နှစ်ယောက်သား စမ်းချောင်းထဲကတက်လာတော့ အလင်းရောင်ပင်အတော်အတန်အားနည်းနေချေပြီ။
ဟွန်းက
အနီးအနားရှိ သစ်ကိုင်းခြောက်များကိုကောက်ယူကာ
စမ်းချောင်းဘေးက ကျောက်ဂူအတွင်း ရှင်းလင်းပြီး မီးပုံဖိုထားလိုက်သည်။
မီးပုံ၏အနွေးဓာတ်ကြောင့်အဝတ်အစားများမှာ တဖြည်းဖြည်းခြောက်သွေ့၍လာသည်။
" ကိုယ်တို့ ၁၀ နှစ်သား တုန်းက စတွေ့ခဲ့တဲ့နေ့ကိုသတိရသွားတယ်
အဲဒီတုန်းကလည်း နှစ်ယောက်သားကျောက်ဂူထဲမှာပဲညအိပ်ခဲ့ရတာ။
မင်းကခြေထောက်ဒဏ်ရာကြောင့် လမ်းတောင်ကောင်းကောင်းမလျှောက် နိုင်ခဲ့ဘူးလေ။
အခုတော့ထိခိုက်မိတာမရှိလို့တော်ပါသေးရဲ့ "
မီးပုံဘေးမှာ ထိုင်ပြီး ဟွန်းပခုံးပေါ်ခေါင်းမှီထားရင်း ဟွန်းပြောပြတဲ့ လွန်ခဲ့တဲ့၁၀ နှစ်ကအကြောင်းပြန်တွေးမိတော့မနေ့တနေ့ကလိုပင်။
အဲဒီအချိန်ကတည်းက မိတ်ဆွေတစ်ယောက်အနေနဲ့သူ့ကိုကာကွယ်ပေးခဲ့တဲ့ဟွန်းက အခုလည်း သူ့ဘေးမှာ လက်တွဲဖော်တစ်ယောက်အဖြစ်နဲ့ ကာကွယ်စောင့်ရှောက်ပေးနေဆဲပင်။
" ကိုယ်အရင်လတွေကတည်းက အဲ့ညကအကြောင်းတွေသေချာလေးပြန်မှတ်မိတယ်။
အမှန်အတိုင်းဝန်ခံရရင် အဖျားရှိန်နဲ့အိပ်ပျော်နေတဲ့မင်းကိုထိုင်ကြည့်ရင်း တစ်ညလုံးကိုယ့်စိတ်တွေလွန်ဆွဲနေခဲ့သေးတယ်။
မင်းမျက်နှာမှာ ဖုံးထားတဲ့အဝတ်ကို တိတ်တိတ်လေးဖယ်ပြီးကြည့်ရင်ကောင်းမလားဆိုပြီးလေ။
ပထမဆုံးခင်မင်ဖူးတဲ့မိတ်ဆွေမို့ မျက်နှာလေးကိုလည်းတစ်ခါလောက်မြင်ချင်တယ် မင်းစိတ်ဆိုးသွားမှာလည်းကြောက်တယ်။
ခွင့်ပြုချက်မရှိဘဲ မင်းမျက်နှာပေါ်ကအဝတ်ကိုဖယ်မိမှာစိုးလို့ ကိုယ့်စိတ်ကိုထိန်းချုပ်ရင်း စိတ်ငြိမ်အောင် ဝင်လေထွက်လေ မှတ်နေမိတာ မိုးလင်းတဲ့အထိပဲဆိုပါတော့။"
ဟွန်းရဲ့ဝန်ခံချက်ကြောင့် သူ့မျက်နှာပေါ်ကအဝတ်ကိုဖယ်သင့်မဖယ်သင့်တွေဝေနေမည့် ၁၀ နှစ်သားလေး ဟွန်းကို မြင်ယောင်ကာဆောနူး အပြုံးတွေမရပ်တန့်နိုင်တော့ပေ။
" ငါလည်း မင်းပိုပြောဖို့မေ့နေတာတစ်ခုရှိတယ်ဟွန်း။
ငါ့နောက်ကျောကဒဏ်ရာကိုသွေးထွက်မလွန်အောင်ဆိုပြီး ငါ့ခန္ဓာကိုယ်မှာ သိုင်းပြီးစည်းပေးလိုက်တဲ့မင်းရဲ့အပေါ်ဝတ်ရုံလေးကို သေချာသိမ်းထုပ်စည်းနှောင်ပြီးသေတ္တာလေးတစ်ခုထဲလုံခြုံအောင်ထည့်ထားတယ်။
ပြီးတော့ ဘုရားကျောင်းထဲမှာ အဲဒီ သေတ္တာလေးကို ကောင်းကောင်းမြေမြှုပ် သဂြိုလ်ထားတယ် မင်းမရှိတော့ဘူးအထင်နဲ့ပေါ့။
အဲဒီအုတ်ဂူလေးဆီကိုလည်းအမြဲသွားပြီး မင်းကိုချစ်တဲ့အကြောင်းလွမ်းတဲ့အကြောင်းတောင်းပန်ချင်တဲ့အကြောင်းတွေ ပြောပြောပြီးငိုမိတယ်။
တစ်ခါတစ်လေ တမေ့တမောနဲ့ ညဘက်အထိအုတ်ဂူရှေ့မှာထိုင်နေမိလို့ ဂျောင်ဝန်းနီးက စိတ်ပူပြီးလိုက်လိုက်ခေါ်ရတာအမောပဲ။
ဒီကပြန်ရောက်တဲ့အခါ ငါတို့ အဲဒီအုတ်ဂူဆီ သွားပြီး မင်းအပေါ်ဝတ်ရုံလေးကိုပြန်သွားတူးကြမယ်လေ "
သူ့စကားကိုဟွန်းက ငြင်းဆန်သည်။
" ဟင့်အင်း ပြန်မဖော်နဲ့တော့ ဒီအတိုင်းပဲ ထားလိုက်ရအောင် ။
မင်းကိုမကာကွယ်နိုင်ခဲ့ဘဲ နာကျင်စေခဲ့တဲ့ အတိတ်က ဆောင်ဟွန်းကို အဲဒီနေရာမှာပဲ မြှုပ်နှံလိုက်ပြီ။
လက်ရှိမှာတော့ မင်းဘေးနားမှာ မင်းကို မထိခိုက်အောင်ကာကွယ်စောင့်ရှောက်နိုင်တဲ့ သန်မာတဲ့ ဆောင်ဟွန်းအဖြစ်နဲ့ပဲရှိချင်တယ်။"
သေချာစဥ်းစားကြည့်တော့ ဆောနူးနဲ့ဟွန်း စတွေ့ချိန်ကတည်းက အသက်အန္တရာယ်ကြားမှာ ရှင်သန်ဖို့ကြိုးစားနေကြရတာ အခုပြန်တွေ့ပြီးနောက်ပိုင်းမှာလည်းထူးမခြားနားပင် အသက်ကိုစွန့်ပြီး နိုင်ငံအတွက် ကြိုးစားရုန်ကန်နေရဆဲ။
အခက်အခဲတွေကြားမှာဆုံတွေ့ခဲ့ရပြီးချစ်ခွင့်ရခဲ့တာမို့ တစ်ယောက်နဲ့တစ်ယောက်ပိုပြီး တန်ဖိုးထားမြတ်နိုးမိသွားကြတာဖြစ်မည်။
ခရီးအဆုံးထိ တွဲလက်တွေမြဲနေဖို့ တိတ်တိတ်လေးဆုတောင်းရင်း...
.
.
"ဘုရင်က
ငါအကြံပေးတဲ့အတိုင်း ငြိမ်ငြိမ်မနေဘဲ၊ စစ်သူကြီးချုပ်နဲ့ဒယ်ဂွန်ကို အောက်လမ်းအစီအရင်နဲ့ တိုက်ခိုက်နေပြီ။"
ဒီတစ်ခါတော့နတ်ဆရာမကြီး၏စကားကို ဒေါ့ဂျင်ကောင်းစွာ နားလည်သဘောပေါက်နိုင်လာချေပြီ။
ဘုရင်က စစ်သူကြီးချုပ်ပျက်စီးရာပျက်စီးကြောင်းကြံစည်နေသော်လည်း ထိုသို့ကြံလိုက်ကာမှ စစ်သူကြီးချုပ်မှာ အန္တရာယ်ကြားကပင် ဆောနူးဒယ်ဂွန်နှင့်နှလုံးသားချင်းပို၍နီးကပ်သွားပြန်သည်မဟုတ်ပါလား။
" ငယ်ငယ်ကလည်း သူတို့သားအမိဒုက္ခပေးလို့ပြေးရင်းလွှားရင်း ကလေးနှစ်ယောက်တွေ့သွားကြတာ မဟုတ်ရင် အဲလောက်အစောကြီးတွေ့စရာအကြောင်းမရှိဘူး အသက်နည်းနည်းကြီးမှတွေ့ရမှာပေါ့ကွယ်။
နောက်ပြီးစစ်သူကြီးချုပ်က အခုဘုရင်နဲ့သူ့မယ်တော်ပေးတဲ့ အသက်အန္တရာယ်ကြောင့်
ရှီလာနယ်စပ်ကနေမှတစ်ဆင့် နေရာအစုံရောက်ပြီး အသိပညာတွေလည်းအများကြီးဆည်းပူးနိုင်ခဲ့တာ အခုဆို တိုင်းပြည်က ပြည်သူ့စစ်တပ်ကြီးကို ဦးဆောင်နိုင်ခဲ့ပြီးအများက ကြည်ညိုလေးစားနေကြပြီ။
ဒီအဖြစ်အပျက်ကိုနမူနာယူပြီး သုံးသပ်ကြည့်လိုက်ရင် တစ်ခါတစ်လေ ငါတို့ပတ်ဝန်းကျင်ကသူတွေ ငါတို့ကိုထိခိုက်နစ်နာစေအောင် တစ်ခုခုလုပ်ခဲ့ရင်တောင် အဲဒီအရာက ငါတို့အတွက် ပိုကောင်းဖို့ဖြစ်လာနိုင်တာပဲလို့တွေးရမယ်
နောက်ပြီး ငါတို့ကလည်း သူများကိုမကောင်းကြံဖို့ တွေးမိပြီဆိုတာနဲ့ ဒါကသူ့ကို အမြင့်ရောက်အောင် ပိုပြီးတွန်းအားပေးမိမယ်ဆိုတဲ့အတွေးနဲ့ဆင်ခြင်နိုင်ရမယ်။"
ဒေါ့ဂျင်တစ်ယောက် နတ်ဆရာမကြီးပြောသောဆုံးမစကားများကိုသေချာစွာရင်ထဲစွဲနေအောင် မှတ်သားထားလိုက်တော့သည်။
.
.
မနက်ခင်းနေရောင်ရချိန်တွင် ကျောက်ဂူအတွင်းမှထွက်ကာ ကိုယ်လက်သန့်စင်ပြီးနောက် ဟွန်းက စမ်းချောင်းထဲမှ ငါးအချို့ဖမ်းကာ မနက်စာအတွက်စီစဥ်ပေးနေသည်။
ဆောနူးဆေးကုသဖို့ လိုအပ်သောဆေးပင်များကား ဤလျှိုထဲတွင်ပေါများလွန်းတာကြောင့် အားရဝမ်းသာ ခူးယူလိုက်သည်။
မနက်စာစားပြီးချိန်မှာတော့ လျှိုပေါ်မှ လူတစ်ယောက်ကြိုးနှင့်ဆင်းလာသည်။
ဆင်းလာသူမှာ
လက်ထောက်စစ်သူကြီးဟုန်ရှစ်ပင်ဖြစ်သည်။
ထို့နောက် လျှိုပေါ်သို့ တက်ကြပြီး
မွန်းမတည့်မီခရီးဆက်ကြသည်။
.
.
မျှော်လင့်ထားသည့်အတိုင်းပင် တောစပ်၌တိုက်ပွဲ ဖြစ်ပွားတော့သည်။
မြို့က အနည်းငယ်ကြီးသည့်အပြင်
ဆောင်ဟွန်းတို့လာမည့်အကြောင်းကိုလည်းကြိုတင်သိနေတာမို့ မြို့စောင့်တပ်ကို အင်အားဖြည့်တင်းထားသည်ဖြစ်ရာ အတော်အတန် အကြိတ်အနယ်တိုက်ပွဲဝင်နေရသည်။
နှစ်ဦးနှစ်ဖက် အကျအဆုံးလည်းများလေသည်။
သို့သော် မထင်မှတ်ထားသောအလှည့်အပြောင်းတစ်ခုဖြစ်လာခဲ့သည်။
မြို့စောင့်တပ်က မြို့ပြင်တောစပ်၌ ဆောင်ဟွန်းတို့ပြည်သူ့စစ်တပ်နှင့်တိုက်ခိုက်နေချိန်တွင် မြို့အတွင်းရှိ ပြည်သူများက ရရာလက်နက်ဆွဲကိုင်ပြီး မြို့စောင့်တပ်ကို အနောက်မှဝင်ရောက်တိုက်ခိုက်တော့သည်။
အမျိုးသားရော အမျိုးသမီးပါမကျန် ဝင်ရောက်တိုက်ခိုက်ကြသည်ဖြစ်ရာလူအင်အားလည်းအတော်အတန်များပြားတာကြောင့် မြို့စောင့်တပ်မှာ မြို့ခံပြည်သူများနှင့် ဆောင်ဟွန်းတို့တပ်အကြားပိတ်မိကာ အတုံးအရုန်းကျဆုံးပြီး ဖရိုဖရဲခြေဦးတည့်ရာထွက်ပြေးတိမ်းရှောင်ရတော့သည်။
တန်ဖိုးရှိလွန်းသောအနိုင်ပွဲပင်။
အချို့မြို့များရှိမြို့ခံများက ဆောင်ဟွန်းတို့တပ်နှင့်မြို့စောင့်တပ်တိုက်ခိုက်နေချိန်တွင် ထိခိုက်မိမှာစိုးသောကြောင့် အိမ်များအတွင်းတွင်သာ လုံခြုံစွာပုန်းခိုနေကြသည်။
ထိုမျှလောက်အထိက မည်သို့မျှကိစ္စမရှိသော်လည်း
အချို့မြို့များဆိုလျှင် မြို့အတွင်းမှာထိခိုက်မှာစိုးတာကြောင့်ဆောင်ဟွန်းတို့တပ်ဖွဲ့ကို မလာစေချင်သည့်အရိပ်အယောင်များကိုပါပြသတတ်သည်။
ယခုမူကား မြို့ခံပြည်သူများ၏ သတ္တိကို ဆောင်ဟွန်းတို့ကိုယ်တိုင်လေးစားချီးကျူးမိသည်အထိပင်။
မြို့ခံများက ဆောင်ဟွန်းတို့ပြည်သူ့တပ်ဖွဲ့ကို မြို့အတွင်းသို့ ဝမ်းမြောက်စွာဆီးကြိုပြီးနေရာထိုင်ခင်းများကောင်းမွန်စွာပေးသည့်အပြင် စားသောက်ဖွယ်ရာများကို တည်ခင်းဧည့်ခံလေသည်။
.
.
တိုက်ပွဲပြီးသွားသော်လည်း ဆောနူးတို့ဆေးအဖွဲ့မှာ ထုံးစံအတိုင်းမနားရသေးပေ။
အစောပိုင်းအကြိတ်အနယ်တိုက်ခိုက်ခဲ့ရစဥ်အတွင်း သေဆုံးသူ ဒဏ်ရာရသူများ များပြားလွန်းတာကြောင့်
မြို့ခံပြည်သူများထဲမှ လာရောက်အားဖြည့်သော သမားတော်များပင် ခြေကုန်လက်ပမ်းကျနေသည်။
" အသက်ကိုဖြည်းဖြည်းချင်းရှူနော် ဟျောင်း အိပ်ပျော်မသွားစေနဲ့ကျွန်တော့်ကိုကြည့်သတိကပ်ထား ဟျောင်းရဲ့သားနှစ်ယောက်အတွက် စဥ်းစားပြီးသေချာပေါက်အသက်ရှင်ရမယ်လို့တွေး
ကျွန်တော် မြားတံကိုဆွဲထုတ်တော့မယ်နော် နာမှာဆိုပေမယ့်နည်းနည်းသည်းခံပေး"
ဘဲ့ဒူတောင်ကိုရောက်စက တဲတစ်လုံးတွင်အတူတူနေရာချထားပေးခံရသော မိတ်ဆွေ ၃ ဦးအနက်မှ သားနှစ်ယောက်ရှေ့ရေးအတွက် တိုက်ပွဲဝင်ဖို့လာခဲ့သည်ဟူသော
အကိုကြီးမှာ ရင်ဘတ်မှာ မြားမှန်သည့်ဒဏ်ရာကြောင့်
အသက်အန္တရာယ် စိုးရိမ်နေရတာဖြစ်သည်။
သွေးကြောများကိုသွေးစီးဆင်းမှုထိန်းညှိရင် အပ်စိုက်လိုက်ပြီး မိုးနတ်မင်းဆီ ဆုတောင်းကာ မြားတံကို ဆွဲနှုတ်လိုက်သည်။
အပ်စိုက်ကာသွေးစီးဆင်းမှုကိုထိန်းချုပ်ထားသော်လည်း ပြင်းထန်သောဒဏ်ရာတွင်စုနေသောသွေးတို့က မြားတံနဲ့အတူ ဖြာခနဲပန်းထွက်လာပြီး ဆောနူးကိုယ်ပေါ်တွင် မြင်မကောင်းအောင်နီရဲလျှက်ရှိတော့သည်။
သွေးထိန်းဆေးကိုပါ ဝင်အောင်တိုက်ပြီး ဒဏ်ရာကို အရေးပေါ်ကုသတော့သည်။
ပုံမှန်ဆိုလျှင်တော့မျှော်လင့်ချက်သိပ်မရှိပေမယ့် ဒီအကိုကြီးကတော့ စိတ်ဓာတ်ခိုင်မာရုံသာမက အသက်လည်းပြင်းလှသည်ဖြစ်ရာ ညနက်သန်းခေါင်မတိုင်မီမှာပဲ အခြေအနေ အနည်းငယ်တည်ငြိမ်သွားသည်။ သို့သော်စိတ်ချရသည့်အနေအထားတော့မဟုတ်သေးပေ။
ဆေးအာနိသင်နှင့် ခံနိုင်ရည်အားကို စောင့်ကြည့်နေရုံသာတတ်နိုင်တော့တာကြောင့် ဆောနူးလည်း အခြားသမားတော်တစ်ဦးနဲ့တာဝန်ချိန်လဲကာ ဟွန်းရှိရာအခန်းဆီသို့သာ ပြန်လာခဲ့သည်။
တစ်ကိုယ်လုံးကိုင်ရိုက်ထားသလို ထုံကျင်ကိုက်ခဲကာ ပင်ပန်းနေပြီဖြစ်တာကြောင့် ခဏလောက်အနားယူပြီးမှ လူနာဆောင်သို့ပြန်သွားမည်ဟူသောအတွေးဖြင့် အခန်းထဲသို့ဝင်လာချိန်တွင် ခန္ဓာကိုယ်အပေါ်ပိုင်းအဝတ်ဗလာဖြင့် လက်မောင်းကိုပတ်တီးစည်းရန်ကြိုးစားနေသောဟွန်းကိုတွေ့လိုက်ရသည်။
" ဟွန်း မင်း မြားထိထားတာလား"
စိုးရိမ်တကြီးအနားကပ်သွားတော့ ဟွန်းက နှစ်သိမ့်အပြုံးဖြင့် အားတင်းပြုံးပြသည်။
" မစိုးရိမ်ပါနဲ့ ဒဏ်ရာအရမ်းမများပါဘူး ဆေးထည့်ပြီးပတ်တီးစည်းထားလိုက်ရင်ကောင်းသွားမှာ "
" ပေါ့ဆမနေနဲ့ဟွန်း မြားမှာအဆိပ်ပါရင်.. "
" မြားမှာ အဆိပ်ပါရင် အခုအချိန်မင်းနဲ့စကားပြောနိုင်မှာမဟုတ်တော့ဘူးလေ ဆောန်ရဲ့"
သူ့ကိုစိတ်မပူစေချင်တာကြောင့် ကြိုးစားဖြေသိမ့်နေသည့်ဟွန်းစကားတို့ကြောင့် ဂရုဏာဒေါသဖြင့်အော်လိုက်မိသည်။
" အချို့အဆိပ်တွေက တန်းပြီးမသေတာမှန်ပေမယ့် အသားထဲကနေ အရိုးအထိပျံ့နှံ့သွားပြီး အရိုးဆွေးတဲ့အထိ လက်မောင်းပုပ်သွားတဲ့အထိ ဖြစ်နိုင်တယ်ဟွန်း
ဘယ်အရာကိုမှလျှော့မတွက်နဲ့
ဖယ်
ဆေးတွေလည်းမင်းထင်သလိုလျှောက်ထည့်မနေနဲ့ ငါ့ကိုစောစောကတည်းက လာပြပါလား။
ငါသာပြန်မလာရင် မင်းဒဏ်ရာရနေမှန်းတောင်သိလိုက်ရမှာမဟုတ်ဘူး။
မင်းကငါ့ကိုအဲလောက်တောင်အလေးမထားဘူး "
ပြိုဆင်းကျလာတဲ့မျက်ရည်စတွေကို
လက်ဖြင့်ခပ်ကြမ်းကြမ်းပွတ်ပစ်လိုက်ပြီးနောက် ဟွန်းရဲ့ဒဏ်ရာကို ပိုးသေအောင်တည်ထားသောရေနွေးနွေးဖြင့်အရင်ဆုံးဆေးကြောလိုက်သည်။
ဒဏ်ရာကအနည်းငယ်ချုပ်ဖို့လိုတာကြောင့် ဆေးလိမ်းပြီးချုပ်ကာ ပတ်တီးပါသေချာစွာစည်းနှောင်လိုက်တော့သည်။
အခြားအဆိပ်မရှိလျှင်တောင် မြားခေါင်းမှ သံဆိပ်ရှိနိုင်သည်မို့ ဆေးလည်းစပ်ကာ တိုက်ရတော့သည်။
အားလူံးပြီးသွားမှ စိတ်အေးသွားကာ အဝတ်အစားများလဲလှယ်ပြီးသည်အထိ ဟွန်းက နေရာတွင်ပင်ထိုင်ကာ မလှုပ်မယှက်နှင့် သူလုပ်သမျှကို စိုက်ကြည့်နေသည်။
အအေးပတ်မှာစိုးတာကြောင့် မြို့ခံများစီစဥ်ပေးထားသည့်အထဲမှ ညအိပ်ဝတ်ရုံတစ်ထည်ကို ဆွဲယူကာ ဟွန်းကိုဝတ်ပေးလိုက်ပြီးသည်အထိ စကားမပြောသေးသော
သူ့ကို ဟွန်းက စိတ်မရှည်တော့ပေ။
" မလှုပ်ရှားသေးနဲ့ဦး ချုပ်ရိုးပြန်ပွင့်သွားမယ်"
ဆောနူးလက်ကိုဆွဲကာရင်ခွင်ထဲထည့်ဖို့ကြိုးစားနေတော့ ဒဏ်ရာကိုထိမိမှာစိုးတာကြောင့် အလောတကြီးအော်လိုက်ရသည်။
" ဆောန် ကိုယ်တောင်းပန်ပါတယ်။
အသက်အန္တရာယ်ထိတောင်စိုးရိမ်နေရတဲ့စစ်သည်တွေကြားထဲမှာ ကိုယ်က မြားဒဏ်ရာအသေးလေးတစ်ခုအတွက်နဲ့လူနာလိုမျိုးလုပ်မနေချင်လို့လေ။
ပြီးတော့မင်းလည်းအရမ်းပင်ပန်းနေတာမို့ ကိုယ်အပူမကပ်ချင်လို့"
" မြားဒဏ်ရာကရော
ဒဏ်ရာမဟုတ်လို့လား ။
မင်းကငါ့အတွက် အရမ်းအဖိုးတန်တယ် နည်းနည်းလေးတောင်မထိခိုက်စေချင်ဘူး။
ငါသင်ထားတဲ့ဆေးပညာက ငါချစ်တဲ့သူကိုတောင်ကုသမပေးနိုင်ရင် အလကားပဲပေါ့ ။
တကယ်လို့များ အဲ့ဒီမြားခေါင်းမှာအဆိပ်ပါခဲ့ရင် မင်းနဲ့ငါ့ရဲ့အိပ်မက်တွေအကုန် ပြိုလဲသွားမှာ သိရဲ့လား ။
အခြားသူတွေရှေ့မှာ သန်မာသလိုဟန်ဆောင်လို့ရပေမယ့် ငါ့ရှေ့မှာတော့ နာကျင်ရင်နာကျင်တယ် ထိခိုက်ဒဏ်ရာရရင် ရတယ်
ပွင့်ပွင့်လင်းလင်းပြောပြသင့်တယ်
မဟုတ်ရင် ငါကမင်းအတွက် ဘာအရေးပါတော့မှာလဲ လူဆိုးကောင်ရဲ့"
စိုးရိမ်စိတ်ကြောင့် ရန်တွေ့မိပေမယ့် ဟွန်း ရင်ဘတ်ကိုထုရိုက်ချင်နေတဲ့ ဆောနူးလက်တို့ကို ထိန်းချုပ်ထားလိုက်ပြီး ဟွန်းကိုအသာအယာပွေ့ဖက်လိုက်သည်။
" ကိုယ့်ဒဏ်ရာကြောင့်မင်းအရမ်းလန့်သွားတာဖြစ်မယ်။
ကိုယ်မှားပါတယ်ဆောန်ရယ် နောက်တစ်ခါ အပ်ကလေးစူးရင်တောင် ကိုယ်မင်းဆီအပြေးလာခဲ့ပါမယ်။
မင်းဆူသမျှလည်းကိုယ်ခံပါမယ်။
မင်းက ကိုယ့်အတွက်အရေးအပါဆုံးပဲဆိုတာကိုတော့ မမေ့ပါနဲ့ "
ဆူငေါက်မိတာလည်းဆောနူးပဲဖြစ်ပြီး ဟွန်းကိုစိတ်သက်သာရာရအောင် နှစ်သိမ့်ဖို့ နဖူးပေါ်အနမ်းတစ်ပွင့်ညင်သာစွာပေးမိတာလည်းဆောနူးကိုယ်တိုင်ပင်။
ဟွန်းကတော့ သွားစွယ်တွေပေါ်လာတဲ့အထိ ပြုံးကာ
" အနာပေးလိုက်ဆေးပေးလိုက်နဲ့သမားတော်ကြီး "ဟု စနောက်လေတော့သည်။
Zawgyi
ႏွစ္ေယာက္သား စမ္းေခ်ာင္းထဲကတက္လာေတာ့ အလင္းေရာင္ပင္အေတာ္အတန္အားနည္းေနေခ်ၿပီ။
ဟြန္းက
အနီးအနားရွိ သစ္ကိုင္းေျခာက္မ်ားကိုေကာက္ယူကာ
စမ္းေခ်ာင္းေဘးက ေက်ာက္ဂူအတြင္း ရွင္းလင္းၿပီး မီးပုံဖိုထားလိုက္သည္။
မီးပုံ၏အႏြေးဓာတ္ေၾကာင့္အဝတ္အစားမ်ားမွာ တျဖည္းျဖည္းေျခာက္ေသြ႕၍လာသည္။
" ကိုယ္တို႔ ၁၀ ႏွစ္သား တုန္းက စေတြ႕ခဲ့တဲ့ေန႕ကိုသတိရသြားတယ္
အဲဒီတုန္းကလည္း ႏွစ္ေယာက္သားေက်ာက္ဂူထဲမွာပဲညအိပ္ခဲ့ရတာ။
မင္းကေျခေထာက္ဒဏ္ရာေၾကာင့္ လမ္းေတာင္ေကာင္းေကာင္းမေလွ်ာက္ နိုင္ခဲ့ဘူးေလ။
အခုေတာ့ထိခိုက္မိတာမရွိလို႔ေတာ္ပါေသးရဲ႕ "
မီးပုံေဘးမွာ ထိုင္ၿပီး ဟြန္းပခုံးေပၚေခါင္းမွီထားရင္း ဟြန္းေျပာျပတဲ့ လြန္ခဲ့တဲ့၁၀ ႏွစ္ကအေၾကာင္းျပန္ေတြးမိေတာ့မေန႕တေန႕ကလိုပင္။
အဲဒီအခ်ိန္ကတည္းက မိတ္ေဆြတစ္ေယာက္အေနနဲ႕သူ႕ကိုကာကြယ္ေပးခဲ့တဲ့ဟြန္းက အခုလည္း သူ႕ေဘးမွာ လက္တြဲေဖာ္တစ္ေယာက္အျဖစ္နဲ႕ ကာကြယ္ေစာင့္ေရွာက္ေပးေနဆဲပင္။
" ကိုယ္အရင္လေတြကတည္းက အဲ့ညကအေၾကာင္းေတြေသခ်ာေလးျပန္မွတ္မိတယ္။
အမွန္အတိုင္းဝန္ခံရရင္ အဖ်ားရွိန္နဲ႕အိပ္ေပ်ာ္ေနတဲ့မင္းကိုထိုင္ၾကည့္ရင္း တစ္ညလုံးကိုယ့္စိတ္ေတြလြန္ဆြဲေနခဲ့ေသးတယ္။
မင္းမ်က္ႏွာမွာ ဖုံးထားတဲ့အဝတ္ကို တိတ္တိတ္ေလးဖယ္ၿပီးၾကည့္ရင္ေကာင္းမလားဆိုၿပီးေလ။
ပထမဆုံးခင္မင္ဖူးတဲ့မိတ္ေဆြမို႔ မ်က္ႏွာေလးကိုလည္းတစ္ခါေလာက္ျမင္ခ်င္တယ္ မင္းစိတ္ဆိုးသြားမွာလည္းေၾကာက္တယ္။
ခြင့္ျပဳခ်က္မရွိဘဲ မင္းမ်က္ႏွာေပၚကအဝတ္ကိုဖယ္မိမွာစိုးလို႔ ကိုယ့္စိတ္ကိုထိန္းခ်ဳပ္ရင္း စိတ္ၿငိမ္ေအာင္ ဝင္ေလထြက္ေလ မွတ္ေနမိတာ မိုးလင္းတဲ့အထိပဲဆိုပါေတာ့။"
ဟြန္းရဲ႕ဝန္ခံခ်က္ေၾကာင့္ သူ႕မ်က္ႏွာေပၚကအဝတ္ကိုဖယ္သင့္မဖယ္သင့္ေတြေဝေနမည့္ ၁၀ ႏွစ္သားေလး ဟြန္းကို ျမင္ေယာင္ကာေဆာႏူး အၿပဳံးေတြမရပ္တန့္နိုင္ေတာ့ေပ။
" ငါလည္း မင္းပိုေျပာဖို႔ေမ့ေနတာတစ္ခုရွိတယ္ဟြန္း။
ငါ့ေနာက္ေက်ာကဒဏ္ရာကိုေသြးထြက္မလြန္ေအာင္ဆိုၿပီး ငါ့ခႏၶာကိုယ္မွာ သိုင္းၿပီးစည္းေပးလိုက္တဲ့မင္းရဲ႕အေပၚဝတ္႐ုံေလးကို ေသခ်ာသိမ္းထုပ္စည္းႏွောင္ၿပီးေသတၱာေလးတစ္ခုထဲလုံၿခဳံေအာင္ထည့္ထားတယ္။
ၿပီးေတာ့ ဘုရားေက်ာင္းထဲမွာ အဲဒီ ေသတၱာေလးကို ေကာင္းေကာင္းေျမျမႇုပ္ သၿဂိဳလ္ထားတယ္ မင္းမရွိေတာ့ဘူးအထင္နဲ႕ေပါ့။
အဲဒီအုတ္ဂူေလးဆီကိုလည္းအၿမဲသြားၿပီး မင္းကိုခ်စ္တဲ့အေၾကာင္းလြမ္းတဲ့အေၾကာင္းေတာင္းပန္ခ်င္တဲ့အေၾကာင္းေတြ ေျပာေျပာၿပီးငိုမိတယ္။
တစ္ခါတစ္ေလ တေမ့တေမာနဲ႕ ညဘက္အထိအုတ္ဂူေရွ႕မွာထိုင္ေနမိလို႔ ေဂ်ာင္ဝန္းနီးက စိတ္ပူၿပီးလိုက္လိုက္ေခၚရတာအေမာပဲ။
ဒီကျပန္ေရာက္တဲ့အခါ ငါတို႔ အဲဒီအုတ္ဂူဆီ သြားၿပီး မင္းအေပၚဝတ္႐ုံေလးကိုျပန္သြားတူးၾကမယ္ေလ "
သူ႕စကားကိုဟြန္းက ျငင္းဆန္သည္။
" ဟင့္အင္း ျပန္မေဖာ္နဲ႕ေတာ့ ဒီအတိုင္းပဲ ထားလိုက္ရေအာင္ ။
မင္းကိုမကာကြယ္နိုင္ခဲ့ဘဲ နာက်င္ေစခဲ့တဲ့ အတိတ္က ေဆာင္ဟြန္းကို အဲဒီေနရာမွာပဲ ျမႇုပ္ႏွံလိုက္ၿပီ။
လက္ရွိမွာေတာ့ မင္းေဘးနားမွာ မင္းကို မထိခိုက္ေအာင္ကာကြယ္ေစာင့္ေရွာက္နိုင္တဲ့ သန္မာတဲ့ ေဆာင္ဟြန္းအျဖစ္နဲ႕ပဲရွိခ်င္တယ္။"
ေသခ်ာစဥ္းစားၾကည့္ေတာ့ ေဆာႏူးနဲ႕ဟြန္း စေတြ႕ခ်ိန္ကတည္းက အသက္အႏၱရာယ္ၾကားမွာ ရွင္သန္ဖို႔ႀကိဳးစားေနၾကရတာ အခုျပန္ေတြ႕ၿပီးေနာက္ပိုင္းမွာလည္းထူးမျခားနားပင္ အသက္ကိုစြန့္ၿပီး နိုင္ငံအတြက္ ႀကိဳးစား႐ုန္ကန္ေနရဆဲ။
အခက္အခဲေတြၾကားမွာဆုံေတြ႕ခဲ့ရၿပီးခ်စ္ခြင့္ရခဲ့တာမို႔ တစ္ေယာက္နဲ႕တစ္ေယာက္ပိုၿပီး တန္ဖိုးထားျမတ္နိုးမိသြားၾကတာျဖစ္မည္။
ခရီးအဆုံးထိ တြဲလက္ေတြၿမဲေနဖို႔ တိတ္တိတ္ေလးဆုေတာင္းရင္း...
.
.
"ဘုရင္က
ငါအႀကံေပးတဲ့အတိုင္း ၿငိမ္ၿငိမ္မေနဘဲ၊ စစ္သူႀကီးခ်ဳပ္နဲ႕ဒယ္ဂြန္ကို ေအာက္လမ္းအစီအရင္နဲ႕ တိုက္ခိုက္ေနၿပီ။"
ဒီတစ္ခါေတာ့နတ္ဆရာမႀကီး၏စကားကို ေဒါ့ဂ်င္ေကာင္းစြာ နားလည္သေဘာေပါက္နိုင္လာေခ်ၿပီ။
ဘုရင္က စစ္သူႀကီးခ်ဳပ္ပ်က္စီးရာပ်က္စီးေၾကာင္းႀကံစည္ေနေသာ္လည္း ထိုသို႔ႀကံလိုက္ကာမွ စစ္သူႀကီးခ်ဳပ္မွာ အႏၱရာယ္ၾကားကပင္ ေဆာႏူးဒယ္ဂြန္ႏွင့္ႏွလုံးသားခ်င္းပို၍နီးကပ္သြားျပန္သည္မဟုတ္ပါလား။
" ငယ္ငယ္ကလည္း သူတို႔သားအမိဒုကၡေပးလို႔ေျပးရင္းလႊားရင္း ကေလးႏွစ္ေယာက္ေတြ႕သြားၾကတာ မဟုတ္ရင္ အဲေလာက္အေစာႀကီးေတြ႕စရာအေၾကာင္းမရွိဘူး အသက္နည္းနည္းႀကီးမွေတြ႕ရမွာေပါ့ကြယ္။
ေနာက္ၿပီးစစ္သူႀကီးခ်ဳပ္က အခုဘုရင္နဲ႕သူ႕မယ္ေတာ္ေပးတဲ့ အသက္အႏၱရာယ္ေၾကာင့္
ရွီလာနယ္စပ္ကေနမွတစ္ဆင့္ ေနရာအစုံေရာက္ၿပီး အသိပညာေတြလည္းအမ်ားႀကီးဆည္းပူးနိုင္ခဲ့တာ အခုဆို တိုင္းျပည္က ျပည္သူ႕စစ္တပ္ႀကီးကို ဦးေဆာင္နိုင္ခဲ့ၿပီးအမ်ားက ၾကည္ညိုေလးစားေနၾကၿပီ။
ဒီအျဖစ္အပ်က္ကိုနမူနာယူၿပီး သုံးသပ္ၾကည့္လိုက္ရင္ တစ္ခါတစ္ေလ ငါတို႔ပတ္ဝန္းက်င္ကသူေတြ ငါတို႔ကိုထိခိုက္နစ္နာေစေအာင္ တစ္ခုခုလုပ္ခဲ့ရင္ေတာင္ အဲဒီအရာက ငါတို႔အတြက္ ပိုေကာင္းဖို႔ျဖစ္လာနိုင္တာပဲလို႔ေတြးရမယ္
ေနာက္ၿပီး ငါတို႔ကလည္း သူမ်ားကိုမေကာင္းႀကံဖို႔ ေတြးမိၿပီဆိုတာနဲ႕ ဒါကသူ႕ကို အျမင့္ေရာက္ေအာင္ ပိုၿပီးတြန္းအားေပးမိမယ္ဆိုတဲ့အေတြးနဲ႕ဆင္ျခင္နိုင္ရမယ္။"
ေဒါ့ဂ်င္တစ္ေယာက္ နတ္ဆရာမႀကီးေျပာေသာဆုံးမစကားမ်ားကိုေသခ်ာစြာရင္ထဲစြဲေနေအာင္ မွတ္သားထားလိုက္ေတာ့သည္။
.
.
မနက္ခင္းေနေရာင္ရခ်ိန္တြင္ ေက်ာက္ဂူအတြင္းမွထြက္ကာ ကိုယ္လက္သန့္စင္ၿပီးေနာက္ ဟြန္းက စမ္းေခ်ာင္းထဲမွ ငါးအခ်ိဳ႕ဖမ္းကာ မနက္စာအတြက္စီစဥ္ေပးေနသည္။
ေဆာႏူးေဆးကုသဖို႔ လိုအပ္ေသာေဆးပင္မ်ားကား ဤလွ်ိုထဲတြင္ေပါမ်ားလြန္းတာေၾကာင့္ အားရဝမ္းသာ ခူးယူလိုက္သည္။
မနက္စာစားၿပီးခ်ိန္မွာေတာ့ လွ်ိုေပၚမွ လူတစ္ေယာက္ႀကိဳးႏွင့္ဆင္းလာသည္။
ဆင္းလာသူမွာ
လက္ေထာက္စစ္သူႀကီးဟုန္ရွစ္ပင္ျဖစ္သည္။
ထို႔ေနာက္ လွ်ိုေပၚသို႔ တက္ၾကၿပီး မြန္းမတည့္မီခရီးဆက္ၾကသည္။
.
.
ေမွ်ာ္လင့္ထားသည့္အတိုင္းပင္ ေတာစပ္၌တိုက္ပြဲ ျဖစ္ပြားေတာ့သည္။
ၿမိဳ႕က အနည္းငယ္ႀကီးသည့္အျပင္
ေဆာင္ဟြန္းတို႔လာမည့္အေၾကာင္းကိုလည္းႀကိဳတင္သိေနတာမို႔ ၿမိဳ႕ေစာင့္တပ္ကို အင္အားျဖည့္တင္းထားသည္ျဖစ္ရာ အေတာ္အတန္ အႀကိတ္အနယ္တိုက္ပြဲဝင္ေနရသည္။
ႏွစ္ဦးႏွစ္ဖက္ အက်အဆုံးလည္းမ်ားေလသည္။
သို႔ေသာ္ မထင္မွတ္ထားေသာအလွည့္အေျပာင္းတစ္ခုျဖစ္လာခဲ့သည္။
ၿမိဳ႕ေစာင့္တပ္က ၿမိဳ႕ျပင္ေတာစပ္၌ ေဆာင္ဟြန္းတို႔ျပည္သူ႕စစ္တပ္ႏွင့္တိုက္ခိုက္ေနခ်ိန္တြင္ ၿမိဳ႕အတြင္းရွိ ျပည္သူမ်ားက ရရာလက္နက္ဆြဲကိုင္ၿပီး ၿမိဳ႕ေစာင့္တပ္ကို အေနာက္မွဝင္ေရာက္တိုက္ခိုက္ေတာ့သည္။
အမ်ိဳးသားေရာ အမ်ိဳးသမီးပါမက်န္ ဝင္ေရာက္တိုက္ခိုက္ၾကသည္ျဖစ္ရာလူအင္အားလည္းအေတာ္အတန္မ်ားျပားတာေၾကာင့္ ၿမိဳ႕ေစာင့္တပ္မွာ ၿမိဳ႕ခံျပည္သူမ်ားႏွင့္ ေဆာင္ဟြန္းတို႔တပ္အၾကားပိတ္မိကာ အတုံးအ႐ုန္းက်ဆဳံးၿပီး ဖရိုဖရဲေျခဦးတည့္ရာထြက္ေျပးတိမ္းေရွာင္ရေတာ့သည္။
တန္ဖိုးရွိလြန္းေသာအနိုင္ပြဲပင္။
အခ်ိဳ႕ၿမိဳ႕မ်ားရွိၿမိဳ႕ခံမ်ားက ေဆာင္ဟြန္းတို႔တပ္ႏွင့္ၿမိဳ႕ေစာင့္တပ္တိုက္ခိုက္ေနခ်ိန္တြင္ ထိခိုက္မိမွာစိုးေသာေၾကာင့္ အိမ္မ်ားအတြင္းတြင္သာ လုံၿခဳံစြာပုန္းခိုေနၾကသည္။
ထိုမွ်ေလာက္အထိက မည္သို႔မွ်ကိစၥမရွိေသာ္လည္း
အခ်ိဳ႕ၿမိဳ႕မ်ားဆိုလွ်င္ ၿမိဳ႕အတြင္းမွာထိခိုက္မွာစိုးတာေၾကာင့္ေဆာင္ဟြန္းတို႔တပ္ဖြဲ႕ကို မလာေစခ်င္သည့္အရိပ္အေယာင္မ်ားကိုပါျပသတတ္သည္။
ယခုမူကား ၿမိဳ႕ခံျပည္သူမ်ား၏ သတၱိကို ေဆာင္ဟြန္းတို႔ကိုယ္တိုင္ေလးစားခ်ီးက်ဴးမိသည္အထိပင္။
ၿမိဳ႕ခံမ်ားက ေဆာင္ဟြန္းတို႔ျပည္သူ႕တပ္ဖို႔ကို ၿမိဳ႕အတြင္းသို႔ ဝမ္းေျမာက္စြာဆီးႀကိဳၿပီးေနရာထိုင္ခင္းမ်ားေကာင္းမြန္စြာေပးသည့္အျပင္ စားေသာက္ဖြယ္ရာမ်ားကို တည္ခင္းဧည့္ခံေလသည္။
.
.
တိုက္ပြဲၿပီးသြားေသာ္လည္း ေဆာႏူးတို႔ေဆးအဖြဲ႕မွာ ထုံးစံအတိုင္းမနားရေသးေပ။
အေစာပိုင္းအႀကိတ္အနယ္တိုက္ခိုက္ခဲ့ရစဥ္အတြင္း ေသဆုံးသူ ဒဏ္ရာရသူမ်ား မ်ားျပားလြန္းတာေၾကာင့္
ၿမိဳ႕ခံျပည္သူမ်ားထဲမွ လာေရာက္အားျဖည့္ေသာ သမားေတာ္မ်ားပင္ ေျခကုန္လက္ပမ္းက်ေနသည္။
" အသက္ကိုျဖည္းျဖည္းခ်င္းရႉေနာ္ ေဟ်ာင္း အိပ္ေပ်ာ္မသြားေစနဲ႕ကြၽန္ေတာ့္ကိုၾကည့္သတိကပ္ထား ေဟ်ာင္းရဲ႕သားႏွစ္ေယာက္အတြက္ စဥ္းစားၿပီးေသခ်ာေပါက္အသက္ရွင္ရမယ္လို႔ေတြး
ကြၽန္ေတယ္ ျမားတံကိုဆြဲထုတ္ေတာ့မယ္ေနာ္ နာမွာဆိုေပမယ့္နည္းနည္းသည္းခံေပး"
ဘဲ့ဒူေတာင္ကိုေရာက္စက တဲတစ္လုံးတြင္အတူတူေနရာခ်ထားေပးခံရေသာ မိတ္ေဆြ ၃ ဦးအနက္မွ သားႏွစ္ေယာက္ေရွ႕ေရးအတြက္ တိုက္ပြဲဝင္ဖို႔လာခဲ့သည္ဟူေသာ
အကိုႀကီးမွာ ရင္ဘတ္မွာ ျမားမွန္သည့္ဒဏ္ရာေၾကာင့္
အသက္အႏၱရာယ္ စိုးရိမ္ေနရတာျဖစ္သည္။
ေသြးေၾကာမ်ားကိုေသြးစီးဆင္းမႈထိန္းညွိရင္ အပ္စိုက္လိုက္ၿပီး မိုးနတ္မင္းဆီ ဆုေတာင္းကာ ျမားတံကို ဆြဲႏႈတ္လိုက္သည္။
အပ္စိုက္ကာေသးစီးဆင္းမႈကိုထိန္းခ်ဳပ္ထားေသာ္လည္း ျပင္းထန္ေသာဒဏ္ရာတြင္စုေနေသာေသြးတို႔က ျမားတံနဲ႕အတူ ျဖာခနဲပန္းထြက္လာၿပီး ေဆာႏူးကိုယ္ေပၚတြင္ ျမင္မေကာင္းေအာင္နီရဲလွ်က္ရွိေတာ့သည္။
ေသြးထိန္းေဆးကိုပါဝင္ေအာင္တိုက္ၿပီး ဒဏ္ရာကို အေရးေပၚကုသေတာ့သည္။
ပုံမွန္ဆိုလွ်င္ေတာ့ေမွ်ာ္လင့္ခ်က္သိပ္မရွိေပမယ့္ ဒီအကိုႀကီးကေတာ့ စိတ္ဓာတ္ခိုင္မာ႐ုံသာမက အသက္လည္းျပင္းလွသည္ျဖစ္ရာ ညနက္သန္းေခါင္မတိုင္မီမွာပဲ အေျခအေန အနည္းငယ္တည္ၿငိမ္သြားသည္။ သို႔ေသာ္စိတ္ခ်ရသည့္အေနအထားေတာ့မဟုတ္ေသးေပ။
ေဆးအာနိသင္ႏွင့္ ခံနိုင္ရည္အားကို ေစာင့္ၾကည့္ေန႐ုံသာတတ္နိုင္ေတာ့တာေၾကာင့္ ေဆာႏူးလည္း အျခားသမားေတာ္တစ္ဦးနဲ႕တာဝန္ခ်ိန္လဲကာ ဟြန္းရွိရာအခန္းဆီသို႔သာ ျပန္လာခဲ့သည္။
တစ္ကိုယ္လုံးကိုင္ရိုက္ထားသလို ထုံက်င္ကိုက္ခဲကာ ပင္ပန္းေနၿပီျဖစ္တာေၾကာင့္ ခဏေလာက္အနားယူၿပီးမွ လူနာေဆာင္သို႔ျပန္သြားမည္ဟူေသာအေတြးျဖင့္ အခန္းထဲသို႔ဝင္လာခ်ိန္တြင္ ခႏၶာကိုယ္အေပၚပိုင္းအဝတ္ဗလာျဖင့္ လက္ေမာင္းကိုပတ္တီးစည္းရန္ႀကိဳးစားေနေသာဟြန္းကိုေတြ႕လိုက္ရသည္။
" ဟြန္း မင္း ျမားထိထားတာလား"
စိုးရိမ္တႀကီးအနားကပ္သြားေတာ့ ဟြန္းက ႏွစ္သိမ့္အၿပဳံးျဖင့္ အားတင္းၿပဳံးျပသည္။
" မစိုးရိမ္ပါနဲ႕ ဒဏ္ရာအရမ္းမမ်ားပါဘူး ေဆးထည့္ၿပီးပတ္တီးစည္းထားလိုက္ရင္ေကာင္းသြားမွာ "
" ေပါ့ဆမေနနဲ႕ဟြန္း ျမားမွာအဆိပ္ပါရင္.. "
" ျမားမွာ အဆိပ္ပါရင္ အခုအခ်ိန္မင္းနဲ႕စကားေျပာနိုင္မွာမဟုတ္ေတာ့ဘူးေလ ေဆာန္ရဲ႕"
သူ႕ကိုစိတ္မပူေစခ်င္တာေၾကာင့္ ႀကိဳးစားေျဖသိမ့္ေနသည့္ဟြန္းစကားတို႔ေၾကာင့္ ဂ႐ုဏာေဒါသျဖင့္ေအာ္လိုက္မိသည္။
" အခ်ိဳ႕အဆိပ္ေတြက တန္းၿပီးမေသတာမွန္ေပမယ့္ အသားထဲကေန အရိုးအထိပ်ံ့ႏွံ႕သြားၿပီး အရိုးေဆြးတဲ့အထိ လက္ေမာင္းပုပ္သြားတဲ့အထိ ျဖစ္နိုင္တယ္ဟြန္း
ဘယ္အရာကိုမွေလွ်ာ့မတြက္နဲ႕ ဖယ္ ေဆးေတြလည္းမင္းထင္သလိုေလွ်ာက္ထည့္မေနနဲ႕ ငါ့ကိုေစာေစာကတည္းက လာျပပါလား။
ငါသာျပန္မလာရင္ မင္းဒဏ္ရာရေနမွန္းေတာင္သိလိုက္ရမွာမဟုတ္ဘူး။
မင္းကငါ့ကိုအဲေလာက္ေတာင္အေလးမထားဘူး "
ၿပိဳဆင္းက်လာတဲ့မ်က္ရည္စေတြကို လက္ျဖင့္ခပ္ၾကမ္းၾကမ္းပြတ္ပစ္လိုက္ၿပီးေနာက္ ဟြန္းရဲ႕ဒဏ္ရာကို ပိုးေသေအာင္တည္ထားေသာေရႏြေးႏြေးျဖင့္အရင္ဆုံးေဆးေၾကာလိုက္သည္။
ဒဏ္ရာကအနည္းငယ္ခ်ဳပ္ဖို႔လိုတာေၾကာင့္ ေဆးလိမ္းၿပီးခ်ဳပ္ကာ ပတ္တီးပါစည္းေသခ်ာစြာစည္းႏွောင္လိုက္ေတာ့သည္။
အျခားအဆိပ္မရွိလွ်င္ေတာင္ ျမားေခါင္းမွ သံဆိပ္ရွိနိုင္သည္မို႔ ေဆးလည္းစပ္ကာ တိုက္ရေတာ့သည္။
အားလူံးၿပီးသြားမွ စိတ္ေအးသြားကာ အဝတ္အစားမ်ားလဲလွယ္ၿပီးသည္အထိ ဟြန္းက ေနရာတြင္ပင္ထိုင္ကာ မလႈပ္မယွက္ႏွင့္ သူလုပ္သမွ်ကို စိုက္ၾကည့္ေနသည္။
အေအးပတ္မွာစိုးတာေၾကာင့္ ၿမိဳ႕ခံမ်ားစီစဥ္ေပးထားသည့္အထဲမွ ညအိပ္ဝတ္႐ုံတစ္ထည္ကို ဆြဲယူကာ ဟြန္းကိုဝတ္ေပးလိုက္ၿပီးသည္အထိ စကားမေျပာေသးေသာ
သူ႕ကို ဟြန္းက စိတ္မရွည္ေတာ့ေပ။
" မလႈပ္ရွားေသးနဲ႕ဦး ခ်ဳပ္ရိုးျပန္ပြင့္သြားမယ္"
ေဆာႏူးလက္ကိုဆြဲကာရင္ခြင္ထဲထည့္ဖို႔ႀကိဳးစားေနေတာ့ ဒဏ္ရာကိုထိမိမွာစိုးတာေၾကာင့္ အေလာတႀကီးေအာ္လိုက္ရသည္။
" ေဆာန္ ကိုယ္ေတာင္းပန္ပါတယ္။
အသက္အႏၱရာယ္ထိေတာင္စိုးရိမ္ေနရတဲ့စစ္သည္ေတြၾကားထဲမွာ ကိုယ္က ျမားဒဏ္ရာအေသးေလးတစ္ခုအတြက္နဲ႕လူနာလိုမ်ိဳးလုပ္မေနခ်င္လို႔ေလ။
ၿပီးေတာ့မင္းလည္းအရမ္းပင္ပန္းေနတာမို႔ ကိုယ္အပူမကပ္ခ်င္လို႔"
" ျမားဒဏ္ရာကေရာ ဒဏ္ရာမဟုတ္လို႔လား ။
မင္းကငါ့အတြက္ အရမ္းအဖိုးတန္တယ္ နည္းနည္းေလးေတာင္မထိခိုက္ေစခ်င္ဘူး။
ငါသင္ထားတဲ့ေဆးပညာက ငါခ်စ္တဲ့သူကိုေတာင္ကုသမေပးနိုင္ရင္ အလကားပဲေပါ့ ။
တကယ္လို႔မ်ား အဲ့ဒီျမားေခါင္းမွာအဆိပ္ပါခဲ့ရင္ မင္းနဲ႕ငါ့ရဲ႕အိပ္မက္ေတြအကုန္ ၿပိဳလဲသြားမွာ သိရဲ႕လား ။
အျခားသူေတြေရွ႕မွာ သန္မာသလိုဟန္ေဆာင္လို႔ရေပမယ့္ ငါ့ေရွ႕မွာေတာ့ နာက်င္ရင္နာက်င္တယ္ ထိခိုက္ဒဏ္ရာရရင္ ရတယ္ ပြင့္ပြင့္လင္းလင္းေျပာျပသင့္တယ္ မဟုတ္ရင္ ငါကမင္းအတြက္ ဘာအေရးပါေတာ့မွာလဲ လူဆိုးေကာင္ရဲ႕"
စိုးရိမ္စိတ္ေၾကာင့္ ရန္ေတြ႕မိေပမယ့္ ဟြန္း ရင္ဘတ္ကိုထုရိုက္ခ်င္ေနတဲ့ ေဆာႏူးလက္တို႔ကို ထိန္းခ်ဳပ္ထားလိုက္ၿပီး ဟြန္းကိုအသာအယာေပြ႕ဖက္လိုက္သည္။
" ကိုယ့္ဒဏ္ရာေၾကာင့္မင္းအရမ္းလန့္သြားတာျဖစ္မယ္။
ကိုယ္မွားပါတယ္ေဆာန္ရယ္ ေနာက္တစ္ခါ အပ္ကေလးစူးရင္ေတာင္ ကိုယ္မင္းဆီအေျပးလာခဲ့ပါမယ္။
မင္းဆူသမွ်လည္းကိုယ္ခံပါမယ္။
မင္းက ကိုယ့္အတြက္အေရးအပါဆုံးပဲဆိုတာကိုေတာ့ မေမ့ပါနဲ႕ "
ဆူေငါက္မိတာလည္းေဆာႏူးပဲျဖစ္ၿပီး ဟြန္းကိုစိတ္သက္သာရာရေအာင္ ႏွစ္သိမ့္ဖို႔ နဖူးေပၚအနမ္းတစ္ပြင့္ညင္သာစြာေပးမိတာလည္းေဆာႏူးကိုယ္တိုင္ပင္။
ဟြန္းကေတာ့ သြားစြယ္ေတြေပၚလာတဲ့အထိ ၿပဳံးကာ
" အနာေပးလိုက္ေဆးေပးလိုက္နဲ႕သမားေတာ္ႀကီး "ဟု စေနာက္ေလေတာ့သည္။