Canolaပန်း​လေးရဲ့အဓိပ္ပါယ် (C...

Par A_Di_Nge

1.4K 115 12

Canolaပန်း​လေးရဲ့အဓိပ္ပါယ်က​ပျော်ရွှင်ခြင်းတဲ့ ဒီပန်း​လေးကိုယူပြီးအသက်တစ်ဘဝလုံး​​ပျော်ရွှင်နိုင်ပါ​စေ​နော် ... Plus

မိတ်ဆက်ခြင်း
intro
🍀ဆုံစည်းခြင်းရဲ့နိဒါန်း🍀
🍁ပန်း​လေးရဲ့ကတိစကား🍁
🌹ချစ်ရသူနဲ့ပြန်​တွေ့ချိန်🌹
မခွဲခွာခင်အခိုက်အတန့်🥀
🌻လွမ်းဆွတ်ခြင်းရဲ့​နေ့စွဲများ🌻
☘ဆန်းကြယ်​သောကံကြမ္မာ☘
ရပ်တန့်ထားချင်​သောအချိန်​လေး🍁
🍂​နောက်ဆုံးအချိန်🍂
❤💚Canolaပန်း​လေးရဲ့အဓိပ္ပါယ် or final
...

🌸Canolaပန်းချစ်သူ🌸

128 11 0
Par A_Di_Nge


ကျွန်​တော့်ချစ်သူကcanolaပန်း​လေးအတိုင်းပဲကျွန်​တော့်ကို​ပျော်ရွှင်မှု​ပေးနိုင်တယ်

                                              ##XiaoZhan
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

"ရိ​ပေါ်..!!!"

ချီချီကရိ​ပေါ်နဲ့​ရှောင်ကျန့်နားကို​ပြေးလာပြီးရိ​​ပေါ်ကိုဖက်ထားတဲ့​​ရှောင်ကျန့်လက်​တွေကိုဖယ်ချပစ်တယ်

"ရှင်ဒါဘာလုပ်တာလည်း..!!"

ထို​တော့မှ​ရှောင်ကျန့်ကရိ​ပေါ်မျက်နှာကို​သေချာပြန်ကြည့်စဥ်းစား​လေတယ်။ရုပ်​လေးကခပ်ဆင်ဆင်ဆို​ပေမယ့်သိပ်လည်းမတူ..။

"မင်းနာမည်ကရိ​ပေါ်လား"

​​ရှောင်ကျန့်ကရိ​ပေါ်ကို​သေချာကြည့်လို့​မေး​လေတယ်

"ဟုတ်ပါတယ်
ကျွန်​တော့်နာမည်ကဝမ်ရိ​ပေါ်ပါ
အကိုနဲ့လည်းတစ်ခါမှမ​တွေ့ဘူးပါဘူး"

ရိ​​ပေါ်ကယဥ်"​ကျေး"​လေးပြန်​ဖြေလိုက်တယ်
ရိ​ပေါ်ဒီ​တော့မှထိုလူကို​သေချာကြည့်မိတယ်​ချောတာမှအ​တော့်ကို​ချောတယ်။မင်းသားသာလုပ်ရင်အ​တော့်ကို​အောင်မြင်မယ့်ရုပ်။ပန်းဆိုင်ပိုင်ရှင်ဖြစ်​နေတာကိုပင်နှ​မြောမိတယ်

"​အော်...
ကိုယ်လူမှားသွားတယ်နဲ့တူတယ်
မင်းကကိုယ့်အသိနဲ့အရမ်းတူ​နေလို့ပါ
​တောင်းပန်ပါတယ်ကွာ..."

"ရပါတယ်ဗျာ... "

"​နောက်ခါမမှား​စေနဲ့​ပေါ့..."

ချီချီက​ဘောက်ဆတ်ဆတ်နဲ့ပြန်​ပြော​လေတယ်
​ရှောင်ကျန့်ကိုလည်းမျက်​စောင်းတထိုးထိုးနဲ့ရိ​ပေါ်ကိုလာဖက်လို့ကြည့်မရဖြစ်​နေပုံ။

"ဟုတ်ပါပြီ
ဒါဆိုအကို့ကိူသွားခွင့်ပြုပါအုံး"

"ဟုတ်ကဲ့ပါ.."

​ရှောင်ကျန့်ကသူတို့နှစ်​ယောက်ကို​ကျော​ပေးကာထွက်သွား​လေတယ်
ချီချီလည်းရိ​ပေါ်ဘက်လှည့်ကြည့်လိုက်​တော့​ရှောင်ကျန့်ကိုမျက်စိပြုတ်ထွက်မတတ်ကြည့်​နေ​လေတယ်

"ဟဲ့...!!
ရိ​ပေါ်ဘာ​တွေအဲ့​လောက်ကြည့်​နေတာလည်း"

"ငါ့နှလုံးသားမရှိ​တော့ဘူးချီချီ"

"ဟမ်..!!!"

"ငါ့နှလုံးသား​လေးကဟိုလူဆီကပ်ပါသွားပြီ"

"ဟမ်..!!!!"
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _

( Next Morning )

"အဲ့တာဘယ်သွားမလို့လည်းး"

​ကျောပိုးအိတ်​လေးကို​ဘေးတစ်​စောင်းလွယ်ကာမတ်စ်တပ်​နေတဲ့ရိ​ပေါ်ကိုချီချီလှမ်း​မေးလိုက်တယ်

"ပန်းဆိုင်..."

"ဘာသွားလုပ်မှာလည်းး.."

"ပန်းသွားဝယ်မို့"

ရိ​ပေါ်ကရှည်ရှည်​ဝေး​ဝေး​ပြောမ​နေ​တော့ဘဲအမြန်သာထွက်လာလိုက်တယ်
ဆက်​နေ​နေရင်သူဒီ​နေ့ပန်းဆိုင်​ရောက်မှာမဟုတ်ချီချီကအဲ့​လောက်ကိုစပ်စု​လေတယ်

ရိ​ပေါ်လည်းသူ့ရဲ့စီး​တော်ယာဥ်ဆိုင်ကယ်အစိမ်း​လေးကိုထုတ်ကာXFlowerပန်းဆိုင်ကိုဦးတည်လိုက်တယ်

_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

​🔔ကလင်...!ကလင်....!

​ေခါင်း​လောင်းသံ​လေးထွက်​ပေါ်လာပြီးဆိုင်ထဲကိုတစ်ကိုယ်လုံးအနက်​ရောင်ဝတ်ထားတဲ့လူတစ်​ယောက်ဝင်လာ​လေတယ်။မတ်စ်အနက်​ရောင်တပ်ထားတာ​ကြောင့်မျက်နှာကိုမမြင်ရ..။

"မင်္ဂလာပါ
XFlowerမှကြိုဆိုပါတယ်"

ထိုလူက​ခေါင်းတစ်ချက်ငြိမ့်ပြကာဆိုင်ထဲကိုသာ​ဝေ့ဝိုက်ကြည့်​လေတယ်

"မင်းသားဝမ်ရိ​ပေါ်ပါလား
ဘာကိစ္စရှိလို့​ရောက်လာရတာလည်း"

​ကောင်တာ​နောက်မှထွက်လာတဲ့​ရှောင်ကျန်မှလှမ်း​အော်လိုက်ခြင်း​​ကြောင့်​ဖေး​ဖေးရောစန်စန်ပါလန့်ဖြတ်ကုန်တယ်သူတို့ဟာချက်ချင်းရိ​ပေါ်အနားကိုအတင်းတိုးကပ်ကာ...

"တကယ်ပဲမင်းသားဝမ်ရိ​ပေါ်"

"ဘာလို့​ရောက်လာတာလည်းဟင်"

"ညီမကအကို့fan​လေးပါ"

"မတ်စ်​လေးချွတ်ပြပါလား"

"အသား​လေးကဖြူဝင်း​နေတာပဲ"

"ညီကအကို့ကိုအရမ်းကြိုက်တာ"

"အကိုရည်းစားရှိလား"

"အကိုပန်းကြိုက်တာလား"

"%$^#^%&^$*...............

သူတို့သိချင်တာ​မေးလိုက် ​ပြောချင်ရာ​ပြောလိုက်နဲ့စကားများ​နေတဲ့နှစ်​ယောက်​ကြောင့်ရိ​ပေါ်အ​နေစခက်လာ​လေတယ်

"​ကောင်မ​လေး​တွေ
အဲ့​လောက်မစပ်စုနဲ့​လေ"

"ဟုတ်....."

"ဟုတ်...."

​ရှောင်ကျန့်​လှမ်း​ပြောမှ​နောက်ဆုတ်သွားကြတဲ့​ကောင်မ​လေးနှစ်​ယောက်
ရိ​ပေါ်လည်းသိသွားပြီမို့ဆက်ဖုံးကွယ်မ​နေ​တော့ဘဲမတ်စ်ချွတ်လိုက်တယ်

"WoW....!!!!!အပြင်မှာပို​ချောတယ်"

"ချသ်စရာ​လေးးး...အိုက်စ်..!!!"

အသံမျိုးစုံထွက်​နေတဲ့​​ကောင်မ​လေးနစ်​ယောက်​ကြောင့်ရိ​ပေါ်မျက်ခုံးစုကြုံမိတယ်

"​ဖေး​ဖေးနဲ့စန်စန်
သွား..!လုပ်စရာရှိတာသွားလုပ်ကြ.."

"ဟုတ်..."

နှစ်​ယောက်လုံးသံပြိုင်ထွက်ကာမျက်နှာငယ်​​လေးနဲ့အလုပ်သွားလုပ်ရှာတယ်သူတို့သွားမှ​ရှောင်ကျန့်လည်းရိ​ပေါ်နား​လျှောက်လာကာ

"ဘာအလိုရှိလို့​ရောက်လာရတာလဲခင်ဗျ"

"ပန်းဆိုင်လာမှ​တော့ပန်းလာဝယ်တာ​ပေါ့
ဒီဘိုး​တော်ကြီးနဲ့က​တော့"

ရိ​ပေါ်ရဲ့စကား​ကြောင့်​ရှောင်ကျန့်မျက်​မှောင်ကြုံ့မိတယ်သူ့လိုငယ်ငယ်​ချော​ချော​လေးကိုမှဘိုး​တော်ကြီးတဲ့

"ကိုယ့်အသက်က26ပဲရှိ​သေးတယ်
ဘိုး​တော်ကြီးမ​ခေါ်နဲ့"

ရိ​ပေါ်သူ့​ရှေ့က ဘိုး​တော်ကြီး လို့​ခေါ်တာမကြိုက်လို့စိတ်ဆိုး​နေတဲ့​ရှောင်ကျန့်ကိုကြည့်ကာရီချင်စိတ်ကိုမျိုချထားရတယ်

"ကျွန်​တော်မှဘိုး​တော်ကြီးနာမည်မသိတာ
ဘယ်လို​ခေါ်ရမှာလည်း"

"ငါ့နာမည်က​ရောင်ကျန့်
ဘိုး​တော်ကြီးမဟုတ်ဘူး"

"ဟုတ်ပါပြီကိုကို​ရှောင်းရယ်"

ရိ​ပေါ်ရဲ့ကိုကို​ရှောင်းဆိုတဲ့​ခေါ်သံ​လေးကို​ရှောင်ကျန့်ကြားပြီးရင်ခုန်သံ​တွေမြန်လာ​လေတယ်

"ကိုကို​ရှောင်း...
ကျွန်​တော့်ကိုကျူးလစ်ပန်း​လေး​တွေပြပါလား"

"အာ..အင်းအင်း
ငါ့​နောက်လိုက်ခဲ့"

အ​ရှေ့က​နေ​ခြေလှမ်းကျဲကြီး​တွေနဲ့သွား​နေတဲ့​ရှောင်ကျန့်​နောက်ရိ​ပေါ်အမှီလိုက်ရ​လေတယ်
သူ့​ခြေတံရှည်​တွေကိုမှအားမနာသွား​နေတာကြီးက

"မင်းဘာပန်းလိုချင်လည်း
ဒီမှာအစုံရှိတယ်"

ရိ​ပေါ်လည်းကျူးလစ်ပန်း​ရောင်စုံကိုကြည့်ပြီးသူ့အစီအစဥ်ကိုစတင်လိုက်တယ်

"အနီ​ရောင်ကျူးလစ်ပန်း​လေး​ပေးပါ"

"ဘယ်နှစ်ပွင့်လည်း"

"တစ်ပွင့်ပဲ"

​ရှောင်ကျန့်လည်းအနီ​ရောင်ကျူးလစ်ပန်းတစ်ပွင့်ယူကာရိ​ပေါ်ကို​ပေးလိုက်တယ်

"ကျွန်​တော့်ကိုလက်​ဆောင်​ပေးပါလား"

မျက်နှာ​လေးကိုခိစ်စရာ​ကောင်း​အောင်လုပ်ကာ​ပြောလာ​​သောရိ​ပေါ်​ကြောင့်​ရှောင်ကျန့်အသည်း​တွေယားလာမိတယ်။
​ရှောင်ကျန့်လည်းပန်းတစ်ပွင့်နဲ့ဘာမှမဖြစ်သွားတာမို့ရိ​ပေါ်ကိုလက်​ဆောင်​ပေးလိုက်တယ်

"အင်း..ယူသွား​လေ"

"လက်​ဆောင်​ပေးတာလား"

"အင်း"

"တကယ်​နော်
ကိုကို​ရှောင်းကိုယ်တိုင်​ပေးတာ​နော်"

"အင်း...ဟုတ်တယ်"

ရိ​ပေါ်အပြစ်ကင်းစင်စွာပြုံးလိုက်ပြီး

"ဒါနဲ့... အနီ​ရောင်ကျူးလစ်ပန်းရဲ့ပန်းစကားကို​ရောသိလားဟင်"

ရိ​ပေါ်ရဲ့​မေးခွန်း​ကြောင့်​ရှောင်ကျန့်​သေချာ​လေးပြန်စဥ်းစားကာ

"အချစ်ကိုဝန်ခံတာ​လေ။အနီ​ရောင်ကျူးလစ်ရဲ့ပန်းစကားက ကိုယ့်ရဲ့အချစ်ကိုဝန်ခံပါတယ် တဲ့"

အူတူတူအတတနဲ့ဖြေလာတဲ့​ရှောင်ကျန့်စကား​ကြောင့်ရိ​ပေါ်သွားတန်း​လေး​တွေ​ပေါ်သည်အထိပြုံးရယ်ကာ

"ဒါဆိုကိုကို​ရှောင်းကကျွန်​တော့်ကိုအဲ့ပန်းလက်​ဆောင်​ပေးတယ်ဆို​တော့ကိုကို​ရှောင်းရဲ့အချစ်ကိုဝန်ခံလိုက်တာ​ပေါ့​နော်"

"ဟမ်...!!"

ရိ​ပေါ်စကား​​ကြောင့်​ရှောင်ကျန့်​အံ့သြသွားကာအာ​မေဋိတ်အသံ​လေးပါထွက်သွားပါ​လေ

"ကျွန်​တော်စဥ်းစား​ပေးပါ့မယ်ကိုကို​ရှောင်းရယ်
ကျွန်​တော်ပြန်ပြီ​နော် byebye"

"ငါမဟုတ်...မဟုတ်... "

သူ​ပြောတာကိုပင်မ​စောင့်ဘဲ​ပြေးထွက်သွားတဲ့ရိ​ပေါ်ကိုကြည့်ကာ​ရှောင်ကျန့်အသာ​လေးပြုံးလိုက်မိတယ်

"ဟက်..!အရူး​လေးပဲ"

ဆိုင်ပြင်​ရောက်တာနဲ့ရိ​ပေါ်လည်းရင်ဘတ်ကိုဖိကာခုန်​နေတဲ့နှလုံးသားကိုငြိမ်​အောင်ထိန်းရတယ်
ပြီး​တော့လက်ထဲကကျူးလစ်အနီ​ရောင်​လေးကိုကြည့်ကာပါး​လေး​တွေမို့တက်သည်ထိပြုံးလိုက်တယ်

"ကိုကို​ရှောင်းကချစ်စရာကြီး..ဟီးး..."

_ _ _ _ _ _ _ _ _ _ _ _ _ _ _

"ဒီ​တော့မင်းရဲ့​ကောင်​လေးနဲ့တူတယ့်သူကို​တွေ့တယ်​ပေါ့ဟုတ်လား​ရှောင်ကျန့်"

"အင်းး...တူတာမှ​တော်​တော်​လေးကိုတူတာ"

ည​နေခင်းစား​သောက်ဆိုင်​လေးတွင်လူရှင်း​နေပြီးသီချင်းသံခပ်ငြိမ့်ငြိမ့်​လေးသာကြား​နေရတယ်

"အဲ့​ကောင်​လေးကမင်းအသက်မဟုတ်ဘူးလား"

"မဟုတ်ဘူး
အသက်သာဆိုငါ့ကိုမှတ်မိမှာ​ပေါ့
အခုသူကငါ့ကိုမသိဘူးတဲ့ပြီး​တော့နာမည်​လည်းမတူဘူး"

"နာမည်​ပြောင်းပြီးမင်းကိုလိမ်​နေရင်​ရော.."

ဟင်းး.....
​ရှောင်ကျန့်သက်ပြင်းရှည်ကြီးချကာ

"သူ့ပုံစံကလုံးဝအပြစ်ကင်းစင်တယ်
လိမ်​နေတဲ့ပုံလုံးဝမ​ပေါ်ဘူး"

"ဒါ​ပေမယ့်......

"ပြီး​တော့ငါ့အသက်ကမလိမ်တတ်ဘူး"

ပိုင်တန်းလည်းဘာ​ပြောလို့​ပြောရမှန်းမသိ
သူ့သူငယ်ချင်းကသာသာ​လေးနဲ့ရူး​နေရာတာ

"မင်း​သေချာ​လေးပြန်​တွေးကြည့်အုံး​နော်"

​ရှေ္င်ကျန့်ကပြတင်း​ပေါက်က​နေလမ်းမကြီးကို​ငေးကာ

"ပြန်​တွေးကြည့်.....
ငါသိပ်ချစ်မိသွားပြီ......."

"သူ​တောင်းစားးး...
ငါမင်းကိုသီချင်းဆိုခိုင်း​နေနာမဟုတ်ဘူး"

ပိုင်တန်းကလက်ထဲကစာအုပ်နဲ့​ရှောင်ကျန့်ကိုပစ်​ပေါက်​လေတယ်
​ရှောင်ကျန့်က​တော့ဟက်ပတ်ပတ်ရယ်ကာ

"မင်းကလည်းစိတ်ကြီးပဲ"

"ဟွင်းး...
ဂိမ်း​ဆော့ကြမလား​ရှောင်ကျန့်"

ဂိမ်းစက်ကိုမျက်စပစ်ကာ​ပြောလာ​သောပိုင်တန်း​ကြောင့်​ရှောင်ကျန့်လည်းအသာ​လေးပြုံးကာ

"ခိုင်းတာလုပ်​ကြေး"

"Ok ​လေ"

ဒီလိုနဲ့နှစ်​ယောက်သားက​လေးကြီး​တွေလိုဂိမ်း​ဆော့ကြပါ​လေ​ရော
တစ်ညလုံးနီးပါး​ပေါ့

_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

( Next Morning )

"အဲ့တာဘယ်သွားမလို့လည်း"

"ပန်းဆိုင်"

"မသွားနဲ့အုံး
ဒီကိုခနလာအုံး"

"ဘာလုပ်ဖို့လည်း"

"လာဆိုလာစမ်းပါ"

ရိ​ပေါ်လည်းချီချီနားမှာသွားထိုင်လိုက်တယ်
ချီချီကဖုန်းဖွင့်ပြီးရိ​​ပေါ်ဘက်​ပေးလာတာ​ကြောင့်ရိ​ပေါ်လည်းယူကြည့်လိုက်​​တော့​ရှောင်ကျန့်ပုံပင်

"သူနာမည်က​ရှောင်ကျန့်
အသက်26နှစ်ရှိပြီ ရည်းစားမရှိဘူး မိန်းမမရှုပ်ဘူး
သူ့ဘာသာ​အေး​ဆေး​နေတယ် မိဘ​တွေက​တော့မရှိ​တော့ဘူး လွန်ခဲ့တဲ့5နှစ်ကဆုံးသွားပြီ
​ဆွေမျိုးမရှိဘူးတစ်​ကောင်ကြွက်
​ရှောင်ကျန့်ကအနီ​ရောင်ကြိုက်တယ် ပုဇွန်ကြိုက်တယ် ပန်းချီဆွဲရတာဝါသနာပါတယ် ပန်းပင်​လေး​တွေကိုနှစ်သက်တယ် ​ကြောင်ချစ်တတ်တယ်
စိတ်ထား​ကောင်းတယ် ကြင်နာတတ်တယ် ကျန်းမာ​ရေးလိုက်စားတယ်
သူကအချစ်မှာကျားမ မ​ရွေးဘူး
အခုထိရည်းစားမရှိပုံ​ထောက်ရင်သူတကယ်ချစ်မယ့်သူကို​စောင့်​နေပုံပင်
သူ့မှာသူငယ်ချင်းတစ်​ယောက်ရှိတယ်
နာမည်ကပိုင်တန်း စား​သောက်ဆိုင်ပိုင်ရှင်
​ရှောင်ကျန့်မှာသူငယ်ချင်းဆိုလို့သူပဲရှိတယ်
ငါစုံစမ်းရသ​လောက်​တော့ဒါအကုန်ပဲ"

"ချီချီ....!!"

ရိ​ပေါ်တကယ်အံ့သြမိတယ်
ဒီ​လောက်အ​ကြောင်းစုံကိုသူဘယ်လိုများစုံစမ်းထားပါလိမ့် ပြီး​တော့ဒါ​တွေကရိ​ပေါ်အတွက်ပင်

"နင်သူ့ကိုလိုက်မယ်ဆိုအမြန်သာလိုက်​တော့
သူ့ကိုလိုချင်တဲ့သူကအများရီးပဲ"

"​ကျေးဇူးပဲဟာ"

"ရပါတယ်ငါ့သူငယ်ချင်းအတွက်ပဲကို"

"အင်းဒါဆိုငါသွားပြီbyebye"

​ပြောပြီး​ပြေးထွက်သွားျသာရိ​ပေါ်
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

"မင်းကလည်းငါအဆင်​ပြေပါတယ်"

"​ပြေ​ပြေမ​ပြေ​ပြေ
ဒီ​နေ့ဆိုင်ပိတ်ထားလိုက်ပြီးငါ့ဆိုင်မှာလာနား
အနည်းဆုံး​တော့ငါ့ဆိုင်ကဆူညံမ​နေဘူး"

ပိုင်တန်းတစ်​ယောက်ညကဂိမ်း​ဆော့တာများပြီး​ခေါင်း​တွေကိုက်နေ​လေတယ်
ဒါ​ကြောင့်​ရှောငိကျန့်ကသူ့ဆိုင်ကို​ခေါ်လာခြင်းပင်

​ရှောင်ကျန့်တစ်​ယောက်ဆိုင်ထဲဝင်ဝင်ခြင်းမြင်လိုက်ရတဲ့မြင်ကွင်း​ကြောင့်ကိုယ့်မျက်လုံးကိုမယုံနိုင်​ပေ
ရိ​ပေါ်က​ဖေး​ဖေးနဲ့စန်စန်ကြားမှာရပ်ကာပန်းအလှဆင်​နေ​လေတယ်
အစိမ်း​ရောင်စွယ်တာ​လေးဝတ်ထားပြီးအလုပ်ထဲအာရုံစိုက်​နေပုံကအရမ်းကိုချစ်ဖို့​ကောင်း​လေတယ်
တစ်ခါတစ်​လေအလိုမကျလို့ဆူထွက်လာတဲ့နှုတ်ခမ်းရဲရဲ​လေးကအသည်းယားစရာပင်

"​ရှောင်ကျန့်
အဲ့​ကောင်​လေးကဝန်ထမ်းအသစ်လား"

"မဟုတ်ပါဘူး
ငါ​ပြောတဲ့အသက်နဲ့တူတဲ့တစ်​ယောက်​လေ"

ပိုင်တန်း​ကောင်​လေးကို​သေချာပြန်ကြည့်​ပေမယ့်မြင်ကွင်းကဝါး​နေ​လေတယ်
​ခေါင်းကိုက်​နေတာ​ကြောင့်ဘာဆိုဘာမှမမြင်ရ​ပေ

"ဆရာ​ရောက်လာပြီလားး...."

စန်စန်ရဲြအသံ​ကြောင့်​ဖေး​ဖေး​ရောရိ​ပေါ်ပါသူတို့ဘက်လှည့်လာ​လေတယ်

"အင်းး...."

"ရိ​ပေါ်​ကောမနက်​ကတည်းက​ရောက်​နေတာ
ဆရာကို​စောင့်ရင်းအလုပ်ဝိုင်းကူ​ပေး​​နေတာ​​လေ"

"မင်းတို့ကဘာလို့ဧည့်သည်ကိုအလုပ်ခိုင်းတာလည်း"

"မဟုတ်... "

"ကျွန်​တော်လုပ်ချင်လို့လုပ်တာပါဘိုး​တော်ကြီးကလည်း
​ဖေး​ဖေးတို့မခိုင်းဘူး"

ပိုင်တန်းတစ်​ယောက်ရင်းနှီး​နေတဲ့အသံကြားလို့​ခေါင်းငုံ့ထားရာက​မော့ကြည့်လိုက်​တော့သူရင်းနှီး​နေတဲ့မျက်နှာ​လေး

"အကိုပိုင်တန်း..!!"

"ဝမ်​လေး..."

နှစ်​ယောက်သားအကြာကြီး​ဝေး​နေတဲ့ညီအကို​တွေပြန်​တွေ့လိုက်ရလို့ဝမ်းသာကာ​ပွေ့ဖက်လိုက်ကြတယ်
သူတို့သာသတိထားမိမယ်ဆိုရင်​ရှောင်ကျန့်မျက်နှာပျက်သွားတာကိုမြင်ရမှာပါ

"မင်းနဲြရိ​ပေါ်ကသိ​နေကြတာလား"

"သိရုံတင်ဘယ်ကမလဲကွာ"

ပိုင်တန်းကရိ​ပေါ်ပခုံးကိုဖက်လို့မျက်ခုံးပင့်ကာဆို​လေတယ်

"မ​တော်ရ​သေးတဲ့​ခမည်းခမက်​တွေ​လေ"

ရိ​ပေါ်ရဲ့စကား​ကြောင့်ပိုင်တန်းကဟက်ပက်ပက်ရယ်ကာ

"မင်းအမငါ့မယား​လေး​ရော
ဘယ်လိုလည်း​နေ​ကောင်းလား"

"ဘာမယားလည်း
မယူရ​သေးဘူးဂုဏ်ပုဒ်ကထုတ်ပြ​နေပြီ"

"ဟား..ဟားး...
ဝမ်​လေးနဲ့​တွေ့မှပဲ​ခေါင်းကိုက်​နေတာပါ​ပျောက်သွား​တော့တယ်ကွယ်"

"​နေမ​ကောင်းဘူးလားအကိုပိုင်တန်း"

"​အေးဟ
မ​နေ့ညက​ရှောင်ကျန့်နဲ့ဂိမ်းပြိုင်​ဆော့တာညည့်နက်သွားလို့​လေ"

ထို​တော့မှရိ​ပေါ်က​ရောင်ကျန့်ကိြစိတ်ပူတဲ့မျက်ဝန်း​လေး​တွေနဲ့ကြည့်ကာ

"ကိုကို​ရှောင်း​ရော
​ခေါင်းကိုက်​နေလားဟင်
ကျွန်​တော်ဘာလုပ်​ပေးရမလည်ူ"

သူ့ကိုစိုးရိမ်ကာ​မေးလာ​သောရိ​ပေါ်​ကြောင့်​ရှောင်ကျန့်ရင်ထဲ​နွေး​ထွေးမှု​လေးခံစားလိုက်ရတယ်

"ကိုယ်ဘာမှမဖြစ်ဘူး
စိတ်မပူနဲ့ရိ​ပေါ်"

"ကျွန်​တော်​ကော်ဖီ​ဖျော်​ပေးရမလား
​ခေါင်းကြည်သွား​အောင်​လေ"

"ရတယ်မလို.....

"ကျွန်​တော်အခု​ဖျော်လာခဲ့မယ်"

ဆိုကာနား​နေခန်းထဲ​ပြေးဝင်သွားတဲ့ရိ​​ပေါ်
​ရှောင့်ကျန့်လည်းပန်ယဆိုင်ထဲမှာဧည့်သည်လာရင်ဧည့်ခံဖို့ထားထားတဲ့စားပွဲဝိုင်းကခုံ​လေးမှာသွားထိုင်​နေလိုက်တယ် ပိုင်တန်းလည်း​ရှောင်ကျန့်ရဲ့မျက်နှာချင်းဆိုင်မှာဝင်ထိုင်လိုက်တယ်
ခနအကြာမှာရိ​ပေါ်က​ကော်ဖီခွက်​​လေးသယ်ကာ​ရောက်လာ​လေတယ်

"ဒီမှာကိုကို​ရှောင်း"

​ရှောင်ကျန့်​ရှေ့​ကော်ဖီခွက်​လေးချကာဆိုလာ​​သောရိ​ပေါ်

"ဟိတ် ငါ့အတွက်​ရော.."

"​သောက်ချင်ကိုယ့်ဘာသာ​​ဖျော်​သောက်"

"ရားး....ငါလည်း​ခေါင်းကိုက်​နေတာပါ​နော်"

"ကျွန်​တော်နဲ့ဘာဆိုင်လို့လည်းအဲ့တာ"

"မငိးး....
ဟွင့်......"

နှုတ်ခမ်းကိုတစ်​တောင်​လောက်ဆူကာမ​ကျေနပ်​ကြောင်းပြ​နေ​သောပိုင်တန်း
​ရောင်ကျန့်လည်းသူ့သူငယ်ချင်းရဲ့က​လေးနဲ့ရန်ပြိုင်ဖြစ်​နေပုံကိုကြည့်ကာရီချင်စိတ်ကိုမြိုချထားရတယ်

"ဟင်...ဘာအနံ့လည်း"

​ရှောင်ကျန့်လည်းရိ​ပေါ်​ဖျော်လာ​ပေးတဲ့​​ကော်ဖီကို​သောက်မယ်လုပ်​တော့နှာ​ခေါင်းထဲဝယ်​ကော်ဖီနံ့သင်းသင်း​လေးအပြင်​ဆေးနံ့ကိုပါရ​နေ​သေးတယ်
​ရှောင်ကျန့်လည်းယုံတစ်ဝက်မယုံတစ်ဝက်ဖြင့်သာ​ကော်ဖီကို​သောက်လိုက်​တော့​ကော်ဖီအရသာအပြင်​ဆေးခါးအရသာကိုပါရ​နေ​လေတယ်

"ရိ​ပေါ်
​ကော်ဖီထဲဘာထည့်ထား​သေးလည်း"

"ဗျာ...."

"​ကော်ဖီထဲဘာထည့်ထား​သေးလဲလို့"

"ဟို....ကိုကို​ရှောင်း​ခေါင်းကိုက်သက်သာ​အောင်ကျွန်​တောိက​ဆေးကိုကြိတ်ပြီးထည့်​ဖျော်ထားတာ"

"ဟမ်...!!"

"ဟိုဘာမှမစိုးရိမ်ပါနဲ့
​ကော်ဖီကြီးပဲဆိုကျန်းမာ​ရေးမညီညွတ်ဘူး​လေ
အခု​ဆေးပါပါ​​တော့အားဖြည့်​ကော်ဖီဖြစ်တာ​ပေါ့​နော်"

"ခွီးး....."

ပိုင်တန်းတစ်​ယောက်မထိန်းနိုင်ဘဲရယ်မိ​လေသည်
ထိုသို့ရယ်လို့ရိ​ပေါ်ရဲ့မျက်​စောင်းလှလှ​လေးကိုလည်းရလိုက်ပါ​သေးတယ်

"ဟူး....ဘာ​ဆေး​တွေထည့်​ဖျော်လာတာလည်း"

"ဒီ​ဆေးပါကိုကို​ရှောင်း"

အိတ်ကပ်ထဲမှထုတ်ကာ​ပေးလာ​သော​ဆေးကဒ်ကိုရှောင်ကျန့်ကြည့်ပြီးနားထင်​သွေးပါ​ဆောင့်တက်ကုန်တယ်

"ဘာ​ဆေးမို့လို့လည်း"

ပိုင်တန်းလည်း​ရှောင်ကျန့်လက်ထဲက​ဆေးကဒ်ကိုယူကြည့်အပြီးမှာရယ်ချင်စိတ်ကိုလုံးဝမထိန်း​တော့ပဲတစ်ဟားးဟားး​အော်ရယ်မိ​လေတယ်

"ဟားးး...ဟားး....
ရိ​ပေါ်ဒါကစိတ်ကြွ​ဆေးကြီးဟားးး...."

"ဗျာ...!!!"

ရိ​ပေါ်အ​​တော်လန့်သွားကာ​အသံကျယ်သွား​​လေတယ်
​ရှောင်ကျန့်ကိုလည်းအသနာူခံတဲြမျက်ဝန်း​တွေနဲ့ကြည့်ကာသူလုပ်ခဲ့တဲ့လုပ်ရပ်​ကြောင့်ရှက်ပြီးပါယ​ဖောင်း​လေး​တွေရဲလာ​လေတယ်

​ရှောင်ကျန့်တစ်ယောက်တစ်ကိုယ်လုံးပူလာပြီး​နေရတာအဆင်မ​ပြေဖြစ်​နေချိန်ရိ​ပေါ်ရဲ့မျက်ဝန်း​လေး​တွေ​ကြောင့်စိတ်ကထိန်းမရဖြစ်လာ​လေတယ်
ရိ​ပေါ်ရဲ့ပါး​ဖောင်ယ​လေးနှစ်ဖက်ကကိုက်စားချင်စရာမိုချီလုံး​လေးလိုပင်

"ငါ..ငါtoiletသွားအုံးမယ်"

"ဟားး.....ဟားးး.....​သေချာလဲ​ဖြေရှင်းခဲ့အုံးဟားး...ဟားး...."

​ရှောင်ကျန့်ကအမြန်ထ​ပြေးသွား​လေတယ်

"ကျွန်..ကျွန်​တော်လည်း....ပြန်..ပြန်​တော့မယ်"

ရိ​ပေါ်ပိုင်တန်းကိုတသ်ချက်ဦးညွှတ်လို့အမြန်ထပြေးလာလိုက်တယ်ပျန်ခဲ့တဲ့ပိုင်တန်းက​တော့

"ဟားး. ...ဟားးး
ငါ​တော့မြင်​ယောင်​နေပြီ"

_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

"ရိ​ပေါ်..နင်​ရှောင်ကျန့်ဆီမသွားဘူးလား"

ဒီ​နေ့နဲ့ဆိုရိ​ပေါ်​ရှောင်ကျန့်ဆီမသွားတာ၅ရက်ရှိပြီ
ဟိုကိစ္စဖြစ်ပြီးကတည်းကမသွားခြင်းပင်

"ငါမသွား​သေးဘူး"

"နင်လည်း​လေ
အရာရာနဲ့အ​ကြောင်း​ကြောင်းကြီးပဲ
၆ထမဆုံး​နေ့မှာတင်ပြသနာရာလာခဲ့သိလားး. "

"ငါမှမသိတာ..."

📲ဒီးး.....!!!ဒီးး...!!!
ရိ​ပေါ်ရဲြဖုန်းကလာတာ​ကြောင့်ရိ​ပေါ်ကြည့်လိုက်​တော့ဖုန်းနံပါတ်စိမ်းဖြစ်​နေတယ်
ရိ​ပေါ်လည်းဘယ်သူလည်းသိချင်လို့ကိုင်လိုက်တယ်

"📱 Hello"

ရိ​ပေါ်ဖုန်းကိုချက်ချင်းခွာကာလက်နဲ့အုပ်လိုက်​လေတယ်

"ဘယ်သူမို့လို့လည်းရိ​ပေါ်"

"​ရှောင်ကျန့်"

ရိ​​ပေါ်​လေသံတိုးတိုး​လေးနဲ့ပြန်​ဖြေလိုက်တယ်

"ဟမ်
အဲ့တာဘာလုပ်​နေတာလည်း
​စကား​ပြောျလ"

"ဘာ​ပြောရမှန်းမသိလို့"

"မသိလည်းသူ​ပြောတာနား​ထောင်​​လေ
​တော်ကြာဟိုကဖုန်းချသွားအုံးမယ်"

"📱 helloရိ​ပေါ်ကိုယ်ပါ"

"ခင်ဗျားမှန်းသိတယ်
ဖုန်း​ခေါ်ပြီးစကား​ပြော​လေ"

"📱ဪ...
အင်း..ဟို​လေ..ကိုယ်နဲ့အတူ​နေရာတစ်ခု​ခေါ်သွားချင်လို့ အဲ့တာရိ​​ပေါ်လိုက်ခဲ့​ပေးပါလား"

"ဘယ်​​ခေါ်သွားမှာလည်း"

"📱ဟို​ရောက်ရင်သိမှာ​ပေါ့
အခုဆိုင်ကိုသာအရင်လာခဲ့​ပေး​နော်"

"အင်း"

ရိ​ပေါ်ဘက်ကပင်ဖုန်းစချလိုက်​လေတယ်
​ရှောင်ကျန့်ဘာဖြစ်မလည်း​တော့မသိရိ​ပေါ်က​တော့ရင်ခုန်နှုန်း​တွေမြန်​နေ​လေတယ်

"ချီချီ ​ရောင်ကျန့်ကငါနဲ့အပြင်သွားမလို့တဲ့"

"ဟုတ်လား
ဒါဆို​သေချာ​လေးပြင်ဆင်သွားရမယ်"

"အင်းအင်း"

"ရိ​ပေါ်
ချစ်ဖို့​​ကောင်းတာ​လေး​ရွေးဝတ်
အဲ့တာမှဟိုကနင့်ကိုတန်း​ကြွေသွားမှာ"

"Ok"

လက်​လေးနဲ့ok ပုံစံ​လေးလုပ်ပြကာ​ရေချိုးခန်းထဲဝင်သွား​သောရိ​ပေါ်
_ _ _ _ _ _ _ _ _ _ _ _ _ _ _

​ရှောင်ကျန့်တစ်​ယောက်ဆိုင်မှာဂနာမငြိမ်
ဟို​လျှောက်လိုက်ဒီ​လျှောက်လိုက်နဲ့ရိ​ပေါ်အလာကို​စောင့်​နေ​လေတယ်

ကျွီ....!!!

ဆိုင်​ရှေ့ကိုဆိုင်ကယ်တစ်စီး​ထိုးရပ်လာပြီးဆိုင်ကယ်​​ပေါ်မှ​ကောင်​လေးတစ်​ယောက်ဆင်းလာ​လေတယ်
​ရှောင်ကျန့်ကြည့်​နေရင်းနဲ့ပင်ထို​ကောင်​လေးကဆိုင်ထဲဝင်လာပြီးသူ့ဦးဆိုင်ကယ်ထုပ်ကိုဆွဲချွတ်မှရိ​ပေါ်မှန်း​ရှောင်ကျန့်သိ​လေတယ်

"ရိ..ရိ​​​ပေါ်...."

​ရှောင်ကျန့်ရိ​ပေါ်ကို​ခေါင်းစ​ခြေဆုံးကြည့်လိုက်​လေတယ် ဒီ​နေ့မှပင်ရိ​ပေါ်ကတစ်မျိုး​လေးချစ်ဖို့​ကောင်း​နေ​လေတယ်

ရိ​ပေါ်ကို​ခေါင်းစ​ခြေဆုံးကြည့်​နေ​လေတဲ့​ရှောင်ကျန့်​ကြောင့်ရိ​ပေါ်ပါး​လေး​တွေပင်ရဲလာ​လေတယ်

"ဘာကြည့်တာလည်း
မမြင်ဘူးလို့လား"

"မဟုတ်ရပါဘူး
ဒီတိုင်းချစ်ဖို့​ကောင်းလို့ကြည့်မိတာပါ"

"ဟွင့်...
ဘယ်သွားမှာလည်း"

"လာကိုယ့်ကားနဲ့​ခေါ်သွား​ပေးမယ်"

ရိ​ပေါ်လက်ကိုဆွဲကာ​ရှေ့ကသွားသူ​ကြောင့်ရိ​ပေါ်မှာ​ကြောက်​တောင်"​လေးနဲ့ပင်

သူတို့ရဲ့ကား​လေးကတိုက်​တွေအိမ်ရာ​တွေအားလုံးကို​​ကျော်ပြီးလူ​​ခြေတိတ်တဲ့​တောစပ်နား​လေးကို​ရောက်လာ​လေတယ်
​ရှောင်ကျန့်ကကား​လေးကို​နေရာတစ်ခုမာရပ်ကာကား​ပေါ်မှဆင်းလိူ့လမ်း​လျှောက်​လေတယ်
​ရိ​ပေါ်က​တော့​ရောင်ကျန့်​နောက်က​နေ​အူ​ကြောင်​ကြောင်​လေးနဲ့လိုက်ရတာ​ပေါ့

"ဆက်သွား​လေ"

ရုတ်တရတ်​ရောင်ကျန့်ကရိ​ပေါ်ကလမ်း​လျှောက်ရာက​နေရိ​ပေါ်ဘက်လှည့်လာ​လေတယ်

"ကိုယ်အခု​ခေါ်သွားမယ့်​နေရာကိုရိ​ပေါ်ဘယ်သူ့ကိုမှမ​ပြောပြရဘူး​​နော်
ကိုယ့်ကိုကတိ​ပေးနိုင်မလား"

"အွန်း..."

ထို​​တော့မှ​ရှောင်ကျန့်က​ရှေ့ဆက်သွား​လေတယ်
ရိ​ပေါ်တို့​လျှောက်ရင်း​လျှောက်ရင်းနဲ့ပင်ပန်းခင်းကြီးတစ်ခုကို​ရောက်လာ​လေတယ်

"WoW...!!လှလိုက်တာ"

"လှတယ်မလား"

"ခင်ဗျားဒီ​နေရာကိုဘယ်လိုသိတာလည်း"

"ကိုယ်ငယ်ငယ်ကမားနဲ့​လျှောက်လည်ရင်း​တွေ့တာ"

"အရမ်းလှတာပဲ"

ကျွန်​တော်တို့အခုပန်းခင်းကြီးတစ်ခု​ရောက်​နေခြင်းပင်
ပန်းအဝါ​ရောင်​လေး​တွေက​သေး​သေး​လေးနဲ့ချစ်စရာ​လေး
ဒီ​နေရာ​လေးကကျွန်​တော့်ကို​အေးချမ်း​စေတယ်
ဒီ​နေရာကို​ခေါ်လာ​ပေးတဲ့သူ​ရော​ပေါ့

"လာ..ရိ​ပေါ်"

​ရှောင်ကျန့်ကရိ​ပေါ်ကိုခုံတန်း​လေးတစ်ခုမှာထိုင်ခိုင်​း​လေတယ် ရိ​ပေါ်ကပန်း​လေးတစ်ပွင့်ကိုခူးကာ

"ဒီပန်းကဘာပန်းလည်းဟင်"

​ရှောင်ပျန့်ကရိ​ပေါ်လက်ထဲကပန်း​လေးကိုယူကာရိ​ပေါ်ရဲ့နားရွက်​လေးထက်ပန်​ပေးပြီး

"Canola flower
လှတယ်"

"ဗျာ..."

"မင်းကCanolaပန်း​လေးနဲ့လှတယ်"

​ရှောင်ပျန့်စကား​ကြောင့်ရိ​ပေါ်ပါး​လေး​တွေရဲပြီးရှက်သွား​လေတယ်

"ကိုယ်​လေဒီ​နေရာကိုလူ၃​ယောက်ကို​ခေါ်လာ​ဖူးတယ်"

"ဘယ်သူ​တွေလည်း"

"မားမားရယ် မင်းရယ် အသက်ရယ်"

"အသက်...!!"

"ကိုယ့်ချစ်ရသူ​လေ"

"ခင်ဗျားမှာချစ်သူရှိတာလား"

"အွန်း
ဟင်းးးးးး......

​ရှောင်ကျန့်ကသက်ပြင်း​လေးချကာ

"အသက်ထားသွားတာဒီ​နှစ်နဲ့ဆို၆နှစ်ရှိပြီ
သူအခုထိပြန်မလာ​သေးဘူး"

​ရှောင်ကျန့်ကိုကြည့်ကာရိ​ပေါ်ပင်ဝမ်းနည်းလာတယ်

"ကိုယ့်ချစ်သူ​က​လေCanolaပန်း​လေးအတိုင်းပဲ
ကိုယ့်ကို​ပျော်ရွှင်မှု​ပေးနိုင်တယ်"

​ရှောင်ကျန့်​ပြောတာကိုရိ​ပေါ်နား​ထောင်ကာစိတ်ထဲပင်ဝမ်းနည်းသွား​လေတယ်

"ပြီး​တော့မင်း​ေရာပဲ"

"ဗျာ..!!"

"မင်းလည်းကိုယ့်ကို​ပျော်ရွှင်မှူ​ပေးနိုင်တယ်ဝမ်"

_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

Update - 1,3,2024

Words - 4112

Arthur - Zora_ Virgo

updateကြာသွားလို့​တောင်းပန်ပါတယ်​နော်
😁😁






























Continuer la Lecture

Vous Aimerez Aussi

173K 17.8K 23
"𝙏𝙤𝙪𝙘𝙝 𝙮𝙤𝙪𝙧𝙨𝙚𝙡𝙛, 𝙜𝙞𝙧𝙡. 𝙄 𝙬𝙖𝙣𝙣𝙖 𝙨𝙚𝙚 𝙞𝙩" Mr Jeon's word lingered on my skin and ignited me. The feeling that comes when yo...
466K 31.5K 47
♮Idol au ♮"I don't think I can do it." "Of course you can, I believe in you. Don't worry, okay? I'll be right here backstage fo...
8.1K 523 10
နှစ်​သက်​လက်​​ဆောင်​အ​နေနဲ့ ​ရေးသားခြင်းပါ။ ဇာတ်​လမ်းအ​ရေးအသားအားလုံးက လင်း​နေရဲ့ စိတ်​ကူးကို ပုံ​ဖော်​ထားခြင်းပဲဖြစ်​ပါတယ်။ Short Story ​ပါ__ အခ...
306K 9.2K 100
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...