CHANDLER { Ongoing }

By Xylo_19

190K 7.3K 341

Chandler Hayden ♡ Yein Yai Mhaine Warning//Fantasy// More

Intro
Part 1 U
Part 1 Z
Part 2 U
Part 2 Z
Part 3 U
Part 3 Z
Part 4 U
Part 4 Z
Part 5 U
Part 5 Z
part 6 U
Part 6 Z
Chibi Art
Part 7 U
Part 7 Z
Part 8 U
Part 8 Z
Part 9 U
Part 9 Z
Part 10 U
part10 Z
Part 11 U
Part 11 Z
Part 12 U
Part 12 Z
Part 13 U
Part 13 Z
Do or Die
Part 14 U
Part 14 Z
Part 15 U
Part 15 Z
Part 16 Z
Part 17 U
Part 17 Z
Part 18 U
Part 18 Z
Part 19 U
Part 19 Z
Part 20 U
Part 20 Z
Part 21 U
Part 21 Z
Part 22 U
Chandler 's POV!
Part 22 Z
Part 23 U
Part 23 Z
Attention !
Part 24 U
Part 24 Z

Part 16 U

3.8K 205 11
By Xylo_19

ချန်ဒလာအိမ်ပြန်ရောက်သည့်တိုင်တစ်အိမ်လုံးဟာတိတ်ဆိတ်ငြိမ်သတ်လျှက်။ပုံမှန်ဆိုမိပုမဟုတ်တောင်အဘစံက အလောတကြီးပြေးလာတတ်သည်။ခုသူ့ကိုတစ်ယောက်မှအရေးမစိုက်ကြတာလား။စိတ်ရှုပ်စွာဖြင့် အင်္ကျီမှကြယ်သီးနှစ်လုံးလောက်ကိုဖြုတ်ချလိုက်သည်။အင်္ကျီအောက်မှပလက်တီနမ်ဆွဲကြိုးလေးနှင့် လည်ပင်းပေါ်မှတတ်တူးတို့ဟာလိုက်ဖက်ညီနေလေသည်။ခပ်ထူထူမျက်ခုံးမွှေးတို့ဟာလည်း ထိလုမတတ်။

"" ကားယူသွား မင်းပြန်တော့ ! ""

"" ဟုတ်ကဲ့ သခင်လေး ""

မတ်စ်ကချန်ဒလာ့ကို ခေါင်းတစ်ချက်ငြိမ့်ပြကာ ထွက်သွားလေသည်။သူတို့တွေဘယ်သူမှ အိမ်ထဲထိမရောက်ဖူးကြ။ခြံပြင်အထိသာရောက်ဖူးကြသည်။သူတို့အပြင်ကနေလှမ်းကြည့်သလောက်အိမ်ကြီးဟာ ရှေးခေတ်ပုံစံမျိုးပင်။လမ်းတစ်လျှောက်ပန်းချီကားချပ်တွေဟာများလှသည်။သခင်လေးက ပန်းချီတွေဘာတွေစိတ်ဝင်စားသူမဟုတ်။ ဒါဆိုသခင်လေးရဲ့ အိမ်သားတစ်ယောက်ယောက်ဟုသာသူကောက်ချက်ချလိုက်သည်။

' လက်ရာတွေက တကယ်အသက်ဝင်လွန်းတယ်ကွာ
တစ်ခုလောက်ဖြုတ်ပြီးရောင်းစားချင်တယ် '

ဧည့်ခန်းအတွင်း‌၌လည်းဘယ်သူမှမရှိ။မီးဖိုချောင်၌ကောပင်။ ဧည့်ခန်းအတွင်းရှိဆိုဖာပေါ်မှာ Coat အင်္ကျီကိုပစ်ချခဲ့ကာ အိမ်ပေါ်ထပ်သို့သာတတ်လာခဲ့သည်။လှေကားတွေကိုတစ်ထစ်ချင်းကျော်ဖြတ်ရင်း အိမ်ပေါ်ထပ်ရောက်ခါနီးလေ ရယ်သံတို့ဟာခပ်လွင့်လွင့်နဲ့ပိုပြီးကြားလာလေဖြစ်သည်။သူမရှိတာတော်တော်ပျော်နေကြတယ်ထင်တယ်။ငါကလဲ ဒီလိုအပျော်လေး‌တွေ ဖျက်လို့ဖျက်စီးလုပ်ရတာပါတယ်လေ။အဟက် ကွက်တိပေါ့။

အိမ်ပေါ်ထပ်ရောက်သည်အထိသူ့ကိုမမြင်ကြ။သူကလည်းတိုင်တစ်ခုကိုမှီကာ စိမ်ပြေနပြေကြည့်နေလိုက်သေးသည်။ ' အဟက် ချန်ဒလာ့ကို သွေးတိုးစမ်းချင်နေကြတာ '

"" ဒါဘာလုပ်နေကြတာလဲ !! ""

အဘစံကကုလားထိုင်ပေါ်ထိုင်ကာ အောက်မှာဝိုင်းဖွဲ့ထိုင်နေကြသူတွေကိုကြည့်ကာ ခပ်ပြုံးပြုံး။ မိပု၊ယိမ်းယိုင်မှိုင်း၊ နောက်ပြီးသူရှေ့ရှိလူတစ်ယောက်။
ချန်ဒလာရဲ့ ခပ်ဩဩအသံတို့ကြားသည်နှင့်အလန့်တကြား အကုန်လုံးပြိုင်တူထရပ်လိုက်ကြသည်။ခုမှသာအစောတုန်းကယိမ်းယိုင်မှိုင်း၏ကိုယ်နှင့်ကွယ်နေတဲ့လူကို မြင်လိုက်ရသည်။
' ကိုစိုးသူလွင် '

အဘစံကလည်း အမြန်ထကာချန်ဒလာအနားတိုးကပ်လာသည်။မိပုဆိုရင်ဖြင့် လက်နှစ်ဖက်လုံးကိုပွတ်သပ်နေလိုက်တာများမီးပွင့်တော့မတတ်။ သခင်လေးက သူ့အိမ်ကိုသူစိမ်းလာတာမကြိုက်ဘူးလေ။ခုများတော့ဖြင့် ကိုစိုးသူလွင်လည်းဖြစ်နေတော့ အိမ်ပေါ်တောင်ခေါ်တင်ကာ chess တောင်ဝင်ထိုးနေလိုက်ကြသေးသည်။ သူ့(မိပု)ဘက်ကကြည့်ရုံလေးပါ တကယ်ပါ။

"" ဒါဘာလုပ်နေကြတာလည်းငါမေးနေတယ်လေ !! ""

ထပ်မံဟိန်းထွက်လာသည့်အသံနက်နက်ကြီး‌ကြောင့်အကုန်လုံးရဲ့ခန္ဓာကိုယ်ဟာ တုန်တတ်သွားကာအဘစံ၏ခြေလှမ်းတို့ဟာလည်းရပ်တန့်သွားသည်။သူတို့သခင်လေးစိတ်တိုနေပြီပင်။ခုမှသူတို့ဟာလည်း အပြစ်သားပမာခေါင်းပင်မမော့ရဲကြတော့။

"" မင်းမမြင်ဘူးလား Chess ထိုးနေတာ ""

ဒေါသကြီးသည့်ချန်ဒလာရဲ့တစ်ဖြေးဖြေးပြောင်းလဲလာတဲ့မျက်နှာနှင့်ယိမ်းယိုင်မှိုင်း၏အထိမခံဇတ်ဇတ်ကျဲတို့ဟာထိပ်တိုက်တွေ့နေပြီဖြစ်သည်။သူ(စိုးသူလွင်)ကိုယ်တိုင်ကကိုမှားတာ ယိမ်းယိုင်မှိုင်းဖုန်းခေါ်ကတည်းကလာကိုမလာသင့်လိုက်တာ။

"" စိတ်လျော့ ချန်ဒလာ .. ""

"" ခင်ဗျား ဝင်မပါနဲ့ !! ""

"" ချန်ဒလာ မင်းလူကြီးတစ်ယောက်ကိုပြန်အော်စရာမလိုဘူး !! ""

အဟက် !

"" ဒါဆိုဘာလဲ ည ၁၁ ခွဲအချိန်ကြီး တခြားကောင်နဲ့
ပျော်ပျော်ပါးပါးပလူးနေကြတာကို ကျုပ်ကလက်ခုပ်တီးပြီးဆက်လုပ်ကြဖို့ အားပေးနေရမှာလား ခင်ဗျားပြောစမ်း !! ""

ချန်ဒလာ၏ခနဲ့တဲ့တဲ့စကားတို့ကယိမ်းယိုင်မှိုင်း၏ဒေါသတို့ကိုလောင်စာထည့်ပေးလိုက်သည့်နှယ်။မျက်နှာနုနုထက်၌‌ ဒေါသစိတ်တို့ဟာမီးစပမာ။တင်းတင်းကျပ်ကျပ်ဆုတ်ကိုင်ထားသည့်လက်တို့ဟာလည်း ကိုယ့်လက်သည်းနဲ့ကိုယ်စိတ်မိလွန်းလို့လည်သည်းရာ‌‌တွေပင်ထင်ဟပ်နေသည်။သူအမုန်းဆုံးသိက္ခာတရားစော်ကားနေပြီ။

"" မင်းပြောပလူးတယ်ဆိုတာ ဘာကိုပြောတာလဲ။ ငါမဟုတ်တာလုပ်နေလို့လား အဘစံကော မိပုကောရှိနေတာကို ငါကဘာမဟုတ်တာလုပ်တာလဲ မင်းပြောစမ်း !! ""

"" ကျုပ်ဒေါသကိုထပ်မစွနဲ့‌ယိမ်းယိုင်မှိုင်း!! ""

"" မင်းအရင်စွတာလား၊ငါအရင်စွတာလားမင်းပြော ""

"" ခင်ဗျားတို့စောက်ကြောင်း ခင်ဗျားတို့သိမှာပေါ့၊
ကနေဒါမှာ အတူတူနေခဲ့တာတောင်ရိုးကောရိုးရဲ့လား !! ""

"" မင်းလွန်မလာနဲ့ ""

"" ကျုပ်ဘယ်မှာလွန်လို့လဲ ခုတောင်ကျုပ်အိမ်ပေါ်ရောက်လာတာနောက်ဆိုကျုပ်ခေါင်းပေါ်ရောက်လာမလားပဲ ! ""

"" ငါပြန်တော့မယ် .. ""

ကြားထဲမှကိုစိုးသူလွင်ကဖြတ်ကာပြောလိုက်သည်။

စိုးသူလွင်ကိုယ်တိုင်လည်းဒီမှာမနေချင်တော့။သူ့ကြောင့်သူများအိမ်ထောင်ရေးကိုသူမပျက်စေလို။ယိမ်းယိုင်မှိုင်းကပျင်းနေတယ်ဆိုလို့သာသူရောက်လာခဲ့တာ။ဒီမှာသူနည်းနည်းလေးရှိလိုက်တာနဲ့ နှစ်ယောက်လုံးဟာထပြီးပေါက်ကွဲတော့မယ်မီးတောင်တွေအလား။အချိန်မတော်ကြီးသူကရောက်နေတာဆိုတော့လည်း ချန်ဒလာ့ဘက်ကလည်းအလွန်မရှိပါဘူး။ဒီကောင်လေးငယ်ငယ်လေးကအဲ့တိုင်းကို သူ့မှာဘယ်လိုလုပ်အပြစ်မြင်ရက်မှာလည်း။သို့သော်ချန်ဒလာ့ဘက်ကတော့ သူစိမ်းတစ်ဦးလိုသာတစ်ပြန်ဆက်ဆံနေတာဟာ သူ့အတွက်တော့နည်းနည်းတော့အောင့်သက်သက်ခံစားရသည်။

စိုးသူလွင် သူ့ရဲ့အပေါ် Coat ကိုထိုင်ခုံပေါ်မှ လှမ်းယူလိုက်ကာဝတ်ဆင်လိုက်သည်။ထို့နောက်ထွက်သွားရန် ချန်ဒလာ့‌နားအရောက် ချန်ဒလာ၏ပုခုံးကိုတစ်ချက်ဖျစ်ညစ်လိုက်သည်။ ချန်ဒလာကလည်းသူ့ကိုတစ်ချက်စိုက်ကြည့်လာကာ ဘာမှပြန်မပြော။ သူ့နောက်ကနေ မိပုနဲ့အဘစံကလည်းတိတ်တစိတ်လိုက်ပါလာကြသည်။

"" ငါ့ကိုအရှက်ခွဲရလို့‌မင်းပျော်လား ""

"" ပျော်တာမှ သိပ်,သိပ်ပျော် ! ""

"" ကိုစိုးသူလွင်နဲ့ငါ့ကိုသမုတ်တာငါအံ့ဩလို့တောင်မဆုံးဘူး ချန်ဒလာ ! ""

"" သမုတ်မခံချင် အနေအထိုင်ဆင်ခြင်လေ ။ ""

"" ငါ့အနေအထိုင်ကဘာဖြစ်နေလဲ ! ""

"" ကိုယ့်စောက်ကြောင်းကိုယ်သိလေ။ နောက်ပိုင်းကိုစိုးသူလွင်က အိမ်ထဲအဝင်အထွက်စိပ်လာနိုင်တာ ခင်ဗျားကလက်ခံနိုင်ရင်တောင် ကျုပ်ကလက်မခံနိုင်ဘူး !! ""

"" သူကမင်း အကိုလိုခင်ခဲ့ရ .. ""

"" Shit !! အတိတ်ကသိခဲ့ရလူတွေအကုန်လုံးက ခုချိန်မှာကျုပ်ရဲ့ရန်သူတွေပဲ .. ""

"" .... ""

"" အဲ့ထဲမှာ ခင်ဗျားလည်းအပါအဝင်ပဲ ! ""

နှစ်ယောက်လုံးရပ်နေကြတဲ့အကွာအဝေးဟာ တစ်ယောက်ရဲ့အသက်ရှူသံကိုတောင်တစ်ယောက်ကပြတ်ပြတ်သားသားကြားနေရသည်ပင်။ချန်ဒလာ့၏အကြည့်တို့၌ ပြတ်သားခြင်းအကြည့်တို့ကပျော်ဝင်နေလေသည်။ တစ်လျှောက်လုံးသူ့ကိုရန်သူလိုသဘောထားနေသည်ပေါ့။ဒါဆိုဂရုစိုက်မှုတွေ၊အ‌ ရေးပေးမှုတွေဘာတွေက ဟန်ဆောင်ခြင်းလား၊ သူ့အပေါ်ခဏတာလာကစားခြင်းလား။

' ငါတို့နှစ်ယောက်ဒီတစ်သတ် တည့်ပါအုန်းမလား '

______________✯⁠ᴗ⁠✯_______________

ဒီနေ့တစ်နေ့လုံးဘယ်အရာမှအဆင်မပြေလှ။ဘယ်အရာမှကိုလည်းစိတ်တိုင်းမကျလှစိတ်ဆတ်လွယ်နေသည်။‌ချန်ဒလာ တစ်နေ့တာအကြောင်းတွေကိုပြန်တွေးရင်းသက်ပြင်းလေးကန်ကန်တစ်ချက်ချလိုက်မိသည်။ရေဗန်းအောက်မှာနေနေသည်မှာလည်းအချိန်အားဖြင့်တော်တော်ကြာမြင့်နေပြီဖြစ်သည်။ခေါင်းကိုငိုက်စိုက်ချကာ သူရှေ့ဆက်ဘယ်လိုလုပ်ရမလည်းဆိုတာသာစ‌ဉ်းစားနေမိသည်။တစ်လ‌ဟောကျနေသည့် ရေဗန်းထဲမှရေတွေကိုခေါင်းမော့ခံယူရင်းနောက်ဆုံးကံ‌စီမံရာအတိုင်းလျှောက်ဖို့ပဲသူမှန်းဆထားလိုက်သည်။အနာဂတ်နှင့်အတိတ်ကိုပြန်တွေးနေမည့်အစားပစ္စုပ္ပါန်မှသာဘယ်လိုကောင်းအောင်နေထိုင်ရမလည်းဆိုတာသာပို၍အရေးကြီးသည်ပင်။

ချန်ဒလာရေချိုးခန်းထဲကထွက်လာတော့ တစ်ယောက်သောသူက သူ့ကိုနောက်ကျောပေးကာအိပ်နေပြီပင်။စောင်ကိုလည်းခေါင်းထိအပြည့်ခြုံထားကာ ကိုယ့်ဟာကိုယ်အသက်ရှုကြပ်အောင်လုပ်နေသလားပင်။ယိမ်းယိုင်မှိုင်းတစ်ချက်ငဲ့ကြည့်လိုက်ကာ ဗီရိုဘက်သို့သာ လှည့်သွားလိုက်တော့သည်။ဗီရိုထဲတွင်လည်းအဝတ်တွေကိုစီစီရီရီထည့်ထားကာ သူ့နေရာနှင့်သူပင်။ ချန်ဒလာသူ့အဝတ်တွေနှင့်ယိမ်းယိုင်မှိုင်း၏အဝတ်တွေကို ဘယ်တော့မှရောမထား။ဒီအခန်းထဲမှာရှိသည့်အဝတ်တွေကလည်း ထသွားထလာဝတ်ဖို့သက်သက်သာ...

"" ခင်ဗျား အိပ်ပြီလား ! ""

"" မင်းမမြင်ဘူးလား ငါအိပ်နေတာ ""

ကုတင်ဘေးမှာလည်း စတော်ဘယ်ရီဂျယ်လီအခွံလေးတွေဟာပွရွနေသည်။ဒီလိုအခန်းထဲရှုပ်ရှုပ်ခက်နေသည်ကို သူတစ်စက်မှ မကြိုက်။ဒါကိုသိရက်သားနဲ့သွေးတိုးစမ်းချင်နေတာ။

"" ကုတင်တစ်ခုလုံးဘေးမှာလည်း အခွံတွေပွရွနေတာပဲ ဟမ် ! ""

ယိမ်းယိုင် ခြုံထားသည့်စောင်ထဲမှခေါင်းလေးအနည်းငယ်ဖော်ကာ ကုတင်ခြေရင်းသို့လှည့်ကြည့်လိုက်သည်။ ထို့နောက်ပုံမှန်အတိုင်းပြန်အိပ်ကာ..

"" အမြင်မတော်ရင် ကောက်သိမ်းလိုက် ! ""

"" ယိမ်းယိုင်မှိုင်း!! ခင်ဗျားရဲ့ ဒီနှုတ်ခမ်းတွေက သိပ်စွာနေတယ်ပေါ့လေ ! ""

ကုတင်ခြေရင်းနားကနေ ဘယ်လို,ဘယ်လိုသူ့အပေါ်ခုန်အုပ်လာလည်းတောင်မသိတော့ အပေါ်ပိုင်းဗလာဖြစ်နေသောကြောင့် သူ့အပေါ်တတ်တူးတွေကို ထင်ထင်လင်းလင်းမြင်နေရသည်။တစ်ဖြေးဖြေးအကြည့်တွေက အောက်ပိုင်းတစ်နေရာသို့ ရောက်သွားတော့ ချက်ချင်းအကြည့်လွှဲလိုက်မိသည်။
' ဘယ်ချိန်ကြည့်ကြည့်အကြီးကြီပဲ '

"" ဘာလို့မျက်နှာလွှဲတာလဲ ကျုပ်ကိုကြည့် ! ""

အံကိုကြိတ်ကာ ယိမ်းယိုင်မှိုင်းကလည်းတင်းခံနေသည်။

"" ကျုပ်ကိုကြည့်ဖို့ အမိန့်ပေးနေတယ် !! ""

လေသံကိုမာထည့်လိုက်မှသာယိမ်းယိုင်မှိုင်းတို့၏ အကြည့်တို့ကစူးရှနေသည်။ အဟက် ! ဒီလိုပုံစံမျိုးမှကြိုက်တာ.. သူ့ကိုဒီလိုသူ့ကိုကြည့်နိုင်တာ ယိမ်းယိုင်မှိုင်းတစ်ယောက်ပဲရှိလိမ့်မည်။ တစ်ခြားသူသာဆို မျက်လုံးကိုသာဖောက်ထုတ်လိုက်ချင်မိသည်။

"" မင်းငါ့ပေါ်ကဖယ် ချန်ဒလာ .. ""

"" တစ်နေ့ကကျ ခင်ဗျားမဟုတ်သလိုပဲ အပြောင်းအလဲမြန်လှချည်လားဟမ် ! ""

"" ငါ့အပေါ်ကောင်းပေးတဲ့လူပဲ ငါကကောင်းကောင်းဆက်ဆံနိုင်မယ်။ငါ့အပေါ်မကောင်းတဲ့လူဆိုအကြည့်မပြောနဲ့ တံတွေးတောင်လှည့်မထွေးဘူးမင်းနားလည်လား ""

"" အဟက် !! ခင်ဗျားကောင်းပါတယ် ဟိုတစ်နေ့ည ကောင်းလွန်း,လွန်းတောင် ကျုပ်အောက်မှာ မောင် ဖြေး..ဖြေးဆိုပြီးညည်းနေတာလေ !! ""

"" မင်း .. မင်းလွန်မလာ.... ""

ပြွတ် !!

စကားတို့တောင်ဆုံးအောင်ပြောခွင့်မရနှုတ်ခမ်းတစ်ခုလုံးချိတ်ပိတ်ခံရလိုက်သည်။ စီးကရက်အနံ့တွေရောယှက်နေသည့် နှုတ်ခမ်းတို့ဟာသူ့ကိုအနည်းငယ်မျှတော့ဆွဲဆောင်နေသည်။ ကြမ်းကြမ်းတမ်းတမ်း စုပ်ယူနမ်းရှိုက်မှုတွေကြောင့် သူအသက်ရှုပင်မဝတော့။ရင်ဘတ်တွေကို လက်နဲ့ထုရိုက်နေသော်လည်း မလွှတ်ထိုလက်တွေကိုပြန်လည်ဆုတ်ကိုင်လိုက်ကာခေါင်းရင်းဘက်သို့သာပို့ထားလိုက်သေသည်။

နှုတ်ခမ်းတစ်ခုလုံးကို အားပြင်းပြင်းတစ်ချက်စုတ်ယူပြီးနောက်မှ ပြန်လွှတ်ပေးလာသည်။ခနလေးနမ်းလိုက်တယ်ဆိုပေမယ့် နှုတ်ခမ်းတစ်ခုလုံးပူထူနေတော့သည်။ခုမှသူ့မှာအသက် အောင့်ထားသမျှလေကိုမနည်းလုရှုနေရသည်။ရင်ဘတ်ဟာလည်းနိမ့်ချည်မြင့်ချည်။ဘယ်လိုတောင်နမ်းနေရတာလဲ။နှုတ်ခမ်းနဲ့အနီးတစ်ဝိုက်မှာလည်း ချန်ဒလာ့ရဲ့တံတွေးတွေကြောင့် စိုစိစိ။

"" စတော်ဘယ်ရီအရသာလေး ထပ်နမ်းချင်တယ် ""

"" မနမ်းနဲ့ ! ငါမင်းနမ်းတာမခံချင်တော့ဘူး ""

တစ်ဖက်သို့လှည့်ထွက်သွားသောမျက်နှာကိုပါးစောင်ကနေအားအနည်းငယ်သုံးပြီးညစ်ကာလှမ်းဆွဲလိုက်သည်။

"" ခင်ဗျားမှာ ငြင်းဆန်ပိုင်ခွင့်ရှိလား !! ""

"" မင်းတစ်ဇွတ်ထိုးမလုပ်နဲ့ ချန်ဒလာ ""

"" ဘယ်လိုမျိုးလည်း ဒီလိုလား .. ""

အပြောနှင့်အညီလက်တွေဟာ ချက်ချင်းအင်္ကျီအောက်သို့လျှိူဝင်လာကာ အနှံ့ပွတ်သပ်နေလေသည်။ဒီလောက်တားနေတာတောင် ဘယ်လိုတောင်အရှက်မရှိမှုကြီးလဲ။ဘယ်လောက်ပဲသူစိတ်ထဲရှိနေရှိနေ သူအခက်တွေ့အောင်လုပ်နေရင်တော့သူ့ဘက်ကလည်းကန်ထုတ်ဖို့လည်းဝန်လေးနေမည့်သူမဟုတ်။ လက်တွေက မရပ်တန့်သွား ဘောင်းဘီတွေနားရောက်လာသည့်အခါ ထိုလက်ဖမ်းတားလိုက်ရသည်။

"" ချန်ဒလာဟေဒန် !! ""

ပြန်လည်မော့ကြည့်လာသည့်အကြည့်တို့၌သရော်နေသည့်အကြည့်တို့ကပျော်‌ဝင်နေသည်။ထိုအကြည့်တွေကိုသူမကြိုက်၊ ချန်ဒလာဆီမှကြည့်ခံရသည့်အတွက်ပိုဆိုးသည်။ ဖြစ်နိုင်ရင် , ဖြစ်နိုင်ရင်ထိုအကြည့်တွေကိုရုတ်သိမ်းဖို့ပြောလိုက်ချင်သော်လည်း ပါးစပ်မှတော့ လက်တစ်ဖက်ကိုအသည်းအသန်ကိုက်ထားတာ အသံတိတ်နေမိသည်။သူနိုင်မှာလည်းမဟုတ် အမြဲတစ်ဇွတ်ထိုး‌လုပ်နေတတ်သည့်သူ့ကို သူလိုလူကဘယ်လိုနိုင်မှာတဲ့လဲ။

"" ကျုပ်ကိုနာမည်အပြည့်အစုံမခေါ်နဲ့ ပိုင်ရှင်အသံကြားတာနဲ့ ‌အောက်ကအကောင်ကခေါင်းထောင်လာပြီ ""

"" မင်းတော်လိုက်တော့ ချန်ဒလာ ""

"" ဟော နမ်းပါရစေအုံး ! ""

"" မင်းမှာအရှက်မရှိဘူးလား ဖယ်စမ်းချန်ဒလာ ""

ရင်အုပ်ကျယ်ကျယ်ကြီးကိုအတင်းတွန်းကာရုန်းကန်နေမိသည်။ချန်ဒလာသူ့ကို သက်သက်လိုက်လုပ်နေတာ။မထိတထိ အကြည့်တွေ၊အပြုံးတွေဟာ ဖြတ်ရိုက်ချင်စရာတစ်စက်မှအချိုးမပြေ။

"" အမေက သားရေ ရှက်ကြီုးနဲ့ချက်ကြိုးမှားဖြတ်မိလို့တဲ့ ‌အဲ့တော့ကျုပ်ကဘယ်လိုလုပ်ရမယ် ""

"" ငါ့မှာစကားကုန်‌ပြီ တကယ်မင်းကို .. ""

ပြွတ် !

"" စကားကုန်ရင် ထပ်မပြောပဲ အနမ်းခံ !! ""

ပြွတ် အင့် !!

နှုတ်ခမ်းကို အသံမည်အောင်စုတ်ယူချကာပြန်လွှတ်လိုက်စုတ်ယူချလုပ်နေသည်မှာ ခနခနပင်။လက်တွေကလည်းအငြိမ်မနေ ကျောပြင်ကိုပွတ်သပ်နေကာကျန်လက်တစ်ဖက်က အထိမခံနိုင်တဲ့အရာကိုဖိချေနေသည်။ ဘယ်သူနဲ့များအိပ်ဖူးနေလို့သူက ဒီလောက်တောင်တတ်ကျွမ်းနေရတာလဲ။

မောလာတော့ပါးစပ်လေးအနည်းငယ်ဟမိရုံရှိသေး ဘယ်ကတည်းကပါးစပ်ထဲဝင်ဖို့ချောင်းနေသည့် လျှာပြားကြီးကအတွင်းထဲထိုးနှောက်ဝင်မွှေလာသည်။ လူကတကယ်ကိုပင် မျက်ဖြူလန်ချင်ဖြစ်သည်။ နမ်းနေသူတော့မသိ အနမ်းခံနေရသူကတော့မောလာချေသည်။ သူ့နှုတ်ခမ်းမှာကျန်ရှိနေသည့် စတော်ဘယ်ရီအရသာနှင့် ချန်ဒလာရဲ့နှုတ်ခမ်းပေါ်ရှိစီးကရက်အရသာတို့ဟာ သူ့ကိုလိုက်ပါစီးမျောရန်တစ်မျိုးဆွဲဆောင်နေသည်။ အနမ်းတွေတစ်ဖြေးဖြေးယဉ်ပါးလာသည်နှင့်အမျှ သူကိုယ်တိုင်တောင်မတွန်းထုတ်မိတော့ ချန်ဒလာ့ရဲ့လည်တိုင်တွေကိုပြောင်းကာနေရာယူလာတော့သည်။

မသိစိတ်ကနမ်းချင်သော်ညားသိစိတ်ကတော့ဖယ်ခွါချင်နေမိသည်။သို့သော်သွေးသားဆန္ဒအရ ဆန္ဒပြသည်ထင် သူ့ရှေ့ရှိကျောပြင်ကျယ်ကြီးကို ပို၍သာကုတ်တွယ်နေမိသည်။

ချန်ဒလာပို၍တပ်မက်လာနေသူကိုကြည့်ကာခပ်ညစ်ညစ်ပြုံးလိုက်သည်။ထို့နောက်နှုတ်ခမ်းတစ်စုံကိုခပ်ကြမ်းကြမ်းစုတ်ယူကာလွှတ်ပေးလိုက်သည်။

ပြွတ် !!

"" ရပြီ အိပ်တော့ ""

အုပ်မိုးထားသည့်ကိုယ်ကြီးကိုဖယ်ခွါကာ ဘေးသို့ချက်ချင်းလှဲချလိုက်သည်။ဒီလောက်ပဲလား တကယ်ကို ဒီလောက်ပဲလား။ တကယ်ကိုသူ့ကိုတန်းလန်းကြီးထားခဲ့တာလား။ ယိမ်းယိုင်အနည်းငယ်တော့ ရှက်ကိုးရှက်ကန်းဖြစ်သွားရသည်။စိတ်ရှိနေသည့်လူနှင့်သာဆို အနည်းငယ်မျှတော့ စိတ်ယိုင်ကြမည်မဟုတ်လား။သူလဲ ဒီလိုပဲ လိုက်ပါစီးမျောမိတော့မလို့။

"" မနက်ကျ အရေးကြီးတဲ့လူလာမှာ စောစောအိပ် ""

"" ဟင် ဘယ်သူ .. ""

"" ရောက်မှကြည့် ! ခုအိပ်တော့ ""

ချန်ဒလာ့ရဲ့လက်တစ်ဖက်က ယိမ်းယိုင်ရဲ့ခေါင်းအောက်နေရာယူထားကာ ကျန်လက်တစ်ဖက်ကတော့ရင်ဘတ်ပေါ်တင်ကာ ဖက်တွယ်ထားသည်ပင်။ဆောင်းရာသီရဲ့အရသာနှင့် ခပ်နွေးနွေးအထိအတွေ့တွေကြားထဲ ယိမ်းယိုင်ပိုတိုး၍သာဝင်လိုက်မိသည်။နွေးထွေးသည် တကယ်ကိုဒီလိုတစ်သတ်လုံးနွေးထွေးစေချင်သည်။နောက်ဆုံး ယိမ်းယိုင်လည်းချန်ဒလာရဲ့ရင်ခွင်ထဲ၌ဘယ်လိုမှထိန်းမရစွာနှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်သွားတော့သည်။

တစ်ဖက်လူအိပ်နေသည့်တိုင်အောင် မအိပ်နိုင်သည့်လူကလည်းရှိလေသည်။ မျက်တောင်ခပ်ရှည်ရှည်တွေဟာလည်းတစ်ဖျက်ဖျက်ခတ်လျှက် တစ်ခုခုကိုသာစူးစူးစိုက်စိုက်ကြည့်နေသည်။မျက်မှောင်တို့ဟာလည်းကြုတ်လိုက်ပြေလျော့လိုက်။

"" ခင်ဗျားနားမှာ အန္တရာယ်တွေများလွန်းတယ် အနီးစပ်ဆုံးလူတောင်မယုံရဘူးခင်ဗျားသိလား ""

"" .... ""

"" ကျုပ်ခင်ဗျားကိုနာကျင်အောင်မလုပ်ချင်ဘူးဒါပေမယ့် .... ""

_______________✯⁠ᴗ⁠✯________________

ယိမ်းယိုင်မှိုင်းနိုးလာတော့ မနက်၈နာရီခန့်ပင်ရှိပြီဖြစ်သည်။ဘေးကိုစမ်းလိုက်တော့လည်းအေးစက်စက်အထိအတွေ့ကြောင့်ချန်ဒလာထသွားတာ စောနေမှန်းသိလိုက်သည်။မနေ့က ဧည့်သည်လာမည်ဟုပြောသွားတော့ ချန်ဒလာစောစောများပြန်လာလောက်မလား။' လာလာမလာလာ သူ့အလုပ်လေ အများကြီးတွေးမနေနဲ့ ကိုယ့်အလုပ်ကိုယ်ပြီးအောင်လုပ် ' ပါးကိုနှစ်ချက်လောက်ခပ်ဆဆ ရိုက်လိုက်ကာ ကိုယ့်ဟာကိုသတိပေးလိုက်သည်။

ပွယောင်းနေတဲ့ဆံပင်တို့ကိုအနည်းငယ်မျှသပ်ချကာ ရေချိုးခန်းထဲသို့သာ ဝင်လိုက်သည်။မှန်ထဲကြည့်နေရင်း လည်ပင်းနားမှာပေါ်နေသည့်အနီကွက်ခပ်ကြီးကြီး။ဘယ်လိုတောင် လုပ်ချလိုက်တာလဲ။
' ကျစ် ဒါကြီးကိုဘယ်လိုဖုန်းရမှာလဲကွာ '

ကိုယ်လက်သန့်ရှင်းရေးလုပ်ပြီးသည့်တိုင်သူ့မှာခေါင်းတစ်ခါခါဖြင့် ဒီနေ့တော့ဆွယ်တာဝတ်ရဖို့များသည်လေ။ ရေချိုးခန်းထဲက ထွက်လာသည့်နှင့် ဗီရိုအမဲရောင်ကြီးနှစ်ခုလုံးထဲမှ သူ့အဝတ်တွေထည့်ထားသည့် ‌ဗီရိုနားသို့သွားကာဆွယ်တာ အမဲရောင်ကိုထုတ်ဝတ်လိုက်သည်။ဘာပဲဖြစ်ဖြစ်အေးနေသေးလို့,လို့ဆင်ခြင်ပေးလို့ရနိုင်သေးသည်။

အိမ်အောက်သို့ရောက်လာသည့်အခါ တစ်အိမ်လုံးကတိတ်ဆိတ်ငြိမ်သက်နေသည်။ခြောက်ကပ်နေလိုက်ပုံများသရဲတောင်ခြောက်မယ့်ပုံ။သူ(ယိမ်းယိုင်)အဘစံနာမည်ကိုတစ်ဆာဆာအော်ခေါ်နေသော်လည်းပြန်ဆိုသံမကြားရ။မိပုလည်းထိုနည်းတူပင် ဘယ်တွေများသွားနေကြပါလိမ့် ..

"" ချန်ဒလာ ဒါမပြီးမချင်းမင်းမထရဘူး ! ""

အိမ်ပြင်ဘက်ခြံထဲမှအသံခပ်စိမ်းစိမ်းအသံကြောင့်သူ့ရဲ့ခြေလှမ်းတို့ဟာ အိမ်ပြင်ဘက်သို့။ ဘယ်လိုလူကများချန်ဒလာ့ကိုဒီလိုပြောရဲရတာလည်း။သိချင်စိတ်တို့ဟာလွှမ်းမိုးလာကာ အသံကြားရာနောက်ဆီသို့တစ်လှမ်းချင်းလှမ်းလာခဲ့တော့သည်။

ခြံပြင်ရောက်သည်နှင့် အဘစံနှင့်မိပုရှေ့တည့်တည့်ထိုင်ခုံမှာထိုင်နေသည့်နားတောင်း(နားကပ်)တစ်ဖက်နှင့်လူတစ်ယောက်။ထိုလူကြီးရဲ့ရှေ့မှာတော့ ကားဘီးအကြီးဆုံးလို့ထင်ရသည့်အရာကို ကျောပေါ်တင်ကာ ဒိုက်ထိုးနေသည့်ချန်ဒလာ။ ချန်ဒလာ့ရဲ့မျက်နှာတစ်ခုလုံးချွေးတွေအဆမတန်ထွက်နေကာ ဘယ်လောက်မောပန်းနေလည်းသိသာလှသည်။ အနိမ့်အချလုပ်လိုက်သည်နှင့် ထွက်ပေါ်လာသည့်ကြွက်သားမြိုင်းကြီးတွေက ရင်သပ်ရှုမောဖွယ်။ ဒီလူက ဘယ်သူမို့လို့ ချန်ဒလာ့ကို ဒီလိုမျိုး လုပ်ခိုင်းရတာလဲ ...

သူ့ဘက်ကိုလှည့်ကြည့်လာသည့်အကြည့်တွေကား ချန်ဒလာနှစ်တစ်ပုံစံထဲ။မျက်ရစ်မရှိတာလည်းတူသည်။အပြုံးအရယ်မရှိတာလည်းတူသည်။သူ့ဘက်ကိုလှည့်လာသည့်အခါ၌ နားတောင်း(နားကပ်) အမွှေးတို့ဟာလည်းယမ်းခါသွားသည်။ သူ့ကိုအကြည့်စူးစူးတစ်ချက်ပို့ကာ ချန်ဒလာ့ဘက်သို့သာအကြည့်ပြန်ရောက်သွားသည်။

"" ဒမီထွီရပ်စ်မိသားစုကို မင်းစတင်ကာကွယ်ရတော့မှာ လုပ်ထား ! ""

' ဒမီထွီရပ်စ်မိသားစု ' သူ့နားထဲမှာထိုမိသားစုနာမည်သာတစ်ဝဲလည်လည်။ အင်အားကြီးမိသားစုတစ်ခု၊ကနေဒါနိုင်ငံ၏ အတွင်းဝန်ကြီးသုံးဦးထဲကတစ်ဦး။ သူတို့ရဲ့ဂုဏ်သတင်းတွေဟာ နေရာအနှံ့၌ထင်ပေါ်ကျော်ကြားသည်။သို့သော်ပေါ်ပေါ်ထင်ထင်မလုပ်ကြ၍ တကယ့်ထိပ်တန်းတွေမှလွဲ၍ ထိုအတွင်းဝန်ကိုမမြင်ဖူးကြဟုသူကြားဖူးသည်။

' ဟေး မင်းကဘယ်သူ ? ""

သူတို့နားတောင့်တောင့်ကြီးရပ်နေသူကိုအက်စတွန်လှမ်းမေးလိုက်သည်။ ကိုယ့်အလုပ်ကိုယ်မလုပ်ကိုယ့်တာဝန်ကိုမကျေသူအား အက်စတွန်သိပ်မုန်းလှသည်။ အသံကိုကြားတာလားမကြားတာလား တေမိသူ့ကိုပြူးတူကြောင်တောင်ကြီးကြည့်နေသည်။

ချန်ဒလာသူ့ကျောပေါ်ရောက်နေသည့် ကားဘီးကြီးကိုလွှဲချကာ..

"" ကျုပ်အမျိုးသား ""

"" ဘာကွ !! ""

"" ကျုပ်အမျိုးသားလို့ ဒယ်ဒီ့ကိုပြောနေတာမကြားတာလား ! ကျုပ်ကိုနှစ်ခါပြန်ပြောစေချင်တာလား ""

"" တစ်ဇွတ်ထိုးကောင် ၊ မင်းဖေဖေသိရင်မင်းမလွယ်ဘူးနော် ""

ချန်ဒလာအကြည့်တို့က စူးရှနေသည်။ဒီအကြည့်တွေကိုအက်စတွန်ကောင်းကောင်းကြီးနားလည်သည်။တစ်ဇောက်ကန်းစိတ်ဓါတ်တွေက အကိုကြီးနဲ့တစ်ထေရာထဲပဲ။အကိုကြီးခြေရာကိုလိုက်မီနိုင်တယ်ဒီကောင်။

အက်စတွန် ချန်ဒလာ့ကို ရေချိုးသန့်စင်ခိုင်းပြီးအကုန်လုံးကိုဧည့်ခန်းထဲလာဖို့သာခေါ်လိုက်သည်။အိမ်ကြီးတစ်အိမ်လုံးမှာ အိမ်ဖော်ဆိုလို့မိပုတစ်ယောက်ထဲသာရှိသည်။တစ်အိမ်လုံးရဲ့ဝေယျာဝစ္စကိုသူတစ်ယောက်ထဲနိုင်တာကတော့အံ့ဩစရာ။သားကြီးချန်ဒလာမိန်းကလေးတွေနဲ့ရှုပ်ရှုပ်ရှုတ်မနေတတ်သူဖြစ်သောကြောင့် သူ့ဘက်ကလည်းအများကြီးဝင်စွတ်စရာမရှိ။

ဧည့်ခန်းတစ်ခုလုံးမှာ အက်စတွန်က ထိပ်တည့်တည့်မှာထိုင်ကာ ယိမ်းယိုင်မှိုင်းကတော့ ဘေးတစ်ဖက်စီမှာဝင်ထိုင်နေသည်။သူ့ရှေ့ရှိထိုလူကြီးရဲ့ ချန်ဒလာလောက်မတောင့်ဖြောင့်သော်လည်း တော်တော်သန်မာသည့်ထဲတွင်ပါသည်။ ယောကျာ်းတစ်ယောက်နားတောင်း(နားကပ်) ဝတ်ဆင်ထားသည်ဟာမလိုက်ဖက်လှသော်လည်း ထိုလူကြီးနဲ့တော့ပကာသင့်နေသည်။အောက်ပိုင်းလေးတွေမှာလှုပ်ယမ်းလိုက်တိုင်းအဖွာလေးတွေဖြာထွက်နေပြန်သည်။

"" ကိုယ့်ထက်ကြီးတဲ့လူတစ်ယောက်ကို အသေးစိတ်မကြည့်ရဘူးဆိုတာ မင်းနားမလည်ဘူးလား ""

"" ကျွန်တော်တောင်းပန်ပါတယ် ""

"" တောင်းပန်တယ်ဆိုတာ လူညံ့တွေ့ရဲ့အလုပ်ပဲ၊ငါက မင်းကိုမလုပ်သင့်တဲ့အရာကို လမ်းညွှန်ပေးခဲ့တာလေအဟင်း.... ""

တစ်ဖက်လှည့်နှင့်လူညံ့လို့ပြောသွားတာ ချန်ဒလာတို့တစ်မိသားစုလုံး တစ်ဖက်သားကိုဘယ်လိုစကားယူရမလည်းဆိုတာကောင်းကောင်းကြီးသိကြသည်။ကိုယ့်ပေါ်လာကျောလို့ကတော့ ယိမ်းယိုင်မှိုင်းတို့ကလည်းခေါင်းငုံ့ငြိမ်ခံနေမည့်အစားမဟုတ်တော့ဆိုးသည်။လမ်းမှန်ကိုလျှောက်သည် သူလျှောက်တဲ့လမ်းက တစ်စုံတစ်ဦးမှကိုအန္တရာယ်မဖြစ်စေရင်ရပြီ။

"" ရိုင်းပြသွားတဲ့အပြုအမူအတွက် ကျွန်တော့်ဘက်ကတောင်းပန်တာလဲ မမှားဘူးထင်မိပါတယ် ""

အဟင်း!! မလွယ်ကြောပဲ။

"" ကျုပ်အမျိုးသားနေရခက်အောင်မလုပ်နဲ့ ""

"" ကောင်းပါပြီ,ကောင်းပါပြီ။ ""

ဘယ်ချိန်ကတည်းကရောက်လာမှန်းမသိသည့် ချန်ဒလာကစကားဝိုင်းထဲဝင်လာကာဖြတ်ပြောလိုက်သည်။

"" လာထိုင် !! ""

ချန်ဒလာက သူ့ဘေးနားဝင်ထိုင်လာခြင်းမဟုတ်။သူ့ဒယ်ဒီ့နားဝင်ထိုင်လိုက်ခြင်း။နောက်ပြီးသူတို့ရှေ့မှာ အမည်းရောင်ဘူးတစ်ဘူးလည်းရှိနေသည်။ ဘူးကခပ်ကြီးကြီးလည်းမဟုတ်သလို အသေးစားလည်းမဟုတ်အလယ်အလတ်သာ။

ချန်ဒလာဝင်ထိုင်ပြီးမကြာလိုက်အဘစံက နားဖောက်သည့်သေနတ်ကိုယူလာကာအက်စတွန်လက်ထဲသို့ထည့်ပေးလိုက်သည်။ ချန်ဒလာကိုယ်တိုင်ကလည်း အောင်ရေပြင်အလားငြိမ်သက်နေသည်။

ဒေါက်!!

တစ်ဆစ်ဆစ်နဲ့နာလွန်းတာကြောင့် ချန်ဒလာမျက်စိတောင်မှိတ်ချလိုက်ရသည်။အဲ့လောက်မနာဘူးထင်ထားတာပင်ခု‌တော့အထင်နှင့်ခံစားချက်တို့ကတပ်,တပ်ဆင်အောင်လွဲ။ဘေးကနေ ယိမ်းယိုင်ကလည်းစပ်စုလိုသည့် အကြည့်တို့နဲ့စူးစိုက်ကာကြည့်နေသည်။ အက်စတွန်ရဲ့နောက်မှာကွယ်နေသည့်အတွက်ကြောင့် ယိမ်းယိုင်မှိုင်းကိုမမြင်ရ အနည်းငယ်ခေါင်းငဲ့ကာကြည့်လိုက်ရသည်။

"" ကျစ် ! ခေါင်းကိုငြိမ်ငြိမ်ထားစမ်းပါ ""

အပေါ်ကနေငုံ့မိုးနေသူအက်စတွန်ကို မျက်ဖြူသာတစ်ချက်လှန်ကြည့်လိုက်သည်။

"" ငါနဲ့မင်းစကားပြောဖို့လိုပြီ ! ""

"" နားတောင်း( နားကပ် ) ဝတ်ပြီးမှပြော ""

ကိုယ်ကို,ကိုင်းနေရာမှ အနည်းငယ်မျှပြန်မတ်လိုက်ကာ သူ့နားမှာဝတ်ဆင်ထားသည့်နားတောင်းကိုလှည့်ချွတ်လိုက်သည်။ထို့နောက်သူ့ရှေ့ရှိဘူးထဲမှ နားတောင်းနှင့်လဲလည်ကာ ချန်ဒလာ့ကိုနားကိုဝတ်ဆင်ပေးလိုက်သည်။နားတောင်းဟာ ကျောက်နီတစ်‌လုံးပါဝင်ကာ သူ့ဘေးပတ်ပတ်လည်မှာရွှေတွေဖြင့်စီရံထားလေသည်။နောက်ပြီး ဦးလေးအက်စတွန်နားတောင်းနှင့်ပုံစံတူ အမွှေး‌ဖွားတွေလည်းပါဝင်သည်။ယောကျာ်းရင့်မာကြီးပေမယ့် ချန်ဒလာနားပေါ်ရောက်သွားမှထိုနားတောင်းဟာလည်းပို၍လှပနေကာ အကြည့်မလွှဲနိုင်စရာ။နောက်ပြီး လည်ပင်းပေါ်မှတတ်တူးနှင့်လိုက်ဖက်ညီကာတကယ့်ကိုပန်းချီကားတစ်ချပ်နှယ်။ဒါမျိုးဘာလို့ဝတ်ဆင်ရပါသလဲ သူသိပ်သိချင်သည်။

"" ချန်ဒလာ ငါ့အလုပ်ခန်းထဲလိုက်ခဲ့ ! ""

"" အဲ့တာ ကျွန်တော့်အလုပ်ခန်းဒယ်ဒီ။ ကျုပ်နဲ့စကားပြောချင် ကျုပ်အလုပ်ခန်းထဲလိုက်ခဲ့ဒယ်ဒီ ! ""

"" အေးကောင်းတယ် !! ""

သားအဖနှစ်ယောက်အပေါ်ထပ်တတ်သွားသည်နှင့် ရှင်းစရာရှိတာများကိုသာ မိပုကရှင်းနေသည်။အဘစံကတော့ ဘေးနားမှမတ်တပ်ရပ်နေကာ ဘာမှတော့မပြောအကြောင်းမရှိသည့်အပြင်ကိုသာ‌တွေတွေကြီးငေးစိုက်ကြည့်နေသည်။

"" အဘစံ ""

"" .. ""

"" အဘစံ ! ""

"" ဟေ .. အစ်ကိုလေး ""

"" ဘာတွေများငေးနေတာလဲ ! ""

"" ဘာမှ မဟုတ်ပါဘူးကွယ် ""

"" မေးစရာရှိတယ် အဘစံ ""

"" ဘာမေးမှာလဲ အစ်ကိုလေး ""

အစ်ကိုလေးရဲ့ မေးစရာရှိသည်ဆိုတဲ့စကားကြောင့်အဘစံကိုယ်နေဟန်ထားတောင်အနည်းဟန်မှ ပြောင်းလိုက်သည်။ဘယ်လိုပဲကိုယ့်ထက်အသက်ငယ်တယ်ဆိုဆို သူတို့ဟာကိုယ့်ရဲ့အလုပ်ရှင်လေးစားသမှုတော့ရှိရလိမ့်မည်။

"" ချန်ဒလာက ဘာလို့နားတောင်းဝတ်ထားရတာလည်း ""

"" "" အင်း အဲ့တာကဒမီထွီရပ်စ်မိသားစုရဲ့အစဉ်အလာတစ်ခုအစ်ကိုလေး နားတောင်းရဲ့ အလည်ကကျောက်မျက်တွေက ပိုင်ရှင်ဖြစ်သူရဲ့မျက်ဝန်းတွေကို ကိုယ်စားပြုတယ်။အင်းးပြောရမယ်ဆိုအစ်ကိုလေးရယ် သခင်ကြီးအက်စတွန်ရဲ့မျက်လုံးရောင်က အမဲရောင်မို့ကျောက်ကအမဲရောင်၊သခင်ငယ်လေးရဲ့မျက်လုံးကျတော့ အနီရောင်မို့ ကျောက်ကအနီရောင် ""

"" အစဉ်အလာတစ်ခု ""

သူသိချင်တာဒီထက်ပိုသည်။ ဒါမယ့်အဘစံကရေရေရာရာမပြောသွား နောက်ဘက်သူ့အခန်းထဲသို့လှည့်ထွက်ကာဝင်သွားပြီဖြစ်သည်။

_______________________________

ချန်ဒလာရဲ့အဖေဖြစ်သူက နေ့ခင်းလောက်ကြတော့ ဒီမှာမနေချင်ဘူးဟူ၍ တစ်ခြားနေရာ၌သွားနေသည်။ကိုယ့်ဆီလာတဲ့ ဧည့်သည်ကိုတာဝန်မကျေသော်ညားချန်ဒလာကပါဝင်ရောက်စွတ်ဖက်ခြင်းမရှိနေတော့သူကပါဘာမှပြောမနေတော့။ချန်ဒလာ့အဖေထွက်သွားပြီးမကြာမှ ချန်ဒလာကပါအပြင်သို့ထွက်သွားလိုက်တာ ခုချိန်ထိပင်။သူတို့နှစ်ယောက်ခုချိန်ထိလည်းစကားသေချာမပြောရသေးပေ။ ရှင်းရှင်းပြောရရင်မနက်တစ်ခါဆုံပြီးကတည်း ခုချိန်ထိမျက်နှာခြင်းကိုမဆိုင်ရသေး။ သူလည်းဝရန်တာဘက်ထွက်ထိုင်ကာ ပြန်လာမယ့်လူအလာကိုစောင့်မျှော်ရင်း သူ့အကျင့်အတိုင်း စာအုပ်တစ်အုပ်ကိုသာဖတ်နေလိုက်သည်။ သူ့အနေနှင့်ဆို အချစ်ရေးတရားတွေထက် ခွန်အယးဖြစ်စာ‌တွေဖတ်တာများသည်။စိတ်ဓါတ်ကျနေတဲ့အချိန်ပဲဖြစ်ဖြစ်၊ဝမ်းနည်းတဲ့အချိန်ပဲဖြစ်ဖြစ် စာဖတ်ရတဲ့အချိန်ဆို ထိုစိတ်တွေပျောက်ကွယ်သွားပြီး ကြည်လင်အေးချမ်းနေတဲ့စိတ်တို့ဟာအစားထိုးဝင်လာခဲ့သည်။ အရယ်သန်ကြတဲ့လူတွေက ထိရှခံစားလွယ်တဲ့လူတွေတဲ့။ သူကအရယ်မသန်ပေမယ့် အပြင်ဘက်ကသာကြည့်စိတ်ဓါတ်မကျောတယ် ထင်ရပေမယ့်၊ တစ်ခါတစ်လေဆို စကားလုံးအချို့နဲ့တင် ပြိုလဲဖို့အင်အားလုံလောက်ရနေသလိုပင်။ သန်မာချင်ယောင်ဆောင်ရတာပင်ပန်းတယ်။ ' မင်းရှုံးလို့မရဘူး၊မင်းပြုံးလဲလို့မရဘူး မင်းပြိုလဲတာနဲ့ လက်ခုပ်ဝိုင်းတီးမယ့်လက်တွေကအများကြီး ' ဆိုတဲ့စကားအတိုင်း သူကိုယ်တိုင်ကပြိုလဲဖို့အဖြစ်၊သူနည်းနည်းလေးအခြေယဲ့ယဲ့လေးကို ပျော်ရွှင်နေကြသည့်လူတွေကို သူကိုယ်တိုင်မျက်မြင်တွေ့ခဲ့ရသည်မဟုတ်လား။

Ti ! Ti ! Ti !

ကားဟွန်းတီးသံသုံးခါလောက်ထွက်ပေါ်လာမှ သူလည်းအတွေးတွေထဲနစ်မျောလာမှ လက်ရှိပစ္စုပ္ပါန်ဖို့ ပြန်လည်ရောက်ရှိလာသည်။ကား‌ဆင်ဝင်အောက်ထဲ ကားဝင်လိုက်သည်ကိုမြင်သည်နှင့် သူလည်းအခန်းထဲသို့ခပ်မြန်မြန်သာဝင်လိုက်တော့သည်။ သူအခန်းရောက်ပြီးမကြာလိုက် ချန်ဒလာကလည်းအခန်းထဲသို့ရောက်ရှိနေပြီဖြစ်သည်။

ချန်ဒလာ့ရဲ့နားတစ်‌ဖက်က နီရဲစပ်ကာယောင်ကိုင်းနေသည်။ဆောင်းတွင်းပိုင်းဆိုတော့ပိုဆိုးသည် အေးလာတဲ့အမျှတစ်ဖြေးဖြေးရိပ်ကိုက်လာတာဖြစ်သည်။ ဘယ်လောက်စိတ်တိုအောင်လုပ်ထား၊လုပ်ထား မျက်ကွယ်မပြုတာလည်း သူကိုယ်တိုင်ပါပဲ။

"" ချန်ဒလာ .. နားဆေးထည့်မလား ""

"" ရတယ် မသေဘူးဒီလောက်က မထည့်ဘူး ""

ဘယ်လောက်တောင်ပင်ပန်းနေလို့လည်းမသိ အဝတ်အစားတောင်မလဲနိုင် အိပ်ယာပေါ်သို့ဘုန်းခနဲမည်အောင်လှဲချကာ နဖူးပေါ်လက်တင်ကာမိန်းမှောနေသည်။ ချန်ဒလာ့ပုံစံကဘာမှ မလုပ်ချင်မကိုင်ချင်တော့သည့်ပုံစံမို့သူကိုယ်တိုင်ပဲ အဝတ်အစားလဲပေးရန်ပြင်လိုက်သည်။

ဘေးတစ်ခြမ်းမှာ လွတ်နေသည့်အိပ်ယာဘေးပေါ်သို့တတ်လိုက်သည်နှင့် လက်အောက်က ချန်ဒလာ့မျက်မှောင်က ပို၍ပင်ကြုတ်သွားသည်။ သူကိုယ်တိုင်ကလည်း ချန်ဒလာ့ရဲ့ညာဘက်နားကို အကြည့်ရောက်တော့ လက်တို့ဟာအလိုအလျှောက် နားတောင်းကိုကိုင်မိသားဖြစ်သွားရတော့သည်။

"" နားကို မကိုင်နဲ့အရမ်းကြီးနာနေတယ် ! ""

"" ငါဆီလူးပေးမယ်လေ ""

"" ပဲဆီလား ပဲဆီနံ့ကြီးမကြိုက်ဘူး !! ""

"" အုန်းဆီပါကွာ နားဖောက်ထားတဲ့လူတွေ အုန်းဆီလူးရင် အနည်းငယ်တော့သက်သာတယ်တဲ့ ""

"" အင်း ""

"" ဒီတိုင်းလှဲနေ ငါယူပြီးလိမ်းပေးမယ် ""

ယိမ်းယိုင်ကုတင်ပေါ်မှ ထလိုက်ကာအံဆွဲသူတစ်နေ့ကဝယ်ထည့်ထားသည့် အုန်းဆီပုလင်းကိုယူလိုက်သည်။ထို့‌နောက်ချန်ဒလာ့၏နားကိုဂရုတစ်စိုက်လိမ်းပေးနေလိုက်သည်။တစ်ချက်၊တစ်ချက်ထိလိုက်တိုင်း သူမှာနာလို့ထင်သည် မျက်မှောင်ခနခနကြုတ်သွားတတ်သေးသည်။

"" မင်းမကြိုက်ရင် ဒါကိုဘာလို့ဝတ်ထားတာလဲ ""

"" ဒါဖေကြီးနားကပ် ""

"" ဟင် ""

သူနားမလည်သလိုဖြစ်သွားရသည်။ဘာလို့ဆို ဒယ်ဒီ့လိုခေါ်နေသည့်လူ၏နားမှာလည်းနားကပ်တစ်ခုရှိတာလဲသူမြင်လိုက်ရသည်မလား။

ဘေးနားကနေထိုင်နေသူရဲ့မျက်နှာဟာ နားလည်မှုတွေဖြတ်သန်းသွားသည်ကိုချန်ဒလာက‌မြင်လိုက်သည့်အလား

"" မနက်ကတွေ့လိုက်တဲ့လူက ကျုပ်ဦးလေး ကျုပ်ဖေကြီးရဲ့ညီ ကျုပ်ကိုမွေးစားထားတာ ""

"" ... ""

"" ကျုပ်ဖေကြီးကသေပြီ။ အောက်တန်းကျတဲ့မိသားစုက သတ်လိုက်လို့ ""

"" ဟင် ""

မိသားစုဆိုသည့်စကားအောက်မှာယိမ်းယိုင်၏လက်တို့ဟာအနည်းငယ်မျှရပ်တန့်သွားရသည်။သို့သော်ဒီတိုင်းစိတ်ထဲထားမနေတော့ပဲ ချန်ဒလာ့နားကိုသာ ဂရုတစိုက်လိမ်းပေးနေလိုက်သည်။

'" ခင်ဗျားကျုပ်ကို စိတ်ဆိုးနေတာမဟုတ်ဘူးလား ""

"" စိတ်ဆိုးနေတော့ကော ငါ့အတွက်အပူတွေရတာပဲ‌ရှိတယ် အပူတွေကို လက်ဝယ်ပိုက်ထားမယ့်အစား လွှတ်ချချင်လို့ စိတ်ထဲကနေထုတ်လိုက်ပြီ ""

"" နောက်ခါဆိုစိတ်ထဲကမထုတ်နဲ့ ""

"" ဘာလို့လဲ ""

"" ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ပေါ့ .. ကျုပ်ကြောင့်ခင်ဗျားစိတ်ဆိုးရင် ကျုပ်ပဲချော့မယ်။ကျုပ်ကြောင့်မဟုတ်ခဲ့ရင်တောင် ခင်ဗျားကိုကျုပ်ကပဲ စိတ်ရှည်ရှည်နဲ့ချော့မယ် ""

ယိမ်းယိုင် ခပ်ပါးပါးလေးပြုံးလိုက်ကာ ..

"" မင်းငါ့ကို မချစ်ဘူးလေ ""

"" မချစ်ပဲချော့လို့ရတယ်လေ ""

"" မချစ်ပဲ ချော့စရာအကြောင်းမရှိဘူးထင်တယ် ""

"" ကျုပ်ချော့ဖူးတယ် ဒိုးစီးယား ကိုကျုပ်ချော့ဖူးတယ် ""

ချန်ဒလာ့ရဲ့နှုတ်ခမ်းပါးမှ တစ်ခြားသူအမည်နာမကိုကြားလိုက်ရသည့်အတွက် သူ့ရဲ့စိတ်ထဲနင့်ခနဲနေအောင်အောင့်မြတ်မြတ်ဖြစ်သွားရသည်။ ချန်ဒလာကတစ်ခြားလူကိုချော့ဖူးသည်တဲ့လားထိုစကားသံတို့ဟာ သူ့နားထဲတစ်ဝဲလည်လည်ပြန်ကြား‌နေမိသည်။မနာလိုဝန်တိုစိတ်‌တွေဟာလှိုက်ခနဲဝင်ရောက်လာခဲ့‌တော့သည်။ချန်ဒလာ့ဆီကသူက‌ကောဘာတွေမျှော်လင့်နေရတာလည်းချန်ဒလာလိုအရာရာပြည့်စုံသည့်လူတစ်ယောက်ကသူ့အပေါ်ယိမ်းဖို့များသူ‌တွေးနေခဲ့တာလား။သူ့အပေါ်တောင်ပျော့သွားလိုက်တင်းလိုက်ကြိုးတစ်ချောင်းလိုဆော့ကစားနေသူကို စိတ်ရှိနေရတာတဲ့လားယိမ်းယိုင်မှိုင်းရယ်။

သူမေ့နေတာပဲ ချန်ဒလာ့လိုလူက လူရှုပ်လူပွေတစ်‌ယောက်ဆိုတာကိုပေါ့။

"" ငါသွားတော့မယ် ""

"" ဘယ်ကိုသွားမှာလဲ ဟေး !! ""

ချန်ဒလာအမြန်ကုန်းထသော်လည်းမမှီလိုက်။ ခေါက်ဆွဲခြောက်ကေနဲ့လူက တံခါးကို ဒုန်းခနဲမြည်အောင်ပိတ်ချသွားကာအခန်းအပြင်ဘက်သို့တောင်ထွက်သွားပြီဖြစ်သည်။

"" ဒိုးစီးယားက ငါ့အဖွားဆိုတာတောင်မပြောလိုက်ရဘူး ""

________________________________________

23 • 2 • 2024 •
XYLO

မုန်းတိုင်းမလာခင်လေပြေတိုက်တတ်တာဟာပုံမှန်ပဲလားချစ်သောတို့ရေ။





















Continue Reading

You'll Also Like

11.6K 389 9
်ရိုင်းစိုင်းသောစကားလုံးများပါဝင်သည်။ credit by original artist ရိုင်းစိုင်းသောစကားလုံးများပါဝင်သည်။
1.4M 35.1K 47
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
3.7M 292K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
442 104 55
OFFLINE PURPOSES ONLY! STORY NOT MINE EDITED MTL Alternate Title: 老婆每天都在装穷 Author: 见鲸 Summary: Yu Siling and her girlfriend have been dating for almo...