အပိုင်း (၂၁၉) ပြိုလဲခြင်း (၁)

737 69 0
                                    

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki

အပိုင်း (၂၁၉) ပြိုလဲခြင်း (၁)

ယဲ့ဖေးချင်းသည် ပြန်ဆွဲသည့်အမူကြောင့် အလွန်စိတ်မပျော်နိုင်ဖြစ်နေပြီး ကုမ္ပဏီတွင် ထိန်းသိမ်းခံထားရသော်လည်း လူစားခံမည့်သူကို ရှာတွေ့ပြီးနောက် သူသည် သူ့ပုံမှန်အခြေအနေသို့ တဖြည်းဖြည်း ပြန်ရောက်သွားတော့သည်။

ထိုနေ့တွင် သူတာဝန်ယူထားသည့် စီမံကိန်းသည် အဆင်မပြေခဲ့ချေ။ စိတ်ညစ်ညစ်ဖြင့် သူသည် သူသွားနေကျ ကလပ်သို့ သောက်ရန်သွားလိုက်၏။

ယဲ့ဖေးချင်းသည် ဘယ်တုန်းကမှ မိန်းမမရှားခဲ့ပေ။ သူသည် ထိုမိန်းမကိုလည်း စိတ်မဝင်စားခဲ့ပေ။ သူသည် သူ့ကိုယ်သူသာ အာရုံစိုက်ပြီး သောက်နေလိုက်၏။ သို့သော် သူသည် သောက်နေရင်းနှင့်ပင် အောက်ပိုင်းမှ ပူလောင်သည့်ခံစားချက်က ဝမ်းဗိုက်အတွင်းသို့ တက်လာလိမ့်မည်ဟု မည်သူက သိပါမည်နည်း။

ပြဿနာတစ်ခု ရှိနေသည်ကို သူ သိလိုက်လေသည်။ သူသည် ထိုမိန်းမကို ကြည့်လိုက်သော်လည်း သူမသည် မရှိတော့ပေ။ အောက်ပိုင်းမှ ပူပြင်းသည့်မီးတောက်သည် တစ တစ တောက်လောင် နေလေသည်။ သူ့အသိစိတ်သည် ဝေဝါးလာတော့သည်။

ထိုအချိန်၌ တစ်စုံတစ်ယောက်သည် တံခါးကို ဖွင့်လိုက်ပြီး လူကြမ်းတစ်ယောက် ဝင်လာ၏။ ယဲဖေးချင်းသည် သူ့ကို အော်ဟစ်မည်ပြုလိုက်သော်လည်း သူ့အဝတ်အစားများ ဖြဲဆုတ် ခံလိုက်ရသည်နှင့်သာ အဆုံးသတ်သွားတော့သည်။

သူ့လိင်စိတ်သည် ပုံမှန်ဖြစ်၏။ သို့သော် သူ့ကိုယ်သူ မထိန်းနိုင်ရသည့် အကြောင်းကိုမူ သူမသိတော့ချေ။ အောက်ပိုင်းမှာ မီးစများသည် သူ့ငယ်ထိပ်ကို တက်ဆောင့်နေသည်ဟုပင် ခံစားလိုက်ရသည်။

သူသာ သတိရှိခဲ့လျှင် သူအခုလုပ်သမျှအရာအားလုံးကို သေချာပေါက် လုပ်လိမ့်မည်မဟုတ်ပေ။ သို့သော် ယခုမူ အရာအားလုံးသည် သူ့အတွက် ပြီးပြည့်စုံလောက်အောင် ပုံမှန်ဖြစ်နေသယောင်။

ယဲ့ဖေးချင်းသည် သူ့ကိုယ်သူ ရူးသွားပြီးဟု ထင်ထားခဲ့သော်လည်း သူ့ကိုယ်သူ မထိန်းနိုင်ဘဲ တားမရဆီးမရ ဖြစ်လာတော့သည်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း (Book 2)Where stories live. Discover now