Between The Hate [ Completed ]

By Jeon_Khun

38.2K 4.2K 7.6K

Top - KIM TAEHYUNG Bottom - JEON JUNGKOOK VKOOK ေမာင္ကအတၱႀကီးတယ္!လိုခ်င္တာကိုလည္းရေအာင္ယူမယ္!ကိုကိုအလွေလးက ေ... More

01
02
03
04
05
06
07
08
09
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
31
32
33
34
35
36
37
No Update ****
38
39
40
41
42
43 [ FINAL ]

30

917 96 156
By Jeon_Khun

#unicode

ထယ်ယောင်းနဲ့ကူး ကားတိုက်မိမလိုဖြစ်ခဲ့ကြပေမဲ့
ကံကောင်းစွာဖြင့် ကူးလေးကဘာမှမဖြစ်ခဲ့ပါ။
ထယ်ယောင်းကတော့ လက်ထိထားတာကြောင့်
နာကျင်နေရသော်လည်း ကားပေါ်တစ်လျှောက်လုံး
ကြောက်နေတဲ့ကူးလေးကိုသာ ဖက်ထားရသည်။

" ဆရာ...ရောက်ပြီ၊ကျွန်တော်တွဲပေးပါ့မယ်၊
ဆရာ့အပိုင်ဘေးကလျှောက်ပါ... "

" အင့်...ဟင့်အင်း...ငါမလျှောက်ချင်ဘူး၊
ဟင့်...ကင်မ်ထယ်ယောင်း... "

ဆေးရုံရောက်တော့ ထယ်ယောင်းကိုယောင်းဝူက
ကူတွဲပေးမည်ပြောတာကို ကူးလေးကမရပါဘဲ
အနားသာကပ်နေတာမို့ ထယ်ယောင်းလည်း
လက်နာနေသည်ကိုလျစ်လျူရှုပြီး ကူးလေးကို
ကောင်းသည့်လက်ကဖက်ကာ ဆေးရုံထဲဝင်လာ
သည်။

" မောင်ဘာမှမဖြစ်ပါဘူး၊မငိုနဲ့တော့လေ၊
မျိုးစေ့လေး လိုက်ငိုနေရင်ဘယ်လိုလုပ်မလဲ "

" ဟင့်အင်း...သွေး...သွေးတွေထွက်နေတာ "

ထယ်ယောင်းကလမ်းသွားရင်းပြောတာတောင်မှ
ကူးလေးက အငိုမတိတ်ဘဲထပ်ငိုနေတာကြောင့်
ထယ်ယောင်း ပိုစိတ်မကောင်းဖြစ်မိသည်။
ကိုယ်ဝန်သည်ဆိုတော့ စိတ်ကနုပြီးတော့ထိလွယ်၊ရှလွယ်ဖြစ်နေချိန်မှာမှ ထိတ်လန့်စရာကိုမြင်ရလို့
ငိုနေတာကြောင့် ထယ်ယောင်းလည်းမနည်းချော့
နေရသည်လေ။

" အစ်ကိုကူး...မြန်မြန်လာ...ဘာဖြစ်တာလဲ၊
ကျွန်တော့်ကိုပြောပါဦး၊မျိုးစေ့လေး...တစ်ခုခု... "

နားကြပ်ကြီးတပ်ရပ်ကြီးနှင့် ဒေါက်တာဟိုဆော့ကဂျူတီကုတ်တကားကားဖြင့် ထယ်ယောင်းတို့နား
ပြေးလာကာ ကူးလေးဖြစ်သည်အထင်နှင့်စိုးရိမ်
စိတ်တွေများကာ ခေါ်သည်။

" မဟုတ်ဘူး အစ်ကိုဟိုဆော့၊ဖြစ်တာက ဆရာဖြစ်တာ၊ဆရာလက်ထိထားလို့... "

ယောင်းဝူကပြောတော့ ဟိုဆော့ကကူးဘက်မှ
လက်တစ်ဖက်ကိုခေါက်ထားသည့် ထယ်ယောင်းကိုကြည့်လိုက်ပြီး အံ့အားသင့်သွားသည်။ပြီးမှ
တပ်လက်စဖြစ်နေသည့် နားကြပ်ကိုချွတ်ပြီး
စကားဆို၏။

" ဒါဆို..အမြန်လာလေကွာ၊နမ်ဂျွန်တို့လည်း
အစ်ကိုကူးဖြစ်တယ်ထင်ပြီး လာနေကြတယ်၊ဟူး...
တော်သေးတာပေါ့ အစ်ကိုကူးဘာမှမဖြစ်လို့ "

ဟိုဆော့စကားကြောင့် ထယ်ယောင်းကစိတ်တိုပြီး
အားနေသည့်လက်တစ်ဖက်ကနေ ဂျူတီကုတ်က
ကော်လန်ကိုဆွဲရင်း ပြောတော့သည်။

" ဟေ့ကောင်ဟိုဆော့ မင်းကငါ့အသက်ဖြစ်တော့
အသည်းအသန်ဖြစ်ပြီး သူငယ်ချင်းဖြစ်တော့
ဖြစ်ချင်ရာဖြစ်ဆိုပြီး သဘောထားတာလား "

" စတာပါကွာ၊မင်းကလည်း စိတ်ကြီးပဲ၊ငါက
မင်းကို သူငယ်ချင်းအချင်းချင်းမို့စတာပါ ဟဲဟဲ "

ဟိုဆော့က ထယ်ယောင်းစိတ်ကြီးတာကိုသိရော
စနောက်သလိုပြန်ပြောတော့ ဟိုဆော့ကိုဆွဲထားတဲ့
လက်တို့ပြန်ကျသွားပြီး ရယ်ကျဲကျဲဖြေသည်။

ကူးကတော့ ထယ်ယောင်းကိုပြန်ကူတွဲလိုက်ရင်း
ငိုပြီးထုရိုက်စကားဆိုသည်။

" လူဆိုးကောင်!အခုချိန် ရန်ဖြစ်မနေနဲ့လို့!မင်းရဲ့
လက်အတော်ထိသွားတာ ဆေးကုရမယ်၊ဟိုဆော့
ကင်မ်ထယ်ယောင်းရဲ့လက်ကို အမြန်ကြည့်ပေး
ပါဦးနော်... "

ကူးလေးက ထယ်ယောင်းအစားအတော့်ကိုစိတ်ပူ
နေပုံရသည်။ထိုသည်ကို ယောင်းဝူနဲ့ဟိုဆော့က
ခပ်ယေးယေးပြုံးနေကြသည်။ထယ်ယောင်းက
သူ့ကိုကူးလေးမချစ်သေးဘူးထင်တာ။ဟိုကသူတို့
ရှေ ပေါ်တင်တောင်ဂရုစိုက်နေပြီဖြစ်သည်။

" မဟုတ်ဘူး၊မောင်ကအရေးမကြီးဘူး၊အသက်ကို
ကျန်းမာရေးစစ်ပေးရမှာ ဒီနေ့လေ၊အသက်ကိုသာ
အရင်သွားစစ်ရအောင်လေ "

" ကင်မ်ထယ်ယောင်း!မင်းဒီလောက်ဖြစ်တာကို
ငါကဘယ်လိုလုပ် အေးဆေးလေးကျန်းမာရေး
စစ်နေရမှာလဲလို့..လူဆိုးကောင်!မင်းသာ
တစ်ခုခုဖြစ်သွားရင် ငါ့ကိုယ်ငါခွင့်မလွှတ်နိုင်ဘူး "

ထယ်ယောင်းကပြောတော့ ကူးလေးကငိုနေရင်းမှ
ပိုရိုက်ပြီး စကားဆိုတော့သည်။ကူးလေးစိတ်ပူမိ
သည်။ကူးကိုလာကယ်ရင်း ကင်မ်ထယ်ယောင်းက
တိုက်မိသွားတာလားလို့ စိုးရိမ်မိတာ။ကူးကြောင့်
ဆိုပေမဲ့လည်း မျိုးစေ့လေးဒယ်ဒီကို အားနာမိသွားတာကအမှန်ပါလေ။

" ဟုတ်ပါပြီ၊မောင်အရင်ပြပါ့မယ်၊မငိုနဲ့တော့။
မောင်ကကိုကိုအလှလေးငိုတာကိုမကြည့်ရက်ဘူး "

ထယ်ယောင်းက ကူးလေးရဲ့ပါးပြင်ပေါ်ကမျက်ရည်စလေးတွေကို ခပ်ဖွဖွသုတ်ပေးရင်း
ပြောသည်။ဟိုဆော့နဲ့ယောင်းဝူက ထယ်ယောင်းနဲ့
ကူးလေးကိုကြည့်ရင်း ပြုံးနေကြသည်လေ။

ကူးလေးက ခေါင်းတငြိမ့်ငြိမ့်လုပ်ရင်း
ထယ်ယောင်းလက်တစ်ဖက်ကို ကူတွဲကာဖြင့်
ဟိုဆော့ခေါ်ရာနောက် လိုက်သွားပြီးလက်အရင်
ပြစေသည်။

ဟိုဆော့နဲ့အတူ သူနာပြုဆရာမပါဝင်လာကာ
အထဲရောက်တော့ ထယ်ယောင်းကိုအင်္ကျီချွတ်
စေလိုက်ပြီး ထိထားသောဘယ်ဘက်လက်ကို
ကြည့်တော့ ပွန်းရာအကြီးကြီးကိုတွေ့တာကြောင့်
ကူးပိုငိုမိရင်း စကားဆိုသည်။

" အင့်...မင်းအများကြီး နာသွားမှာပဲ၊နာနေလား၊
တအားနာနေလား၊ငါက တောင်းပန်ပါတယ်၊
အန္တရာယ်ကိုမကြည့်မိဘူး...ဟင့်... "

ကူးကငိုရင်းပြောတော့ ဆေးဒဏ်ရာကြည့်ပေးတဲ့
ဟိုဆော့လည်းစိတ်မကောင်းသလို ကူးကိုချစ်တဲ့
မောင်ကလည်း နာနေသည့်အစားပြုံးလာသည်။

" မောင့်အသက် အမှားမဟုတ်ပါဘူး၊အဲ့ကားက
မှားနေတာ၊လူသွားနေတဲ့အချိန်မှ ဖြတ်သွားတဲ့
ကားကမှားနေတာ၊ဒါကြောင့်မို့ မောင့်အသက်
မငိုပါနဲ့ဗျာ၊မောင် မကြည့်ရက်ဘူး "

ထယ်ယောင်းရဲ့ဒဏ်ရာကို သူနာပြုဆရာမလေးကရေဆေးပေးပြီး ဆေးထည့်ပေးနေရင်းမှပြုံးစစဖြစ်နေသည်။ဒီကောင်လေးက သူ့ယောကျာ်းလေးကိုချစ်လိုက်တာ။ခေါ်ပုံကိုက 'မောင့်အသက်'တဲ့။
နူးညံ့လွန်းလှပါသည်လေ။

" အွန်း!ငါမငိုတော့ဘူး၊နာရင်ပြောနော်... "

ကူးလေးက မျက်ရည်တွေကိုလက်ဖမိုးဖြင့်သုတ်
လိုက်ရင်း ထယ်ယောင်းကိုပြောတော့သည်။
ထယ်ယောင်းက ခေါင်းငြိမ့်ရင်းသူ့အသက်ရဲ့
မျက်ဝန်းလေးကိုလက်ဖဝါးဖြင့်ပိတ်လိုက်သည်။

" မောင့်လက်ကိုမမြင်စေချင်ဘူး၊အသံပါနား
ထောင်လိုက်၊မောင့်အသက်လေးကစိတ်နုတာမို့ ကြည့်လို့မရဘူး "

ထယ်ယောင်းက သူ့လက်ဘာဖြစ်သွားမှန်းဆိုတာ
ကောင်းကောင်းကြီးသိသည်။ဒါကြောင့်မို့ ကူး
မြင်နေမှာဆိုးတာကြောင့် ညာလက်ဖြင့်မျက်ဝန်း
ဝိုင်းလေးတွေကိုအုပ်ပေးလိုက်ပြီး နေစေသည်။

ဟိုဆော့နဲ့ယောင်းဝူရယ် သူနာပြုဆရာမရယ်က ထယ်ယောင်းတို့ကိုကြည့်ပြီး နှုတ်ခမ်းရွဲ့သလို
အမူအရာဖြစ်သွားပေမဲ့ ထယ်ယောင်းရဲ့
ကြောက်စရာကောင်းသည့် အကြည့်စူးစူးကြောင့်
တဖန်တိတ်ဆိတ်သွားပြီး ဟိုဆော့ကလက်အခြေ
အနေကိုကြည့်ကာ စဥ်းစားပေးနေသည်။

" ထယ်ယောင်းရာ...မင်းရဲ့လက်ကကျိုးသွားတာ
ကွာ၊ဒဏ်တစ်ခုလိုဖြစ်ထားတာမို့ တစ်လလုံးလုံး မင်းပိုဂရုစိုက်ရတော့မှာကွာ၊ပေါ့လို့မရဘူးကွ၊
ရေချိုးတာဆိုလည်း ဒီဒဏ်ရာကိုထိလို့မဖြစ်ဘူး၊
ဒါဖြင့်ထယ်ယောင်း...အဟမ်း..မင်းကဘယ်သန်
မဟုတ်လား၊အဲ့တော့ မင်းထမင်းအတွက်
ဘယ်လိုစားမလဲ... "

ဟိုဆော့က ထယ်ယောင်းရှေ့မျက်စိမှိတ်ပြရင်း
သူငယ်ချင်းကိုကူညီပေးနေသည်မို့ ယောင်းဝူက
ကြည့်ရင်း ပြုံးစိစိဖြစ်နေသည်။ကူးလေးကတော့
မျက်ဝန်းပိတ်ခံထားရင်းမှ မျက်နှာလေးငယ်နေပြီး
ပိုငိုတော့မည်လေ။

" ဟင့်..မင်းအရမ်းနာနေမှာပဲ... "

ကူးလေးကငိုရင်းပြောတော့ အကုန်လုံးကတော့
မသိမသာလေး တိတ်တိတ်လေးရယ်နေသည်။
မထုတ်ပြမိဘူး။ထယ်ယောင်းက လက်ကျိုးတာ
မဟုတ်ပေမဲ့ နာကျင်တဲ့ဒဏ်တစ်ခုဖြစ်သွားတာ။
သို့ပေမဲ့လည်း ကူးနဲ့ထယ်ယောင်းတို့အဆင်မပြေ
ကြတာကိုသိတဲ့ဟိုဆော့က အဆင်ပြန်ပြေအောင်
လမ်းဖောက်ပေးတာဖြစ်သည်။

" ဆရာရယ်...ဆရာဘယ်လိုလုပ်အဆင်ပြေတော့
မလဲဗျာ၊ကျွန်တော့်ဆရာ လက်ကျိုးသွားတော့
အရာရာဂရုစိုက်ရတော့မှာပဲ... "

ယောင်းဝူကငိုသလိုလိုပြောတော့ ဟိုဆော့က
လက်ကိုပတ်တီးစီးပေးနေပြီး ကျိုးသည့်လက်ကို
ထိန်းဖို့တောင် အစည်းလုပ်ပေးဖို့လုပ်နေ၏။

ထယ်ယောင်းလည်း ထိုသဘောကိုသဘောကျလို့ဟိုဆော့ပေးတဲ့လမ်းအတိုင်းဆက်လျှောက်မိ၏။
ဒီနည်းလမ်းကပဲ ကိုကိုအလှလေးကသူနဲ့ပြန်အဆင်ပြေလာမှာဖြစ်သည်။ဒါကြောင့်လည်း
အင်္ကျီပြန်ဝတ်ဖို့အတွက် သူ့အသက်မျက်လုံးကိုဖုံးထားတဲ့လက်ကိုဖွင့်ပေးတော့ မျက်ရည်စတွေစိုစွတ်နေသည့်မျက်ဝန်းဝိုင်းလေးက သူ့ကိုစိတ်ပူသလိုလေးကြည့်လာသည်။

ထယ်ယောင်းသဘောကျလိုက်တာ။သူ့အသက်ရဲ့
မျက်ဝန်းလေးတွေမှာ သူ့ကိုတအားစိုးရိမ်စိတ်များ
နေတဲ့ပုံစံလေးပြနေတာ။မျက်ဝန်းလေးတွေအစ
လှရက်လိုက်တာ။

" အဟမ်း...ငါသေချာလုပ်ပေးထားတယ်နော်၊
မင်းကသာ အိမ်ရောက်ရင်ရေချိုးဖို့ကအစ-- "

" အစ်ကို လုပ်ပေးပါ့မယ်၊ထမင်းကျွေးတာရော၊
ရေချိုးတာကအစ၊အဝတ်လဲတာရော အစ်ကိုက
လုပ်ပေးပါ့မယ် ဟိုဆော့၊ကင်မ်ထယ်ယောင်းရဲ့
လက်အမြန်သက်သာဖို့ဆို ဟိုဆော့ကအစ်ကို့ကို
လိုအပ်တာတွေ ပြောပြပေးနော်... "

မထင်မှတ်ထားသည့်ကိစ္စဖြစ်သည့် ကူးလေးက
ထယ်ယောင်းကို အကုန်တာဝန်ယူဂရုစိုက်နေတာမို့
ဟိုဆော့တောင် ပြုံးသွားသေးသည်။အစ်ကိုကူးက
သူ့နှလုံးသားကိုလိမ်ထားတာပဲ။ဘယ်လိုတောင်
ချစ်နေရဲ့သားနဲ့ လိမ်နေရတာလဲ။အခုတော့ သူတို့
သိသွားပြီဖြစ်သည်။

" ကျွန်တော်က အကုန်ပြောပြပေးမှာပါ "

ဟိုဆော့ကပြုံးလိုက်ရင်းပြောသည်။ထယ်ယောင်း
အသံတောင်မထွက်နိုင်တော့ဘူး။ကူးကတော့
ထယ်ယောင်းကိုမကြည့်နိုင်ဘဲ ပတ်တီးစီးထားတဲ့
လက်လေးကိုကြည့်ကာ စိတ်မကောင်းဖြစ်နေတာ။

" အစ်ကိုကူး ကျန်းမာရေးစစ်ရဦးမယ်မလား၊
ဆရာမက ခေါ်သွားပေးလိမ့်မယ်... "

" ကင်မ်ထယ်ယောင်းကရော မလိုက်ဘူးလား "

ကူးလေးက ဟိုဆော့ကိုကြည့်ရင်းပြောတော့
ထယ်ယောင်းက ချက်ချင်းထလိုက်ဖို့ဟန်ပြင်၏။
ဟိုဆော့ကသတိထားမိရင်း ထယ်ယောင်းကို
တားလိုက်သည်။

" အစ်ကိုကူး...အရင်သွားနှင့်ပါ၊ထယ်ယောင်းကို
ကျွန်တော့်ဆေးရုံကိစ္စလေး ပြောချင်လို့၊ပြီးရင်
ကျွန်တော်တို့ လိုက်လာခဲ့ပါ့မယ် "

ဟိုဆော့တားသည်ကို ကူးလေးကထယ်ယောင်းကို
ကြည့်လိုက်တော့ ထယ်ယောင်းကခေါင်းငြိမ့်ပြ၏။
အရင်သွားနှင့်လိုက်ပါဆိုသည့်သဘောမျိုးဖြင့်။
ကူးလည်း ခေါင်းငြိမ့်လိုက်ပြီး သူနာပြုဆရာမနဲ့
လိုက်သွားတော့ ယောင်းဝူကိုထယ်ယောင်းက
ကြည့်ရင်း ပြောသည်။

" သွား...ကိုကိုအလှလေးနောက်လိုက်သွားတော့၊
အခန်းရှေ့မှာပဲ မင်းကိုစောင့်ခိုင်းတာနော်၊အခန်းထဲ
မင်းကိုလိုက်သွားခိုင်းတာ မဟုတ်ဘူး "

ထယ်ယောင်းစကားကြောင့် ယောင်းဝူပြုံးနေရာမှ
မဲ့ကျသွားသည်။သူလည်း ကြည့်ချင်တာပေါ့။
ဆရာ့အပိုင်ဗိုက်ထဲက သူ့တူမျိုးစေ့လေးကိုလည်း
ဘယ်လိုပုံလေးလဲဆိုတာ ကိုယ်တိုင်မြင်ချင်တာ။
အခုတော့ဆရာ့ကြောင့် သက်ပြင်းခပ်ယဲ့ယဲ့ချရင်း

" ဟုတ်ကဲ့ပါ၊အရှေ့မှာပဲ စောင့်နေပါ့မယ် "

ယောင်းဝူက အခန်းပြင်သို့ထွက်သွားတော့မှ
ဟိုဆော့က ထယ်ယောင်းကုတင်ရဲ့ခုံနားထိုင်ကာ
စကားစတော့သည်။

" ထယ်ယောင်း ငါလည်းအစ်ကိုကူးကိုယ်ဝန်နဲ့ဆိုတာအားနာပေမဲ့ မင်းတို့နှစ်ယောက်ဖြစ်ထားတဲ့
အခြေအနေကိုသိထားလို့ ဒီလိုကူညီပေးတာ၊
မင်းရဲ့လက်ကမကျိုးပေမဲ့ ဒဏ်ကြောင့်ပိုနာနေ
မယ်ဆိုတာငါသိတယ်၊အဲ့လိုကြောင့်မို့ နည်းနည်း
ပိုပြောပေးတာ အစ်ကိုကူးမင်းကိုဂရုစိုက်အောင် "

" ရပါတယ်ကွာ၊ငါနားလည်ပါတယ်၊ငါကလည်း
ကိုကိုအလှလေးနဲ့အဆင်ပြေချင်တာ၊ငါတကယ် စိတ်ပူသွားတာ၊ကိုကိုအလှလေးနဲ့မျိုးစေ့လေး
တစ်ခုခုသာဖြစ်သွားရင် ငါအခုချိန်အသက်ရှင်
နိုင်တော့မယ်မထင်ဘူး "

ထယ်ယောင်းကပြောတော့ ဟိုဆော့ကသက်ပြင်း
ရှည်ချရင်းဖြင့်ခေါင်းငြိမ့်ပြီး ပုခုံးကိုပုတ်ကာဖြေသည်။

" လျှောက်မတွေးနေနဲ့တော့၊အခု အစ်ကိုကူးက
မင်းကိုချစ်နေပြီသိလား၊မင်းတစ်ခုခုဖြစ်မှာကို
တအားစိတ်ပူနေတာ၊သူ့မျက်ဝန်းလေးတွေကို
ကြည့်လိုက်ပေါ့၊မင်းကတော့ငါ့ထက်သူ့မျက်ဝန်း
တွေကို ပိုဖတ်တက်တယ်မှာပါကွာ "

" အင်း...ငါသိတယ်၊ကိုကိုအလှလေးရဲ့ မျက်ဝန်း
တွေငါ့ကိုတအားစိတ်ပူနေတာ... "

ထယ်ယောင်းကဖြေရင်းထရပ်သည်။ကိုကိုအလှလေးကျန်းမာရေးစစ်တော့မှာမို့ သူအနားရှိနေမှ
ဖြစ်မည်လေ။မဟုတ်ရင် ဗိုက်ပူလေးကသူ့ကို
ပြန်စိတ်ပူနေဦးမှာဖြစ်သည်။

" ထယ်ယောင်း အစ်ကိုကူးကိုကားနဲ့တိုက်ဖို့ လုပ်ကြံတဲ့တစ်ယောက်က လီယမ်မဟုတ်လား၊
လီယမ်ကတော့ တကယ်ကွာ၊မင်းကိုကြွေနေ
တာထက် အစ်ကိုကူးနဲ့မျိုးစေ့လေးကိုတောင်
အန္တရာယ်ပေးတာနော်၊မင်းငြိမ်နေဖို့မသင့်ဘူး "

ကူးလေးကို ကျန်းမာရေးစစ်မည့်အခန်းဘက်ကို
သွားရင်း ဟိုဆော့ကပြောသည်။ထယ်ယောင်းက
သူ့ဆံပင်ရွှေအိုရောင်ကိုသပ်တင်ရင်းဖြေ၏။

" စိတ်ချစမ်းပါ၊အဲ့ကောင်ကို ငါလက်နဲ့ကိုယ်တိုင်
ဆုံးမထားမှာ၊ငါ့အသက်နှစ်ယောက်လုံးကို မထိ
စေရဘူး ဟိုဆော့ "

ထယ်ယောင်းစကားကို ဟိုဆော့ယုံသည်။
ထယ်ယောင်းက သူတစ်ခုခုပြောပြီးပြီးဆိုလည်းဖြစ်အောင်လုပ်သည်။အစ်ကိုကူးကိုတောင်
ရအောင်ယူခဲ့တာမဟုတ်လား။ဒါကြောင့်မို့
ထယ်ယောင်းအပေါ်ယုံကြည်သည်။

- - - - -

တစ်ဖက်ကကူးလေးမှာတော့ ကုတင်ပေါ်လှဲရင်း
ထယ်ယောင်းတို့အလာကို စောင့်နေလေသည်။
သူနာပြုဆရာမက လိုအပ်တာတွေကိုဟိုဆော့
မလာခင် ဖြည့်ပေးထားရသည်။ဟိုဆော့ရဲ့
လက်ထောက်သူနာပြုမို့ အကုန်လုပ်ပေးရတာ။

ကူးလေးတို့အခန်းထဲရှိရင်း အခန်းတံခါးပွင့်လာလို့
ထယ်ယောင်းထင်ပြီး ထကြည့်လိုက်ပေမဲ့လည်း
ထယ်ယောင်းမဟုတ်နေပါ။ဟိုတစ်ခါကတွေ့သည့်
ဟိုဆော့နဲ့အတူကပ်နေတဲ့ ဆရာဝန်ငယ်လေးသာ
ဖြစ်သည်လေ။

ဆရာဝန်လေးက ခဏလက်ကာပြကာအခန်းထဲ
ခဏဝင်သွားသည်။ထွက်လာတော့ လက်ဆေး
ထားတာကို တစ်သျှူးဖြင့်သုတ်ရင်းကူးလေးအနားလျှောက်လာသည်။

" အစ်ကိုကူးရဲ့ယောက်ျားက ကျွန်တော်နဲ့
ဒေါက်တာဆော့ကို အစ်ကိုကူးနဲ့မျိုးစေ့လေးရဲ့
ကျန်းမာရေးစောင့်ရှောက်ဖို့ ခန့်ထားလိုက်ပြီ "

ကူးလေးကခေါင်းငြိမ့်ရင်း ဆရာဝန်လေးပြောတာ
နားထောင်ပြီး မျက်ဝန်းလေးဝိုင်းစက်ကာကြည့်
သည်။ပြီးမှ နှုတ်ခမ်းချွန်ချွန်လေးကဆူထွက်ပြီး
စကားဆိုလာသည်။

" ကင်မ်ထယ်ယောင်းရော...သူဘယ်မှာလဲ... "

ကူးကမေးတော့ ဆရာဝန်ငယ်လေးက ကူးလေးရဲ့
ကျန်းမာရေးပြချက်ကိုဖတ်ရင်းမှ ကြည့်ပြီးတော့
သူ့မျက်မှန်ကိုပင့်တင်လိုက်ရင်း ဖြေသည်။

" သူငယ်ချင်းတွေထပ်ရောက်လာလို့ ဒေါက်တာ
ဆော့ရဲ့အခန်းထဲမှာ အတူစကားပြောနေကြတယ်၊
ကျန်းမာရေးစစ်ဖို့ အရင်စစ်ထားလိုက်ပါဆိုလို့
ကျွန်တော့်ကို အရင်လွှတ်ပေးလိုက်တာ "

" ဟင့်အင်း...ကင်မ်ထယ်ယောင်းလာမှစစ်မယ်၊
မျိုးစေ့လေးကလည်း သူ့ကလေးလေးပဲလေ၊
သူလည်းကြည့်သင့်တာပေါ့မဟုတ်လား "

ကူးလေးက ခေါင်းအသွင်သွင်ခါရင်းပြောတော့
ဆရာဝန်လေးလည်း မငြင်းတော့ဘဲခေါင်းငြိမ့်
လိုက်ကာ ဖုန်းထုတ်ပြီးဒေါက်တာဆော့ကို
ဖုန်းဆက်ပေးရသည်။

" ဒေါက်တာ...အစ်ကိုကူးကသူ့ယောကျာ်းလာမှ
ကျန်းမာရေးစစ်မယ်ဆိုလို့ ကျွန်တော်တို့စောင့်နေ
ရတယ်၊မြန်မြန်လာရင် ကောင်းမယ်နော် "

ဆရာဝန်လေးက ကုတင်ပေါ်လှဲနေသည့်ကူးဘက်
ပြုံးကြည့်ရင်းဖုန်းပြောသည်။ကူးလေးကတော့
ဆရာဝန်လေးပြောသည့် 'သူ့ယောကျ်ားလာမှ'ဆိုတဲ့
စကားလေးကြောင့် ရှက်သွားပြီးဘေးဘက်သို့
လှည့်နေပြီး ခေါင်းအုံးရဲ့အစကိုစုကိုင်ထားမိ၏။

" ဒေါက်တာဆော့က လာနေပြီတဲ့၊ကျွန်တော်တို့က
ဒီတိုင်းလေးစောင့်နေကြတာပေါ့နော်၊ဟီးဟီး..ဒါနဲ့
အဆင်ပြေရဲ့လားရော် ကလေးလေးကနောက်ဆို
ပိုထွားလာတော့မှာ၊အထိအတွေ့တွေကိုခံစားမိ
တော့မှာ၊အစ်ကိုကူးလေးတောင် တကယ်လှပြီး
လုံးလုံးလေးဖြစ်လာရော တွေ့တုန်းကပိန်ပိန်ရှည်
ရှည်လေးက ပိုချစ်စရာကောင်းလာတယ် "

ဆရာဝန်လေးက ကုတင်ဘေးကခုံမှာထိုင်ရင်းဖြင့်
ကူးလေးကိုပြောနေသည်။ကူးလေးလည်း ပြုံးရင်း
ဖြေလိုက်ပြီး မျိုးစေ့လေးရှိရာရပ်ဝန်းလေးကိုထိ
တွေ့နေမိသည်။ဆရာဝန်လေးပြောသလိုဆို
မျိုးစေ့လေးက ဒယ်ဒီနဲ့ပါးပါးဆိုတာကိုသတိထား
မိနေတော့မှာဖြစ်သည်။

ပါးပါးက ပျော်ဖို့ကိုမစောင့်နိုင်တော့ဘူး။ပါးပါးရဲ့
မျိုးစေ့လေးကို တွေ့ချင်ပြီ။ကူးလေးနဲ့အတူလည်း မျိုးစေ့လေးရဲ့ဒယ်ဒီ တွေ့ချင်နေလောက်ပြီပေါ့။

" ကျေးဇူးပါနော်၊အစ်ကိုလည်း မျိုးစေ့လေးကို
တွေ့ဖို့မစောင့်နိုင်တော့ဘူး၊မျိုးစေ့လေးကန်ပြီး
အထိအတွေ့တွေကို ခံစားမိမှာတွေရော
တွေးကြည့်လိုက်ရင် ကြည်နူးစရာလေးဖြစ်နေမှာ "

ကူးလေးကပြောတော့ ဆရာဝန်လေးကလည်း
ပြုံးရင်း ဗိုက်ပူလေးကိုသဘောကျစွာကြည့်သည်။
တကယ်ပါ။ယောက်ျားကိုယ်ဝန်ဆောင်တွေထဲ
အချို့ကိုမြင်ဖူးပေမဲ့လည်း အခုအစ်ကိုကူးလေးက
ပိုလို့ကိုချစ်စရာကောင်းသည်လို့ထင်မိပါသေး၏။

ဂျောက် ~

ကူးလေးနဲ့ဆရာဝန်လေးစကားပြောရင်း အခန်းတံခါးပွင့်လာတော့ ထယ်ယောင်းနဲ့ဟိုဆော့က
ဝင်လာကြသည်။ထယ်ယောင်းက ဘယ်လက်ကို
ပတ်တီးစီးထားပြီး လက်အထိန်းပါနေတာကြောင့်
ကူးလေးကြည့်ပြီး စိတ်မကောင်းဖြစ်မိသည်။
ကူးနဲ့မျိုးစေ့လေးကိုကယ်ရင်း ဖြစ်တာမို့။

" ကျွန်တော်ရောက်လာပြီဆိုတော့ စစ်ကြတာပေါ့၊
အစ်ကိုကူးနဲ့မျိုးစေ့လေးကို ဂရုစိုက်တဲ့သူတွေက
များတော့ တော်ရုံကြည့်စရာလိုမယ်မထင်ဘူး "

ဟိုဆော့ကလက်ဆေးပြီး ကူးရဲ့ဗိုက်ပေါ်ကိုလှန်
ပေးပြီး ဂျယ်လိမ်းပေးရင်းပြောသည်။ကူးက
ပြုံးလိုက်သလို ထယ်ယောင်းလည်းပြုံးကာဖြင့်
ကူးကုတင်ဘေးက ခုံမှာထိုင်ကာကြည့်သည်။

ဟိုဆော့ကတော့ စမ်းသပ်ပေးနေရင်းမှပြုံးပြီး
နှစ်ခြိုက်စွာရယ်လို့ မျက်နှာပြင်ကိုကြည့်ကာ
ပြောလာသည်။

" မျိုးစေ့လေးက ထွားလာတာပဲ၊အစားတွေ
အများကြီးစားရပုံပဲ ထယ်ယောင်းရေ၊ပြီးတော့
မျိုးစေ့လေးရဲ့ပါးပါးက အရမ်းကျန်းမာတာပဲ၊
ဒါကြောင့်မို့ မျိုးစေ့လေးရောကျန်းမားတာကွ "

" အဟမ်း..အစ်ကိုကူး...ကြည့်ချင်တယ်မလားမျိုးစေ့လေးကို၊မျိုးစေ့လေးရဲ့ကျန်းမာပုံလေးလည်းနားထောင်ရမယ်၊မျိုးစေ့လေးကအတော့်ကို
ကျန်းမာနေတာ... "

ဒုတ်! ဒုတ်! ဒုတ်

ဟိုဆော့ကပြောရင်းဖြင့် ဖန်သားပြင်ပေါ်က
မျိုးစေ့လေးရဲ့ပုံစံလေးက ၁၅ပတ်အတွင်းမို့
ကလေးပုံစံလေးကဖြစ်လာပြီဖြစ်သည်။ထို့အတူ
မျိုးစေ့လေးရဲ့ကျန်းမာသော နှလုံးခုန်သံကိုပါ
ကြားလိုက်ရပြီမို့ ကူးလေးလည်းမျက်ရည်တွေ
ကျလာသလို၊ထယ်ယောင်းလည်း ကူးလက်ဖြူလေးကို သူ့မျက်နှာမှာကပ်ရင်းငိုမိသည်။

သူနဲ့ကိုကိုအလှလေးရဲ့ မျိုးစေ့လေးကလည်း
ကောင်းမွန်စွာကြီးထွားလာသလို ကျန်းမာစွာဖြင့်
ရှိနေတာကြောင့် ထယ်ယောင်းပျော်သည်။

သူ့အသက်ကိုကြည့်တော့လည်း မျိုးစေ့လေးရဲ့
ပုံစံလေးကိုကြည့်ရင်း ငိုနေသေးတာ။လွတ်နေတဲ့
လက်မှမျက်ရည်လေးတွေသုတ်ပေးတော့ကူးက
ထယ်ယောင်းဘက်ကိုကြည့်ရင်း စကားဆိုသည်။

" ကင်မ်ထယ်ယောင်းတွေ့လားဟင်၊မျိုးစေ့လေး..
ငါတို့မျိုးစေ့လေးက ဟင့်...ကလေးလေးက
ကောင်းကောင်းကြီး ရှိနေတာ... "

ထယ်ယောင်းရင်ခွင်ဘက် ခေါင်းလေးလှည့်ကာ
ပြောတော့ ထယ်ယောင်းကကူးရဲနဖူးပြင်လေးကို
နမ်းလေသည်။

" မောင်လည်းဝမ်းသာပါတယ်၊မောင်တို့ကနောက်ဆို မျိုးစေ့လေးရဲ့လှုပ်ရှားမှုလေးတွေကိုလည်း
ကြည့်ရတော့မှာ၊ဘာလေးလဲဆိုတော့ရောပေါ့ "

" အင်း..ငါမစောင့်နိုင်တော့ဘူး၊မင်းရောတွေ့ချင်
နေပြီဆိုတော့ ငါမြန်မြန်ထွက်လာစေချင်ပြီ၊
မျိုးစေ့လေးကို ငါတို့နှစ်ယောက်ကောင်းကောင်း
သင်ပေးရတော့မှာ၊တွေ့ချင်နေပြီရယ် "

ကူးလေးစကားကြောင့် ထယ်ယောင်းပြုံးရင်းဖြင့်
တဖွဖွနမ်းကာသဘောကျနေမိသည်။ဒါတောင်
ကူးလေးကရှက်ဟန်မပြဘဲ ထယ်ယောင်းအနမ်း
တွေကိုတောင် ကျေနပ်စွာခံယူနေသေးတာဖြစ်၏။

ဆရာဝန်လေးက ထယ်ယောင်းတို့ကိုကြည့်ပြီး
ပြုံးနေရင်း ဘေးဘက်ကဟိုဆော့ကိုလှည့်ကြည့်
တော့ ဟိုဆော့ကသူ့ကိုတောင်ကြည့်နေသေးတာမို့
ရှက်သွားကာ မကျွတ်ကျသည်မျက်မှန်ကိုပြန်တပ်
ထားလိုက်သေးသည်။ဟိုဆော့ကတော့ သူ့ဆရာဝန်
လေးရဲ့ပုံစံကိုကြည့်ကာ သဘောကျနေသည်။

" ကင်မ်ထယ်ယောင်း ငါမင်းကိုပြောစရာရှိတယ်၊
ငါ့ကိုမဆူရဘူးနော်၊ပြီးတော့ အမေ့ကိုလည်း
မင်းမဆူရဘူးနော်... "

ကူးလေးစကားကြောင့် မျက်ခုံးများပင့်တက်သွား
သည်။ချစ်ရသူလေးက သူမသိတုန်းဘာတွေများ
လုပ်ထားလို့ မဆူရဘူးလို့ပြောနေတာလဲ။ဆူချင်
စိတ်မရှိအောင်တောင် စွမ်းဆောင်နိုင်သည့်
နှုတ်ခမ်းချွန်ချွန်လေးရယ်၊မျက်ဝန်းဝိုင်းလေး
တွေကြောင့် ထယ်ယောင်းဆူဖြစ်မယ်မထင်ဘူး။

" မောင်မဆူဘူး၊မောင့်ကိုပြောပြ "

ထယ်ယောင်းကပြောတော့ ကူးလေးကမယုံကြည်
သလိုလေးကြည့်ပြီး မျက်စောင်းလှလှလေးထိုး
သည်။ပြီးမှ ထယ်ယောင်းရဲ့လွတ်နေသည့်လက်ကို
တွေ့တော့ပြုံးပြီး....

" ငါတို့ကတိပေးပြီးမှ ပြောမယ်၊ကတိတည်လိုက်၊
ကင်မ်ထယ်ယောင်းက ကတိတည်မှဖြစ်မယ် "

ထယ်ယောင်းရှေ့ လက်သန်းလေးထုတ်ပြပြီးမှ
ကတိတည်ခိုင်းနေတော့ ထယ်ယောင်းရယ်ကာ
လက်သန်းလေးကို ခပ်ဖွဖွလေးနမ်းဖြစ်အောင်
နမ်းလိုက်ပါသေးသည်။ပြီးမှ ကူးလေးရဲ့
လက်သန်းလေးကို ထယ်ယောင်းကသူ့လက်သန်း
ဖြင့် ပြန်လည်ချိတ်တွယ်လိုက်သည်။

" မောင်ကတိပေးတယ်၊မောင့်အသက်ဘာလုပ်လုပ်
မဆူဘူး၊ဘာပဲလုပ်လုပ် မောင်မဆူတော့ဘူး "

ထယ်ယောင်းက ကတိပေးတော့ကူးလေးပြုံးပြီး
ဖြစ်ကြောင်းဆိုတော့သည်။ထယ်ယောင်းနဲ့အတူ
ဟိုဆော့ရယ်၊ဆရာဝန်လေးရယ်လည်းနားထောင်
လို့ပေါ့။

" တကယ်တော့ ငါအပြင်ထွက်လာတာကမင်းမရှိ
တုန်းလေး စားသောက်ဆိုင်လေးတစ်ခုမှာ မင်းမကျွေးချင်တာတွေသွားစားလာခဲ့တာ၊အစပ်တွေမပါဘူး၊သုံးထပ်သားကင်ရယ်၊ဖက်ထုပ်ကြော်ရယ်၊
ပဲခေါက်ဆွဲရယ်၊ခေါက်ဆွဲအေးအပြုတ်ရော၊အသုပ်ရောစားခဲ့တယ်၊ဟီးဟီး...ပြီးတော့ --- "

ကူးလေးစကားကိုထယ်ယောင်း နားထောင်ရင်းမှ
ပြုံးသည်။ကိုကိုအလှလေးစားချင်တာတွေက
အများကြီးမို့ ထယ်ယောင်းရယ်မိသေးသည်။
စားချင်တယ်ဆိုလည်း သူ့ကိုမပူဆာပါဘဲ
မာနစိတ်လေးကို တင်းခံထားတာ။
ချစ်စရာကောင်းလိုက်တာ ကိုကိုအလှလေးရာ။

" ပြီးတော့ ဘာဖြစ်လဲ မောင့်အသက်... "

ထယ်ယောင်းကမေးတော့ ကူးလေးကပြုံးပြီး
ဗိုက်ပူလေးကိုထိကပ်လိုက်ရင်း ပြောသည်။

" ပိုက်ဆံမပါလာလို့ ငါမင်းရဲ့Black Cardကို
သုံးလိုက်တာ၊တကယ်တော့ ငါလည်းစားသလို၊
ဗိုက်ထဲက ကလေးလေးလည်းစားတယ်၊နှစ်​
ယောက်စာမို့ ငါအများကြီးစားဖြစ်သွားတယ်၊
မင်းရဲ့Black Cardကိုပြန်သိမ်းထားမလားဟင် "

ကူးလေးက မျက်ဝန်းဝိုင်းလေးတွေဖြင့်ကြည့်ပြီး
မျက်နှာငယ်လေးနဲ့ပြောတော့ ထယ်ယောင်းက
အသည်းယားပြီး ပါးဖောင်းလေးကိုနမ်းသည်။
အသက်လေးက အမြဲလိုလိုအသည်းယားအောင်
နေတက်ပြတော့ ထယ်ယောင်းမနေတက်ဘူး။

အရင်လတွေက မနမ်းခဲ့ရတာတွေ၊မမြင်ခဲ့ရတဲ့
အပြုံးလေးတွေ၊ချစ်စရာကောင်းတဲ့ အမူအရာ
လေးတွေကို အခုတော့မြင်ရပါသည်။ပျော်၏။
ကင်မ်ထယ်ယောင်းကို ကင်မ်ဂျောင်ဂုတစ်ဦး
ထည်းသာလျှင် ပျော်အောင်လုပ်ပေးနိုင်တာ။

" မောင်မယူပါဘူး၊အဲ့Cardကိုသိမ်းထားလိုက်၊
နောက်ဆိုမောင်နဲ့ စားချင်တဲ့ဆိုင်ကိုသွားမယ်၊
မောင်က အသက်စားချင်တာတွေဝယ်ကျွေးမယ် "

ထယ်ယောင်းကပြောတော့ ကူးလေးကပျော်ပြီး
ရင်ခွင်ထဲဝင်လာကာဖက်ထားသည်။ကူးလေးက
ပျော်နေတာဖြစ်ပြီး ထယ်ယောင်းကိုတောင်
ခပ်တိုးတိုးလေး ပြောပါသေးသည်။

" ကင်မ်ထယ်ယောင်းက ဒီလိုကြချစ်စရာကောင်းလိုက်တာ... "

တိတ်တိတ်လေးပြောလိုက်ပေမဲ့လည်း နားပါးတဲ့
ထယ်ယောင်းကကြားတာမို့ မနာသည့်လက်ကနေ
ပိုဖက်ထားပြီး ခေါင်းလုံးလုံးလေးကိုနမ်းသည်။
ဟိုဆော့တို့ဆိုသည်လည်း အခြေအနေကိုကြည့်ပြီး
နားလည်ကာ ပြုံးနေတော့သည်လေ။

- - - - -

ထယ်ယောင်းတို့ ကူးလေးရဲ့ကျန်းမာရေးစစ်ပြီး
နမ်ဂျွန်တို့အတွဲရယ်၊ယွန်းဂီတို့အတွဲရယ်နဲ့
ဟိုဆော့တို့အတွဲရယ်နဲ့ ယောင်းဝူလည်းအပါအဝင် ညနေစာအတူစားခဲ့ကြ၏။ညနေစာစားတော့လည်း
ကူးက ထယ်ယောင်းကိုထမင်းခွံ့ကျွေးပါသေး၏။

ညနေစာစားပြီးလို့ ယောင်းဝူကကူးလေးနဲ့ထယ်ယောင်းကို အိမ်လိုက်ပို့သည်။အိမ်ရောက်သည်အထိ ချစ်ရသည့်သူ့အသက်ကသူ့ကိုတအားဂရုစိုက်ပြနေလို့ ထယ်ယောင်းလည်းအပြုံးတွေ
မပျက်နိုင်တော့ပေ။

" သားထယ် အဆင်ပြေရဲ့လားဟင်၊မေမေ့မှာတော့
ရင်တွေပူလိုက်ရတာကွယ်.... "

အိမ်ကိုရောက်တော့ အထဲဝင်ဝင်ချင်းမေမေက
ဆိုဖာပေါ်ထိုင်နေရာမှထလာပြီး အနားကိုလျှာက်လို့ ထယ်ယောင်းကိုမေးသည်။

ထယ်ယောင်းကိုကူးလေးက ဘေးမှာတွဲလျှောက်
လာတာမို့ အဆင်ပြေနေသည်။ထယ်ယောင်းက
ညာဘက်လက်အားတာမို့ ကူးလေးရဲ့ပုခုံးကိုဖက်
ထားရင်းဖြေသည်။

" ကျွန်တော်အဆင်ပြေပါတယ် မေမေ၊အလုပ်က
မတော်တဆမှုလေးကြောင့် ဖြစ်သွားတာပါ၊
အသက်ရဲ့ကျန်းမာရေးလည်းစစ်ခဲ့သေးတယ် "

" ဒါဆိုထိုင်ပြီးပြောလေကွာ၊အဖိုးတန်လေးက ညောင်းနေတော့မှာပဲ၊လာ...အဖိုးတန်လေး...
ဒယ်ဒီတို့ကို အခြေအနေလေးပြောပါဦးကွာ "

ထယ်ယောင်းအဖေက အခန်းထဲမှအသည်းသန်
ထွက်လာရင်း သားအရင်းလက်ဖြစ်တာကိုသတိ
မထားသေးဘဲ သမက်အဖိုးတန်လေးရဲ့လက်ကို
ဆွဲပြီး ဆိုဖာ၌ထိုင်စေကာမေးတော့သည်။

" အဖေ...ကင်မ်ထယ်ယောင်းလက်မှာ ထိခိုက်ထားသေးတာ၊ကူးတို့ သူ့ကိုအရင်ထိုင်ခိုင်းရင်ကောင်း
မယ်ထင်တယ်... "

ဒယ်ဒီ့စကားကိုကူးလေးက အလိမ္မာယ်နည်းဖြင့်
ငြင်းပယ်လိုက်ပြီး ထယ်ယောင်းကိုသွားပြန်ခေါ်လို့
ကူတွဲကာ ဆိုဖာ၌ပြန်ထိုင်စေသည်။ဒယ်ဒီကတော့
ထယ်ယောင်းကို မျက်စိတစ်ဖက်မှိတ်ပြပြီးနောက်
သူ့အသက်လေးကို မေးငေါ့ပြသည်။

'တွေ့လား'ဆိုသည့်အထာမျိုးပြလာသည်။
ထယ်ယောင်းကပြုံးရင်း ဒယ်ဒီ့ကိုခေါင်းငြိမ့်ကာ
သူ့အသက်တွဲလာရာမှထိုင်သည်။ပြီးနောက်
ကူးလေးက ထယ်ယောင်းဘေးဝင်ထိုင်သည်။

ထယ်ယောင်းအမေကတော့ တွေးမိပါသေးသည်။
ကြည့်ရတာ နှစ်ယောက်သားပြန်အဆင်ပြေလာကြ
တာပဲဟု တွေးနေရင်းသူ့ယောကျ်ားနားထိုင်သည်။
အဖိုးကလည်း ထယ်ယောင်းနဲ့ကူးလေးတို့ကိုကြည့်
ရင်းပြုံးနေလေသည်လေ။

" မျိုးစေ့လေးက ကျန်းမာစွာရှိနေပါတယ်မေမေ၊
ကူးတို့ပြကြည့်တော့ နောက်၅လလောက်ဆို
ကလေးလေးရဲ့ကန်ကျောက်တာတွေ၊အထိအတွေ့
တွေ၊ဒယ်ဒီနဲ့ပါးပါးကိုလည်း ဗိုက်ထဲကနေကြိုသိ
တော့မှာတဲ့ မေမေ... "

ကူးလေးက ကလေးပုံလေးမေမေနဲ့ဒယ်ဒီရှေ့
ကမ်းပေးရင်း မျိုးစေ့လေးဘယ်လိုရှိနေကြောင်း
လက်ဟန်ခြေဟန်ပြကာ ပြောပြနေလေသည်။
ထယ်ယောင်းကတော့ ပြုံးကြည့်လို့။သူ့အသက်ကို
အသည်းယားနေပါသည်လေ။

" အမေတို့လည်း မျိုးစေ့လေးကိုမြန်မြန်တွေ့ချင်
နေပြီကွယ်၊အကို...အကိုကတော့ မြေးစောစော
ရပြီး ကုမ္ပဏီသွားတိုင်းကြွားရတော့မယ် "

" ကိုယ်ရဲ့ကုမ္ပဏီကိုလည်းခေါ်သွားမယ်၊ကိုယ်တို့
ဂေါက်ရိုက်သွားလည်း ခေါ်သွားမယ်၊ငါ့မြေးဆိုပြီး
ကြွားရတော့မှာပဲ၊ဒယ်ဒီဆိုလည်း သူ့သူငယ်ချင်း
တွေကို ကြွားနေတာ၊ကိုယ်တောင်တစ်ဆင့်ပြန်ကြားနေရတယ်... "

ဒယ်ဒီစကားကြောင့် ထယ်ယောင်းတို့လည်း
သဘောကျလို့ အားရစွာရယ်လိုက်ကြသည်။
အဖိုးရော၊ဒယ်ဒီရောက မွေးမလာသေးသည့်
မျိုးစေ့လေးကို တအားချစ်လွန်းနေတော့တာ။

မျိုးစေ့လေးက တအားကံကောင်းလွန်းသည်။
မွေးမလာသေးခင် အမဲစက်သေးသေးမှစလို့
ဂရုတစိုက်ဖြင့် အချစ်ခံနေကြရပြီး ကူးဆိုလည်း
မတွေ့ခင်၊မမြင်ခင်ထည်းက အချစ်ခံကြရသည်။

" မေမေ...ကျွန်တော်တို့နားတော့မယ်၊အသက်က
ကိုယ်ဝန်နဲ့မို့ ကားစီးလာရတာရောပင်ပန်းနေလို့
ကျွန်တော်တို့ နားလိုက်တော့မယ် "

" သားတို့ထမင်းစားပြီးရဲ့လား၊သားကူးလေးက
ဗိုက်ဆာနေဦးမယ်ကွယ်... "

ထယ်ယောင်းစကားကြောင့် မေမေကသူ့သမက်ကူးလေးကိုစိတ်ပူပြီး မေးတော့သည်။ကူးကတော့
နေ့လယ်စာကို ဝဝလင်လင်စားထားပြီး၊ညနေဘက်
အပြန်တောင် ဝအောင်စားထားသေးသည်။

" ကျွန်တော်တို့ နမ်ဂျွန်တို့နဲ့အတူစားပြီးတော့မှ
အိမ်ကိုပြန်လာတာပါ၊အသက်လည်း ဗိုက်ဆာနေ
မယ်ဆိုပြီး ဝင်စားလာခဲ့ကြတာ၊အသက်လေးက
ပိုပိုစားထားတာမို့ စိတ်မပူပါနဲ့... "

ထယ်ယောင်းကပြောရင်းထရပ်တော့ ကူးလေးက
လိုက်ရပ်ပြီး အဖိုး၊အဖေ၊အမေတို့ကိုနှုတ်ဆက်
လေသည်။

" ကူးတို့အနားယူပြီမို့ အဖိုးတို့လည်းအနားယူ
တော့နော်၊ဒီနေ့တစ်ရက်တော့ အားနာပေမဲ့လည်း
ကူးကပင်ပန်းနေလို့ အနားယူတာပါ "

ကူးလေးကပြောတော့ အဖိုးတို့ကသဘောကျစွာ
ပြုံးတော့သည်။ချစ်စရာကောင်းတဲ့မြေးသမက်
လေးက တကယ့်ကိုခြွေချသွားတာပါပဲတဲ့။

" နားလည်တာမို့ အေးဆေးအနားယူပါဗျာ
အဖိုးတန်လေးနဲ့မျိုးစေ့လေးရေ... "

အဖိုးကနှုတ်ဆက်ပြီးရော ကူးနဲ့ထယ်ယောင်းနဲ့
အပေါ်ထပ်က သူတို့အခန်းကိုတက်လာခဲ့ကြသည်။
ထယ်ယောင်းကကူးရဲ့ပုခုံးကိုဖက်ပြီး တက်လာလို့
ကူးကလည်း ကူးဗိုက်ပူလေးကိုထိန်း၍ တက်လာ
ကြသည်။

အခန်းထဲရောက်တော့ ထယ်ယောင်းကကုတင်ပေါ်
ထိုင်ချလိုက်သည်။ကူးကတော့ အိတ်ကိုအံဇွဲပေါ်
တင်လိုက်ပြီး အဝတ်လဲခန်းထဲဝင်ဖို့လုပ်တော့
ထယ်ယောင်းက ကူးလက်လေးကိုဆွဲလိုက်ကာ
သူ့ပေါင်ပေါ်ထိုင်ကျလာစေ၏။

ကူးလေးက ထယ်ယောင်းရဲ့ပေါင်ပေါ်မှာရောက်ပြီး
ထယ်ယောင်းလည်တိုင်ကို တင်းတင်းဖက်ထား
လိုက်ရင်း ငုံ့ကြည့်နေကာရှက်နေတော့သည်။
ထယ်ယောင်းကတော့ ကူးလေးရဲ့ရှက်နေသည့်
အမူအရာကိုကြည့်ပြီး သဘောကျကာစကားဆို
တော့သည်။

" မောင့်ကို ဂရုစိုက်ပေးတဲ့အတွက်မောင်က
အသက်ကို အများကြီးကျေးဇူးတင်တယ်... "

" ကျေးဇူးတင်စရာမလိုပါဘူး၊မျိုးစေ့လေးရဲ့
ဒယ်ဒီကမင်းလေ၊ပြီးတော့ ငါနဲ့မျိုးစေ့လေးကို
မင်းရဲ့အသက်ကိုတောင်မငဲ့ဘဲကယ်လိုက်တော့
ငါတကယ်စိုးရိမ်သွားတာ၊မင်းတစ်ခုခုဖြစ်ရင်..
ငါ..ငါနဲ့..မျိုးစေ့လေးအခက်ခဲဖြစ်သွားမှာ... "

ထယ်ယောင်းရဲ့လည်တိုင်ကိုသိုင်းဖက်ရင်းပြောပြီး
ခေါင်းလေးငုံ့ကျသွားသည်။ကိုကိုအလှလေးက
တအားကိုစိတ်မကောင်းဖြစ်သွားတာ။သူ့ကိုစိုးရိမ်
စိတ်ကလည်းပြင်းနေတော့ မျိုးစေ့လေးရှိရဲ့နဲ့
လန့်သွားတာ။

ဟိုဆော့ပြောသလိုအသည်းငယ်ပြီး မေ့မလဲသွားတာကံကောင်းသည်ဟုပြောသည်။အဲ့လိုကြတော့
မောင့်အသက်ကို မောင်ပြန်ကြည့်ပြီးစိတ်မကောင်း
လိုက်တာဗျာ။

" မောင်က မင်းတို့နှစ်ယောက်ကိုထားခဲ့ပြီး မနေပါဘူးကွာ၊မောင်က မောင့်အသက်ကိုတောင်ရအောင်
ယူခဲ့သေးတာပဲ၊မောင့်အသက်နဲ့မျိုးစေ့လေးကို
ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိသလို၊မောင်က
အိမ်ထောင်ဦးစီးတစ်ယောက်အနေနဲ့ တာဝန်ကျေဖို့
အများကြီးကြိုးစားရဦးမှာ.... "

ထယ်ယောင်းစကားကို ကူးလေးကမျက်ဝန်းလေး
တွေဝိုင်းလို့ နားထောင်နေသည်။ကူးလေးကတော့
ထယ်ယောင်းရဲ့စကားတွေကြောင့် စိတ်မကောင်း
ဖြစ်သွားသည်လေ။

ထယ်ယောင်းကသိတော့ပြီးခဲ့တဲ့လကအကြောင်း ပြန်တွေးမိတာမို့ ကူးလေးရဲ့ခါးသေးလေးကိုဖက်ထားကာ ထယ်ယောင်းကသူ့ခါးကိုမက်မက်ထားလိုက်တော့ ကူးလေးရဲ့မျက်နှာနဲ့နီးကပ်သွားသည်။
ထယ်ယောင်းပြန်ချော့တော့မည်ဆိုပါတော့။

" ငါ...ငါ... "

" မောင်တောင်းပန်ပါတယ် မောင့်အသက်၊မောင်က
သဝန်တိုပြီး အဲ့နေ့ကမင်ဂယူ့ကိုလည်းအော်လိုက်သလို၊အသက်ကိုပါရောပြီး ဒေါသထွက်ပြီးအော်
လိုက်မိတာပါ၊မောင်မှားတယ်ဆိုတာ မောင်သိပါ
တယ်၊မောင်ကစိတ်လိုက်မာန်ပါလုပ်မိလို့ မောင့်အသက်ရှက်သွားတယ်ဆိုတာ မောင်သိပါတယ် "

ထယ်ယောင်းက ကူးလေးကိုစိတ်ပြေအောင်ချော့
နေသည်။ကူးလေးက ထယ်ယောင်းစကားကိုနား
ထောင်ရင်း ကူးအမှားကိုလည်းပြန်မြင်လာ၏။

" နောက်ဆို မောင့်အသက်အပေါ် မောင်ကမဆိုး
တော့ပါဘူးလို့ ကတိပေးပါတယ်၊ဒါကြောင့်
မောင့်ကိုစိတ်ဆိုးပြေပြီး မမုန်းပါနဲ့တော့... "

အခုထယ်ယောင်းက သူ့အမှားသေးသေးလေးကို
တောင်းပန်နေတော့ ပိုမှားတဲ့ကူးလေးကပိုတောင်း
ပန်သင့်တယ်လို့ထင်သွားသည်။ကူးလေးကလည်း
ကိုယ်တိုင်မှားထားတာတွေကြောင့် စိတ်တိုပြီး
လအကြာကြီးမခေါ်မပြောမိခဲ့ပါလေ။

" ငါလည်း မင်းကိုတောင်းပန်ပါတယ်၊ငါကိုယ်တိုင်
မှားခဲ့တာလည်းရှိနေတော့ မင်းကိုဘယ်လိုတောင်
မျက်နှာပြရမှန်းမသိပါဘူး၊ငါအဲ့ဒီနေ့က ငါပြောတာတွေလည်း လွန်ခဲ့တယ်၊အဲ့အတွက် ငါလည်း
တောင်းပန်ပါတယ်နော် "

" နောက်ဆိုမှတ်ထား၊မောင့်အသက်က ဘယ်လောက်ပဲအမှားလုပ်လုပ် မောင့်ကိုမတောင်း
ပန်နဲ့၊မောင်ကပဲမှားမှားမှန်မှန် အမြဲအရှုံးပေးတယ်၊
ဒါကလည်း မောင့်အသက်ကိုချစ်လို့၊စတွေ့တုန်းက
နောက်ကျခဲ့ပေမဲ့ မောင်ကမောင့်အသက်ကို
တကယ်ချစ်ခဲ့တာပါဗျာ "

ကူးလေးရဲ့စကားကို သဘောမတွေ့သည့်
ထယ်ယောင်းက သူကိုယ်တိုင်ပဲတောင်းပန်ချင်မိ
သည်။ကူးလေးက သူ့ဘဝမှာအရှင်သခင်လေး
ဖြစ်တာမို့ တောင်းပန်ဖို့မတောင်းဆိုချင်။ချစ်ဖို့သာ
တောင်းဆိုချင်မိသည်။

ဒါကြောင့် ထယ်ယောင်းသက်ပြင်းရှည်ချရင်း
နှုတ်ခမ်းနားပိုကပ်လာကာ ကူးလေးရဲ့မျက်ဝန်း
ဝိုင်းလေးတွေကိုကြည့်ပြီး စကားဆိုတော့သည်။

" ချစ်တယ်၊မောင့်ဘဝထဲစဝင်လာထည်းက
မောင်က အသက်ကိုအရှင်သခင်လေးလိုသဘော
ထားတာ၊တောင်းပန်ဖို့ကို လုံးဝမတောင်းဆိုချင်
ဘူး၊မောင့်ကိုချစ်လာဖို့ပဲတောင်းဆိုချင်တာ၊
မောင့်အချစ်တွေကို နားလည်ပေးပြီးချစ်လာဖို့
စဥ်းစားပေးပါတော့... "

ထယ်ယောင်းစကားကြောင့် ကူးလေးပိုပြီးအံ့အား
သင့်သွားကာ နှုတ်ခမ်းလေးချွန်ကာတွေးမိသည်။
ကင်မ်ထယ်ယောင်းက ကူးထင်ထားတာထက်ကို
အချစ်ပိုကြီးပါလား။

ကူးကိုတောင် အချစ်ပေါ့လျော့မသွားဘဲ ပိုလို့တောင်အချစ်တွေများနေလို့ကူးပိုအားနာမိသည်။ငါဘယ်လိုလုပ်ရမလဲကင်မ်ထယ်ယောင်းရယ်။

" မောင်နမ်းချင်တယ်... "

" ဟမ်...အွန်း... "

ထယ်ယောင်းနမ်းတာကို တစ်ခါမှမကြည်ဖြူတဲ့
ကိုကိုအလှလေးက ခေါင်းလေးငြိမ့်လို့ရှက်ပြီး
အသံသေးလေးထွက်လာသည်။ထယ်ယောင်းလည်း ဒီတစ်ခါအခွင့်ရေးကိုလည်းလက်လွှတ်ဆုံးရှုံးမခံချင်တာမို့ ကူးလေးရဲ့နှုတ်ခမ်းလေးပေါ် သူ့နှုတ်ခမ်းထိကပ်ရင်းကိုကိုအလှလေးရဲ့နှုတ်ခမ်းလေးတွေကိုစုပ်ယူနမ်းရှိုက်မိသည်။

ထယ်ယောင်းက ကူးလေးရဲ့နှုတ်ခမ်းလေးတွေကို
လွမ်းနေတာမို့ အလွတ်မပေးဘဲပိုလို့ကိုနမ်းသည်။
ထယ်ယောင်းပိုအံ့ဩမိတာက ထယ်ယောင်းရဲ့
အနမ်းတွေနောက်ကူးလေးကပါ အလိုက်သင့်
နမ်းပြီးထယ်ယောင်းပေးတဲ့အနမ်းတွေခံယူနေတာ
ကြောင့် ထယ်ယောင်းနမ်းနေရင်းမှပြုံးမိပါသည်။

To be continued ~

ကိုကိုအလှလေးက စိတ်ဆိုးပြေသွားပါပြီ။

Valentine giftလေးလည်း အပ်ပေးပါ့မယ်ဗျ။

> >

#Zawgyi

ထယ္ေယာင္းနဲ႔ကူး ကားတိုက္မိမလိုျဖစ္ခဲ့ၾကေပမဲ့
ကံေကာင္းစြာျဖင့္ ကူးေလးကဘာမွမျဖစ္ခဲ့ပါ။
ထယ္ေယာင္းကေတာ့ လက္ထိထားတာေၾကာင့္
နာက်င္ေနရေသာ္လည္း ကားေပၚတစ္ေလွ်ာက္လုံး
ေၾကာက္ေနတဲ့ကူးေလးကိုသာ ဖက္ထားရသည္။

" ဆရာ...ေရာက္ၿပီ၊ကြၽန္ေတာ္တြဲေပးပါ့မယ္၊
ဆရာ့အပိုင္ေဘးကေလွ်ာက္ပါ... "

" အင့္...ဟင့္အင္း...ငါမေလွ်ာက္ခ်င္ဘူး၊
ဟင့္...ကင္မ္ထယ္ေယာင္း... "

ေဆး႐ုံေရာက္ေတာ့ ထယ္ေယာင္းကိုေယာင္းဝူက
ကူတြဲေပးမည္ေျပာတာကို ကူးေလးကမရပါဘဲ
အနားသာကပ္ေနတာမို႔ ထယ္ေယာင္းလည္း
လက္နာေနသည္ကိုလ်စ္လ်ဴရႈၿပီး ကူးေလးကို
ေကာင္းသည့္လက္ကဖက္ကာ ေဆး႐ုံထဲဝင္လာ
သည္။

" ေမာင္ဘာမွမျဖစ္ပါဘူး၊မငိုနဲ႔ေတာ့ေလ၊
မ်ိဳးေစ့ေလး လိုက္ငိုေနရင္ဘယ္လိုလုပ္မလဲ "

" ဟင့္အင္း...ေသြး...ေသြးေတြထြက္ေနတာ "

ထယ္ေယာင္းကလမ္းသြားရင္းေျပာတာေတာင္မွ
ကူးေလးက အငိုမတိတ္ဘဲထပ္ငိုေနတာေၾကာင့္
ထယ္ေယာင္း ပိုစိတ္မေကာင္းျဖစ္မိသည္။
ကိုယ္ဝန္သည္ဆိုေတာ့ စိတ္ကႏုၿပီးေတာ့ထိလြယ္၊ရွလြယ္ျဖစ္ေနခ်ိန္မွာမွ ထိတ္လန္႔စရာကိုျမင္ရလို႔
ငိုေနတာေၾကာင့္ ထယ္ေယာင္းလည္းမနည္းေခ်ာ့
ေနရသည္ေလ။

" အစ္ကိုကူး...ျမန္ျမန္လာ...ဘာျဖစ္တာလဲ၊
ကြၽန္ေတာ့္ကိုေျပာပါဦး၊မ်ိဳးေစ့ေလး...တစ္ခုခု... "

နားၾကပ္ႀကီးတပ္ရပ္ႀကီးႏွင့္ ေဒါက္တာဟိုေဆာ့ကဂ်ဴတီကုတ္တကားကားျဖင့္ ထယ္ေယာင္းတို႔နား
ေျပးလာကာ ကူးေလးျဖစ္သည္အထင္ႏွင့္စိုးရိမ္
စိတ္ေတြမ်ားကာ ေခၚသည္။

" မဟုတ္ဘူး အစ္ကိုဟိုေဆာ့၊ျဖစ္တာက ဆရာျဖစ္တာ၊ဆရာလက္ထိထားလို႔... "

ေယာင္းဝူကေျပာေတာ့ ဟိုေဆာ့ကကူးဘက္မွ
လက္တစ္ဖက္ကိုေခါက္ထားသည့္ ထယ္ေယာင္းကိုၾကည့္လိုက္ၿပီး အံ့အားသင့္သြားသည္။ၿပီးမွ
တပ္လက္စျဖစ္ေနသည့္ နားၾကပ္ကိုခြၽတ္ၿပီး
စကားဆို၏။

" ဒါဆို..အျမန္လာေလကြာ၊နမ္ဂြၽန္တို႔လည္း
အစ္ကိုကူးျဖစ္တယ္ထင္ၿပီး လာေနၾကတယ္၊ဟူး...
ေတာ္ေသးတာေပါ့ အစ္ကိုကူးဘာမွမျဖစ္လို႔ "

ဟိုေဆာ့စကားေၾကာင့္ ထယ္ေယာင္းကစိတ္တိုၿပီး
အားေနသည့္လက္တစ္ဖက္ကေန ဂ်ဴတီကုတ္က
ေကာ္လန္ကိုဆြဲရင္း ေျပာေတာ့သည္။

" ေဟ့ေကာင္ဟိုေဆာ့ မင္းကငါ့အသက္ျဖစ္ေတာ့
အသည္းအသန္ျဖစ္ၿပီး သူငယ္ခ်င္းျဖစ္ေတာ့
ျဖစ္ခ်င္ရာျဖစ္ဆိုၿပီး သေဘာထားတာလား "

" စတာပါကြာ၊မင္းကလည္း စိတ္ႀကီးပဲ၊ငါက
မင္းကို သူငယ္ခ်င္းအခ်င္းခ်င္းမို႔စတာပါ ဟဲဟဲ "

ဟိုေဆာ့က ထယ္ေယာင္းစိတ္ႀကီးတာကိုသိေရာ
စေနာက္သလိုျပန္ေျပာေတာ့ ဟိုေဆာ့ကိုဆြဲထားတဲ့
လက္တို႔ျပန္က်သြားၿပီး ရယ္က်ဲက်ဲေျဖသည္။

ကူးကေတာ့ ထယ္ေယာင္းကိုျပန္ကူတြဲလိုက္ရင္း
ငိုၿပီးထု႐ိုက္စကားဆိုသည္။

" လူဆိုးေကာင္!အခုခ်ိန္ ရန္ျဖစ္မေနနဲ႔လို႔!မင္းရဲ႕
လက္အေတာ္ထိသြားတာ ေဆးကုရမယ္၊ဟိုေဆာ့
ကင္မ္ထယ္ေယာင္းရဲ႕လက္ကို အျမန္ၾကည့္ေပး
ပါဦးေနာ္... "

ကူးေလးက ထယ္ေယာင္းအစားအေတာ့္ကိုစိတ္ပူ
ေနပုံရသည္။ထိုသည္ကို ေယာင္းဝူနဲ႔ဟိုေဆာ့က
ခပ္ေယးေယးၿပဳံးေနၾကသည္။ထယ္ေယာင္းက
သူ႔ကိုကူးေလးမခ်စ္ေသးဘူးထင္တာ။ဟိုကသူတို႔
ေရွ ေပၚတင္ေတာင္ဂ႐ုစိုက္ေနၿပီျဖစ္သည္။

" မဟုတ္ဘူး၊ေမာင္ကအေရးမႀကီးဘူး၊အသက္ကို
က်န္းမာေရးစစ္ေပးရမွာ ဒီေန႔ေလ၊အသက္ကိုသာ
အရင္သြားစစ္ရေအာင္ေလ "

" ကင္မ္ထယ္ေယာင္း!မင္းဒီေလာက္ျဖစ္တာကို
ငါကဘယ္လိုလုပ္ ေအးေဆးေလးက်န္းမာေရး
စစ္ေနရမွာလဲလို႔..လူဆိုးေကာင္!မင္းသာ
တစ္ခုခုျဖစ္သြားရင္ ငါ့ကိုယ္ငါခြင့္မလႊတ္ႏိုင္ဘူး "

ထယ္ေယာင္းကေျပာေတာ့ ကူးေလးကငိုေနရင္းမွ
ပို႐ိုက္ၿပီး စကားဆိုေတာ့သည္။ကူးေလးစိတ္ပူမိ
သည္။ကူးကိုလာကယ္ရင္း ကင္မ္ထယ္ေယာင္းက
တိုက္မိသြားတာလားလို႔ စိုးရိမ္မိတာ။ကူးေၾကာင့္
ဆိုေပမဲ့လည္း မ်ိဳးေစ့ေလးဒယ္ဒီကို အားနာမိသြားတာကအမွန္ပါေလ။

" ဟုတ္ပါၿပီ၊ေမာင္အရင္ျပပါ့မယ္၊မငိုနဲ႔ေတာ့။
ေမာင္ကကိုကိုအလွေလးငိုတာကိုမၾကည့္ရက္ဘူး "

ထယ္ေယာင္းက ကူးေလးရဲ႕ပါးျပင္ေပၚကမ်က္ရည္စေလးေတြကို ခပ္ဖြဖြသုတ္ေပးရင္း
ေျပာသည္။ဟိုေဆာ့နဲ႔ေယာင္းဝူက ထယ္ေယာင္းနဲ႔
ကူးေလးကိုၾကည့္ရင္း ၿပဳံးေနၾကသည္ေလ။

ကူးေလးက ေခါင္းတၿငိမ့္ၿငိမ့္လုပ္ရင္း
ထယ္ေယာင္းလက္တစ္ဖက္ကို ကူတြဲကာျဖင့္
ဟိုေဆာ့ေခၚရာေနာက္ လိုက္သြားၿပီးလက္အရင္
ျပေစသည္။

ဟိုေဆာ့နဲ႔အတူ သူနာျပဳဆရာမပါဝင္လာကာ
အထဲေရာက္ေတာ့ ထယ္ေယာင္းကိုအက်ႌခြၽတ္
ေစလိုက္ၿပီး ထိထားေသာဘယ္ဘက္လက္ကို
ၾကည့္ေတာ့ ပြန္းရာအႀကီးႀကီးကိုေတြ႕တာေၾကာင့္
ကူးပိုငိုမိရင္း စကားဆိုသည္။

" အင့္...မင္းအမ်ားႀကီး နာသြားမွာပဲ၊နာေနလား၊
တအားနာေနလား၊ငါက ေတာင္းပန္ပါတယ္၊
အႏၲရာယ္ကိုမၾကည့္မိဘူး...ဟင့္... "

ကူးကငိုရင္းေျပာေတာ့ ေဆးဒဏ္ရာၾကည့္ေပးတဲ့
ဟိုေဆာ့လည္းစိတ္မေကာင္းသလို ကူးကိုခ်စ္တဲ့
ေမာင္ကလည္း နာေနသည့္အစားၿပဳံးလာသည္။

" ေမာင့္အသက္ အမွားမဟုတ္ပါဘူး၊အဲ့ကားက
မွားေနတာ၊လူသြားေနတဲ့အခ်ိန္မွ ျဖတ္သြားတဲ့
ကားကမွားေနတာ၊ဒါေၾကာင့္မို႔ ေမာင့္အသက္
မငိုပါနဲ႔ဗ်ာ၊ေမာင္ မၾကည့္ရက္ဘူး "

ထယ္ေယာင္းရဲ႕ဒဏ္ရာကို သူနာျပဳဆရာမေလးကေရေဆးေပးၿပီး ေဆးထည့္ေပးေနရင္းမွၿပဳံးစစျဖစ္ေနသည္။ဒီေကာင္ေလးက သူ႔ေယာက်ာ္းေလးကိုခ်စ္လိုက္တာ။ေခၚပုံကိုက 'ေမာင့္အသက္'တဲ့။
ႏူးညံ့လြန္းလွပါသည္ေလ။

" အြန္း!ငါမငိုေတာ့ဘူး၊နာရင္ေျပာေနာ္... "

ကူးေလးက မ်က္ရည္ေတြကိုလက္ဖမိုးျဖင့္သုတ္
လိုက္ရင္း ထယ္ေယာင္းကိုေျပာေတာ့သည္။
ထယ္ေယာင္းက ေခါင္းၿငိမ့္ရင္းသူ႔အသက္ရဲ႕
မ်က္ဝန္းေလးကိုလက္ဖဝါးျဖင့္ပိတ္လိုက္သည္။

" ေမာင့္လက္ကိုမျမင္ေစခ်င္ဘူး၊အသံပါနား
ေထာင္လိုက္၊ေမာင့္အသက္ေလးကစိတ္ႏုတာမို႔ ၾကည့္လို႔မရဘူး "

ထယ္ေယာင္းက သူ႔လက္ဘာျဖစ္သြားမွန္းဆိုတာ
ေကာင္းေကာင္းႀကီးသိသည္။ဒါေၾကာင့္မို႔ ကူး
ျမင္ေနမွာဆိုးတာေၾကာင့္ ညာလက္ျဖင့္မ်က္ဝန္း
ဝိုင္းေလးေတြကိုအုပ္ေပးလိုက္ၿပီး ေနေစသည္။

ဟိုေဆာ့နဲ႔ေယာင္းဝူရယ္ သူနာျပဳဆရာမရယ္က ထယ္ေယာင္းတို႔ကိုၾကည့္ၿပီး ႏႈတ္ခမ္း႐ြဲ႕သလို
အမူအရာျဖစ္သြားေပမဲ့ ထယ္ေယာင္းရဲ႕
ေၾကာက္စရာေကာင္းသည့္ အၾကည့္စူးစူးေၾကာင့္
တဖန္တိတ္ဆိတ္သြားၿပီး ဟိုေဆာ့ကလက္အေျခ
အေနကိုၾကည့္ကာ စဥ္းစားေပးေနသည္။

" ထယ္ေယာင္းရာ...မင္းရဲ႕လက္ကက်ိဳးသြားတာ
ကြာ၊ဒဏ္တစ္ခုလိုျဖစ္ထားတာမို႔ တစ္လလုံးလုံး မင္းပိုဂ႐ုစိုက္ရေတာ့မွာကြာ၊ေပါ့လို႔မရဘူးကြ၊
ေရခ်ိဳးတာဆိုလည္း ဒီဒဏ္ရာကိုထိလို႔မျဖစ္ဘူး၊
ဒါျဖင့္ထယ္ေယာင္း...အဟမ္း..မင္းကဘယ္သန္
မဟုတ္လား၊အဲ့ေတာ့ မင္းထမင္းအတြက္
ဘယ္လိုစားမလဲ... "

ဟိုေဆာ့က ထယ္ေယာင္းေရွ႕မ်က္စိမွိတ္ျပရင္း
သူငယ္ခ်င္းကိုကူညီေပးေနသည္မို႔ ေယာင္းဝူက
ၾကည့္ရင္း ၿပဳံးစိစိျဖစ္ေနသည္။ကူးေလးကေတာ့
မ်က္ဝန္းပိတ္ခံထားရင္းမွ မ်က္ႏွာေလးငယ္ေနၿပီး
ပိုငိုေတာ့မည္ေလ။

" ဟင့္..မင္းအရမ္းနာေနမွာပဲ... "

ကူးေလးကငိုရင္းေျပာေတာ့ အကုန္လုံးကေတာ့
မသိမသာေလး တိတ္တိတ္ေလးရယ္ေနသည္။
မထုတ္ျပမိဘူး။ထယ္ေယာင္းက လက္က်ိဳးတာ
မဟုတ္ေပမဲ့ နာက်င္တဲ့ဒဏ္တစ္ခုျဖစ္သြားတာ။
သို႔ေပမဲ့လည္း ကူးနဲ႔ထယ္ေယာင္းတို႔အဆင္မေျပ
ၾကတာကိုသိတဲ့ဟိုေဆာ့က အဆင္ျပန္ေျပေအာင္
လမ္းေဖာက္ေပးတာျဖစ္သည္။

" ဆရာရယ္...ဆရာဘယ္လိုလုပ္အဆင္ေျပေတာ့
မလဲဗ်ာ၊ကြၽန္ေတာ့္ဆရာ လက္က်ိဳးသြားေတာ့
အရာရာဂ႐ုစိုက္ရေတာ့မွာပဲ... "

ေယာင္းဝူကငိုသလိုလိုေျပာေတာ့ ဟိုေဆာ့က
လက္ကိုပတ္တီးစီးေပးေနၿပီး က်ိဳးသည့္လက္ကို
ထိန္းဖို႔ေတာင္ အစည္းလုပ္ေပးဖို႔လုပ္ေန၏။

ထယ္ေယာင္းလည္း ထိုသေဘာကိုသေဘာက်လို႔ဟိုေဆာ့ေပးတဲ့လမ္းအတိုင္းဆက္ေလွ်ာက္မိ၏။
ဒီနည္းလမ္းကပဲ ကိုကိုအလွေလးကသူနဲ႔ျပန္အဆင္ေျပလာမွာျဖစ္သည္။ဒါေၾကာင့္လည္း
အက်ႌျပန္ဝတ္ဖို႔အတြက္ သူ႔အသက္မ်က္လုံးကိုဖုံးထားတဲ့လက္ကိုဖြင့္ေပးေတာ့ မ်က္ရည္စေတြစိုစြတ္ေနသည့္မ်က္ဝန္းဝိုင္းေလးက သူ႔ကိုစိတ္ပူသလိုေလးၾကည့္လာသည္။

ထယ္ေယာင္းသေဘာက်လိုက္တာ။သူ႔အသက္ရဲ႕
မ်က္ဝန္းေလးေတြမွာ သူ႔ကိုတအားစိုးရိမ္စိတ္မ်ား
ေနတဲ့ပုံစံေလးျပေနတာ။မ်က္ဝန္းေလးေတြအစ
လွရက္လိုက္တာ။

" အဟမ္း...ငါေသခ်ာလုပ္ေပးထားတယ္ေနာ္၊
မင္းကသာ အိမ္ေရာက္ရင္ေရခ်ိဳးဖို႔ကအစ-- "

" အစ္ကို လုပ္ေပးပါ့မယ္၊ထမင္းေကြၽးတာေရာ၊
ေရခ်ိဳးတာကအစ၊အဝတ္လဲတာေရာ အစ္ကိုက
လုပ္ေပးပါ့မယ္ ဟိုေဆာ့၊ကင္မ္ထယ္ေယာင္းရဲ႕
လက္အျမန္သက္သာဖို႔ဆို ဟိုေဆာ့ကအစ္ကို႔ကို
လိုအပ္တာေတြ ေျပာျပေပးေနာ္... "

မထင္မွတ္ထားသည့္ကိစၥျဖစ္သည့္ ကူးေလးက
ထယ္ေယာင္းကို အကုန္တာဝန္ယူဂ႐ုစိုက္ေနတာမို႔
ဟိုေဆာ့ေတာင္ ၿပဳံးသြားေသးသည္။အစ္ကိုကူးက
သူ႔ႏွလုံးသားကိုလိမ္ထားတာပဲ။ဘယ္လိုေတာင္
ခ်စ္ေနရဲ႕သားနဲ႔ လိမ္ေနရတာလဲ။အခုေတာ့ သူတို႔
သိသြားၿပီျဖစ္သည္။

" ကြၽန္ေတာ္က အကုန္ေျပာျပေပးမွာပါ "

ဟိုေဆာ့ကၿပဳံးလိုက္ရင္းေျပာသည္။ထယ္ေယာင္း
အသံေတာင္မထြက္ႏိုင္ေတာ့ဘူး။ကူးကေတာ့
ထယ္ေယာင္းကိုမၾကည့္ႏိုင္ဘဲ ပတ္တီးစီးထားတဲ့
လက္ေလးကိုၾကည့္ကာ စိတ္မေကာင္းျဖစ္ေနတာ။

" အစ္ကိုကူး က်န္းမာေရးစစ္ရဦးမယ္မလား၊
ဆရာမက ေခၚသြားေပးလိမ့္မယ္... "

" ကင္မ္ထယ္ေယာင္းကေရာ မလိုက္ဘူးလား "

ကူးေလးက ဟိုေဆာ့ကိုၾကည့္ရင္းေျပာေတာ့
ထယ္ေယာင္းက ခ်က္ခ်င္းထလိုက္ဖို႔ဟန္ျပင္၏။
ဟိုေဆာ့ကသတိထားမိရင္း ထယ္ေယာင္းကို
တားလိုက္သည္။

" အစ္ကိုကူး...အရင္သြားႏွင့္ပါ၊ထယ္ေယာင္းကို
ကြၽန္ေတာ့္ေဆး႐ုံကိစၥေလး ေျပာခ်င္လို႔၊ၿပီးရင္
ကြၽန္ေတာ္တို႔ လိုက္လာခဲ့ပါ့မယ္ "

ဟိုေဆာ့တားသည္ကို ကူးေလးကထယ္ေယာင္းကို
ၾကည့္လိုက္ေတာ့ ထယ္ေယာင္းကေခါင္းၿငိမ့္ျပ၏။
အရင္သြားႏွင့္လိုက္ပါဆိုသည့္သေဘာမ်ိဳးျဖင့္။
ကူးလည္း ေခါင္းၿငိမ့္လိုက္ၿပီး သူနာျပဳဆရာမနဲ႔
လိုက္သြားေတာ့ ေယာင္းဝူကိုထယ္ေယာင္းက
ၾကည့္ရင္း ေျပာသည္။

" သြား...ကိုကိုအလွေလးေနာက္လိုက္သြားေတာ့၊
အခန္းေရွ႕မွာပဲ မင္းကိုေစာင့္ခိုင္းတာေနာ္၊အခန္းထဲ
မင္းကိုလိုက္သြားခိုင္းတာ မဟုတ္ဘူး "

ထယ္ေယာင္းစကားေၾကာင့္ ေယာင္းဝူၿပဳံးေနရာမွ
မဲ့က်သြားသည္။သူလည္း ၾကည့္ခ်င္တာေပါ့။
ဆရာ့အပိုင္ဗိုက္ထဲက သူ႔တူမ်ိဳးေစ့ေလးကိုလည္း
ဘယ္လိုပုံေလးလဲဆိုတာ ကိုယ္တိုင္ျမင္ခ်င္တာ။
အခုေတာ့ဆရာ့ေၾကာင့္ သက္ျပင္းခပ္ယဲ့ယဲ့ခ်ရင္း

" ဟုတ္ကဲ့ပါ၊အေရွ႕မွာပဲ ေစာင့္ေနပါ့မယ္ "

ေယာင္းဝူက အခန္းျပင္သို႔ထြက္သြားေတာ့မွ
ဟိုေဆာ့က ထယ္ေယာင္းကုတင္ရဲ႕ခုံနားထိုင္ကာ
စကားစေတာ့သည္။

" ထယ္ေယာင္း ငါလည္းအစ္ကိုကူးကိုယ္ဝန္နဲ႔ဆိုတာအားနာေပမဲ့ မင္းတို႔ႏွစ္ေယာက္ျဖစ္ထားတဲ့
အေျခအေနကိုသိထားလို႔ ဒီလိုကူညီေပးတာ၊
မင္းရဲ႕လက္ကမက်ိဳးေပမဲ့ ဒဏ္ေၾကာင့္ပိုနာေန
မယ္ဆိုတာငါသိတယ္၊အဲ့လိုေၾကာင့္မို႔ နည္းနည္း
ပိုေျပာေပးတာ အစ္ကိုကူးမင္းကိုဂ႐ုစိုက္ေအာင္ "

" ရပါတယ္ကြာ၊ငါနားလည္ပါတယ္၊ငါကလည္း
ကိုကိုအလွေလးနဲ႔အဆင္ေျပခ်င္တာ၊ငါတကယ္ စိတ္ပူသြားတာ၊ကိုကိုအလွေလးနဲ႔မ်ိဳးေစ့ေလး
တစ္ခုခုသာျဖစ္သြားရင္ ငါအခုခ်ိန္အသက္ရွင္
ႏိုင္ေတာ့မယ္မထင္ဘူး "

ထယ္ေယာင္းကေျပာေတာ့ ဟိုေဆာ့ကသက္ျပင္း
ရွည္ခ်ရင္းျဖင့္ေခါင္းၿငိမ့္ၿပီး ပုခုံးကိုပုတ္ကာေျဖသည္။

" ေလွ်ာက္မေတြးေနနဲ႔ေတာ့၊အခု အစ္ကိုကူးက
မင္းကိုခ်စ္ေနၿပီသိလား၊မင္းတစ္ခုခုျဖစ္မွာကို
တအားစိတ္ပူေနတာ၊သူ႔မ်က္ဝန္းေလးေတြကို
ၾကည့္လိုက္ေပါ့၊မင္းကေတာ့ငါ့ထက္သူ႔မ်က္ဝန္း
ေတြကို ပိုဖတ္တက္တယ္မွာပါကြာ "

" အင္း...ငါသိတယ္၊ကိုကိုအလွေလးရဲ႕ မ်က္ဝန္း
ေတြငါ့ကိုတအားစိတ္ပူေနတာ... "

ထယ္ေယာင္းကေျဖရင္းထရပ္သည္။ကိုကိုအလွေလးက်န္းမာေရးစစ္ေတာ့မွာမို႔ သူအနားရွိေနမွ
ျဖစ္မည္ေလ။မဟုတ္ရင္ ဗိုက္ပူေလးကသူ႔ကို
ျပန္စိတ္ပူေနဦးမွာျဖစ္သည္။

" ထယ္ေယာင္း အစ္ကိုကူးကိုကားနဲ႔တိုက္ဖို႔ လုပ္ႀကံတဲ့တစ္ေယာက္က လီယမ္မဟုတ္လား၊
လီယမ္ကေတာ့ တကယ္ကြာ၊မင္းကိုေႂကြေန
တာထက္ အစ္ကိုကူးနဲ႔မ်ိဳးေစ့ေလးကိုေတာင္
အႏၲရာယ္ေပးတာေနာ္၊မင္းၿငိမ္ေနဖို႔မသင့္ဘူး "

ကူးေလးကို က်န္းမာေရးစစ္မည့္အခန္းဘက္ကို
သြားရင္း ဟိုေဆာ့ကေျပာသည္။ထယ္ေယာင္းက
သူ႔ဆံပင္ေ႐ႊအိုေရာင္ကိုသပ္တင္ရင္းေျဖ၏။

" စိတ္ခ်စမ္းပါ၊အဲ့ေကာင္ကို ငါလက္နဲ႔ကိုယ္တိုင္
ဆုံးမထားမွာ၊ငါ့အသက္ႏွစ္ေယာက္လုံးကို မထိ
ေစရဘူး ဟိုေဆာ့ "

ထယ္ေယာင္းစကားကို ဟိုေဆာ့ယုံသည္။
ထယ္ေယာင္းက သူတစ္ခုခုေျပာၿပီးၿပီးဆိုလည္းျဖစ္ေအာင္လုပ္သည္။အစ္ကိုကူးကိုေတာင္
ရေအာင္ယူခဲ့တာမဟုတ္လား။ဒါေၾကာင့္မို႔
ထယ္ေယာင္းအေပၚယုံၾကည္သည္။

- - - - -

တစ္ဖက္ကကူးေလးမွာေတာ့ ကုတင္ေပၚလွဲရင္း
ထယ္ေယာင္းတို႔အလာကို ေစာင့္ေနေလသည္။
သူနာျပဳဆရာမက လိုအပ္တာေတြကိုဟိုေဆာ့
မလာခင္ ျဖည့္ေပးထားရသည္။ဟိုေဆာ့ရဲ႕
လက္ေထာက္သူနာျပဳမို႔ အကုန္လုပ္ေပးရတာ။

ကူးေလးတို႔အခန္းထဲရွိရင္း အခန္းတံခါးပြင့္လာလို႔
ထယ္ေယာင္းထင္ၿပီး ထၾကည့္လိုက္ေပမဲ့လည္း
ထယ္ေယာင္းမဟုတ္ေနပါ။ဟိုတစ္ခါကေတြ႕သည့္
ဟိုေဆာ့နဲ႔အတူကပ္ေနတဲ့ ဆရာဝန္ငယ္ေလးသာ
ျဖစ္သည္ေလ။

ဆရာဝန္ေလးက ခဏလက္ကာျပကာအခန္းထဲ
ခဏဝင္သြားသည္။ထြက္လာေတာ့ လက္ေဆး
ထားတာကို တစ္သွ်ဴးျဖင့္သုတ္ရင္းကူးေလးအနားေလွ်ာက္လာသည္။

" အစ္ကိုကူးရဲ႕ေယာက္်ားက ကြၽန္ေတာ္နဲ႔
ေဒါက္တာေဆာ့ကို အစ္ကိုကူးနဲ႔မ်ိဳးေစ့ေလးရဲ႕
က်န္းမာေရးေစာင့္ေရွာက္ဖို႔ ခန္႔ထားလိုက္ၿပီ "

ကူးေလးကေခါင္းၿငိမ့္ရင္း ဆရာဝန္ေလးေျပာတာ
နားေထာင္ၿပီး မ်က္ဝန္းေလးဝိုင္းစက္ကာၾကည့္
သည္။ၿပီးမွ ႏႈတ္ခမ္းခြၽန္ခြၽန္ေလးကဆူထြက္ၿပီး
စကားဆိုလာသည္။

" ကင္မ္ထယ္ေယာင္းေရာ...သူဘယ္မွာလဲ... "

ကူးကေမးေတာ့ ဆရာဝန္ငယ္ေလးက ကူးေလးရဲ႕
က်န္းမာေရးျပခ်က္ကိုဖတ္ရင္းမွ ၾကည့္ၿပီးေတာ့
သူ႔မ်က္မွန္ကိုပင့္တင္လိုက္ရင္း ေျဖသည္။

" သူငယ္ခ်င္းေတြထပ္ေရာက္လာလို႔ ေဒါက္တာ
ေဆာ့ရဲ႕အခန္းထဲမွာ အတူစကားေျပာေနၾကတယ္၊
က်န္းမာေရးစစ္ဖို႔ အရင္စစ္ထားလိုက္ပါဆိုလို႔
ကြၽန္ေတာ့္ကို အရင္လႊတ္ေပးလိုက္တာ "

" ဟင့္အင္း...ကင္မ္ထယ္ေယာင္းလာမွစစ္မယ္၊
မ်ိဳးေစ့ေလးကလည္း သူ႔ကေလးေလးပဲေလ၊
သူလည္းၾကည့္သင့္တာေပါ့မဟုတ္လား "

ကူးေလးက ေခါင္းအသြင္သြင္ခါရင္းေျပာေတာ့
ဆရာဝန္ေလးလည္း မျငင္းေတာ့ဘဲေခါင္းၿငိမ့္
လိုက္ကာ ဖုန္းထုတ္ၿပီးေဒါက္တာေဆာ့ကို
ဖုန္းဆက္ေပးရသည္။

" ေဒါက္တာ...အစ္ကိုကူးကသူ႔ေယာက်ာ္းလာမွ
က်န္းမာေရးစစ္မယ္ဆိုလို႔ ကြၽန္ေတာ္တို႔ေစာင့္ေန
ရတယ္၊ျမန္ျမန္လာရင္ ေကာင္းမယ္ေနာ္ "

ဆရာဝန္ေလးက ကုတင္ေပၚလွဲေနသည့္ကူးဘက္
ၿပဳံးၾကည့္ရင္းဖုန္းေျပာသည္။ကူးေလးကေတာ့
ဆရာဝန္ေလးေျပာသည့္ 'သူ႔ေယာက်္ားလာမွ'ဆိုတဲ့
စကားေလးေၾကာင့္ ရွက္သြားၿပီးေဘးဘက္သို႔
လွည့္ေနၿပီး ေခါင္းအုံးရဲ႕အစကိုစုကိုင္ထားမိ၏။

" ေဒါက္တာေဆာ့က လာေနၿပီတဲ့၊ကြၽန္ေတာ္တို႔က
ဒီတိုင္းေလးေစာင့္ေနၾကတာေပါ့ေနာ္၊ဟီးဟီး..ဒါနဲ႔
အဆင္ေျပရဲ႕လားေရာ္ ကေလးေလးကေနာက္ဆို
ပိုထြားလာေတာ့မွာ၊အထိအေတြ႕ေတြကိုခံစားမိ
ေတာ့မွာ၊အစ္ကိုကူးေလးေတာင္ တကယ္လွၿပီး
လုံးလုံးေလးျဖစ္လာေရာ ေတြ႕တုန္းကပိန္ပိန္ရွည္
ရွည္ေလးက ပိုခ်စ္စရာေကာင္းလာတယ္ "

ဆရာဝန္ေလးက ကုတင္ေဘးကခုံမွာထိုင္ရင္းျဖင့္
ကူးေလးကိုေျပာေနသည္။ကူးေလးလည္း ၿပဳံးရင္း
ေျဖလိုက္ၿပီး မ်ိဳးေစ့ေလးရွိရာရပ္ဝန္းေလးကိုထိ
ေတြ႕ေနမိသည္။ဆရာဝန္ေလးေျပာသလိုဆို
မ်ိဳးေစ့ေလးက ဒယ္ဒီနဲ႔ပါးပါးဆိုတာကိုသတိထား
မိေနေတာ့မွာျဖစ္သည္။

ပါးပါးက ေပ်ာ္ဖို႔ကိုမေစာင့္ႏိုင္ေတာ့ဘူး။ပါးပါးရဲ႕
မ်ိဳးေစ့ေလးကို ေတြ႕ခ်င္ၿပီ။ကူးေလးနဲ႔အတူလည္း မ်ိဳးေစ့ေလးရဲ႕ဒယ္ဒီ ေတြ႕ခ်င္ေနေလာက္ၿပီေပါ့။

" ေက်းဇူးပါေနာ္၊အစ္ကိုလည္း မ်ိဳးေစ့ေလးကို
ေတြ႕ဖို႔မေစာင့္ႏိုင္ေတာ့ဘူး၊မ်ိဳးေစ့ေလးကန္ၿပီး
အထိအေတြ႕ေတြကို ခံစားမိမွာေတြေရာ
ေတြးၾကည့္လိုက္ရင္ ၾကည္ႏူးစရာေလးျဖစ္ေနမွာ "

ကူးေလးကေျပာေတာ့ ဆရာဝန္ေလးကလည္း
ၿပဳံးရင္း ဗိုက္ပူေလးကိုသေဘာက်စြာၾကည့္သည္။
တကယ္ပါ။ေယာက္်ားကိုယ္ဝန္ေဆာင္ေတြထဲ
အခ်ိဳ႕ကိုျမင္ဖူးေပမဲ့လည္း အခုအစ္ကိုကူးေလးက
ပိုလို႔ကိုခ်စ္စရာေကာင္းသည္လို႔ထင္မိပါေသး၏။

ေဂ်ာက္ ~

ကူးေလးနဲ႔ဆရာဝန္ေလးစကားေျပာရင္း အခန္းတံခါးပြင့္လာေတာ့ ထယ္ေယာင္းနဲ႔ဟိုေဆာ့က
ဝင္လာၾကသည္။ထယ္ေယာင္းက ဘယ္လက္ကို
ပတ္တီးစီးထားၿပီး လက္အထိန္းပါေနတာေၾကာင့္
ကူးေလးၾကည့္ၿပီး စိတ္မေကာင္းျဖစ္မိသည္။
ကူးနဲ႔မ်ိဳးေစ့ေလးကိုကယ္ရင္း ျဖစ္တာမို႔။

" ကြၽန္ေတာ္ေရာက္လာၿပီဆိုေတာ့ စစ္ၾကတာေပါ့၊
အစ္ကိုကူးနဲ႔မ်ိဳးေစ့ေလးကို ဂ႐ုစိုက္တဲ့သူေတြက
မ်ားေတာ့ ေတာ္႐ုံၾကည့္စရာလိုမယ္မထင္ဘူး "

ဟိုေဆာ့ကလက္ေဆးၿပီး ကူးရဲ႕ဗိုက္ေပၚကိုလွန္
ေပးၿပီး ဂ်ယ္လိမ္းေပးရင္းေျပာသည္။ကူးက
ၿပဳံးလိုက္သလို ထယ္ေယာင္းလည္းၿပဳံးကာျဖင့္
ကူးကုတင္ေဘးက ခုံမွာထိုင္ကာၾကည့္သည္။

ဟိုေဆာ့ကေတာ့ စမ္းသပ္ေပးေနရင္းမွၿပဳံးၿပီး
ႏွစ္ၿခိဳက္စြာရယ္လို႔ မ်က္ႏွာျပင္ကိုၾကည့္ကာ
ေျပာလာသည္။

" မ်ိဳးေစ့ေလးက ထြားလာတာပဲ၊အစားေတြ
အမ်ားႀကီးစားရပုံပဲ ထယ္ေယာင္းေရ၊ၿပီးေတာ့
မ်ိဳးေစ့ေလးရဲ႕ပါးပါးက အရမ္းက်န္းမာတာပဲ၊
ဒါေၾကာင့္မို႔ မ်ိဳးေစ့ေလးေရာက်န္းမားတာကြ "

" အဟမ္း..အစ္ကိုကူး...ၾကည့္ခ်င္တယ္မလားမ်ိဳးေစ့ေလးကို၊မ်ိဳးေစ့ေလးရဲ႕က်န္းမာပုံေလးလည္းနားေထာင္ရမယ္၊မ်ိဳးေစ့ေလးကအေတာ့္ကို
က်န္းမာေနတာ... "

ဒုတ္! ဒုတ္! ဒုတ္

ဟိုေဆာ့ကေျပာရင္းျဖင့္ ဖန္သားျပင္ေပၚက
မ်ိဳးေစ့ေလးရဲ႕ပုံစံေလးက ၁၅ပတ္အတြင္းမို႔
ကေလးပုံစံေလးကျဖစ္လာၿပီျဖစ္သည္။ထို႔အတူ
မ်ိဳးေစ့ေလးရဲ႕က်န္းမာေသာ ႏွလုံးခုန္သံကိုပါ
ၾကားလိုက္ရၿပီမို႔ ကူးေလးလည္းမ်က္ရည္ေတြ
က်လာသလို၊ထယ္ေယာင္းလည္း ကူးလက္ျဖဴေလးကို သူ႔မ်က္ႏွာမွာကပ္ရင္းငိုမိသည္။

သူနဲ႔ကိုကိုအလွေလးရဲ႕ မ်ိဳးေစ့ေလးကလည္း
ေကာင္းမြန္စြာႀကီးထြားလာသလို က်န္းမာစြာျဖင့္
ရွိေနတာေၾကာင့္ ထယ္ေယာင္းေပ်ာ္သည္။

သူ႔အသက္ကိုၾကည့္ေတာ့လည္း မ်ိဳးေစ့ေလးရဲ႕
ပုံစံေလးကိုၾကည့္ရင္း ငိုေနေသးတာ။လြတ္ေနတဲ့
လက္မွမ်က္ရည္ေလးေတြသုတ္ေပးေတာ့ကူးက
ထယ္ေယာင္းဘက္ကိုၾကည့္ရင္း စကားဆိုသည္။

" ကင္မ္ထယ္ေယာင္းေတြ႕လားဟင္၊မ်ိဳးေစ့ေလး..
ငါတို႔မ်ိဳးေစ့ေလးက ဟင့္...ကေလးေလးက
ေကာင္းေကာင္းႀကီး ရွိေနတာ... "

ထယ္ေယာင္းရင္ခြင္ဘက္ ေခါင္းေလးလွည့္ကာ
ေျပာေတာ့ ထယ္ေယာင္းကကူးရဲနဖူးျပင္ေလးကို
နမ္းေလသည္။

" ေမာင္လည္းဝမ္းသာပါတယ္၊ေမာင္တို႔ကေနာက္ဆို မ်ိဳးေစ့ေလးရဲ႕လႈပ္ရွားမႈေလးေတြကိုလည္း
ၾကည့္ရေတာ့မွာ၊ဘာေလးလဲဆိုေတာ့ေရာေပါ့ "

" အင္း..ငါမေစာင့္ႏိုင္ေတာ့ဘူး၊မင္းေရာေတြ႕ခ်င္
ေနၿပီဆိုေတာ့ ငါျမန္ျမန္ထြက္လာေစခ်င္ၿပီ၊
မ်ိဳးေစ့ေလးကို ငါတို႔ႏွစ္ေယာက္ေကာင္းေကာင္း
သင္ေပးရေတာ့မွာ၊ေတြ႕ခ်င္ေနၿပီရယ္ "

ကူးေလးစကားေၾကာင့္ ထယ္ေယာင္းၿပဳံးရင္းျဖင့္
တဖြဖြနမ္းကာသေဘာက်ေနမိသည္။ဒါေတာင္
ကူးေလးကရွက္ဟန္မျပဘဲ ထယ္ေယာင္းအနမ္း
ေတြကိုေတာင္ ေက်နပ္စြာခံယူေနေသးတာျဖစ္၏။

ဆရာဝန္ေလးက ထယ္ေယာင္းတို႔ကိုၾကည့္ၿပီး
ၿပဳံးေနရင္း ေဘးဘက္ကဟိုေဆာ့ကိုလွည့္ၾကည့္
ေတာ့ ဟိုေဆာ့ကသူ႔ကိုေတာင္ၾကည့္ေနေသးတာမို႔
ရွက္သြားကာ မကြၽတ္က်သည္မ်က္မွန္ကိုျပန္တပ္
ထားလိုက္ေသးသည္။ဟိုေဆာ့ကေတာ့ သူ႔ဆရာဝန္
ေလးရဲ႕ပုံစံကိုၾကည့္ကာ သေဘာက်ေနသည္။

" ကင္မ္ထယ္ေယာင္း ငါမင္းကိုေျပာစရာရွိတယ္၊
ငါ့ကိုမဆူရဘူးေနာ္၊ၿပီးေတာ့ အေမ့ကိုလည္း
မင္းမဆူရဘူးေနာ္... "

ကူးေလးစကားေၾကာင့္ မ်က္ခုံးမ်ားပင့္တက္သြား
သည္။ခ်စ္ရသူေလးက သူမသိတုန္းဘာေတြမ်ား
လုပ္ထားလို႔ မဆူရဘူးလို႔ေျပာေနတာလဲ။ဆူခ်င္
စိတ္မရွိေအာင္ေတာင္ စြမ္းေဆာင္ႏိုင္သည့္
ႏႈတ္ခမ္းခြၽန္ခြၽန္ေလးရယ္၊မ်က္ဝန္းဝိုင္းေလး
ေတြေၾကာင့္ ထယ္ေယာင္းဆူျဖစ္မယ္မထင္ဘူး။

" ေမာင္မဆူဘူး၊ေမာင့္ကိုေျပာျပ "

ထယ္ေယာင္းကေျပာေတာ့ ကူးေလးကမယုံၾကည္
သလိုေလးၾကည့္ၿပီး မ်က္ေစာင္းလွလွေလးထိုး
သည္။ၿပီးမွ ထယ္ေယာင္းရဲ႕လြတ္ေနသည့္လက္ကို
ေတြ႕ေတာ့ၿပဳံးၿပီး....

" ငါတို႔ကတိေပးၿပီးမွ ေျပာမယ္၊ကတိတည္လိုက္၊
ကင္မ္ထယ္ေယာင္းက ကတိတည္မွျဖစ္မယ္ "

ထယ္ေယာင္းေရွ႕ လက္သန္းေလးထုတ္ျပၿပီးမွ
ကတိတည္ခိုင္းေနေတာ့ ထယ္ေယာင္းရယ္ကာ
လက္သန္းေလးကို ခပ္ဖြဖြေလးနမ္းျဖစ္ေအာင္
နမ္းလိုက္ပါေသးသည္။ၿပီးမွ ကူးေလးရဲ႕
လက္သန္းေလးကို ထယ္ေယာင္းကသူ႔လက္သန္း
ျဖင့္ ျပန္လည္ခ်ိတ္တြယ္လိုက္သည္။

" ေမာင္ကတိေပးတယ္၊ေမာင့္အသက္ဘာလုပ္လုပ္
မဆူဘူး၊ဘာပဲလုပ္လုပ္ ေမာင္မဆူေတာ့ဘူး "

ထယ္ေယာင္းက ကတိေပးေတာ့ကူးေလးၿပဳံးၿပီး
ျဖစ္ေၾကာင္းဆိုေတာ့သည္။ထယ္ေယာင္းနဲ႔အတူ
ဟိုေဆာ့ရယ္၊ဆရာဝန္ေလးရယ္လည္းနားေထာင္
လို႔ေပါ့။

" တကယ္ေတာ့ ငါအျပင္ထြက္လာတာကမင္းမရွိ
တုန္းေလး စားေသာက္ဆိုင္ေလးတစ္ခုမွာ မင္းမေကြၽးခ်င္တာေတြသြားစားလာခဲ့တာ၊အစပ္ေတြမပါဘူး၊သုံးထပ္သားကင္ရယ္၊ဖက္ထုပ္ေၾကာ္ရယ္၊
ပဲေခါက္ဆြဲရယ္၊ေခါက္ဆြဲေအးအျပဳတ္ေရာ၊အသုပ္ေရာစားခဲ့တယ္၊ဟီးဟီး...ၿပီးေတာ့ --- "

ကူးေလးစကားကိုထယ္ေယာင္း နားေထာင္ရင္းမွ
ၿပဳံးသည္။ကိုကိုအလွေလးစားခ်င္တာေတြက
အမ်ားႀကီးမို႔ ထယ္ေယာင္းရယ္မိေသးသည္။
စားခ်င္တယ္ဆိုလည္း သူ႔ကိုမပူဆာပါဘဲ
မာနစိတ္ေလးကို တင္းခံထားတာ။
ခ်စ္စရာေကာင္းလိုက္တာ ကိုကိုအလွေလးရာ။

" ၿပီးေတာ့ ဘာျဖစ္လဲ ေမာင့္အသက္... "

ထယ္ေယာင္းကေမးေတာ့ ကူးေလးကၿပဳံးၿပီး
ဗိုက္ပူေလးကိုထိကပ္လိုက္ရင္း ေျပာသည္။

" ပိုက္ဆံမပါလာလို႔ ငါမင္းရဲ႕Black Cardကို
သုံးလိုက္တာ၊တကယ္ေတာ့ ငါလည္းစားသလို၊
ဗိုက္ထဲက ကေလးေလးလည္းစားတယ္၊ႏွစ္​
ေယာက္စာမို႔ ငါအမ်ားႀကီးစားျဖစ္သြားတယ္၊
မင္းရဲ႕Black Cardကိုျပန္သိမ္းထားမလားဟင္ "

ကူးေလးက မ်က္ဝန္းဝိုင္းေလးေတြျဖင့္ၾကည့္ၿပီး
မ်က္ႏွာငယ္ေလးနဲ႔ေျပာေတာ့ ထယ္ေယာင္းက
အသည္းယားၿပီး ပါးေဖာင္းေလးကိုနမ္းသည္။
အသက္ေလးက အၿမဲလိုလိုအသည္းယားေအာင္
ေနတက္ျပေတာ့ ထယ္ေယာင္းမေနတက္ဘူး။

အရင္လေတြက မနမ္းခဲ့ရတာေတြ၊မျမင္ခဲ့ရတဲ့
အၿပဳံးေလးေတြ၊ခ်စ္စရာေကာင္းတဲ့ အမူအရာ
ေလးေတြကို အခုေတာ့ျမင္ရပါသည္။ေပ်ာ္၏။
ကင္မ္ထယ္ေယာင္းကို ကင္မ္ေဂ်ာင္ဂုတစ္ဦး
ထည္းသာလွ်င္ ေပ်ာ္ေအာင္လုပ္ေပးႏိုင္တာ။

" ေမာင္မယူပါဘူး၊အဲ့Cardကိုသိမ္းထားလိုက္၊
ေနာက္ဆိုေမာင္နဲ႔ စားခ်င္တဲ့ဆိုင္ကိုသြားမယ္၊
ေမာင္က အသက္စားခ်င္တာေတြဝယ္ေကြၽးမယ္ "

ထယ္ေယာင္းကေျပာေတာ့ ကူးေလးကေပ်ာ္ၿပီး
ရင္ခြင္ထဲဝင္လာကာဖက္ထားသည္။ကူးေလးက
ေပ်ာ္ေနတာျဖစ္ၿပီး ထယ္ေယာင္းကိုေတာင္
ခပ္တိုးတိုးေလး ေျပာပါေသးသည္။

" ကင္မ္ထယ္ေယာင္းက ဒီလိုၾကခ်စ္စရာေကာင္းလိုက္တာ... "

တိတ္တိတ္ေလးေျပာလိုက္ေပမဲ့လည္း နားပါးတဲ့
ထယ္ေယာင္းကၾကားတာမို႔ မနာသည့္လက္ကေန
ပိုဖက္ထားၿပီး ေခါင္းလုံးလုံးေလးကိုနမ္းသည္။
ဟိုေဆာ့တို႔ဆိုသည္လည္း အေျခအေနကိုၾကည့္ၿပီး
နားလည္ကာ ၿပဳံးေနေတာ့သည္ေလ။

- - - - -

ထယ္ေယာင္းတို႔ ကူးေလးရဲ႕က်န္းမာေရးစစ္ၿပီး
နမ္ဂြၽန္တို႔အတြဲရယ္၊ယြန္းဂီတို႔အတြဲရယ္နဲ႔
ဟိုေဆာ့တို႔အတြဲရယ္နဲ႔ ေယာင္းဝူလည္းအပါအဝင္ ညေနစာအတူစားခဲ့ၾက၏။ညေနစာစားေတာ့လည္း
ကူးက ထယ္ေယာင္းကိုထမင္းခြံ႕ေကြၽးပါေသး၏။

ညေနစာစားၿပီးလို႔ ေယာင္းဝူကကူးေလးနဲ႔ထယ္ေယာင္းကို အိမ္လိုက္ပို႔သည္။အိမ္ေရာက္သည္အထိ ခ်စ္ရသည့္သူ႔အသက္ကသူ႔ကိုတအားဂ႐ုစိုက္ျပေနလို႔ ထယ္ေယာင္းလည္းအၿပဳံးေတြ
မပ်က္ႏိုင္ေတာ့ေပ။

" သားထယ္ အဆင္ေျပရဲ႕လားဟင္၊ေမေမ့မွာေတာ့
ရင္ေတြပူလိုက္ရတာကြယ္.... "

အိမ္ကိုေရာက္ေတာ့ အထဲဝင္ဝင္ခ်င္းေမေမက
ဆိုဖာေပၚထိုင္ေနရာမွထလာၿပီး အနားကိုလွ်ာက္လို႔ ထယ္ေယာင္းကိုေမးသည္။

ထယ္ေယာင္းကိုကူးေလးက ေဘးမွာတြဲေလွ်ာက္
လာတာမို႔ အဆင္ေျပေနသည္။ထယ္ေယာင္းက
ညာဘက္လက္အားတာမို႔ ကူးေလးရဲ႕ပုခုံးကိုဖက္
ထားရင္းေျဖသည္။

" ကြၽန္ေတာ္အဆင္ေျပပါတယ္ ေမေမ၊အလုပ္က
မေတာ္တဆမႈေလးေၾကာင့္ ျဖစ္သြားတာပါ၊
အသက္ရဲ႕က်န္းမာေရးလည္းစစ္ခဲ့ေသးတယ္ "

" ဒါဆိုထိုင္ၿပီးေျပာေလကြာ၊အဖိုးတန္ေလးက ေညာင္းေနေတာ့မွာပဲ၊လာ...အဖိုးတန္ေလး...
ဒယ္ဒီတို႔ကို အေျခအေနေလးေျပာပါဦးကြာ "

ထယ္ေယာင္းအေဖက အခန္းထဲမွအသည္းသန္
ထြက္လာရင္း သားအရင္းလက္ျဖစ္တာကိုသတိ
မထားေသးဘဲ သမက္အဖိုးတန္ေလးရဲ႕လက္ကို
ဆြဲၿပီး ဆိုဖာ၌ထိုင္ေစကာေမးေတာ့သည္။

" အေဖ...ကင္မ္ထယ္ေယာင္းလက္မွာ ထိခိုက္ထားေသးတာ၊ကူးတို႔ သူ႔ကိုအရင္ထိုင္ခိုင္းရင္ေကာင္း
မယ္ထင္တယ္... "

ဒယ္ဒီ့စကားကိုကူးေလးက အလိမၼာယ္နည္းျဖင့္
ျငင္းပယ္လိုက္ၿပီး ထယ္ေယာင္းကိုသြားျပန္ေခၚလို႔
ကူတြဲကာ ဆိုဖာ၌ျပန္ထိုင္ေစသည္။ဒယ္ဒီကေတာ့
ထယ္ေယာင္းကို မ်က္စိတစ္ဖက္မွိတ္ျပၿပီးေနာက္
သူ႔အသက္ေလးကို ေမးေငါ့ျပသည္။

'ေတြ႕လား'ဆိုသည့္အထာမ်ိဳးျပလာသည္။
ထယ္ေယာင္းကၿပဳံးရင္း ဒယ္ဒီ့ကိုေခါင္းၿငိမ့္ကာ
သူ႔အသက္တြဲလာရာမွထိုင္သည္။ၿပီးေနာက္
ကူးေလးက ထယ္ေယာင္းေဘးဝင္ထိုင္သည္။

ထယ္ေယာင္းအေမကေတာ့ ေတြးမိပါေသးသည္။
ၾကည့္ရတာ ႏွစ္ေယာက္သားျပန္အဆင္ေျပလာၾက
တာပဲဟု ေတြးေနရင္းသူ႔ေယာက်္ားနားထိုင္သည္။
အဖိုးကလည္း ထယ္ေယာင္းနဲ႔ကူးေလးတို႔ကိုၾကည့္
ရင္းၿပဳံးေနေလသည္ေလ။

" မ်ိဳးေစ့ေလးက က်န္းမာစြာရွိေနပါတယ္ေမေမ၊
ကူးတို႔ျပၾကည့္ေတာ့ ေနာက္၅လေလာက္ဆို
ကေလးေလးရဲ႕ကန္ေက်ာက္တာေတြ၊အထိအေတြ႕
ေတြ၊ဒယ္ဒီနဲ႔ပါးပါးကိုလည္း ဗိုက္ထဲကေနႀကိဳသိ
ေတာ့မွာတဲ့ ေမေမ... "

ကူးေလးက ကေလးပုံေလးေမေမနဲ႔ဒယ္ဒီေရွ႕
ကမ္းေပးရင္း မ်ိဳးေစ့ေလးဘယ္လိုရွိေနေၾကာင္း
လက္ဟန္ေျခဟန္ျပကာ ေျပာျပေနေလသည္။
ထယ္ေယာင္းကေတာ့ ၿပဳံးၾကည့္လို႔။သူ႔အသက္ကို
အသည္းယားေနပါသည္ေလ။

" အေမတို႔လည္း မ်ိဳးေစ့ေလးကိုျမန္ျမန္ေတြ႕ခ်င္
ေနၿပီကြယ္၊အကို...အကိုကေတာ့ ေျမးေစာေစာ
ရၿပီး ကုမၸဏီသြားတိုင္းႂကြားရေတာ့မယ္ "

" ကိုယ္ရဲ႕ကုမၸဏီကိုလည္းေခၚသြားမယ္၊ကိုယ္တို႔
ေဂါက္႐ိုက္သြားလည္း ေခၚသြားမယ္၊ငါ့ေျမးဆိုၿပီး
ႂကြားရေတာ့မွာပဲ၊ဒယ္ဒီဆိုလည္း သူ႔သူငယ္ခ်င္း
ေတြကို ႂကြားေနတာ၊ကိုယ္ေတာင္တစ္ဆင့္ျပန္ၾကားေနရတယ္... "

ဒယ္ဒီစကားေၾကာင့္ ထယ္ေယာင္းတို႔လည္း
သေဘာက်လို႔ အားရစြာရယ္လိုက္ၾကသည္။
အဖိုးေရာ၊ဒယ္ဒီေရာက ေမြးမလာေသးသည့္
မ်ိဳးေစ့ေလးကို တအားခ်စ္လြန္းေနေတာ့တာ။

မ်ိဳးေစ့ေလးက တအားကံေကာင္းလြန္းသည္။
ေမြးမလာေသးခင္ အမဲစက္ေသးေသးမွစလို႔
ဂ႐ုတစိုက္ျဖင့္ အခ်စ္ခံေနၾကရၿပီး ကူးဆိုလည္း
မေတြ႕ခင္၊မျမင္ခင္ထည္းက အခ်စ္ခံၾကရသည္။

" ေမေမ...ကြၽန္ေတာ္တို႔နားေတာ့မယ္၊အသက္က
ကိုယ္ဝန္နဲ႔မို႔ ကားစီးလာရတာေရာပင္ပန္းေနလို႔
ကြၽန္ေတာ္တို႔ နားလိုက္ေတာ့မယ္ "

" သားတို႔ထမင္းစားၿပီးရဲ႕လား၊သားကူးေလးက
ဗိုက္ဆာေနဦးမယ္ကြယ္... "

ထယ္ေယာင္းစကားေၾကာင့္ ေမေမကသူ႔သမက္ကူးေလးကိုစိတ္ပူၿပီး ေမးေတာ့သည္။ကူးကေတာ့
ေန႔လယ္စာကို ဝဝလင္လင္စားထားၿပီး၊ညေနဘက္
အျပန္ေတာင္ ဝေအာင္စားထားေသးသည္။

" ကြၽန္ေတာ္တို႔ နမ္ဂြၽန္တို႔နဲ႔အတူစားၿပီးေတာ့မွ
အိမ္ကိုျပန္လာတာပါ၊အသက္လည္း ဗိုက္ဆာေန
မယ္ဆိုၿပီး ဝင္စားလာခဲ့ၾကတာ၊အသက္ေလးက
ပိုပိုစားထားတာမို႔ စိတ္မပူပါနဲ႔... "

ထယ္ေယာင္းကေျပာရင္းထရပ္ေတာ့ ကူးေလးက
လိုက္ရပ္ၿပီး အဖိုး၊အေဖ၊အေမတို႔ကိုႏႈတ္ဆက္
ေလသည္။

" ကူးတို႔အနားယူၿပီမို႔ အဖိုးတို႔လည္းအနားယူ
ေတာ့ေနာ္၊ဒီေန႔တစ္ရက္ေတာ့ အားနာေပမဲ့လည္း
ကူးကပင္ပန္းေနလို႔ အနားယူတာပါ "

ကူးေလးကေျပာေတာ့ အဖိုးတို႔ကသေဘာက်စြာ
ၿပဳံးေတာ့သည္။ခ်စ္စရာေကာင္းတဲ့ေျမးသမက္
ေလးက တကယ့္ကိုေႁခြခ်သြားတာပါပဲတဲ့။

" နားလည္တာမို႔ ေအးေဆးအနားယူပါဗ်ာ
အဖိုးတန္ေလးနဲ႔မ်ိဳးေစ့ေလးေရ... "

အဖိုးကႏႈတ္ဆက္ၿပီးေရာ ကူးနဲ႔ထယ္ေယာင္းနဲ႔
အေပၚထပ္က သူတို႔အခန္းကိုတက္လာခဲ့ၾကသည္။
ထယ္ေယာင္းကကူးရဲ႕ပုခုံးကိုဖက္ၿပီး တက္လာလို႔
ကူးကလည္း ကူးဗိုက္ပူေလးကိုထိန္း၍ တက္လာ
ၾကသည္။

အခန္းထဲေရာက္ေတာ့ ထယ္ေယာင္းကကုတင္ေပၚ
ထိုင္ခ်လိုက္သည္။ကူးကေတာ့ အိတ္ကိုအံဇြဲေပၚ
တင္လိုက္ၿပီး အဝတ္လဲခန္းထဲဝင္ဖို႔လုပ္ေတာ့
ထယ္ေယာင္းက ကူးလက္ေလးကိုဆြဲလိုက္ကာ
သူ႔ေပါင္ေပၚထိုင္က်လာေစ၏။

ကူးေလးက ထယ္ေယာင္းရဲ႕ေပါင္ေပၚမွာေရာက္ၿပီး
ထယ္ေယာင္းလည္တိုင္ကို တင္းတင္းဖက္ထား
လိုက္ရင္း ငုံ႔ၾကည့္ေနကာရွက္ေနေတာ့သည္။
ထယ္ေယာင္းကေတာ့ ကူးေလးရဲ႕ရွက္ေနသည့္
အမူအရာကိုၾကည့္ၿပီး သေဘာက်ကာစကားဆို
ေတာ့သည္။

" ေမာင့္ကို ဂ႐ုစိုက္ေပးတဲ့အတြက္ေမာင္က
အသက္ကို အမ်ားႀကီးေက်းဇူးတင္တယ္... "

" ေက်းဇူးတင္စရာမလိုပါဘူး၊မ်ိဳးေစ့ေလးရဲ႕
ဒယ္ဒီကမင္းေလ၊ၿပီးေတာ့ ငါနဲ႔မ်ိဳးေစ့ေလးကို
မင္းရဲ႕အသက္ကိုေတာင္မငဲ့ဘဲကယ္လိုက္ေတာ့
ငါတကယ္စိုးရိမ္သြားတာ၊မင္းတစ္ခုခုျဖစ္ရင္..
ငါ..ငါနဲ႔..မ်ိဳးေစ့ေလးအခက္ခဲျဖစ္သြားမွာ... "

ထယ္ေယာင္းရဲ႕လည္တိုင္ကိုသိုင္းဖက္ရင္းေျပာၿပီး
ေခါင္းေလးငုံ႔က်သြားသည္။ကိုကိုအလွေလးက
တအားကိုစိတ္မေကာင္းျဖစ္သြားတာ။သူ႔ကိုစိုးရိမ္
စိတ္ကလည္းျပင္းေနေတာ့ မ်ိဳးေစ့ေလးရွိရဲ႕နဲ႔
လန္႔သြားတာ။

ဟိုေဆာ့ေျပာသလိုအသည္းငယ္ၿပီး ေမ့မလဲသြားတာကံေကာင္းသည္ဟုေျပာသည္။အဲ့လိုၾကေတာ့
ေမာင့္အသက္ကို ေမာင္ျပန္ၾကည့္ၿပီးစိတ္မေကာင္း
လိုက္တာဗ်ာ။

" ေမာင္က မင္းတို႔ႏွစ္ေယာက္ကိုထားခဲ့ၿပီး မေနပါဘူးကြာ၊ေမာင္က ေမာင့္အသက္ကိုေတာင္ရေအာင္
ယူခဲ့ေသးတာပဲ၊ေမာင့္အသက္နဲ႔မ်ိဳးေစ့ေလးကို
ကာကြယ္ေစာင့္ေရွာက္ဖို႔ တာဝန္ရွိသလို၊ေမာင္က
အိမ္ေထာင္ဦးစီးတစ္ေယာက္အေနနဲ႔ တာဝန္ေက်ဖို႔
အမ်ားႀကီးႀကိဳးစားရဦးမွာ.... "

ထယ္ေယာင္းစကားကို ကူးေလးကမ်က္ဝန္းေလး
ေတြဝိုင္းလို႔ နားေထာင္ေနသည္။ကူးေလးကေတာ့
ထယ္ေယာင္းရဲ႕စကားေတြေၾကာင့္ စိတ္မေကာင္း
ျဖစ္သြားသည္ေလ။

ထယ္ေယာင္းကသိေတာ့ၿပီးခဲ့တဲ့လကအေၾကာင္း ျပန္ေတြးမိတာမို႔ ကူးေလးရဲ႕ခါးေသးေလးကိုဖက္ထားကာ ထယ္ေယာင္းကသူ႔ခါးကိုမက္မက္ထားလိုက္ေတာ့ ကူးေလးရဲ႕မ်က္ႏွာနဲ႔နီးကပ္သြားသည္။
ထယ္ေယာင္းျပန္ေခ်ာ့ေတာ့မည္ဆိုပါေတာ့။

" ငါ...ငါ... "

" ေမာင္ေတာင္းပန္ပါတယ္ ေမာင့္အသက္၊ေမာင္က
သဝန္တိုၿပီး အဲ့ေန႔ကမင္ဂယူ႔ကိုလည္းေအာ္လိုက္သလို၊အသက္ကိုပါေရာၿပီး ေဒါသထြက္ၿပီးေအာ္
လိုက္မိတာပါ၊ေမာင္မွားတယ္ဆိုတာ ေမာင္သိပါ
တယ္၊ေမာင္ကစိတ္လိုက္မာန္ပါလုပ္မိလို႔ ေမာင့္အသက္ရွက္သြားတယ္ဆိုတာ ေမာင္သိပါတယ္ "

ထယ္ေယာင္းက ကူးေလးကိုစိတ္ေျပေအာင္ေခ်ာ့
ေနသည္။ကူးေလးက ထယ္ေယာင္းစကားကိုနား
ေထာင္ရင္း ကူးအမွားကိုလည္းျပန္ျမင္လာ၏။

" ေနာက္ဆို ေမာင့္အသက္အေပၚ ေမာင္ကမဆိုး
ေတာ့ပါဘူးလို႔ ကတိေပးပါတယ္၊ဒါေၾကာင့္
ေမာင့္ကိုစိတ္ဆိုးေျပၿပီး မမုန္းပါနဲ႔ေတာ့... "

အခုထယ္ေယာင္းက သူ႔အမွားေသးေသးေလးကို
ေတာင္းပန္ေနေတာ့ ပိုမွားတဲ့ကူးေလးကပိုေတာင္း
ပန္သင့္တယ္လို႔ထင္သြားသည္။ကူးေလးကလည္း
ကိုယ္တိုင္မွားထားတာေတြေၾကာင့္ စိတ္တိုၿပီး
လအၾကာႀကီးမေခၚမေျပာမိခဲ့ပါေလ။

" ငါလည္း မင္းကိုေတာင္းပန္ပါတယ္၊ငါကိုယ္တိုင္
မွားခဲ့တာလည္းရွိေနေတာ့ မင္းကိုဘယ္လိုေတာင္
မ်က္ႏွာျပရမွန္းမသိပါဘူး၊ငါအဲ့ဒီေန႔က ငါေျပာတာေတြလည္း လြန္ခဲ့တယ္၊အဲ့အတြက္ ငါလည္း
ေတာင္းပန္ပါတယ္ေနာ္ "

" ေနာက္ဆိုမွတ္ထား၊ေမာင့္အသက္က ဘယ္ေလာက္ပဲအမွားလုပ္လုပ္ ေမာင့္ကိုမေတာင္း
ပန္နဲ႔၊ေမာင္ကပဲမွားမွားမွန္မွန္ အၿမဲအရႈံးေပးတယ္၊
ဒါကလည္း ေမာင့္အသက္ကိုခ်စ္လို႔၊စေတြ႕တုန္းက
ေနာက္က်ခဲ့ေပမဲ့ ေမာင္ကေမာင့္အသက္ကို
တကယ္ခ်စ္ခဲ့တာပါဗ်ာ "

ကူးေလးရဲ႕စကားကို သေဘာမေတြ႕သည့္
ထယ္ေယာင္းက သူကိုယ္တိုင္ပဲေတာင္းပန္ခ်င္မိ
သည္။ကူးေလးက သူ႔ဘဝမွာအရွင္သခင္ေလး
ျဖစ္တာမို႔ ေတာင္းပန္ဖို႔မေတာင္းဆိုခ်င္။ခ်စ္ဖို႔သာ
ေတာင္းဆိုခ်င္မိသည္။

ဒါေၾကာင့္ ထယ္ေယာင္းသက္ျပင္းရွည္ခ်ရင္း
ႏႈတ္ခမ္းနားပိုကပ္လာကာ ကူးေလးရဲ႕မ်က္ဝန္း
ဝိုင္းေလးေတြကိုၾကည့္ၿပီး စကားဆိုေတာ့သည္။

" ခ်စ္တယ္၊ေမာင့္ဘဝထဲစဝင္လာထည္းက
ေမာင္က အသက္ကိုအရွင္သခင္ေလးလိုသေဘာ
ထားတာ၊ေတာင္းပန္ဖို႔ကို လုံးဝမေတာင္းဆိုခ်င္
ဘူး၊ေမာင့္ကိုခ်စ္လာဖို႔ပဲေတာင္းဆိုခ်င္တာ၊
ေမာင့္အခ်စ္ေတြကို နားလည္ေပးၿပီးခ်စ္လာဖို႔
စဥ္းစားေပးပါေတာ့... "

ထယ္ေယာင္းစကားေၾကာင့္ ကူးေလးပိုၿပီးအံ့အား
သင့္သြားကာ ႏႈတ္ခမ္းေလးခြၽန္ကာေတြးမိသည္။
ကင္မ္ထယ္ေယာင္းက ကူးထင္ထားတာထက္ကို
အခ်စ္ပိုႀကီးပါလား။

ကူးကိုေတာင္ အခ်စ္ေပါ့ေလ်ာ့မသြားဘဲ ပိုလို႔ေတာင္အခ်စ္ေတြမ်ားေနလို႔ကူးပိုအားနာမိသည္။ငါဘယ္လိုလုပ္ရမလဲကင္မ္ထယ္ေယာင္းရယ္။

" ေမာင္နမ္းခ်င္တယ္... "

" ဟမ္...အြန္း... "

ထယ္ေယာင္းနမ္းတာကို တစ္ခါမွမၾကည္ျဖဴတဲ့
ကိုကိုအလွေလးက ေခါင္းေလးၿငိမ့္လို႔ရွက္ၿပီး
အသံေသးေလးထြက္လာသည္။ထယ္ေယာင္းလည္း ဒီတစ္ခါအခြင့္ေရးကိုလည္းလက္လႊတ္ဆုံးရႈံးမခံခ်င္တာမို႔ ကူးေလးရဲ႕ႏႈတ္ခမ္းေလးေပၚ သူ႔ႏႈတ္ခမ္းထိကပ္ရင္းကိုကိုအလွေလးရဲ႕ႏႈတ္ခမ္းေလးေတြကိုစုပ္ယူနမ္းရႈိက္မိသည္။

ထယ္ေယာင္းက ကူးေလးရဲ႕ႏႈတ္ခမ္းေလးေတြကို
လြမ္းေနတာမို႔ အလြတ္မေပးဘဲပိုလို႔ကိုနမ္းသည္။
ထယ္ေယာင္းပိုအံ့ဩမိတာက ထယ္ေယာင္းရဲ႕
အနမ္းေတြေနာက္ကူးေလးကပါ အလိုက္သင့္
နမ္းၿပီးထယ္ေယာင္းေပးတဲ့အနမ္းေတြခံယူေနတာ
ေၾကာင့္ ထယ္ေယာင္းနမ္းေနရင္းမွၿပဳံးမိပါသည္။

To be continued ~

ကိုကိုအလွေလးက စိတ္ဆိုးေျပသြားပါၿပီ။

Valentine giftေလးလည္း အပ္ေပးပါ့မယ္ဗ်။

> >

Continue Reading

You'll Also Like

3.6K 426 6
Top - KIM TAEHYUNG Bottom - JEON JUNGKOOK VKOOK ကလေးရဲ့ကိုယ်ပိုင်အရိပ်က ကိုယ်ပဲ။ ကေလးရဲ႕ကိုယ္ပိုင္အရိပ္က ကိုယ္ပဲ။
3.6K 465 5
" ဂျွန့်ရဲ့မျက်ဝန်းတွေကပြောနေတယ်... ကိုယ့်ကိုချစ်နေတဲ့အကြောင်းတွေကို‌လေ~ "
33.5K 3.7K 24
𝑌𝑒𝑠 𝑀𝑎𝑗𝑒𝑠𝑡𝑦, 𝑦𝑜𝑢'𝑟𝑒 𝑡ℎ𝑒 𝑡𝑟𝑢𝑒 𝑚𝑜𝑛𝑎𝑟𝑐ℎ •••••••••••••••••••••••••••••••••••••••••••••• Taekook Omegaverse Start: 06/06/22 En...
54.3K 4.2K 18
Unicode & Zawgyi Top - Taehyung Bottom - Jungkook Start date - 20. 4.2022 End date - 16. 5.2023 #Nectarine #I don't own photos that c...