𝐈 𝐋𝐨𝐯𝐞𝐝 𝐇𝐢𝐦 𝐌𝐚𝐝𝐥...

By SuuNanChal

702K 33.8K 2.6K

စိုင်းတခေတ်မှိုင်း မြူဒေါင်းစိုင်းငယ် 26.8.2022 ဤစာပေသည်စာရေးသူ၏ စိတ်ကူးယဉ်ဖန်တီးမှုသက်သက်သာ ဖြစ်ပါသည် ။ မည်သ... More

အမှာစာ / အမွာစာ
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
စာပြင်ဖို့/စာျပင္ဖို႔
39
40
41
42
43
Hello
45
46
47
48
ဖတ်ပေးကြပါ
49
50
51
real51

44

6.2K 351 51
By SuuNanChal

Unicode





44

doctor ကျော်စွာအောင်က မေ့မြောနေတဲ့လူနာတဲ့ စမ်းသပ်လို့ပြီးသွားတော့ နောက်ကသူငယ်ချင်းဖြစ်သူ ရာဇာလွှမ်းခေါင်ထဲ မသင်္ကာသလို စိုက်ကြည့်၏။ ရာဇာလွှမ်းက ပြာပြာယာယာဘဲ။

''မင်းထင်နေသလို မဟုတ်ဘူးနော်။ သူကငါ့ကားရှေ့မေ့လဲနေလို့ ခေါ်လာတာကွ။ အဲ့မျက်ခွက်ကြီးနဲ့ လာမကြည့်နဲ့ကွာ''

''ဒီကောင်လေးက rape ခံထားရတဲ့ပုံဘဲ။ ငါတို့ရဲကိုအကြောင်းကြားသင့်တယ်။ ဒါပေမယ့် မဆင်မခြင်မလုပ်နဲ့ မင်းဘဲနာမည်ပျက်မှာ''

''အင်း ငါသိတယ် ''

''သူသတိရလာမှ ငါတို့မေးကြည့်ကြတာပေါ့''

ရာဇာလွှမ်းက ခေါင်းညိမ့်ပြ၏။ အိပ်ယာထဲက သူစိမ်းကောင်လေးကိုကြည့်ပြီး သနားစိတ်နဲ့စိုးရိမ်စိတ်က မြင့်တက်လာသည်။

မြူဒေါင်းငယ်က အိမ်မက်ထဲမှာ စိုင်းတခေတ်မှိုင်းဆီကလွတ်မြှောက်အောင် ပြေးလွှားနေပေမဲ့ ထိုလူ့ထံဘဲ ပြန်အဖမ်းခံနေရပြန်တယ်။ ကယောင်ကတန်းတွေ အော်ဟစ်ရင်း လန့်နိုးလာခဲ့၏။

''ဟင့်အင်း! မလုပ်ပါနဲ့ တောင်းပန်ပါတယ် လွှတ်ပေးပါ အား! လွှတ်လို့''

မျက်ရည်တွေစီးကျလာပြီး ရင်ဘတ်တစ်ခုလုံး မွန်းကြပ်လာကာ ပတ်ဝန်းကျင်ကို အထိတ်တလန့်ပြန်ကြည့်မိတယ်။ သူဘယ်ရောက်နေတာလဲ ကားတစ်စီးကသူ့ရှေ့မှာပေါ်လာပြီး သူဘာမှမမှတ်မိတော့ဘူး။ အခုသူက ကုတင်ပေါ်မှာ မဟုတ်မှ ကိုကိုဆီပြန်မိသွားခဲ့တာလား။

''မင်းသတိရလာပြီလား''

''ဘယ် ဘယ်သူလဲ''

''ကိုယ့်နာမည် ရာဇာလွှမ်းခေါင် ။ မင်းကိုယ့်ကားရှေ့ လဲကျသွားလို့ ကိုယ့်အိမ်ခေါ်လာတာ''

''...........''

သူ့နာမည်ကြားတာတောင် နည်းနည်းလေးမှအရောင်မပြောင်းသွားတဲ့ မျက်နှာလေးကြောင့် ရာဇာလွှမ်း မျက်လုံးတွေမှေးကျဥ်းသွားရ၏။ သူ့လိုနာမည်ကျော် တစ်ယောက်ရဲ့အိမ်ရောက်နေတာတောင် နည်းနည်းလေးမှ အံ့ဩမသွားတာလား။ ရာဇာလွှမ်းက စိတ်ထဲမကျေမနပ်ဖြစ်သွားတယ်။ သူဒီထက်နာမည်ကြီးဖို့ လိုနေသေးတယ်ထင်တယ်။ ဒီကောင်လေးက သူ့ကိုမသိဘူးတဲ့။

''မင်းကိုယ့်ကို မသိဘူးလား''

''ဗျာ.....ဟုတ်။ မသိဘူးဗျ''

''ခွီး.....''

''မင်း....!''

ကျော်စွာမှာ ခွီးကနဲထရီမိပေမဲ့ ရှေ့ကဂျိုအကြည့်ကြီးကြောင့် ချက်ချင်းပြန်ထိန်းယူရတယ်။ ရာဇာလွှမ်းခေါင်ဆိုတာ မြန်မာနိုင်ငံမှာသာမက တခြားနိုင်ငံတွေအထိပါ နာမည်ကြီးတဲ့ idolတစ်ယောက်ဘဲလေ။ ကမ္ဘာ့အချောဆုံးအမျိုးသားသရုပ်ဆောင်မှာပါ Top1စာရင်းဝင်ထားခဲ့သေးတာ။ ဘန်ကောက်မှာဆို ဒီကောင့်fanတွေအများဆုံးပဲ။ အဲ့တာကြောင့်လည်း ရာဇာလွှမ်းကဘဝင်ရူးရူးနေတာလေ။ အဲ့လိုကောင်ကို မသိဘူးပြောချလိုက်တော့ ဖြစ်သွားလိုက်တဲ့မျက်နှာကြီးကို ကျော်စွာပြန်တွေးမိပြီး ရီချမိပြန်တယ်။

အမလေးငါလေး အူတက် ။ ခွီး....ဟီး....ဟီး။

''မင်း! ငါ့ကို တကယ်မသိတာလား။ တမင်ဟန်ဆောင်ပြနေတာလား''

''ဗျာ....ကျွန်တော်က တကယ်အစ်ကို့ကိုမသိတာပါ''

''မင်း TVမကြည့်ဘူးလားကွ!''

''ဟား ဟား ဟား ဟား ငါမရတော့ဘူး ရာဇာလွှမ်းရေ အူတက်နေပြီ။ ဘဝင်ရူးကြီး အခုတော့တရှူးရှူးတရှဲရှဲအခွက်ကြီးနဲ့ အမလေး အားရလိုက်တာဗျာ''

''ဘောဘဲ! သူတောင်းစား မင်းအခုချက်ချင်းငါ့အိမ်ကထွက်စမ်း!''

''အေးပါကွာ ။ ထွက်ဆိုလည်း ထွက်ပါမယ် ကိုမသိဘူးကြီးရယ်''

''လီး...!''

ကျော်စွာကို ရာဇာလွှမ်းကခေါင်းအုံးနဲ့ ကောက်ပေါက်တော့မှ ချာကနဲလှည့်ပြေးတော့သည်။ သူတို့နှစ်ယောက်ကိုကြည့်ပြီး ကုတင်ပေါ်ကကောင်လေးမှာ အူကြောင်ကြောင်လေးကြည့်နေသေးတာ။ ရာဇာလွှမ်း ချောင်းဟန့်လိုက်ပြီးမှ ကုတင်ဘေးကိုဝင်ထိုင်လိုက်တယ်။

''ကိုယ့်ကို မင်းမသိဘူးဆိုမှတော့ ကိုယ့်ကိုယ်ကိုပြန်မိတ်ဆက်ပေးရမှာပေါ့ကွာ ။ ကိုယ့်နာမည်က ရာဇာလွှမ်းခေါင် ၊ အခုလက်ရှိနာမည်အရမ်းကြီးနေတဲ့ ရုပ်ရှင်မင်းသားတွေထဲက တစ်ယောက်ဘဲ၊ ကိုယ့်ရဲ့ နာမည်ကြီးဇာတ်လမ်းတွဲတွေက ပျားရည်ဆန်းတဲ့လမင်း၊ My Lovely ၊ ရုပ်ကြိုးပြတ် နောက်ကျရှာကြည့် ကိုယ်ဘယ်လောက်နာမည်ကြီးလည်း မင်းသိလိမ့်မယ်''

''ဗျာ....ဟုတ် ဟုတ် ''

ဒီလူက ရူးနေတာများလား။

''ကိုယ့်အကြောင်းမိတ်ဆက်ပြီးပြီဆိုတော့ အခုမင်းအလှည့် မင်းနာမည်က ဘာလဲ။ဘယ်ကလာတာလဲ။ ဘယ်မှာနေတာလဲ။ ဘယ်ကိုပြန်ပို့ပေးရမလဲ''

အခုရာဇာလွှမ်းရဲ့ ပုံစံကိုသာ အသဲစွဲfan girlsလေးတွေမြင်ရင် အတုကြီးလို့ပြောကြတော့မှာပါဘဲ။ ဘာလို့ဆိုတော့ သူတို့ရဲ့မင်းသားလေးက အချေမင်းသားလေးမို့လို့ဘဲ။ ချေချက်က သုံးလေးနှစ်လောက် မီးပူမတိုက်ဘဲလုံးချေထားတဲ့ အင်္ကျီထက်တောင်ပိုချေသေးတယ်။ အခုလို စကားများလွန်တဲ့ လူက ရာဇာလွှမ်းခေါင် အတုလိုဘဲထင်ကြမှာ သေချာတယ် ။

''ကျွန်တော်က......''

မြူသူ့ကိုယ်သူ ဘယ်သူဆိုတာကိုရော သူဘယ်ကလာတယ်ဆိုတာကိုရော ပြောမပြချင်ဘူး။ တကယ်လို့ပြောပြလိုက်ရင် သူ့ကိုပြန်ပို့မှာကို အတော်လေးစိုးရိမ်မိတယ်။ သူအဲ့ကိုပြန်မသွားချင်တော့ဘူး....ဒါကြောင့်။

''ကျွန်တော် မသိဘူး ။ ကျွန်တော်က ဘယ်သူလဲဆိုတာ မမှတ်မိတော့ဘူး ''

မလိမ်တတ်လိမ်တတ်နဲ့ လိမ်လိုက်ရတော့ လက်သည်းထိပ်လေးတွေနဲ့ လက်ချောင်းတွေကိုစိပ်နေမိတယ်။ သူပြောတာကို မယုံရင် ဘယ်လိုလုပ်ရမလဲ သူ့ကိုပြန်ပို့လိုက်ရင်ရော။

ရာဇာလွှမ်း ထိုကောင်လေးကို သေချာအကဲခတ်ကြည့်မိတယ်။ သူ့ပုံစံက သူဘယ်သူဆိုတာပြောပြချင်ပုံမရဘူးလေ။ နောက်ပြီး ကျော်စွာပြောသွာတာက ဒီကလေးက rape ခံထားရတာဆိုတော့ သူ့အတိတ်ကဘယ်လောက်ဆိုးဝါးခဲ့လို့ အခုဖုံးကွယ်ထားချင်ရတဲ့ပုံပါဘဲ။ ဒီကလေးပုံစံက အရမ်းသနားဖို့ကောင်းနေတယ်။ ရာဇာလွှမ်း သက်ပြင်းရှည်ကြီးချလိုက်ပြီး။

''မင်းညာနေတာ ကိုယ်သိတယ် ။ ဒါပေမယ့် မင်းမဖြေချင်တာကို ကိုယ်လည်းအတင်းမေးဖို့ စိတ်ကူးမရှိဘူး။ အခုမင်းဘာဆက်လုပ်မယ် စိတ်ကူးထားလဲဘဲ ကိုယ့်ကိုပြောပြ''

''ကျွန်တော် ကျွန်တော်အစ်ကို့ဆီမှ နေလို့ရမလားဟင်။ ဟို....ကျွန်တော် အလကားမနေပါဘူး အစ်ကိုခိုင်းသမျှအကုန်လုပ်ပါ့မယ်နော်။ ကျွန်တော့်ကို နေစရာနဲ့စားစရာပေးထားရင်ဘဲ ကျေနပ်ပါပြီဗျ''

''ကောင်းပြီလေ.....မင်းကိုယ့်အိမ်မှာနေပြီး ကိုယ့်ဝေယာဝစ္စတွေကို ကူလုပ်ပေးပေါ့''

''ဟုတ်ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် အစ်ကို''

''မလိုပါဘူး....အခုတော့ မင်းနားနားနေနေ နေပါ။မင်းဒဏ်ရာတွေ သက်သာမှ အလုပ်စလုပ်ပေါ့''

''ဗျာ.....အာ!''

မြူဒေါင်းသူ့ကိုယ်ပေါ်က အမှတ်အသားတွေကို ချက်ချင်းအမှတ်ရသွားပြီး မျက်နှာတစ်ခုလုံး နီရဲသွားသည်။ သူ့ကိုအထင်သေးသွားကြမလားမသိ။ သူ့ပုံစံကအရမ်းကို အပျက်ဆန်လွန်းနေပြီ။မျက်ဝန်းတွေက စိုစွတ်လာပြီးဖြစ်လို့ မျက်ရည်မကျအောင်ထိန်းနေရပြန်ပါသည်။

ရာဇာလွှမ်းက ရှေ့ကကောင်လေးရဲ့မျက်နှာလေးကို မျက်တောင်မခတ်ဘဲကြည့်နေမိတယ်။ ညှိုးကျသွားတဲ့ မျက်နှာလေးက သူ့စကားကြောင့်စိတ်ထိခိုက်သွားမလား စိတ်ပူမိ၏။

''ကိုယ်က ဒီအတိုင်းပြောလိုက်တာပါ။ ကိုယ်တောင်းပန်ပါတယ် မငိုပါနဲ့နော်''

''အဟင့်! ကျွန်တော် ကျွန်တော်က.....''

''မင်းရဲ့အတိတ်က ဘာတွေဖြစ်ခဲ့လဲကိုယ်မသိဘူး။ သိခဲ့ရင်လည်း ကိုယ်မင်းကိုအထင်မသေးဘူး။ မင်းရဲ့အတိတ်က မကောင်းခဲ့ဘူးဆိုရင် အဲ့အတိတ်ကိုမေ့ပစ်ပြီးတော့ ဘဝအသစ်စကြည့်ပါ ကိုယ်ဘေးကနေကူညီပေးမယ်။ မငိုနဲ့တော့နော် ''

မငိုဖို့ချော့ခံရတော့ မြူပိုပြီးဝမ်းနည်းလာမိသည်။ မျက်ရည်တွေကို ထိန်းမရတာကြောင့် အောက်နှုတ်ခမ်းကို ခပ်တင်းတင်းကိုက်ထားပြီး ခေါင်းညိတ်လိုက်၏။ဟုတ်တယ် သူ့ဘဝအသစ်ကို စရမယ်။ အဲ့လူကို သူ့ဘဝထဲကထုတ်ပစ်ပြီး ဘဝအသစ်စသင့်ပြီ။

''ကိုယ်မင်းကို ပူတင်းလုံးလေးလို့ ခေါ်မယ်''

''ဗျာ.....''

''မင်းက ကိုယ့်ကို နာမည်မပြောပြချင်ဘူးမလား။ အဲ့တော့ ကိုယ်မင်းကို နာမည်ပေးမယ် ။ ပူတင်းလုံးလေးလို့ ''

''မ မကောင်းပါဘူး အစ်ကိုကလည်း''

''ဒါပေမယ့် မင်းကတကယ် ပူတင်းလုံးလေးတွေအတိုင်းဘဲ ''

''မြူ....မြူလို့ဘဲ ခေါ်ပါ''

''မင်းနာမည်က မြူလား''

''မြူ မြူဒေါင်းငယ်ပါ။ ဒါပေမယ့် အဲ့နာမည်က ကျွန်တော်ရဲ့အတိတ်ကအကြောင်းတွေ ပြန်တွေးမိစေလို့ မလိုချင်ဘူး''

''မြူခိုးပြာ....''

''ဟင်....''

''မင်း မြူဒေါင်းငယ်ဆိုတဲ့ နာမည်ကိုမကြိုက်တော့ဘူးမလား။ အခုမင်းနာမည်က မြူခိုးပြာ ဖြစ်သွားပြီ။ ဒါပေမယ့် ကိုယ်ကတော့ ပူတင်းလေးလို့ပဲခေါ်မှာ''

''မြူခိုးပြာ....?''

''အင်း မင်းရဲ့မျက်ဝန်း အပြာရောင်လေးတွေနဲ့ လိုက်တယ်''

အစ်ကိုက မြူမျက်လုံးတွေကို သေချာစိုက်ကြည့်ပြီးပြောလာတော့ မြူ့ပါးလေးတွေ ရဲလာကာ။

''အ....အစ်ကိုသဘောပါဘဲ''

''အင်း....လိမ်မာတယ် ခဏအိပ်လိုက်ဦး။ ကိုယ်မင်းစားဖို့ ဆန်ပြုတ်လုပ်လိုက်အုံးမယ်''

''မဟုတ်တာ....အားနာစရာကြီး ။ ကျွန်တော့်ဘာသာဘဲ လုပ်စားပါ့မယ် အစ်ကို။''

''အားနာရင် နောက်မှကိုယ့်ကို ပြန်လုပ်ကျွေးတော့။ အခုတော့ ကိုယ့်စကားပဲ နားထောင်''

ထိုသို့ပြောအပြီး ရာဇာလွှမ်းက အခန်းပြင်ပြန်ထွက်သွားသည်။ မြူလည်း မျက်လုံးတွေကို ပြန်မှေးမှိတ်ပြီး သူ့ရဲ့အတိတ်ကို ပြန်တွေးမိနေပြန်သည်။ ဒီအချိန်လောက်ဆို စိုင်းတခေတ်မှိုင်းက သူ့ကိုမတွေ့လို့ ဒေါသထွက်နေလောက်မလား။ ဒါမှမဟုတ် သူ့ကိုများလိုက်ရှာနေမလား။ လိုက်ရှာမယ်လို့ တွေးမိတဲ့ မြူကသူ့ကိုယ်သူ လှောင်ရယ်မိသည်။ စိုင်းတခေတ်လိုလူက သူ့ကိုလိုက်ရှာမယ်တဲ့လား ဘယ်လောက်တောင်ဟာသဆန်လိုက်သလဲ။ လိုက်ရှာရအောင် ဒီလူကသူ့ကို ချစ်ခဲ့တာမှမဟုတ်တာ သူ့ဆီကလိုချင်တာရှိလို့ အသုံးချနေခဲ့တာ။ သူတို့သားအမိကို မုန်းလို့အသုံးချနေခဲ့တာ။ စိုင်းတခေတ်မှိုင်းက သူ့ကိုဘယ်တုန်းကမှ မချစ်ခဲ့သလို ။ ဘယ်တော့မှချစ်လာမှာလည်း မဟုတ်ဘူး ။ အဲ့တော့ စိတ်နာပစ်လိုက်စမ်းဘာ မြူဒေါင်းငယ်ရယ်။

ကိုယ့်ကိုယ်ကို ဖြေသိမ့်လိုက်ရင်း ရင်ဘတ်ထဲက သူ့နှလုံးသားလေးမှာတော့ ဓားမွှန်းခံထားရသလိုပါဘဲ။

တစ်ဖက်က စိုင်းတခေတ်မှိုင်းမှာတော့ နိုးနိုးချင်း မြူဒေါင်းငယ်ကို မတွေ့တော့တာကြောင့် ထိတ်လန့်သွားပြီး တစ်အိမ်လုံးအနံ့လိုက်ရှာတော့လည်းမတွေ့တော့ချေ။ စိတ်ပေါက်ပေါက်နဲ့ အခန်းတစ်ခုလုံးက ပစ္စည်းမှန်သမျှ ရစရာမရှိအောင် ဖျက်ဆီးနေမိ၏။ ရင်ဘတ်တစ်ခုလုံး တင်းကြပ်လာကာ မျက်ရည်များစီးကျလာ၏။ သူ့အတွက်တန်ဖိုးကြီး ပစ္စည်းတစ်ခုကို ဆုံးရှုံးရသလိုမျိုး စိတ်တွေမွန်းကြပ်လာမိသည်။ မိဘတွေဆီက ပစ်ပယ်ခံခဲ့ရတာထက်ပိုပြီး ဒီရင်ဘတ်ကနာကျင်လာခဲ့တာ။ သူမြူဒေါင်းငယ်ကို လက်လွှတ်မပေးနိုင်ဘူး။ မြူဒေါင်းငယ်ဆီက ကြင်နာမှုတွေကိုလိုချင်တုန်းပဲ။

ဘာလို့လဲ ဘာလို့ ရင်ဘတ်ကစောက်ရမ်း နာနေရတာလဲ။ မြူဒေါင်းငယ်က ဘာလို့သူ့ကိုထားခဲ့ရတာလဲ။ ပြောတော့ သူ့ကိုချစ်တယ်ဆို သူ့အနားမှာဘဲ တစ်သက်လုံးနေမှာဆို ဘာလို့သူ့ကို ထားခဲ့ရတာလဲ။ သူ့ကိုမလိုချင်တော့ဘူးလား။

''နင်က တကယ့်ဂြိုလ်ကောင်ဘဲ။ နင့်အဖေကလည်း နင့်ကိုမလိုချင်ဘူး ငါကလည်းနင့်ကို မလိုချင်တော့ဘူး''

''ငါတို့ ရန်ဖြစ်ရတာ နင့်ကြောင့်!''

''စိုင်းတခေတ်မှိုင်း! နင်လာစမ်း။ နင့်အဖေက နင်တစ်ယောက်လုံးမွေးလာတာတောင် ဘာလို့ ငါ့ကိုမလိုချင်သေးရတာလဲ။ ငါ့ကရော နင့်လိုကောင်ကို ဘာလို့မွေးလာရတာလဲ ဟမ်!''

''မင်းအဖေက အဲ့မိန်းမကြောင့် အမေတို့သားအမိကို မလိုချင်ဘူးတဲ့သား''

''အား.......မဟုတ်ဘူး! ''

''ဟုတ်တယ် မင်းကငါ့သား မဟုတ်ဘူး စိုင်းတခေတ်မှိုင်း!''

နားထဲ တဝဲလည်လည်ပြန်ကြားယောင်လာခဲ့တဲ့ စကားသံတွေ ။ ငယ်ငယ်လေးကတည်းက အိမ်မက်ဆိုးလိုဘဲ အခြောက်လန့်ခံခဲ့ရတဲ့ အဲ့ဒီစကားလုံးတွေ။ ဘာလို့လဲ ဘာလို့ သူ့ကိုမချစ်ပေးကြတာလဲ။ ဘာလို့ သူ့ကိုမလိုချင်ကြတာလဲ။ ဘာလို့ သူ့ကို အမြဲပစ်ပယ်ထားကြတာလဲ။ ဘာလို့ သူကအချစ်မခံရတာလဲ။ အခုလည်း သူ့ကိုချစ်တယ်ပြောပြီး ထားခဲ့ကြပြန်ပြီ။ ဘာလို့လဲ....။သူသိလိုက်ရတာ ချစ်ရမှာကြောက်တဲ့သူက မြူဒေါင်းငယ်ကို နက်နက်ရှိုင်းရှိုင်းနဲ့ ချစ်မိနေပြီဆိုတာပါဘဲ။

စိုင်းက မျက်ရည်တွေကအကြမ်းပတမ်းဖိသုပ်လိုက်ပြီး သူ့လူတွေဆီဖုန်းဆက်ပြီး မြူဒေါင်းငယ်ကို မတွေ့တွေ့အောင်ရှာခဲ့ဖို့ အမိန့်ပေးလိုက်တယ်။ ပြန်တွေ့လို့ ထပ်ထွက်ပြေးရင် အခန်းထဲပိတ်လှောင်ထားပစ်မှာ။ မြူဒေါင်းငယ်က သူ့ကိုချစ်ပေးနိုင်ဆုံးသောသူမလို့ သူထပ်ပြီးပစ်ပယ်မခံချင်တော့ဘူး။ သူ့အချစ်တွေကို အမုန်းတွေနဲ့ဖုံးကွယ်ထားမိတာ အခုတော့ မြူဒေါင်းငယ်ကို ဆုံးရှုံးလိုက်ရပြီ ။ သူ့လုပ်ရပ်တွေကြောင့် မြူဒေါင်းငယ်က သူ့ကိုမုန်းသွားတာ။

ကျေးဇူးပြုပြီး ကိုယ့်ကိုထားမသွားပါနဲ့ ကလေးရယ်။ ကိုယ်မှားပါတယ် ကိုယ့်အပြစ်တွေပါ။ ဒါပေမယ့် ကိုယ့်ကိုတော့မထားခဲ့ပါနဲ့ကွာ။

စိုင်းဟာ ကလေးတစ်ယောက်လို အသဲအသန်ငိုနေမိသည်။ သူကြောက်နေမိ၏။ သူထပ်ပြီး အချစ်မခံရတော့မှာကို....။

#TBC

အချစ်မခံရတဲ့ကလေးတွေဟာ မချစ်တတ်ကြသလို။ ချစ်ရမှာကိုလည်း အရမ်းကြောက်တတ်ကြပါတယ်တဲ့!။ ပေါ့သွားရင် တောင်းပန်ပါတယ်ရှင့်။ ရှေးလျှောက်အလံနီကြီးပြန်စိမ်းပါပြီနော်။

သုံးပွင့်ဆိုင်ဆို မြူကို ရာဇာလွှမ်းနဲ့ ပေးစားစေချင်နေကြပေမဲ့ စိတ်မကောင်းစွာဘဲ ဆူးနန်းအဲ့လိုရေးမှာမဟုတ်ပါဘူးရှင်။ seဖစ်နေမှာကြောက်နေကြတဲ့သူတွေ ဆူးနန်းကိုယုံပါ ဒီficက seမဟုတ်ပါဘူး  အရမ်းတွေ စပွိုင့်ပေးမိမှာစိုးလို့ ဒီလောက်ပါဘဲ :3

လက်က ကိုက်နေပေမဲ့ရေးပေးလိုက်ပါတယ်ရှင်လေးတို့ကို အရမ်းချစ်လို့ပါနော် ဒါပေမဲ့စိတ်မကောင်းတာက ဇာတ်မသိမ်းသေးဘူးလားလာလာမေးကြတာကိုပါဘဲ။ ဆူးနန်းဇာတ်သိမ်းချင် ဖြစ်သလိုပဲ သိမ်းလိုက်လို့ရပါတယ် ဒါပေမယ့် စာဖတ်သူတွေဘဲ ဇာတ်ရည်မလည်ဘူးဖြစ်သွားမှာပါကွယ် ဆူးနန်းက ဇာတ်အမြန်သိမ်းလိုက်ရလို့လည်း မပင်ပန်းပါဘူး။ အရင်ခြိန်းကိုရေးတုန်းကဆို ဇာတ်သိမ်းပိုင်းမရောက်ပါနဲ့အုံးဘဲပြောကြတာ အခုကျ အမြန်ပြီးစေချင်နေကြတာရော် ဆူးနန်း ficလေးကိုမကြိုက်ကြလို့လားဟင်🥺

အပိုင်းတစ်ပိုင်းပြီးအောင်ရေးလိုက်ရလို့ ဝမ်းသာအားရလေးလာတင်ပေးတာကို သာသာအပိုင်းတွေများနေပီ အခုထိမပြီးနိုင်သေးဘူးလားဆိုတော့ မကြိုက်များမကြိုက်ကြလို့လားတောင်တွေးမိသွားတယ်။






Zawgyi







doctor ေက်ာ္စြာေအာင္က ေမ့ေျမာေနတဲ့လူနာတဲ့ စမ္းသပ္လို႔ၿပီးသြားေတာ့ ေနာက္ကသူငယ္ခ်င္းျဖစ္သူ ရာဇာလႊမ္းေခါင္ထဲ မသကၤာသလို စိုက္ၾကည့္၏။ ရာဇာလႊမ္းက ျပာျပာယာယာဘဲ။

''မင္းထင္ေနသလို မဟုတ္ဘူးေနာ္။ သူကငါ့ကားေရွ႕ေမ့လဲေနလို႔ ေခၚလာတာကြ။ အဲ့မ်က္ခြက္ႀကီးနဲ႕ လာမၾကည့္နဲ႕ကြာ''

''ဒီေကာင္ေလးက rape ခံထားရတဲ့ပုံဘဲ။ ငါတို႔ရဲကိုအေၾကာင္းၾကားသင့္တယ္။ ဒါေပမယ့္ မဆင္မျခင္မလုပ္နဲ႕ မင္းဘဲနာမည္ပ်က္မွာ''

''အင္း ငါသိတယ္ ''

''သူသတိရလာမွ ငါတို႔ေမးၾကည့္ၾကတာေပါ့''

ရာဇာလႊမ္းက ေခါင္းညိမ့္ျပ၏။ အိပ္ယာထဲက သူစိမ္းေကာင္ေလးကိုၾကည့္ၿပီး သနားစိတ္နဲ႕စိုးရိမ္စိတ္က ျမင့္တက္လာသည္။

ျမဴေဒါင္းငယ္က အိမ္မက္ထဲမွာ စိုင္းတေခတ္မွိုင္းဆီကလြတ္ျမႇောက္ေအာင္ ေျပးလႊားေနေပမဲ့ ထိုလူ႕ထံဘဲ ျပန္အဖမ္းခံေနရျပန္တယ္။ ကေယာင္ကတန္းေတြ ေအာ္ဟစ္ရင္း လန့္နိုးလာခဲ့၏။

''ဟင့္အင္း! မလုပ္ပါနဲ႕ ေတာင္းပန္ပါတယ္ လႊတ္ေပးပါ အား! လႊတ္လို႔''

မ်က္ရည္ေတြစီးက်လာၿပီး ရင္ဘတ္တစ္ခုလုံး မြန္းၾကပ္လာကာ ပတ္ဝန္းက်င္ကို အထိတ္တလန့္ျပန္ၾကည့္မိတယ္။ သူဘယ္ေရာက္ေနတာလဲ ကားတစ္စီးကသူ႕ေရွ႕မွာေပၚလာၿပီး သူဘာမွမမွတ္မိေတာ့ဘူး။ အခုသူက ကုတင္ေပၚမွာ မဟုတ္မွ ကိုကိုဆီျပန္မိသြားခဲ့တာလား။

''မင္းသတိရလာၿပီလား''

''ဘယ္ ဘယ္သူလဲ''

''ကိုယ့္နာမည္ ရာဇာလႊမ္းေခါင္ ။ မင္းကိုယ့္ကားေရွ႕ လဲက်သြားလို႔ ကိုယ့္အိမ္ေခၚလာတာ''

''...........''

သူ႕နာမည္ၾကားတာေတာင္ နည္းနည္းေလးမွအေရာင္မေျပာင္းသြားတဲ့ မ်က္ႏွာေလးေၾကာင့္ ရာဇာလႊမ္း မ်က္လုံးေတြေမွးက်ဥ္းသြားရ၏။ သူ႕လိုနာမည္ေက်ာ္ တစ္ေယာက္ရဲ႕အိမ္ေရာက္ေနတာေတာင္ နည္းနည္းေလးမွ အံ့ဩမသြားတာလား။ ရာဇာလႊမ္းက စိတ္ထဲမေက်မနပ္ျဖစ္သြားတယ္။ သူဒီထက္နာမည္ႀကီးဖို႔ လိုေနေသးတယ္ထင္တယ္။ ဒီေကာင္ေလးက သူ႕ကိုမသိဘူးတဲ့။

''မင္းကိုယ့္ကို မသိဘူးလား''

''ဗ်ာ.....ဟုတ္။ မသိဘူးဗ်''

''ခြီး.....''

''မင္း....!''

ေက်ာ္စြာမွာ ခြီးကနဲထရီမိေပမဲ့ ေရွ႕ကဂ်ိဳအၾကည့္ႀကီးေၾကာင့္ ခ်က္ခ်င္းျပန္ထိန္းယူရတယ္။ ရာဇာလႊမ္းေခါင္ဆိုတာ ျမန္မာနိုင္ငံမွာသာမက တျခားနိုင္ငံေတြအထိပါ နာမည္ႀကီးတဲ့ idolတစ္ေယာက္ဘဲေလ။ ကမၻာ့အေခ်ာဆုံးအမ်ိဳးသားသ႐ုပ္ေဆာင္မွာပါ Top1စာရင္းဝင္ထားခဲ့ေသးတာ။ ဘန္ေကာက္မွာဆို ဒီေကာင့္fanေတြအမ်ားဆုံးပဲ။ အဲ့တာေၾကာင့္လည္း ရာဇာလႊမ္းကဘဝင္႐ူး႐ူးေနတာေလ။ အဲ့လိုေကာင္ကို မသိဘူးေျပာခ်လိဳက္ေတာ့ ျဖစ္သြားလိုက္တဲ့မ်က္ႏွာႀကီးကို ေက်ာ္စြာျပန္ေတြးမိၿပီး ရီခ်မိျပန္တယ္။

အမေလးငါေလး အူတက္ ။ ခြီး....ဟီး....ဟီး။

''မင္း! ငါ့ကို တကယ္မသိတာလား။ တမင္ဟန္ေဆာင္ျပေနတာလား''

''ဗ်ာ....ကြၽန္ေတာ္က တကယ္အစ္ကို႔ကိုမသိတာပါ''

''မင္း TVမၾကည့္ဘူးလားကြ!''

''ဟား ဟား ဟား ဟား ငါမရေတာ့ဘူး ရာဇာလႊမ္းေရ အူတက္ေနၿပီ။ ဘဝင္႐ူးႀကီး အခုေတာ့တရႉးရႉးတရွဲရွဲအခြက္ႀကီးနဲ႕ အမေလး အားရလိုက္တာဗ်ာ''

''ေဘာဘဲ! သူေတာင္းစား မင္းအခုခ်က္ခ်င္းငါ့အိမ္ကထြက္စမ္း!''

''ေအးပါကြာ ။ ထြက္ဆိုလည္း ထြက္ပါမယ္ ကိုမသိဘူးႀကီးရယ္''

''လီး...!''

ေက်ာ္စြာကို ရာဇာလႊမ္းကေခါင္းအုံးနဲ႕ ေကာက္ေပါက္ေတာ့မွ ခ်ာကနဲလွည့္ေျပးေတာ့သည္။ သူတို႔ႏွစ္ေယာက္ကိုၾကည့္ၿပီး ကုတင္ေပၚကေကာင္ေလးမွာ အူေၾကာင္ေၾကာင္ေလးၾကည့္ေနေသးတာ။ ရာဇာလႊမ္း ေခ်ာင္းဟန့္လိုက္ၿပီးမွ ကုတင္ေဘးကိုဝင္ထိုင္လိုက္တယ္။

''ကိုယ့္ကို မင္းမသိဘူးဆိုမွေတာ့ ကိုယ့္ကိုယ္ကိုျပန္မိတ္ဆက္ေပးရမွာေပါ့ကြာ ။ ကိုယ့္နာမည္က ရာဇာလႊမ္းေခါင္ ၊ အခုလက္ရွိနာမည္အရမ္းႀကီးေနတဲ့ ႐ုပ္ရွင္မင္းသားေတြထဲက တစ္ေယာက္ဘဲ၊ ကိုယ့္ရဲ႕ နာမည္ႀကီးဇာတ္လမ္းတြဲေတြက ပ်ားရည္ဆန္းတဲ့လမင္း၊ My Lovely ၊ ႐ုပ္ႀကိဳးျပတ္ ေနာက္က်ရွာၾကည့္ ကိုယ္ဘယ္ေလာက္နာမည္ႀကီးလည္း မင္းသိလိမ့္မယ္''

''ဗ်ာ....ဟုတ္ ဟုတ္ ''

ဒီလူက ႐ူးေနတာမ်ားလား။

''ကိုယ့္အေၾကာင္းမိတ္ဆက္ၿပီးၿပီဆိုေတာ့ အခုမင္းအလွည့္ မင္းနာမည္က ဘာလဲ။ဘယ္ကလာတာလဲ။ ဘယ္မွာေနတာလဲ။ ဘယ္ကိုျပန္ပို႔ေပးရမလဲ''

အခုရာဇာလႊမ္းရဲ႕ ပုံစံကိုသာ အသဲစြဲfan girlsေလးေတြျမင္ရင္ အတုႀကီးလို႔ေျပာၾကေတာ့မွာပါဘဲ။ ဘာလို႔ဆိုေတာ့ သူတို႔ရဲ႕မင္းသားေလးက အေခ်မင္းသားေလးမို႔လို႔ဘဲ။ ေခ်ခ်က္က သုံးေလးႏွစ္ေလာက္ မီးပူမတိုက္ဘဲလုံးေခ်ထားတဲ့ အကၤ်ီထက္ေတာင္ပိုေခ်ေသးတယ္။ အခုလို စကားမ်ားလြန္တဲ့ လူက ရာဇာလႊမ္းေခါင္ အတုလိုဘဲထင္ၾကမွာ ေသခ်ာတယ္ ။

''ကြၽန္ေတာ္က......''

ျမဴသူ႕ကိုယ္သူ ဘယ္သူဆိုတာကိုေရာ သူဘယ္ကလာတယ္ဆိုတာကိုေရာ ေျပာမျပခ်င္ဘူး။ တကယ္လို႔ေျပာျပလိုက္ရင္ သူ႕ကိုျပန္ပို႔မွာကို အေတာ္ေလးစိုးရိမ္မိတယ္။ သူအဲ့ကိုျပန္မသြားခ်င္ေတာ့ဘူး....ဒါေၾကာင့္။

''ကြၽန္ေတာ္ မသိဘူး ။ ကြၽန္ေတာ္က ဘယ္သူလဲဆိုတာ မမွတ္မိေတာ့ဘူး ''

မလိမ္တတ္လိမ္တတ္နဲ႕ လိမ္လိုက္ရေတာ့ လက္သည္းထိပ္ေလးေတြနဲ႕ လက္ေခ်ာင္းေတြကိုစိပ္ေနမိတယ္။ သူေျပာတာကို မယုံရင္ ဘယ္လိုလုပ္ရမလဲ သူ႕ကိုျပန္ပို႔လိုက္ရင္ေရာ။

ရာဇာလႊမ္း ထိုေကာင္ေလးကို ေသခ်ာအကဲခတ္ၾကည့္မိတယ္။ သူ႕ပုံစံက သူဘယ္သူဆိုတာေျပာျပခ်င္ပုံမရဘူးေလ။ ေနာက္ၿပီး ေက်ာ္စြာေျပာသြာတာက ဒီကေလးက rape ခံထားရတာဆိုေတာ့ သူ႕အတိတ္ကဘယ္ေလာက္ဆိုးဝါးခဲ့လို႔ အခုဖုံးကြယ္ထားခ်င္ရတဲ့ပုံပါဘဲ။ ဒီကေလးပုံစံက အရမ္းသနားဖို႔ေကာင္းေနတယ္။ ရာဇာလႊမ္း သက္ျပင္းရွည္ႀကီးခ်လိဳက္ၿပီး။

''မင္းညာေနတာ ကိုယ္သိတယ္ ။ ဒါေပမယ့္ မင္းမေျဖခ်င္တာကို ကိုယ္လည္းအတင္းေမးဖို႔ စိတ္ကူးမရွိဘူး။ အခုမင္းဘာဆက္လုပ္မယ္ စိတ္ကူးထားလဲဘဲ ကိုယ့္ကိုေျပာျပ''

''ကြၽန္ေတာ္ ကြၽန္ေတာ္အစ္ကို႔ဆီမွ ေနလို႔ရမလားဟင္။ ဟို....ကြၽန္ေတာ္ အလကားမေနပါဘူး အစ္ကိုခိုင္းသမွ်အကုန္လုပ္ပါ့မယ္ေနာ္။ ကြၽန္ေတာ့္ကို ေနစရာနဲ႕စားစရာေပးထားရင္ဘဲ ေက်နပ္ပါၿပီဗ်''

''ေကာင္းၿပီေလ.....မင္းကိုယ့္အိမ္မွာေနၿပီး ကိုယ့္ေဝယာဝစၥေတြကို ကူလုပ္ေပးေပါ့''

''ဟုတ္ဟုတ္ကဲ့ ေက်းဇူးတင္ပါတယ္ အစ္ကို''

''မလိုပါဘူး....အခုေတာ့ မင္းနားနားေနေန ေနပါ။မင္းဒဏ္ရာေတြ သက္သာမွ အလုပ္စလုပ္ေပါ့''

''ဗ်ာ.....အာ!''

ျမဴေဒါင္းသူ႕ကိုယ္ေပၚက အမွတ္အသားေတြကို ခ်က္ခ်င္းအမွတ္ရသြားၿပီး မ်က္ႏွာတစ္ခုလုံး နီရဲသြားသည္။ သူ႕ကိုအထင္ေသးသြားၾကမလားမသိ။ သူ႕ပုံစံကအရမ္းကို အပ်က္ဆန္လြန္းေနၿပီ။မ်က္ဝန္းေတြက စိုစြတ္လာၿပီးျဖစ္လို႔ မ်က္ရည္မက်ေအာင္ထိန္းေနရျပန္ပါသည္။

ရာဇာလႊမ္းက ေရွ႕ကေကာင္ေလးရဲ႕မ်က္ႏွာေလးကို မ်က္ေတာင္မခတ္ဘဲၾကည့္ေနမိတယ္။ ညွိုးက်သြားတဲ့ မ်က္ႏွာေလးက သူ႕စကားေၾကာင့္စိတ္ထိခိုက္သြားမလား စိတ္ပူမိ၏။

''ကိုယ္က ဒီအတိုင္းေျပာလိုက္တာပါ။ ကိုယ္ေတာင္းပန္ပါတယ္ မငိုပါနဲ႕ေနာ္''

''အဟင့္! ကြၽန္ေတာ္ ကြၽန္ေတာ္က.....''

''မင္းရဲ႕အတိတ္က ဘာေတြျဖစ္ခဲ့လဲကိုယ္မသိဘူး။ သိခဲ့ရင္လည္း ကိုယ္မင္းကိုအထင္မေသးဘူး။ မင္းရဲ႕အတိတ္က မေကာင္းခဲ့ဘူးဆိုရင္ အဲ့အတိတ္ကိုေမ့ပစ္ၿပီးေတာ့ ဘဝအသစ္စၾကည့္ပါ ကိုယ္ေဘးကေနကူညီေပးမယ္။ မငိုနဲ႕ေတာ့ေနာ္ ''

မငိုဖို႔ေခ်ာ့ခံရေတာ့ ျမဴပိုၿပီးဝမ္းနည္းလာမိသည္။ မ်က္ရည္ေတြကို ထိန္းမရတာေၾကာင့္ ေအာက္ႏႈတ္ခမ္းကို ခပ္တင္းတင္းကိုက္ထားၿပီး ေခါင္းညိတ္လိုက္၏။ဟုတ္တယ္ သူ႕ဘဝအသစ္ကို စရမယ္။ အဲ့လူကို သူ႕ဘဝထဲကထုတ္ပစ္ၿပီး ဘဝအသစ္စသင့္ၿပီ။

''ကိုယ္မင္းကို ပူတင္းလုံးေလးလို႔ ေခၚမယ္''

''ဗ်ာ.....''

''မင္းက ကိုယ့္ကို နာမည္မေျပာျပခ်င္ဘူးမလား။ အဲ့ေတာ့ ကိုယ္မင္းကို နာမည္ေပးမယ္ ။ ပူတင္းလုံးေလးလို႔ ''

''မ မေကာင္းပါဘူး အစ္ကိုကလည္း''

''ဒါေပမယ့္ မင္းကတကယ္ ပူတင္းလုံးေလးေတြအတိုင္းဘဲ ''

''ျမဴ....ျမဴလို႔ဘဲ ေခၚပါ''

''မင္းနာမည္က ျမဴလား''

''ျမဴ ျမဴေဒါင္းငယ္ပါ။ ဒါေပမယ့္ အဲ့နာမည္က ကြၽန္ေတာ္ရဲ႕အတိတ္ကအေၾကာင္းေတြ ျပန္ေတြးမိေစလို႔ မလိုခ်င္ဘူး''

''ျမဴခိုးျပာ....''

''ဟင္....''

''မင္း ျမဴေဒါင္းငယ္ဆိုတဲ့ နာမည္ကိုမႀကိဳက္ေတာ့ဘူးမလား။ အခုမင္းနာမည္က ျမဴခိုးျပာ ျဖစ္သြားၿပီ။ ဒါေပမယ့္ ကိုယ္ကေတာ့ ပူတင္းေလးလို႔ပဲေခၚမွာ''

''ျမဴခိုးျပာ....?''

''အင္း မင္းရဲ႕မ်က္ဝန္း အျပာေရာင္ေလးေတြနဲ႕ လိုက္တယ္''

အစ္ကိုက ျမဴမ်က္လုံးေတြကို ေသခ်ာစိုက္ၾကည့္ၿပီးေျပာလာေတာ့ ျမဴ႕ပါးေလးေတြ ရဲလာကာ။

''အ....အစ္ကိုသေဘာပါဘဲ''

''အင္း....လိမ္မာတယ္ ခဏအိပ္လိုက္ဦး။ ကိုယ္မင္းစားဖို႔ ဆန္ျပဳတ္လုပ္လိုက္အုံးမယ္''

''မဟုတ္တာ....အားနာစရာႀကီး ။ ကြၽန္ေတာ့္ဘာသာဘဲ လုပ္စားပါ့မယ္ အစ္ကို။''

''အားနာရင္ ေနာက္မွကိုယ့္ကို ျပန္လုပ္ေကြၽးေတာ့။ အခုေတာ့ ကိုယ့္စကားပဲ နားေထာင္''

ထိုသို႔ေျပာအၿပီး ရာဇာလႊမ္းက အခန္းျပင္ျပန္ထြက္သြားသည္။ ျမဴလည္း မ်က္လုံးေတြကို ျပန္ေမွးမွိတ္ၿပီး သူ႕ရဲ႕အတိတ္ကို ျပန္ေတြးမိေနျပန္သည္။ ဒီအခ်ိန္ေလာက္ဆို စိုင္းတေခတ္မွိုင္းက သူ႕ကိုမေတြ႕လို႔ ေဒါသထြက္ေနေလာက္မလား။ ဒါမွမဟုတ္ သူ႕ကိုမ်ားလိုက္ရွာေနမလား။ လိုက္ရွာမယ္လို႔ ေတြးမိတဲ့ ျမဴကသူ႕ကိုယ္သူ ေလွာင္ရယ္မိသည္။ စိုင္းတေခတ္လိုလူက သူ႕ကိုလိုက္ရွာမယ္တဲ့လား ဘယ္ေလာက္ေတာင္ဟာသဆန္လိုက္သလဲ။ လိုက္ရွာရေအာင္ ဒီလူကသူ႕ကို ခ်စ္ခဲ့တာမွမဟုတ္တာ သူ႕ဆီကလိုခ်င္တာရွိလို႔ အသုံးခ်ေနခဲ့တာ။ သူတို႔သားအမိကို မုန္းလို႔အသုံးခ်ေနခဲ့တာ။ စိုင္းတေခတ္မွိုင္းက သူ႕ကိုဘယ္တုန္းကမွ မခ်စ္ခဲ့သလို ။ ဘယ္ေတာ့မွခ်စ္လာမွာလည္း မဟုတ္ဘူး ။ အဲ့ေတာ့ စိတ္နာပစ္လိုက္စမ္းဘာ ျမဴေဒါင္းငယ္ရယ္။

ကိုယ့္ကိုယ္ကို ေျဖသိမ့္လိုက္ရင္း ရင္ဘတ္ထဲက သူ႕ႏွလုံးသားေလးမွာေတာ့ ဓားမႊန္းခံထားရသလိုပါဘဲ။

တစ္ဖက္က စိုင္းတေခတ္မွိုင္းမွာေတာ့ နိုးနိုးခ်င္း ျမဴေဒါင္းငယ္ကို မေတြ႕ေတာ့တာေၾကာင့္ ထိတ္လန့္သြားၿပီး တစ္အိမ္လုံးအနံ႕လိုက္ရွာေတာ့လည္းမေတြ႕ေတာ့ေခ်။ စိတ္ေပါက္ေပါက္နဲ႕ အခန္းတစ္ခုလုံးက ပစၥည္းမွန္သမွ် ရစရာမရွိေအာင္ ဖ်က္ဆီးေနမိ၏။ ရင္ဘတ္တစ္ခုလုံး တင္းၾကပ္လာကာ မ်က္ရည္မ်ားစီးက်လာ၏။ သူ႕အတြက္တန္ဖိုးႀကီး ပစၥည္းတစ္ခုကို ဆုံးရႈံးရသလိုမ်ိဳး စိတ္ေတြမြန္းၾကပ္လာမိသည္။ မိဘေတြဆီက ပစ္ပယ္ခံခဲ့ရတာထက္ပိုၿပီး ဒီရင္ဘတ္ကနာက်င္လာခဲ့တာ။ သူျမဴေဒါင္းငယ္ကို လက္လႊတ္မေပးနိုင္ဘူး။ ျမဴေဒါင္းငယ္ဆီက ၾကင္နာမႈေတြကိုလိုခ်င္တုန္းပဲ။

ဘာလို႔လဲ ဘာလို႔ ရင္ဘတ္ကေစာက္ရမ္း နာေနရတာလဲ။ ျမဴေဒါင္းငယ္က ဘာလို႔သူ႕ကိုထားခဲ့ရတာလဲ။ ေျပာေတာ့ သူ႕ကိုခ်စ္တယ္ဆို သူ႕အနားမွာဘဲ တစ္သက္လုံးေနမွာဆို ဘာလို႔သူ႕ကို ထားခဲ့ရတာလဲ။ သူ႕ကိုမလိုခ်င္ေတာ့ဘူးလား။

''နင္က တကယ့္ၿဂိဳလ္ေကာင္ဘဲ။ နင့္အေဖကလည္း နင့္ကိုမလိုခ်င္ဘူး ငါကလည္းနင့္ကို မလိုခ်င္ေတာ့ဘူး''

''ငါတို႔ ရန္ျဖစ္ရတာ နင့္ေၾကာင့္!''

''စိုင္းတေခတ္မွိုင္း! နင္လာစမ္း။ နင့္အေဖက နင္တစ္ေယာက္လုံးေမြးလာတာေတာင္ ဘာလို႔ ငါ့ကိုမလိုခ်င္ေသးရတာလဲ။ ငါ့ကေရာ နင့္လိုေကာင္ကို ဘာလို႔ေမြးလာရတာလဲ ဟမ္!''

''မင္းအေဖက အဲ့မိန္းမေၾကာင့္ အေမတို႔သားအမိကို မလိုခ်င္ဘူးတဲ့သား''

''အား.......မဟုတ္ဘူး! ''

''ဟုတ္တယ္ မင္းကငါ့သား မဟုတ္ဘူး စိုင္းတေခတ္မွိုင္း!''

နားထဲ တဝဲလည္လည္ျပန္ၾကားေယာင္လာခဲ့တဲ့ စကားသံေတြ ။ ငယ္ငယ္ေလးကတည္းက အိမ္မက္ဆိုးလိုဘဲ အေျခာက္လန့္ခံခဲ့ရတဲ့ အဲ့ဒီစကားလုံးေတြ။ ဘာလို႔လဲ ဘာလို႔ သူ႕ကိုမခ်စ္ေပးၾကတာလဲ။ ဘာလို႔ သူ႕ကိုမလိုခ်င္ၾကတာလဲ။ ဘာလို႔ သူ႕ကို အၿမဲပစ္ပယ္ထားၾကတာလဲ။ ဘာလို႔ သူကအခ်စ္မခံရတာလဲ။ အခုလည္း သူ႕ကိုခ်စ္တယ္ေျပာၿပီး ထားခဲ့ၾကျပန္ၿပီ။ ဘာလို႔လဲ....။သူသိလိုက္ရတာ ခ်စ္ရမွာေၾကာက္တဲ့သူက ျမဴေဒါင္းငယ္ကို နက္နက္ရွိုင္းရွိုင္းနဲ႕ ခ်စ္မိေနၿပီဆိုတာပါဘဲ။

စိုင္းက မ်က္ရည္ေတြကအၾကမ္းပတမ္းဖိသုပ္လိုက္ၿပီး သူ႕လူေတြဆီဖုန္းဆက္ၿပီး ျမဴေဒါင္းငယ္ကို မေတြ႕ေတြ႕ေအာင္ရွာခဲ့ဖို႔ အမိန့္ေပးလိုက္တယ္။ ျပန္ေတြ႕လို႔ ထပ္ထြက္ေျပးရင္ အခန္းထဲပိတ္ေလွာင္ထားပစ္မွာ။ ျမဴေဒါင္းငယ္က သူ႕ကိုခ်စ္ေပးနိုင္ဆုံးေသာသူမလို႔ သူထပ္ၿပီးပစ္ပယ္မခံခ်င္ေတာ့ဘူး။ သူ႕အခ်စ္ေတြကို အမုန္းေတြနဲ႕ဖုံးကြယ္ထားမိတာ အခုေတာ့ ျမဴေဒါင္းငယ္ကို ဆုံးရႈံးလိုက္ရၿပီ ။ သူ႕လုပ္ရပ္ေတြေၾကာင့္ ျမဴေဒါင္းငယ္က သူ႕ကိုမုန္းသြားတာ။

ေက်းဇူးျပဳၿပီး ကိုယ့္ကိုထားမသြားပါနဲ႕ ကေလးရယ္။ ကိုယ္မွားပါတယ္ ကိုယ့္အျပစ္ေတြပါ။ ဒါေပမယ့္ ကိုယ့္ကိုေတာ့မထားခဲ့ပါနဲ႕ကြာ။

စိုင္းဟာ ကေလးတစ္ေယာက္လို အသဲအသန္ငိုေနမိသည္။ သူေၾကာက္ေနမိ၏။ သူထပ္ၿပီး အခ်စ္မခံရေတာ့မွာကို....။

#TBC

အခ်စ္မခံရတဲ့ကေလးေတြဟာ မခ်စ္တတ္ၾကသလို။ ခ်စ္ရမွာကိုလည္း အရမ္းေၾကာက္တတ္ၾကပါတယ္တဲ့!။ ေပါ့သြားရင္ ေတာင္းပန္ပါတယ္ရွင့္။ ေရွးေလွ်ာက္အလံနီႀကီးျပန္စိမ္းပါၿပီေနာ္။

သုံးပြင့္ဆိုင္ဆို ျမဴကို ရာဇာလႊမ္းနဲ႕ ေပးစားေစခ်င္ေနၾကေပမဲ့ စိတ္မေကာင္းစြာဘဲ ဆူးနန္းအဲ့လိုေရးမွာမဟုတ္ပါဘူးရွင္။ seဖစ္ေနမွာေၾကာက္ေနၾကတဲ့သူေတြ ဆူးနန္းကိုယုံပါ ဒီficက seမဟုတ္ပါဘူး  အရမ္းေတြ စပြိုင့္ေပးမိမွာစိုးလို႔ ဒီေလာက္ပါဘဲ :3

လက္က ကိုက္ေနေပမဲ့ေရးေပးလိုက္ပါတယ္ရွင္ေလးတို႔ကို အရမ္းခ်စ္လို႔ပါေနာ္ ဒါေပမဲ့စိတ္မေကာင္းတာက ဇာတ္မသိမ္းေသးဘူးလားလာလာေမးၾကတာကိုပါဘဲ။ ဆူးနန္းဇာတ္သိမ္းခ်င္ ျဖစ္သလိုပဲ သိမ္းလိုက္လို႔ရပါတယ္ ဒါေပမယ့္ စာဖတ္သူေတြဘဲ ဇာတ္ရည္မလည္ဘူးျဖစ္သြားမွာပါကြယ္ ဆူးနန္းက ဇာတ္အျမန္သိမ္းလိုက္ရလို႔လည္း မပင္ပန္းပါဘူး။ အရင္ၿခိန္းကိုေရးတုန္းကဆို ဇာတ္သိမ္းပိုင္းမေရာက္ပါနဲ႕အုံးဘဲေျပာၾကတာ အခုက် အျမန္ၿပီးေစခ်င္ေနၾကတာေရာ္ ဆူးနန္း ficေလးကိုမႀကိဳက္ၾကလို႔လားဟင္

အပိုင္းတစ္ပိုင္းၿပီးေအာင္ေရးလိုက္ရလို႔ ဝမ္းသာအားရေလးလာတင္ေပးတာကို သာသာအပိုင္းေတြမ်ားေနပီ အခုထိမၿပီးနိုင္ေသးဘူးလားဆိုေတာ့ မႀကိဳက္မ်ားမႀကိဳက္ၾကလို႔လားေတာင္ေတြးမိသြားတယ္။

Continue Reading

You'll Also Like

1.2M 43.4K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
152K 6.2K 75
မိဘတွေကြောင့် စိတ်ရောဂါဖြစ်နေတဲ့ကောင်လေး လွင်ပြင်ကျယ်နဲ့ လွင်ပြင်ကိုစောင့်ရှောက်ဖို့လွင်ပြင်အမေဌားထားတဲ့ အလှလေး တိမ်တိုက်တို့ရဲ့အကြောင်းပေါ့။ကဲဒီလောက...
1.3M 52.8K 25
အပျော်သဘောဖြင့် ရေးထားခြင်း ဖြစ်ပါသည်။
146K 5.4K 32
ခင်ဗျားဟာခင်ဗျား ဘယ်လောက်ဖြောင့်ဖြောင့် နောက်ဆုံးတော့လည်း ကျုပ်အောက်မှာ ခံရတာပဲမလား? (Khun Phara Mo) မင်းနဲ့တစ်ခါလောက်အတူနေမိရုံနဲ့ ငါ gay သွားမယ် ထ...