ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွ...

Par phyolay1991

69K 10.5K 126

reader လေးတို့ရေ Novel အသစ်လေးတစ်ပုဒ်လာပါပြီရှင့်🥰🥰 Title - I'm not human Description အလုပ်ကို Deadlineအမှ... Plus

ငါကလူသားတစ်ယောက်မဟုတ်ဘူး
ငါကလူသားတစ်ယောက်မဟုတ်ဘူး
ငါကလူသားတစ်ယောက်မဟုတ်ဘူး
ငါကလူသားတစ်ယောက်မဟုတ်ဘူး
ငါကလူသားတစ်ယောက်မဟုတ်ဘူး
ငါကလူသားတစ်ယောက်မဟုတ်ဘူး
ငါကလူသားတစ်ယောက်မဟုတ်ဘူး
ငါကလူသားတစ်ယောက်မဟုတ်ဘူး
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
chapter 80
chapter 81
chapter 82
chapter 83
chapter 84
chapter 85
chapter 86
chapter 87
chapter 88
chapter 89
chapter 90
chapter 91
chapter 92
chapter 93
chapter 94
chapter 95
chapter 96
chapter 97
chapter 98
chapter 99
chapter 100
chapter 101
chapter 102
chapter 103
chapter 104

ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)

353 63 0
Par phyolay1991

Chapter 63


ကုဟွိုက် အလ်ဗ်၏အနောက်တွင်ကျုံ့ဝင်သွားပြီးပုန်းနေသည်။ ၎င်းသည်ဗီဇအရ သူ၏ ငြင်းပယ်မှုကို ရှင်းရှင်းလင်းလင်းဖော်ပြခြင်းပင်။

ကုဟွိုက် အလ်ဗ်အားခေါ်လိုက်၏။

"ကျိုး...ကျိုး..."

"ကျိုး..."

အလ်ဗ်သည် အသံဖြင့်သာပြန်လည်တုံ့ပြန်လိုက်သည်။ သူ၏ကိုယ်ကိုအရွယ်ရောက်ပြီးပုံစံပြန်မပြောင်းခဲ့သော်လည်း ကုဟွိုက်ကို သူ့အနောက်တွင်ဆက်လက်ဝှက်ထားခဲ့၏။

အဖြူရောင် အမွှေးပွဇက်ပေါက်စလေးသည် သေးငယ်သောတောင်ပံလေးများဖြင့် ၎င်း၏ကလေးလေးနှင့်အမည်းရောင်ဇက်လေးကို ကာကွယ်ထားသည့်ပုံရိပ်တစ်ခု၊ ငွေမှင်ရောင်အမြှီးက ၎င်း၏အနောက်တွင် တိတ်တဆိတ်ယမ်းခါနေ၏။

အလ်ဗ်သည် ကုဟွိုက်စကားကိုသာနားထောင်ပြီး ကျန်ဇက်များ၏အကြံဉာဏ်ကိုမူ လျစ်လျုရှုထားခဲ့သည်။ သို့သော် ရှိနေသည့်ဇက်များက လွယ်လွယ်နှင့်လက်မလျှော့ကြချေ။

ထိုအကြံကသိပ်မကောင်းသော်လည်း ကုဟွိုက်က သူတို့အပေါ်သဘောကောင်း၍ မြောက်များလှစွာသောလိုက်လျောချက်များက တစုံတခုကိုသိသာသွားစေသည်။

ဘုရင်ကသူတို့အပေါ် အလွန်တရာမှညင်သာလွန်းသည်။ ကုဟွိုက်ကသူတို့အား အမြဲတစေညင်သာခဲ့သောကြောင့် အချို့ကိစ္စများကိုသူတို့ဆန္ဒအတိုင်းလုပ်ခွင့်ပေးခဲ့၏။ သို့ဖြစ်၍ ၎င်းတို့ကကုဟွိုက်အား စိတ်ပြောင်းလာစေရန်ကြိုးစားချင်နေကြသည်။ စစ်တပ်ခေါင်းဆောင်သုံးယောက်အပါအဝင် ဇက်တို့အားလုံးက အလ်ဗ်အားမျှော်လင့်နေသည့်ဘက်တွင် ရှိနေကြ၏။

ကြီးကြပ်ရေးမှူးက နွားနိုေ့နွးနွေးထည့်ထားသည့် ပုလင်းလေးတစ်လုံးကိုယူလာပြီး သူတွေးထားသည့်အတိုင်းအကြောင်းပြလိုက်သည်။

"အရှင်မင်းကြီး...လောလောဆယ်တော့ ဒီလိုပုလင်းလေးနဲ့သောက်တာကပိုကောင်းပါတယ်..လွယ်လည်းလွယ်တယ်၊ ညစ်ပတ်တာလည်းမဖြစ်တော့ဘူးပေါ့.."(သူက ပုလင်းပဲပြောထားပေမဲ့ ကလေးနို့ဘူးထင်ပါတယ်🤣)

ကြီးကြပ်ရေးမှူးက ထိုအတိုင်းပြောပြီး အခန်းထဲမှအခြားဇက်တို့သည်အလ်ဗ်အနောက်မှ ဝပ်နေသည့်အမည်းလုံးလေးအား မျှော်လင့်တကြီး လှမ်းကြည့်ကြသည်။

"ကျိုး..."

ဟင့်အင်း၊ ဒီတစ်ခါတော့မရဘူး၊ ဇက်တို့က ဤကိစ္စကိုဘယ်လိုပင်တွေးနေပါစေ၊ သူလက်မခံနိုင်ပါချေ။ ကုဟွိုက်မှာ လူသားတစ်ယောက်အနေဖြင့်ကန့်သတ်ချက်ရှိသင့်သည်ဟုယူဆထားပြီး ပုလင်းထဲမှနွားနို့ကိုမသောက်နိုင်ပါချေ။

ဇက်တို့၏ မျက်လုံးအရောင်မှာ တဖိတ်ဖိတ်လက်နေသည်။ ကုဟွိုက်ငြင်းလိုက်သည်နှင့် အဆိုပါမျက်လုံးများမှာ ကူကယ်ရာမဲ့သည့်အသွင်ပြောင်းလဲသွားကြသည်။ ထိုအကြည့်က တည့်တိုးဆန်ပြီး ကုဟွိုက်ကိုစိတ်ပြောင်းသွားရန် မျှော်လင့်နေကြ၏။

"အရှင်..."

ဇက်တစ်ယောက်ဆိုလျှင် စကားပင်ပြောလာသေးသည်။

အလ်ဗ်အနောက်မှအမွှေးလုံးလေးက ကိုယ်ကိုဖြည်းဖြည်းချင်းလှုပ်ရှားလိုက်သည်။ ကုဟွိုက်မှာ အတော်လေးတုန်လှုပ်နေမိသည်။ ငြင်းဆိုနေချိန်မှာပင် သူ၏ကိုယ်က သေနိုင်လောက်သည်အထိယမ်းခါနေ၏။ ကုဟွိုက်၏စိတ်သည်ကား မသိလိုက်မသိဘာသာဖြင့် ပျော့ပျောင်းနေပေသည်။

ဇက်တို့က အကြည့်တို့ဖြင့်ဆက်လက်တိုက်ခိုက်နေကာ နောက်ဆုံး၌ကုဟွိုက်တစ်ယောက် အရှုံးပေးလိုက်ရတော့၏။

"ကျိုး..."

ဤ...ကန့်သတ်ချက်မှာ တဆင့်လျှော့လိုက်ရပြီ။ မည်သို့ပင်ဖြစ်စေ သူသည်လည်းလူသားတစ်ယောက်မဟုတ်တော့။ ထိုသို့တွေးကြည့်လိုက်သည့်အခါ ကုဟွိုက်၏စိတ်မှာသက်သာသွားခဲ့သည်။ ကြီးကြပ်ရေးမှူး၏စကားကအဓိပ္ပါယ်ရှိသည်။ ပုလင်းသာမရှိပါက သူ့အခြေအနေအရနို့ကို လျှာဖြင့်လျက်သောက်နေရတော့မည်။ ၎င်းက အတော်လေးကိုရှက်စရာကောင်းသည်ပင်။ ကုဟွိုက် သူ့ကိုယ်သူအလ်ဗ်၏အနောက်မှထွက်လာပြီး ကိုယ်ထင်ပြရတော့သည်။

"ကျိုး..."

ရွှေရောင်မျက်လုံးများဖြင့် အနက်ရောင်သားပေါက်လေးက အရှေ့မှဇက်တို့ကိုကြည့်ကာ အသံတိုးတိုးလေးထွက်လာသည်၊ အသံလေးကသေးငယ်သော်လည်း သူတို့အတွက် ရှင်းရှင်းလင်းလင်းကြားနိုင်သည်။ကြားလိုက်ရသည့်ဇက်များက ချက်ချင်းပျော်ရွှင်သွားကြပြီး ၎င်းတို့ကကုဟွိုက် သဘောတူလိမ့်မည်ဟုလည်းသိထားကြပြီးသားပင်။

ထိုစဉ် ဇက်တို့အကြား၌ မေးခွန်းတစ်ခုပေါ်လာလေသည်။ မည်သူကသူတို့ဘုရင်ကို နို့တိုက်မည်နည်း။ ရာထူးအလိုက်ဆိုပါက အယ်လ်ဖာဇက်လေးယောက်ရှိသည်။ အလ်ဗ်မပါခဲ့လျှင် သုံးယောက်ကျန်လိမ့်မည်။ ၎င်းတို့ကို အပြင်တွင်နပမ်းလုံးခိုင်းပြီးမှ အနိုင်ရသူကိုနို့တိုက်ခိုင်းရမည်လား။

အနှီကိစ္စက ထိုအခြေအနေအထိမရောက်ခဲ့ပေ။ ကုဟွိုက်သည် ဇက်တို့ကငြင်းခုန်နေပြီး သူ့အတွက် အတော်အသင့်မျှတသည်ဟုခံစားရလောက်သည့် အချက်တစ်ချက်ကိုပြင်ဆင်နေကြကြောင်း တွေ့လိုက်ရ၏။

[ကျောက်တုံး၊ စက္ကူ၊ ကတ်ကြေး]

၎င်းတို့ကို ကျောက်တုံး၊ စက္ကူ၊ ကတ်ကြေး ချခိုင်းလိုက်ပြီး ကုဟွိုက်လည်း သူ့အခြေအနေကိုလက်ခံနိုင်ရန် အချိန်အလုံအလောက်ရသွားလိမ့်မည်။ ဇက်တို့မှာ ကျောက်တုံး၊ စက္ကူ၊ ကတ်ကြေးကို ဘာမှန်းမသိကြပေ။ ကုဟွိုက်မှာ စိတ်ဝိညာဉ်ဖြင့်ဆက်သွယ်ပြီးရှင်းပြလိုက်ရသည်။

[အဲဒါကလူနှစ်ယောက် ကစားကြတာ၊ လက်ဟန်သုံးမျိုးပါတယ်၊ ကျောက်တုံး၊ စက္ကူ၊ ကတ်ကြေး။ နှစ်ယောက်လုံးက အဲဒီသုံးမျိုးကိုတပြိုင်တည်းလုပ်ရမယ်၊ ကျောက်တုံးက ကတ်ကြေးကိုနိုင်တယ်၊ ကတ်ကြေးက စက္ကူကိုနိုင်တယ်၊ စက္ကူကကျောက်တုံးကိုနိုင်တယ်၊ ရိုးရိုးလေးပါပဲ]

ကုဟွိုက် သူ၏ရှင်းပြချက်ကို ဝိညာဉ်ဆက်သွယ်ခြင်းမှတဆင့် အခန်းထဲမှဇက်တို့ထံ ပို့လိုက်သည်။ ကုဟွိုက်ရှင်းပြချက်ကိုကြားပြီးနောက်အလ်ဗ်မှလွဲပြီး ကာ့ပါးလီယာက ဖြည်းဖြည်းချင်းမျက်မှောင်ကျုံ့သည်၊စီမိုဒိုက သူ့ခေါင်းကိုဆွဲဆန့်ပြီး အိုင်းယီကအေးတိအေးစက်ပြုံးပြလာသည်။

ဤနည်းက အချင်းချင်း သုံးဖက်မြင်အမြင်အာရုံဖြင့် ကျောက်တုံး၊ စက္ကူ၊ ကတ်ကြေး ထုတ်မည့်သူကို ခန့်မှန်းနေခြင်းထက် ကိစ္စအများအပြားကိုဖြေရှင်းရာတွင် ထိရောက်မှုရှိသည်။ သူတို့တွင် ညစ်တတ်သည့်အကျင့်က တပုံစံတည်းဖြစ်နေလျှင်ပင် မျှမျှတတရှိနိုင်လိမ့်မည်။

သို့သော် ဤနေရာတွင် အိုင်းယီရှိနေ၍ မမျှတတော့ပေ။ အိုင်းယီ၏ခန့်မှန်းသည့်စွမ်းရည်က ရလဒ်ကိုစက္ကန့်အနည်းငယ်အတွင်း အဖြေထုတ်နိုင်စွမ်းရှိသည်။ သူကရလဒ်အပေါ်မူတည်ပြီး ရေလိုက်ငါးလိုက်နေရန်သာလိုအပ်ပေ၏။

ကုဟွိုက် သူတို့ကို ကျောက်တုံး၊ စက္ကူ၊ ကတ်ကြေးလုပ်ခိုင်းသည့်အချိန်တွင် ထိုကိစ္စကိုထည့်မတွေးမိပေ။ ဇက်တို့က နားလည်သည်ထား၊ကုဟွိုက်စကားကို လွန်ဆန်ကြမည်မဟုတ်။ ထို့ကြောင့် ရလဒ်ကလည်းသံသယဝင်စရာမရှိပေ။

"ဟေ့...မင်းစည်းဖောက်တယ်.."

စီမိုဒိုသည် သူ့ကတ်ကြေးနှင့် အိုင်းယီ၏ကျောက်တုံးကိုကြည့်ပြီး ၎င်း၏ရက်စက်တတ်သည့်မျက်နှာဖြင့် စကားတခွန်းမှမပြောပေ။ အိုင်းယီက သူ့အားယုတ်မာသည့်အပြုံးမျိုး ပြုံးပြလိုက်သည်။ ကာ့ပါးလီယာကစီမိုဒိုကြောင့် ဒေါသကငယ်ထိပ်သို့ဆောင့်တက်သွား၏။ သူမသည်ဓားပုံစံဖြစ်နေသော ဘယ်ဘက်လက်ကိုမြေကြီးထဲသို့ဆောင့်ချလိုက်ပြီးအေးတိအေးစက်ဖြင့် နှာမှုတ်လိုက်သည်။

နို့ပုလင်းက အိုင်းယီလက်ထဲရောက်လာသည်။ သူတို့သည် ဘုရင်ကိုပုလင်းအားလက်ဖြင့်ကိုင်ကာ ကိုယ်တိုင်ကိုယ်ကျမတိုက်ကျွေးနိုင်သည့်အတွက် စိတ်မကောင်းဖြစ်သော်လည်း အခန်းထဲမှဇက်များအားလုံးမှာ ကုဟွိုက်က အကောင်ပေါက်လေးပုံစံဖြင့် နို့သောက်နေပုံကိုကြည့်ကာ အင်မတန်ကြည်နူးနေကြလေ၏။

အချိန်ကျလာလေပြီ။ အဖြေသိရပြီဖြစ်၍ ကုဟွိုက်မှာပုန်းနေ၍မရတော့။ စားပွဲပေါ်မှအနက်ရောင်သားပေါက်လေးက ဘေးမှဇက်ထံ ဖြည်းဖြည်းချင်းကပ်လာလေသည်။ ရုတ်တရက်ဆန်သောပြောင်းလဲမှုပါပေ။အလ်ဗ်တစ်ယောက်တည်းသာ သူ့စကားနားထောင်မှန်းသိသည့်အခါမသိစိတ်အရ သူသည် အလ်ဗ်အားမှီခိုတတ်လာ၏။

"ကျိုး..."

အလ်ဗ်က ခပ်တိုးတိုးအသံပြုသည်၊ ၎င်းနောက်မှငွေမှင်ရောင်အမြှီးကအနက်ရောင်သားပေါက်လေးအား တင်းကျပ်စွာရစ်ပတ်လိုက်သည်။နှစ်ကောင်က အင်မတန်နီးကပ်နေ၍ အလ်ဗ်က ပေါ့ပါးသောလှုပ်ရှားမှုအတွက် အနည်းငယ်ရွေ့လျားရန်သာလိုအပ်သည်။

အကြောင်းမယ်မယ်ရရမရှိဘဲ ကုဟွိုက် တဖက်လူအနားကို အလွန်အမင်းကပ်သွားမိသည်။ သူသည် သူ့အားထောက်ကူပေးထားသည့်ငွေမှင်ရောင်အမြှီးကိုလှည့်ကြည့်ပြီး အတော်လေးရှက်သွားမိ၏။ အလ်ဗ်၏အပြုအမူကြောင့်ဖြစ်ကောင်းဖြစ်မည်၊ ကုဟွိုက်သည် ၎င်းကသူ့အချစ်ကိုပြသနေခြင်းဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းသိနေ၏။

ကံကောင်း၍ သူ့တကိုယ်လုံးကို အနက်ရောင်အမွှေးများဖြင့်အုပ်ထား၍ ရှက်သွေးဖြန်းနေသည့်အရောင်ကို မမြင်တွေ့ရနိုင်ပေ။ ထိုသို့တွေးလိုက်ပြီးသည့်အခါ ကုဟွိုက်သည် အလ်ဗ်အား တပုံစံတည်းတုံ့ပြန်လိုက်မိသည်။

"ကျိုး..."

၎င်းက တပုံစံတည်းတူသောအသံသာဖြစ်ပြီး မျက်လုံးဝိုင်းလေးများဖြင့် အနက်ရောင်သားပေါက်လေးက တူညီသောရွှေရောင်မျက်လုံးအိမ်များဖြင့် အခြားအကောင်ပေါက်လေးအနားသို့ ကပ်သွားခဲ့သည်။ အကောင်ပေါက်လေးနှစ်ကောင် အချင်းချင်းပူးကပ်နေပုံကို အခန်းထဲမှအခြားဇက်တို့က စူးစိုက်ကြည့်နေကြ၏။

သို့ထိတိုင် အစာရေစာတိုက်ကျွေးခြင်းက နှောင့်နှေးနေ၍မရပေ။ သားပေါက်လေးနှစ်ကောင်ကို တခဏမျှကြည့်နေပြီးသည့်နောက် အိုင်းယီ နို့ပုလင်းလေးအားယူကာ ရှေ့တိုးသွားခဲ့သည်။

ဇက်များကို မည်သူကများ နို့ဘူးနှင့်နို့တိုက်နည်းသင်ပေးထားပါသနည်း။ အဖြေသည်ကား လွန်ခဲ့သောတစ်နာရီက အလည်လာသွားခဲ့သည့် လူသားစစ်ဗိုလ်ချုပ်နှစ်ယောက်ပင်။ ၎င်းတို့က ကုဟွိုက်ကို ထိုးထည့်သွားလိုက်ခြင်းသာ။

အရင်ဆုံး သားပေါက်လေးကို သူ့ပေါင်ပေါ်သို့တင်လိုက်သည်။

စားပွဲပေါ်မှ အမည်းရောင်သားပေါက်လေးသည် အိုင်းယီပေါင်ပေါ်တွင်နေရာတကျ ရှိသွား၏။ ကိုယ်တပိုင်းတင်နေသည့်ပုံစံက ပိုကောင်းသည်ဟုဆိုကြသည်။ အမည်းရောင်သားပေါက်လေးက အိုင်းယီပေါင်ပေါ်တွင်မလှုပ်မယှက်နေ နေရပြီး ပုလင်းလေးကသူ့ပါးစပ်အဝသို့ရောက်လာသည်။

ထိုအနေအထားသို့ရောက်လာပြီးနောက် ဇက်တို့၏မျက်လုံးများတောက်ပနေမှုမှာ အမြင့်ဆုံးသို့ရောက်ရှိသွားသည်။ အလေးအနက်ဖြစ်နေသည်ဟုသာ ဖော်ပြရမည်။

ကုဟွိုက်ဦးနှောက်က ဗလာအတိဖြစ်နေ၏။ သူသည် ဖန်ဘောလုံးနှင့်တူသောမျက်လုံးများကိုသာဖွင့်လိုက်နိုင်သည်။ ကိစ္စရပ်များက ဤအတိုင်းဖြစ်လာခဲ့ပြီ။ လူတစ်ယောက်တွင် ဂုဏ်သိက္ခာကျဆင်းသွားသည်နှင့်အဖက်ပြန်ဆယ်၍မရပေ။ သူ၏ကန့်သတ်ချက်ကိုပြန်ပြင်မရနိုင်တော့၍ ကုဟွိုက်မှာ ဆက်လက်ရုန်းကန်နေရရှာသည်။ ဇက်တို့ ပျော်ရွှင်နေပုံကိုမြင်ရရန် အလွန်ခက်ခဲသည်၊ အင်မတိအင်မတန်ကိုခက်ခဲလေသည်။

ကုဟွိုက် မျက်လုံးမှိတ်ထားလျက် ပုလင်းထဲမှနို့ကိုသာသောက်နေလိုက်သည်။ အမည်းရောင်သားပေါက်လေးသည် အိုင်းယီ၏ပေါင်ပေါ်တွင်လှဲနေပြီး နို့များကိုပါးစပ်အပြည့်သောက်ချလိုက်တော့၏။

.............

စာရေးသူတွင်ပြောစရာရှိသည်။

ဟွိုက်ပေါင်း ပထမဆုံးအဖြစ် နို့ဘူးနှင့်သောက်ရသည့်အခါ:

ဟွိုက်ပေါင်း: ခက်လိုက်တာနော်။

ဇက်များ(စိတ်လှုပ်ရှားနေရင်း ဗွီဒီယိုရိုက်နေ): ဖျတ်...ဖျတ်...ဖျတ်...

Continuer la Lecture

Vous Aimerez Aussi

43.1K 5.9K 61
Original Title Saving the Tragic Adonis •Associated Names 拯救美强惨反派[穿书] •Type Web Novel (CN) •Genre Comedy School Life Shounen Ai Slice of Life •Author...
66.3K 6.8K 96
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မှားယွင်းသော လက်ထ...
130K 15.4K 96
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...