𝗠𝗘𝗘𝗧𝗜𝗡𝗚 𝗬𝗢𝗨 ✓
By evelynsartgallery__
7.1K 809 125
ပတ်ခ်ဆောင်းဟွန်းရဲ့ အမှားက ဘယ်ကစလဲလို့မေးရင် Jay Park လိုအတ္တကြီးတဲ့ လူနဲ့တွေ့‌တဲ့နေ့ကလို့ ဖြေမယ်။ Jay Park ရ... More
intro
1
2
3
4
5
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24 final
6
287 38 3
By evelynsartgallery__
မကြာခင် စတင်တော့မဲ့ interview အတွက် ဂျေး အပါအဝင် studio က staff များပါ အလုပ်ရှုပ်နေလေရဲ့။ ပထမဆုံး သီချင်းထုတ်လုပ်လိုက်ပြီး 24 hours မပြည့်ခင်မှာပဲ 10M views နဲ့ 8.7M likes ရရှိခဲ့တဲ့
Meeting you music video ဟာဆိုရင် အကောင်းဆုံး သီချင်းအဖြစ် Top 1 မှာ ရပ်တည်နေလေ၏။
Prada shirt နှင့် လိုက်ဖက်စေမည့် style pants နက်ပြာရောင် တစ်ထည် ထို့နောက် လူငယ် style bomber jacket အနက်တစ်ထည် ဝတ်ဆင်ထားတဲ့ ဂျေးဟာ Cornie တွေရဲ့ အသဲအား လှုပ်ခါစေရန် အမိန့်ပေးလျက်။
" မတွေ့ရတာတောင် ကြာပြီ ဂျေးရှီး "
" ဟုတ်ကဲ့ဗျ "
" Music video က မထင်တားတဲ့ အတိုင်း hit ထသွားတာပဲဗျာ "
ဂျေးဟာ ကျေနပ်စွာ သွားဖြူဖြူတို့အား ပေါ်သည်အထိ ပြုံးလေသည်။
ထို့နောက် မထင်မှတ်ထားတဲ့ မေးခွန်းတစ်ခုဟာ သူ့အားစီးကြိုလေသည်။
" ဂျေး မြို့ပြင်က အိမ်ကြီးတစ်အိမ်ကို ဝယ်ထားတာ အပန်းဖြေ villa အနေနဲ့လား ဒါမှမဟုတ် တစ်ခုခုအဖြစ်လား "
ဂျေးက မနေတတ်စွာ ရယ်လေသည်။
" ချစ်ရတဲ့သူနဲ့ အတူတူနေမလို့ပါဗျ "
" Wow!!!! "
MC နည်းတူ ဒီသတင်းအား Cornie လေးတွေကြားရင်လဲ အံ့ဩကောင်း အံ့ဩနိုင်ပါသည်။
တိတ်တိတ်ဆိတ်ဆိတ် ဝယ်တာတောင် ဘယ်လိုသတင်းပျံ့သွားလဲ ဆိုတာ ယခုထဲက သူ့‌ဦးနှောက်အား အလုပ်ပေးရ၏။
နာရီအတော်ကြာ ကျင်းပပြီးသည်တော့ interview ဟာ ချောချောချူချူ ပြီးဆုံးသွားခဲ့လေသည်။ အကျပ်ရိုက်စရာ မေးခွန်းတွေ လာနိုင်ကြောင်း ဆောင်းဟွန်းဟာ ပြောခဲ့ပင်မဲ့ ဂျေးက အေးအေးဆေးဆေးပင် နေခဲ့မိသည်။ ယောင်္ကျားစကား စော်ကားလို့။
" အတွင်းရေးမှူး မင် ဒီနေ့ schedule ပြီးပြီမဟုတ်လား "
" ဟုတ်ကဲ့ ပြီးပါပြီ "
" ဒါဆိုရင် ကျွန်တော်ဒီနေ့ company မသွားတော့ဘူးဗျာ လက်မှတ်ထိုးစရာတွေ ကျွန်တော်အကုန်ထိုးပြီးပြီ လုပ်စရာတွေလဲမရှိတော့ဘူး "
" ဟုတ်ကဲ့ပါ ဒါနဲ့ ဂျေးရဲ့ သူငယ်ချင်းကို သွားကြိုရအုံးမယ် လေယာဉ်က နောက်နှစ်နာရီဆို ဆိုက်ပါပြီ "
" Ah! Shit! သွားရအောင်မြန်မြန် "
SJ group ရဲ့ တစ်ဦး‌တည်းသော အမွေဆက်ခံသူ ၊ တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး စာရင်းဝင် Sim Byeong Ho ရဲ့ အထွေးဆုံး မြေးဖြစ်သူ Sim Jaeyun ရဲ့ ဒေါသ level ဟာ သိပ်ကို မြင့်လွန်းပါသည်။
ချိန်းထားတဲ့အချိန် ၊ ချိန်းထားတဲ့ နေရာ ကို သူပြောတဲ့အချိန်အတွင်း မလာပဲ တစ်မိနစ်လေး နောက်ကျရင်တောင် ပြောဆိုသည့် သူဌေးပေါက်စလေးဖြစ်ပေသည်။
Sim အိမ်တော် တစ်ခုလုံးနဲ့ ဂျေးပါ သူ့ကို ကြောက်ရတဲ့ အထိကိုပင် ဒေါသကြီး၏ ဒါပင်မဲ့ ဒီလောက် ဒေါသကြီးတဲ့ သခင်လေး ရှင်းမ် ကိုနိုင်သူက တစ်ယောက်ထဲ ရှိသည်။ ထိုလူမှာ အချမ်းသာဆုံး စာရင်းဝင် Top 4 ချိတ်တဲ့ သူဌေးကြီး အီဟီဆွန်းသာ။
ရုပ်ရည် ရူပကာ ၊ အရည်အချင်း ၊ ချမ်းသာမှု အစစ အရာရာ ယှဉ်စရာမရှိအောင်ကို ပြီးပြည့်စုံလွန်းတဲ့ အီဟီဆွန်း ရဲ့တစ်ခွန်းဆို 'အင့်' တောင်အသံမထွက် ရဲတဲ့အထိ
ရှင်းမ်ဂျိတ်ခ်တို့ ကြောက်ရပါသည်။
တောင်ကိုရီးယား လေဆိပ်အတွင်း၌ အပျော်ခရီးသွားသူတွေ ၊ အလုပ်ကိစ္စ ခရီးသွားသူတွေနဲ့ ပြည့်နှံ့လျက်ရှိပေသည်။ ထွက်ပေါက်အား ခေါင်းမျှော်ကာ ကြည့်နေတုန်း ဂျေးစောင့်မျှော်နေတဲ့ လူဟာ ထွက်လာလေ၏။
Baggy pants တစ်ထည် ၊ Nike Air Force 1 အဖြူ ၊ တီရှပ်အဖြူတို့အား အပေါ်မှ north face apex bionic တစ်ထည် ထပ်ထားတဲ့ ဂျိတ်ခ်ဟာ သူဌေးသားလို့တောင် ပြောစရာမလို။ အကျောပြိုင်းပြိုင်းထနေတဲ့ လက်ချောင်းတို့ထဲတွင် Iphone 13 pro max တစ်လုံး နှင့်အတူ airpod pro အနက်တစ်လုံးပါ ကိုင်ထား၏။
" JAY!!! "
သူ့အား အာပြဲကြီးနဲ့ အော်ခေါ်ကာ ပြေးဖက်တဲ့ ဂျိတ်ခ်ရဲ့ ကျောကုန်းအား တစ်ချက်ရိုက်လိုက်၏။
" Public မှာ တိုးတိုးလုပ် "
" ပိုပြန်ပြီ "
ဂျေးဟာ ခက်ဟဟလေး ရယ်၏။
" လာလာ တော်ကြာ မင်းငါ့ကြောင့် နာမည်ကြီးသွားမှာ မလိုလားဘူး "
" မင်းမပြောလဲ ငါက နာမည်ကြီးပြီသား "
" ဟုတ်သား စော်ရှုပ်တဲ့ နေရာမှာ "
" မင်း! "
သူ့အား လက်ညိုးငေါက်ငေါက် ထိုးကာ ပြောနေတဲ့ ဂျိတ်ခ်အား လစ်လျူရှု့ရင်းသာ ထွက်လာခဲ့တော့သည်။
" မင်း ဘဲကြီးရဲ့ ဟိုတယ်သွားမှာမှတ်လား "
" ငါ့လူကြီး အလုပ်ကိစ္စနဲ့ ခရီးသွားတယ် ဒီညနေမှ ပြန်ရောက်မှာ မင်း အိမ်အသစ်သွားရ‌အောင်လေကွာ "
" မခေါ်ပါဘူး မင်းကို "
" သေချာလား မင်းလိုချင်တဲ့ အချက်အလက်တွေ ငါ့ဆီမှာနော် "
ထိုအခါမှ သတိရ‌သွားတဲ့‌ ဂျေးဟာ မျက်နှာထား ခက်တင်းတင်းကို ‌ဖြေလျော့ပြီး ပြုံးပြ၏။
" လိုက်ခဲ့လေ လာလာ သွားကြမယ် "
                    MEETING YOU
သူတောင်မသိလိုက်ခင် ဆောင်းဟွန်းရဲ့ မသိစိတ်ဟာ ဂျေးအား စောင့်မျှော်နေလေသည်။ ကြီးမားလှတဲ့ ခြံဝန်းကြီးအား မျှော်ကြည့်ရင်း စောင့်နေရသည်က စစ်မြေပြင်သွားတဲ့ လင်ယောင်္ကျား အား စောင့်မျှော်နေရသလိုမျိုး။
*Ti ti
ခြံဝန်းအတွင်း ဝင်လာတဲ့ kia ev6 မီးခိုးရောင် တစ်စီးသည် ဂျေးကား ဖြစ်လေသည်။ ဆောင်းဟွန်းရဲ့ နှုတ်ခမ်းထောင့်လေး လေးအပေါ်သို့ တွန့်ကွေးသွားပြီး ကြည့်နေတုန်း ကားထဲမှ ဂျေးနှင့်အတူ နောက်တစ်ယောက်ပါ ပါလာ၏။
ပူပြင်း စူးရှသည့် နေရောင်ခြည်အား ခံနိုင်စေရန် Prada တံဆိပ်ပါ rectangle frame sunglasses ကို တပ်ထားသည့် ထိုလူသည် ဖြူဖွေးသည့် ကိုရီးယား အသားအရည်ရှိပင်မဲ့ ရုပ်ဟာ ကပြားရုပ်ဖြစ်လေသည်။
" ဆောင်းဟွန်း ကိုယ်ပြန်လာပြီ "
အောက်ထပ်သို့ ပြေးဆင်းလာတဲ့‌ ဆောင်းဟွန်း ဟာ သူ့ဆီပြေးလာ၏။ အနည်းငယ် ပြုံးယောင်သန်းနေတဲ့ ဆောင်းဟွန်း ရဲ့မျက်နှာဟာ ဂျေးအား စောင့်မျှော်နေမှန်း သိသာနေ၏။ မေးရင်လဲ ကိုယ်တော်ချောက မဟုတ်ဘူးလို့ ဖြေအုံးမယ်။
" ဘာစားပြီးပြီလဲ သည်းငယ် "
" ဘာမှမစားရသေးဘူး အနောက်က တစ်ယောက်က "
" Ah.. Hello Sunghoon I'm Jake "
Aussie accent ခပ်ရှုပ်ရှုပ်သုံးကာ ပြုံးရယ်စွာ နှုတ်ဆက်လာတဲ့ ကပြားကောင်လေး။ မြင်ဖူး တဲ့မျက်နှာကျ မြင်ဖူးတဲ့ အပြုံး မြင်ဖူးတဲ့ ရုပ်ရည် နှင့် ကြားဖူးတဲ့ နာမည်။
" ဒါက ကိုယ့်သူငယ်ချင်း Jake Sim နာမည်အရင်းကတော့ Sim Jaeyun ပေါ့ကွာ SJ group ရဲ့ အမွေဆက်ခံသူလေးပေါ့ "
" Ah... Sim Jaeyun ssi ပဲ တွေ့ရတာ ဝမ်းသာပါတယ်ဗျ "
" ဟင်? သည်းငယ်က သိတာလား "
ဆောင်းဟွန်းဟာ ဂျေး၏ အမေးအား ခေါင်းညိမ့်ရင်း ပြန်လည်ဖြေ၏။
" Sim Byeong Ho ရဲ့ အထွေးဆုံးမြေးပဲ ဟာကို မသိပဲနေပါ့မလား "
ဂျိတ်ခ်ဟာ အောင်နိုင်သူအပြုံး ချိတ်ဆွဲလျက် ဂျေးအား မျက်စပြစ်ကာ ရွဲ့၏။
" ငါပြောတယ်လေ ငါက နာမည်ကြီးပါတယ်လို့ "
" Son of! "
" စတာ စတာ လာလာ အလုပ်ကိစ္စပြောရအောင် "
" ဟုတ်သား ဆောင်းဟွန်း ဗိုက်ဆာနေပြီဆိုရင် စားထားနှင့်နော် "
" မဆာသေးပါဘူး "
ဆောင်းဟွန်းရဲ့ ပါးပြင်းနုနုအား အုပ်ကိုင်ရင်း ဂျေးဟာ နှုတ်ခမ်းနုနုထက် အကြင်နာစွန့်ကြဲ၏။ ရဲတက်သွားတဲ့ မျက်နှာလေးဟာ ဂျိတ်ခ်အား ရှက်နေသည်တော့ အမှန်။
" ဒါဆို ဂျိတ်ခ်နဲ့ အတူစားကြမယ်နော် "
" အင်း "
MEETING YOU
" နာမည်က နီရှီမူရာ ရီခီ "
" နာမည်သိတယ် "
" Japan နိုင်ငံ အခြေစိုက် unique brand ပိုင်ရှင် Nishimura Akaji ရဲ့ တစ်ဦးတည်းသော သား "
‌ဂျိတ်ခ်ပြောပြသမျှကို အရက်ခွက်လေးကို ဝှေ့ရင်း ဂျေးက ခေါင်းတစ်ညိမ့်ညိမ့်နဲ့ နားထောင်သည်။
" အခု Extraordinary ဆိုတဲ့ company က အဲ့ကောင်လေး ကိုယ်တိုင် ထောင်ထားတာ အဲ့တော့ မင်းရဲ့ လမ်းထဲကိုဝင်ရှုပ် ရုံတင်မက မင်းကို ရိုက်ချိုးနိုင်တဲ့ အရည်အချင်း‌ရှိတယ် ဆိုတာထက် ပိုတယ် "
Extraordinary ဆိုသည့် fashion company သည် တောင်ကိုရီးယားတွင်သာ မက ဥရောပထိပါ နာမည်ကြီးတဲ့ fashion company တစ်ခုသာဖြစ်သည်။ လိုက်မမှီလှတဲ့ design တွေနဲ့ မိမိုက်လှတဲ့ model တို့ သုံးထားတဲ့ ထို company ရဲ့အောင်မြင်မှုသည် သိပ်ကိုမှ ကြီးမားလှသည်။
" ငါ့ကို ရိုက်ချိုးဖို့ အဲ့လောက်တောင် လွယ်လား "
ဂျိတ်ခ်က တစ်ချက် ခပ်ဟဟရယ်၏ ထို့နောက် မျက်စိရှေ့ချထားတဲ့ ဖန်ခွက်ထဲ ထည့်ထားသော ပယင်းရောင် အရည်အချို့အား အစာအိမ်သို့ ပတ်ဖြန်းလိုက်၏။
" လွယ်တယ် အဲ့ကောင်လေးကို အထင်မသေးနဲ့ နည်းတဲ့ background မဟုတ်ဘူး မင်း နီရှီမူရာ့ ကိုရိုက်ချိုးလို့မရလို့ သူ့ရည်းစားဘက် မလှည့်နဲ့နော် စစ်ခင်းရလိမ့်မယ် "
" ငါရှင်းရမဲ့ ပြဿနာက နီရှီမူရာ ကင်မ်ဆောနူ မဟုတ်ဘူး အဲ့တော့ ကင်မ်ဆောနူဘက် ခြေဦးတောင် မလှည့်ဘူး "
လေသံမာမာဖြင့် ပြောရင်း လက်ထဲမှ cigarettes အား ခပ်ပြင်းပြင်း ရှိုက်ဖွာလေသည်။
" ဂျေး "
" ဟင်? "
" လုယူထားတဲ့ အချစ်ကို ပတ်ခ်ဆောင်းဟွန်း က လက်ခံလား "
ရုတ်တရက်ဆန်လွန်းသည့် မေးခွန်းဖြစ်တာကြောင့် ဂျေးဟာ နာကျင်စွာ တစ်ချက်ရယ်၏။
" သေချာပေါက် သဘောကျပါ့မလား "
" ရူးလိုက်တာကွာ "
MEETING YOU
ရှည်လျားလှတဲ့ စားပွဲပေါ်၌ အရသာရှိတဲ့ ဟင်းပွဲတို့ဟာ တည်ရှိနေလေ၏။ အငွေ့‌တထောင်းထောင်း ထနေတဲ့ ရေညှိဟင်းချို တို့နှင့်အတူ အခြားသော အရသာရှိတဲ့ ဟင်းပွဲများ။
ဆောင်းဟွန်း ပန်းကန်ထဲ ဟင်းထည့်ပေးရင်းသာ ဂျေးတစ်ယောက် အလုပ်ရှုပ်နေ၏။ မကောင်းတဲ့ လုပ်ရပ်နဲ့ လုယူထားတာကို ဖယ်တွေးလိုက်ရင် ဂျေးဟာ ဆောင်းဟွန်းကို နှစ်နှစ်ကာကာ ချစ်ပါသည်။
သည်းငယ် ဟိုဟာစားမလား ၊ ကိုယ်ယူပေးမယ် နဲ့ အပိုတွေလုပ်လွန်းတဲ့ ဂျေးအား ဂျိတ်ခ် အမြင်ကပ်လာပါပြီ။
" ငါအဆင်ပြေတယ် ခများဘာသာ စား "
" အိုကေ သည်းငယ်လိုတာရှိရင် ပြောနော် "
ခေါင်းသာ အသာညှိမ့်ရင်း ဆောင်းဟွန်းဟာ ဆက်စား၏။ သို့သော် ရုပ်ပျက် ဆင်းပျက် ခုန်ပေါက်နေတဲ့ နှလုံးသားသာ ဂျေး ဝင်ကြည့်နိုင်ရင်..။
ဂျိတ်ခ်တစ်ချက် မော့ကြည့်လိုက်တော့ ဆောင်းဟွန်း ရဲ့ မျက်ဝန်းတို့ဟာ ဂျေး အသဘောကျနေကြောင်း ဖော်ပြနေ၏။ ဟန်ဆောင်ကောင်းသား။
" ငါတစ်‌ယောက်ထဲ ပျင်းနေတဲ့အချိန် ဂျယ်ယွန်း ကိုခေါ်ထားလို့ရလား "
သူ့စိတ်တိုင်းကျ လုပ်လို့ရပင်မဲ့ ဂျေးအား ခွင့်တောင်းနေသေးသည်။
" ခေါ်လေ ကိုယ့်သူငယ်ချင်းလဲ မင်းသူငယ်ချင်းလိုပဲ မင်းအဆင်ပြေတယ် မှတ်လား "
" ရတာပေါ့! ဆောင်းဟွန်းရ မင်းအချိန်မရွေးငါ့ကို ဖုန်းဆက်ခေါ်လိုက် "
ဆောင်းဟွန်းရဲ့ ပျော်ရွှင်သွားတဲ့ အပြုံးတို့သည် ဘာနဲ့မှ လဲလို့မရနိုင်‌မှန်း ဂျေးသာ အသိဆုံးဖြစ်သည်။
" ဒီနေ့ နေ့လည်စာကတော့ အကောင်းဆုံးပဲ! ဒါနဲ့ ဂျေး "
" နောက်လထဲ အယ်ဗန်ဖွင့်မဲ့ club အသစ် ဖွင့်ပွဲကိုလာခဲ့အုံး ဆောင်းဟွန်းမင်းလဲလာခဲ့နော် "
" အွန်း အွန်း ဂရုစိုက်သွားအုံး "
" ဒါဆို bye bye "
ရှင်းမ် အိမ်တော်မှ လာကြိုတဲ့ ကားသည် ထိုခြံဝန်းကျယ်ကျယ် အတွင်းမှ ထွက်ခွာသွားလေ၏။
ဆောင်းဟွန်းခါးသို့ ရစ်သွယ်ကာ ဖက်လာတဲ့ လက်ဖြန် တောင့်တောင့်တို့နှင့် ပုခုံးပေါ်သို့ ကျရောက်လာတဲ့ နှာတံရှည်ရှည်။
" တော်တော့ ဂျေး "
" အမြဲတမ်း တားနေတော့တာပဲ အမြဲတမ်း ကိုယ့်ကိုဆို သိပ်စိမ်းကားတယ် ဘာတွေများ လိုအပ်နေလို့လဲ "
" မသိဘူး "
လိမ်တယ်။ ဟွန်းက သူ့ကို ချစ်ရဲ့သားနဲ့ လိမ်တယ်။ ဖက်ထားတဲ့ လက်တို့ကြားမှ ရုန်းထွက်ရင်း ဆောင်းဟွန်းဟာ အပေါ်ထပ်သို့ တက်သွား၏။
အိပ်ယာထက်လှပ သေသပ်စွာ လှဲလျောင်းနေတဲ့ ဆောင်းဟွန်း အနား ဝင်လှဲရင်း ဆောင်းဟွန်းရဲ့ လည်ပင်းအားနမ်းရှိုက် လိုက်၏။ အပေါ်၌ အုပ်မိုးကာ အငမ်းမရနမ်းရှိုက်နေတဲ့ ဂျေးကိုလဲ ဆောင်းဟွန်း မတွန်းဖယ်မိပေ။
ဒီကြားထဲ သူပါ ပြန်နမ်းရှိုက်နေမိသည်။
အခုတစ်လော ဆောင်းဟွန်းရဲ့ စိတ်တွေဟာ တစ်ခါတစ်ခါ ဂျေးဆီ ယိုင်လို့နေပါသည်။ ဂျေး အနမ်းတွေမှာ ကျရှုံးတတ်လာပြီ ၊ ဂျေး အိမ်ပြန်လာချိန်ကို မျှော်နေတတ်သည် ၊ ဂျေးအနားမှာ ရှိရင် နှလုံးခုန်နှုန်းတွေ မြန်လာတတ်သည်။
သစ်ရွက်လှုပ်တိုင်း ရင်ခုန်တတ်ကာ စိတ်ကစား တတ်တဲ့ အရွယ်မို့လို့ လို့ခေါင်းစဉ် တပ်ရအောင်လဲ သူ့အသက်ဟာ 21 နှစ်ရှိနေပြီပင်။
" လှချက်က သေသပ်လိုက်တာ သည်းငယ်ရယ် "
မျက်နှာနုနုတို့အား လာရောက်ထိကိုင်လာတဲ့ လက်ချောင်းသွယ်သွယ်တို့ဟာ မေးရိုး ၊ ပါး ၊ နှုတ်ခမ်းလှလှ တို့အား ပွတ်သပ်၏။
" ချစ်လိုက်တာ သည်းငယ်ရယ် "
တစ်နေ့တစ်နေ့ ပတ်ခ်ဆောင်းဟွန်း တို့ကတော့ အမုန်းတွေသာ ပွားနိုင်ပင်မဲ့ ဂျေးကတော့ ချစ်ပြီးရင်း ချစ်နေမိတော့သည်။
MEETING YOU
ယခုဆို ဆောင်းဟွန်း ပျောက်နေသည်က တစ်လ တိတိပြည့်သွားခဲ့လေပြီ။ ပြည်ပရှိ ဆောင်းဟွန်း မိဘတို့ဟာ ‌ပျောက်တယ်ဟု သတင်းကြားသော်လဲ တုန့်တုန့်တောင် မလှုပ်ပေ။
နီခီတစ်ယောက် သူ့အဖေရဲ့ အာဏာရော သူ့အာဏာရော သုံးပြီးရှာသော်လဲ တစ်ဖက်လူဟာ အစအနဖျောက်လို့ထား၏။ တရားခံကို သိသော်ညား သက်သေမရှိတဲ့သူ့အတွက်တော့ ပင်လယ်ထဲ လက်ပြစ်ကူး‌နေရသည်ထက်ကို ခက်ခဲလွန်းသည်။
" John ငါမင်းကို ခိုင်းထားတဲ့ ဂျေးရဲ့ တစ်နေ့တာ မှတ်တမ်း? "
" ဂျေးက သိပ်စီစစ်တယ်ဗျ တစ်ချို့အချက်အလက်တွေကို မရလိုက်ရဘူး ဒါပင်မဲ့ ဟိုတစ်လ က New York ကပြန်လာတဲ့ သူ့သူငယ်ချင်းနဲ့ ကော်ဖီဆိုင်ထိုင်ရင်း ဖိုင်အချို့နဲ့ အလုပ်ရှုပ်နေတာတော့ တွေ့လိုက်တယ် "
မျက်စိရှေ့ ကျရောက်လာတဲ့ ပုံအချို့။ ဈေးကြီးကြီး cafe တစ်ခုတွင် လူတစ်‌ယောက်နဲ့ ဖိုင်များရှေ့ခင်းကာ အလုပ်ရှုပ်နေတဲ့ ဂျေး။
" ဒီတစ်ယောက်က ဘယ်သူလဲ "
" SJ group ရဲ့ ဆက်ခံသူ Sim Jaeyun ပါ "
" Ah.. ဟို အာဏာရှိတဲ့လူတွေ စုစည်းထားတဲ့ group မဟုတ်လား "
" ဟုတ်ပါတယ်ဗျ "
ALOHA နှင့် SJ တို့၏ အာဏာသည် မတိမ်းမယိမ်းတွင် တည်ရှ်ိနေတတ်သည်။ အစိုးရ ပြီးလျှင် ဒုတိယ အာဏာအရှိဆုံးက ထိုယှဉ်ပြိုင်နေတဲ့ group နဲ့ hotel ပင်။ တစ်ခါတစ်လေတွင်လည်း ထိုနှစ်ခါက အစိုးရထက်တောင် အာဏာရှိနေနိုင်သေးသည်။
" ရပြီ သွားတော့ "
" ဟုတ်ကဲ့ဗျ "
John ထွက်သွားပြီးနောက် ပုံတို့အား သေချာကြည့်နေမိသည်။ ပုံထဲမှ နှုတ်ခမ်းထူထူ ပိုင်ရှင်၏ အပြုံးတို့သည် တစ်ခုခုအား ကြံစဉ်‌ရည်ရွယ်နေသည့် ပုံစံ။
" ခများတို့ပဲ ဖွက်နိုင်မလား ကျွန်တော်ပဲ ရှာနိုင်မလား ကြည့်ကြတာပေါ့ "
အမှန်တရား အနိုင်ရရှိဖို့ အချိန်အနည်းငယ်စောင့်ရသည် မဟုတ်ပါလား။
                     MEETING YOU
ရုံးခန်းထဲ ည 10 နာရီအထိ အလုပ်လုပ်နေတဲ့ ဂျေးအား တစ်ခန်းလုံးအမှောင်ချထားပင်မဲ့ laptop ၏ အလင်းရောင်ကြောင့် ခပ်ချောချော မျက်နှာကို မြင်ရပါသည်။
ဒီနေ့မှလရောင်ဟာ ထိန်ထိန်သာနေကာ ရုံးခန်းထဲသို့ ကျရောက်နေ၏။
* Knock knock *
" ဂျေး ကျွန်တော်ပါ "
" ဝင်လာခဲ့လေ "
အုံခဲနေတဲ့ ခေါင်းတို့ဟာ ဆိုမြိန်လှသော အသံအောက် ကြက်ပျောက်ငှက်ပျောက်ပင်။
" အမှောင်ထဲ မျက်လုံးပိုထိမှာပေါ့ "
" အခု သည်းငယ်က ကိုယ့်ကိုစိတ်ပူနေတာလား "
" မဟုတ်ပါဘူး "
" လိမ်နေတာပဲ "
ဆောင်းဟွန်းရဲ့ မျက်စံတို့ဟာ လှုပ်ရှားစပြုလာရင်း ဝတ်ထားတဲ့ sweatshirt ရဲ့ လက်စတို့အား စိတ်လှုပ်ရှားစွာ ဆွဲချ၏။ ဂျေးထို လက်ချောင်းတို့အား အသာတယာ အုပ်ကိုင်ရင်း laptop မီးရောင်ကြောင့် မြင်နေရသော ဆောင်းဟွန်းရဲ့ ရုပ်ရည်အား အမြတ်တနိုး ‌ကြည့်မိလိုက်သည်။
" ကိုယ် ခေါ်ထားတာ သည်းငယ်မိဘတွေ သိရင် ကိုယ့်ကို စိတ်ဆိုးမလား မသိဘူးနော် "
ဆောင်းဟွန်း မျက်နှာဟာ ရုတ်တရက် ညိုးငယ်ကျသွား၏။
" သည်းငယ် ကိုယ် အမှားလုပ်မိလို့လား ဘာလုပ်မိလို့လဲ "
နှင်းကဲ့သို့ နူးညံ့နေ‌သည့် ဆောင်းဟွန်းရဲ့ လက်ကလေးကို ကိုင်ရင်း ဂျေးဟာ စိုးရိမ်စွာ မေးလေသည်။
" ကျွန်တော့်မိဘ‌က ကျွန်တော့်ကို သိပ်လိုလားတာ မဟုတ်ဘူးရယ် မဖြစ်မနေမို့လို့သာ မွေးလာရတဲ့ ပုံစံ "
အက်ကွဲနေသော အသံဟာ နာကျင်ခြင်းအား ကိုယ်စားပြုပြီး ၊ မျက်လုံးသေများဖြင့် တစ်နေရာအား စိုက်ကြည့်နေခြင်းသည် သန်မာရန် ကြိုးစားနေခြင်းအား ကိုယ်စားပြု၏။
" ဒါကြောင့် ခများခေါ်ထားတာကို စိတ်ဆိုးမှာက ဆောနူနဲ့ သူ့ရည်းစားပဲ ရှိမှာ "
နီရှီမူရာ နဲ့ ကင်မ်ဆောနူ။
သူ့လက်ထဲက နှင်းဖြူလေးကို ပြန်ခေါ်နိုင်သည့် အရည်အချင်းနှင့် အာဏာတို့ အပြည့်ရှိသည့် အတွဲ။
" ခများ ကျွန်တော့်ကို ချစ်ရော ချစ်ရဲ့လား "
" လာ ကိုယ့်အပေါ်ထိုင် "
မတ်တပ်ရပ်နေတဲ့ ဆောင်းဟွန်းအား သူ့ပေါင်ပေါ်ထိုင်ခိုင်း၏။ ထို့နောက် MacBook wallpaper အား ကြည့်စေတော့ ဆောင်းဟွန်းဟာ ခပ်ရဲ့ရဲ့လေး ပြုံး၏။
ပြုံးရွှင်ကာ ဟိုတယ်လာတည်းသော ဧည့်သည်များကို ဧည့်ခံနေတဲ့ ALOHA hotel ဝန်ထမ်း ပတ်ခ်ဆောင်းဟွန်းဟာ ဂျေး MacBook ရဲ့ wallpaper မှာ နေ‌ရာယူနေရဲ့။
" အဲ့တာနဲ့ မလုံလောက်သေးဘူးလား "
စားပွဲပေါ် မှောက်ထားသော ဖုန်းအား ဖွင့်ပြလိုက်တော့ lock screen ထက်နေရယူနေတဲ့ ‌အိပ်မောကျနေတဲ့ ဆောင်းဟွန်း။ စောင် ထူထူထဲ နစ်ဝင်ကာ အိပ်မောကျနေတဲ့ ဆောင်းဟွန်း။
ဖုန်းရဲ့ password ဟာလဲ ဆောင်းဟွန်းရဲ့ မွေးနေ့။
Home screen wallpaper သည်လဲ မိတ်ကပ်ပြင်နေတဲ့ ဂျေးမှ ဖုန်းအသဲအသန် သုံးနေတဲ့ ဆောင်းဟွန်းအား မှန်ထဲမှ မသိမသာလေး ရိုက်ယူထားတဲ့ ချစ်စရာကောင်းသော ဓာတ်ပုံလေး။
" တွေ့လား ကိုယ့်မိဘတောင် နေရာမယူဖူးတဲ့ ဖုန်း wallpaper, password တွေကအစ မင်းနဲ့ ပတ်သတ်‌တဲ့အရာတွေပဲ ဆောင်းဟွန်းရဲ့ ကိုယ့်ရဲ့ I watch တောင် မင်းပုံလေးနဲ့ "
I watch ထက်နေရာယူနေတဲ့ ဆောင်းဟွန်းရဲ့ ပုံလေးတစ်ပုံ။
" အဲ့လောက်ထိ မင်းကို ချစ်တာ အိပ်လဲမင်း စားလဲမင်း ကိုယ့်ဦးနှောက်ထဲမှာ အချိန်ပြည့် မင်းပဲရှိနေတာ "
MacBook ရဲ့ အလင်းရောင်ကြောင့် ခပ်ရေးရေးလေး မြင်နေရတဲ့ ဆောင်းဟွန်းရဲ့ မျက်နှာဟာ ခပ်ရဲရဲလေး။
" ဘယ်သူတွေ ဘယ်လိုပဲ ကိုယ့်လက်ထဲက မင်းကိုခေါ်ယူသွား ယူသွား ကိုယ်မင်းကို မရရတဲ့ နည်းနဲ့ ပြန်ခေါ်ထားမှာ "
ပေါင်ပေါ်က ဆောင်းဟွန်းရဲ့ ခါးအားတင်းကြပ်စွာဖက်ထားရင်း ဂျေးဟာဆိုလေသည်။
ဆောင်းဟွန်း ရင်ခုန်မိသည်။
သို့ပင်မဲ့ ၊ ဂျေးပတ်ခ်ဟာ နာမည်ကြီးတစ်ယောက်။
မိန်းကလေးပေါင်းစုံနဲ့ တွေ့ရပြီး ဆက်ဆံရတဲ့ လုပ်ငန်းနဲ့ ပတ်ဝန်းကျင်မှာ ကျင်လည်နေတဲ့ လူငယ်တစ်ဦး။ တကယ်လို့ ဂျေးဟာ သူ့ကို အပျော်သက်သက်သာ သဘောထားခဲ့ပြီး တခြားသူကို အချစ်တွေပိုနေခဲ့ရင်ရော။
ဇာတ်လမ်းအစမှာ သိပ်ချစ်ပြသူက ဂျေး ဖြစ်ပြီး ဇာတ်လမ်းတစ်ဝက်မှာ ‌ဇာတ်ကောင်အလှည့် အပြောင်းဖြင့် ဆောင်းဟွန်းဟာ သိပ်ချစ်တဲ့လူဖြစ်ခဲ့သည်။
သို့သော်..။
ဇာတ်လမ်း အဆုံးသတ်တွင်ရော? ဘယ်သူက ဘယ်သူ့အပေါ် ခံစားချက်တွေ ကုန်ဆုံးသွားမလဲ။ ‌ဒါမှမဟုတ် နှစ်ဦးသား ခံစားချက်တွေ အချစ်တွေဟာ ထပ်တူကျပြီး သက်ဆုံးတိုင် ပေါင်းဖက်နိုင်ပါ့မလား။
သိပ်ချစ်ပြခဲ့ပြီး အဆုံးတွင်တော့ ကျန်ခဲ့သူဟာ သူတစ်ယောက်ထဲ ဖြစ်နေမှာကို ဆောငါးဟွန်း သိပ်ကြောက်၏။
" သည်းငယ် "
တိုးလှ ဩရှသော လေသံနုနုသည် အတွေးကမ္ဘာထဲ မြောနေသော ဆောင်းဟွန်းကို ပြန်၍‌ဆွဲခေါ်လိုက်သလို။
" ဘာတွေတွေးနေပြန်ပြီတုန်း ကိုယ်မင်းကို အပျော်သက်သက် သဘောထားနေတာလားလို့ တွေးနေတာလား "
ဒုက္ခပဲ ၊ ဂျေးပတ်ခ်ကတော့ သူ့အတွေးတွေပါဖတ်‌တတ်နေပြီပဲ။
" ဒီမှာ သည်းငယ် ကိုယ့်ရဲ့အချစ်က မင်းအတွက်ပဲ သီးသန့်တည်ရှိလာတဲ့ အရာလိုမျိုး ဘယ်သူမှ မရနိုင်တဲ့ အသီးကို မင်းရထားသလိုမျိုးပဲ ကိုယ့်နှလုံးသား အကန့်လေးကန့်မှာ တစ်ကန့်က ပတ်ခ်ဆောင်းဟွန်း ၊ တစ်ကန့်က ဘန်ဂျမင်ပတ်ခ် ၊ နောက်တစ်ကန့်က သည်းငယ် ၊ နောက်ထပ်တစ်ကန့်က ဟွန်း ဆိုပြီးပဲ ရှိတာ "
တည်ငြိမ်စွာ ရှင်းပြနေသော ဂျေးရဲ့ လေသံဟာ ရေပြင်ကဲ့သို့ပင် တည်ငြိမ်ပြီး ၊ သံစဉ်ကဲ့သို့ပင် ပျော့ပြောင်း၏။
ရယ်သံနုနုသည် ပိုးသားကဲ့သို့အသွင်ရှိ၏။
ဂျေးပတ်ခ် ပြုလုပ်တဲ့ အရာတိုင်းဟာ အဓိပ္ပာယ်ဖွင့်ဆိုမရနိုင်သလို ထိုလှုပ်ရှားမှုတိုင်းကို ကြည့်ရင်းပင် မြတ်နိုးမှုများ တိုးပွားလို့နေသည်။
MEETING YOU
20.4.2024
Happy birthday our ကျုံးစိန်! အသက်တစ်နှစ်ကြီးသွားတဲ့ ကျုံးကျုံးလေး မွေးနေ့မှာ ပျော်ရွှင်ပါစေ ၊ engene တွေရဲ့ အသဲနှလုံးကို ဒီ့ထက်ပိုပြီး လှုပ်ခါနိုင်ပါစေ။
Continue Reading
You'll Also Like
1M 65.4K 119
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
261K 7.6K 87
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...
12.5K 254 15
When Gabriela moved from Miami to Freeridge her parents had one rule: don't talk to the gangmembers. Not hard right? Especially for a nerd in Robotic...
9.6K 247 4