တရားဝင်သမီး လက်ထပ်ထိမ်းမြားခြ...

By Swae_Nyoe

106K 9.2K 42

ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက... More

Description
Part 1
Part 2
Part 3.1
Part 3.2
Part 4.1
Part 4.2
Part 5.1
Part 5.2
Part 6.1
Part 6.2
Part 7.1
Part 7.2
Part 8.1
Part 8.2
Part 9.1
Part 9.2
Part 10.1
Part 10.2
🥰🥰တယ်လီဂရမ်ဂရုလေးရရှိပြီ ဖြစ်ပါကြောင်း
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part21
Part 22
Part 23
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36.1
Part 36.2
Part 37.1
Part 37.2
Part 38.1
Part 38.2
Part 39.1
Part 39.2
Part 40.1
Part 40.2
Part 41
ဗီလိန်အတုမှ အမြောက်စာဇာတ်ကောင်သို့... အစအဆုံးပြီးဆုံးကြောင်း...
Part 42
Part 43
🌤️May Breeze Promotion နောက်ဆုံးရက်🌤️
Part 44
Part 45
Part 46
Part 47
Telegram ကို လာခဲ့နော်
🌅Summer Mood Promotion🌅
Part 48
Part 49
🌧️ချစ်ခြင်းမေတ္တာများနှင့် မိုးရာသီပရိုမိုးရှင်း🌧️

Part 24

1.3K 139 0
By Swae_Nyoe

24 01

အခန်း (၂၄)

'ကျီရှန်းလို့' အတွင်းမှာတော့ ကျန်းလီတို့ သုံးယောက်သားက လက်ဝတ်ရတနာတွေကို ရွေးချယ်နေကြတယ်။ ကျန်းလီရထားတဲ့ 'မကောင်းဆိုးဝါးသခင်မလေး' ဆိုတဲ့ဂုဏ်ပုဒ်ကြောင့်လားတော့ မသိဘူး ဆိုင်ထဲက ဝန်ထမ်းတွေအားလုံးက ၁၂၀%လောက် အလွန်အကြူးကို တစ်ချက်မှအမှားမခံဘဲ ဧည့်ခံနေကြတယ်။ ဆိုင်ထဲမှာ ဝယ်သူတစ်ယောက်မှ မရှိလို့လဲ ဖြစ်နိုင်တယ်။ အစောက ပိုင်ရှင်​ဖြစ်ပုံရတဲ့ ဝန်ထမ်းကအသစ်စက်စက် လက်ဝတ်ရတနာတွေကို ကျန်းလီရွေးချယ်နိုင်ဖို့အတွက် တစ်ခုပြီးတစ်ခု မမောနိုင် မပန်းနိုင် ထုတ်ပြနေတယ်။ အစကတော့ ရှန်းချောင်က သူမ ကျန်းယို့ရောင်အတွက် လက်ဆောင်ရွေးမယ်ဆိုတုန်းက တကယ့်စိတ်ရင်းမဟုတ်ဘဲ နောက်ကွယ်မှာ မကောင်းတာ တစ်ခုခုကြံစည်ထားတယ်လို့ ထင်ခဲ့ပေမဲ့ အခုတော့ အထင်နဲ့အမြင်တလွဲစီဖြစ်နေတာ သိလိုက်ရတယ်။ ရှန်းချောင်က သူမဒီလောက်စေတနာအပြည့်နဲ့ ဂရုတစိုက် ရွေးချယ်ပေးတဲ့အပြင် အရမ်းကို ရက်ရက်ရောရောနဲ့ အနီရောင်ကျောက်မျက်နဲ့ မျက်ရည်စက်သဖွယ် ပုံဖော်ထားတဲ့

ဇာမဏီမီးလျှံငှက်ပုံဦးရစ်တန်ဆာကို တွေဝေခြင်းမရှိဝယ်လိုက်တယ်။ အဲဒါက အတိအကျ ငွေတုံး၃၀၀ ကုန်ကျတယ်။ သူမကို ကျန်းသခင်မကြီးက ပေးထားတဲ့ငွေတုံးတွေက ၄၀၀လောက်ပဲပါတာ အခုဆိုသူမမှာ ၁၀၀ဘဲ ကျန်တော့မှာဆိုပေမဲ့ ကျန်းလီက လုံးဝနောင်တရပြီးနှမြောသတဖြစ်မနေဘူး။ ရှန်းချောင်ကတော့ကျန်းသခင်မလေး ဘာတွေတွေးနေလဲဆိုတာ မသိတော့ဘူး။

ဆိုင်ရှင်နဲ့ဝန်ထမ်းတွေအကုန်က ကျန်းလီတစ်ယောက်စိတ်ပြောင်းသွားပြီး သူတို့အတွက် ကိစ္စတွေကို ပိုခက်အောင်လုပ်မှာကို ကြောက်ကြတာကြောင့် အပြည့်အဝထက်ပိုပိုသာသာ ဧည့်ခံနေကြတာဖြစ်တယ်။ ဒါပေမယ့် သူမက ယန်ကျင်းက တခြားဂုဏ်သရေရှိ သခင်မလေးတွေထက်တောင် ဖော်ရွေနေတာက အတော်လေး စိတ်ကူးကြည့်ရင်တောင် မဖြစ်နိုင်စရာကြီးပဲ။ သူကအဲ့ဦးရစ်တန်ဆာကို ဝယ်ပြီးတော့ ကျန်တဲ့ငွေပမာဏလောက်နဲ့ 'ကျီရှန်းလို့'မှာ ဘာမှ ဝယ်လို့မရတော့ဘူး။ သူတို့ကပြန်ထွက်လာပြီး ရထားလုံးဆီသွားနေတုန်း တုန်အာက မနီးမဝေးက အပေါင်ဆိုင်လေးကို ညွှန်ပြရင်း ကျန်းလီကို ပြောတယ်။

"မမလေးဒီအစေခံက မြို့တော်ကထွက်ခွာခဲ့ရတဲ့ အချိန်တုန်းက အမေပေးခဲ့တဲ့ ကျောက်စိမ်းပိုင်းလေးကို အဲ့မှာ ထားပစ်ခဲ့ရပါတယ်..အဲဒါကြောင့် အခုအဲ့မှာရှိသေးလားလို့ သွားကြည့်ချင်လို့ပါ ရှိနေသေးမယ်ဆိုရင်တော့ ပြန်ရွေးပြီး အမှတ်တရအဖြစ် သိမ်းထားလို့ရမယ်ဆို သိပ်ကောင်းမှာပါပဲ"

"အဲ့ဒါဆိုလည်း သွားလေ ရော့ ဒါတွေနဲ့သုံးလိုက်"

ကျန်းလီက ချက်ချင်းဘဲ ပြန်ဖြေပြီး သူ့လက်ထဲက ကျန်တဲ့ ငွေတုံးတွေကို တုန်အာဆီ လှမ်းပေးလိုက်တယ်။ တုန်အာလည်း မငြင်းတော့ဘဲ ယူကာ ဆိုင်လေးဆီ ဦးတည်လိုက်တော့တယ်။ သူတို့ကိုကြည့်နေတဲ့ ရှန်းချောင်ကတော့ ငေးကြောင်ကြောင်နဲ့ ကျန်းလီကို စိုက်ကြည့်နေတယ် သူက သူ့အစေခံတွေအပေါ် အရမ်းကောင်းတာပဲ။ သူသာကျန်းလီဘက်မှာ နေရင်အကျိုးအမြတ်တွေပိုရလောက်မယ်ဆိုပြီး အရိုးသားဆုံးတွေးမိလိုက်ပေမဲ့လည်း အဲဒါကိုခေါင်းထဲကထုတ်ပြီး သူမဘာသာဖြေသိမ့်နေလိုက်တယ်။ ကျီရှုးရန်တို့နောက်လိုက်လုပ်ရတာနဲ့ ဒီလိုသခင်မျိုးရဲ့နောက်လိုက်လုပ်ရတဲ့ကြားမှာ ကွာဟချက်က အတော်ကြီးတယ်။ ရှန်းချောင်ရဲ့ ရင်ထဲမှာတော့ နောင်တတွေပြည့်နှက်နေခဲ့တယ်..ကျန်းလီသာ ဟိုကိစ္စတွေ မလုပ်ခဲ့ဘဲ ကျီရှုးရန်တို့နဲ့ ရန်ငြိုးတွေသာ မရှိဘူးဆိုရင် သူမသာ တောင်ပေါ်အပို့မခံလိုက်ရဘူးဆိုရင် သူမက သေချာပေါက် ကျန်းလီရဲ့ နောက်လိုက် အစေအပါးလုပ်မှာပဲ...ဒါဆို သူသက်တောင့်သက်သာ နေရမယ်လေ။

'ကျီရှန်းလို့ ' အရှေ့က သူတို့ရဲ့ ပုံရိပ်တွေဟာ 'ဝမ်ရှန်းလို့' ရဲ့ပြူတင်းပေါက်မှာရှိနေတဲ့ လူနှစ်ယောက်ရဲ့ အကြည့်တွေထဲကျရောက်နေခဲ့တယ်။ သူတို့နှစ်ယောက်က သစ်တော်ပင်သားစားပွဲမှာ မျက်နှာချင်းဆိုင်ထိုင်နေကြပြီး သူတို့ထဲက တစ်ယောက်က မျက်ခုံးထူထူ မျက်လုံးကြီးကြီးရှိပြီး ဘေးအနားမှာအဝါရောင် ဖဲကြိုးလိုင်းပါတဲ့ အနက်ရောင်ချပ်ဝတ်တန်ဆာဝတ်ထားတာက စစ်တပ်ထဲကလူတွေနဲ့ တူတယ်။ သူရေနွေးငှဲ့နေတဲ့ပုံက ကြမ်းတမ်းတယ်ထင်ရပေမဲ့ ယဥ်ကျေးမှုအနည်းငယ် စွက်နေတယ်။ သူက မဆင်မခြင်ပြောလိုက်တယ်။

"အဲ့ဒါ ကျန်းအိမ်တော်က ဘယ်သခင်မလေးလဲ ဘာလို့အပေါင်ဆိုင်ကို သွားနေတာလဲ"

တစ်ဖက်ကလူက ခဏကြာမှ ခပ်နှေးနှေးပြန်ဖြေလာတယ်။

"ဒုတိယ တစ်ယောက်"

"ဒုတိယ တစ်ယောက်"စစ်တပ်ဝတ်စုံနဲ့သူက နှုတ်ခမ်းကိုအသံမြည်အောင်လုပ်လိုက်ပြီး ရုတ်ခြည်း သဘောပေါက်သွားတယ်။

"ကျန်းသခင်မလေး ၂ အခုမှ ပြန်ရောက်တဲ့ ကျန်းယွမ်ပိုင်ရဲ့ အကြီးဆုံး သမီး အခုသူက ဟိုကိစ္စကို လုပ်ခဲ့တဲ့ မကောင်းဆိုးဝါးသခင်မလေး လို့ပြောလိုက်တာလား ဆရာကြီး ဒီလိုတော့ မနောက်သင့်ပါဘူး ဟုတ်တယ်မလား"

'ကျီရှန်းလို့' အရှေ့မှာ ရပ်နေတဲ့ နှစ်ယောက်မှာ အစေခံကိုတော့ ထားလိုက်ပါတော့ ဘေးကသူက အတော်ကို ပိန်သွယ်ပြီး အားနွဲ့​တဲ့ မိုးမခပင်​​လေး တစ်ပင်

လေယူရာ ယိမ်းယိုင်နေသလိုမျိုးပဲ။ စစ်တပ်ဝတ်စုံနဲ့သူရဲ့ အမြင်အာရုံက သာမန်ထက်ပိုကောင်းတယ်ထင်ပါရဲ့ သူကကျန်းလီရဲ့ ပုံပန်းသွင်ပြင်ကို ကောင်းကောင်းကြီး မြင်ရတယ်။ သူကရေရွတ်လိုက်တယ်"သူ့ကြည့်ရတာ အရမ်းသနားစရာ ပုံပေါက်နေတယ်..ဒါက ကျန်းသခင်မလေး ၂ ငါ ခွန်းလျိုက လူတွေကိုကြည့်တဲ့အခါ ဘယ်တော့မှ မမှားဘူး မင်းအကြည့်မှားတာ မဟုတ်ရင်လဲ သူမကအဲဒါတွေကို တစ်ခါမှ မလုပ်ခဲ့တာလည်း ဖြစ်နိုင်တာပဲ"

24 02

ဟိုဘက်ကသူက သူ့စကားတွေကို အာရုံမစိုက်နေဘူး။ ခွန်းလျိုက သူ့သူငယ်ချင်းက သူ့ကို လစ်လျူရှုနေတာမြင်တော့မှ ထပ်မေးတယ်။

"တကယ်ကြီးလား"

တစ်ဖက်က လစ်လျူရှုထားတုန်းပဲ ဒါပေမယ့် ခွန်းလျိုက ချက်ချင်း အဲဒါက အမှန်ဆိုတာ သဘောပေါက်သွားတယ်။ သူကပြောတယ်။

"ဘုရားရေ တကယ်ဘဲ စာအုပ်တစ်အုပ်ကို အဖုံးပဲကြည့်ပြီး ဆုံးဖြတ်လို့ မရဘူးဆိုတာ အမှန်ပဲ ဒါနဲ့ မင်းကရော သူက ကျန်းသခင်မလေး ၂ဆိုတာ ဘယ်လိုသိတာလဲ သူ့ကို တွေ့ဖူးလို့လား"

"တွေ့ဖူးတယ်"

ထိုလူက ပြန်ဖြေတယ်။ ခွန်းလျိုက ခေါင်းအသာခါရင်းပြောတယ်။

"ကောလဟာလတွေက တကယ်ယုံလို့မရဘူးဘဲ လူတိုင်းက ဒီကျန်းသခင်မလေးက သူမတူအောင်ရုပ်ဆိုးအကျည်းတန်တယ်တဲ့ ငါကတော့ သူက အတော်လေးကြည့်ကောင်းပြီး သိမ်မွေ့ကျက်သရေရှိတယ်လို့ထင်တာပဲ ဟုတ်တယ်မလား"

"အတော် ပျင်းစရာကောင်းတယ်"

ခွန်းလျိုက အသက်ရှူကျပ်သလို ဖြစ်သွားပြီး ထပ်မေးတယ်။

"ဒါဆို ကျန်းသခင်မလေး ၃ကရော သူကတော့ ရွှန်းရွှန်းစိုပြီး တောက်ပနေတာလေ ဟုတ်တယ်မလား"

"ပေါင်ဒါတွေ သိပ်သုံးလွန်းတယ်"

"မင်း! ဆရာသခင်ကြီး အဲ့ဒါဆို ရွှီဖုန်းဖေးကရော သူကယန်ကျင်းရဲ့ ပထမတန်းစား အလှလေးနော် သူတကယ်လှတာတော့ မင်းဝန်ခံရလိမ့်မယ်"

"လှတယ်"

ထိုသူက သဘောမတွေ့သလို အေးတိအေးစက် အသံနဲ့ ပြောတယ်။

"မင်းက ငါ့ကို တန်ဖိုးဖြတ်ခိုင်းနေတာပဲ သေလူတစ်ယောက်ကိုလေ"

နောက်ဆုံးတော့ သူအကြည့်တွေက သူ့အရှေ့က ခွန်းလျိုဆီကို ပြန်ရောက်သွားတယ်။ ဒီလူငယ်လေးက ရဲရဲနီဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ့ရဲ့လည်ပင်းအနားသားမှာတော့ အနက်နဲ့ရွှေစပ်ထားတဲ့ အမြှီးနှစ်ခွလိပ်ပြာလေးတွေနဲ့ ချည်ထိုးအနားကွပ်ထားတာက သူ့ကိုပိုပြီး ချောမောကာ ပရောပရည်လုပ်တတ်တဲ့သူပုံ ပေါက်စေတယ်။ သူ့မှာ ကျဥ်းမြောင်းရှည်သွယ်ပြီး အနားသတ်က အနည်းငယ် ကော့တက်နေတဲ့ ဇာမဏီငှက်ပုံစံ မျက်ဝန်းတွေရှိတယ်။

အဲ့လိုကော့တက်နေတာက မာနကြီးပြီးအထက်စီးဆန်ဆန်ပေါက်နေရမှာဆိုပေမဲ့ သူ့မျက်လုံးထောင့်ရှိ မှဲ့နီလေးက တစ်မျိူးတဖုံ မောက်မာဟန်တွေကို လျော့ချပေးသလို ဖြစ်နေတယ်။ သူ့နှုတ်ခမ်းတွေက ခပ်ပါးပါးနဲ့ အသားအရေကဖြူဖွေးလွန်းတာကြောင့် နှုတ်ခမ်းတွေက သဘာဝဆန်စွာ ရဲနေတယ်။ အဆုံးသတ်ကတော့ သူ့မျက်နှာရဲ့ အဂ်ါရပ်ငါးခုစလုံးက ထင်ရှားပေါ်လွင်နေတယ်။ ဒီလူငယ်လေးရဲ့ ခန့်ညားချောမောမှုကို ဖုံးကွယ်ဖို့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ သူ့ရဲ့ ကိုယ်နေဟန်ထားကတော့ သူမတူအောင်အေးတိအေးစက်နဲ့ စိတ်အပြောင်းအလဲကလည်း မြန်သေး။

ခွန်းလျိုခမျာ ကြေကွဲသွားရပြီး သီးတောင် သီးသွားတယ်။ သူ့အရှေ့က ဒီလူက အလှလေးတွေကိုခေါင်းခေါက်ရွေးလို့ရတဲ့အထိ အရည်အချင်းရှိတဲ့အပြင် သူ့ရဲ့ပင်ကိုယ်သွင်ပြင်ကို၌က အဲ့အလှလေးတွေကို အသာလေးကျော်သွားလို့ရတဲ့ အဆင့်ဆိုတော့ သူတို့ကို မျက်စိထဲ မရှိတာ မဆန်းပါဘူး။

ဒါကတော့ သေချာပေါက် မြို့စား ရှု, ကျီဟုန်းပဲ။

"ထားလိုက်တော့ ထားလိုက်တော့ မိန်းမတွေအကြောင်း မပြောတော့ဘူး"

ခွန်းလျိုက သူ့ခေါင်းသူကုတ်ရင်း

"လက်ယာအမတ်ကြီးရဲ့ လှုပ်ရှားမှုတွေက အခုတလော ပိုပိုကြီးမားလာတယ် သူကမနှစ်က ထိပ်တန်းဂုဏ်ထူးဆောင် ရှန်းယွီရုန်ကိုတောင် တိတ်တဆိတ် ချောဆွဲဖို့ကြိုးစားခဲ့သေးတယ် ဒါပေမယ့် သေချာပေါက် ရှန်းယွီရုန်က အရင်ဆုံး စောင့်ကြည့်ဆဲ အနေအထားမှာပဲ ဖြစ်လိမ့်မယ်။ ရှန်းယွီရုန်သာ သူ့ဘက်ပါသွားလို့ကတော့ ကျန်းမိသားစုနဲ့ သူ့ရဲ့အာဏာက နန်းတွင်းမှာ ထိပ်ဆုံးဆင့်ထိ အင်အားကြီးသွားလိမ့်မယ်"

"ဒါဆိုလည်း မင်းအဲဒီသူကို သွားကူသင့်တယ်"

ကျီဟုန်းရဲ့အသံက ငြင်ညင်သာသာပဲ

"သူတို့က သေချာပေါက် အဲ့ဂုဏ်ထူးဆောင်ကို အောင်အောင်မြင်မြင်နဲ့ ဆွဲခေါ်သွားလိမ့်မယ်"

"ဒီရက်အနည်းငယ်အတွင်းမှာပဲ တတိယကျန်းသခင်မလေးရဲ့ မွေးနေ့ပွဲရှိတယ် ငါ့အထင်တော့ ရှန်မိသားစုက ကျန်းယွမ်ပိုင်ရဲ့ အတွင်းသတင်းနှိုက်ဖို့ တစ်ယောက်ယောက်ကိုလွှတ်လိမ့်မယ်"

ကျီဟုန်းကပြောတယ်။ "ဧကရာဇ်ဟုန်ရှောင်းက ရှန်းယွီရုန်ကို ဂရုစိုက်တော့ ကျန်းယွမ်ပိုင်နဲ့ လက်ယာအမတ်ကြီးက သူ့ကို သူတို့ဘက်ကိုဆွဲခေါ်ဖို့ လုကြမှာပဲ ဘယ်လိုဘဲဖြစ်ဖြစ်"

သူ့ရဲ့ နှုတ်ခမ်းထောင့်စွန်းက ကွေးညွှတ်သွားပြီး

"သူက ကျန်းမိသားစုရဲ့ဘက်တော့ ပါသွားမှာ မဟုတ်ဘူး"

"ငါ နားလည်ပြီ" ခွန်းလျိုက အကြောင်းသိစွာ ပြုံးရင်းပြောတယ်။

"လာမဲ့နေ့တွေမှာ ကျန်းမိသားစုကတော့ ဒုက္ခရောက်ပြီပဲ"

"သနားစရာပဲ" ကျီဟုန်းကသက်ပြင်းချရင်း တိုးဖျော့ညင်သာစွာ ပြောလိုက်တယ်။

24 03

ခွန်းလျိုက သူ့ခေါင်းမွှေးတွေ ထောင်တက်သွားသလို ခံစားလိုက်ရတယ် သူသိတာပေါ့ သူ့အရှေ့က ဒီလူက တကယ်လူတွေအပေါ် သနားညှာတာတယ်ဆိုတာ မရှိဘူး။ အဲဒါနဲ့ ဆန့်ကျင်ဘက် သူကလူတစ်ယောက်ကို သနားစရာကောင်းတယ်လို့ ပြောရင် အဲ့လူရဲ့ အဆုံးသတ်က တကယ်သနားစရာကောင်းအောင် ဖြစ်သွားလိမ့်မယ်။ခွန်းလျိုက ကျန်းမိသားစုရဲ့ အနာဂတ်အတွက် ကြိုတင် ဝမ်းနည်းပေးလိုက်ပြီး 'ကျီရှန်းလို့ ' အရှေ့မှာ ရပ်နေသေးတဲ့ ပုံရိပ်လေးကို ကြည့်လိုက်ပြီး သူ့ရင်ထဲ ကြေကွဲပက်လက်နဲ့ သက်ပြင်းချလိုက်တယ်။ သူကပြောတယ်။

"မင်းပြောကြည့် ဒီကျန်းသခင်မလေးက ဒီလောက် ရိုးရှင်းပြီး နှစ်လိုဖွယ်ကောင်းတာ ဟိုကိုယ်ဝန်ပျက်ကျအောင် လုပ်တဲ့ကိစ္စက အထင်လွဲတာပဲဖြစ်ရမယ်...သူမက ဒီလိုအရာမျိုးလုပ်နိုင်တယ်ဆိုတာ မဖြစ်နိုင်လောက်ပါဘူး"

"မဟုတ်ဘူး"

အံ့သြစရာက ကျီဟုန်းက တကယ် ပြန်ဖြေတယ်။

"ဒီကျန်းသခင်မလေးရဲ့ ပုံပန်းအပေါ်မူတည်ပြီး ပြောရမယ်ဆို သူမက ဒီလိုအရာတွေ လုပ်နိုင်တယ်ဆိုတာ လုံးဝ ဖြစ်နိုင်တယ်"

ခွန်းလျိုက သူ့မျက်လုံးတွေကို လှန်လိုက်ပြီး ဘာမှ ထပ်မပြောတော့ဘူး။

အလှလေးကျီ : ကောင်းကင်အောက်က အချောအလှနံပါတ်စဥ်မှာဆိုရင် ငါက ထိပ်ဆုံးပဲ မိန်းမဖြစ်ဖြစ် ယောက်ျားဖြစ်ဖြစ် အရေးမကြီးဘူး...

Telegram မှာ အပိုင်း ၈၁အထိ ရောက်ပါပြီနော်။

Continue Reading

You'll Also Like

1.2M 80.1K 114
Cover- edited from google Start Date -22.4.22 End Date- 22.3.23 အနံ့သင်းတဲ့ သဇင်မင်းကမှ ပန်းထင်သလား မထင်ပါနဲ့ အဲလိုမထင်ပါနဲ့ အနံ့မဖက်တဲ့ သပြေခက်ကလဲ...
16.3K 1.9K 32
Totally Credited to original author
730K 64K 59
မောင်က မင်းကမ္ဘာတစ်ခုထဲကိုပဲ ဦးခိုက်နေမယ့်ကောင်ပါ စဝ်မင်းကမ္ဘာဦးခိုက် time travel (My Universe i...
285K 38.7K 103
»This is not my own work »Translated from mtl and faneditedmtl »For offline purpose »Cover photo from pinterest