တရားဝင်သမီး လက်ထပ်ထိမ်းမြားခြ...

By Swae_Nyoe

104K 9.1K 42

ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက... More

Description
Part 1
Part 2
Part 3.1
Part 3.2
Part 4.1
Part 4.2
Part 5.1
Part 5.2
Part 6.1
Part 6.2
Part 7.1
Part 7.2
Part 8.1
Part 8.2
Part 9.1
Part 9.2
Part 10.1
Part 10.2
🥰🥰တယ်လီဂရမ်ဂရုလေးရရှိပြီ ဖြစ်ပါကြောင်း
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part21
Part 22
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36.1
Part 36.2
Part 37.1
Part 37.2
Part 38.1
Part 38.2
Part 39.1
Part 39.2
Part 40.1
Part 40.2
Part 41
ဗီလိန်အတုမှ အမြောက်စာဇာတ်ကောင်သို့... အစအဆုံးပြီးဆုံးကြောင်း...
Part 42
Part 43
🌤️May Breeze Promotion နောက်ဆုံးရက်🌤️
Part 44
Part 45
Part 46
Part 47
Telegram ကို လာခဲ့နော်
🌅Summer Mood Promotion🌅
Part 48
Part 49

Part 23

1.1K 120 0
By Swae_Nyoe

23 01

အခန်း (၂၃)

ကျန်းလီက ကျန်းကျင်းရွဲ့နဲ့တွေ့ပြီးသွားတော့ ကျန်းအိမ်တော်က လမ်းတွေကို နေသားကျ ရင်းနှီးအောင် အကြာကြီး လျှောက်သွားခဲ့တယ်။

ကျန်းအိမ်တော်ရဲ့ ဖွဲ့စည်းမှုက ကြီးမားရှုပ်ထွေးပေမဲ့ ကံကောင်းချင်တော့ ကျန်းလီရဲ့ မှတ်ဉာဏ်က သိပ်မဆိုးတာပဲ။ ဒါ့အပြင် သူထုန်ရှန်းမှာ နေခဲ့တုန်းကလည်း သူတို့အိမ်တော်လေးက ဒီလောက်မကျယ်ပေမဲ့ သူ့အဖေစုန့်ဟွိုင်ယွမ်က သူ့အရာရှိဆိုင်ရာ လုပ်ငန်းဆောင်တာတွေကို ဖြေရှင်းဖို့သွားတဲ့အခါ သူမကနောက်ကအမြဲလိုက်သွားတတ်တာကြောင့် ထုန်ရှန်းတစ်ခွင်မရောက်ဖူးတဲ့နေရာမရှိဘဲ လမ်းတွေမှတ်တဲ့နေရာမှာ ပညာရှင်အဆင့် ဆရာကြီးဖြစ်တယ်။ ဒီရက်တွေထဲ အံ့သြဖို့ကောင်းစွာနဲ့ သူတို့ သဟဇာတ လိုက်လျောညီထွေစွာ နေခဲ့ကြပြီး ပုံမှန်လိုပဲ ရှန်းချောင်က ကျန်းလီကို နေ့တိုင်း လာဖားနေတာနဲ့ ယွမ်ရွှမ်းက မောက်မာတင်စီးနေတာကလွဲ ဘာမှထူးထူးခြားခြားမရှိဘူး။ ကျန်းသခင်မကြီးရော ဒုတိယနဲ့ တတိယမိသားစုတွေရော ဟိုတစ်ရက်က အကုန်တွေ့ပြီးနောက်ပိုင်း တစ်ယောက်တစ်လေတောင် ကျန်းလီကို လာကြည့်ခြင်းမရှိကြဘူး။ အဖေဖြစ်တဲ့ကျန်းယွမ်ပိုင်ကိုယ်တိုင်တောင် သူ့ရဲ့ အပြင်ပန်း ပုံရိပ်ကိုထိန်းသိမ်းဖို့ သိပ်ပျင်းနေတယ်နဲ့ တူပါရဲ့။ ကျန်းအိမ်တော်တစ်ခုလုံးက သူမကို အိမ်ပြန်ခေါ်တာက အရေးမပါတဲ့လူတစ်ယောက်လို အေးစက်စက် ဆက်ဆံဖို့အတွက်လားတောင် ထင်ရတယ်။ နောက်ရက်တွေကျရင် အကုန်လုံးရဲ့ စိတ်ထဲမှာ သူမကို ချောင်ထိုးထားလိုက်ကြလိမ့်မယ်။ နောက်ရက်တွေတောင် စောင့်စရာမလိုဘူး အခုတောင် အမေ့ခံလိုက်ရပြီ။

အခြားသူတွေက သူမကိုမျက်နှာသာ မပေးဘူးဆိုရင်တောင် ကျန်းလီကအခုချိန် အလျင်စလိုသွားပြီး ကြင်ကြင်နာနာ ပြုမူပြလည်း ဘာမှ အရာထင်မှာ မဟုတ်ဘူး။အဲ့တော့ ဘာမှမဖြစ်ခဲ့သလိုသာနေလိုက်ပြီး ကျန်းသခင်မကြီးကိုလည်း အရင်သွားမတွေ့နေတော့ဘူး။ သူမရဲ့ နေ့စဉ်စားဖို့ အစားအသောက်တွေကိုလည်း ကျန်းသခင်မကြီးကဘဲ တုန်အာကိုလာယူစေပြီး ဖန်ဖိန်းဥယျာဥ်ကို ပို့ဆောင်စေခြင်းဖြင့် စီမံပေးနေခဲ့တာဖြစ်တယ်။ အဲ့လိုနည်းက မမြင်ရတဲ့အရာတွေအတွက် စိတ်ထဲမှာ ပူပင်သောကရောက်မနေဘူးလို့ အတိအကျဆိုနေတာပဲ။ သို့ပေမယ့် သူမက လစ်လျူရှုထားလိုက်တာနဲ့ အလိုလို ပျောက်ကွယ်သွားမတဲ့လား။ ဒီအချိန်မှာ ငြိမ်းချမ်းနေတယ်ဆိုတာက လာမဲ့လှိုင်းလုံးတွေအတွက် ပြင်ဆင်နေလို့ပဲ။

ဒီနေ့ရဲ့ မနက်ခင်းက မိုးရွာထားတာကြောင့် ကောင်းကင်ကြီးက ကြည်လင်နေပြီး အရင်ရက်တွေက ဆီပူနဲ့ကြော်ခံနေရသလို ပူအိုက်တဲ့နေ့မဟုတ်တဲ့ ရှားရှားပါးပါး အေးမြလန်းဆန်းတဲ့နေ့လေး ဖြစ်တယ်။ မနက်စာစားပြီးတော့ ကျန်းလီက ရှန်းချောင်ကို သူမရဲ့ အပြင်ထွက်တစ်ပတ်ပတ်မဲ့ အစီအစဉ်ကို ပြောပြလိုက်တယ်။ အဝေးတစ်နေရာမှာ ရပ်နေတဲ့ ယွမ်ရွှမ်းက ဘာမှမပြောဘဲ ငြိမ်ငြိမ်လေးရပ်နေပြီး ရှန်းချောင်ကကျန်းလီကို ပြန်မေးတာကို နားစွင့်နေတယ်။

"မမလေးနှစ်က ဘာလို့ ရုတ်တရက်ကြီး အပြင်ထွက်ချင်ရတာလဲ"

"ကျွန်မ အိမ်တော်မှာ နေ့တိုင်း ဒီတိုင်းကြီး နေနေရတာ လဝက်တောင်ရှိနေပြီ..အရမ်းပျင်းတယ်။ ဒီနှစ်တွေအတွင်း ယန်ကျင်းက ဘယ်လိုပုံရှိလဲတောင် မသိသေးဘူး။ အဲ့ဒါကြောင့် အပြင်ထွက်ပြီး ဟိုနားဒီနားလျှောက်သွားချင်ရုံပါ.."

သူမက ရှန်းချောင်က ပြန်ပြောမှာကိုတောင် မစောင့်တော့ဘဲ ဆက်ပြောတယ်။

"ပြီးတော့ ညီမလေး ၃ရဲ့ မွေးနေ့ကလည်း ဘယ်လောက်မှ မလိုတော့ဘူးဆိုတော့ ကျွန်မ အဲ့ကို လက်ဗလာနဲ့ သွားလို့မရဘူးလေ"

ရှန်းချောင်ရဲ့ မျက်လုံးတွေက မမေးခင် ခိုးကြောင်ခိုးဝှက်နဲ့ ဟိုဘက် ဒီဘက်ကြည့်ပြီးတော့မှ "မမလေးက သခင်မလေး ၃ အတွက် လက်ဆောင် ဝယ်ချင်လို့လား"

"အမှန်ပဲ" ကျန်းလီက အပြုံးနဲ့အတူ ဆိုတယ်။ "တစ်ခါတည်း ကစားစရာ အသစ်လေးဘာလေးများ ရှိမလားလို့ လှည့်ပတ်ကြည့်မလို့"

ရှန်းချောင်က ရုတ်တရက် စိတ်ထဲတရွရွဖြစ်သွားတယ်။ ဒါတွေဝယ်ဖို့ ကျန်းလီအပြင်ထွက်တဲ့နောက် သူလိုက်ပေးရင် ဘယ်ပြောလို့ရမလဲ ဆုတွေဘာတွေတောင်ရနိုင်သေးတယ်။ ပြောရမယ်ဆို ဒီသခင်မလေးက ဘုရားကျောင်းမှာ ကြီးလာတယ်သာဆိုတယ် အသုံးအဖြုန်းကတော့ အတော်ကြီးတယ်။ အရင်သခင်မရီကျန်းကျန်းနဲ့တူလို့ လက်ဖွာတာလား တုံးအလို့ဘဲလားတော့ မသိဘူး။ နေ့တိုင်း သူမကို ရက်ရက်ရောရော ဆုချနေခဲ့တယ်။ ဒီလအတွင်း ကျန်းလီဘေးမှာနေရင်း ရထားတဲ့ဆုလာဘ်တွေက ရှန်းချောင်ရဲ့အရင်တစ်နှစ်ပတ်လုံးရထားတဲ့ ဆုအရေအတွက်ကိုတောင် ခဏလေးနဲ့ ကျော်သွားပြီဖြစ်တယ်။ သူက တမင်တကာ မေးတယ်။

"မမလေး အခုတလောတင်ဘဲ ပိုက်ဆံအများကြီး သုံးပြီးသွားပြီလေ"

"ဘွားဘွား ပေးထားတဲ့ ငွေတုံးတွေ မသုံးရသေးဘူးလေ" ကျန်းလီက ရယ်ပြီးဖြတ်ပြောတယ်။

"အဲ့ဒါနဲ့ဆို ပစ္စည်းကောင်းတချို့ ဝယ်ဖို့လုံလောက်ပါတယ်"

23 02

အဲ့ဒါတော့ မှန်တယ် မမလေးက သူ့ကိုလက်ဝတ်ရတနာတွေပဲပေးခဲ့တာ ငွေတုံးတွေကို ထိတောင်မထိသေးဘူး။ ရတနာတွေထက် ငွေတုံးတွေက ပိုတန်ဖိုးရှိလို့များလား ဘာပဲဖြစ်ဖြစ် ရှန်းချောင်က သူမရဲ့ စားဝတ်နေရေး လမ်းပေါက်ကို တက်တက်ကြွကြွနဲ့ ပိတ်မှာတော့ မဟုတ်ဘူး။ တွေးကြည့်တော့မှ ဒီနေ့ ကျန်းလီက ငွေသုံးတော့မယ်ဆိုတော့ သူလည်းရရင်ရနိုင်တာပဲ ချက်ချင်းဘဲ အခုနက ကျန်းလီ အပြင်ထွက်ဖို့ကို တားမဲ့အကြံက ကြက်ပျောက်ငှက်ပျောက် ပျောက်သွားတယ်။

သူက အသံထွက်ရုံမျှနဲ့

"အဲ့လိုဆိုလဲ ဒီအစေခံက မမလေးကို အပြင်ထွက်ရာမှာ အဖော်ပြုပေးပါ့မယ်။ ဒီအစေခံက မမလေး ၃ကိုလည်း အပြင်သွားရင် အဖော်ပြုပေးနေကျဆိုတော့ ယန်ကျင်းက ဆိုင်ကောင်းကောင်းတွေကို သိပါတယ်"

ယွမ်ရွှမ်းက ရှန်းချောင်ရဲ့ တုံ့ပြန်မှုကို မကျေနပ်ပေမဲ့ ကျန်းလီက

"ကောင်းပြီ တုန်အာ နင်လည်းလိုက်ခဲ့ရမယ်။ ဒါဆို ရှန်းချောင်မမကို ဒုက္ခပေးလိုက်ပါဦးမယ်"

သူမက တမင်ပဲလား မရည်ရွယ်ပဲလားမသိ ယွမ်ရွှမ်းကို အဖက်တောင်မလုပ်ဘူး။

အစေခံက နှစ်ယောက်ဆို လုံလောက်နေပြီ ပြီးတော့ ယွမ်ရွှမ်းကလည်း သူတို့နဲ့ လိုက်မှာမဟုတ်ဘူး။ အစကတည်းက ယွမ်ရွှမ်းက ဒီဒုတိယ သခင်မလေးကို ထည့်သွင်းစဥ်းစားခဲ့တာ မဟုတ်ဘူး အခုကျန်းလီရဲ့ အပြုအမူက သူကလည်းပဲ သူမ(ယွမ်ရွှမ်း)ကို စိတ်ထဲတောင်မရှိဘူးဆိုတာ အတိအလင်း ကြေငြာလိုက်တာပဲ။

ကျန်းလီတို့ အခန်းထဲက ထွက်သွားတော့မှ ယွမ်ရွှမ်းက မုန်းတီးစွာနဲ့ ပေါက်ကွဲပြီး ခပ်မြန်မြန်ဘဲ ကျီရှုးရန်ရဲ့ နွေးထွေးပြီးတော့ ကျက်သရေရှိတဲ့ အဆောင်ဝင်းဆီ လှည့်ထွက်သွားတော့တယ်။

ကျန်းလီက အိမ်တော်က ထွက်လာတဲ့အချိန် ဂိတ်စောင့်တပ်သားလေးက အတော် စိုးရိမ်ကြောက်ရွံ့သွားပုံပဲ။ ကံကောင်းတာက ရှန်းချောင်က သူနဲ့အရမ်းရင်းနှီးတော့ စကားအနည်းငယ်ပြော လိုက်ရုံနဲ့ သူက ခွင့်ပြုပေးပြီး ရထားလုံးနဲ့အတူ ကိုယ်ရံတော် နှစ်ယောက်ပါ ထည့်ပေးလိုက်တယ်။ သူက ကျန်းလီက ဒီအိမ်တော်မှာ သိပ်အရေးပါအရာမရောက်ဘူးလို့ တွေးတယ်ထင်ပါရဲ့ ထည့်ပေးလိုက်တဲ့ ကိုယ်ရံတော်နှစ်ယောက်က အတော်ငယ်ပြီး ခပ်ပျော့ပျော့တွေသာ ဖြစ်တယ်။ ဒါပေမဲ့လည်း ကျန်းလီက သူတို့နောက်ကို အားကောင်းမောင်းသန်နဲ့ အရာရာကိုလိုက်အများကြီးတွေးနေတဲ့ သူတွေ မလိုချင်တာကြောင့် ဒါလည်းခပ်ကောင်းကောင်းပါပဲ။

တုန်အာက ကျန်းအိမ်တော်က ထွက်လိုက်တာနဲ့ စိတ်သက်သာရာရသွားသလို သက်ပြင်းချလိုက်တယ်။ ဒီရက်တွေထဲ သူမခမျာ ကျန်းအိမ်တော်ထဲမှာ နေရင်း ကျန်းလီကို မျက်နှာပျက်စေမဲ့အရာတွေ မလုပ်မိဖို့ အနေကျပ် အစားခက်နဲ့ ဆင်ခြင်ခဲ့ရတာကြောင့် အတော်လေး မွန်းကြပ်ခဲ့ရရှာတယ်။ နေ့တိုင်း သူမမှာ အရာအားလုံးကို အသေးစိတ်ကအစ အရမ်းသတိထားနေခဲ့ရတာက ရေခဲပြင်ပါးပါးလေးပေါ်မှာ လမ်းလျှောက်နေရသလိုပဲ။ သူမတို့ အပြင်ရောက်တာနဲ့ တုန်အာက ရုတ်တရက် ရှန်းချောင်က မုန်းစရာတော့ မဟုတ်ပေမဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတယ်လို့ ခဏခဏ ခံစားနေရတယ်။ ရှန်းချောင်ကလည်း အပြင်ရောက်တာနဲ့ ချက်ချင်း တုံ့ဆိုင်းခြင်းမရှိ ပြောတယ်။

"မမလေး ကျွန်မ ယန်ကျင်းက အကောင်းဆုံး ရတနာဆိုင်ကိုသိတယ်...အဲ့ဒါက

ကျီရှန်းလို့ ဘဲ "

ကျန်းလီအတွက် တခြားသွားစရာလည်း မရှိတာမို့ ငြင်းလို့မကောင်းတာကြောင့်

"ကောင်းပြီ အဲ့ကိုပဲ သွားကြတာပေါ့"

အမှန်တော့ ယဲ့မိသားစုက ကျန်းလီရဲ့အမေဘက်က အဘွားက စပြီး ကျောက်မျက်ရတနာတွေနဲ့ အဖိုးတန်ကျောက်တွေကို အရောင်းအဝယ်လုပ်ခဲ့တာဖြစ်တယ်။ ကျီရှန်းလို့ လောက်မကျော်ကြားပေမဲ့ သူ့ဟာနဲ့သူတော့ နာမည်ရှိတယ်။ အဲဒီနောက် ယဲ့မိသားစုရဲ့ စီးပွားရေး တိုးတက်မှုက အခြားနယ်ပယ်တွေမှာပါ ပိုပိုပြီး တိုးပွားကျယ်ပြန့်လာတော့တယ်။ အဲ့တော့ သူတို့က ဒီကျောက်မျက်စီးပွားရေးအပေါ် သိပ်မတွယ်တာနေတော့ဘူး။

သူတို့ ကျီရှန်းလို့ ကိုရောက်တဲ့အခါ ဆိုင်ဝန်ထမ်းလေးက ရှန်းချောင်ကိုတွေ့တော့ နွေးနွေးထွေးထွေး နှုတ်ဆက်ပြီး သူမဘေးက ကျန်းလီကိုလည်းတွေ့ရော ခဏလောက် ကြောင်ငေးနေပြီးတော့မှ ထုတ်ပြောလာတယ်။ "ဒီက သခင်မလေးက....."

အရင်ကဆို ရှန်းချောင်က ကျီရှုးရန်တို့ ကျန်းယို့ရောင်တို့နဲ့ဘဲ လာလေ့ရှိတာ အခုကျ တခြားသခင်မလေးတစ်ယောက်ကို အဖော်ပြုပေးနေတယ်။ အဲ့သခင်မလေးက ကျန်းအိမ်တော်ရဲ့ ရထားလုံးထဲမှာထိုင်နေပြီး သူမရဲ့ ပုံပန်းကို အတော်လေး စိမ်းသက်နေတာကြောင့် ဆိုင်ဝန်ထမ်းလေးက ပူပင်ကြောင့်ကြသွားတယ်။ သူက တခြားမိသားစုခွဲက တစ်ဆင့်နိမ့် ကျန်းသခင်မလေးတွေလည်း မဟုတ်ဘူး။ သူကကျန်းမိသားစုရဲ့ အလှမ်းဝေးတဲ့ဆွေမျိုး တစ်ယောက်များလား

သူတွေးနေတုန်း ရှန်းချောင်က ထူးဆန်းတဲ့ အမူအရာဖြစ်သွားပြီးမှ တုံ့ဆိုင်းစွာနဲ့ အနေရခက်စွာပြောတယ်။

"ဒါက ကျွန်မတို့ အိမ်တော်ရဲ့ ဒုတိယ ကျန်းသခင်မလေး ပါ"

သူမရဲ့ 'ဒုတိယကျန်းသခင်မလေး' ဆိုတာကိုကြားပြီး အပြည့်အစုံ သဘောမပေါက်ခင်အထိ သူ့မျက်နှာပေါ်မှာ အားတက်သရောအပြုံးလေးရှိသေးတယ်။

ကျန်းအိမ်တော်မှာ ဘယ်တုန်းက ဒုတိယ သခင်မလေး ရှိသွားရတာတုန်း

သူကကျန်းလီကို မြင်သွားတော့မှ ရုတ်ခြည်း သူ့ခမျာ တံတွေးတောင်သီးသွားတယ်။

ဒု-ဒုတိယကျန်းသခင်မလေး သခင်မကျီနဲ့သူ့မောင်ဖြစ်လာမဲ့ကလေးကို ပျက်ကျအောင်လုပ်ခဲ့လို့ သီလရှင်ကျောင်းအပို့ခံလိုက်ရတဲ့ ရက်စက်တဲ့ မကောင်းဆိုးဝါး သခင်မလေး

23 03

ကောလဟာလတွေ ပြောသလိုမျိုး သူမမျက်နှာက တအား ရက်စက်ယုတ်မာ အကျည်းတန်နေတာမျိုးတော့ မဟုတ်ဘူး။

သူကတွေးထားသလို အကြင်နာမဲ့ပြီးကြောက်စရာကောင်းတဲ့ပုံလည်း မဟုတ်ပြန်ဘူး။ ထိုမိန်းကလေးက လရောင်လို ဖြူဖွေးတဲ့စကပ်နဲ့ ကျောက်စိမ်းရောင် အပေါ်ထပ်ကိုတွဲဖက်ထားတာက ရိုးရိုးရှင်းရှင်း ပေါ့ပေါ့ပါးပါးပုံပေါက်နေစေတယ်။ သူ့ကိုမြင်တော့ သူမကခေါင်းငဲ့ကြည့်လာတယ်။ သူဖြစ်နေတဲ့ပုံကို ကြည့်ပြီးသူမက ရွှင်မြူးစရာတစ်ခုခုကိုတွေ့လို့ သဘောကျသလိုနှုတ်ခမ်းထောင့်က ကော့တက်သွားတယ်။

ခရစ်စတယ် ကျောက်သလင်းလို ကြည်လင်ကျော့ရှင်းစွာနဲ့ သိမ်မွေ့လှတဲ့ သူမရဲ့ အသွင်အပြင်က Bodhisattvaပန်းပုရုပ်ရဲ့ အောက်ခုံမှာရှိတဲ့ ကျောက်စိမ်းလို

မြင့်မြတ်တဲ့ မ​သေမျိုးမိန်းကလေးအတိုင်းပဲ။

အမလေး မွေးသမိခင်ကျေးဇူးရှင်ရေ ဒါက ဘယ်လိုလုပ်ကျန်းမိသားစုရဲ့ ဒုတိယ သခင်မလေး ဖြစ်နိုင်မှာလဲ

ဆိုင်ဝန်ထမ်းလေးက စိတ်ရှုပ်ထွေးသွားပြီး မူးမေ့လဲတော့မလို ခံစားလိုက်ရတယ်။တုန်အာက စိတ်တိိုတိုနဲ့ ထပြောတယ်။

"ဒီက အကိုလေးက ဆိုင်လာတဲ့ ဧည့်သည်ကိုကြိုဆိုဖို့ အစီအစဉ်မရှိဘူးလား"

အဲ့တော့မှ သူကသတိပြန်ဝင်လာပြီး အထပ်ထပ်အကာကာ တောင်းပန်တော့တယ်။ သူက ကျန်းလီကို တစ်ချက်ခိုးကြည့်လိုက်တော့ သူမက ဒေါသထွက်တာမျိုးမရှိဘဲ ပြုံးနေတုန်းပဲ။ နဂိုထဲက သူ့ရဲ့ ဗလာဦးနှောက်က ခဏလေးအတွင်းမှာပဲ ခပ်ကြောင်ကြောင်ဖြစ်သွားပြန်တယ်။ သူက မတုံ့ဆိုင်းရဲတော့ဘဲ သူတို့ကို ဆိုင်အတွင်းဖိတ်မံတကပြုကာ ကြိုဆိုလိုက်တယ်။ သူ့စိတ်ထဲမှာတော့ ဆိုင်မှာ ဒီနေ့ကျမှဘာလို့ ဘယ်သူမှမရှိရတာလဲ အဓိကခန်းဆောင်ထဲမှာဆို ပိုဆိုး တစ်ယောက်မှတောင် မရှိဘူး။ မဟုတ်ရင် ဆိုင်ကိုလာတဲ့သူတွေအားလုံး အဲဒီ ရက်စက်တဲ့သခင်မလေးရဲ့ ကြီးပြင်းလာပုံကိုတွေ့ကြရမှာပဲ။ သူတို့အကုန်လုံး သူ့ထက်တောင် ပိုပြီး ထိတ်လန့်ကြောက်ရွံ့သွားကြမှာ။

ကျန်းလီတို့အုပ်စု အထဲဝင်သွားတော့ ကျီရှန်းလို့ ရဲ့ဆန့်ကျင်ဘက် မနီးမဝေးက မျက်စိကျိန်းလောက်စရာ ခန့်ခန့်ထည်ထည် ဆောက်အအုံကြီးတစ်ခုရဲ့ အပေါ်ထပ်ပြူတင်းပေါက်မှာ လူနှစ်ယောက်ထိုင်နေကြတယ်။ တစ်ယောက်က ပြောတယ်။

"တွေ့လား ကျန်းအိမ်တော်က လူတစ်ယောက်ပဲ"

ထိုသူနဲ့ ဆန့်ကျင်ဘက်မှ လက်တစ်ဖက်က ရေနွေးကရားကို ညင်သာစွာ စောင်းငှဲ့လိုက်ရင်း ခွက်ထဲကိုလောင်းထည့်လိုက်တယ်။

မမျှော်လင့်ဘဲ ကြည်လင်ရှင်းသန့်တဲ့ လက်ဆစ်တွေက ပိန်သွယ်တဲ့ကြွေကရားအိုးထက်တောင် ပိုပြီး ရှည်သွယ်နေခဲ့တယ်။ ထိုသူရဲ့ အသံက အနည်းငယ် ပျင်းရိပျင်းတွဲနဲ့။

"အိုး မိတ်ဆွေတစ်ယောက်ပဲ"

Telegram မှာ အပိုင်း ၈၁အထိ ရောက်ပါပြီနော်။

Continue Reading

You'll Also Like

263K 23.8K 200
ဘာသာပြန် -ဆုမြတ်လှိုင်
20K 1.8K 28
ယုမန်မန်သည် ဥက္ကဌရဲ့ ထွက်ပြေးသွားသောသတို့သမီးဝတ္ထုထဲက " ဘန်းကိတ် ၊ မီးဖိုထဲက ဘန်းကိတ် " အဖြစ်သို့ ကူးပြောင်းလာခဲ့တယ်။ သူ့(မ)အမေက သန်မာပြီး သိမ်...
291K 40.6K 85
Name - My Husband With Scholar Syndrome Type - Web Novel (CN) Genre - Drama Romance Shoujo Slice of Life Author(s) Bạo Táo Đích Bàng Giải Grumpy Cra...
524K 76.6K 160
Disclaimer : I'm not own this novel. I'm just translate to MM langauge Eng Title- I become a burdensome child after transmigrating Author(s)- Biting...