Unicode
Episode _ 20
" အဘ... ထမင်းထုပ်ရောက်ပြီ "
" ဟေ.. ရောက်ပြီလား၊ ငါ့နှယ့်! ငါ့သမီး ယောက်ျားနောက်လိုက်ပြေးပြီလို့ကို ထင်နေတာကွယ် "
" အဘကလည်း... ပြောရော့မယ် "
" ကဲ.. ကဲ ငါ့တူတွေ လုပ်လက်စလေးတွေ ခဏနားကြကွာ...၊ ထမင်း အရင်စားလိုက်ကြရအောင် "
တေလွန်းတို့ရဲ့မင်္ဂလာဦးအိမ်အတွက် အဓိကဦးဆောင်သူမှာ ဦးစံသောင်းကိုယ်တိုင်ဖြစ်သည်။ ဦးသာငြိမ်းကတော့ မင်္ဂလာဦးအိမ်အတွက်လိုအပ်မဲ့ပရိဘောဂတွေကိုမြို့ပေါ်မှာသွားဝယ်ပြီး စီစဥ်ပေးသူဖြစ်သည်။ အမေနှစ်ယောက်ကတော့ မင်္ဂလာပွဲနေ့တွင်ကျွေးမွေးဖို့အတွက် ချက်ရေးပြုတ်ရေးနဲ့ သတိုးသားနှစ်ယောက်ဝတ်ဖို့အတွက်အဝတ်အစားရော၊ ကိုယ်တိုင်ဝတ်ဖို့နဲ့လင်ယောက်ျား၊သမီးဖြစ်သူတို့ဝတ်ဖို့အတွက် အဝတ်အစားတွေကို အဓိကတာဝန်ယူထားသည်။ သတို့သားနှစ်ယောက်ကတော့ တစ်အိမ်ဝင်တစ်အိမ်ထွက် မင်္ဂလာဖိတ်စာ လိုက်ဝေနေသည်။
တေလွန်းတို့နေဖို့အတွက် ဦးစံသောင်းနဲ့ဦးသာငြိမ်းက ရွာလယ်ကဝိုင်းတစ်ဝိုင်းဝယ်ပေးပြီး နှစ်ထပ်အိမ်ဆောက်ပေးသည်။ လိုအပ်တဲ့ပရိဘောဂတွေကို ဦးသာငြိမ်းက စရိတ်စိုက်ထုတ်ပြီး အိမ်ဆောက်တဲ့စရိတ်စက အပြီးအစီးကို ဦးစံသောင်းက ပိုက်ဆံထုတ်ပေးသည်။ သားနှစ်ယောက်စလုံးက သူတို့အတွက်ရင်နှစ်သည်းချာလေးတွေဖြစ်တာကြောင့် သားတို့ရဲ့အိမ်ထောင်ရေးမှာ အပူအပင်လုံးဝမရှိစေချင်တာက နှစ်ဖက်မိဘများ၏စေတနာမေတ္တာအရင်းခံသာဖြစ်သည်။ အခုလည်း နှစ်ထပ်ပျဥ်ထောင်အိမ်ကအပြီးသတ်ဖို့ပင် သိပ်မလိုတော့။ သားတို့မင်္ဂလာကိစ္စကိုသတ်မှတ်ပြီးကတည်း စဆောက်နေတဲ့အိမ်ဖြစ်သည်ကတစ်ကြောင်း၊ လက်သမားအင်အားကိုသေချာကိုသုံးပြီး တက်သိတဲ့လက်သမားဆရာတွေနဲ့ဆောက်တာမို့ နှစ်ထပ်ပျဥ်ထောက်အိမ်လေးဟာ တော်တော့်ကိုခိုင်ခံ့ပြီး ရိုးရိုးရှင်းရှင်းနဲ့သပ်ရပ်လှသည်။
" ဦးစံသောင်း... ကျုပ်တို့ သန်ဘက်ခါဆို အကုန်ပြီးပြီ...၊ ပျဥ်ချပ်တွေကို ရေနံချေးအဝသုတ်ထားမယ်မလား... "
" ဒါပေါ့ကွ...၊ မဟုတ်ရင် နေဒဏ်၊မိုးဒဏ်ကြောင့်ကြရနဲ့... ခြစားမှာကြောက်ရနဲ့ တခါတည်းသာ လုပ်ပေးသွားကြကွာ...၊ လိုအပ်တာသာ ပြော "
" ဟုတ်ပြီ... ဟုတ်ပြီ၊ အဲ့တာဆို ကျုပ်တို့ သဘက်ခါ လက်စသတ်ပြီးနဲ့တခါတည်း ရေနံချေးသုတ်ပေးခဲ့မယ်....၊ ခင်ဗျားတို့ ပစ္စည်းတွေရွေ့ထားချင်ရင် ဖိတ်နွဲ့ခါလောက်ကျမှ ရွေ့ကြပေါ့... "
" အေး.. အေး၊ မင်းတို့တွေအကုန် ငါ့သားမင်္ဂလာဆောင်ကိုလည်း လာခဲ့ကြအုံးနော်... နောက်တစ်ပတ် လပြည့်ကျော်ဆယ်ရက်နေ့... ငါ တခါတည်း ဖိတ်ထားလိုက်မယ်... "
" လာရမှာပေါ့ဗျာ... စိတ်ချ၊ ဒါနဲ့ ဒီနေ့ သတို့သားကြီး မလာဘူးလား "
" မြို့ပေါ်မှာ ဒီအိမ်အတွက်ဝယ်ထားတဲ့ပရိဘောဂတွေ သွားသယ်တယ်လေကွာ "
ဦးစံသောင်းနဲ့လက်သမားခေါင်းဆောင်က ထမင်းစားပြီး အကြမ်းရေသောက်အမောဖြေရင်း စကားဆိုနေကြခြင်းဖြစ်သည်။ စုစုစံကတော့ ထမင်းထုပ်ပို့ပြီးတာနဲ့ပြန်သွားသည်။
~~~~~~~~~~~~~~~~~~~~
တန်ဆောင်းမုန်းလပြည့်ကျော်ကိုးရက်နေ့ရောက်တော့ တေလွန်းနဲ့ရှင်မွှေးတို့မိသားစုတွေအကုန်လုံး ကိုယ်စီအလုပ်ရှုပ်နေကြသည်။
" မင်္ဂလာမဏ္ဍုပ်ကို သေချာဆောက်ကြနော်...၊ ငတေ အဲ့ဒီနားက နှီးကနည်းနည်းလျော့နေသလိုပဲ.. သေချာပြန်တုပ်အုံး... "
" အင်းပါ အမေရာ... ကျုပ် သေချာတုပ်ထားပါတယ်ဗျ...၊ သွား.. သွား ဟိုမှာ အဘတို့နားမှာပဲ အေးဆေးအကြမ်းရေသွားသောက်စမ်းပါဗျာ... "
" အော်.. ဟဲ့၊ မင်းအဘတို့က အေးဆေးအကြမ်းရေထိုင်သောက်နေတာမဟုတ်ဘူး...၊ စောနကမှ နောက်ဖေးမှာဟင်းချက်နေတဲ့သူတွေကို ကြီးကြပ်ပြီးပြန်လာကြတာ....၊ မင်းသာ ကိုယ့်မင်္ဂလာဆောင်မဟုတ်တဲ့အတိုင်း အေးဆေးနေလွန်းတာ....၊ မနက်ကတည်းက ဒီမဏ္ဍပ်ကိုပြင်နေတာ အခုနေ့လည်တပိုင်းတောင်ကျိုးတော့မယ်.. မပြီးသေးဘူး "
" အမေကလည်းဗျာ... ကျုပ်ချည်း လိုက်ပြောနေတာပဲ၊ အမေ့သမက်ဆင်ပေါက်ကိုကျ ဘာမှမပြောဘူး "
" ငါ့သားငယ်ကို ဘာပြောရမှာလဲ... "
" သူကျ ဘာမှမလုပ်ဘဲ ဟိုအိမ်မှာအေးဆေးနေနေတာလေ...၊ လာကူပေးတဲ့ကျုပ်ကိုကျ ပြောလို့ကိုမပြီးတော့ဘူး "
" အမလေး.. ငါ့သားငယ်က အေးဆေးနေနေတာမဟုတ်ပါဘူးအေ၊ ဟိုအိမ်မှာ မင်းတို့ရဲ့မင်္ဂလာဆောင်ပြီးတာနဲ့ အဆင်သင့်နားလို့ရအောင် သန့်ရှင်းရေးပြန်လုပ်နေတာပါဟဲ့ "
" ဟမ့်! အဲ့အိမ်က အမေတို့..အဘတို့သန့်ရှင်းရေးလုပ်ပေးထားတာနဲ့တင် အသင့်တက်နေလို့ရနေတဲ့ဥစ္စာ...၊ နောက်ထပ်သန့်ရှင်းရေးထပ်လုပ်စရာ လိုသေးလို့လား "
" အော်... ငါတို့သန့်ရှင်းရေးလုပ်ထားတယ်ဆိုတာ ပစ္စည်းတွေကိုသူ့နေရာနဲ့သူ နေရာချပေးတာပဲရှိတာလေဟယ်....၊ ပြီးတော့ ငတေ မင်း.. မသိတာလည်းမဟုတ်ဘဲနဲ့၊ ငါ့သားငယ် နေပြန်ကောင်းတာမှသိပ်မကြာသေးဘူးနော်.. မနက်ဖြန်ပြန်ဖျားရင် ဘယ်နှယ့်လုပ်မလဲ.... "
ကျုပ်လည်း အမေပြောတာမှန်နေတာမို့ ဘာမှဆက်မပြောနိုင်တော့ပေ။ ဆင်ပေါက်က မင်္ဂလာဆောင်ခါနီးမှ ရာသီအကူးအပြောင်းကြောင့် အအေးမိပြီးအဖျားဝင်သွားသေးသည်။
အဲ့တာရဲ့ အဓိကတရားခံက ကျုပ်ပါပဲ။ ရွာထဲက ကာလသားတွေပြောသလို ကိုယ့်ချစ်သူနဲ့ကောက်ရိုးပုံမှာချိန်းတွေ့ရတဲ့အရသာကို ကျုပ်သိချင်တယ်လေ။ အဲ့တော့ ကျုပ်လည်း ဆင်ပေါက်ကိုခေါ်ပြီး ညဘက်ချိန်းတွေ့ကြည့်သည်။ ဒါပေမဲ့ ကျုပ်ထင်ထားသလို ရင်ခုန်ဖို့တော့မကောင်းဘူးဗျ၊ ပုံမှန်လိုပဲ ကျုပ်က စလိုက်.. ဆင်ပေါက်က စိတ်ဆိုးလိုက်နဲ့ပြီးသွားတာ။ အဲ့တာပြီးတော့ ကျုပ်လည်း ဆင်ပေါက်ကိုအိမ်ပြန်လိုက်ပို့ပေးလိုက်တယ်။ ဦးကြီးသာငြိမ်းတို့ကို ခဏခေါ်သွားမယ်လို့ပြောခဲ့တာမဟုတ်လား...၊ ဦးကြီးသာငြိမ်းတို့ကလည်း ညဘက်မို့ ဆင်ပေါက်ကိုအပြင်မထည့်ချင်ပေမဲ့ ကျုပ်ကအတင်းပြောလို့သာ ညဥ့်မနက်စေနဲ့ဆိုပြီး ယုံယုံကြည်ကြည်ထည့်ပေးလိုက်လေ။ နောက်တစ်နေ့မနက်ရောက်တော့ ကျုပ်ရဲ့ဆင်ပေါက်က ဖျားပါလေရော။ ညဘက် လေစိမ်းမိပြီး ဖျားတာတဲ့ဗျာ။ သုံးရက်လောက်ကြာသွားတယ်။ မနေ့နဲ့ဒီနေ့မှပဲ ပြန်သက်သာလာတာ။ အဲ့တာကြောင့်လည်း အဘတို့က ဆင်ပေါက်ကို အေးအေးဆေးဆေး ကျုပ်တို့မင်္ဂလာဦးအိမ်မှာပဲနားနေခိုင်းတာလေ။
" ကြိုင် ငါ့မိန်းမ... မင်း ပြောလည်း မောရုံပဲရှိမယ်...၊ အဲ့ကောင်က တွက်ကပ်နေတာမဟုတ်ဘူး..၊ အဲ့ကောင်က ငါ့သားငယ်အနားမကပ်ရလို့ စိတ်ကွက်နေတာ "
" ဟာ.. အဘ! ကျုပ် ဘယ်မှာစိတ်ကွက်နေလို့လဲ...၊ မနက်ကတည်းက ဒီမှာ လာကူလုပ်ပေးနေတာလေ... "
" အေး.. လူကသာ ဒီမှာလာကူလုပ်ပေးနေတာလေ..၊ စိတ်က ငါ့သားငယ်ဆီသွားချင်နေတာမလား.. ဟမ် "
ပြောရက်လိုက်တာ အဘရယ်။ ဘယ့်နှယ့် မနက်ကတည်းက " သတို့သားမှန်းသိအောင် မဏ္ဍုပ်တိုင်တက်ပြလိုက်အုံး ငါ့သား " ဆိုတဲ့စကားနဲ့ ကျုပ်ကို မဏ္ဍုပ်ဆောက်တဲ့နေရာမှာ ဝင်လည်းကူခိုင်းသေးတယ်။ ဒီ့မထက်ခင်ကလည်း " မင်းက သတို့သားကြီးပဲကွာ " ဆိုတဲ့စကားနဲ့ မြို့ပေါ်သွားပြီး ဝယ်ရ၊ခြမ်းရနဲ့။ ဦးကြီးသာငြိမ်း စီစဥ်ပေးတဲ့အိမ်ပရိဘောဂပစ္စည်းတွေကိုသွားယူတာကိုလိုက်ပေးရတာနဲ့...၊ " မင်းတို့နေမဲ့အိမ်ပဲကွာ... " ဆိုတဲ့စကားနဲ့ ပစ္စည်းနေရာချပေးဖို့ကူပေးရတာနဲ့ အိမ်ဆောက်တုန်းကလည်း လူလိုရင် ဝင်ကူလုပ်ပေးရတာနဲ့။ ကျုပ်မှာ ဒီတစ်ပတ်လုံး ဆင်ပေါက်အနားကို မကပ်ရဘူး၊ တစ်ညလေး ကောက်ရိုးပုံမှာချိန်းတွေ့မိပါတယ်... အထိမခံ ရွှေပန်းကန်ကိုယ်တော်လေးက ဖျားသွားလို့ ကျုပ်မှာ အဆူခံရသေးတယ်။
ကျုပ် ပြောချင်တဲ့စကားကတော့ " ဟုတ်တယ်၊ ကျုပ် ဆင်ပေါက်ဆီ သွားချင်နေပြီ " ။ ဒီမှာက ကျုပ်မရှိလည်း အေးဆေးပဲဟာကို...၊ ဟိုအိမ်မှာကျ ဆင်ပေါက်နဲ့အရီးလေးနန်းမှုံရယ်၊ ကျုပ်အမရယ်ပဲရှိတာလေ။ အိမ်သန့်ရှင်းရေးလုပ်ရင်း ကျုပ်ရဲ့ဆင်ပေါက်လေး ပင်ပန်းနေမှာကို ကျုပ် မကြည့်ရက်ပါဘူး။ အမေပြောသလိုပဲ ကျုပ်ရဲ့ဆင်ပေါက်လေးက နေကောင်းပျောက်တာမှ နှစ်ရက်လေးရှိသေးတယ်မဟုတ်လား။
" ဟုတ်တယ်.. အစ်မရေ၊ အဲ့ကောင်လေး ပါးစပ်ကသာ ကျွန်တော့်သားကိုကပ်တွက်တယ်လို့ထင်အောင်ပြောနေတာ...၊ အဲ့ကလေးစိတ်ထဲ ဘာတွေတွေးနေမလဲဆိုတာ ကျုပ်တို့ယောက်ျားသားချင်းပဲ သိတယ်.. ဟုတ်တယ်မလား အစ်ကိုစံသောင်း "
" ဟုတ်တယ်.. ဟုတ်တယ်..၊ ကဲ.. ကဲ ငတေ သွား.. သွား! မင်း ငါ့သားငယ်ဆီကိုသွားမှာဆို..၊ အေး အနိုင်တော့ကျင့်မလာနဲ့နော်.... စလည်း မစနဲ့!! ငါ့သားငယ်က အခုမှနေကောင်းပျောက်တာ... "
" ကျုပ် သိပါတယ်..၊ အဲ့တာဆို ကျုပ် သွားပြီနော် အဘ "
ကျုပ်လည်း အဘရဲ့ခွင့်ပြုချက်ရပြီးတာနဲ့ မဏ္ဍုပ်ပေါ်ကနေ တခါတည်းခုန်ချပြီး ခါးထောင်းကျိုက်ထားတဲ့ပုဆိုးကိုဖြေချပြီး ဆင်ပေါက်ဆီကို တန်းပြေးတာပဲ။
" ဆင်ပေါက်... "
" ငါ အိမ်ပေါ်မှာ... တေလွန်း "
ကျုပ်လည်း အိမ်အပေါ်ထပ်ကိုပြေးတက်သွားလိုက်တယ်။ ဆင်ပေါက်က ကျုပ်တို့နေမဲ့အခန်းထဲမှာ ခြင်ထောင်တွေ၊ ခေါင်းအုံးတွေကိုသေချာကျကျနနပြင်ဆင်နေသည်။
" အရီးလေးတို့ရော... "
" အစောနကပဲ အိမ်ပြန်ပြီးရေသွားချိုးမယ်ဆိုပြီး ထွက်သွားတာ...၊ မင်းနဲ့ ရှေ့ဆင့်နောက်ဆင့်ပဲ "
" အော်.. ဒါနဲ့ မင်း သက်သာတယ်မလား၊ ခေါင်းမူးတာတွေ... ဘာတွေဖြစ်သေးလား၊ ဘာစားချင်လဲ... စားချင်တာရှိရင် ငါ့ကိုပြောနော်... "
" ရပါတယ်... ငါ ဘာစားချင်တယ်လို့မရှိပါဘူး...၊ မနက်ကတော့ အမေက ကြက်သားဆန်ပြုတ်သောက်ခိုင်းလို့နည်းနည်းသောက်ထားတယ်... "
" နေ့လည်စာရော စားပြီးပြီလား "
" ဟင့်အင်း... မစားရသေးဘူး၊ ခဏနေမှပဲ စားတော့မယ်လေ... "
" ကျစ်!... ဘာကိုခဏနေမှလဲ၊ အခုစား!... ငါ သွားယူပေးမယ် "
" ရတယ် အမေတို့ပြန်လာရင် ယူလာမှာ...၊ မင်းရော ဟိုမှာ ဘာမှသွားမကူဘူးလား... ပြီးသွားပြီလား "
" မဟုတ်ဘူး.. အဘက သူတို့ဘာသာလုပ်မယ်ဆိုလို့ ငါ ဒီကို လာခဲ့တာ "
" အေး.. အဲ့တာဆိုလည်း မင်း ငါ့ကိုကူအုံး...၊ ငါ့ကို ခြင်ထောင်ထောင်ဖို့ အိမ်တိုင်တွေမှာသံမှိုရိုက်ပေးအုံး... "
" အေး.. အေး "
ကျုပ်လည်း တူနဲ့သံမှိုကိုယူပြီး ခြင်ထောင်ကြိုးချည်ဖို့ ချည်ကြိုးလေးချောင်းကိုသံမှိုနဲ့တွဲပြီး ရိုက်လိုက်တယ်။
" ရှင်မွှေးရေ!!... ဟေ့ကောင် ရှင်မွှေး!! "
အပြင်ကနေ ဆင်ပေါက်ရဲ့နာမည်ကိုခေါ်တဲ့အသံကြောင့် ကျုပ်နဲ့ဆင်ပေါက်လည်း အိမ်အပေါ်ထပ်ပြတင်းပေါက်ကနေ အပြင်ကိုလှမ်းကြည့်လိုက်တယ်။ ခြံအပြင်ကလှည်းပေါ်မှာ နိုင်ထွန်းနဲ့အတူတူပါလာတဲ့ဆင်ပေါက်ရဲ့သူငယ်ချင်းဆိုတဲ့ဟိုကောင်။
" ဟာ.. ဟေ့! ဟေ့.. မင်း ရပ်နေ! အထဲဝင်မလာနဲ့အုံး...၊ အဲ့နားမှာပဲ နေ... "
ခြံထဲကိုဝင်ဖို့ပြင်နေတဲ့ဟန်သာက တေလွန်းရဲ့အလန်တကြား တားမြစ်သံကြောင့် ကြောင်အကာ ခြံပေါက်မှာပဲမတ်တပ်ရပ်နေရသည်။ ကျွန်တော်လည်း အထိတ်တလန့်နဲ့ အပြင်ကိုပြေးထွက်သွားတဲ့တေလွန်းနောက်ကို အမြန်ပြေးလိုက်ရတယ်။
" ဟူး... မင်းတို့တွေ ခြံထဲကို မဝင်နဲ့အုံး.. "
" ဟင်.. ဘာဖြစ်လို့လဲ "
" ငတေ... ငါတို့က ဘာဖြစ်လို့ခြံထဲကိုမဝင်ရတာလဲ...၊ ဘာလဲ.. ခွေးမွေးထားလို့လား "
ဟန်သာနဲ့နိုင်ထွန်းရဲ့အမေးကို တေလွန်းက လက်ခါပြသည်။ ကျွန်တော်လည်း တေလွန်းက ဘာကြောင့်ဟန်သာနဲ့နိုင်ထွန်းကိုခြံထဲမဝင်ခိုင်းတာလဲဆိုတာ နားမလည်ပေ။
" ဒီအိမ်.. ဒီခြံထဲကို ငါတို့မင်္ဂလာဆောင်ပြီးမှ မင်းတို့ဝင်ကြ..၊ ဒါက ငါနဲ့ဆင်ပေါက်ရဲ့ ပထမဆုံးမင်္ဂလာအိမ်ကွ...၊ ဘယ်အပြင်လူမှ ဒီအိမ်ကို အရင်ခြေမချရဘူး..၊ ဒီအိမ်မှာ ငါတို့တရားဝင်နေပြီဆိုမှ မင်းတို့ လာကြ.. "
" တေလွန်း!!.... "
ကလေးဆန်ဆန်တွေးနေတဲ့တေလွန်းကို ကျွန်တော် ဟန့်လိုက်သည်။ ဒါကြီးက ဘယ်လောက်ကလေးဆန်လိုက်သလဲ။ ပစ္စည်းအသစ်တစ်ခုကို ကိုယ်ပထမဆုံး ဦးစွာအားရကျေနပ်အောင်ကြည့်ပြီးမှ သူများကိုပေးပြတဲ့ကလေးဆိုးကြီးနဲ့ ဒါက မတူလွန်းဘူးလား။
" ဘာလဲ...၊ မရဘူးနော်.. မောင် အပြတ်ပြောပြီးသား၊ ဒီအိမ်.. ဒီခြံ.. ဒီဝိုင်းထဲက ဘာကိုမဆို မောင်တို့နှစ်ယောက်ပဲ ပထဆုံးဖြစ်ရမယ်.. ကုန်ကုန်ပြောရရင် ဒီဝိုင်းထဲကမြေကြီးကိုတောင် မောင်တို့နှစ်ယောက်ကပဲ ပထမဆုံးနင်းတဲ့သူဖြစ်ရမယ်...၊ မောင့်ကို ဘာမှထပ်မပြောနဲ့.. "
အော်.. ဖြစ်ရတယ်။ ကျွန်တော် ဘာမှလည်းမပြောရသေးပါဘူး၊ ကျွန်တော့်မှာ သူ့နာမည်လေးကိုပဲ မာမာထန်ထန်လေးခေါ်မိတာပါ။ ဆရာသမားက ကျွန်တော့်ပါးစပ်ကို အကြည့်တွေနဲ့ရော၊ ကလေးဆိုးကြီးလိုနှုတ်ခမ်းကိုထော်ကာ ဒီလိုစကားလုံးတွေနဲ့တန်းပိတ်ပစ်လိုက်တော့တာပဲ။ ဒီကြားထဲ အရှက်မရှိ၊ ဟန်သာတို့ရှေ့မှာ သူ့ကိုယ်သူ မောင်လို့သုံးနှုန်းလိုက်သေး။ ကျွန်တော့်မှာ သူ့ကိုပဲဒေါသထွက်ရမလား..၊ ရှက်ပဲရှက်ရမလား.. မသဲကွဲတော့။ လုပ်နေတာကသာ ကလေးဆိုးကြီးလို...၊ အကြည့်တွေကျ လုပ်ရဲရင်လုပ်ကြည့်ဆိုပြီး ခြိမ်းခြောက်နေတာ၊ ဒင်းအကြောင်း ကျုပ်သိတာပေါ့၊ ကျွန်တော်လည်း သူ့ရဲ့ငယ်နိုင်လေ။ အဲ့တော့ ဘာဆက်ပြောရအုံးမှာလဲ။
" ဟ.. မင်း အဲ့လောက်ကြီးကျ ကလေးဆန်လွန်းတယ်ကွ...၊ မင်း အဲ့လိုတွက်ကြေးဆို ဒီအိမ်ကို ဆောက်တဲ့လက်သမားတွေကျ ဘယ်လိုလုပ်မလဲ...၊ ပြီးတော့ မင်းရဲ့အဘတို့လည်း ဝင်ထွက်ကြမှာပဲ မဟုတ်ဘူးလား "
" မတူဘူးကွ...၊ သူတို့က သူတို့အလုပ်နဲ့သူတို့လာတာ...၊ မင်းတို့ကကျ မတူဘူးလေ... "
" ကဲပါ... နိုင်ထွန်း မင်းတို့လည်း ပင်ပန်းလာကြတာမဟုတ်လား...၊ ဟန်သာ လာ.. ငါ့အိမ်သွားကြရအောင်... "
" အော် အေး..အေး၊ ဟို... သွားလိုက်ပါအုံးမယ်နော် "
ကျွန်တော်လည်း ဟန်သာ့ကိုခေါ်ကာ ကလေးဆန်ပြီး နိုင်ထွန်းရဲ့စကားကိုပြိုင်ငြင်းနေတဲ့တေလွန်းကို လျစ်လျူရှုထားခဲ့လိုက်တယ်။ အဲ့ဒီတေလွန်းဟာလေ စကားပြောလိုက်ရင် တကယ့်ရိုက်ပေါက်ပြောတာ။ တော်သေးတာပေါ့ နိုင်ထွန်းဆိုတာက သူ့သူငယ်ချင်းဖြစ်နေတော့ သူ့အကြောင်းကိုသိနေလို့၊ အခြားသူစိမ်းသာဆို စကားကိုအထအနကောက်ပြီး အဲ့နေရာမှာပဲထိုးကြိတ်ကြမှာ။ ဟန်သာကလည်း အဲ့လောက်ထိ ကျွန်တော်ပြောပြထားလို့ တေလွန်းအကြောင်း သိသင့်သလောက်သိထားပြီး သဘောထားမသေးသိမ်လို့။ မဟုတ်ရင် ကြားထဲက ကျွန်တော်ပဲ မျက်နှာပူရအုံးမှာ။ ဟူး.........။
Next episode ............
Zawgyi
Episode _ 20
" အဘ... ထမင္းထုပ္ေရာက္ၿပီ "
" ေဟ.. ေရာက္ၿပီလား၊ ငါ့ႏွယ့္! ငါ့သမီး ေယာက္်ားေနာက္လိုက္ေျပးၿပီလို႔ကို ထင္ေနတာကြယ္ "
" အဘကလည္း... ေျပာေရာ့မယ္ "
" ကဲ.. ကဲ ငါ့တူေတြ လုပ္လက္စေလးေတြ ခဏနားၾကကြာ...၊ ထမင္း အရင္စားလိုက္ၾကရေအာင္ "
ေတလြန္းတို႔ရဲ့မဂၤလာၪီးအိမ္အတြက္ အဓိကၪီးေဆာင္သူမွာ ၪီးစံေသာင္းကိုယ္တိုင္ျဖစ္သည္။ ၪီးသာၿငိမ္းကေတာ့ မဂၤလာၪီးအိမ္အတြက္လိုအပ္မဲ့ပရိေဘာဂေတြကိုၿမိဳ႔ေပၚမွာသြားဝယ္ၿပီး စီစဥ္ေပးသူျဖစ္သည္။ အေမႏွစ္ေယာက္ကေတာ့ မဂၤလာပြဲေန့တြင္ေကြၽးေမြးဖို႔အတြက္ ခ်က္ေရးျပဳတ္ေရးနဲ႔ သတိုးသားႏွစ္ေယာက္ဝတ္ဖို႔အတြက္အဝတ္အစားေရာ၊ ကိုယ္တိုင္ဝတ္ဖို႔နဲ႔လင္ေယာက္်ား၊သမီးျဖစ္သူတို႔ဝတ္ဖို႔အတြက္ အဝတ္အစားေတြကို အဓိကတာဝန္ယူထားသည္။ သတို႔သားႏွစ္ေယာက္ကေတာ့ တစ္အိမ္ဝင္တစ္အိမ္ထြက္ မဂၤလာဖိတ္စာ လိုက္ေဝေနသည္။
ေတလြန္းတို႔ေနဖို႔အတြက္ ၪီးစံေသာင္းနဲ႔ၪီးသာၿငိမ္းက ရြာလယ္ကဝိုင္းတစ္ဝိုင္းဝယ္ေပးၿပီး ႏွစ္ထပ္အိမ္ေဆာက္ေပးသည္။ လိုအပ္တဲ့ပရိေဘာဂေတြကို ၪီးသာၿငိမ္းက စရိတ္စိုက္ထုတ္ၿပီး အိမ္ေဆာက္တဲ့စရိတ္စက အၿပီးအစီးကို ၪီးစံေသာင္းက ပိုက္ဆံထုတ္ေပးသည္။ သားႏွစ္ေယာက္စလံုးက သူတို႔အတြက္ရင္ႏွစ္သည္းခ်ာေလးေတျြဖစ္တာေၾကာင့္ သားတို႔ရဲ့အိမ္ေထာင္ေရးမွာ အပူအပင္လံုးဝမရိွေစခ်င္တာက ႏွစ္ဖက္မိဘမ်ား၏ေစတနာေမတၲာအရင္းခံသာျဖစ္သည္။ အခုလည္း ႏွစ္ထပ္ပ်ဥ္ေထာင္အိမ္ကအၿပီးသတ္ဖို႔ပင္ သိပ္မလိုေတာ့။ သားတို႔မဂၤလာကိစၥကိုသတ္မွတ္ၿပီးကတည္း စေဆာက္ေနတဲ့အိမ္ျဖစ္သည္ကတစ္ေၾကာင္း၊ လက္သမားအင္အားကိုေသခ်ာကိုသံုးၿပီး တက္သိတဲ့လက္သမားဆရာေတြနဲ႔ေဆာက္တာမို႔ ႏွစ္ထပ္ပ်ဥ္ေထာက္အိမ္ေလးဟာ ေတာ္ေတာ့္ကိုခိုင္ခံ့ၿပီး ရိုးရိုးရွင္းရွင္းနဲ႔သပ္ရပ္လွသည္။
" ၪီးစံေသာင္း... က်ဳပ္တို႔ သန္ဘက္ခါဆို အကုန္ၿပီးၿပီ...၊ ပ်ဥ္ခ်ပ္ေတြကို ေရနံေခ်းအဝသုတ္ထားမယ္မလား... "
" ဒါေပါ့ကြ...၊ မဟုတ္ရင္ ေနဒဏ္၊မိုးဒဏ္ေၾကာင့္ၾကရနဲ႔... ျခစားမွာေၾကာက္ရနဲ႔ တခါတည္းသာ လုပ္ေပးသြားၾကကြာ...၊ လိုအပ္တာသာ ေျပာ "
" ဟုတ္ၿပီ... ဟုတ္ၿပီ၊ အဲ့တာဆို က်ဳပ္တို႔ သဘက္ခါ လက္စသတ္ၿပီးနဲ႔တခါတည္း ေရနံေခ်းသုတ္ေပးခဲ့မယ္....၊ ခင္ဗ်ားတို႔ ပစၥည္းေတြေရြ့ထားခ်င္ရင္ ဖိတ္ႏြဲ႔ခါေလာက္က်မွ ေရြ့ၾကေပါ့... "
" ေအး.. ေအး၊ မင္းတို႔ေတြအကုန္ ငါ့သားမဂၤလာေဆာင္ကိုလည္း လာခဲ့ၾကအံုးေနာ္... ေနာက္တစ္ပတ္ လျပည့္ေက်ာ္ဆယ္ရက္ေန့... ငါ တခါတည္း ဖိတ္ထားလိုက္မယ္... "
" လာရမွာေပါ့ဗ်ာ... စိတ္ခ်၊ ဒါနဲ႔ ဒီေန့ သတို႔သားႀကီး မလာဘူးလား "
" ၿမိဳ႔ေပၚမွာ ဒီအိမ္အတြက္ဝယ္ထားတဲ့ပရိေဘာဂေတြ သြားသယ္တယ္ေလကြာ "
ၪီးစံေသာင္းနဲ႔လက္သမားေခါင္းေဆာင္က ထမင္းစားၿပီး အၾကမ္းေရေသာက္အေမာေျဖရင္း စကားဆိုေနၾကျခင္းျဖစ္သည္။ စုစုစံကေတာ့ ထမင္းထုပ္ပို႔ၿပီးတာနဲ႔ျပန္သြားသည္။
~~~~~~~~~~~~~~~~~~~~
တန္ေဆာင္းမုန္းလျပည့္ေက်ာ္ကိုးရက္ေန့ေရာက္ေတာ့ ေတလြန္းနဲ႔ရွင္ေမႊးတို႔မိသားစုေတြအကုန္လံုး ကိုယ္စီအလုပ္ရႈပ္ေနၾကသည္။
" မဂၤလာမ႑ုပ္ကို ေသခ်ာေဆာက္ၾကေနာ္...၊ ငေတ အဲ့ဒီနားက ႏွီးကနည္းနည္းေလ်ာ့ေနသလိုပဲ.. ေသခ်ာျပန္တုပ္အံုး... "
" အင္းပါ အေမရာ... က်ဳပ္ ေသခ်ာတုပ္ထားပါတယ္ဗ်...၊ သြား.. သြား ဟိုမွာ အဘတို႔နားမွာပဲ ေအးေဆးအၾကမ္းေရသြားေသာက္စမ္းပါဗ်ာ... "
" ေအာ္.. ဟဲ့၊ မင္းအဘတို႔က ေအးေဆးအၾကမ္းေရထိုင္ေသာက္ေနတာမဟုတ္ဘူး...၊ ေစာနကမွ ေနာက္ေဖးမွာဟင္းခ်က္ေနတဲ့သူေတြကို ႀကီးၾကပ္ၿပီးျပန္လာၾကတာ....၊ မင္းသာ ကိုယ့္မဂၤလာေဆာင္မဟုတ္တဲ့အတိုင္း ေအးေဆးေနလြန္းတာ....၊ မနက္ကတည္းက ဒီမ႑ပ္ကိုျပင္ေနတာ အခုေန့လည္တပိုင္းေတာင္က်ိဳးေတာ့မယ္.. မၿပီးေသးဘူး "
" အေမကလည္းဗ်ာ... က်ဳပ္ခ်ည္း လိုက္ေျပာေနတာပဲ၊ အေမ့သမက္ဆင္ေပါက္ကိုက် ဘာမွမေျပာဘူး "
" ငါ့သားငယ္ကို ဘာေျပာရမွာလဲ... "
" သူက် ဘာမွမလုပ္ဘဲ ဟိုအိမ္မွာေအးေဆးေနေနတာေလ...၊ လာကူေပးတဲ့က်ဳပ္ကိုက် ေျပာလို႔ကိုမၿပီးေတာ့ဘူး "
" အမေလး.. ငါ့သားငယ္က ေအးေဆးေနေနတာမဟုတ္ပါဘူးေအ၊ ဟိုအိမ္မွာ မင္းတို႔ရဲ့မဂၤလာေဆာင္ၿပီးတာနဲ႔ အဆင္သင့္နားလို႔ရေအာင္ သန္႔ရွင္းေရးျပန္လုပ္ေနတာပါဟဲ့ "
" ဟမ့္! အဲ့အိမ္က အေမတို႔..အဘတို႔သန္႔ရွင္းေရးလုပ္ေပးထားတာနဲ႔တင္ အသင့္တက္ေနလို႔ရေနတဲ့ဥစၥာ...၊ ေနာက္ထပ္သန္႔ရွင္းေရးထပ္လုပ္စရာ လိုေသးလို႔လား "
" ေအာ္... ငါတို႔သန္႔ရွင္းေရးလုပ္ထားတယ္ဆိုတာ ပစၥည္းေတြကိုသူ႔ေနရာနဲ႔သူ ေနရာခ်ေပးတာပဲရိွတာေလဟယ္....၊ ၿပီးေတာ့ ငေတ မင္း.. မသိတာလည္းမဟုတ္ဘဲနဲ႔၊ ငါ့သားငယ္ ေနျပန္ေကာင္းတာမွသိပ္မၾကာေသးဘူးေနာ္.. မနက္ျဖန္ျပန္ဖ်ားရင္ ဘယ္ႏွယ့္လုပ္မလဲ.... "
က်ဳပ္လည္း အေမေျပာတာမွန္ေနတာမို႔ ဘာမွဆက္မေျပာႏိုင္ေတာ့ေပ။ ဆင္ေပါက္က မဂၤလာေဆာင္ခါနီးမွ ရာသီအကူးအေျပာင္းေၾကာင့္ အေအးမိၿပီးအဖ်ားဝင္သြားေသးသည္။
အဲ့တာရဲ့ အဓိကတရားခံက က်ဳပ္ပါပဲ။ ရြာထဲက ကာလသားေတြေျပာသလို ကိုယ့္ခ်စ္သူနဲ႔ေကာက္ရိုးပံုမွာခ်ိန္းေတြ့ရတဲ့အရသာကို က်ဳပ္သိခ်င္တယ္ေလ။ အဲ့ေတာ့ က်ဳပ္လည္း ဆင္ေပါက္ကိုေခၚၿပီး ညဘက္ခ်ိန္းေတြ့ၾကည့္သည္။ ဒါေပမဲ့ က်ဳပ္ထင္ထားသလို ရင္ခုန္ဖို႔ေတာ့မေကာင္းဘူးဗ်၊ ပံုမွန္လိုပဲ က်ဳပ္က စလိုက္.. ဆင္ေပါက္က စိတ္ဆိုးလိုက္နဲ႔ၿပီးသြားတာ။ အဲ့တာၿပီးေတာ့ က်ဳပ္လည္း ဆင္ေပါက္ကိုအိမ္ျပန္လိုက္ပို႔ေပးလိုက္တယ္။ ၪီးႀကီးသာၿငိမ္းတို႔ကို ခဏေခၚသြားမယ္လို႔ေျပာခဲ့တာမဟုတ္လား...၊ ၪီးႀကီးသာၿငိမ္းတို႔ကလည္း ညဘက္မို႔ ဆင္ေပါက္ကိုအျပင္မထည့္ခ်င္ေပမဲ့ က်ဳပ္ကအတင္းေျပာလို႔သာ ညဥ့္မနက္ေစနဲ႔ဆိုၿပီး ယံုယံုၾကည္ၾကည္ထည့္ေပးလိုက္ေလ။ ေနာက္တစ္ေန့မနက္ေရာက္ေတာ့ က်ဳပ္ရဲ့ဆင္ေပါက္က ဖ်ားပါေလေရာ။ ညဘက္ ေလစိမ္းမိၿပီး ဖ်ားတာတဲ့ဗ်ာ။ သံုးရက္ေလာက္ၾကာသြားတယ္။ မေန့နဲ႔ဒီေန့မွပဲ ျပန္သက္သာလာတာ။ အဲ့တာေၾကာင့္လည္း အဘတို႔က ဆင္ေပါက္ကို ေအးေအးေဆးေဆး က်ဳပ္တို႔မဂၤလာၪီးအိမ္မွာပဲနားေနခိုင္းတာေလ။
" ႀကိဳင္ ငါ့မိန္းမ... မင္း ေျပာလည္း ေမာရံုပဲရိွမယ္...၊ အဲ့ေကာင္က တြက္ကပ္ေနတာမဟုတ္ဘူး..၊ အဲ့ေကာင္က ငါ့သားငယ္အနားမကပ္ရလို႔ စိတ္ကြက္ေနတာ "
" ဟာ.. အဘ! က်ဳပ္ ဘယ္မွာစိတ္ကြက္ေနလို႔လဲ...၊ မနက္ကတည္းက ဒီမွာ လာကူလုပ္ေပးေနတာေလ... "
" ေအး.. လူကသာ ဒီမွာလာကူလုပ္ေပးေနတာေလ..၊ စိတ္က ငါ့သားငယ္ဆီသြားခ်င္ေနတာမလား.. ဟမ္ "
ေျပာရက္လိုက္တာ အဘရယ္။ ဘယ့္ႏွယ့္ မနက္ကတည္းက " သတို႔သားမွန္းသိေအာင္ မ႑ုပ္တိုင္တက္ျပလိုက္အံုး ငါ့သား " ဆိုတဲ့စကားနဲ႔ က်ဳပ္ကို မ႑ုပ္ေဆာက္တဲ့ေနရာမွာ ဝင္လည္းကူခိုင္းေသးတယ္။ ဒီ့မထက္ခင္ကလည္း " မင္းက သတို႔သားႀကီးပဲကြာ " ဆိုတဲ့စကားနဲ႔ ၿမိဳ႔ေပၚသြားၿပီး ဝယ္ရ၊ျခမ္းရနဲ႔။ ၪီးႀကီးသာၿငိမ္း စီစဥ္ေပးတဲ့အိမ္ပရိေဘာဂပစၥည္းေတြကိုသြားယူတာကိုလိုက္ေပးရတာနဲ႔...၊ " မင္းတို႔ေနမဲ့အိမ္ပဲကြာ... " ဆိုတဲ့စကားနဲ႔ ပစၥည္းေနရာခ်ေပးဖို႔ကူေပးရတာနဲ႔ အိမ္ေဆာက္တုန္းကလည္း လူလိုရင္ ဝင္ကူလုပ္ေပးရတာနဲ႔။ က်ဳပ္မွာ ဒီတစ္ပတ္လံုး ဆင္ေပါက္အနားကို မကပ္ရဘူး၊ တစ္ညေလး ေကာက္ရိုးပံုမွာခ်ိန္းေတြ့မိပါတယ္... အထိမခံ ေရႊပန္းကန္ကိုယ္ေတာ္ေလးက ဖ်ားသြားလို႔ က်ဳပ္မွာ အဆူခံရေသးတယ္။
က်ဳပ္ ေျပာခ်င္တဲ့စကားကေတာ့ " ဟုတ္တယ္၊ က်ဳပ္ ဆင္ေပါက္ဆီ သြားခ်င္ေနၿပီ " ။ ဒီမွာက က်ဳပ္မရိွလည္း ေအးေဆးပဲဟာကို...၊ ဟိုအိမ္မွာက် ဆင္ေပါက္နဲ႔အရီးေလးနန္းမႈံရယ္၊ က်ဳပ္အမရယ္ပဲရိွတာေလ။ အိမ္သန္႔ရွင္းေရးလုပ္ရင္း က်ဳပ္ရဲ့ဆင္ေပါက္ေလး ပင္ပန္းေနမွာကို က်ဳပ္ မၾကည့္ရက္ပါဘူး။ အေမေျပာသလိုပဲ က်ဳပ္ရဲ့ဆင္ေပါက္ေလးက ေနေကာင္းေပ်ာက္တာမွ ႏွစ္ရက္ေလးရိွေသးတယ္မဟုတ္လား။
" ဟုတ္တယ္.. အစ္မေရ၊ အဲ့ေကာင္ေလး ပါးစပ္ကသာ ကြၽန္ေတာ့္သားကိုကပ္တြက္တယ္လို႔ထင္ေအာင္ေျပာေနတာ...၊ အဲ့ကေလးစိတ္ထဲ ဘာေတြေတြးေနမလဲဆိုတာ က်ဳပ္တို႔ေယာက္်ားသားခ်င္းပဲ သိတယ္.. ဟုတ္တယ္မလား အစ္ကိုစံေသာင္း "
" ဟုတ္တယ္.. ဟုတ္တယ္..၊ ကဲ.. ကဲ ငေတ သြား.. သြား! မင္း ငါ့သားငယ္ဆီကိုသြားမွာဆို..၊ ေအး အႏိုင္ေတာ့က်င့္မလာနဲ႔ေနာ္.... စလည္း မစနဲ႔!! ငါ့သားငယ္က အခုမွေနေကာင္းေပ်ာက္တာ... "
" က်ဳပ္ သိပါတယ္..၊ အဲ့တာဆို က်ဳပ္ သြားၿပီေနာ္ အဘ "
က်ဳပ္လည္း အဘရဲ့ခြင့္ျပဳခ်က္ရၿပီးတာနဲ႔ မ႑ုပ္ေပၚကေန တခါတည္းခုန္ခ်ၿပီး ခါးေထာင္းက်ိဳက္ထားတဲ့ပုဆိုးကိုေျဖခ်ၿပီး ဆင္ေပါက္ဆီကို တန္းေျပးတာပဲ။
" ဆင္ေပါက္... "
" ငါ အိမ္ေပၚမွာ... ေတလြန္း "
က်ဳပ္လည္း အိမ္အေပၚထပ္ကိုေျပးတက္သြားလိုက္တယ္။ ဆင္ေပါက္က က်ဳပ္တို႔ေနမဲ့အခန္းထဲမွာ ျခင္ေထာင္ေတြ၊ ေခါင္းအံုးေတြကိုေသခ်ာက်က်နနျပင္ဆင္ေနသည္။
" အရီးေလးတို႔ေရာ... "
" အေစာနကပဲ အိမ္ျပန္ၿပီးေရသြားခ်ိဳးမယ္ဆိုၿပီး ထြက္သြားတာ...၊ မင္းနဲ႔ ေရ႔ွဆင့္ေနာက္ဆင့္ပဲ "
" ေအာ္.. ဒါနဲ႔ မင္း သက္သာတယ္မလား၊ ေခါင္းမူးတာေတြ... ဘာေတျြဖစ္ေသးလား၊ ဘာစားခ်င္လဲ... စားခ်င္တာရိွရင္ ငါ့ကိုေျပာေနာ္... "
" ရပါတယ္... ငါ ဘာစားခ်င္တယ္လို႔မရိွပါဘူး...၊ မနက္ကေတာ့ အေမက ၾကက္သားဆန္ျပဳတ္ေသာက္ခိုင္းလို႔နည္းနည္းေသာက္ထားတယ္... "
" ေန့လည္စာေရာ စားၿပီးၿပီလား "
" ဟင့္အင္း... မစားရေသးဘူး၊ ခဏေနမွပဲ စားေတာ့မယ္ေလ... "
" က်စ္!... ဘာကိုခဏေနမွလဲ၊ အခုစား!... ငါ သြားယူေပးမယ္ "
" ရတယ္ အေမတို႔ျပန္လာရင္ ယူလာမွာ...၊ မင္းေရာ ဟိုမွာ ဘာမွသြားမကူဘူးလား... ၿပီးသြားၿပီလား "
" မဟုတ္ဘူး.. အဘက သူတို႔ဘာသာလုပ္မယ္ဆိုလို႔ ငါ ဒီကို လာခဲ့တာ "
" ေအး.. အဲ့တာဆိုလည္း မင္း ငါ့ကိုကူအံုး...၊ ငါ့ကို ျခင္ေထာင္ေထာင္ဖို႔ အိမ္တိုင္ေတြမွာသံမိႈရိုက္ေပးအံုး... "
" ေအး.. ေအး "
က်ဳပ္လည္း တူနဲ႔သံမိႈကိုယူၿပီး ျခင္ေထာင္ႀကိဳးခ်ည္ဖို႔ ခ်ည္ႀကိဳးေလးေခ်ာင္းကိုသံမိႈနဲ႔တြဲၿပီး ရိုက္လိုက္တယ္။
" ရွင္ေမႊးေရ!!... ေဟ့ေကာင္ ရွင္ေမႊး!! "
အျပင္ကေန ဆင္ေပါက္ရဲ့နာမည္ကိုေခၚတဲ့အသံေၾကာင့္ က်ဳပ္နဲ႔ဆင္ေပါက္လည္း အိမ္အေပၚထပ္ျပတင္းေပါက္ကေန အျပင္ကိုလွမ္းၾကည့္လိုက္တယ္။ ၿခံအျပင္ကလွည္းေပၚမွာ ႏိုင္ထြန္းနဲ႔အတူတူပါလာတဲ့ဆင္ေပါက္ရဲ့သူငယ္ခ်င္းဆိုတဲ့ဟိုေကာင္။
" ဟာ.. ေဟ့! ေဟ့.. မင္း ရပ္ေန! အထဲဝင္မလာနဲ႔အံုး...၊ အဲ့နားမွာပဲ ေန... "
ၿခံထဲကိုဝင္ဖို႔ျပင္ေနတဲ့ဟန္သာက ေတလြန္းရဲ့အလန္တၾကား တားျမစ္သံေၾကာင့္ ေၾကာင္အကာ ၿခံေပါက္မွာပဲမတ္တပ္ရပ္ေနရသည္။ ကြၽန္ေတာ္လည္း အထိတ္တလန္႔နဲ႔ အျပင္ကိုေျပးထြက္သြားတဲ့ေတလြန္းေနာက္ကို အျမန္ေျပးလိုက္ရတယ္။
" ဟူး... မင္းတို႔ေတြ ၿခံထဲကို မဝင္နဲ႔အံုး.. "
" ဟင္.. ဘာျဖစ္လို႔လဲ "
" ငေတ... ငါတို႔က ဘာျဖစ္လို႔ၿခံထဲကိုမဝင္ရတာလဲ...၊ ဘာလဲ.. ေခြးေမြးထားလို႔လား "
ဟန္သာနဲ႔ႏိုင္ထြန္းရဲ့အေမးကို ေတလြန္းက လက္ခါျပသည္။ ကြၽန္ေတာ္လည္း ေတလြန္းက ဘာေၾကာင့္ဟန္သာနဲ႔ႏိုင္ထြန္းကိုၿခံထဲမဝင္ခိုင္းတာလဲဆိုတာ နားမလည္ေပ။
" ဒီအိမ္.. ဒီၿခံထဲကို ငါတို႔မဂၤလာေဆာင္ၿပီးမွ မင္းတို႔ဝင္ၾက..၊ ဒါက ငါနဲ႔ဆင္ေပါက္ရဲ့ ပထမဆံုးမဂၤလာအိမ္ကြ...၊ ဘယ္အျပင္လူမွ ဒီအိမ္ကို အရင္ေျခမခ်ရဘူး..၊ ဒီအိမ္မွာ ငါတို႔တရားဝင္ေနၿပီဆိုမွ မင္းတို႔ လာၾက.. "
" ေတလြန္း!!.... "
ကေလးဆန္ဆန္ေတြးေနတဲ့ေတလြန္းကို ကြၽန္ေတာ္ ဟန္႔လိုက္သည္။ ဒါႀကီးက ဘယ္ေလာက္ကေလးဆန္လိုက္သလဲ။ ပစၥည္းအသစ္တစ္ခုကို ကိုယ္ပထမဆံုး ၪီးစြာအားရေက်နပ္ေအာင္ၾကည့္ၿပီးမွ သူမ်ားကိုေပးျပတဲ့ကေလးဆိုးႀကီးနဲ႔ ဒါက မတူလြန္းဘူးလား။
" ဘာလဲ...၊ မရဘူးေနာ္.. ေမာင္ အျပတ္ေျပာၿပီးသား၊ ဒီအိမ္.. ဒီၿခံ.. ဒီဝိုင္းထဲက ဘာကိုမဆို ေမာင္တို႔ႏွစ္ေယာက္ပဲ ပထဆံုးျဖစ္ရမယ္.. ကုန္ကုန္ေျပာရရင္ ဒီဝိုင္းထဲကေျမၾကီးကိုေတာင္ ေမာင္တို႔ႏွစ္ေယာက္ကပဲ ပထမဆံုးနင္းတဲ့သူျဖစ္ရမယ္...၊ ေမာင့္ကို ဘာမွထပ္မေျပာနဲ႔.. "
ေအာ္.. ျဖစ္ရတယ္။ ကြၽန္ေတာ္ ဘာမွလည္းမေျပာရေသးပါဘူး၊ ကြၽန္ေတာ့္မွာ သူ႔နာမည္ေလးကိုပဲ မာမာထန္ထန္ေလးေခၚမိတာပါ။ ဆရာသမားက ကြၽန္ေတာ့္ပါးစပ္ကို အၾကည့္ေတြနဲ႔ေရာ၊ ကေလးဆိုးႀကီးလိုႏႈတ္ခမ္းကိုေထာ္ကာ ဒီလိုစကားလံုးေတြနဲ႔တန္းပိတ္ပစ္လိုက္ေတာ့တာပဲ။ ဒီၾကားထဲ အရွက္မရိွ၊ ဟန္သာတို႔ေရ႔ွမွာ သူ႔ကိုယ္သူ ေမာင္လို႔သံုးႏႈန္းလိုက္ေသး။ ကြၽန္ေတာ့္မွာ သူ႔ကိုပဲေဒါသထြက္ရမလား..၊ ရွက္ပဲရွက္ရမလား.. မသဲကြဲေတာ့။ လုပ္ေနတာကသာ ကေလးဆိုးႀကီးလို...၊ အၾကည့္ေတြက် လုပ္ရဲရင္လုပ္ၾကည့္ဆိုၿပီး ၿခိမ္းေျခာက္ေနတာ၊ ဒင္းအေၾကာင္း က်ဳပ္သိတာေပါ့၊ ကြၽန္ေတာ္လည္း သူ႔ရဲ့ငယ္ႏိုင္ေလ။ အဲ့ေတာ့ ဘာဆက္ေျပာရအံုးမွာလဲ။
" ဟ.. မင္း အဲ့ေလာက္ႀကီးက် ကေလးဆန္လြန္းတယ္ကြ...၊ မင္း အဲ့လိုတြက္ေၾကးဆို ဒီအိမ္ကို ေဆာက္တဲ့လက္သမားေတြက် ဘယ္လိုလုပ္မလဲ...၊ ၿပီးေတာ့ မင္းရဲ့အဘတို႔လည္း ဝင္ထြက္ၾကမွာပဲ မဟုတ္ဘူးလား "
" မတူဘူးကြ...၊ သူတို႔က သူတို႔အလုပ္နဲ႔သူတို႔လာတာ...၊ မင္းတို႔ကက် မတူဘူးေလ... "
" ကဲပါ... ႏိုင္ထြန္း မင္းတို႔လည္း ပင္ပန္းလာၾကတာမဟုတ္လား...၊ ဟန္သာ လာ.. ငါ့အိမ္သြားၾကရေအာင္... "
" ေအာ္ ေအး..ေအး၊ ဟို... သြားလိုက္ပါအံုးမယ္ေနာ္ "
ကြၽန္ေတာ္လည္း ဟန္သာ့ကိုေခၚကာ ကေလးဆန္ၿပီး ႏိုင္ထြန္းရဲ့စကားကိုၿပိဳင္ျငင္းေနတဲ့ေတလြန္းကို လ်စ္လ်ူရႈထားခဲ့လိုက္တယ္။ အဲ့ဒီေတလြန္းဟာေလ စကားေျပာလိုက္ရင္ တကယ့္ရိုက္ေပါက္ေျပာတာ။ ေတာ္ေသးတာေပါ့ ႏိုင္ထြန္းဆိုတာက သူ႔သူငယ္ခ်င္းျဖစ္ေနေတာ့ သူ႔အေၾကာင္းကိုသိေနလို႔၊ အျခားသူစိမ္းသာဆို စကားကိုအထအနေကာက္ၿပီး အဲ့ေနရာမွာပဲထိုးႀကိတ္ၾကမွာ။ ဟန္သာကလည္း အဲ့ေလာက္ထိ ကြၽန္ေတာ္ေျပာျပထားလို႔ ေတလြန္းအေၾကာင္း သိသင့္သေလာက္သိထားၿပီး သေဘာထားမေသးသိမ္လို႔။ မဟုတ္ရင္ ၾကားထဲက ကြၽန္ေတာ္ပဲ မ်က္ႏွာပူရအံုးမွာ။ ဟူး.........။
Next episode ............