Between The Hate [ Completed ]

By Jeon_Khun

38.3K 4.2K 7.6K

Top - KIM TAEHYUNG Bottom - JEON JUNGKOOK VKOOK ေမာင္ကအတၱႀကီးတယ္!လိုခ်င္တာကိုလည္းရေအာင္ယူမယ္!ကိုကိုအလွေလးက ေ... More

01
02
03
04
05
06
07
08
09
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
30
31
32
33
34
35
36
37
No Update ****
38
39
40
41
42
43 [ FINAL ]

29

819 95 167
By Jeon_Khun

#unicode

ထယ်ယောင်းအဖိုးချိန်းထားသည့်နေရာကိုတော့
ရောက်လာခဲ့ပြီဖြစ်သည်။ထယ်ယောင်းကားကို
သေချာရပ်လိုက်ပြီး ဘေးမှာပတ်ဝန်းကျင်ကိုသာ
ကြည့်နေတဲ့ သူ့အသက်ကိုလက်ဖြင့်တို့ခေါ်လိုက်
တော့သည်။

" အသက်...အိမ်ကိုရောက်ပြီ၊ဆင်းရအောင် "

ထယ်ယောင်းကခေါ်တော့ သူ့ဘက်ကိုလှည့်ကြည့်
လာသည့်ကူးလေးက မျက်ဝန်းထောင့်မှာလည်း
မျက်ရည်စလေးတွေကပ်နေတာဖြင့် ခြောက်ကပ်
နေပြီဖြစ်သည်။ကင်မ်ထယ်ယောင်းရာ မင်းကဘယ်လိုတွေတောင် ထပ်လုပ်ပြန်တာလဲ။

" အင်း... "

ကိုကိုအလှလေးက သူ့လက်ကိုဆွဲဖယ်ရင်းကားတံ
ခါးဖွင့်ကာထွက်သွားသည်။ထယ်ယောင်းလည်း
သူ့ဒေါသတွေကြောင့်စိတ်လွတ်ထွက်သွားတာမို့
ကိုကိုအလှလေးအပေါ်လွန်ကြူးမိတာကြောင့်
ဘယ်လိုချော့ရမလဲဆိုတာကို စဥ်းစားနေရသည်။

ပြီးနောက်ကိုကိုအလှလေးအနား အမြန်မှီအောင်
ကားနောက်ခန်းထဲက Luggageတွေကိုယူပြီး
လိုက်ရသည်။အိမ်ရှေ့အနားကိုရောက်တော့
အိမ်အကူနှစ်ယောက်က လာသယ်ပေးကြသည်။

" သခင်လေးတို့ကို ဥက္ကဌကြီးကအိမ်တော်ထဲမှာ
စောင့်နေပါတယ်... "

အိမ်အကူအဒေါ်ကြီးကပြောပြီး အိမ်ထဲကိုအရင်
ဝင်သွားသည်။ကူးကတော့ အပြင်နေရာကနေ
ကူးသဘောကျမိတဲ့ အိမ်တော်ကြီးကိုကြည့်၏။
ရိုးရာအိမ်တော်ကြီးမို့ ကူးသဘောကျကာ
အချိန်အကြာကြာမော့ကြည့်မိပါသည်။အဖိုးက
ကူးဖြစ်ချင်တာလေးကို တွေးပေးတာမို့ကျေးဇူး
အတော်တင်မိပါသည်။


အိမ်တော်တံခါးရှေ့မှာရပ်နေသည့် ကူးအနား
ထယ်ယောင်းက အနားကပ်ကာဖက်ဖို့လုပ်တော့ ကူးလေးကရှောင်ဖယ်ပြီး စကားဆိုသည်။

" တောင်းပန်ပါတယ်၊ငါ့အနားကို မကပ်ပါနဲ့၊
ငါ့ကလေးလေး ကြောက်..ကြောက်နေလိမ့်မယ် "

ကူးလေးက ထယ်ယောင်းနဲ့ခပ်ခွာခွာနေလိုက်ရင်း
ပြောသည်။ထယ်ယောင်းလည်း ခုနက​ကိစ္စကြောင့်
စိတ်မကောင်းဖြစ်သွားပြီး တောင်းပန်ဖို့လုပ်သည်။

" မောင်...မောင်..တောင်းပန်ပါတယ်၊မောင်က
မောင့်အသက်ကို သဝန်တိုပြီး အဲ့ဒီလူနဲ့-- "

" မြေးလေးတို့ဝင်ကြလေကွာ၊အဖိုးက သွားစရာရှိလို့ အိမ်လေးသေချာအပ်ခဲ့ချင်လို့ပါ... "

ထယ်ယောင်းက ကူးကိုတောင်းပန်ရင်းအဖိုးက
အိမ်တော်ရဲ့တံခါးနားကနေ လှမ်းခေါ်သည်။
ကူးက အဖိုးခေါ်တော့အရင်ဆုံးဝင်သွားသည်။
ထယ်ယောင်းကတော့ သက်ပြင်းချလို့သာ
သူမှားတာကိုတွေးမိရင်း ကူးကိုသနားမိသည်။

သူ့ကိုကမှားတာပါ။သဝန်အတိုလွန်ပြီး
ကိုယ်ဝန်သည်ကိုလည်း အော်လိုက်တာအမှားမို့
ကိုယ်တိုင်သာ အပြစ်တင်နေသည်။ဒီပုံစံအတိုင်းဆို
ကိုကိုအလှလေး သူ့ကိုပိုမုန်းသွားတော့မှာပဲ။

ကူးလေးက ထယ်ယောင်းကိုစကားမပြောချင်လို့
အဖိုးအသံကြားရာရှေ့ ခပ်သွက်သွက်လာခဲ့သည်။
ထို့အတူ ကူးသဘောကျသည့်အိမ်တော်အပြင်ကို
လှည့်ပတ်ကြည့်လိုက်သေးတာဖြစ်သည်။

" အဖိုးတန်လေး...အိမ်ထဲကိုဝင်လာခဲ့လေကွာ၊
တစ်ပတ်လုံးနေရမှာမို့ အကြိုက်ဆက်ကြည့်.. "

အဖိုးက ကူးလေးကိုကြည့်ကာ အထဲကဧည့်တွေ့နေရာက နေရာမှာအခင်းပေါ်တင်ပျဥ်ခွေရင်းထိုင်နေရင်းမှ လှမ်းခေါ်သည်။

ကူးလေးကအဖိုးစကားကြောင့် ပြုံးလိုက်ပြီး
အိမ်ပေါ်ပြေးတက်လာသည်။ထယ်ယောင်းက
အနောက်ကနေ စိုးရိမ်လို့လိုက်ထိန်းပေမဲ့လည်း
သူ့လက်ကိုတောင်ရိုက်ချပြီး အဖိုးရှိတန်းသွားတာ
ဖြစ်သည်။

ထယ်ယောင်းလည်း သူ့အပြစ်နဲ့သူသာမို့အဖိုးနဲ့
စကားပြောကြရန် ကူးလေးဘေးနားသာဝင်ထိုင်
သည်။စကားသံတောင်မထွက်နိုင်သည်အထိ
ငြိမ်ငြိမ်လေးနေ,နေတာ။

" နှစ်ယောက်လုံး ဒီအိမ်တော်မှာအေးဆေးအနားယူ
အဖိုးကတော့ ဒီကိုကြိုရောက်နေတာကခုနလေး
တင်ထွက်လာခဲ့တာ၊ဒါဖြင့်မြေးတို့ကကြိုထွက်ပြီး
ဘာလို့နောက်ကျနေရတာလဲ "

အဖိုးကမေးတော့ ကူးလေးကဖြစ်လာသည့်ကိစ္စကို
ပြန်တွေးရင်း အသံမထွက်ပါ။ထယ်ယောင်းက
ကူးအစား အဖိုးရှေ့မျက်နှာပြင်လိုက်ရင်းဖြေ၏။

" ကျွန်တော်တို့ Shopping Centreတစ်ခုမှာ
မုန့်ဝင်စားနေလို့ နောက်ကြသွားတာပါ အဖိုး "

ထယ်ယောင်းစကားကြောင့် ကူးလေးကလည်း
ခေါင်းပြန်မော့လာပြီး စကားမပြောပေမဲ့
ခေါင်းငြိမ့်ပါသည်။အဖိုးကတော့ရယ်ရင်း...

" ဟားဟား...ကောင်းတာပေါ့၊ကြည့်ရတာ
မျိုးစေ့လေးက ပါးပါးကိုအစားနဲ့ပါးစပ်မပျက်ဖို့
ဗိုက်ထဲကနေတိုက်တွန်းနေတယ်ထင်တယ် "

" ဟုတ်တယ် အဖိုး၊ကူးက ပါးစပ်နဲ့အစားစက္ကန့်ပိုင်း
တောင်မခြားလိုက်နဲ့၊ခြားလိုက်တာနဲ့ကူးက
ဗိုက်ထပ်ဆာလာရောပဲ ဟီးဟီး "

ကူးလေးကရယ်ရင်းဖြေသည်။ထယ်ယောင်းက
သူ့အသက်လေးအခုမှရယ်လို့ဆိုပြီး ပြုံးကြည့်ရင်း
ခုံအောက်ကနေ သူ့အသက်လက်ကိုကိုင်လိုက်၏။
ကူးလေးက​ အကိုင်မခံဘဲထယ်ယောင်းလက်ကို
ဖယ်ချသည်။ထယ်ယောင်းမျက်နှာမကောင်းနိုင်
တော့ဘူး။

" အဖိုးလည်း မင်းတို့ကိုအိမ်အပ်ပြီးပြီဆိုတော့
အဖိုးရဲ့သူငယ်ချင်းတွေနဲ့ ဂေါက်ရိုက်သွားဖို့ရှိသေး
တယ်၊မြေးတို့စားသောက်ဖို့ အိမ်အကူသုံးယောက်
ရှိတယ်... လိုအပ်တာဆိုပြောပေါ့ကွာ "

" ကျွန်တော်နောက်မှ လိုက်ဆော့တော့မယ်၊အခုက
ကျွန်တော့်အသက်က ကိုယ်ဝန်နဲ့ဆိုတော့ အဖိုးက
နားလည်ပေးပါဦး "

ထယ်ယောင်းရဲ့စကားကြောင့် အဖိုးကခေါင်းငြိမ့်ပြီးထဖို့လုပ်တော့ ကူးနဲ့ထယ်ယောင်းကထူပေး
သည်။သို့သော် အဖိုးကတော့ကူးကိုမထူခိုင်းဘဲ
ထယ်ယောင်းကို ထူခိုင်းသည်။ကိုယ်ဝန်သည်ကို
မလိုလားအပ်ဘဲ မထိခိုက်စေချင်ဘူး။

" အဖိုးသွားတော့မယ် မြေးနဲ့အဖိုးတန်လေး၊
အေးဆေးအနားယူကြတော့၊အဖိုးတန်လေးက
ကလေးနဲ့ဆို ခဏနေအိပ်တော့... "

" ဟုတ်ကဲ့ အဖိုး၊ဂရုစိုက်သွားပါနော် "

အဖိုးက ကူးလေးဘက်ကြည့်ရင်းပြောလေသည်။
ကူးလေးကတော့ အဖိုးရဲ့စကားကိုပြန်ဆိုလိုက်ပြီး
ပြုံးပြနေသည်။တကယ့်ကိုချစ်စရာကောင်းသည့်
ကူးလေး။ထယ်ယောင်းလည်း သူတအားချစ်တဲ့
ကိုကိုအလှလေးကို ပြုံးကြည့်နေသေးသည်။

" မောင်လိုက်ပို့လိုက်မှာမို့ မောင့်အသက်ကအိမ်ထဲ
နေခဲ့တော့၊မောင်ခဏနေ ဝင်လာခဲ့မယ် "

ထယ်ယောင်းကလှည့်စကားပြောလိုက်ပေမဲ့လည်း
ကူးလေးက အဖိုးနဲ့တုန်းကပြုံးနေသည့်မျက်နှာ
ထားမဟုတ်တော့ဘဲ မျက်နှာပျက်သွားကာအခန်း
တွေဘက် လိုက်ကြည့်ရန်ထွက်သွားသည်။

ထယ်ယောင်းလည်း ခဏနေကြအေးဆေးပြန်ချော့
မယ်ဆိုပြီး အဖိုးကိုအိမ်တော်ရှေ့က ကားနေရာသို့
ပြန်လိုက်ပို့ပေးသည်။အဖိုးကတော့ ကားပေါ်တက်
သွားသည်အထိ ထယ်ယောင်းကိုမှာသွားသည်။
'အဖိုးတန်လေးကိုဂရုစိုက်'ဆိုသည့်စကားတွေကို
ပြောပြောသွားတာမို့ ထယ်ယောင်းခေါင်းငြိမ့်ရတာ
မနည်းတော့ပေ။

အဖိုးကိုလိုက်ပို့ပေးပြီး အိမ်တော်ထဲပြန်ဝင်လာတဲ့
ထယ်ယောင်းက သူတို့အခန်းထဲကိုမဝင်နိုင်သေးဘဲ
ဗိုက်ဆာနေမည့် ကိုကိုအလှလေးအတွက်စားစရာ
တွေပြင်ခိုင်းဖို့ အိမ်အကူတွေကိုသွားပြောရသည်။
ထိုအိမ်အကူတွေက ကိုယ်တွေအိမ်ကလူတွေမို့
အသစ်တွေမဟုတ်တာမို့ ထယ်ယောင်းတို့နဲ့
စိမ်းမနေဘဲ ပြင်ပေးနေကြသည်။

" အသားကိုအဓိကထည့်ပေးပါ၊အဒေါ်ကြီးက
ကျွန်တော့်အသက်စားတာတွေသိနေရင်လည်း
ပိုတာတွေအကုန်ထည့်ပေးထားပါဦး၊အသက်က
မျိုးစေ့လေးနဲ့မို့ အများကြီးစားမှာ "

" အကုန်အဆင်သင့်ဖြစ်စေရပါ့မယ် သခင်လေး၊
အေးဆေးသာ အနားသွားယူပါရှင် "

အိမ်အကူအဒေါ်ကြီးက ထယ်ယောင်းကိုမွေး
ထည်းကရှိတာမို့ ထယ်ယောင်းအကြိုက်ပါသိနေသလို အခုတော့ထယ်ယောင်းအသက်လေးရဲ့
အကြိုက်တွေကိုပါ သိနေတက်ပြီဖြစ်သည်။
ကူးလေးကမကြာသေးပေမဲ့ ယဥ်ကျေးလွန်းလို့
အိမ်အကူအားလုံးနဲ့တည့်သည်။

ထယ်ယောင်း မှာစရာရှိတာမှာပြီးအခန်းထဲပြန်
ရောက်လာတော့ ကိုကိုအလှလေးကသူ့hoodieကို
ချွတ်ပြီး သူ့​အင်္ကျီသာသူပြန်လဲနေတာဖြစ်သည်။
ထယ်ယောင်းလည်း ကူးလေးအနားသွားကာ
ခါးသေးလေးကနေသိုင်းဖက်လိုက်တော့ ကူးလေး
ရှပ်ဝတ်နေတာတောင် ရပ်တန့်သွားသည်။

" ဖယ်ပါ ငါ့ကို၊ငါ့ကိုအဲ့လိုတွေ မထိပါနဲ့ "

ခဏတော့လန့်သွားပေမဲ့ ပြီးမှသူ့ကိုယ်ထဲကရုန်း
ထွက်ကာ ထယ်ယောင်းကိုခပ်ကြမ်းကြမ်းစကား
ဆိုသည်။ထယ်ယောင်းသိသည်။သူ့အသက်က
သူ့ကိုတအားစိတ်ဆိုးနေတယ်ဆိုတာ။သူလည်း
နာကျင်ရတာပါပဲ။ချစ်ရသူကို အခြားတစ်ယောက်ရဲ့ရင်ခွင်ထဲမှာမြင်နေတာကိုလေ။

" မောင်...မောင်တောင်းပန်ပါတယ်၊မောင့်ကို
နားလည်ပေးပါကွာ၊မောင်ကကြောက်လို့...
ပြီးတော့ မောင့်အသက်ကသူ့နောက်ပြန်ပါမှာဆိုးလို့ မောင်ဒေါသထွက်သွားရတာပါ "

ထယ်ယောင်းစကားကြောင့် ကူးတစ်ဘက်သို့
လှည့်နေရင်းမှ ထယ်ယောင်းဘက်ကိုပြန်လှည့်
လာလေသည်။ပြီးနောက် ထယ်ယောင်းကို
မျက်ဝန်းဝိုင်းတွေဖြင့်ခပ်စူးစူးမော့ကြည့်ရင်း...

" ရူးနေလား ကင်မ်ထယ်ယောင်း!!!မင်းကအရူး!!
ငါ့ကိုမင်းကထပ်ပြီး စော်ကားနေပြန်ပြီ၊ငါက
ဂယူ့နောက်ပါသွားမယ်တဲ့၊ငါ့ကိုများ အိမ်ထောင်ရှိပြီးဖောက်ပြန်မဲ့ကောင်လို့ ထင်နေတာလား!!! "

ကူးဒေါသထွက်ကာ အသံကျယ်ကျယ်ဖြင့်ပြော
လိုက်မိသည်။သူ့စကားတွေအကုန်လုံးကတော့
ကူးအတွက်ဒေါသထွက်စရာလုံလောက်တယ်လို့
ထင်သည်မဟုတ်လား။

" အသက်...မောင်က--- "

" တိတ်စမ်းပါ!!မင်းကလေ ငါ့ကိုချစ်တယ်လို့
ချစ်တယ်လို့သာပြောနေတာ၊မင်းကတစ်ခါမှ
ငါ့နေရာကိုမကြည့်နိုင်ဘူး၊မင်းမှာသိတာ၊
စိတ်တိုဒေါသထွက်မယ်၊ပြီးရင် မောင်မှားပါတယ်
ဆိုပြီးတောင်းပန်တက်တာက အရင်ထည်းက!!!
မင်းက အခုလည်းငါ့သိက္ခာကိုစော်ကားတယ်!! "

ထယ်ယောင်း ကူးပြောတာတွေအားလုံးကို
ငြိမ်ငြိမ်လေးသာနားထောင်နေသည်။တကယ်!
သူကိုယ်တိုင်လည်း အသက်ပြောသလိုပင်
သူ့နေရာလည်းမဝင်ကြည့်နိုင်ဘဲ ကိုယ့်ဘက်က
ကိုကိုအလှလေးကို စော်ကားနေတာ။တကယ်တော့
သူမှားတာပါ။

" ထပ်ပြောဦးမယ်၊မင်းသိအောင်လို့ပေါ့၊ဟက်...
ငါလေ မင်းနဲ့ဂယူ့မှာဘာလို့ ဂယူ့ကိုတအားချစ်ပြီး
ရွေးချယ်ချင်ရလည်းသိလား... "

ကူးလေးက ဟက်ခနဲရယ်လိုက်ပြီးထယ်ယောင်းကို
ဒေါသထွက်အောင်စလိုက်သလိုပြောသည်။
ထယ်ယောင်းက ဂယူ့အသံကြားတာနဲ့ကို ဒေါသတို့
ပိုတက်လာရသည်။

" သူကငါ့ကိုငယ်ငယ်လေးထည်းက ငါ့အရိပ်လေး
လိုနေပြီး ငါ့မျက်နှာကိုပဲကြည့်ခဲ့တာ၊ငါ့ကိုသဝန်တို
ခဲ့ဖူးတယ်၊ဒါပေမဲ့ ဂယူကမင်းလောက်မဆိုးဘူး!
ချစ်သူမဖြစ်ခင်တောင် မင်းလိုမျိုးငါ့ကိုဒေါသထွက်ဖို့တစ်ခါတောင်မပြောနဲ့ သေးသေးလေးတောင်ထွက်မလာဖူးဘူး!မင်းကသာအားနေ စိတ်တွေတိုဒေါသတွေထွက်နေတာ၊ငါ့ကိုလည်းအော်တယ်၊ကတိပေးထားတာတွေနဲ့ တစ်ခြားစီ၊ဖြစ်နိုင်ရင်မင်းကလေးကိုလွယ်ပြီး ဂယူ့ကိုလက်ထပ်လိုက်
ချင်တာသိလား!!! "

ကူးကပြောတော့ ထယ်ယောင်းဒေါသထွက်ပြီး
လက်သီးဆုပ်ကို ခပ်တင်းတင်းဆုပ်ထားမိသည်။
ထပ်ထွက်လာလို့မရဘူး။ထပ်သာထွက်လာခဲ့ရင်
ကိုကိုအလှလေးက သူ့ကိုမုန်းသွားမှာ။လမ်းမှာ
ကိုကိုအလှလေးကို သူအော်ခဲ့တာ။အခုတော့
သည်းခံပြီး စိတ်တိုတိုနဲ့နားထောင်ရမည်။

" မျက်နှာကြီးတင်းထားမနေပါနဲ့၊မင်းကဒေါသ
ထွက်တက်တယ်မလား၊ထွက်စမ်းပါ!!မင်းနဲ့ဂယူက
တကယ့်ကို ကွာခြားတာ၊မင်းထင်ချင်သလိုထင်
မင်းနူးညံ့တာထက် သူကငါ့ကိုပိုနူးညံ့တယ် "

" ကင်မ်ဂျောင်ဂု!!မောင့်ကို ဒေါသထွက်အောင်
လာမစမ်းနဲ့ကွာ!မောင်ကပဲ ခင်ဗျားကိုပိုချစ်တာ "

ထယ်ယောင်းက အံတင်းတင်းကြိတ်ရင်းပြောတော့
ကူးလေးလည်းမဲ့ပြုံးလိုက်ရင်း  စကားဆက်သည်။

" ပိုပြောပြရမလား၊ဒီခန္ဓာကိုယ်က မင်းကိုသာလက်
ထပ်ထားရတာ၊မင်းမဟုတ်တဲ့ ဂယူ့ကိုငါကအရမ်း
ချစ်တာ ကင်မ်ထယ်ယောင်းရဲ့!မင်းလိုမျိုး
နူးညံ့လိုက်၊ဆိုးပြလိုက်ဆိုတဲ့လူကို ငါရင်ထဲက
နာကျင်အောင်အထိမုန်းတာ၊မင်းဆိုတဲ့
ကင်မ်ထယ်ယောင်းကို ငါမုန်းတယ်သိလား!!!! "

ကူးစကားကြောင့် ထယ်ယောင်းကလေဟာနယ်
တစ်ခုထဲရောက်သွားသလို။နားထဲလည်း တစ်ခြား
အရာတွေမကြားရဘဲ ကိုကိုအလှလေးထံမှသူ့ကို
'မုန်းတယ်'ဆိုသည့်စကားတွေကိုကာ ထပ်ကာ
တလဲလဲကြားနေရသည်။

သူမခံစားနိုင်ဘူး။သူ့အသက်က သူချစ်တာတောင်
သူ့ကိုမုန်းတယ်တဲ့။မဟုတ်လောက်ပါဘူး။အသက်
သူ့ကိုတအားစိတ်ဆိုးနေတာ။

ဒါကြောင်ပင် ကူးလေးစိတ်ဆိုးပြေအောင်အထိတောင်းပန်ဖို့အတွက် ထယ်ယောင်းကချစ်ရသူရှေ့
ဒူးထောက်လိုက်ပြီး တောင်းပန်နေသည်။

" တောင်းပန်ပါတယ်၊မောင်က ဒီလိုဒူးထောက်ပြီး
တောင်းပန်ပါတယ်၊ကျေးဇူးပြု၍ မောင့်ကိုမမုန်းပါ
နဲ့ကွာ၊ဗိုက်ထဲက မျိုးစေ့လေးကပါးပါးကိုပြောပြ
လိုက်ဦးလေ၊ဒယ်ဒီ့ကိုမမုန်းပါနဲ့လို့ "

အရူးတစ်ယောက်လိုပင် မျက်ရည်တွေထိန်းမနိုင်
အောင်အထိကျဆင်းရင်း ကူးလေးရှေ့ဒူးထောက်
ရင်း ကူးလေးဗိုက်ထဲကကလေးလေးကိုပါပွတ်ပြီး
တောင်းပန်နေသည်။

ကူးလေးလည်း ထယ်ယောင်းဖြစ်ပျက်နေပုံကို
ကြည့်ပြီးစိတ်မကောင်းဖြစ်ပေမဲ့ သူ့ကိုတောင်
နားမလည်၊ယုံမကြည်ပေးနိုင်တဲ့သူကိုတော့
ကူးဒီလိုသာ ပညာပေးလိုက်ချင်သည်။

ကူးက ကင်မ်ထယ်ယောင်းကိုမချစ်ချင်တာ
မုန်းတာတွေအားလုံးက သူလုပ်သမျှအရာတွေနဲ့
ဆိုင်သည်။ကလေးအဖေဆိုသည့်ကြောင့်လက်ထပ်
ထားရပေမဲ့ သူနေသမျှအတိုင်းနေပေးသည်။အခုကူးကိုတောင် စော်ကာသေးသည်။ကူးလက်မခံနိုင်
တော့ဘူး။

" ကင်မ်ထယ်ယောင်း!မင်းထတော့!ငါမင်းရဲ့
မျက်နှာကိုမမြင်ချင်ဘူး၊မင်းငါနဲ့ဝေးရာကို
နေလိုက်စမ်းပါ!!ကလေးလေးကြောင့်သာ
သည်းခံထားရတာ!ငါဘယ်လောက်ရှက်ပြီး၊
ကြောက်နေလဲဆိုတာ မင်းမသိဘူး၊မင်းသိတာ၊
ငါ့ကိုအော်မယ်၊လူတွေကြည့်နေတဲ့ကြားထဲငါ့ကို
အော်မယ်၊ငါမင်းကိုမုန်းတယ်!!ဟင့်.... "

ကူးထိုစကားတွေပြောလိုက်ပေမဲ့လည်း ရင်ထဲက
အရမ်းကိုနာကျင်လွန်းလှသည်။နာကျင်နေပေမဲ့
ကူးသည်းမခံနိုင်ဘူး။ကူးကို အရှက်ကွဲသည်အထိ
ဂယူနဲ့ကူးကို အထင်လွဲပိတ်အော်နေခဲ့တာ။ကူးကို
ချစ်တယ်ပြောပြီး ကူးပြောတဲ့စကားကိုတောင်
နားမထောင်နိုင်လို့ ကူးစိတ်ပျက်မိသည်။

" မမုန်းပါနဲ့ မောင့်အသက်ရာ၊မောင့်အသက်က
မုန်းတယ်တစ်ခါပြောတိုင်း မောင်ရင်တွေနာတယ်၊
မောင်နာကျင်လွန်းလို့ပါကွာ၊မကျေနပ်ဘူးမလား၊
မောင့်ဆံပင်ကိုဆွဲ၊မောင့်မျက်နှာကိုရိုက်၊ဓားလည်း
ရှိတယ် မောင့်အသက်သာကျေနပ်မယ်ဆိုမောင့်ကို
သတ်လိုက်လည်းရပါတယ်ကွာ "

ထယ်ယောင်းကပြောရင်းငိုကာ ကူးလက်လေးကို
ဆွဲယူရင်းသူ့မျက်နှာကို ရိုက်စေသည်။ကူးကတော့
ထယ်ယောင်းပုံစံကိုကြည့်ရင်း ရင်ထဲနာကျင်တာမို့
လက်ကိုဆွဲဖယ်လိုက်ကာ ပြောသည်။

" သွား!!မင်းထွက်သွား!!ငါမင်းကို မမြင်ချင်ဘူး၊
မုန်းတယ်!လူဆိုးကောင်ရဲ့ ဟင့်... "

" ဟုတ်ပြီ၊မောင်....မောင်ကထွက်သွားပါ့မယ်၊
တောင်းပန်ပါတယ်၊မငိုပါနဲ့တော့၊မောင်ကဘဲ
အရှုံးပေးပါတယ်၊မောင်ကမှားတာမို့ မောင်က
ဆင်ခြင်ပါ့မယ်၊ဒေါသလည်းမထွက်တော့မှာမို့
မောင့်ကိုမမုန်းလိုက်ပါနဲ့ "

ထယ်ယောင်းကလည်း ငိုထားတာမို့ကူးလေးရဲ့
မျက်နှာလေးကိုမော့ကြည့်ရင်း ဒူးထောက်ရာကနေ
ထရပ်လာကာ ကူးမျက်ရည်တွေကိုသုတ်ပေး၏။
ပြီးမှ ကူးနဖူးပြင်လေးကိုခပ်ဖွဖွနမ်းရင်း
ထယ်ယောင်းက အခန်းထဲမှထွက်သွားသည်။

" အီးဟီး...ဟင့်...အင့်... "

ထယ်ယောင်းအခန်းထဲမှ ထွက်သွားတော့ ကူးက
ကုတင်ကိုထိုင်မှီလိုက်ပြီး ကူးနားနှစ်ဖက်ကို
ခပ်တင်းတင်းပိတ်လိုက်ကာ ငိုတော့သည်။

" ငါသူ့ကိုဒီလိုပြောတာကို ဘာလို့နာကျင်ရတာလဲ၊
ငါသူ့ကိုမုန်းတာလေ၊ဘာလို့ရင်ဘက်ထဲက နာကျင်
နေရတာလဲလို့.... အင့်...ဟင့်..ပါးပါးတို့ကြောင့်
လန့်သွားရင် တောင်းပန်ပါတယ်ကလေးလေး၊
ပါးပါးလည်း ရင်ထဲနာနေတာ...ဟင့်... "

ကူးလေး မျိုးစေ့လေးရှိရာရပ်ဝန်းလေးကိုထိပြီး
ငိုရင်းပြောလိုက်သည်။ထို့အတူထယ်ယောင်းလည်း အခန်းအပြင်ဘက်မှတံခါးကိုမှီရင်း
ငိုနေမိသည်လေ။သူ့အမှားကြောင့် ကိုကိုအလှလေး
လန့်သွားတာ။သူမကောင်းတာပါ။

" မောင်ကချစ်လွန်းလို့ပါကွာ၊မောင်က...မောင့်
အသက်လေးကို ချစ်လွန်းလို့ဒီလိုတွေမှားမိတာ၊
မောင်နောက်ဆို ဆင်ခြင်ပါ့မယ်... "

ထယ်ယောင်းလည်း အခန်းတံခါးကိုမှီကာငိုနေရင်း
သူ့ခံစားချက်တွေကို ဖော်ထုတ်နေမိသည်လေ။
ချစ်တာပေါ့။မင်ဂယူ့ဆိုသည့်လူထက် နောက်ကျမှ
သူ့အသက်ကိုတွေ့ပြီး ချစ်ခဲ့ရပေမဲ့လို့မင်ဂယူ့ထက်
သာသည့်အချစ်တွေနဲ့ သိပ်သိပ်ချစ်တာ။
စိတ်မထိန်းနိုင်လို့သာ သူဆိုးမိတာပါလေ။

- - - - -

ထယ်ယောင်းတို့ အဖိုးပေးသည့်အပန်းဖြေစံအိမ်
မှာထည်းက စကားမပြောဖြစ်ခဲ့ကြဘူး။အိမ်တော်
ကိုပြန်ရောက်တာတောင် သူ့အသက်ကသူ့ကိုလည်း
စကားသိပ်မပြော။အဖိုးနဲ့မိဘတွေလောက်သာ
စကားပြောသည်။ဒါကြောင့်ထယ်ယောင်းလည်း
သူ့အသက်ကို မချော့နိုင်သေးပါ။

အခုဆိုရက်တွေကြာလာတာနဲ့အမျှကူးလေးက ဗိုက်လေးပူစရှိလာပြီဖြစ်သည်။ထယ်ယောင်းလည်း ဂရုစိုက်ရသလိုတစ်အိမ်သားလုံးကလည်း ပိုဂရုစိုက်ကြသည်။ထယ်ယောင်းနဲ့တော့ စကားသိပ်မပြောပါ။ကူးလေးစိတ်ချမ်းသာအောင်
စကားမပြောဘဲ ထယ်ယောင်းကဂရုစိုက်ပေး၏။
အခုလည်း ကုမ္ပဏီမှာအလုပ်များနေတာမို့
၃ရက်လောက်အထိ အိပ်လိုက်၊မနက်ဆိုအလုပ်ပါ
ရုန်းနေရသည်။

" မေမေ အသက်ထမင်စားရဲ့လား၊စားတယ်ဆို
သူ့အတွက် အာဟာရရှိတာလေးတွေသေချာကျွေး
ပေးပါ မေမေ၊ကျွန်တော်လည်း ကိစ္စရှိလို့အသက်နဲ့
မျိုးစေ့လေးကို ပြစ်ထားမိတာ၊ညနေဆေးခန်းပြရ
မှာမို့ ကျွန်တော်လာခေါ်မယ်လို့ပြောထားပေးပါ "

ထယ်ယောင်းက သူ့အလုပ်ခုံ၌ခပ်လျောလျော
မှီထိုင်ရင်း နက်ကတိုင်ကိုချွတ်ကာစိတ်ကျဥ်းကျပ်
တာကိုမခံနိုင်တာကြောင့် ကြယ်သီးသုံးလုံးလောက်
ဖြုတ်ကာ ပူလောင်မှုကိုလျော့စေရင်း ဖုန်းပြောနေ
လေသည်။

' သားကူးလေးနဲ့အခုထိ ဘာတွေရန်ဖြစ်ထားရတာလဲကွယ်၊မေမေဖြင့် သားတို့နှစ်ယောက်ကြားနား
မလည်နိုင်တော့ဘူး၊သားကူးလေးကိုမေးတော့
ဘာမှမဖြစ်ပါဘူးတဲ့၊သားကိုမေးတော့လည်း
သားကသားအမှားဆိုတာချည်း ပြောနေတယ် '

မေမေကဖုန်းထဲကနေ ထယ်ယောင်းကိုပြောပေမဲ့
ထယ်ယောင်းသက်ပြင်းသာချနေနိုင်သည်။
ကိုကိုအလှလေးကို စကားမပြောချင်ဘဲဘယ်လို
နေနိုင်မှာလဲ။တစ်စက္ကန့်လေးခွဲရရင်တောင်မှ
သူ့မှာမနေတက်တာ။အခုလိုဆိုရင်တော့လည်း
ပြောမနေပါနဲ့တော့။ထယ်ယောင်းမနေတက်ဘူး။

" ကျွန်တော်အလုပ်များနေလို့ ဖုန်းချလိုက်တော့
မယ်၊မေမေက အသက်ကိုဂရုစိုက်ပေးပါ၊ဘာမှ
မထိခိုက်ပါစေနဲ့ နှစ်ယောက်လုံးကို "

တီ ~

ထယ်ယောင်းဘက်ကပြောပြီး ဖုန်းချလိုက်သည်။
သူထပ်ပြီးလည်း ဆက်မတွေးချင်တော့ဘူး။
အတွေးထဲကိုကိုအလှလေးသာ စိုးမိုးနေသည်။
ပြန်အဆင်ပြေချင်တာပေါ့။လွမ်းတာပေါ့။အိမ်မှာ
အတူရှိနေတာတောင် အပြုံးလေးလည်းမရှိ။
စကားသံလေး သေးသေးလေးတောင်မထွက်တာ။

အခုတလော ဘားသွားပြီးအရင်လိုသောက်သည်။
ကိုကိုအလှလေးက မသောက်ဖို့တားမြစ်ထားသည့်
ဆေးလိပ်တွေဆိုလည်း သူသောက်နေတာအကြိမ်
ရေမကတော့ပါ။ထိုဆေးလိပ်အစား အသက်ရဲ့နှုတ်ခမ်းပါးလေးကိုသာ နမ်းလိုက်ချင်သည်။

" ဟူး...မောင်မင်းနဲ့အဆင်ပြေချင်နေပြီကွာ... "

ထယ်ယောင်းပြောပြီး ဆေးလိပ်ကိုရှိုက်ဖွာလိုက်ကာ ခုံပေါ်မှာခပ်လျှောလျှောမှီထိုင်ပြီး
ခေတ္တလောက်အိပ်နေသည်။သူလည်းတစ်နေ့လုံး
အလုပ်တွေလုပ်ထားတာ ပင်ပန်းနေသည်ထင်ပါ့။

တစ်ဘက်ကကူးလေးလည်း မနက်အိပ်ယာထပြီ
ဆိုထည်းက ရေချိုးသန့်စင်ထားတာဖြစ်သည်။
အခုဆို မနက်နိုးတိုင်းတစ်ယောက်ထည်းစတင်နေ
ရတာဖြစ်၏။ကင်မ်ထယ်ယောင်းလည်း ကူးအနား
မနေနိုင်ဘူး။ကူးကိုရှောင်နေတာ။

အရင်လိုလည်း ထယ်ယောင်းကိုလည်းသိပ်စကား
မပြောချင်ပါလေ။ဒါကြောင့်မို့ ကူးကလည်းအေး
ဆေးနေသည်။ဟိုအိမ်ကနေပြန်ရောက်ထည်းက
ကူးအမေလည်း တစ်ခါတစ်လေလာလည်သည်။
မေမေက ကွန်ဒိုအသစ်နဲ့မို့အရင်လိုမျိုးရပ်ကွက်
သေးလေးထဲမှာမဟုတ်တော့။ကင်မ်ထယ်ယောင်း
အကုန်စီစဥ်ပေးထားတာတဲ့။

ကင်မ်ထယ်ယောင်းက ထိုနေ့ထည်းကကူးသူ့ကို
အပြတ်ပြောခဲ့ထည်းက ကူးအရာရာတိုင်းကို
သူပိုကြည့်လာတက်ပြီး ကူးအဆင်ပြေအောင်
နေပေးခဲ့တာ လအတော်ကြာပြီ။

အတွေးတွေကိုရပ်ရင်း ကူးအသီးစားနေသည့်
စတော်ဘယ်ရီပန်းကန်ကိုချကာ အဝတ်လဲခန်းက
ကူးရဲ့ပိုက်ဆံအိတ်ကိုသွားရှာသည်။တွေ့တာနဲ့
ကူးလေးကပြုံးပြံး မျိုးစေ့လေးရှိရာရပ်ဝန်းကို
လက်ဖြင့်ခပ်ဖွဖွကပ်လိုက်ရင်း....

" ပါးပါးကလေးလေးရေ...ပါးပါးတို့ဒီနေ့နေ့လယ်
အပြင်ထွက်ပြီး မုန့်သွားစားကြရအောင်နော်၊
ပါးပါးမင်းစားနေတာတွေ မစားနိုင်တော့ဘူး၊
ပါးပါးကြိုက်တဲ့ အပြင်စာတွေစားချင်လို့ ခစ်ခစ် "

ပါးပါးကူးလေးက အဝတ်အစားလဲရန်အခန်းထဲ
ဝင်သွားသည်။အဝတ်လဲခန်းမှာတော့ ခဏအကြာ
ရပ်နေမိသည်။ထယ်ယောင်းဗီရိုရှေ့မှာပေါ့။ကူးကသူ့အဝတ်တွေတော့ယူမဝတ်တော့ဘူး။

လျစ်လျူရှုပြီး ကူးရဲ့ဗီရိုထဲကကူးအဝတ်တွေနဲ့
ထယ်ယောင်းရော၊သူ့မိဘတွေပါဝယ်ပေးထားတဲ့အဝတ်အစားတွေကိုမဝတ်ဖြစ်။ပူလောင်တာကို
မကြိုက်တာမို့ ကူးထံမှခပ်အေးအေးအဝတ်စားကို
ရှာရွေးလိုက်သည်။pantsဝတ်တော့လည်း ပူတာ
မျိုးမဟုတ်သည့် ပုံစံကိုသာရွေးချယ်လိုက်သည်။
ပြီးတော့မှ Shoulder Bagကိုလွယ်ပြီး အောက်သို့
ဆင်းလာခဲ့သည်။

အောက်ရောက်တော့ ကူးလေးကို​တွေ့တဲ့မေမေက
လက်ထဲကပန်းအိုးကိုချလိုက်ရင်း အသည်းအသန်
ကူးလေးအနားပြေးလာပြီး အံ့ဩတကြီးဖြင့်
မေးလာလေသည်။

" သားကူးလေး ဘယ်သွားမို့လဲဟင်၊ညနေကြရင် သားဆေးခန်းပြရမယ်လို့ သားထယ်ပြောတယ် "

" ကူးအပြင်သွားချင်လို့ပါ မေမေ၊ကူးကအပြင်
မထွက်တာကြာတော့ ကလေးလေးနဲ့အတူ
လမ်းလျှောက်ထွက်ချင်လို့ပါ "

ကူးက ပုခုံးတစ်ဖက်ထည်းတင်လွယ်ထားသည့်
အိတ်ကိုခပ်တင်းတင်းဆွဲရင်း မျက်နှာချိုလေးပြလို့ပြောသည်။ထယ်ယောင်းအမေမှာ ကိုယ်ဝန်သည်ကူးလေးကို ဘယ်လိုမှတစ်ယောက်ထည်းလွှတ်ဖို့
စိတ်မချပါ။ဒါကြောင့် သူမသက်ပြင်းရှည်ချရင်း...

" ဒါဆို မေမေကသားထယ်ကိုဖုန်းဆက်-- "

" ရပါတယ်၊ကူးတစ်ယောက်ထည်းသွားနိုင်ပါတယ်၊ကူးလည်း ပျင်းလို့အေးဆေးသွားချင်လို့၊
အကယ်လို့ အမေအဆင်မပြေရင်ကူးက ဂျီမင်ကို
ခေါ်သွားပါ့မယ်၊သူက ကူးသူငယ်ချင်းပါ "

ကူးလေးဘက်ကလည်း အပြင်ထွက်ချင်နေတာမို့
မရမကပြောသည်။သူမလည်း သူ့မသမက်လေး
အဆင်မပြေတာမြင်ရော စိတ်ထဲမကောင်းဘဲ
လွှတ်ဖို့ခွင့်ပြုလိုက်တော့သည်။

" ဒါဆိုလည်းသွားနော် သားကူးလေး၊မေမေက
ခွင့်ပြုတယ်၊ညနေကြ ဆေးခန်းပြဖို့အတွက်
ဘယ်လိုလုပ်မလဲ သားကူးလေး "

မေမေကဆိုဖာပေါ်ပြန်ထိုင်ရင်းပြောတော့ ကူးလေးကပြုံးရင်းဖြေသည်။

" ကူးက ကုမ္ပဏီကိုသွားလိုက်ပါ့မယ်၊ကူးအတွက်
စိတ်မပူပါနဲ့၊ကူး ကလေးလေးကိုသေချာစောင့်
ရှောက်ပါ့မယ် "

ကူးလေးအဖြေကြောင့် သူမပြုံးလိုက်ပြီး
ခေါင်း​ငြိမ့်လိုက်သည်။ကူးလေးကတော့
အေးဆေးဖြစ်ပြီဆိုကာ ဘေးလွယ်အိတ်ကို
သေချာလွယ်ပြီး အပြင်ထွက်တော့သည်။

- - - - -

အပြင်ရောက်တော့ကူးက ဗိုက်ပူပူစလေးကိုပွတ်ပေးပြီး လမ်းလျှောက်နေခဲ့သည်။ပန်းခြံကိုလည်း
သွားချင်ပေမဲ့ တစ်ယောက်ထည်းမို့လူကြီးတွေ
စိတ်မချစရာမျိုးဖြစ်တာလည်း မလိုချင်ပါ။

လမ်းလျှောက်ရင်း ရောင်စုံငှက်သိုက်မုန့်သည်ကိုတွေ့သည်။ကူးမစားရတာကြာပြီမို့ အချိုလျော့
ထားတာပေမဲ့ စားချင်လွန်းနေတာကြောင့် ကူး
အနားသွားကာ မုန့်ဝယ်လိုက်သည်။

" ဟာ...လူငယ်လေးကူးပဲ၊ဦးလေးနဲ့မတွေ့ရတာ
ကြာပြီပဲကိုနော်... "

ကူးအနားကိုရောက်တော့ ငှက်သိုက်မှာဖို့ရှိသေး
ရောင်းသည့်ဦးလေးကြီးက စကားစလာလေသည်။
ကူးကြည့်မိတော့ ထိုဦးလေးကြီးကကူးနဲ့ဂယူတို့
ကျောင်းတုန်းက ကျောင်းရှေ့မှာအမြဲမုန့်လာရောင်းတဲ့သူဖြစ်သည်။အခုပြန်ဆုံတွေ့ရတော့
ဝမ်းသာစရာပေါ့။

" ဦးလေးနေကောင်းရဲ့လား၊အရင်လိုကျောင်းရှေ့
နားမှာမရောင်းတော့ဘူးလား "

ကူးကပြုံးရင်းမေးတော့ ဦးလေးကြီးကူးအတွက်
အမျှင်လေးတွေကိုတုတ်ချောင်းဖြင့်လိပ်ရင်းဖြင့်
ဖြေလာသည်။

" မရောင်းတော့ပါဘူးကွာ၊ဦးလေးရဲ့ သားက
သူအလုပ်ကောင်းလို့အိမ်မှာနေလို့ပြောပေမဲ့လည်း
ဦးလေးကသာပျင်းနေလို့ လိုက်ရောင်းနေတာ "

ဦးလေးကရယ်ရင်းဖြေတော့ ကူးလေးလည်းဝမ်းသာ၏။ထိုဦးလေးကြီးက သူတို့အထက်တန်း
တက်စဥ်ထည်းက ငှက်သိုက်မုန့်ရောင်းသူဖြစ်၏။
သူနဲ့ဂယူက ကျောင်းဆင်းတိုင်းအမြဲဝယ်စားကြ
သည်။ပြီးရင် ကူးအနိုင်ကျင့်ပြီးသူ့မုန့်စားတာ
တောင် ဘာမှမပြောတက်တာဖြစ်သည်။

" ဦးလေးတို့အဆင်ပြေတယ်ကြားရတာ ကူးက
ဝမ်းသာပါတယ်၊ကူးတို့လည်း ဦးလေးကြီးရှိက
မုန့်တွေမစားရတာ အတော်ကြာရောပဲ "

" ဦးလေးလည်း မင်းနဲ့မင်းသူငယ်ချင်းကိုလွမ်းနေ
ရောပဲ၊ဒါဖြင့် အဲ့ကောင်လေးရော အခုဆိုသားတို့
ချစ်သူတွေဖြစ်လောက်ပြီမဟုတ်လား "

ဦးလေးကြီးက လုပ်ထားပြီးသားအချိုမျှင်တွေကို
လေမခံမိအောင်ဖြင့် အိတ်စွပ်ပေးကာ ကူးလက်ထဲ
ထည့်ပေးရင်းမေးလာသည်။ဦးလေးစကားကြောင့်
ကူးလေး အံ့ဩသွားသည်။

" ဂယူ့ကိုပြောတာလား "

ကူးကမေးတော့ ဦးလေးကြီးက သူ့စက်ကိုပိတ်ရင်း
ခေါင်းငြိမ့်ကာ စကားဆိုသည်။ကူးကတော့
ဦးလေးကြီးပြောသည့်စကားကြောင့် အံ့ဩလို့။

" အရပ်ရှည်ရှည် ခန္ဓာကိုယ်တောင့်တောင့်နဲ့လေ၊
ဦးလေးမှတ်မိပါသေးတယ်၊အဲ့နေ့က လူငယ်လေးကူးကျောင်းမလာတဲ့နေ့က အပြန်မုန့်လာဝယ်တာ၊
သားကထမင်းတွေမစားလို့ ဒါလေးတော့စားတက်
တယ်မို့လို့တဲ့လေ "

ကူးလေးက ဦးလေးပြောပြနေသည့်စကားတွေကို
သေချာလေးလိုက်နားထောင်မိသည်။မဆိုင်တော့
ဘူးဆိုပေမဲ့လည်း သူတို့အတိတ်ကပျော်စရာ
ကောင်းခဲ့တာမဟုတ်လား။

" အဲ့ကောင်လေးက မုန့်လာဝယ်ရင်းသူ့နောက်မှာ
ကောင်မလေးတစ်ယောက်က ချောကလက်ပေးပြီး
သဘောကျကြောင်းလာပြောတာ၊သူချစ်နေတာ
သားကိုပါဆိုပြီးပြောပြလိုက်လို့ ဦးလေးတောင်
အဲ့ထည်းကအံ့ဩနေတာ၊ဒါကြောင့်သားကို အရိပ်တကြည့်ကြည့်ဂရုစိုက်နေတာပါလားလို့၊အပိုအနေနဲ့ပြောခဲ့သေးတာ၊ဦးလေးကြီးသိသွားရင် ကူးကို
မပြောပါနဲ့တဲ့... "

ဦးလေးကြီးကရယ်ရင်းပြောတော့သည်။ကူးက
ပြောပြတာတွေနားထောင်ရင်း မျက်နှာပျက်သွား
သည်။ကောင်းမွန်တဲ့အတိတ်တွေအားလုံးကို
နားထောင်နေတော့လည်း အရင်ပုံစံအတိုင်း
ပြန်မဖြစ်လာနိုင်တော့။ကူးကလည်း လက်ထပ်ပြီးလို့ ကလေးလေးတောင်ရနေပြီလေ။မဖြစ်သင့်ဘူး။

" ဦးလေးကြီးပြောသလို မဟုတ်လောက်ပါဘူး၊
ဂယူနဲ့ကူးက သူငယ်ချင်းတွေဖြစ်ခဲ့တာပါ၊ကူးက
ကူးချစ်သူကောင်လေးနဲ့လက်ထပ်ထားတာပါ၊
ထုံးစံအတိုင်းဦးလေးကို မင်ဂယူကစနောက်တယ်
ထင်မှာပါ၊ဟီးဟီး သူကအစနောက်သန်တာ "

" အို..သားကလက်ထပ်ပြီးပြီလား၊မင်ဂယူက
အဲ့နေ့ကအတည်ကြီးပြောတော့ ဦးလေးလည်း
ယုံသွားမိသေးတာ၊အားနာလိုက်တာ... "

ဦးလေးကြီးအားနာစွာဖြင့်ပြောတော့ ကူးက
ရင်ထဲမှပူလောင်မှုကိုဖျောက်ရင်း 'ရပါတယ်'လို့
ပြန်ဖြေကာ ဦးလေးကြီးကိုနှုတ်ဆက်ပြီးလမ်းထပ်
လျှောက်ခဲ့သည်။အခုမှအစောကြီးရှိသေးတာမို့
ထယ်ယောင်းရဲ့ရုံးခန်းကို မသွားသေးဘူး။

နေ့လယ်စာစားချိန်ရောက်ပြီမို့ ကူးထမင်းစားရန်
ဆိုင်တစ်ဆိုင်သို့ ဦးတည်နေမိသည်။ကူးနဲ့ဂယူ
အမြဲစားနေကြဆိုင်ဖြစ်ပေမဲ့ ကောင်းသည့်ဆိုင်မို့
ကူးဗိုက်ဝအောင် ဦးတည်နေတာဖြစ်သည်။

" ကလေးလေး...ပါးပါးတို့ခုနကပြောနေတာ
ပါးပါးသူငယ်ချင်းအကြောင်းနော် "

ကူးလေးလမ်းလျှောက်ရင်းမှ သူ့ဗိုက်ပူပူလေးကို
ကိုင်ရင်းပြောသည်။ရှပ်အပါးပွပွလေးဝတ်ထားလို့
ကိုယ်ဝန်ရှိနေတယ်ဆိုတာကို လူတိုင်းကမသိဘူး။

ကူးရှက်တာမဟုတ်ပေမဲ့ ကူးကိုတော့ဟိုဆော့က
ပြောပါသည်။'အစ်ကိုကူးကံကောင်းတာပေါ့'တဲ့။

ဆိုင်ကအသေးလေးမဟုတ် စားသောက်ဆိုင်ကြီးဖြစ်တာမို့ လူနေရာဆန့်သည်။အပေါ်ထပ်မှာလည်းစားလိုရတာဖြစ်သလို၊အောက်ထပ်မှာပါစားလို့ရသည်။ကူးနဲ့ဂယူဆိုအမြဲတမ်းလားစားနေကြဖြစ်
သည်လေ။

" ဟီးဟီး နောက်ဆုံးတော့ဆိုင်ရောက်ပြီ၊ကလေး
လေးရေ ပါးပါးတို့အများကြီးစားရအောင် "

ကူးလေးပြောရင်း ဆိုင်ထဲဝင်သွားတော့သည်။
ဆိုင်ထဲရောက်တော့ အသားကင်အနံ့တွေက
မွှေးနေသလို၊တစ်ခြားသောဟင်းပွဲရနံ့တွေက
ကူးလေးကို ဆွဲဆောင်နေတာမို့ လွတ်နေသော
နေရာ၌ဝင်ထိုင်လိုက်သည်။

" သားလေးတစ်ယောက်ထည်းလား၊
ဘာသုံးဆောင်မလဲရှင်... "

ဆိုင်ရှင်အဒေါ်ကြီးက ကူးကိုသိနေတာကြောင့်
ပြုံးကာအနားကိုရောက်လာပြီး မေးတော့သည်။
ကူးလည်း မီးနူးကဒ်မှတစ်ဆင့်စားစရာတွေဖတ်ရင်း ဒီတစ်ခါကတော့ကလေးလေးရှိနေတာမို့
များများစားချင်တာကြောင့် အကုန်လုံးတောင်
မှာချင်နေမိသည်။

" ကျွန်တော့်ကို ဒါတွေအစုံပေးလို့ရမလား၊ဖက်ထုပ်ကြော်ရယ်၊ပဲခေါက်ဆွဲပူပူရယ်၊ခေါက်ဆွဲအေးအပြုတ်ရော၊အသုပ်ရော၊သုံးထပ်သားကင်လေး များများချပေးနော်၊အအေးကိုတော့ လိမ္မော်သီးဖျော်ရည်တစ်ခွက်ချပေးပါနော်.... "

" ဟယ်...သားလေး ကုန်ရဲ့လားကွယ်၊အရင်ကဆို
သားသိပ်မစားနိုင်တာကို... "

အဒေါ်ကြီးက ကူးမှာသည့်အစာစားတွေကြောင့်
အံ့ဩသွားကာပြောသည်။အရင်ကဆို ကူးက
အများကြီးမှာပြီး မကုန်တက်ရင်ပိုက်ဆံဖြုန်း
သလိုသာဖြစ်နေသည်။ဒါကြောင့်မကုန်တက်လို့
ကူးကို အဒေါ်ကြီးကမေးသည်။

" အခုကနှစ်ယောက်စာစားရတာမို့ ကျွန်တော်
စားနိုင်ပါတယ် အဒေါ်ကြီး၊ဗိုက်ဆာပြီမို့မြန်မြန်
လေးချပေးပါနော်... "

ကူးစကားကို အဒေါ်ကြီးကအစကကြောင်သွား
ပေးမဲ့လည်း ကူးရဲ့လက်ကဗိုက်ပေါ်ရောက်သွား
တာကြောင့်နားလည်သွားပြီး ပြုံးကာထွက်သွား၏။

" ဒါကပါးပါးစားနေကြဆိုင်လေ၊ကလေးလေး
ကြောင့် ပါးပါးကစားရတာနော်၊တော်ကြာပါးပါးကို
အဲ့လိုတွေစားတယ်ဆိုပြီး ဆူနေကြလိမ့်မယ်၊
မင်းဒယ်ဒီက ပါးပါးကိုဒါတွေမစားခိုင်းဘူး၊
သူဝယ်လာတိုင်း အကောင်းစားဆိုင်ကြီးတွေက၊
အရသာလည်းမရှိဘူး "

ကူးလေးက ဗိုက်ထဲမှာရှိနေသည့်နားမလည်သည့်
မျိုးစေ့လေးကိုစကားတွေပြောနေသည်။အတန်
ကြာတော့ ဟင်းပွဲတွေအများကြီးရောက်လာလို့
ကူးမျက်ဝန်းလေးတို့ အရောင်လဲ့သွားတော့၏။
အဒေါ်ကြီးကအသားကင်တွေကို ဒီမှာမကင်ပေး
ဘဲ အသင့်ကင်ပြီးသားတွေအများကြီးချပေးသည်။ဘာလို့ဆို ကိုယ်ဝန်သည်တွေကို
ကိုယ်တိုင်မကင်စေချင်လို့။

" များများစားနော် ဒါမှအားရှိမှာမလား "

ကူးကိုပြောလိုက်လို့ ကူးပြုံးလိုက်ပြီးခေါင်းငြိမ့်၏။
ပြီးနောက် ရှေ့ကရှိနေသည့် မှာထားတာတွေကို
စားလိုက်သည်။အိမ်မှာလည်း ဝဝလင်လင်ကျွေး
ကြပေမဲ့အခုက အများကြီးစားရတာရယ်၊ကူးကြိုက်သည့်ဟင်းပွဲတွေမို့ အားရစွာစားမိသည်။
စားလို့လည်းပြီးရော လိမ္မော်သီးဖျော်ရည်သောက်
ပြီး အနားယူတော့သည်။

" အဒေါ်ကြီးရှင်းမယ်နော် "

စားသောက်ပြီးရော ကူးကထယ်ယောင်းရှိသို့
သွားဖို့ ပိုက်ဆံရှင်းရန်ထုတ်တော့ ပိုက်ဆံအိတ်ပါ
မလာပါလေ။ကူးပူထူသွားပြီး ပိုက်ဆံကိုရှာကြည့်
ပေမဲ့ ကြားအိတ်လေးထဲသေးသေးလေးတောင်
မရှိတာမို့ ငိုချင်လုဆဲဆဲဖြစ်နေသည်။ပြီးတော့
ဆက်ရှာနေရင်းစမ်းမိသည်က ထယ်ယောင်းရဲ့
BLACK CARDကိုသာလေ။

" ဟူး...တော်သေးတယ်၊ကလေးလေးရေ ပါးတို့
မင်းဒယ်ဒီပေးထားတဲ့ Cardနဲ့ရှင်းလို့ရလို့လေ၊
အဒေါ်ကြီး ကဒ်နဲ့ရှင်းလို့ရတယ်မလား "

" ရတာပေါ့၊အဒေါ်တို့ဆိုင်က ငွေသားနဲ့ရော၊
ကဒ်နဲ့ပါ ရှင်းလို့ရတယ် "

ထိုတော့မှ ကူးလည်းသက်ပြင်းချနိုင်ကာ ကောင်တာကိုသွားပြီး ကဒ်ဖြင့်ငွေချေတော့သည်။
အရင်တုန်းက ကူးပိုက်ဆံနဲ့အကုန်လုံးကိုမုန့်ဝယ်
ကျွေးဖို့ကို သူ့ကဒ်နဲ့ရှင်းပါဆိုပြီးပေးလိုက်တော့
ကူးမရှင်းဖြစ်ဘူး။ဒါပေမဲ့အခုတော့ သူပေးထားတဲ့
ကဒ်ကအသုံးဝင်သွားပါသည်လေ။

ဆိုင်ထဲကထွက်ရော ကူးဖုန်းကိုကြည့်တော့
မက်ဆေ့ချ်တစ်စောင်ပို့ထားသည်မို့ ဝင်ကြည့်၏။
ပိုထားသူက ကင်မ်ထယ်ယောင်းမဟုတ်ပါဘဲ
ကင်မ်ထယ်ယောင်းရဲ့တပည့် ယောင်းဝူဖြစ်သည်။
ပို့ထားသည့်စာက 'ဆရာ့အပိုင်ထမင်းစားပြီးပြီလား၊ကျွန်တော်မေးခိုင်းတာမဟုတ်ဘူးနော်၊
ဆရာ့အပိုင်ကိုစိတ်မချတဲ့ဆရာကမေးခိုင်းတာ'
ဆိုပြီးပါလာသေးတာမို့ ကူးမသိမသာပြုံးလိုက်ပြီး
'အင်း'လို့ ပြန်စာဖြေလိုက်သည်။

" ပါးပါးအခုမှသေချာပြန်စဥ်းစားကြည့်တာ၊
အဲ့နေ့က ပါးပါးစကားတွေကမင်းဒယ်ဒီအပေါ်
တအားလွန်သွားတာပဲ၊ထားလိုက်ပါ၊ပါးပါးက
အဲ့လူဆိုးကောင်ကို မကျေနပ်ဘူး၊ပါးပါးကို
စိတ်ပျက်ရင်လည်း စိတ်ပျက်နေမှာပေါ့ "

ကူးလေး ထိုသို့ပြောပြီးလမ်းသာလျှောက်သည်။
နေပူသည်ဆိုသော်လည်း ကလေးလေးရှိနေလို့
အဆင်မပြေတာကြောင့် ဘက်စ်ကားစီးပြီးသာ
စောစောရောက်သွားရင်တောင် ထယ်ယောင်းရှိ
မဝင်သေးဘဲ ကုမ္ပဏီကိုပတ်နေတော့မည်လေ။

- - - - -

" ထမင်းလေးတော့မှန်အောင်စားလို့ တော်သေးတာပေါ့ကွာ၊မောင့်အသက်ရှိက အနမ်းတွေ
လှည့်တောင်းလို့ရရင် မောင်အမောပြေမယ်ထင်
တယ်ကွာ.... "

ထယ်ယောင်းက ယောင်းဝူပို့ပေးသည့်မက်ဆေ့ချ်ဖတ်ရင်း သက်ပြင်းရှည်ချကာစကားဆိုမိသည်။
အိမ်တော်မှာဆိုလည်း သူ့ကိုစကားမပြောဘဲ
အိပ်ရင်လည်း သူ့ကိုကျောပေးအိပ်သည်။

အဲ့နေ့က သူ့စကားတွေတအားလွန်သွားပေမဲ့လည်း
သူ့အသက်ကိုချစ်လို့ဖြစ်သည်။သူ့အသက်ကသာ
ပြန်ချေပတဲ့စကားလုံးတွေက ထယ်ယောင်းရင်ကို
အတော်နာကျင်စေသည်လေ။အဆိုးဆုံးက
မျိုးစေ့လေးနဲ့ရတာတောင် မင်ဂယူနဲ့လက်ထပ်ဦးမယ်ဆိုတာပဲ။တကယ်ရင်ထဲကြားနေရရင်တော့
ပိုပြီးနာကျင်မိပါသည်လေ။

ထယ်ယောင်းတွေးရင်း စားပွဲပေါ်ကကူးဓာတ်ပုံကို
ကြည့်ပြီး သက်ပြင်းရှည်ချကာပြောလိုက်သည်။

" မောင်က မောင့်အသက်မောင့်ကိုဘာပြောပြော
မောင်ကဒီအလှလေးကို သိပ်သိပ်ချစ်တာဗျာ၊
ကျေးဇူးပြုပြီး မောင့်ကိုတစိမ်းမဆန်ပါနဲ့တော့ "

ထယ်ယောင်းပြောပြီး တအားပင်ပန်းနေတာမို့
ထိုင်ခုံကိုခပ်လျောလျောမှီထိုင်ကာ အိပ်နေသည်။
ငါးမိနစ်လောက်ကြာသည်နှင့် ထယ်ယောင်းရဲ့
အခန်းတံခါးကိုဖွင့်ကာ ဝင်လာသူကရှိနေသည်။

" အတော့်ကိုအတင့်ရဲလှချည်လား.... "

ထယ်ယောင်းကအအိပ်ဆက်သူမို့ မည်သူကအသံ
မပေးပါဘဲဝင်လာသည်ဆိုတာကိုသိသည်။ရေမွှေး
နံ့ကလည်းပြင်းနေတာမို့ ဘယ်သူလဲဆိုတာကို
အတပ်သိသည်။

" သိနေတယ်မလား၊ကိုကိုထယ်က လီယမ့်ကိုသာ
စိတ်မဝင်စားဘူးသာပြောတာနော် လီယမ်
ဝင်လာမှန်းဘယ်လိုသိနေတာလဲ "

ထယ်ယောင်းစကားနောက် လီယမ်ကပြုံးပြီး
ဖြေတော့ ထယ်ယောင်းကမျက်လုံးဖွင့်လာပြီး
ခပ်မဲ့မဲ့ပြုံးလိုက်သည်။စိတ်ပျက်သည့်အပြုံးဆို
ပိုမှန်မည်လေ။

" အမှိုက်နံ့ကြီးက ဝင်လာထည်းကနံနေတာကို
ငါကဆက်အိပ်နေရမှာလား၊အခုကရော
ဘာကိစ္စလာပြန်တာလဲ.... "

ထယ်ယောင်းရဲ့စကားကြောင့် လီယမ်ဒေါသထွက်
ပေမဲ့လည်း မျက်နှာအမူအရာကိုထိန်းကာဖြင့်
ပြန်စကားပြောနေသည်။

" အလုပ်ကိစ္စလာပြောတာလေ၊ကိုကိုထယ်က
တစ်ခါမှလီယမ်နဲ့အလုပ်မလုပ်ဖူးသာပြောတာ၊
ဒီတစ်ခါတော့ အလုပ်ဆွေးနွှေးသင့်ပြီထင်လို့ "

" ငါဒေါသမထွက်ချင်ဘူး၊အေးဆေးနေတာ
ကောင်းမယ်၊မင်းကိုလည်း ငါအပြတ်ပြောပြီးသား၊
ငါကဘယ်တော့မှ မင်းတို့ဟန်လုပ်ငန်းစုနဲ့အလုပ်
တွဲမလုပ်ဘူးဆိုတာကို.... "

ထယ်ယောင်းကပြောတော့ လီယမ်ကစိတ်တို
သွားသည်။အမြဲတမ်းသူတို့နဲ့အလုပ်တွဲမလုပ်ဘူး
ပြောတာ သူ့အဖေရော၊သူ့သားရောပင်ဖြစ်သည်။
အခုလည်းထပ်ငြင်းနေပြန်တော့ လီယမ်ကပြုံးရင်း...

" ဒေါသထွက်လေ၊လီယမ်ကတော့ ကိုကိုထယ်
ဒေါသထွက်ရင်တအားသဘောကျတာ၊ဒါပေမဲ့လေ
တစ်ယောက်သောသူကတော့ ကိုကိုထယ်ကို
ဒေါသမထွက်ဖို့ပြောတယ်မလား၊မထင်နဲ့နော်...
အဲ့တစ်ယောက်က မင်ဂယူကိုစိတ်ပြတ်သေးတာ
မဟုတ်ဘူး၊တော်ကြာ ပြန်လိုက်သွား--- "

ခွပ်!

" အာ့! "

ထယ်ယောင်းစိတ်တိုလာသည်ထက် သူ့အသက်ကို
စော်ကားပြောဆိုသည့်စကားကို ပြောလာတာမို့
လီယမ်ဆိုတဲ့ကောင်ရဲ့မျက်နှာကို ခပ်ပြင်းပြင်း
ထိုးချလိုက်တော့သည်။

" မင်းကများ ငါ့အသက်ကိုစော်ကားတာလား!
ငါ့အသက်ကိုစော်ကားရင် မင်းကိုအခုချိန်ငါ
ဒီနေရာမှာအသက်မရှင်အောင် လုပ်လိုက်လို့ရတယ်ဆိုတာ မှတ်ထားလိုက်! "

" သိပါတယ်၊သိလို့ပဲ ပြောလိုက်တာလေ၊မင်ဂယူနဲ့
လီယမ်က စုံဖူးကြတာ၊မင်ဂယူက အခုထိချစ်နေ
တာလေ၊သူက စကားလေးနည်းနည်းပြောလို့
ပါသွားရင် ဘယ်လိုလုပ်မလဲ... "

အကြောတင်းသည့်လီယမ်က ထယ်ယောင်းထိုး
တာတောင်မမှတ်သေးပါဘဲ ရယ်ရင်းပြောသည်။
ထယ်ယောင်းမှာတော့ အတော့်ကိုဒေါသထွက်
လာပြီမို့ တံတွေးမြိုချလိုက်မိသည်။သူကြမ်း
တမ်းသူဆိုတာ ကိုကိုအလှလေးကိုထပ်မပြချင်မိ
ဘူး။ကိုကိုအလှလေးကို သူယုံသည်။

" ဆောက်ပိုစကားတွေပြောမနေဘဲ မင်းကိုမင်းသာ
ကြည့်နေစမ်းပါ၊မင်းလိုအမှိုက်လိုကောင်ကို ငါ
မပြောနဲ့၊တစ်ခြားလူတောင် စိတ်မဝင်စားဘူး၊
မှတ်ထား!!!ကင်မ်ထယ်ယောင်းက ကင်မ်ဂျောင်ဂုကိုချစ်တာ!!!ကင်မ်ဂျောင်ဂုတစ်ယောကထည်းကသာ ကင်မ်ထယ်ယောင်းကိုအမိန့်ပေးနိုင်တာ!!! "

ဘုန်း!

ထယ်ယောင်းက လီယမ်ရဲ့အင်္ကျီကော်လန်စကို
ဆွဲထားရင်းမှ လွှတ်ချလိုက်သည်မို့ လီယမ်က
ပန်းအိုးတင်ထားသည့်မှန်ခုံနဲ့ပါထိသွားတာမို့
မျက်နှာထိုသွားသလို ပစ်ချခံရတာမို့အရှိန်နဲ့
ထိမိသွားသေးသည်ကရှိသေး၏။

" အာ့! အမြင်ကပ်စရာကောင်ကိုအတော်ကြီး
စွဲလမ်းနေတဲ့သူတွေကသာ ရူးနေတာ!!!
အလုပ်အကြောင်းလာပြောဖို့ တောင်းဆိုတာတောင်လက်မခံနိုင်ဘူးဆိုတော့ အဲ့ကောင်ရဲ့
အချစ်ကိုလည်း မရသင့်ဘူး!! "

လီယမ်က ခပ်စူးစူးကြည့်ပြီးပြောကာထွက်သွား
တော့ထယ်ယောင်းက ဒေါသထွက်ပြီးဆိုဖာပေါ်
ထိုင်ချလိုက်သည်။လီယမ့်စကားကြောင့်
ထယ်ယောင်းအတွေးများသွားတာကခပ်များများ။

ကိုကိုအလှလေးနဲ့ အဆင်မပြေသေးပါဘူးဆိုမှ
လီယမ်ဆိုသည့်ကောင်ပြောသွားတဲ့စကားတွေကြောင့် ထယ်ယောင်းစိတ်တိုမိသည်။ထိုစဥ်
ယောင်းဝူထံမှဖုန်းလာတာမို့ ဖုန်းကိုင်လိုက်သည်။

" အင်း...ပြောဘာလဲ.... "

' ဆရာ့အပိုင်ကို ဆေးခန်းပြရမယ်လေ၊ဆရာ...
ကျွန်တော့်ကိုပြောထားလို့ ဟိုဘက်ကုမ္ပဏီခွဲက
ပြန်ရောက်လို့ ကုမ္ပဏီရှေ့မှာစောင့်နေပါတယ် '

ယောင်းဝူပြောသည့် ဆေးခန်းပြရမည်ဆိုထည်းက
ထယ်ယောင်း သူ့ကုတ်ကိုတောင်မယူတော့ဘဲ
အခန်းပြင်ရောက်နှင့်နေပြီဖြစ်သည်။သည်လိုနဲ့
ထယ်ယောင်း ဓတ်လှေကားစီးရင်းအမြန်
ကုမ္ပဏီအရှေ့သို့ ထွက်လာရသည်။

ထို့အတူတစ်ဖက်မှာလည်း ကူးကဘက်စ်ကား
စီးရင်း မှတ်တိုင်မှာဆင်းကာ ထယ်ယောင်းရဲ့
ကုမ္ပဏီရှေ့သို့ လမ်းကူးရန်မီးပွိုင့်မှာလူသွားဖို့
မပြသေးတာမို့ ရပ်နေလေသည်။

ကူးလမ်းကူးရန်စောင့်နေသည်ကို ကုမ္ပဏီက
ကားပါကင်မှထွက်လာသည့် လီယမ်ကတွေ့တော့
ပြုံးရင်းကြည့်နေသေးကာဖြင့်....

" အိုအို...ဒီနေ့က မင်းနဲ့မကောင်းဆိုးဝါလေးတို့
ကံဆိုးမဲ့နေထင်တယ်....ဟက်... "

လီယမ်ပြုံးကြည့်နေရင်း ကူးတို့ဘက်ကလမ်းကူးလို့ရပြီဆိုသည့်အချက်ပေးပေါ်လာတာကြောင့်
ကူးလေးကဗိုက်လေးပေါ်လက်ကပ်ရင်း အေးဆေး
လမ်းလျှောက်လာသည်လေ။

ထိုအချိန်လီယမ်ကရယ်ရင်း ကားကိုအရှိန်ဖြင့်မောင်းလာတာမို့တစ်ချို့ကလမ်းဖြတ်ကူးလူတွေတောင် အပြေးသွားနေစဥ် ကူးလည်းလှမ်းကြည့်လိုက်သည်။ကားက ကူးရှေ့တည့်တည့်ကိုလာ
နေတာကြောင့် ကူးအံ့ဩနေပြီးအမြန်မောင်းလာတဲ့
ကားကိုကြည့်နေမိချိန်....

ဘုန်း!

" အား!....မောင့်အသက်... "

" ကင်မ်ထယ်ယောင်း... "

ကူးက အံ့ဩလို့ကားကိုစိုက်ကြည့်နေတုန်းရှိသေး
ထိကပ်လာတော့မည့်ကားကြောင့် ကုမ္ပဏီထဲက
ထွက်လာသည့်ထယ်ယောင်းလည်း သူ့အသက်ကို
မြင်လိုက်ရတာကြောင့် ထယ်ယောင်းကကူးကို
ပွေ့ဖက်ပြီးဆွဲလိုက်တော့ ထိုကားကအရှိန်ဖြင့်
ကူးတို့ကိုတောင် ကျော်ထွက်သွားသည်။

အားလုံးကလည်း တစ်ခုခုဖြစ်တော့မယ်ထင်ပြီး
လန့်သွားကြသည်။ကူးကမြေပြင်ကိုမကျဘဲ ထယ်ယောင်းပေါ်သို့ပြုတ်ကျသွားပေမဲ့လည်း ထယ်ယောင်းကတော့ကူးပေါ်မှာရှိနေတဲ့အရှိန်ကြောင့် ဘယ်လက်ကိုထောက်ချလိုက်တာမို့ လက်ကနာသည်ထက် ပိုဆိုးသွားသည်ဖြစ်၏။

" အီးဟီး...ကင်မ်ထယ်ယောင်း...ဟင့်...
ငါ...ငါ...တောင်းပန်ပါတယ်.... အင့်... "

" မောင့်အသက်...မောင်ဘာမှမဖြစ်ဘူး၊ရတယ်၊
မောင်အဆင်ပြေတယ်...မောင့်အသက်ရော....
တစ်ခုခုဖြစ်သွားသေးလား.... "

ထယ်ယောင်းက သူ့ဒဏ်ရာကနာနေသည်ကိုလျစ်
လျူရှုလို့ ကူးကိုမေးနေမိသည်။ကူးကတော့
ထယ်ယောင်းရင်ခွင်ထဲငိုရင်းရှိနေတာမို့
သူ့အသက်လေးလန့်သွားတာဖြစ်တာကြောင့်
ဖက်ပေးထားလိုက်သည်။

" ဟင့်အင်း...ငါကြောက်တယ်... "

" ဘာမှမဖြစ်ပါဘူး၊မောင်ရှိတယ်...မောင်ရှိတယ် "

ထယ်ယောင်းကကူးကိုဖက်ထားရင်း ထွက်သွားတဲ့
ကားနက်ကိုကြည့်ကာ တေးထားလိုက်လေသည်။
သူ့လက်ဒဏ်ရာကိုလျစ်လျူရှုရင်းကြောက်နေတဲ့ သူ့အသက်လေးကို ပွေ့ဖက်ထားပေးကာစိတ်ကို
ထိန်းပေးလေသည်။တော်သေးသည်က သူ့ပေါ်
ပြုတ်ကျလာသည့် ကိုကိုအလှလေးဘာမှမဖြစ်
သွားတာကြောင့်သာလေ။

To be continued ~

နောက်ကျသွားပေမဲ့ အများကြီးရေးပေးထား
ပါတယ်ခင်ဗျာ။နည်းနည်းလေးရက်စက်လိုက်တာ
ဆောရီးပါဗျ ဟဲဟဲ

> >

#zawgyi

ထယ္ေယာင္းအဖိုးခ်ိန္းထားသည့္ေနရာကိုေတာ့
ေရာက္လာခဲ့ၿပီျဖစ္သည္။ထယ္ေယာင္းကားကို
ေသခ်ာရပ္လိုက္ၿပီး ေဘးမွာပတ္ဝန္းက်င္ကိုသာ
ၾကည့္ေနတဲ့ သူ႔အသက္ကိုလက္ျဖင့္တို႔ေခၚလိုက္
ေတာ့သည္။

" အသက္...အိမ္ကိုေရာက္ၿပီ၊ဆင္းရေအာင္ "

ထယ္ေယာင္းကေခၚေတာ့ သူ႔ဘက္ကိုလွည့္ၾကည့္
လာသည့္ကူးေလးက မ်က္ဝန္းေထာင့္မွာလည္း
မ်က္ရည္စေလးေတြကပ္ေနတာျဖင့္ ေျခာက္ကပ္
ေနၿပီျဖစ္သည္။ကင္မ္ထယ္ေယာင္းရာ မင္းကဘယ္လိုေတြေတာင္ ထပ္လုပ္ျပန္တာလဲ။

" အင္း... "

ကိုကိုအလွေလးက သူ႔လက္ကိုဆြဲဖယ္ရင္းကားတံ
ခါးဖြင့္ကာထြက္သြားသည္။ထယ္ေယာင္းလည္း
သူ႔ေဒါသေတြေၾကာင့္စိတ္လြတ္ထြက္သြားတာမို႔
ကိုကိုအလွေလးအေပၚလြန္ၾကဴးမိတာေၾကာင့္
ဘယ္လိုေခ်ာ့ရမလဲဆိုတာကို စဥ္းစားေနရသည္။

ၿပီးေနာက္ကိုကိုအလွေလးအနား အျမန္မွီေအာင္
ကားေနာက္ခန္းထဲက Luggageေတြကိုယူၿပီး
လိုက္ရသည္။အိမ္ေရွ႕အနားကိုေရာက္ေတာ့
အိမ္အကူႏွစ္ေယာက္က လာသယ္ေပးၾကသည္။

" သခင္ေလးတို႔ကို ဥကၠဌႀကီးကအိမ္ေတာ္ထဲမွာ
ေစာင့္ေနပါတယ္... "

အိမ္အကူအေဒၚႀကီးကေျပာၿပီး အိမ္ထဲကိုအရင္
ဝင္သြားသည္။ကူးကေတာ့ အျပင္ေနရာကေန
ကူးသေဘာက်မိတဲ့ အိမ္ေတာ္ႀကီးကိုၾကည့္၏။
႐ိုးရာအိမ္ေတာ္ႀကီးမို႔ ကူးသေဘာက်ကာ
အခ်ိန္အၾကာၾကာေမာ့ၾကည့္မိပါသည္။အဖိုးက
ကူးျဖစ္ခ်င္တာေလးကို ေတြးေပးတာမို႔ေက်းဇူး
အေတာ္တင္မိပါသည္။


အိမ္ေတာ္တံခါးေရွ႕မွာရပ္ေနသည့္ ကူးအနား
ထယ္ေယာင္းက အနားကပ္ကာဖက္ဖို႔လုပ္ေတာ့ ကူးေလးကေရွာင္ဖယ္ၿပီး စကားဆိုသည္။

" ေတာင္းပန္ပါတယ္၊ငါ့အနားကို မကပ္ပါနဲ႔၊
ငါ့ကေလးေလး ေၾကာက္..ေၾကာက္ေနလိမ့္မယ္ "

ကူးေလးက ထယ္ေယာင္းနဲ႔ခပ္ခြာခြာေနလိုက္ရင္း
ေျပာသည္။ထယ္ေယာင္းလည္း ခုနက​ကိစၥေၾကာင့္
စိတ္မေကာင္းျဖစ္သြားၿပီး ေတာင္းပန္ဖို႔လုပ္သည္။

" ေမာင္...ေမာင္..ေတာင္းပန္ပါတယ္၊ေမာင္က
ေမာင့္အသက္ကို သဝန္တိုၿပီး အဲ့ဒီလူနဲ႔-- "

" ေျမးေလးတို႔ဝင္ၾကေလကြာ၊အဖိုးက သြားစရာရွိလို႔ အိမ္ေလးေသခ်ာအပ္ခဲ့ခ်င္လို႔ပါ... "

ထယ္ေယာင္းက ကူးကိုေတာင္းပန္ရင္းအဖိုးက
အိမ္ေတာ္ရဲ႕တံခါးနားကေန လွမ္းေခၚသည္။
ကူးက အဖိုးေခၚေတာ့အရင္ဆုံးဝင္သြားသည္။
ထယ္ေယာင္းကေတာ့ သက္ျပင္းခ်လို႔သာ
သူမွားတာကိုေတြးမိရင္း ကူးကိုသနားမိသည္။

သူ႔ကိုကမွားတာပါ။သဝန္အတိုလြန္ၿပီး
ကိုယ္ဝန္သည္ကိုလည္း ေအာ္လိုက္တာအမွားမို႔
ကိုယ္တိုင္သာ အျပစ္တင္ေနသည္။ဒီပုံစံအတိုင္းဆို
ကိုကိုအလွေလး သူ႔ကိုပိုမုန္းသြားေတာ့မွာပဲ။

ကူးေလးက ထယ္ေယာင္းကိုစကားမေျပာခ်င္လို႔
အဖိုးအသံၾကားရာေရွ႕ ခပ္သြက္သြက္လာခဲ့သည္။
ထို႔အတူ ကူးသေဘာက်သည့္အိမ္ေတာ္အျပင္ကို
လွည့္ပတ္ၾကည့္လိုက္ေသးတာျဖစ္သည္။

" အဖိုးတန္ေလး...အိမ္ထဲကိုဝင္လာခဲ့ေလကြာ၊
တစ္ပတ္လုံးေနရမွာမို႔ အႀကိဳက္ဆက္ၾကည့္.. "

အဖိုးက ကူးေလးကိုၾကည့္ကာ အထဲကဧည့္ေတြ႕ေနရာက ေနရာမွာအခင္းေပၚတင္ပ်ဥ္ေခြရင္းထိုင္ေနရင္းမွ လွမ္းေခၚသည္။

ကူးေလးကအဖိုးစကားေၾကာင့္ ၿပဳံးလိုက္ၿပီး
အိမ္ေပၚေျပးတက္လာသည္။ထယ္ေယာင္းက
အေနာက္ကေန စိုးရိမ္လို႔လိုက္ထိန္းေပမဲ့လည္း
သူ႔လက္ကိုေတာင္႐ိုက္ခ်ၿပီး အဖိုးရွိတန္းသြားတာ
ျဖစ္သည္။

ထယ္ေယာင္းလည္း သူ႔အျပစ္နဲ႔သူသာမို႔အဖိုးနဲ႔
စကားေျပာၾကရန္ ကူးေလးေဘးနားသာဝင္ထိုင္
သည္။စကားသံေတာင္မထြက္ႏိုင္သည္အထိ
ၿငိမ္ၿငိမ္ေလးေန,ေနတာ။

" ႏွစ္ေယာက္လုံး ဒီအိမ္ေတာ္မွာေအးေဆးအနားယူ
အဖိုးကေတာ့ ဒီကိုႀကိဳေရာက္ေနတာကခုနေလး
တင္ထြက္လာခဲ့တာ၊ဒါျဖင့္ေျမးတို႔ကႀကိဳထြက္ၿပီး
ဘာလို႔ေနာက္က်ေနရတာလဲ "

အဖိုးကေမးေတာ့ ကူးေလးကျဖစ္လာသည့္ကိစၥကို
ျပန္ေတြးရင္း အသံမထြက္ပါ။ထယ္ေယာင္းက
ကူးအစား အဖိုးေရွ႕မ်က္ႏွာျပင္လိုက္ရင္းေျဖ၏။

" ကြၽန္ေတာ္တို႔ Shopping Centreတစ္ခုမွာ
မုန္႔ဝင္စားေနလို႔ ေနာက္ၾကသြားတာပါ အဖိုး "

ထယ္ေယာင္းစကားေၾကာင့္ ကူးေလးကလည္း
ေခါင္းျပန္ေမာ့လာၿပီး စကားမေျပာေပမဲ့
ေခါင္းၿငိမ့္ပါသည္။အဖိုးကေတာ့ရယ္ရင္း...

" ဟားဟား...ေကာင္းတာေပါ့၊ၾကည့္ရတာ
မ်ိဳးေစ့ေလးက ပါးပါးကိုအစားနဲ႔ပါးစပ္မပ်က္ဖို႔
ဗိုက္ထဲကေနတိုက္တြန္းေနတယ္ထင္တယ္ "

" ဟုတ္တယ္ အဖိုး၊ကူးက ပါးစပ္နဲ႔အစားစကၠန႔္ပိုင္း
ေတာင္မျခားလိုက္နဲ႔၊ျခားလိုက္တာနဲ႔ကူးက
ဗိုက္ထပ္ဆာလာေရာပဲ ဟီးဟီး "

ကူးေလးကရယ္ရင္းေျဖသည္။ထယ္ေယာင္းက
သူ႔အသက္ေလးအခုမွရယ္လို႔ဆိုၿပီး ၿပဳံးၾကည့္ရင္း
ခုံေအာက္ကေန သူ႔အသက္လက္ကိုကိုင္လိုက္၏။
ကူးေလးက​ အကိုင္မခံဘဲထယ္ေယာင္းလက္ကို
ဖယ္ခ်သည္။ထယ္ေယာင္းမ်က္ႏွာမေကာင္းႏိုင္
ေတာ့ဘူး။

" အဖိုးလည္း မင္းတို႔ကိုအိမ္အပ္ၿပီးၿပီဆိုေတာ့
အဖိုးရဲ႕သူငယ္ခ်င္းေတြနဲ႔ ေဂါက္႐ိုက္သြားဖို႔ရွိေသး
တယ္၊ေျမးတို႔စားေသာက္ဖို႔ အိမ္အကူသုံးေယာက္
ရွိတယ္... လိုအပ္တာဆိုေျပာေပါ့ကြာ "

" ကြၽန္ေတာ္ေနာက္မွ လိုက္ေဆာ့ေတာ့မယ္၊အခုက
ကြၽန္ေတာ့္အသက္က ကိုယ္ဝန္နဲ႔ဆိုေတာ့ အဖိုးက
နားလည္ေပးပါဦး "

ထယ္ေယာင္းရဲ႕စကားေၾကာင့္ အဖိုးကေခါင္းၿငိမ့္ၿပီးထဖို႔လုပ္ေတာ့ ကူးနဲ႔ထယ္ေယာင္းကထူေပး
သည္။သို႔ေသာ္ အဖိုးကေတာ့ကူးကိုမထူခိုင္းဘဲ
ထယ္ေယာင္းကို ထူခိုင္းသည္။ကိုယ္ဝန္သည္ကို
မလိုလားအပ္ဘဲ မထိခိုက္ေစခ်င္ဘူး။

" အဖိုးသြားေတာ့မယ္ ေျမးနဲ႔အဖိုးတန္ေလး၊
ေအးေဆးအနားယူၾကေတာ့၊အဖိုးတန္ေလးက
ကေလးနဲ႔ဆို ခဏေနအိပ္ေတာ့... "

" ဟုတ္ကဲ့ အဖိုး၊ဂ႐ုစိုက္သြားပါေနာ္ "

အဖိုးက ကူးေလးဘက္ၾကည့္ရင္းေျပာေလသည္။
ကူးေလးကေတာ့ အဖိုးရဲ႕စကားကိုျပန္ဆိုလိုက္ၿပီး
ၿပဳံးျပေနသည္။တကယ့္ကိုခ်စ္စရာေကာင္းသည့္
ကူးေလး။ထယ္ေယာင္းလည္း သူတအားခ်စ္တဲ့
ကိုကိုအလွေလးကို ၿပဳံးၾကည့္ေနေသးသည္။

" ေမာင္လိုက္ပို႔လိုက္မွာမို႔ ေမာင့္အသက္ကအိမ္ထဲ
ေနခဲ့ေတာ့၊ေမာင္ခဏေန ဝင္လာခဲ့မယ္ "

ထယ္ေယာင္းကလွည့္စကားေျပာလိုက္ေပမဲ့လည္း
ကူးေလးက အဖိုးနဲ႔တုန္းကၿပဳံးေနသည့္မ်က္ႏွာ
ထားမဟုတ္ေတာ့ဘဲ မ်က္ႏွာပ်က္သြားကာအခန္း
ေတြဘက္ လိုက္ၾကည့္ရန္ထြက္သြားသည္။

ထယ္ေယာင္းလည္း ခဏေနၾကေအးေဆးျပန္ေခ်ာ့
မယ္ဆိုၿပီး အဖိုးကိုအိမ္ေတာ္ေရွ႕က ကားေနရာသို႔
ျပန္လိုက္ပို႔ေပးသည္။အဖိုးကေတာ့ ကားေပၚတက္
သြားသည္အထိ ထယ္ေယာင္းကိုမွာသြားသည္။
'အဖိုးတန္ေလးကိုဂ႐ုစိုက္'ဆိုသည့္စကားေတြကို
ေျပာေျပာသြားတာမို႔ ထယ္ေယာင္းေခါင္းၿငိမ့္ရတာ
မနည္းေတာ့ေပ။

အဖိုးကိုလိုက္ပို႔ေပးၿပီး အိမ္ေတာ္ထဲျပန္ဝင္လာတဲ့
ထယ္ေယာင္းက သူတို႔အခန္းထဲကိုမဝင္ႏိုင္ေသးဘဲ
ဗိုက္ဆာေနမည့္ ကိုကိုအလွေလးအတြက္စားစရာ
ေတြျပင္ခိုင္းဖို႔ အိမ္အကူေတြကိုသြားေျပာရသည္။
ထိုအိမ္အကူေတြက ကိုယ္ေတြအိမ္ကလူေတြမို႔
အသစ္ေတြမဟုတ္တာမို႔ ထယ္ေယာင္းတို႔နဲ႔
စိမ္းမေနဘဲ ျပင္ေပးေနၾကသည္။

" အသားကိုအဓိကထည့္ေပးပါ၊အေဒၚႀကီးက
ကြၽန္ေတာ့္အသက္စားတာေတြသိေနရင္လည္း
ပိုတာေတြအကုန္ထည့္ေပးထားပါဦး၊အသက္က
မ်ိဳးေစ့ေလးနဲ႔မို႔ အမ်ားႀကီးစားမွာ "

" အကုန္အဆင္သင့္ျဖစ္ေစရပါ့မယ္ သခင္ေလး၊
ေအးေဆးသာ အနားသြားယူပါရွင္ "

အိမ္အကူအေဒၚႀကီးက ထယ္ေယာင္းကိုေမြး
ထည္းကရွိတာမို႔ ထယ္ေယာင္းအႀကိဳက္ပါသိေနသလို အခုေတာ့ထယ္ေယာင္းအသက္ေလးရဲ႕
အႀကိဳက္ေတြကိုပါ သိေနတက္ၿပီျဖစ္သည္။
ကူးေလးကမၾကာေသးေပမဲ့ ယဥ္ေက်းလြန္းလို႔
အိမ္အကူအားလုံးနဲ႔တည့္သည္။

ထယ္ေယာင္း မွာစရာရွိတာမွာၿပီးအခန္းထဲျပန္
ေရာက္လာေတာ့ ကိုကိုအလွေလးကသူ႔hoodieကို
ခြၽတ္ၿပီး သူ႔​အက်ႌသာသူျပန္လဲေနတာျဖစ္သည္။
ထယ္ေယာင္းလည္း ကူးေလးအနားသြားကာ
ခါးေသးေလးကေနသိုင္းဖက္လိုက္ေတာ့ ကူးေလး
ရွပ္ဝတ္ေနတာေတာင္ ရပ္တန္႔သြားသည္။

" ဖယ္ပါ ငါ့ကို၊ငါ့ကိုအဲ့လိုေတြ မထိပါနဲ႔ "

ခဏေတာ့လန္႔သြားေပမဲ့ ၿပီးမွသူ႔ကိုယ္ထဲက႐ုန္း
ထြက္ကာ ထယ္ေယာင္းကိုခပ္ၾကမ္းၾကမ္းစကား
ဆိုသည္။ထယ္ေယာင္းသိသည္။သူ႔အသက္က
သူ႔ကိုတအားစိတ္ဆိုးေနတယ္ဆိုတာ။သူလည္း
နာက်င္ရတာပါပဲ။ခ်စ္ရသူကို အျခားတစ္ေယာက္ရဲ႕ရင္ခြင္ထဲမွာျမင္ေနတာကိုေလ။

" ေမာင္...ေမာင္ေတာင္းပန္ပါတယ္၊ေမာင့္ကို
နားလည္ေပးပါကြာ၊ေမာင္ကေၾကာက္လို႔...
ၿပီးေတာ့ ေမာင့္အသက္ကသူ႔ေနာက္ျပန္ပါမွာဆိုးလို႔ ေမာင္ေဒါသထြက္သြားရတာပါ "

ထယ္ေယာင္းစကားေၾကာင့္ ကူးတစ္ဘက္သို႔
လွည့္ေနရင္းမွ ထယ္ေယာင္းဘက္ကိုျပန္လွည့္
လာေလသည္။ၿပီးေနာက္ ထယ္ေယာင္းကို
မ်က္ဝန္းဝိုင္းေတြျဖင့္ခပ္စူးစူးေမာ့ၾကည့္ရင္း...

" ႐ူးေနလား ကင္မ္ထယ္ေယာင္း!!!မင္းကအ႐ူး!!
ငါ့ကိုမင္းကထပ္ၿပီး ေစာ္ကားေနျပန္ၿပီ၊ငါက
ဂယူ႔ေနာက္ပါသြားမယ္တဲ့၊ငါ့ကိုမ်ား အိမ္ေထာင္ရွိၿပီးေဖာက္ျပန္မဲ့ေကာင္လို႔ ထင္ေနတာလား!!! "

ကူးေဒါသထြက္ကာ အသံက်ယ္က်ယ္ျဖင့္ေျပာ
လိုက္မိသည္။သူ႔စကားေတြအကုန္လုံးကေတာ့
ကူးအတြက္ေဒါသထြက္စရာလုံေလာက္တယ္လို႔
ထင္သည္မဟုတ္လား။

" အသက္...ေမာင္က--- "

" တိတ္စမ္းပါ!!မင္းကေလ ငါ့ကိုခ်စ္တယ္လို႔
ခ်စ္တယ္လို႔သာေျပာေနတာ၊မင္းကတစ္ခါမွ
ငါ့ေနရာကိုမၾကည့္ႏိုင္ဘူး၊မင္းမွာသိတာ၊
စိတ္တိုေဒါသထြက္မယ္၊ၿပီးရင္ ေမာင္မွားပါတယ္
ဆိုၿပီးေတာင္းပန္တက္တာက အရင္ထည္းက!!!
မင္းက အခုလည္းငါ့သိကၡာကိုေစာ္ကားတယ္!! "

ထယ္ေယာင္း ကူးေျပာတာေတြအားလုံးကို
ၿငိမ္ၿငိမ္ေလးသာနားေထာင္ေနသည္။တကယ္!
သူကိုယ္တိုင္လည္း အသက္ေျပာသလိုပင္
သူ႔ေနရာလည္းမဝင္ၾကည့္ႏိုင္ဘဲ ကိုယ့္ဘက္က
ကိုကိုအလွေလးကို ေစာ္ကားေနတာ။တကယ္ေတာ့
သူမွားတာပါ။

" ထပ္ေျပာဦးမယ္၊မင္းသိေအာင္လို႔ေပါ့၊ဟက္...
ငါေလ မင္းနဲ႔ဂယူ႔မွာဘာလို႔ ဂယူ႔ကိုတအားခ်စ္ၿပီး
ေ႐ြးခ်ယ္ခ်င္ရလည္းသိလား... "

ကူးေလးက ဟက္ခနဲရယ္လိုက္ၿပီးထယ္ေယာင္းကို
ေဒါသထြက္ေအာင္စလိုက္သလိုေျပာသည္။
ထယ္ေယာင္းက ဂယူ႔အသံၾကားတာနဲ႔ကို ေဒါသတို႔
ပိုတက္လာရသည္။

" သူကငါ့ကိုငယ္ငယ္ေလးထည္းက ငါ့အရိပ္ေလး
လိုေနၿပီး ငါ့မ်က္ႏွာကိုပဲၾကည့္ခဲ့တာ၊ငါ့ကိုသဝန္တို
ခဲ့ဖူးတယ္၊ဒါေပမဲ့ ဂယူကမင္းေလာက္မဆိုးဘူး!
ခ်စ္သူမျဖစ္ခင္ေတာင္ မင္းလိုမ်ိဳးငါ့ကိုေဒါသထြက္ဖို႔တစ္ခါေတာင္မေျပာနဲ႔ ေသးေသးေလးေတာင္ထြက္မလာဖူးဘူး!မင္းကသာအားေန စိတ္ေတြတိုေဒါသေတြထြက္ေနတာ၊ငါ့ကိုလည္းေအာ္တယ္၊ကတိေပးထားတာေတြနဲ႔ တစ္ျခားစီ၊ျဖစ္ႏိုင္ရင္မင္းကေလးကိုလြယ္ၿပီး ဂယူ႔ကိုလက္ထပ္လိုက္
ခ်င္တာသိလား!!! "

ကူးကေျပာေတာ့ ထယ္ေယာင္းေဒါသထြက္ၿပီး
လက္သီးဆုပ္ကို ခပ္တင္းတင္းဆုပ္ထားမိသည္။
ထပ္ထြက္လာလို႔မရဘူး။ထပ္သာထြက္လာခဲ့ရင္
ကိုကိုအလွေလးက သူ႔ကိုမုန္းသြားမွာ။လမ္းမွာ
ကိုကိုအလွေလးကို သူေအာ္ခဲ့တာ။အခုေတာ့
သည္းခံၿပီး စိတ္တိုတိုနဲ႔နားေထာင္ရမည္။

" မ်က္ႏွာႀကီးတင္းထားမေနပါနဲ႔၊မင္းကေဒါသ
ထြက္တက္တယ္မလား၊ထြက္စမ္းပါ!!မင္းနဲ႔ဂယူက
တကယ့္ကို ကြာျခားတာ၊မင္းထင္ခ်င္သလိုထင္
မင္းႏူးညံ့တာထက္ သူကငါ့ကိုပိုႏူးညံ့တယ္ "

" ကင္မ္ေဂ်ာင္ဂု!!ေမာင့္ကို ေဒါသထြက္ေအာင္
လာမစမ္းနဲ႔ကြာ!ေမာင္ကပဲ ခင္ဗ်ားကိုပိုခ်စ္တာ "

ထယ္ေယာင္းက အံတင္းတင္းႀကိတ္ရင္းေျပာေတာ့
ကူးေလးလည္းမဲ့ၿပဳံးလိုက္ရင္း  စကားဆက္သည္။

" ပိုေျပာျပရမလား၊ဒီခႏၶာကိုယ္က မင္းကိုသာလက္
ထပ္ထားရတာ၊မင္းမဟုတ္တဲ့ ဂယူ႔ကိုငါကအရမ္း
ခ်စ္တာ ကင္မ္ထယ္ေယာင္းရဲ႕!မင္းလိုမ်ိဳး
ႏူးညံ့လိုက္၊ဆိုးျပလိုက္ဆိုတဲ့လူကို ငါရင္ထဲက
နာက်င္ေအာင္အထိမုန္းတာ၊မင္းဆိုတဲ့
ကင္မ္ထယ္ေယာင္းကို ငါမုန္းတယ္သိလား!!!! "

ကူးစကားေၾကာင့္ ထယ္ေယာင္းကေလဟာနယ္
တစ္ခုထဲေရာက္သြားသလို။နားထဲလည္း တစ္ျခား
အရာေတြမၾကားရဘဲ ကိုကိုအလွေလးထံမွသူ႔ကို
'မုန္းတယ္'ဆိုသည့္စကားေတြကိုကာ ထပ္ကာ
တလဲလဲၾကားေနရသည္။

သူမခံစားႏိုင္ဘူး။သူ႔အသက္က သူခ်စ္တာေတာင္
သူ႔ကိုမုန္းတယ္တဲ့။မဟုတ္ေလာက္ပါဘူး။အသက္
သူ႔ကိုတအားစိတ္ဆိုးေနတာ။

ဒါေၾကာင္ပင္ ကူးေလးစိတ္ဆိုးေျပေအာင္အထိေတာင္းပန္ဖို႔အတြက္ ထယ္ေယာင္းကခ်စ္ရသူေရွ႕
ဒူးေထာက္လိုက္ၿပီး ေတာင္းပန္ေနသည္။

" ေတာင္းပန္ပါတယ္၊ေမာင္က ဒီလိုဒူးေထာက္ၿပီး
ေတာင္းပန္ပါတယ္၊ေက်းဇူးျပဳ၍ ေမာင့္ကိုမမုန္းပါ
နဲ႔ကြာ၊ဗိုက္ထဲက မ်ိဳးေစ့ေလးကပါးပါးကိုေျပာျပ
လိုက္ဦးေလ၊ဒယ္ဒီ့ကိုမမုန္းပါနဲ႔လို႔ "

အ႐ူးတစ္ေယာက္လိုပင္ မ်က္ရည္ေတြထိန္းမႏိုင္
ေအာင္အထိက်ဆင္းရင္း ကူးေလးေရွ႕ဒူးေထာက္
ရင္း ကူးေလးဗိုက္ထဲကကေလးေလးကိုပါပြတ္ၿပီး
ေတာင္းပန္ေနသည္။

ကူးေလးလည္း ထယ္ေယာင္းျဖစ္ပ်က္ေနပုံကို
ၾကည့္ၿပီးစိတ္မေကာင္းျဖစ္ေပမဲ့ သူ႔ကိုေတာင္
နားမလည္၊ယုံမၾကည္ေပးႏိုင္တဲ့သူကိုေတာ့
ကူးဒီလိုသာ ပညာေပးလိုက္ခ်င္သည္။

ကူးက ကင္မ္ထယ္ေယာင္းကိုမခ်စ္ခ်င္တာ
မုန္းတာေတြအားလုံးက သူလုပ္သမွ်အရာေတြနဲ႔
ဆိုင္သည္။ကေလးအေဖဆိုသည့္ေၾကာင့္လက္ထပ္
ထားရေပမဲ့ သူေနသမွ်အတိုင္းေနေပးသည္။အခုကူးကိုေတာင္ ေစာ္ကာေသးသည္။ကူးလက္မခံႏိုင္
ေတာ့ဘူး။

" ကင္မ္ထယ္ေယာင္း!မင္းထေတာ့!ငါမင္းရဲ႕
မ်က္ႏွာကိုမျမင္ခ်င္ဘူး၊မင္းငါနဲ႔ေဝးရာကို
ေနလိုက္စမ္းပါ!!ကေလးေလးေၾကာင့္သာ
သည္းခံထားရတာ!ငါဘယ္ေလာက္ရွက္ၿပီး၊
ေၾကာက္ေနလဲဆိုတာ မင္းမသိဘူး၊မင္းသိတာ၊
ငါ့ကိုေအာ္မယ္၊လူေတြၾကည့္ေနတဲ့ၾကားထဲငါ့ကို
ေအာ္မယ္၊ငါမင္းကိုမုန္းတယ္!!ဟင့္.... "

ကူးထိုစကားေတြေျပာလိုက္ေပမဲ့လည္း ရင္ထဲက
အရမ္းကိုနာက်င္လြန္းလွသည္။နာက်င္ေနေပမဲ့
ကူးသည္းမခံႏိုင္ဘူး။ကူးကို အရွက္ကြဲသည္အထိ
ဂယူနဲ႔ကူးကို အထင္လြဲပိတ္ေအာ္ေနခဲ့တာ။ကူးကို
ခ်စ္တယ္ေျပာၿပီး ကူးေျပာတဲ့စကားကိုေတာင္
နားမေထာင္ႏိုင္လို႔ ကူးစိတ္ပ်က္မိသည္။

" မမုန္းပါနဲ႔ ေမာင့္အသက္ရာ၊ေမာင့္အသက္က
မုန္းတယ္တစ္ခါေျပာတိုင္း ေမာင္ရင္ေတြနာတယ္၊
ေမာင္နာက်င္လြန္းလို႔ပါကြာ၊မေက်နပ္ဘူးမလား၊
ေမာင့္ဆံပင္ကိုဆြဲ၊ေမာင့္မ်က္ႏွာကို႐ိုက္၊ဓားလည္း
ရွိတယ္ ေမာင့္အသက္သာေက်နပ္မယ္ဆိုေမာင့္ကို
သတ္လိုက္လည္းရပါတယ္ကြာ "

ထယ္ေယာင္းကေျပာရင္းငိုကာ ကူးလက္ေလးကို
ဆြဲယူရင္းသူ႔မ်က္ႏွာကို ႐ိုက္ေစသည္။ကူးကေတာ့
ထယ္ေယာင္းပုံစံကိုၾကည့္ရင္း ရင္ထဲနာက်င္တာမို႔
လက္ကိုဆြဲဖယ္လိုက္ကာ ေျပာသည္။

" သြား!!မင္းထြက္သြား!!ငါမင္းကို မျမင္ခ်င္ဘူး၊
မုန္းတယ္!လူဆိုးေကာင္ရဲ႕ ဟင့္... "

" ဟုတ္ၿပီ၊ေမာင္....ေမာင္ကထြက္သြားပါ့မယ္၊
ေတာင္းပန္ပါတယ္၊မငိုပါနဲ႔ေတာ့၊ေမာင္ကဘဲ
အရႈံးေပးပါတယ္၊ေမာင္ကမွားတာမို႔ ေမာင္က
ဆင္ျခင္ပါ့မယ္၊ေဒါသလည္းမထြက္ေတာ့မွာမို႔
ေမာင့္ကိုမမုန္းလိုက္ပါနဲ႔ "

ထယ္ေယာင္းကလည္း ငိုထားတာမို႔ကူးေလးရဲ႕
မ်က္ႏွာေလးကိုေမာ့ၾကည့္ရင္း ဒူးေထာက္ရာကေန
ထရပ္လာကာ ကူးမ်က္ရည္ေတြကိုသုတ္ေပး၏။
ၿပီးမွ ကူးနဖူးျပင္ေလးကိုခပ္ဖြဖြနမ္းရင္း
ထယ္ေယာင္းက အခန္းထဲမွထြက္သြားသည္။

" အီးဟီး...ဟင့္...အင့္... "

ထယ္ေယာင္းအခန္းထဲမွ ထြက္သြားေတာ့ ကူးက
ကုတင္ကိုထိုင္မွီလိုက္ၿပီး ကူးနားႏွစ္ဖက္ကို
ခပ္တင္းတင္းပိတ္လိုက္ကာ ငိုေတာ့သည္။

" ငါသူ႔ကိုဒီလိုေျပာတာကို ဘာလို႔နာက်င္ရတာလဲ၊
ငါသူ႔ကိုမုန္းတာေလ၊ဘာလို႔ရင္ဘက္ထဲက နာက်င္
ေနရတာလဲလို႔.... အင့္...ဟင့္..ပါးပါးတို႔ေၾကာင့္
လန္႔သြားရင္ ေတာင္းပန္ပါတယ္ကေလးေလး၊
ပါးပါးလည္း ရင္ထဲနာေနတာ...ဟင့္... "

ကူးေလး မ်ိဳးေစ့ေလးရွိရာရပ္ဝန္းေလးကိုထိၿပီး
ငိုရင္းေျပာလိုက္သည္။ထို႔အတူထယ္ေယာင္းလည္း အခန္းအျပင္ဘက္မွတံခါးကိုမွီရင္း
ငိုေနမိသည္ေလ။သူ႔အမွားေၾကာင့္ ကိုကိုအလွေလး
လန္႔သြားတာ။သူမေကာင္းတာပါ။

" ေမာင္ကခ်စ္လြန္းလို႔ပါကြာ၊ေမာင္က...ေမာင့္
အသက္ေလးကို ခ်စ္လြန္းလို႔ဒီလိုေတြမွားမိတာ၊
ေမာင္ေနာက္ဆို ဆင္ျခင္ပါ့မယ္... "

ထယ္ေယာင္းလည္း အခန္းတံခါးကိုမွီကာငိုေနရင္း
သူ႔ခံစားခ်က္ေတြကို ေဖာ္ထုတ္ေနမိသည္ေလ။
ခ်စ္တာေပါ့။မင္ဂယူ႔ဆိုသည့္လူထက္ ေနာက္က်မွ
သူ႔အသက္ကိုေတြ႕ၿပီး ခ်စ္ခဲ့ရေပမဲ့လို႔မင္ဂယူ႔ထက္
သာသည့္အခ်စ္ေတြနဲ႔ သိပ္သိပ္ခ်စ္တာ။
စိတ္မထိန္းႏိုင္လို႔သာ သူဆိုးမိတာပါေလ။

- - - - -

ထယ္ေယာင္းတို႔ အဖိုးေပးသည့္အပန္းေျဖစံအိမ္
မွာထည္းက စကားမေျပာျဖစ္ခဲ့ၾကဘူး။အိမ္ေတာ္
ကိုျပန္ေရာက္တာေတာင္ သူ႔အသက္ကသူ႔ကိုလည္း
စကားသိပ္မေျပာ။အဖိုးနဲ႔မိဘေတြေလာက္သာ
စကားေျပာသည္။ဒါေၾကာင့္ထယ္ေယာင္းလည္း
သူ႔အသက္ကို မေခ်ာ့ႏိုင္ေသးပါ။

အခုဆိုရက္ေတြၾကာလာတာနဲ႔အမွ်ကူးေလးက ဗိုက္ေလးပူစရွိလာၿပီျဖစ္သည္။ထယ္ေယာင္းလည္း ဂ႐ုစိုက္ရသလိုတစ္အိမ္သားလုံးကလည္း ပိုဂ႐ုစိုက္ၾကသည္။ထယ္ေယာင္းနဲ႔ေတာ့ စကားသိပ္မေျပာပါ။ကူးေလးစိတ္ခ်မ္းသာေအာင္
စကားမေျပာဘဲ ထယ္ေယာင္းကဂ႐ုစိုက္ေပး၏။
အခုလည္း ကုမၸဏီမွာအလုပ္မ်ားေနတာမို႔
၃ရက္ေလာက္အထိ အိပ္လိုက္၊မနက္ဆိုအလုပ္ပါ
႐ုန္းေနရသည္။

" ေမေမ အသက္ထမင္စားရဲ႕လား၊စားတယ္ဆို
သူ႔အတြက္ အာဟာရရွိတာေလးေတြေသခ်ာေကြၽး
ေပးပါ ေမေမ၊ကြၽန္ေတာ္လည္း ကိစၥရွိလို႔အသက္နဲ႔
မ်ိဳးေစ့ေလးကို ျပစ္ထားမိတာ၊ညေနေဆးခန္းျပရ
မွာမို႔ ကြၽန္ေတာ္လာေခၚမယ္လို႔ေျပာထားေပးပါ "

ထယ္ေယာင္းက သူ႔အလုပ္ခုံ၌ခပ္ေလ်ာေလ်ာ
မွီထိုင္ရင္း နက္ကတိုင္ကိုခြၽတ္ကာစိတ္က်ဥ္းက်ပ္
တာကိုမခံႏိုင္တာေၾကာင့္ ၾကယ္သီးသုံးလုံးေလာက္
ျဖဳတ္ကာ ပူေလာင္မႈကိုေလ်ာ့ေစရင္း ဖုန္းေျပာေန
ေလသည္။

' သားကူးေလးနဲ႔အခုထိ ဘာေတြရန္ျဖစ္ထားရတာလဲကြယ္၊ေမေမျဖင့္ သားတို႔ႏွစ္ေယာက္ၾကားနား
မလည္ႏိုင္ေတာ့ဘူး၊သားကူးေလးကိုေမးေတာ့
ဘာမွမျဖစ္ပါဘူးတဲ့၊သားကိုေမးေတာ့လည္း
သားကသားအမွားဆိုတာခ်ည္း ေျပာေနတယ္ '

ေမေမကဖုန္းထဲကေန ထယ္ေယာင္းကိုေျပာေပမဲ့
ထယ္ေယာင္းသက္ျပင္းသာခ်ေနႏိုင္သည္။
ကိုကိုအလွေလးကို စကားမေျပာခ်င္ဘဲဘယ္လို
ေနႏိုင္မွာလဲ။တစ္စကၠန႔္ေလးခြဲရရင္ေတာင္မွ
သူ႔မွာမေနတက္တာ။အခုလိုဆိုရင္ေတာ့လည္း
ေျပာမေနပါနဲ႔ေတာ့။ထယ္ေယာင္းမေနတက္ဘူး။

" ကြၽန္ေတာ္အလုပ္မ်ားေနလို႔ ဖုန္းခ်လိုက္ေတာ့
မယ္၊ေမေမက အသက္ကိုဂ႐ုစိုက္ေပးပါ၊ဘာမွ
မထိခိုက္ပါေစနဲ႔ ႏွစ္ေယာက္လုံးကို "

တီ ~

ထယ္ေယာင္းဘက္ကေျပာၿပီး ဖုန္းခ်လိုက္သည္။
သူထပ္ၿပီးလည္း ဆက္မေတြးခ်င္ေတာ့ဘူး။
အေတြးထဲကိုကိုအလွေလးသာ စိုးမိုးေနသည္။
ျပန္အဆင္ေျပခ်င္တာေပါ့။လြမ္းတာေပါ့။အိမ္မွာ
အတူရွိေနတာေတာင္ အၿပဳံးေလးလည္းမရွိ။
စကားသံေလး ေသးေသးေလးေတာင္မထြက္တာ။

အခုတေလာ ဘားသြားၿပီးအရင္လိုေသာက္သည္။
ကိုကိုအလွေလးက မေသာက္ဖို႔တားျမစ္ထားသည့္
ေဆးလိပ္ေတြဆိုလည္း သူေသာက္ေနတာအႀကိမ္
ေရမကေတာ့ပါ။ထိုေဆးလိပ္အစား အသက္ရဲ႕ႏႈတ္ခမ္းပါးေလးကိုသာ နမ္းလိုက္ခ်င္သည္။

" ဟူး...ေမာင္မင္းနဲ႔အဆင္ေျပခ်င္ေနၿပီကြာ... "

ထယ္ေယာင္းေျပာၿပီး ေဆးလိပ္ကိုရႈိက္ဖြာလိုက္ကာ ခုံေပၚမွာခပ္ေလွ်ာေလွ်ာမွီထိုင္ၿပီး
ေခတၱေလာက္အိပ္ေနသည္။သူလည္းတစ္ေန႔လုံး
အလုပ္ေတြလုပ္ထားတာ ပင္ပန္းေနသည္ထင္ပါ့။

တစ္ဘက္ကကူးေလးလည္း မနက္အိပ္ယာထၿပီ
ဆိုထည္းက ေရခ်ိဳးသန္႔စင္ထားတာျဖစ္သည္။
အခုဆို မနက္ႏိုးတိုင္းတစ္ေယာက္ထည္းစတင္ေန
ရတာျဖစ္၏။ကင္မ္ထယ္ေယာင္းလည္း ကူးအနား
မေနႏိုင္ဘူး။ကူးကိုေရွာင္ေနတာ။

အရင္လိုလည္း ထယ္ေယာင္းကိုလည္းသိပ္စကား
မေျပာခ်င္ပါေလ။ဒါေၾကာင့္မို႔ ကူးကလည္းေအး
ေဆးေနသည္။ဟိုအိမ္ကေနျပန္ေရာက္ထည္းက
ကူးအေမလည္း တစ္ခါတစ္ေလလာလည္သည္။
ေမေမက ကြန္ဒိုအသစ္နဲ႔မို႔အရင္လိုမ်ိဳးရပ္ကြက္
ေသးေလးထဲမွာမဟုတ္ေတာ့။ကင္မ္ထယ္ေယာင္း
အကုန္စီစဥ္ေပးထားတာတဲ့။

ကင္မ္ထယ္ေယာင္းက ထိုေန႔ထည္းကကူးသူ႔ကို
အျပတ္ေျပာခဲ့ထည္းက ကူးအရာရာတိုင္းကို
သူပိုၾကည့္လာတက္ၿပီး ကူးအဆင္ေျပေအာင္
ေနေပးခဲ့တာ လအေတာ္ၾကာၿပီ။

အေတြးေတြကိုရပ္ရင္း ကူးအသီးစားေနသည့္
စေတာ္ဘယ္ရီပန္းကန္ကိုခ်ကာ အဝတ္လဲခန္းက
ကူးရဲ႕ပိုက္ဆံအိတ္ကိုသြားရွာသည္။ေတြ႕တာနဲ႔
ကူးေလးကၿပဳံးၿပံး မ်ိဳးေစ့ေလးရွိရာရပ္ဝန္းကို
လက္ျဖင့္ခပ္ဖြဖြကပ္လိုက္ရင္း....

" ပါးပါးကေလးေလးေရ...ပါးပါးတို႔ဒီေန႔ေန႔လယ္
အျပင္ထြက္ၿပီး မုန္႔သြားစားၾကရေအာင္ေနာ္၊
ပါးပါးမင္းစားေနတာေတြ မစားႏိုင္ေတာ့ဘူး၊
ပါးပါးႀကိဳက္တဲ့ အျပင္စာေတြစားခ်င္လို႔ ခစ္ခစ္ "

ပါးပါးကူးေလးက အဝတ္အစားလဲရန္အခန္းထဲ
ဝင္သြားသည္။အဝတ္လဲခန္းမွာေတာ့ ခဏအၾကာ
ရပ္ေနမိသည္။ထယ္ေယာင္းဗီ႐ိုေရွ႕မွာေပါ့။ကူးကသူ႔အဝတ္ေတြေတာ့ယူမဝတ္ေတာ့ဘူး။

လ်စ္လ်ဴရႈၿပီး ကူးရဲ႕ဗီ႐ိုထဲကကူးအဝတ္ေတြနဲ႔
ထယ္ေယာင္းေရာ၊သူ႔မိဘေတြပါဝယ္ေပးထားတဲ့အဝတ္အစားေတြကိုမဝတ္ျဖစ္။ပူေလာင္တာကို
မႀကိဳက္တာမို႔ ကူးထံမွခပ္ေအးေအးအဝတ္စားကို
ရွာေ႐ြးလိုက္သည္။pantsဝတ္ေတာ့လည္း ပူတာ
မ်ိဳးမဟုတ္သည့္ ပုံစံကိုသာေ႐ြးခ်ယ္လိုက္သည္။
ၿပီးေတာ့မွ Shoulder Bagကိုလြယ္ၿပီး ေအာက္သို႔
ဆင္းလာခဲ့သည္။

ေအာက္ေရာက္ေတာ့ ကူးေလးကို​ေတြ႕တဲ့ေမေမက
လက္ထဲကပန္းအိုးကိုခ်လိုက္ရင္း အသည္းအသန္
ကူးေလးအနားေျပးလာၿပီး အံ့ဩတႀကီးျဖင့္
ေမးလာေလသည္။

" သားကူးေလး ဘယ္သြားမို႔လဲဟင္၊ညေနၾကရင္ သားေဆးခန္းျပရမယ္လို႔ သားထယ္ေျပာတယ္ "

" ကူးအျပင္သြားခ်င္လို႔ပါ ေမေမ၊ကူးကအျပင္
မထြက္တာၾကာေတာ့ ကေလးေလးနဲ႔အတူ
လမ္းေလွ်ာက္ထြက္ခ်င္လို႔ပါ "

ကူးက ပုခုံးတစ္ဖက္ထည္းတင္လြယ္ထားသည့္
အိတ္ကိုခပ္တင္းတင္းဆြဲရင္း မ်က္ႏွာခ်ိဳေလးျပလို႔ေျပာသည္။ထယ္ေယာင္းအေမမွာ ကိုယ္ဝန္သည္ကူးေလးကို ဘယ္လိုမွတစ္ေယာက္ထည္းလႊတ္ဖို႔
စိတ္မခ်ပါ။ဒါေၾကာင့္ သူမသက္ျပင္းရွည္ခ်ရင္း...

" ဒါဆို ေမေမကသားထယ္ကိုဖုန္းဆက္-- "

" ရပါတယ္၊ကူးတစ္ေယာက္ထည္းသြားႏိုင္ပါတယ္၊ကူးလည္း ပ်င္းလို႔ေအးေဆးသြားခ်င္လို႔၊
အကယ္လို႔ အေမအဆင္မေျပရင္ကူးက ဂ်ီမင္ကို
ေခၚသြားပါ့မယ္၊သူက ကူးသူငယ္ခ်င္းပါ "

ကူးေလးဘက္ကလည္း အျပင္ထြက္ခ်င္ေနတာမို႔
မရမကေျပာသည္။သူမလည္း သူ႔မသမက္ေလး
အဆင္မေျပတာျမင္ေရာ စိတ္ထဲမေကာင္းဘဲ
လႊတ္ဖို႔ခြင့္ျပဳလိုက္ေတာ့သည္။

" ဒါဆိုလည္းသြားေနာ္ သားကူးေလး၊ေမေမက
ခြင့္ျပဳတယ္၊ညေနၾက ေဆးခန္းျပဖို႔အတြက္
ဘယ္လိုလုပ္မလဲ သားကူးေလး "

ေမေမကဆိုဖာေပၚျပန္ထိုင္ရင္းေျပာေတာ့ ကူးေလးကၿပဳံးရင္းေျဖသည္။

" ကူးက ကုမၸဏီကိုသြားလိုက္ပါ့မယ္၊ကူးအတြက္
စိတ္မပူပါနဲ႔၊ကူး ကေလးေလးကိုေသခ်ာေစာင့္
ေရွာက္ပါ့မယ္ "

ကူးေလးအေျဖေၾကာင့္ သူမၿပဳံးလိုက္ၿပီး
ေခါင္း​ၿငိမ့္လိုက္သည္။ကူးေလးကေတာ့
ေအးေဆးျဖစ္ၿပီဆိုကာ ေဘးလြယ္အိတ္ကို
ေသခ်ာလြယ္ၿပီး အျပင္ထြက္ေတာ့သည္။

- - - - -

အျပင္ေရာက္ေတာ့ကူးက ဗိုက္ပူပူစေလးကိုပြတ္ေပးၿပီး လမ္းေလွ်ာက္ေနခဲ့သည္။ပန္းၿခံကိုလည္း
သြားခ်င္ေပမဲ့ တစ္ေယာက္ထည္းမို႔လူႀကီးေတြ
စိတ္မခ်စရာမ်ိဳးျဖစ္တာလည္း မလိုခ်င္ပါ။

လမ္းေလွ်ာက္ရင္း ေရာင္စုံငွက္သိုက္မုန္႔သည္ကိုေတြ႕သည္။ကူးမစားရတာၾကာၿပီမို႔ အခ်ိဳေလ်ာ့
ထားတာေပမဲ့ စားခ်င္လြန္းေနတာေၾကာင့္ ကူး
အနားသြားကာ မုန္႔ဝယ္လိုက္သည္။

" ဟာ...လူငယ္ေလးကူးပဲ၊ဦးေလးနဲ႔မေတြ႕ရတာ
ၾကာၿပီပဲကိုေနာ္... "

ကူးအနားကိုေရာက္ေတာ့ ငွက္သိုက္မွာဖို႔ရွိေသး
ေရာင္းသည့္ဦးေလးႀကီးက စကားစလာေလသည္။
ကူးၾကည့္မိေတာ့ ထိုဦးေလးႀကီးကကူးနဲ႔ဂယူတို႔
ေက်ာင္းတုန္းက ေက်ာင္းေရွ႕မွာအၿမဲမုန္႔လာေရာင္းတဲ့သူျဖစ္သည္။အခုျပန္ဆုံေတြ႕ရေတာ့
ဝမ္းသာစရာေပါ့။

" ဦးေလးေနေကာင္းရဲ႕လား၊အရင္လိုေက်ာင္းေရွ႕
နားမွာမေရာင္းေတာ့ဘူးလား "

ကူးကၿပဳံးရင္းေမးေတာ့ ဦးေလးႀကီးကူးအတြက္
အမွ်င္ေလးေတြကိုတုတ္ေခ်ာင္းျဖင့္လိပ္ရင္းျဖင့္
ေျဖလာသည္။

" မေရာင္းေတာ့ပါဘူးကြာ၊ဦးေလးရဲ႕ သားက
သူအလုပ္ေကာင္းလို႔အိမ္မွာေနလို႔ေျပာေပမဲ့လည္း
ဦးေလးကသာပ်င္းေနလို႔ လိုက္ေရာင္းေနတာ "

ဦးေလးကရယ္ရင္းေျဖေတာ့ ကူးေလးလည္းဝမ္းသာ၏။ထိုဦးေလးႀကီးက သူတို႔အထက္တန္း
တက္စဥ္ထည္းက ငွက္သိုက္မုန္႔ေရာင္းသူျဖစ္၏။
သူနဲ႔ဂယူက ေက်ာင္းဆင္းတိုင္းအၿမဲဝယ္စားၾက
သည္။ၿပီးရင္ ကူးအႏိုင္က်င့္ၿပီးသူ႔မုန္႔စားတာ
ေတာင္ ဘာမွမေျပာတက္တာျဖစ္သည္။

" ဦးေလးတို႔အဆင္ေျပတယ္ၾကားရတာ ကူးက
ဝမ္းသာပါတယ္၊ကူးတို႔လည္း ဦးေလးႀကီးရွိက
မုန္႔ေတြမစားရတာ အေတာ္ၾကာေရာပဲ "

" ဦးေလးလည္း မင္းနဲ႔မင္းသူငယ္ခ်င္းကိုလြမ္းေန
ေရာပဲ၊ဒါျဖင့္ အဲ့ေကာင္ေလးေရာ အခုဆိုသားတို႔
ခ်စ္သူေတြျဖစ္ေလာက္ၿပီမဟုတ္လား "

ဦးေလးႀကီးက လုပ္ထားၿပီးသားအခ်ိဳမွ်င္ေတြကို
ေလမခံမိေအာင္ျဖင့္ အိတ္စြပ္ေပးကာ ကူးလက္ထဲ
ထည့္ေပးရင္းေမးလာသည္။ဦးေလးစကားေၾကာင့္
ကူးေလး အံ့ဩသြားသည္။

" ဂယူ႔ကိုေျပာတာလား "

ကူးကေမးေတာ့ ဦးေလးႀကီးက သူ႔စက္ကိုပိတ္ရင္း
ေခါင္းၿငိမ့္ကာ စကားဆိုသည္။ကူးကေတာ့
ဦးေလးႀကီးေျပာသည့္စကားေၾကာင့္ အံ့ဩလို႔။

" အရပ္ရွည္ရွည္ ခႏၶာကိုယ္ေတာင့္ေတာင့္နဲ႔ေလ၊
ဦးေလးမွတ္မိပါေသးတယ္၊အဲ့ေန႔က လူငယ္ေလးကူးေက်ာင္းမလာတဲ့ေန႔က အျပန္မုန္႔လာဝယ္တာ၊
သားကထမင္းေတြမစားလို႔ ဒါေလးေတာ့စားတက္
တယ္မို႔လို႔တဲ့ေလ "

ကူးေလးက ဦးေလးေျပာျပေနသည့္စကားေတြကို
ေသခ်ာေလးလိုက္နားေထာင္မိသည္။မဆိုင္ေတာ့
ဘူးဆိုေပမဲ့လည္း သူတို႔အတိတ္ကေပ်ာ္စရာ
ေကာင္းခဲ့တာမဟုတ္လား။

" အဲ့ေကာင္ေလးက မုန္႔လာဝယ္ရင္းသူ႔ေနာက္မွာ
ေကာင္မေလးတစ္ေယာက္က ေခ်ာကလက္ေပးၿပီး
သေဘာက်ေၾကာင္းလာေျပာတာ၊သူခ်စ္ေနတာ
သားကိုပါဆိုၿပီးေျပာျပလိုက္လို႔ ဦးေလးေတာင္
အဲ့ထည္းကအံ့ဩေနတာ၊ဒါေၾကာင့္သားကို အရိပ္တၾကည့္ၾကည့္ဂ႐ုစိုက္ေနတာပါလားလို႔၊အပိုအေနနဲ႔ေျပာခဲ့ေသးတာ၊ဦးေလးႀကီးသိသြားရင္ ကူးကို
မေျပာပါနဲ႔တဲ့... "

ဦးေလးႀကီးကရယ္ရင္းေျပာေတာ့သည္။ကူးက
ေျပာျပတာေတြနားေထာင္ရင္း မ်က္ႏွာပ်က္သြား
သည္။ေကာင္းမြန္တဲ့အတိတ္ေတြအားလုံးကို
နားေထာင္ေနေတာ့လည္း အရင္ပုံစံအတိုင္း
ျပန္မျဖစ္လာႏိုင္ေတာ့။ကူးကလည္း လက္ထပ္ၿပီးလို႔ ကေလးေလးေတာင္ရေနၿပီေလ။မျဖစ္သင့္ဘူး။

" ဦးေလးႀကီးေျပာသလို မဟုတ္ေလာက္ပါဘူး၊
ဂယူနဲ႔ကူးက သူငယ္ခ်င္းေတြျဖစ္ခဲ့တာပါ၊ကူးက
ကူးခ်စ္သူေကာင္ေလးနဲ႔လက္ထပ္ထားတာပါ၊
ထုံးစံအတိုင္းဦးေလးကို မင္ဂယူကစေနာက္တယ္
ထင္မွာပါ၊ဟီးဟီး သူကအစေနာက္သန္တာ "

" အို..သားကလက္ထပ္ၿပီးၿပီလား၊မင္ဂယူက
အဲ့ေန႔ကအတည္ႀကီးေျပာေတာ့ ဦးေလးလည္း
ယုံသြားမိေသးတာ၊အားနာလိုက္တာ... "

ဦးေလးႀကီးအားနာစြာျဖင့္ေျပာေတာ့ ကူးက
ရင္ထဲမွပူေလာင္မႈကိုေဖ်ာက္ရင္း 'ရပါတယ္'လို႔
ျပန္ေျဖကာ ဦးေလးႀကီးကိုႏႈတ္ဆက္ၿပီးလမ္းထပ္
ေလွ်ာက္ခဲ့သည္။အခုမွအေစာႀကီးရွိေသးတာမို႔
ထယ္ေယာင္းရဲ႕႐ုံးခန္းကို မသြားေသးဘူး။

ေန႔လယ္စာစားခ်ိန္ေရာက္ၿပီမို႔ ကူးထမင္းစားရန္
ဆိုင္တစ္ဆိုင္သို႔ ဦးတည္ေနမိသည္။ကူးနဲ႔ဂယူ
အၿမဲစားေနၾကဆိုင္ျဖစ္ေပမဲ့ ေကာင္းသည့္ဆိုင္မို႔
ကူးဗိုက္ဝေအာင္ ဦးတည္ေနတာျဖစ္သည္။

" ကေလးေလး...ပါးပါးတို႔ခုနကေျပာေနတာ
ပါးပါးသူငယ္ခ်င္းအေၾကာင္းေနာ္ "

ကူးေလးလမ္းေလွ်ာက္ရင္းမွ သူ႔ဗိုက္ပူပူေလးကို
ကိုင္ရင္းေျပာသည္။ရွပ္အပါးပြပြေလးဝတ္ထားလို႔
ကိုယ္ဝန္ရွိေနတယ္ဆိုတာကို လူတိုင္းကမသိဘူး။

ကူးရွက္တာမဟုတ္ေပမဲ့ ကူးကိုေတာ့ဟိုေဆာ့က
ေျပာပါသည္။'အစ္ကိုကူးကံေကာင္းတာေပါ့'တဲ့။

ဆိုင္ကအေသးေလးမဟုတ္ စားေသာက္ဆိုင္ႀကီးျဖစ္တာမို႔ လူေနရာဆန္႔သည္။အေပၚထပ္မွာလည္းစားလိုရတာျဖစ္သလို၊ေအာက္ထပ္မွာပါစားလို႔ရသည္။ကူးနဲ႔ဂယူဆိုအၿမဲတမ္းလားစားေနၾကျဖစ္
သည္ေလ။

" ဟီးဟီး ေနာက္ဆုံးေတာ့ဆိုင္ေရာက္ၿပီ၊ကေလး
ေလးေရ ပါးပါးတို႔အမ်ားႀကီးစားရေအာင္ "

ကူးေလးေျပာရင္း ဆိုင္ထဲဝင္သြားေတာ့သည္။
ဆိုင္ထဲေရာက္ေတာ့ အသားကင္အနံ႔ေတြက
ေမႊးေနသလို၊တစ္ျခားေသာဟင္းပြဲရနံ႔ေတြက
ကူးေလးကို ဆြဲေဆာင္ေနတာမို႔ လြတ္ေနေသာ
ေနရာ၌ဝင္ထိုင္လိုက္သည္။

" သားေလးတစ္ေယာက္ထည္းလား၊
ဘာသုံးေဆာင္မလဲရွင္... "

ဆိုင္ရွင္အေဒၚႀကီးက ကူးကိုသိေနတာေၾကာင့္
ၿပဳံးကာအနားကိုေရာက္လာၿပီး ေမးေတာ့သည္။
ကူးလည္း မီးႏူးကဒ္မွတစ္ဆင့္စားစရာေတြဖတ္ရင္း ဒီတစ္ခါကေတာ့ကေလးေလးရွိေနတာမို႔
မ်ားမ်ားစားခ်င္တာေၾကာင့္ အကုန္လုံးေတာင္
မွာခ်င္ေနမိသည္။

" ကြၽန္ေတာ့္ကို ဒါေတြအစုံေပးလို႔ရမလား၊ဖက္ထုပ္ေၾကာ္ရယ္၊ပဲေခါက္ဆြဲပူပူရယ္၊ေခါက္ဆြဲေအးအျပဳတ္ေရာ၊အသုပ္ေရာ၊သုံးထပ္သားကင္ေလး မ်ားမ်ားခ်ေပးေနာ္၊အေအးကိုေတာ့ လိေမၼာ္သီးေဖ်ာ္ရည္တစ္ခြက္ခ်ေပးပါေနာ္.... "

" ဟယ္...သားေလး ကုန္ရဲ႕လားကြယ္၊အရင္ကဆို
သားသိပ္မစားႏိုင္တာကို... "

အေဒၚႀကီးက ကူးမွာသည့္အစာစားေတြေၾကာင့္
အံ့ဩသြားကာေျပာသည္။အရင္ကဆို ကူးက
အမ်ားႀကီးမွာၿပီး မကုန္တက္ရင္ပိုက္ဆံျဖဳန္း
သလိုသာျဖစ္ေနသည္။ဒါေၾကာင့္မကုန္တက္လို႔
ကူးကို အေဒၚႀကီးကေမးသည္။

" အခုကႏွစ္ေယာက္စာစားရတာမို႔ ကြၽန္ေတာ္
စားႏိုင္ပါတယ္ အေဒၚႀကီး၊ဗိုက္ဆာၿပီမို႔ျမန္ျမန္
ေလးခ်ေပးပါေနာ္... "

ကူးစကားကို အေဒၚႀကီးကအစကေၾကာင္သြား
ေပးမဲ့လည္း ကူးရဲ႕လက္ကဗိုက္ေပၚေရာက္သြား
တာေၾကာင့္နားလည္သြားၿပီး ၿပဳံးကာထြက္သြား၏။

" ဒါကပါးပါးစားေနၾကဆိုင္ေလ၊ကေလးေလး
ေၾကာင့္ ပါးပါးကစားရတာေနာ္၊ေတာ္ၾကာပါးပါးကို
အဲ့လိုေတြစားတယ္ဆိုၿပီး ဆူေနၾကလိမ့္မယ္၊
မင္းဒယ္ဒီက ပါးပါးကိုဒါေတြမစားခိုင္းဘူး၊
သူဝယ္လာတိုင္း အေကာင္းစားဆိုင္ႀကီးေတြက၊
အရသာလည္းမရွိဘူး "

ကူးေလးက ဗိုက္ထဲမွာရွိေနသည့္နားမလည္သည့္
မ်ိဳးေစ့ေလးကိုစကားေတြေျပာေနသည္။အတန္
ၾကာေတာ့ ဟင္းပြဲေတြအမ်ားႀကီးေရာက္လာလို႔
ကူးမ်က္ဝန္းေလးတို႔ အေရာင္လဲ့သြားေတာ့၏။
အေဒၚႀကီးကအသားကင္ေတြကို ဒီမွာမကင္ေပး
ဘဲ အသင့္ကင္ၿပီးသားေတြအမ်ားႀကီးခ်ေပးသည္။ဘာလို႔ဆို ကိုယ္ဝန္သည္ေတြကို
ကိုယ္တိုင္မကင္ေစခ်င္လို႔။

" မ်ားမ်ားစားေနာ္ ဒါမွအားရွိမွာမလား "

ကူးကိုေျပာလိုက္လို႔ ကူးၿပဳံးလိုက္ၿပီးေခါင္းၿငိမ့္၏။
ၿပီးေနာက္ ေရွ႕ကရွိေနသည့္ မွာထားတာေတြကို
စားလိုက္သည္။အိမ္မွာလည္း ဝဝလင္လင္ေကြၽး
ၾကေပမဲ့အခုက အမ်ားႀကီးစားရတာရယ္၊ကူးႀကိဳက္သည့္ဟင္းပြဲေတြမို႔ အားရစြာစားမိသည္။
စားလို႔လည္းၿပီးေရာ လိေမၼာ္သီးေဖ်ာ္ရည္ေသာက္
ၿပီး အနားယူေတာ့သည္။

" အေဒၚႀကီးရွင္းမယ္ေနာ္ "

စားေသာက္ၿပီးေရာ ကူးကထယ္ေယာင္းရွိသို႔
သြားဖို႔ ပိုက္ဆံရွင္းရန္ထုတ္ေတာ့ ပိုက္ဆံအိတ္ပါ
မလာပါေလ။ကူးပူထူသြားၿပီး ပိုက္ဆံကိုရွာၾကည့္
ေပမဲ့ ၾကားအိတ္ေလးထဲေသးေသးေလးေတာင္
မရွိတာမို႔ ငိုခ်င္လုဆဲဆဲျဖစ္ေနသည္။ၿပီးေတာ့
ဆက္ရွာေနရင္းစမ္းမိသည္က ထယ္ေယာင္းရဲ႕
BLACK CARDကိုသာေလ။

" ဟူး...ေတာ္ေသးတယ္၊ကေလးေလးေရ ပါးတို႔
မင္းဒယ္ဒီေပးထားတဲ့ Cardနဲ႔ရွင္းလို႔ရလို႔ေလ၊
အေဒၚႀကီး ကဒ္နဲ႔ရွင္းလို႔ရတယ္မလား "

" ရတာေပါ့၊အေဒၚတို႔ဆိုင္က ေငြသားနဲ႔ေရာ၊
ကဒ္နဲ႔ပါ ရွင္းလို႔ရတယ္ "

ထိုေတာ့မွ ကူးလည္းသက္ျပင္းခ်ႏိုင္ကာ ေကာင္တာကိုသြားၿပီး ကဒ္ျဖင့္ေငြေခ်ေတာ့သည္။
အရင္တုန္းက ကူးပိုက္ဆံနဲ႔အကုန္လုံးကိုမုန္႔ဝယ္
ေကြၽးဖို႔ကို သူ႔ကဒ္နဲ႔ရွင္းပါဆိုၿပီးေပးလိုက္ေတာ့
ကူးမရွင္းျဖစ္ဘူး။ဒါေပမဲ့အခုေတာ့ သူေပးထားတဲ့
ကဒ္ကအသုံးဝင္သြားပါသည္ေလ။

ဆိုင္ထဲကထြက္ေရာ ကူးဖုန္းကိုၾကည့္ေတာ့
မက္ေဆ့ခ်္တစ္ေစာင္ပို႔ထားသည္မို႔ ဝင္ၾကည့္၏။
ပိုထားသူက ကင္မ္ထယ္ေယာင္းမဟုတ္ပါဘဲ
ကင္မ္ထယ္ေယာင္းရဲ႕တပည့္ ေယာင္းဝူျဖစ္သည္။
ပို႔ထားသည့္စာက 'ဆရာ့အပိုင္ထမင္းစားၿပီးၿပီလား၊ကြၽန္ေတာ္ေမးခိုင္းတာမဟုတ္ဘူးေနာ္၊
ဆရာ့အပိုင္ကိုစိတ္မခ်တဲ့ဆရာကေမးခိုင္းတာ'
ဆိုၿပီးပါလာေသးတာမို႔ ကူးမသိမသာၿပဳံးလိုက္ၿပီး
'အင္း'လို႔ ျပန္စာေျဖလိုက္သည္။

" ပါးပါးအခုမွေသခ်ာျပန္စဥ္းစားၾကည့္တာ၊
အဲ့ေန႔က ပါးပါးစကားေတြကမင္းဒယ္ဒီအေပၚ
တအားလြန္သြားတာပဲ၊ထားလိုက္ပါ၊ပါးပါးက
အဲ့လူဆိုးေကာင္ကို မေက်နပ္ဘူး၊ပါးပါးကို
စိတ္ပ်က္ရင္လည္း စိတ္ပ်က္ေနမွာေပါ့ "

ကူးေလး ထိုသို႔ေျပာၿပီးလမ္းသာေလွ်ာက္သည္။
ေနပူသည္ဆိုေသာ္လည္း ကေလးေလးရွိေနလို႔
အဆင္မေျပတာေၾကာင့္ ဘက္စ္ကားစီးၿပီးသာ
ေစာေစာေရာက္သြားရင္ေတာင္ ထယ္ေယာင္းရွိ
မဝင္ေသးဘဲ ကုမၸဏီကိုပတ္ေနေတာ့မည္ေလ။

- - - - -

" ထမင္းေလးေတာ့မွန္ေအာင္စားလို႔ ေတာ္ေသးတာေပါ့ကြာ၊ေမာင့္အသက္ရွိက အနမ္းေတြ
လွည့္ေတာင္းလို႔ရရင္ ေမာင္အေမာေျပမယ္ထင္
တယ္ကြာ.... "

ထယ္ေယာင္းက ေယာင္းဝူပို႔ေပးသည့္မက္ေဆ့ခ်္ဖတ္ရင္း သက္ျပင္းရွည္ခ်ကာစကားဆိုမိသည္။
အိမ္ေတာ္မွာဆိုလည္း သူ႔ကိုစကားမေျပာဘဲ
အိပ္ရင္လည္း သူ႔ကိုေက်ာေပးအိပ္သည္။

အဲ့ေန႔က သူ႔စကားေတြတအားလြန္သြားေပမဲ့လည္း
သူ႔အသက္ကိုခ်စ္လို႔ျဖစ္သည္။သူ႔အသက္ကသာ
ျပန္ေခ်ပတဲ့စကားလုံးေတြက ထယ္ေယာင္းရင္ကို
အေတာ္နာက်င္ေစသည္ေလ။အဆိုးဆုံးက
မ်ိဳးေစ့ေလးနဲ႔ရတာေတာင္ မင္ဂယူနဲ႔လက္ထပ္ဦးမယ္ဆိုတာပဲ။တကယ္ရင္ထဲၾကားေနရရင္ေတာ့
ပိုၿပီးနာက်င္မိပါသည္ေလ။

ထယ္ေယာင္းေတြးရင္း စားပြဲေပၚကကူးဓာတ္ပုံကို
ၾကည့္ၿပီး သက္ျပင္းရွည္ခ်ကာေျပာလိုက္သည္။

" ေမာင္က ေမာင့္အသက္ေမာင့္ကိုဘာေျပာေျပာ
ေမာင္ကဒီအလွေလးကို သိပ္သိပ္ခ်စ္တာဗ်ာ၊
ေက်းဇူးျပဳၿပီး ေမာင့္ကိုတစိမ္းမဆန္ပါနဲ႔ေတာ့ "

ထယ္ေယာင္းေျပာၿပီး တအားပင္ပန္းေနတာမို႔
ထိုင္ခုံကိုခပ္ေလ်ာေလ်ာမွီထိုင္ကာ အိပ္ေနသည္။
ငါးမိနစ္ေလာက္ၾကာသည္ႏွင့္ ထယ္ေယာင္းရဲ႕
အခန္းတံခါးကိုဖြင့္ကာ ဝင္လာသူကရွိေနသည္။

" အေတာ့္ကိုအတင့္ရဲလွခ်ည္လား.... "

ထယ္ေယာင္းကအအိပ္ဆက္သူမို႔ မည္သူကအသံ
မေပးပါဘဲဝင္လာသည္ဆိုတာကိုသိသည္။ေရေမႊး
နံ႔ကလည္းျပင္းေနတာမို႔ ဘယ္သူလဲဆိုတာကို
အတပ္သိသည္။

" သိေနတယ္မလား၊ကိုကိုထယ္က လီယမ့္ကိုသာ
စိတ္မဝင္စားဘူးသာေျပာတာေနာ္ လီယမ္
ဝင္လာမွန္းဘယ္လိုသိေနတာလဲ "

ထယ္ေယာင္းစကားေနာက္ လီယမ္ကၿပဳံးၿပီး
ေျဖေတာ့ ထယ္ေယာင္းကမ်က္လုံးဖြင့္လာၿပီး
ခပ္မဲ့မဲ့ၿပဳံးလိုက္သည္။စိတ္ပ်က္သည့္အၿပဳံးဆို
ပိုမွန္မည္ေလ။

" အမႈိက္နံ႔ႀကီးက ဝင္လာထည္းကနံေနတာကို
ငါကဆက္အိပ္ေနရမွာလား၊အခုကေရာ
ဘာကိစၥလာျပန္တာလဲ.... "

ထယ္ေယာင္းရဲ႕စကားေၾကာင့္ လီယမ္ေဒါသထြက္
ေပမဲ့လည္း မ်က္ႏွာအမူအရာကိုထိန္းကာျဖင့္
ျပန္စကားေျပာေနသည္။

" အလုပ္ကိစၥလာေျပာတာေလ၊ကိုကိုထယ္က
တစ္ခါမွလီယမ္နဲ႔အလုပ္မလုပ္ဖူးသာေျပာတာ၊
ဒီတစ္ခါေတာ့ အလုပ္ေဆြးေႏႊးသင့္ၿပီထင္လို႔ "

" ငါေဒါသမထြက္ခ်င္ဘူး၊ေအးေဆးေနတာ
ေကာင္းမယ္၊မင္းကိုလည္း ငါအျပတ္ေျပာၿပီးသား၊
ငါကဘယ္ေတာ့မွ မင္းတို႔ဟန္လုပ္ငန္းစုနဲ႔အလုပ္
တြဲမလုပ္ဘူးဆိုတာကို.... "

ထယ္ေယာင္းကေျပာေတာ့ လီယမ္ကစိတ္တို
သြားသည္။အၿမဲတမ္းသူတို႔နဲ႔အလုပ္တြဲမလုပ္ဘူး
ေျပာတာ သူ႔အေဖေရာ၊သူ႔သားေရာပင္ျဖစ္သည္။
အခုလည္းထပ္ျငင္းေနျပန္ေတာ့ လီယမ္ကၿပဳံးရင္း...

" ေဒါသထြက္ေလ၊လီယမ္ကေတာ့ ကိုကိုထယ္
ေဒါသထြက္ရင္တအားသေဘာက်တာ၊ဒါေပမဲ့ေလ
တစ္ေယာက္ေသာသူကေတာ့ ကိုကိုထယ္ကို
ေဒါသမထြက္ဖို႔ေျပာတယ္မလား၊မထင္နဲ႔ေနာ္...
အဲ့တစ္ေယာက္က မင္ဂယူကိုစိတ္ျပတ္ေသးတာ
မဟုတ္ဘူး၊ေတာ္ၾကာ ျပန္လိုက္သြား--- "

ခြပ္!

" အာ့! "

ထယ္ေယာင္းစိတ္တိုလာသည္ထက္ သူ႔အသက္ကို
ေစာ္ကားေျပာဆိုသည့္စကားကို ေျပာလာတာမို႔
လီယမ္ဆိုတဲ့ေကာင္ရဲ႕မ်က္ႏွာကို ခပ္ျပင္းျပင္း
ထိုးခ်လိုက္ေတာ့သည္။

" မင္းကမ်ား ငါ့အသက္ကိုေစာ္ကားတာလား!
ငါ့အသက္ကိုေစာ္ကားရင္ မင္းကိုအခုခ်ိန္ငါ
ဒီေနရာမွာအသက္မရွင္ေအာင္ လုပ္လိုက္လို႔ရတယ္ဆိုတာ မွတ္ထားလိုက္! "

" သိပါတယ္၊သိလို႔ပဲ ေျပာလိုက္တာေလ၊မင္ဂယူနဲ႔
လီယမ္က စုံဖူးၾကတာ၊မင္ဂယူက အခုထိခ်စ္ေန
တာေလ၊သူက စကားေလးနည္းနည္းေျပာလို႔
ပါသြားရင္ ဘယ္လိုလုပ္မလဲ... "

အေၾကာတင္းသည့္လီယမ္က ထယ္ေယာင္းထိုး
တာေတာင္မမွတ္ေသးပါဘဲ ရယ္ရင္းေျပာသည္။
ထယ္ေယာင္းမွာေတာ့ အေတာ့္ကိုေဒါသထြက္
လာၿပီမို႔ တံေတြးၿမိဳခ်လိုက္မိသည္။သူၾကမ္း
တမ္းသူဆိုတာ ကိုကိုအလွေလးကိုထပ္မျပခ်င္မိ
ဘူး။ကိုကိုအလွေလးကို သူယုံသည္။

" ေဆာက္ပိုစကားေတြေျပာမေနဘဲ မင္းကိုမင္းသာ
ၾကည့္ေနစမ္းပါ၊မင္းလိုအမႈိက္လိုေကာင္ကို ငါ
မေျပာနဲ႔၊တစ္ျခားလူေတာင္ စိတ္မဝင္စားဘူး၊
မွတ္ထား!!!ကင္မ္ထယ္ေယာင္းက ကင္မ္ေဂ်ာင္ဂုကိုခ်စ္တာ!!!ကင္မ္ေဂ်ာင္ဂုတစ္ေယာကထည္းကသာ ကင္မ္ထယ္ေယာင္းကိုအမိန္႔ေပးႏိုင္တာ!!! "

ဘုန္း!

ထယ္ေယာင္းက လီယမ္ရဲ႕အက်ႌေကာ္လန္စကို
ဆြဲထားရင္းမွ လႊတ္ခ်လိုက္သည္မို႔ လီယမ္က
ပန္းအိုးတင္ထားသည့္မွန္ခုံနဲ႔ပါထိသြားတာမို႔
မ်က္ႏွာထိုသြားသလို ပစ္ခ်ခံရတာမို႔အရွိန္နဲ႔
ထိမိသြားေသးသည္ကရွိေသး၏။

" အာ့! အျမင္ကပ္စရာေကာင္ကိုအေတာ္ႀကီး
စြဲလမ္းေနတဲ့သူေတြကသာ ႐ူးေနတာ!!!
အလုပ္အေၾကာင္းလာေျပာဖို႔ ေတာင္းဆိုတာေတာင္လက္မခံႏိုင္ဘူးဆိုေတာ့ အဲ့ေကာင္ရဲ႕
အခ်စ္ကိုလည္း မရသင့္ဘူး!! "

လီယမ္က ခပ္စူးစူးၾကည့္ၿပီးေျပာကာထြက္သြား
ေတာ့ထယ္ေယာင္းက ေဒါသထြက္ၿပီးဆိုဖာေပၚ
ထိုင္ခ်လိုက္သည္။လီယမ့္စကားေၾကာင့္
ထယ္ေယာင္းအေတြးမ်ားသြားတာကခပ္မ်ားမ်ား။

ကိုကိုအလွေလးနဲ႔ အဆင္မေျပေသးပါဘူးဆိုမွ
လီယမ္ဆိုသည့္ေကာင္ေျပာသြားတဲ့စကားေတြေၾကာင့္ ထယ္ေယာင္းစိတ္တိုမိသည္။ထိုစဥ္
ေယာင္းဝူထံမွဖုန္းလာတာမို႔ ဖုန္းကိုင္လိုက္သည္။

" အင္း...ေျပာဘာလဲ.... "

' ဆရာ့အပိုင္ကို ေဆးခန္းျပရမယ္ေလ၊ဆရာ...
ကြၽန္ေတာ့္ကိုေျပာထားလို႔ ဟိုဘက္ကုမၸဏီခြဲက
ျပန္ေရာက္လို႔ ကုမၸဏီေရွ႕မွာေစာင့္ေနပါတယ္ '

ေယာင္းဝူေျပာသည့္ ေဆးခန္းျပရမည္ဆိုထည္းက
ထယ္ေယာင္း သူ႔ကုတ္ကိုေတာင္မယူေတာ့ဘဲ
အခန္းျပင္ေရာက္ႏွင့္ေနၿပီျဖစ္သည္။သည္လိုနဲ႔
ထယ္ေယာင္း ဓတ္ေလွကားစီးရင္းအျမန္
ကုမၸဏီအေရွ႕သို႔ ထြက္လာရသည္။

ထို႔အတူတစ္ဖက္မွာလည္း ကူးကဘက္စ္ကား
စီးရင္း မွတ္တိုင္မွာဆင္းကာ ထယ္ေယာင္းရဲ႕
ကုမၸဏီေရွ႕သို႔ လမ္းကူးရန္မီးပြိဳင့္မွာလူသြားဖို႔
မျပေသးတာမို႔ ရပ္ေနေလသည္။

ကူးလမ္းကူးရန္ေစာင့္ေနသည္ကို ကုမၸဏီက
ကားပါကင္မွထြက္လာသည့္ လီယမ္ကေတြ႕ေတာ့
ၿပဳံးရင္းၾကည့္ေနေသးကာျဖင့္....

" အိုအို...ဒီေန႔က မင္းနဲ႔မေကာင္းဆိုးဝါေလးတို႔
ကံဆိုးမဲ့ေနထင္တယ္....ဟက္... "

လီယမ္ၿပဳံးၾကည့္ေနရင္း ကူးတို႔ဘက္ကလမ္းကူးလို႔ရၿပီဆိုသည့္အခ်က္ေပးေပၚလာတာေၾကာင့္
ကူးေလးကဗိုက္ေလးေပၚလက္ကပ္ရင္း ေအးေဆး
လမ္းေလွ်ာက္လာသည္ေလ။

ထိုအခ်ိန္လီယမ္ကရယ္ရင္း ကားကိုအရွိန္ျဖင့္ေမာင္းလာတာမို႔တစ္ခ်ိဳ႕ကလမ္းျဖတ္ကူးလူေတြေတာင္ အေျပးသြားေနစဥ္ ကူးလည္းလွမ္းၾကည့္လိုက္သည္။ကားက ကူးေရွ႕တည့္တည့္ကိုလာ
ေနတာေၾကာင့္ ကူးအံ့ဩေနၿပီးအျမန္ေမာင္းလာတဲ့
ကားကိုၾကည့္ေနမိခ်ိန္....

ဘုန္း!

" အား!....ေမာင့္အသက္... "

" ကင္မ္ထယ္ေယာင္း... "

ကူးက အံ့ဩလို႔ကားကိုစိုက္ၾကည့္ေနတုန္းရွိေသး
ထိကပ္လာေတာ့မည့္ကားေၾကာင့္ ကုမၸဏီထဲက
ထြက္လာသည့္ထယ္ေယာင္းလည္း သူ႔အသက္ကို
ျမင္လိုက္ရတာေၾကာင့္ ထယ္ေယာင္းကကူးကို
ေပြ႕ဖက္ၿပီးဆြဲလိုက္ေတာ့ ထိုကားကအရွိန္ျဖင့္
ကူးတို႔ကိုေတာင္ ေက်ာ္ထြက္သြားသည္။

အားလုံးကလည္း တစ္ခုခုျဖစ္ေတာ့မယ္ထင္ၿပီး
လန္႔သြားၾကသည္။ကူးကေျမျပင္ကိုမက်ဘဲ ထယ္ေယာင္းေပၚသို႔ျပဳတ္က်သြားေပမဲ့လည္း ထယ္ေယာင္းကေတာ့ကူးေပၚမွာရွိေနတဲ့အရွိန္ေၾကာင့္ ဘယ္လက္ကိုေထာက္ခ်လိုက္တာမို႔ လက္ကနာသည္ထက္ ပိုဆိုးသြားသည္ျဖစ္၏။

" အီးဟီး...ကင္မ္ထယ္ေယာင္း...ဟင့္...
ငါ...ငါ...ေတာင္းပန္ပါတယ္.... အင့္... "

" ေမာင့္အသက္...ေမာင္ဘာမွမျဖစ္ဘူး၊ရတယ္၊
ေမာင္အဆင္ေျပတယ္...ေမာင့္အသက္ေရာ....
တစ္ခုခုျဖစ္သြားေသးလား.... "

ထယ္ေယာင္းက သူ႔ဒဏ္ရာကနာေနသည္ကိုလ်စ္
လ်ဴရႈလို႔ ကူးကိုေမးေနမိသည္။ကူးကေတာ့
ထယ္ေယာင္းရင္ခြင္ထဲငိုရင္းရွိေနတာမို႔
သူ႔အသက္ေလးလန္႔သြားတာျဖစ္တာေၾကာင့္
ဖက္ေပးထားလိုက္သည္။

" ဟင့္အင္း...ငါေၾကာက္တယ္... "

" ဘာမွမျဖစ္ပါဘူး၊ေမာင္ရွိတယ္...ေမာင္ရွိတယ္ "

ထယ္ေယာင္းကကူးကိုဖက္ထားရင္း ထြက္သြားတဲ့
ကားနက္ကိုၾကည့္ကာ ေတးထားလိုက္ေလသည္။
သူ႔လက္ဒဏ္ရာကိုလ်စ္လ်ဴရႈရင္းေၾကာက္ေနတဲ့ သူ႔အသက္ေလးကို ေပြ႕ဖက္ထားေပးကာစိတ္ကို
ထိန္းေပးေလသည္။ေတာ္ေသးသည္က သူ႔ေပၚ
ျပဳတ္က်လာသည့္ ကိုကိုအလွေလးဘာမွမျဖစ္
သြားတာေၾကာင့္သာေလ။

To be continued ~

ေနာက္က်သြားေပမဲ့ အမ်ားႀကီးေရးေပးထား
ပါတယ္ခင္ဗ်ာ။နည္းနည္းေလးရက္စက္လိုက္တာ
ေဆာရီးပါဗ် ဟဲဟဲ

> >

Continue Reading

You'll Also Like

311K 6.9K 35
"That better not be a sticky fingers poster." "And if it is ." "I think I'm the luckiest bloke at Hartley." Heartbreak High season 1-2 Spider x oc
1.1M 44.7K 51
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...
32.2K 2.5K 10
Top Tae Bottom Kook Zawgyi & Unicobe Start - March.19.2021 End - July.16.2021
15.6K 1.5K 34
jk:တကယ်လို့ ကျွန်တော်တို့သာ ရာမဇာတ်တော်ထဲက ဇာတ်ကောင်တွေဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော်ဟာ အရှင်ရာမကိုမဟုတ်ဘဲ ဒသဂီရိကို ချစ်မိတဲ့ သီတာဒေဝီအဖြစ် သမိုင်းအသစ်...