေသာေနရာသို႔ သြားေစၿပီး ဂ်ဳံေဆာင္း၊ေဂ်ာင္ဝန္းႏွင့္ တပ္ဖြဲ႕အခ်ိဳ႕ကေတာ့ ေဆာင္ဟြန္းႏွင့္လိုက္လာခဲ့သည္။
.
.
မီးခိုးအူေနေသာ႐ြာႏွစ္႐ြာကို လွမ္းျမင္ေနရၿပီ။
အဆိပ္ေျဖေဆးမွာ ေဆာင္ဟြန္းတို႔လူစုအတြက္သာလုံေလာက္တာမို႔ ေနာက္မွလိုက္လာေသာ ဂ်ဳံေဆာင္းတို႔အဖြဲ႕ကို မီးခိုးေငြ႕ေတြႏွင့္ေဝးရာ ႐ြာအျပင္မွာ ေစာင့္ေနေစၿပီး ႐ြာကိုဝိုင္းထားေစသည္။
႐ြာထဲမွ ဒယိမ္းဒယိုင္ထြက္လာေသာ ေဆာင္ဟြန္းတို႔တပ္သားအခ်ိဳ႕မွာ ႐ြာျပင္သို႔ေရာက္သည္ႏွင့္ လဲက်ကဳန္ၾကသည္ကိုေတြ႕ရေတာ့ ေဆာင္ဟြန္း ဟုန္ရွစ္အတြက္ ပို၍စိုးရိမ္သြားသည္။
႐ြာထဲသို႔ ဝင္ကာ ေတြ႕သမွ်ရန္သူ႕စစ္သည္မ်ားကို ရွင္းလင္းၿပီးေနာက္ ႐ြာလယ္အေရာက္တြင္ေတာ့ ရင္ဘတ္မွာ ဓားတစ္ေခ်ာင္းစိုက္ဝင္ကာ ဒူးေထာက္က်ေနေသာဟုန္ရွစ္ကိုေတြ႕လိုက္ရသည္။
ေဆာင္ဟြန္းအလွ်င္အျမန္ေျပးေပြ႕လိုက္ခ်ိန္မွာ ဟုန္ရွစ္သတိရွိေနေသးသည္။
သို႔ေသာ္ ဓားက ဘယ္ဘက္ရင္အုံမွာ တည့္တည့္ စိုက္ဝင္ေနတာေၾကာင့္ ေမွ်ာ္လင့္ခ်က္မရွိေတာ့ေပ။
" ဟုန္ရွစ္"
ရင္ထဲမွာဆို႔နင့္ေၾကကြဲမႈအျပည့္နဲ႕ေခၚလိုက္ေတာ့ ဟုန္ရွစ္ဆီမွ " ေဆာင္ဟြန္းေဟ်ာင္း" ဟူေသာအသံေလးထြက္လာသည္။
ဟုန္ရွစ္က သူ႕ကို အကိုရင္းတစ္ေယာက္လိုအၿမဲသေဘာထားၿပီးခ်စ္ရွာတာကို ေဆာင္ဟြန္းသိသည္။
ဂိုဂူေလ်ာကိုျပန္ေရာက္ကတည္းက တိုက္ပြဲတိုင္းတြင္ သူႏွင့္အတူ ေသေဖာ္ေသဖက္အျဖစ္ ေက်ာခ်င္းကပ္ကာ ရန္သူစစ္တပ္မ်ားကိုအတူတကြ တိုက္ခိုက္လာခဲ့ၾကတာမို႔ေဆာင္ဟြန္းက ဟုန္ရွစ္ကို အယုံၾကည္ဆုံးျဖစ္သည္။
အခုေတာ့ မနက္ကမွ အားမာန္အျပည့္ျဖင့္စခန္းကထြက္သြားေသာ ဟုန္ရွစ္မွာ ေဆာင္ဟြန္းႏွင့္ျပန္ေတြ႕သည့္ညေနေစာင္းအခ်ိန္တြင္ ရင္ဘတ္၌ဓားတစ္ေခ်ာင္းစိုက္ဝင္ေနခဲ့ေခ်ၿပီ။
သတိကပ္နိုင္ေသးသမွ်အခ်ိန္ကာလေလးအတြင္းမွာ အားတင္းၿပီးမွာစရာရွိတဲ့စကားေတြကို မွာေနေသာ
ဟုန္ရွစ္ကိုဂ႐ုစိုက္နားေထာင္ရင္း ကိုယ့္ကိုယ္ကိုယ္ေတာင္သတိမထားမီဘဲ ငိုရွိုက္သံအနည္းငယ္ထြက္လာမိသည္။
ထြက္သြားမည့္သူေနာက္ဆံတင္းေနမွာစိုးတာေၾကာင့္ မ်က္ရည္ေတြကိုႀကိဳးစားထိန္းကာ ေနာက္ဆုံးအခ်ိန္ကို ေအးခ်မ္းစြာသြားခြင့္ေပးလိုက္သည္။
ဟုန္ရွစ္ရင္ဘတ္ကဓားက ေဆာင္ဟြန္းႏွလုံးသားကိုစူးဝင္ေစေသာ ဆူးတစ္ေခ်ာင္းျဖစ္လာခဲ့သည္။
ဟုန္ရွစ္ကိုအသာအယာေျမေပၚခ်လိဳက္ၿပီး ဓားကိုေကာက္ယူကာ ထြက္ေျပးသြားေသာရန္သူမ်ားေနာက္သို႔အသည္းအသန္လိုက္ရင္း စိတ္ရွိလက္ရွိ ေခ်မႈန္းပစ္ေနမိသည္။
ထို႔ေနာက္ ရန္သူတပ္ေခါင္းေဆာင္ကိုလက္ရဖမ္းဆီးကာ ေခါင္းကိုျဖတ္ၿပီးေနာက္ ရန္သူဘက္မွ တပ္သားငယ္တစ္ဦးကို တပ္မႉးေခါင္းႏွင့္စာတစ္ေစာင္ ဘုရင့္ထံဆက္သေစလိုက္သည္။
ဟုန္ရွစ္အေလာင္းကို ေပြ႕ကာ ႐ြာျပင္သို႔ထြက္လာခ်ိန္တြင္ ညအခ်ိန္သို႔ေရာက္ေနၿပီျဖစ္တာေၾကာင့္ မီးတိုင္မ်ားပင္ထြန္းညွိထားရၿပီျဖစ္သည္။
" ဟြန္း
ဟာ
ဟုန္ရွစ္"
႐ြာျပင္သို႔ထြက္လာေသာစစ္သည္မ်ားကို ေဆးကုသေပးရင္း႐ြာအျပင္မွာေနခဲ့ေသာေဆာန္က ယခုမွ ဟုန္ရွစ္က်ဆဳံးသြားတာကို သိသြားခဲ့သည္။
ေဆာင္ဟြန္းအနားသို႔ေျပးလာကာ လက္ထဲမွ ဟုန္ရွစ္ကိုၾကည့္ရင္းေဆာန္လည္းမ်က္ရည္တို႔မဆည္နိုင္ေပ။
ဟုန္ရွစ္အေလာင္းကို လွည္းတစ္စီးေပၚသို႔အသာအယာခ်လိဳက္ၿပီးေနာက္ ညတြင္းခ်င္းပင္ ႐ြာျပင္က သုႆာန္ေလးမွာ ေျမျမႇုပ္သၿဂိဳလ္ဖို႔ျပင္ဆင္ၾကသည္။
" လက္ေထာက္စစ္သူႀကီးဟုန္ရွစ္
အသက္ ၂၂ ႏွစ္
တိုင္းျပည္အတြက္ ေတာ္လွန္ေရးတြင္ ရဲရင့္စြာ က်ဆဳံးသည္။ "
ကဗၺည္းတိုင္ေလးကို အုတ္ဂူတြင္ေသခ်ာစြာေရးထိုးေစၿပီးေနာက္ ေဆာင္ဟြန္း အုတ္ဂူေရွ႕မွာ ဒူးေထာက္ထိုင္ခ်လိဳက္သည္။
" စိတ္ခ်သြား ငါက မင္းယုံၾကည္ခဲ့တဲ့အတိုင္း
ဂိုဂူေလ်ာကို ေသခ်ာ ကာကြယ္ေပးမွာမို႔ မင္းကေတာ့ေကာင္းကင္ဘုံမွာ ေအးေအးခ်မ္းခ်မ္းအနားယူပါေတာ့ "
ေနာက္ဆုံးအေနနဲ႕စကားဆိုၿပီးေနာက္ ဟုန္ရွစ္ကိုႏႈတ္ဆက္လိုက္သည္။
" လက္ေထာက္စစ္သူႀကီးက အရင္လိုေရွ႕ေျပးတပ္သားမလႊတ္ဘဲ သတိလြတ္ေနသလိုမ်ိဳး ႐ြာထဲကို ဝင္သြားတာ ကြၽန္ေတာ္တို႔ေတာင္တားခ်ိန္မရဘူး"
ဟူေသာစစ္သည္အခ်ိဳ႕၏ စကားေၾကာင့္ေဆာင္ဟြန္းစိတ္ထဲမတင္မက်ျဖစ္ေနသည္ကေတာ့အမွန္ပင္။
တကယ္ေတာ့ ေဆာင္ဟြန္းလိုက္သြားသင့္တာ။
အသက္ႏွင့္အေဝးႀကီးရွိေသာျမားဒဏ္ရာေလးတစ္ခုေၾကာင့္ ေဆာင္ဟြန္းက စခန္းမွာေနခဲ့ၿပီး ဟုန္ရွစ္မွာ ကူကယ္ရာမဲ့ခဲ့ရသည္ ဟူေသာအေတြးျဖင့္မိမိကိုယ္ကိုယ္အျပစ္တင္၍မဆုံးနိုင္ေအာင္ျဖစ္ရသည္။
တိုင္းျပည္အတြက္အသက္ေပးလႉသြားေသာသူရဲေကာင္းတစ္ဦးအျဖစ္ ဟုန္ရွစ္ကို ေဆာင္ဟြန္းအေလးျပဳလိုက္သည္။
ေဆာန္၊ ဂ်ဳံေဆာင္း ေဂ်ာင္ဝန္းႏွင့္ က်န္စစ္သည္မ်ားကလည္း ဟုန္ရွစ္ကို ေနာက္ဆုံးအေနႏွင့္အေလးျပဳကာ ႏွေျမာတသစြာျဖင့္ ထားရစ္ခဲ့ၾကရသည္။
ဟုန္ရွစ္ထြက္သြားသည့္ညက အရင္ညေတြထက္ ေကာင္းကင္မွာ ၾကယ္ေတြပိုၿပီးစုံလင္ေနသည္။
ဟုန္ရွစ္က ၾကယ္ကေလးျဖစ္သြားၿပီး
သူတို႔ကိုေစာင့္ၾကည့္ေနတာေၾကာင့္ျဖစ္မည္။
ေကာင္းကင္ကိုေမာ့ၾကည့္ကာ ဟုန္ရွစ္ေနာက္ဆုံးမွာခဲ့သည့္စကားမ်ားကိုျပန္လည္ၾကားေယာင္လာမိသည္။
မင္းကအရင္သြားႏွင့္တာမို႔ ေနာက္ဘဝက်ရင္ မင္းကအကိုႀကီးျဖစ္ၿပီး ငါက မင္းရဲ႕ညီေလးျဖစ္သြားမယ္ထင္တယ္။
မင္းက ငါ့ရဲ႕ အစားထိုးမရတဲ့ ရဲေဘာ္ရဲဘက္ပါပဲဟုန္ရွစ္ေရ..
.
.
စစ္သည္အမ်ားကို ဦးေဆာင္ေနရသူမို႔ စစ္သည္ေတြေရွ႕မွာ ၿပိဳလဲေနတဲ့ပုံရိပ္ကို ျပလို႔မျဖစ္တာေၾကာင့္ေဆာင္ဟြန္းစိတ္ေတြတင္းကာ ေနာက္တစ္ေန႕မနက္မွာ စစ္သည္အမ်ားအျပားကို ႐ြာႏွစ္႐ြာအတြက္ျပန္လည္ထူေထာင္ေရးကူညီေပးရန္ထားခဲ့ၿပီးေနာက္ စခန္းသို႔ျပန္လာခဲ့သည္။
စခန္းေရာက္သည္ႏွင့္ စခန္းရွိ စစ္သည္မ်ားကိုစုစည္းကာလာမည့္တိုက္ပြဲအတြက္ျပင္ဆင္သည္။
ဂ်ဳံေဆာင္းဘက္မွပါလာေသာစစ္သည္မ်ားကိုလည္း စခန္း၌ေနရာခ်ေပးၿပီး တိုက္ပြဲအေနအထား စစ္ဗ်ဴဟာမ်ားႏွင့္ အကြၽမ္းဝင္ေစသည္။
ေဆာန္က သူ႕ကိုစိုးရိမ္တဲ့မ်က္ဝန္းေတြနဲ႕ေစာင့္ၾကည့္ေနတာသိေပမယ့္ ေဆာန္ကိုျမင္လွ်င္ ေဆာန္ရင္ခြင္ထဲဝင္ကာ စိတ္ရွိလက္ရွိငိုေႂကြးၿပိဳလဲမိမွာကို စိုးရိမ္သည္။
ယခုအခ်ိန္က ၿပိဳလဲရမည့္အခ်ိန္မဟုတ္ေသးေပ။
ရန္သူကို အခ်ိန္တိုအတြင္း အျပတ္ေခ်မႈန္းဖို႔ႀကိဳးစားရေတာ့မည့္အခ်ိန္ျဖစ္သည္။
ေဆာင္ဟြန္းခဏအနားယူမည္ႀကံလိုက္တိုင္း ဟုန္ရွစ္ကိုျမင္ေယာင္ကာ အလုပ္ကိုပဲဆက္တိုက္လုပ္ေနမိေတာ့သည္။
.
.
ဟုန္ရွစ္က်ဆဳံးသြားၿပီး ေန႕မနားညမနားအလုပ္လုပ္ေနေသာဟြန္းကို ေဆာႏူးစိုးရိမ္လာသည္။
ခဏတာေလးေတာင္အနားမယူဘဲ အလုပ္စားပြဲမွာထိုင္လိုက္၊ စစ္သည္ေတြနဲ႕အတူဓားေရးေလ့က်င့္လိုက္၊ တိုက္ပြဲနယ္ေျမေလ့လာဖို႔သြားလိုက္ႏွင့္ အလုပ္ေတြဆက္တိုက္ျဖစ္ေနသည္။
ေရတပ္စစ္သူႀကီးခ်ဳပ္ဂ်ဳံေဆာင္းႏွင့္ေဂ်ာင္ဝန္းမွာလည္း ေရာက္တည္းက ဟြန္းနဲ႕အတူ ဆက္တိုက္အလုပ္လုပ္ေနရတာေၾကာင့္ပင္ပန္းရွာေရာ့မည္။
အစပိုင္းမွာေတာ့ ဟုန္ရွစ္စိတ္ေၾကာင့္ စိတ္ေျပလက္ေပ်ာက္အလုပ္လုပ္ပါေစဟုသေဘာထားကာ ေဘးမွပဲ အသာအယာဂ႐ုစိုက္ေပးေနခဲ့ေပမယ့္
အနားမယူဘဲဒီလိုသာဆက္ၿပီးလုပ္ေနလွ်င္ ဟြန္း က်န္းမာေရးထိခိုက္ကာလဲသြားမွာစိုးတာေၾကာင့္ မတတ္သာဘဲ အနားယူခိုင္းဖို႔တိုက္တြန္းရေတာ့မည္။
" ဟြန္း "
ေျမပုံေတြၾကားမွာ ေခါင္းစိုက္ကာ အလုပ္လုပ္ေနေသာဟြန္းအနားသို႔ကပ္ကာ အသာအယာေခၚလိုက္ေတာ့ ဟြန္းက သူ႕ကိုေခါင္းေထာင္ၾကည့္ကာ ၿပဳံးျပသည္။
ဟြန္းရဲ႕အၿပဳံးေတြမွာ အသက္မဲ့ေနကာ စိတ္ထိခိုက္ေၾကကြဲမႈကိုေဖာက္ထြင္းျမင္ေနရသည္။
" ဟြန္း ငါနဲ႕ ခဏစကားေျပာရေအာင္ေလ"
" ေဆာန္ ကိုယ္ ဒါေလးၿပီးေအာင္လုပ္ခ်င္ေသးတယ္ ကိုယ့္ကိုေစာင့္ေပးလို႔ရမလား "
ဟြန္းရဲ႕မ်က္ဝန္းမွာနီရဲကာစိုစြတ္ေနတာေၾကာင့္
မ်က္ရည္ေတြကိုႀကိဳးစားထိန္းေနမွန္းသေဘာေပါက္လိုက္သည္။
ဟြန္းအနီးသို႔အသာအယာေလွ်ာက္သြားလိုက္ၿပီး ေဘးမွာရပ္လိုက္ေတာ့ ထိုင္ေနရာမွေမာ့ၾကည့္လာသည္။
" ဟင့္အင္းဟြန္း မင္းအလုပ္ေတြအရမ္းပိေနၿပီ ခဏေလာက္ျဖစ္ျဖစ္နားရဦးမယ္ေလ။
မင္းခံစားေနရတာ ငါသိတယ္။
စစ္သည္ေတြေရွ႕မွာ မယိမ္းယိုင္တဲ့မင္းရဲ႕ပုံရိပ္ကိုႀကိဳးစားထိန္းေနရေပမယ့္
ငါ့ေရွ႕မွာေတာ့ မင္းစိတ္ကိုလႊတ္ခ်လိဳက္ၿပီး ငိုခ်လိဳက္လို႔ရတယ္။
စစ္သူႀကီးခ်ဳပ္လည္း ဝမ္းနည္းတတ္တယ္ စိတ္ရွိလက္ရွိေပါက္ကြဲငိုခ်လိဳက္ခ်င္တဲ့အခ်ိန္ေတြ ၿပိဳလဲတဲ့အခ်ိန္ေတြရွိတာပဲ။
ငါ့ေရွ႕မွာ မင္းက ပတ္ေဆာင္ဟြန္းဆိုတဲ့မင္းပုံစံအစစ္အတိုင္းေနလို႔ရတယ္ ဟြန္းရယ္ ေနာ္"
ေဆာႏူးစကားေၾကာင့္ ဟြန္းက ထိုင္ေနရာမွမတ္တပ္ထရပ္လိုက္ရင္း ေဆာႏူးကိုတင္းၾကပ္စြာဖက္တြယ္ၿပီး ပခုံးေပၚမွီကာစိတ္ရွိလိုက္ရွိငိုခ်လိဳက္ေတာ့သည္။
ဟြန္းရဲ႕ေနာက္ေက်ာေလးကိုအသာအယာပုတ္ေပးရင္း ခံနိုင္ရည္ထက္ေက်ာ္လြန္ၿပီးပင္ပန္းေနၿပီျဖစ္တဲ့ဟြန္းရဲ႕စိတ္ဝိဉာဥ္ေလးကို ႏွစ္သိမ့္ေပးဖို႔ႀကိဳးစားလိုက္သည္။
ဒီေတာ္လွန္ေရးအတြက္ ေပးဆပ္ရေသာ အသက္ ေသြးေခြၽး မ်က္ရည္တို႔က မ်ားလွပါဘိ။
ဒီအျပစ္ေႂကြးမ်ားကို အာဏာ႐ူးအကိုေတာ္ေသခ်ာေပါက္ျပန္လည္ေပးဆပ္ေစရမည္။
" ဒီညေတာ့ စိတ္လြတ္ကိုယ္လြတ္အနားယူၿပီးအိပ္ေပ်ာ္ေအာင္အိပ္လိုက္ေနာ္ဟြန္း ေဘးမွာ ငါရွိေနေပးမယ္။ အနားယူၿပီး အားျပည့္သြားမွ အင္အားအျပည့္နဲ႕ ရန္သူကိုဆက္ၿပီးတိုက္နိုင္မွာ။ "
ထိုအခါမွပင္ဟြန္းက နာခံစြာျဖင့္ ခ်ပ္ဝတ္ကိုခြၽတ္ကာ ကိုယ္လက္သန့္စင္ၿပီး ညအိပ္ဝတ္႐ုံကိုလဲလွယ္လိုက္သည္။
ထို႔ေနာက္ ေဆာႏူးကိုရင္ခြင္ထဲမွာတင္းၾကပ္စြာဖက္တြယ္ကာ အိပ္ေမာက်သြားေတာ့သည္။.
.
.
" လုပ္ႀကံရမယ့္သူက အားႀကီးလြန္းေနတာမို႔ အစီအရင္က ေဘးကလူကိုပဲထိသြားပါတယ္ အရွင္မင္းႀကီး။
အခြင့္အေရးက ေနာက္ထပ္တစ္ခါပဲရွိပါေတာ့တယ္။
ဒီေန႕ကစၿပီးေရတြက္ရင္
ေနာက္ထပ္ ၁၅ရက္ေျမာက္ေန႕မွာ ႏွစ္ေယာက္ကိုခြဲထုတ္ၿပီး တစ္ေယာက္ကို ေခၚေဆာင္နိုင္ခဲ့ရင္ အခြင့္ေကာင္းပါပဲ
ကြၽန္ေတာ္မ်ိဳးမကလည္း တတ္နိုင္သမွ်အစြမ္းကုန္ႀကိဳးစားၿပီး အစီအရင္လုပ္ေနမွာမို႔
အရွင္မင္းႀကီးဘက္ကလည္း ႏွစ္ေယာက္ကိုခြဲထုတ္ၿပီးတစ္ေယာက္တည္းကိုေခၚေဆာင္လာနိုင္ရင္ အႀကံအစည္ၿပီးေျမာက္ပါလိမ့္မယ္"
နတ္ဆရာမရဲ႕စကားေၾကာင့္ ဘုရင္မွာ အနည္းငယ္စိတ္ေအးသြားသည္။
ယခုရက္ပိုင္းအတြင္းမွာပဲ သူပုန္ေခါင္းေဆာင္ပတ္ေဆာင္ဟြန္းက သူ႕ဆီကို တပ္မႉးတစ္ေယာက္ရဲ႕ေခါင္းနဲ႕ ၿခိမ္းေျခာက္စာ ပို႔လိုက္တာမို႔ ရတတ္မေအးျဖစ္ေနတာေၾကာင့္နတ္ဆရာမဆီအစီအရင္ထပ္လုပ္ခိုင္းဖို႔ဆုံးျဖတ္ခဲ့တာျဖစ္သည္။
" ပတ္ေဆာင္ဟြန္း ေစာင့္ေနပါ မၾကာခင္ မင္းလည္းငါ့လက္ထဲေရာက္လာေတာ့မွာ။"
စိတ္ေျပေအာင္ ေရ႐ြတ္လိုက္ေပမယ့္ စိုးရိမ္စိတ္တို႔ကေတာ့ အျပည့္ျဖသ္ေနေသးသည္။
ေဆာႏူးဒယ္ဂြန္ကိုဖမ္းနိုင္ၿပီးမွသာ ပတ္ေဆာင္ဟြန္းကိုအၾကပ္ကိုင္ၿပီး သူပုန္ကိစၥ ကို အဆုံးသတ္ရေပေတာ့မည္။...
(A/N ဇာတ္သိမ္းဖို႔နီးေနၿပီမို႔ အားရွိေအာင္ အမွတ္တရျဖစ္ေအာင္ feedbackေလးေတြလည္းေရးေပးခဲ့ၾကပါဦးေနာ္ 😘)