စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း...

By Mortal-Edge

27.9K 2.6K 8

Book 1 ကို အကောင့်ထဲမှာ ဝင်ဖတ်လို့ရပါတယ် More

အပိုင်း (၁၉၈) အင်္ကျီထပ်ကျ
အပိုင်း (၁၉၉) အင်္ကျီထပ်ကျ (၃)
အပိုင်း (၂၀၀) သရုပ်မှန်ပေါ်သွားခြင်း (၁)
အပိုင်း (၂၀၁) သရုပ်မှန်ပေါ်သွားခြင်း (၂)
အပိုင်း (၂၀၂) သရုပ်မှန်ပေါ်သွားခြင်း (၃)
အပိုင်း (၂၀၃) ဂူထဲကအခန်း (၁)
အပိုင်း (၂၀၄) လိုဏ်ဂူထဲကအခန်း (၂)
အပိုင်း (၂၀၅) တစ်ခန်းထဲ (၁)
အပိုင်း (၂၀၆) တစ်ခန်းထဲ (၂)
အပိုင်း ( ၂၀၇) ဖျော်ဖြေရေးလောကမှ နုတ်ထွက်ခြင်း (၁)
အပိုင်း ( ၂၀၈) ဖျော်ဖြေရေးလောကမှ နုတ်ထွက်ခြင်း (၂)
အပိုင်း (၂၀၉) ဖျော်ဖြေရေးလောကမှအနားယူခြင်း (၃)
အပိုင်း (၂၁၀) သူ့ဓာတ်ပုံ (၁)
အပိုင်း (၂၁၁) သူ့ဓာတ်ပုံ (၂)
အပိုင်း (၂၁၂) သူ့ဓာတ်ပုံ (၃)
အပိုင်း (၂၁၃) တန်ပြန်ပါးရိုက်ခြင်း (၁)
အပိုင်း (၂၁၄) တန်ပြန်ပါးရိုက်ခြင်း (၂)
အပိုင်း (၂၁၅) တန်ပြန်ပါးရိုက်ခြင်း (၃)
အပိုင်း (၂၁၆) ကိုယ် မင်းကို အဖော်ပြုဖို့ လာခဲ့တယ် (၁)
အပိုင်း (၂၁၇) ကိုယ် မင်းကို အဖော်ပြုဖို့ လာခဲ့တယ် (၂)
အပိုင်း (၂၁၈) ကိုယ် မင်းကို အဖော်ပြုဖို့လာခဲ့တယ် (၃)
အပိုင်း (၂၁၉) ပြိုလဲခြင်း (၁)
အပိုင်း (၂၂၀) ပြိုလဲခြင်း (၂)
အပိုင်း (၂၂၁) ပြိုလဲခြင်း (၃)
အပိုင်း (၂၂၂) လက်ထပ်ခွင့် (၁)
အပိုင်း (၂၂၃) လက်ထပ်ခွင့် (၂)
အပိုင်း (၂၂၄) လက်ထပ်ခွင့် (၃)
အပိုင်း (၂၂၅) ဇာတ်သိမ်း (၁)
အပိုင်း (၂၂၇) ဇာတ်သိမ်း (၃)
အပိုင်း (၂၂၈) ဇာတ်သိမ်း (၄)
အပိုင်း (၂၂၉) ဇာတ်သိမ်း (၅)
အပိုင်း (၂၃၀) ဇာတ်သိမ်းပိုင်း (၆)

အပိုင်း (၂၂၆) ဇာတ်သိမ်း (၂)

785 87 0
By Mortal-Edge

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki

အပိုင်း (၂၂၆) ဇာတ်သိမ်း (၂)

နှစ်မိနစ်ကြာပြီးနောက် ဖန်သားပြင်သည် မူလဓာတ်ပုံပြန်ဖြစ်သွား၏။ အစီအစဥ်တင်ဆက်သူက ထပ်တောင်းပန်ကာ ပြောလိုက်လေသည်။

“မစ္စတာဟွမ် ကျေးဇူးပြုပြီး အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုရှင်ကို ကြေညာပေးပါအုံး”

ဟွမ်ချူ၏မျက်နှာသည် စိတ်မလှုပ်ရှားဘဲ တည်ငြိမ်နေ၏။ သူသည် စင်ပေါ်တွင် ရပ်ကာ ကြေညာလိုက်တော့သည်။

“ ဒီနှစ်ရဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကိုတော့ <<သလဲပင်>> ရဲ့ မစ် ချောင်မော့ယွီက ရရှိသွားပါတယ်၊ သူမကို ဂုဏ်ပြုပေးလိုက်ကြရအောင်ပါ ခင်ဗျာ”

မီးရောင်သည် ချောင်မော့ယွီ ထိုးထားပြီး ဖန်သားပြင်ပေါ်တွင် သူမ၏မျက်နှာအမူအရာကို ဖော်ပြထားလေသည်။

သူမသည် ရှန်ပိန်ရောင်စိန်သားချီပေါင် (တရုတ်ရိုးရာအမျိုးသမီးဝတ်စုံ) ကို ဝတ်ဆင်ထား၏။ သူမ၏ဆံပင်ကို ပိုနီတေးလ်ပုံချည်ထားသည်။ သူမသည် လန်းဆန်းရှင်းသန့်နေသော်လည်း ကြီးကျယ်မြင့်မြတ်နေသည့်ဟန်တစ်ခု ပေါ်လေသည်။ သူမ၏ဆွဲဆောင်မှုရှိသည့်ပုံရိပ်ကို ဂါဝန်ရှည်တစ်ထည် ဝတ်ဆင်ထားခြင်းဖြင့် အစွမ်းကုန်ချပြထားသည်။ သူမ၏ ပုံမှန်လန်းဆန်းသည့် ရုပ်သွင်နှင့်ယှဥ်လျှင် သူမသည် ဒီနေ့မှာတော့ အားလုံး၏စိတ်ဝင်စားမှုကို ဆွဲဆောင်ထားတော့သည်။

ညစာစားပွဲ၏အပြင်ဘက် ရှော့ပင်းမောလ်တစ်ခု၏ LEDဖန်သားပြင်တစ်ခုဘေး၌ ချောင်ရို့ဟွမ်သည် ချောင်မော့ယွီကို စိုက်ကြည့်နေပြီး သူမ၏မျက်လုံးများထဲတွင် မနာလိုဝန်တိုမှုများနှင့် ပြည့်နက်နေ၏။

သူမသည် ချောင်မော့ယွီအလွန်လှသည်ကို အမြဲတမ်း သိထားခဲ့လေသည်။ သူမသည် ဘယ်ပုံစံမျိုးနှင့်မဆို လိုက်ဖက်အောင် လှလှပပ ပြင်ဆင်တတ်သည်။

သို့သော် ချောင်မော့ယွီသည် သူမကိုယ်သူမ တမင် လှလှပပ ဝတ်စားလိုက်ချိန်တွင်တော့ ချောင်မော့ယွီသည် ဤမျှအံ့ဩစရာကောင်းကြောင်းကို သူမ လုံးဝမသိခဲ့ပေ။

ချောင်ရို့ဟွမ်၏လက်သည်းများသည် သူမ၏အရေပြားအတွင်း နစ်ဝင်သွားတော့သည်။ နာကျင်မှုသည် သူမ၏ဝမ်းနည်းမှုကို ဖယ်ရှားပေးလိုက်ပြီး သူမကို တဖန် ပျော်ရွှင်လာစေခဲ့ပြန်သည်။

ချောင်မော့ယွီ လှတော့ကော ဘာဖြစ်လဲ။ သူမ ရုပ်ရှင်ဧကရီဖြစ်လာတော့ကော ဘာထူးလဲ။ သူမရဲ့ဂုဏ်သိက္ခာက ရေမြောင်းထဲ ရောက်သွားပြီလေ။

သူမက ကလေးတစ်ယောက်ရှိတာတောင် ယဲ့ဖေးချန်းကို မြူဆွယ်ခဲ့သေးတယ်။ ဒီအချက်နဲ့တင် သူမရဲ့ဂုဏ်သိက္ခာက ဟိုးအောက်ဆုံးထိကျသွားဖို့ လုံလောက်တယ်လေ၊ ယဲ့ဖေးချန်းရဲ့ဖန် တွေက သူတို့ရဲ့တံတွေးတွေနဲ့ သူမကို အရှင်လတ်လတ် မြေမြှုပ်ပစ်နိုင်တယ်။

အစောပိုင်းနွေဦးညခင်းသည် အလွန်အေးနေဆဲဖြစ်သည်။ ချောင်ရို့ဟွမ်သည် လမ်းမပေါ်တွင် ရပ်နေပြီး ဆက်ကြည့်နေ၏။

ယခုမူ ချောင်မော့ယွီသည် နာမည်ကြီးနေပြီး သူမသည် စင်ပေါ်သို့ ကြော့ကြော့မော့မော့နှင့် တက်သွားလိုက်သည်။

ဟွမ်ချူသည် ဖန်သားဒိုင်းဆုကို ချောင်မော့ယွီ၏လက်ထဲ ထည့်ပေးလိုက်ပြီး စိတ်လှုပ်ရှားကာ သူမကို ဖက်လိုက်လေသည်။ ထို့နောက် သူသည် ဆက်နေချင်သေးသော်လည်း စင်ပေါ်မှ ဆင်းလာခဲ့လိုက်သည်။

ယဲ့အိမ်တော်တွင် ဖေကြီးယဲ့သည် ထိုမြင်ကွင်းကို မြင်လိုက်ပြီး သောက်အဘိုးကြီး ဟွမ်ချူကို ဖုန်းခေါ်လိုက်လေသည်။ သို့သော် ခဏကြာပြီးနောက် သူ့အာရုံကို ဖန်သားပြင်ဆီ တဖန်ပြန်စုစည်းထားလိုက်လေသည်။

သူသည် သူ့သား မည်သို့စီစဥ်ထားသည်ကို မသိခဲ့ပေ။

သူ အခုထိ ဘာလို့ ဘာမှမလုပ်သေးတာလဲ။

သို့သော် ယဲ့ဖေးချန်းက သူ့အား စိတ်မပူရန်ပြောထားရာ သူသည် စိတ်ရှည်ရှည်နှင့် စောင့်ရန်သာ ရှိတော့သည်။

ချောင်မော့ယွီသည် မိုက်ခရိုဖုန်းရှေ့တွင် ရပ်ကာ ယဲ့ယဲ့ကလေး ပြုံးလိုက်၏။

“ အမှန်အတိုင်းပြောရရင် ကျွန်မ ဒီဆုကို မျှော်လင့်ထားခဲ့တယ်ဆိုပေမဲ့ စဥ်းတောင်မစဥ်းရဲခဲ့ပါဘူး....”

သူမသည် ယခုလေးတင် ဖြစ်ပျက်သွားသည့်အရာကြောင့် စိတ်အနှောင့်အယှက် မဖြစ်နေဘဲ တည်တည်ငြိမ်ငြိမ်မျက်နှာထားတစ်ခု ရှိနေ၏။ နောက်ဆုံးတွင် သူမသည် ပြုံးကာ ဟာသနှော၍ ပြောလိုက်လေသည်။

“ အားလုံးက ကျွန်မဒီနေရာမှာ ရပ်နေနိုင်တာ ကျွန်မကိုယ် ကျွန်မ အလင်းဖွင့်ထားလို့လို့များ ယုံကြည်နေကြသလားရှင်၊ တကယ်တော့ ကျွန်မ အရင်က ဒီလိုလုပ်ဖို့စဥ်းစားခဲ့ဖူးပါသေးတယ် ဒါပေမဲ့ ကျွန်မမှာ ဒီလိုလုပ်ဖို့ လုံလောက်တဲ့အစွမ်း မရှိခဲ့ပါဘူး၊ ဆရာဝန်တွေ သူတို့ကိုယ်တိုင် ပြန်ကုလို့မရသလိုပေါ့နော်၊ ကျွန်မကိုယ်ကျွန်မတော့ တကယ်ပဲ အဲလိုလုပ်ဖို့မရပါဘူး...”

“ <<သလဲပင်>> ကိုလဲ တစ်ပတ်နေရင် ရုံတင်တော့မှာပါ၊ အားလုံးက ဒီဇာတ်လမ်းတွဲကို ကြည့်ပြီးရင် ကျွန်မတို့တွေ ဇာတ်လမ်းနဲ့ သရုပ်ဆောင်အပိုင်းကို ဆွေးနွေးနိုင်ဖို့ မျှော်လင့်ပါတယ်၊ ကျွန်မတို့ အဲလို လုပ်နိုင်မယ်မလား”

“ နောက်ဆုံးအနေနဲ့ ကျွန်မ ဖျော်ဖြေရေးလောကထဲကို ဝင်လာကတည်းက ကျွန်ကို ကူညီပေးခဲ့ကြတဲ့ တစ်ယောက်ချင်းစီကို ကျေးဇူးတင်ချင်ပါတယ်၊ ဒါရိုက်တာ ကျန့်၊ ဒါရိုက်တာ ချန်း နဲ့ မစ္စတာယဲ့ဖေးချန်းတို့ကို အထူးကျေးဇူးတင်ပါတယ်၊ သူတို့တွေက ကျွန်မသရုပ်ဆောင်စွမ်းရည်တွေ တိုးတက်လာအောင် ကူညီပေးခဲ့ကြတာပါ၊ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်”

သူမသည် ပရိသတ်ကို ဦးညွှတ်လိုက်၏။

အားလုံးသည် သူမက ယဲ့ဖေးချန်းကို ကျေးဇူးတင်စကားပြောလိုက်ချိန်တွင် အမူအရာအမျိုးမျိုး ဖြစ်သွားကြတော့သည်။

ဒီလို အနေခက်တဲ့ အခြေအနေမှာတောင် သူမက သူ့နာမည်ကို ချန်မထားခဲ့ဘူးဆိုတော့ ဒါ ဘာအဓိပ္ပာယ်လဲ။

ယဲ့ဖေးချန်းက သူမ မှာကလေးရှိတာကို သိထားပြီး ကလေးကိုတောင် လက်ခံခဲ့တာများလား။

အားလုံးက ထင်ကြေးပေးနေကြစဥ် စင်ဘေးမှနေ၍ အနီရောင်ပန်းစည်းတစ်ခုကို ကိုင်ထားပြီး အနက်ရောင်ဝတ်စုံပြည့် ဝတ်ထားသည့် ယောက်ျားတစ်ယောက် ရှိနေ၏။ သူသည် ဖြည်းညင်းစွာ လမ်းလျှောက်လာလေသည်။

မီးအလင်းသည် သူ့ကို ချိန်ထား၏။ အားလုံးသည် ထိုယောက်ျား၏ခံ့ညားသည့်မျက်နှာကို မြင်လိုက်ရပြီး ပင့်သက်ရှိုက်မိသွားကြတော့သည်။

ယဲ့ဖေးချန်း။

ယဲ့ဖေးချန်းသည် ပန်းစည်းတစ်ခုကို ကိုင်ထားပြီး ချောင်မော့ယွီ၏ရှေ့၌ရပ်နေ၏။ သူသည် သူမအား ပန်းစည်းကို ပေးလိုက်ပြီး နောက် ပြောလိုက်၏။

“မော့ယွီ ဂုဏ်ယူပါတယ်”

ချောင်မော့ယွီသည် သူ့ဆီမှ ပန်းကို ယူလိုက်၏။ ထိုအခိုက်အတန့်တွင် လူအားလုံးသည် ချောင်မော့ယွီ နှင့် ယဲ့ဖေးချန်းတို့၏ လက်ချောင်းများပေါ်က လက်စွပ်ကို မြင်သွားတော့သည်။ လက်စွပ်များသည် ဆင်တူလက်စွပ်များ ဖြစ်နေသည်။

သည်အချိန်မှာတော့ အစီအစဥ်တင်ဆက်သူက လျှောက်လာပြီး မေးလိုက်၏။

“ မစ္စတာယဲ့ ခင်ဗျား မော့ယွီကို သူမရဲ့ ယောက်ျားလေး မိတ်ဆွေအဖြစ် ပန်းပေးတာလား ဒါမှမဟုတ် ချစ်သူတစ်ယောက်အနေနဲ့လား”

ယဲ့ဖေးချန်းသည် မိုက်ခရိုဖုန်းကို လှမ်းယူလိုက်၏။ သူသည် အစီအစဥ်တင်ဆက်သူ၏ အမေးကို ပြန်ဖြေနေသော်လည်း သူ့အကြည့်က ချောင်မော့ယွီထံမှ လုံးဝမခွာချေ။ သူ့မျက်နှာပေါ်တွက် အပြုံးတစ်ခုရှိနေပြီး သူမကို လေးလေးနက်နက် ကြည့်ကာ

“ ကျွန်တော်က သူမရဲ့ ယောက်ျားလေးတစ်ငယ်ချင်းလည်းမဟုတ်သလို့ ချစ်သူလဲမဟုတ်ပါဘူး၊ ဒီနေ့ ကျွန်တော်သူမကို သူမရဲ့ခင်ပွန်းတစ်ယောက်အနေနဲ့ ပန်း ပေးတာပါ”

သူစကားပြောပြီးသွားသည်နှင့် ခန်းမကြီးတစ်ခုလုံးသည် အပ်ကျသံ ကြားနိုင်လောက်အောင် ငြိမ်သက်သွားတော့သည်။

အပြင်၌ ချောင်ရို့ဟွမ်သည် သူမ၏နားကိုပင် မယုံနိုင်တော့ပေ။ သူမသည် ဆွံ့အသွားပြီး ဖန်သားပြင်ပေါ်က ယဲ့ဖေးချန်းကို စိုက်ကြည့်နေမိတော့သည်။ သူသည် အတုအယောင်လား၊ အစားထိုးတစ်ယောက်လားဆိုသည်ကို မြင်ချင်ခဲ့မိသော်လည်း မတတ်နိုင်ခဲ့ပေ။

ခန်းမထဲတွင် ယဲ့ဖေးချန်းက ဆက်ပြောလိုက်၏။

“ တစ်ချိန်ထဲမှာပဲ မော့ယွီရဲ့ကလေးရဲ့အဖေအဖြစ် ကျွန်တော်က ကျွန်တော့်သားရဲ့အမေကို ပန်း ပေးနေတာပါ”

ငြိမ်သက်နေသည့်ခန်းမကြီးသည် ချက်ချင်းပင် ပွက်လောရိုက်သွားလေတော့သည်။

...

Zawgyi

စာစဥ္နာမည္- စီအီးအိုရဲ႕ ဗီလိန္သူငယ္ခ်င္း
ဘာသာျပန္သူ Yuuki

အပိုင္း (၂၂၆) ဇာတ္သိမ္း (၂)

ႏွစ္မိနစ္ၾကာၿပီးေနာက္ ဖန္သားျပင္သည္ မူလဓာတ္ပုံျပန္ျဖစ္သြား၏။ အစီအစဥ္တင္ဆက္သူက ထပ္ေတာင္းပန္ကာ ေျပာလိုက္ေလသည္။

“မစၥတာဟြမ္ ေက်းဇူးျပဳၿပီး အေကာင္းဆုံးအမ်ိဳးသမီးဇာတ္ေဆာင္ဆုရွင္ကို ေၾကညာေပးပါအုံး”

ဟြမ္ခ်ဴ၏မ်က္ႏွာသည္ စိတ္မလႈပ္ရွားဘဲ တည္ၿငိမ္ေန၏။ သူသည္ စင္ေပၚတြင္ ရပ္ကာ ေၾကညာလိုက္ေတာ့သည္။

“ ဒီႏွစ္ရဲ႕ အေကာင္းဆုံးအမ်ိဳးသမီးဇာတ္ေဆာင္ဆုကိုေတာ့ <<သလဲပင္>> ရဲ႕ မစ္ ေခ်ာင္ေမာ့ယြီက ရရွိသြားပါတယ္၊ သူမကို ဂုဏ္ျပဳေပးလိုက္ၾကရေအာင္ပါ ခင္ဗ်ာ”

မီးေရာင္သည္ ေခ်ာင္ေမာ့ယြီ ထိုးထားၿပီး ဖန္သားျပင္ေပၚတြင္ သူမ၏မ်က္ႏွာအမူအရာကို ေဖာ္ျပထားေလသည္။

သူမသည္ ရွန္ပိန္ေရာင္စိန္သားခ်ီေပါင္ (တ႐ုတ္ရိုးရာအမ်ိဳးသမီးဝတ္စုံ) ကို ဝတ္ဆင္ထား၏။ သူမ၏ဆံပင္ကို ပိုနီေတးလ္ပုံခ်ည္ထားသည္။ သူမသည္ လန္းဆန္းရွင္းသန့္ေနေသာ္လည္း ႀကီးက်ယ္ျမင့္ျမတ္ေနသည့္ဟန္တစ္ခု ေပၚေလသည္။ သူမ၏ဆြဲေဆာင္မႈရွိသည့္ပုံရိပ္ကို ဂါဝန္ရွည္တစ္ထည္ ဝတ္ဆင္ထားျခင္းျဖင့္ အစြမ္းကုန္ခ်ျပထားသည္။ သူမ၏ ပုံမွန္လန္းဆန္းသည့္ ႐ုပ္သြင္ႏွင့္ယွဥ္လွ်င္ သူမသည္ ဒီေန႕မွာေတာ့ အားလုံး၏စိတ္ဝင္စားမႈကို ဆြဲေဆာင္ထားေတာ့သည္။

ညစာစားပြဲ၏အျပင္ဘက္ ေရွာ့ပင္းေမာလ္တစ္ခု၏ LEDဖန္သားျပင္တစ္ခုေဘး၌ ေခ်ာင္ရို႔ဟြမ္သည္ ေခ်ာင္ေမာ့ယြီကို စိုက္ၾကည့္ေနၿပီး သူမ၏မ်က္လုံးမ်ားထဲတြင္ မနာလိုဝန္တိုမႈမ်ားႏွင့္ ျပည့္နက္ေန၏။

သူမသည္ ေခ်ာင္ေမာ့ယြီအလြန္လွသည္ကို အၿမဲတမ္း သိထားခဲ့ေလသည္။ သူမသည္ ဘယ္ပုံစံမ်ိဳးႏွင့္မဆို လိုက္ဖက္ေအာင္ လွလွပပ ျပင္ဆင္တတ္သည္။

သို႔ေသာ္ ေခ်ာင္ေမာ့ယြီသည္ သူမကိုယ္သူမ တမင္ လွလွပပ ဝတ္စားလိုက္ခ်ိန္တြင္ေတာ့ ေခ်ာင္ေမာ့ယြီသည္ ဤမွ်အံ့ဩစရာေကာင္းေၾကာင္းကို သူမ လုံးဝမသိခဲ့ေပ။

ေခ်ာင္ရို႔ဟြမ္၏လက္သည္းမ်ားသည္ သူမ၏အေရျပားအတြင္း နစ္ဝင္သြားေတာ့သည္။ နာက်င္မႈသည္ သူမ၏ဝမ္းနည္းမႈကို ဖယ္ရွားေပးလိုက္ၿပီး သူမကို တဖန္ ေပ်ာ္႐ႊင္လာေစခဲ့ျပန္သည္။

ေခ်ာင္ေမာ့ယြီ လွေတာ့ေကာ ဘာျဖစ္လဲ။ သူမ ႐ုပ္ရွင္ဧကရီျဖစ္လာေတာ့ေကာ ဘာထူးလဲ။ သူမရဲ႕ဂုဏ္သိကၡာက ေရေျမာင္းထဲ ေရာက္သြားၿပီေလ။

သူမက ကေလးတစ္ေယာက္ရွိတာေတာင္ ယဲ့ေဖးခ်န္းကို ျမဴဆြယ္ခဲ့ေသးတယ္။ ဒီအခ်က္နဲ႕တင္ သူမရဲ႕ဂုဏ္သိကၡာက ဟိုးေအာက္ဆုံးထိက်သြားဖို႔ လုံေလာက္တယ္ေလ၊ ယဲ့ေဖးခ်န္းရဲ႕ဖန္ ေတြက သူတို႔ရဲ႕တံေတြးေတြနဲ႕ သူမကို အရွင္လတ္လတ္ ေျမျမႇုပ္ပစ္နိုင္တယ္။

အေစာပိုင္းေႏြဦးညခင္းသည္ အလြန္ေအးေနဆဲျဖစ္သည္။ ေခ်ာင္ရို႔ဟြမ္သည္ လမ္းမေပၚတြင္ ရပ္ေနၿပီး ဆက္ၾကည့္ေန၏။

ယခုမူ ေခ်ာင္ေမာ့ယြီသည္ နာမည္ႀကီးေနၿပီး သူမသည္ စင္ေပၚသို႔ ေၾကာ့ေၾကာ့ေမာ့ေမာ့ႏွင့္ တက္သြားလိုက္သည္။

ဟြမ္ခ်ဴသည္ ဖန္သားဒိုင္းဆုကို ေခ်ာင္ေမာ့ယြီ၏လက္ထဲ ထည့္ေပးလိုက္ၿပီး စိတ္လႈပ္ရွားကာ သူမကို ဖက္လိုက္ေလသည္။ ထို႔ေနာက္ သူသည္ ဆက္ေနခ်င္ေသးေသာ္လည္း စင္ေပၚမွ ဆင္းလာခဲ့လိုက္သည္။

ယဲ့အိမ္ေတာ္တြင္ ေဖႀကီးယဲ့သည္ ထိုျမင္ကြင္းကို ျမင္လိုက္ၿပီး ေသာက္အဘိုးႀကီး ဟြမ္ခ်ဴကို ဖုန္းေခၚလိုက္ေလသည္။ သို႔ေသာ္ ခဏၾကာၿပီးေနာက္ သူ႕အာ႐ုံကို ဖန္သားျပင္ဆီ တဖန္ျပန္စုစည္းထားလိုက္ေလသည္။

သူသည္ သူ႕သား မည္သို႔စီစဥ္ထားသည္ကို မသိခဲ့ေပ။

သူ အခုထိ ဘာလို႔ ဘာမွမလုပ္ေသးတာလဲ။

သို႔ေသာ္ ယဲ့ေဖးခ်န္းက သူ႕အား စိတ္မပူရန္ေျပာထားရာ သူသည္ စိတ္ရွည္ရွည္ႏွင့္ ေစာင့္ရန္သာ ရွိေတာ့သည္။

ေခ်ာင္ေမာ့ယြီသည္ မိုက္ခရိုဖုန္းေရွ႕တြင္ ရပ္ကာ ယဲ့ယဲ့ကေလး ၿပဳံးလိုက္၏။

“ အမွန္အတိုင္းေျပာရရင္ ကြၽန္မ ဒီဆုကို ေမွ်ာ္လင့္ထားခဲ့တယ္ဆိုေပမဲ့ စဥ္းေတာင္မစဥ္းရဲခဲ့ပါဘူး....”

သူမသည္ ယခုေလးတင္ ျဖစ္ပ်က္သြားသည့္အရာေၾကာင့္ စိတ္အေႏွာင့္အယွက္ မျဖစ္ေနဘဲ တည္တည္ၿငိမ္ၿငိမ္မ်က္ႏွာထားတစ္ခု ရွိေန၏။ ေနာက္ဆုံးတြင္ သူမသည္ ၿပဳံးကာ ဟာသေႏွာ၍ ေျပာလိုက္ေလသည္။

“ အားလုံးက ကြၽန္မဒီေနရာမွာ ရပ္ေနနိုင္တာ ကြၽန္မကိုယ္ ကြၽန္မ အလင္းဖြင့္ထားလို႔လို႔မ်ား ယုံၾကည္ေနၾကသလားရွင္၊ တကယ္ေတာ့ ကြၽန္မ အရင္က ဒီလိုလုပ္ဖို႔စဥ္းစားခဲ့ဖူးပါေသးတယ္ ဒါေပမဲ့ ကြၽန္မမွာ ဒီလိုလုပ္ဖို႔ လုံေလာက္တဲ့အစြမ္း မရွိခဲ့ပါဘူး၊ ဆရာဝန္ေတြ သူတို႔ကိုယ္တိုင္ ျပန္ကုလို႔မရသလိုေပါ့ေနာ္၊ ကြၽန္မကိုယ္ကြၽန္မေတာ့ တကယ္ပဲ အဲလိုလုပ္ဖို႔မရပါဘူး...”

“ <<သလဲပင္>> ကိုလဲ တစ္ပတ္ေနရင္ ႐ုံတင္ေတာ့မွာပါ၊ အားလုံးက ဒီဇာတ္လမ္းတြဲကို ၾကည့္ၿပီးရင္ ကြၽန္မတို႔ေတြ ဇာတ္လမ္းနဲ႕ သ႐ုပ္ေဆာင္အပိုင္းကို ေဆြးေႏြးနိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္၊ ကြၽန္မတို႔ အဲလို လုပ္နိုင္မယ္မလား”

“ ေနာက္ဆုံးအေနနဲ႕ ကြၽန္မ ေဖ်ာ္ေျဖေရးေလာကထဲကို ဝင္လာကတည္းက ကြၽန္ကို ကူညီေပးခဲ့ၾကတဲ့ တစ္ေယာက္ခ်င္းစီကို ေက်းဇူးတင္ခ်င္ပါတယ္၊ ဒါရိုက္တာ က်န့္၊ ဒါရိုက္တာ ခ်န္း နဲ႕ မစၥတာယဲ့ေဖးခ်န္းတို႔ကို အထူးေက်းဇူးတင္ပါတယ္၊ သူတို႔ေတြက ကြၽန္မသ႐ုပ္ေဆာင္စြမ္းရည္ေတြ တိုးတက္လာေအာင္ ကူညီေပးခဲ့ၾကတာပါ၊ အားလုံးကို ေက်းဇူးတင္ပါတယ္ရွင္”

သူမသည္ ပရိသတ္ကို ဦးၫႊတ္လိုက္၏။

အားလုံးသည္ သူမက ယဲ့ေဖးခ်န္းကို ေက်းဇူးတင္စကားေျပာလိုက္ခ်ိန္တြင္ အမူအရာအမ်ိဳးမ်ိဳး ျဖစ္သြားၾကေတာ့သည္။

ဒီလို အေနခက္တဲ့ အေျခအေနမွာေတာင္ သူမက သူ႕နာမည္ကို ခ်န္မထားခဲ့ဘူးဆိုေတာ့ ဒါ ဘာအဓိပၸာယ္လဲ။

ယဲ့ေဖးခ်န္းက သူမ မွာကေလးရွိတာကို သိထားၿပီး ကေလးကိုေတာင္ လက္ခံခဲ့တာမ်ားလား။

အားလုံးက ထင္ေၾကးေပးေနၾကစဥ္ စင္ေဘးမွေန၍ အနီေရာင္ပန္းစည္းတစ္ခုကို ကိုင္ထားၿပီး အနက္ေရာင္ဝတ္စုံျပည့္ ဝတ္ထားသည့္ ေယာက္်ားတစ္ေယာက္ ရွိေန၏။ သူသည္ ျဖည္းညင္းစြာ လမ္းေလွ်ာက္လာေလသည္။

မီးအလင္းသည္ သူ႕ကို ခ်ိန္ထား၏။ အားလုံးသည္ ထိုေယာက္်ား၏ခံ့ညားသည့္မ်က္ႏွာကို ျမင္လိုက္ရၿပီး ပင့္သက္ရွိုက္မိသြားၾကေတာ့သည္။

ယဲ့ေဖးခ်န္း။

ယဲ့ေဖးခ်န္းသည္ ပန္းစည္းတစ္ခုကို ကိုင္ထားၿပီး ေခ်ာင္ေမာ့ယြီ၏ေရွ႕၌ရပ္ေန၏။ သူသည္ သူမအား ပန္းစည္းကို ေပးလိုက္ၿပီး ေနာက္ ေျပာလိုက္၏။

“ေမာ့ယြီ ဂုဏ္ယူပါတယ္”

ေခ်ာင္ေမာ့ယြီသည္ သူ႕ဆီမွ ပန္းကို ယူလိုက္၏။ ထိုအခိုက္အတန့္တြင္ လူအားလုံးသည္ ေခ်ာင္ေမာ့ယြီ ႏွင့္ ယဲ့ေဖးခ်န္းတို႔၏ လက္ေခ်ာင္းမ်ားေပၚက လက္စြပ္ကို ျမင္သြားေတာ့သည္။ လက္စြပ္မ်ားသည္ ဆင္တူလက္စြပ္မ်ား ျဖစ္ေနသည္။

သည္အခ်ိန္မွာေတာ့ အစီအစဥ္တင္ဆက္သူက ေလွ်ာက္လာၿပီး ေမးလိုက္၏။

“ မစၥတာယဲ့ ခင္ဗ်ား ေမာ့ယြီကို သူမရဲ႕ ေယာက္်ားေလး မိတ္ေဆြအျဖစ္ ပန္းေပးတာလား ဒါမွမဟုတ္ ခ်စ္သူတစ္ေယာက္အေနနဲ႕လား”

ယဲ့ေဖးခ်န္းသည္ မိုက္ခရိုဖုန္းကို လွမ္းယူလိုက္၏။ သူသည္ အစီအစဥ္တင္ဆက္သူ၏ အေမးကို ျပန္ေျဖေနေသာ္လည္း သူ႕အၾကည့္က ေခ်ာင္ေမာ့ယြီထံမွ လုံးဝမခြာေခ်။ သူ႕မ်က္ႏွာေပၚတြက္ အၿပဳံးတစ္ခုရွိေနၿပီး သူမကို ေလးေလးနက္နက္ ၾကည့္ကာ

“ ကြၽန္ေတာ္က သူမရဲ႕ ေယာက္်ားေလးတစ္ငယ္ခ်င္းလည္းမဟုတ္သလို႔ ခ်စ္သူလဲမဟုတ္ပါဘူး၊ ဒီေန႕ ကြၽန္ေတာ္သူမကို သူမရဲ႕ခင္ပြန္းတစ္ေယာက္အေနနဲ႕ ပန္း ေပးတာပါ”

သူစကားေျပာၿပီးသြားသည္ႏွင့္ ခန္းမႀကီးတစ္ခုလုံးသည္ အပ္က်သံ ၾကားနိုင္ေလာက္ေအာင္ ၿငိမ္သက္သြားေတာ့သည္။

အျပင္၌ ေခ်ာင္ရို႔ဟြမ္သည္ သူမ၏နားကိုပင္ မယုံနိုင္ေတာ့ေပ။ သူမသည္ ဆြံ႕အသြားၿပီး ဖန္သားျပင္ေပၚက ယဲ့ေဖးခ်န္းကို စိုက္ၾကည့္ေနမိေတာ့သည္။ သူသည္ အတုအေယာင္လား၊ အစားထိုးတစ္ေယာက္လားဆိုသည္ကို ျမင္ခ်င္ခဲ့မိေသာ္လည္း မတတ္နိုင္ခဲ့ေပ။

ခန္းမထဲတြင္ ယဲ့ေဖးခ်န္းက ဆက္ေျပာလိုက္၏။

“ တစ္ခ်ိန္ထဲမွာပဲ ေမာ့ယြီရဲ႕ကေလးရဲ႕အေဖအျဖစ္ ကြၽန္ေတာ္က ကြၽန္ေတာ့္သားရဲ႕အေမကို ပန္း ေပးေနတာပါ”

ၿငိမ္သက္ေနသည့္ခန္းမႀကီးသည္ ခ်က္ခ်င္းပင္ ပြက္ေလာရိုက္သြားေလေတာ့သည္။

...

Continue Reading

You'll Also Like

240K 23.6K 60
Ryan and Aaruhi The story of two innocent hearts and their pious love. The story of one sided love. The story of heartbreak. The story of longing a...
1.4M 33.9K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
411K 46.4K 28
"𝒚𝒐𝒖 𝒄𝒐𝒖𝒍𝒅 𝒃𝒓𝒆𝒂𝒌 𝒎𝒚 𝒉𝒆𝒂𝒓𝒕 𝒊𝒏 𝒕𝒘𝒐 𝒃𝒖𝒕 𝒘𝒉𝒆𝒏 𝒊𝒕 𝒉𝒆𝒂𝒍𝒔, 𝒊𝒕 𝒃𝒆𝒂𝒕𝒔 𝒇𝒐𝒓 𝒚𝒐𝒖" ...
4.3M 268K 102
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...