အပိုင်း (၂၀၅) တစ်ခန်းထဲ (၁)

773 74 0
                                    

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki

အပိုင်း (၂၀၅) တစ်ခန်းထဲ (၁)

ယဲ့ဖေးချန်း၏စကားကို ကြားလိုက်ချိန်တွင် ချောင်မော့ယွီ၏ခြေထောက်များသည် တုန်ယင်သွားတော့၏။ သူမသည် ပြုံးပြလိုက်ပြီး

“ ဟ ဟ မလိုပါဘူး၊ ညီမ ရိုးရိုးအခန်းတစ်ခန်းကိုပဲ သုံးလိုက်ပါမယ်၊ ဒါကြီးက အရမ်းခမ်းနားလွန်းနေတယ်၊ ညီမနဲ့ မလိုက်ဘူးရယ်”

“ ကိုယ် ညီမအတွက် အခန်းတစ်ခန်း ပြင်ပေးမလို့ပါပဲ ဒါပေမဲ့ အခန်းလွတ်တွေ တကယ်မရှိတော့လို့လေ”

ယဲ့ဖေးချန်းသည် ရိုးရိုးသားသား ပြန်ဖြေလိုက်၏။

ချောင်မော့ယွီသည် ထိုစကားကို မယုံပေ။

“ ဟိုတစ်ခေါက်တုန်း အခန်းလွတ်တွေ အများကြီးပါ”

ယဲ့ဖေးချန်းသည် သူ့လက်ကို မြောက်ပြလိုက်ပြီး

“ မော့ယွီလေး ကိုယ်တိုင်သွားကြည့်လိုက်လေ”

ချောင်မော့ယွီသည် ထိုစကားကိုကြားလိုက်သည်နှင့် တပြိုင်နက် တခြားအခန်းများကို မြန်မြန်သွား ကြည့်လိုက်လေသည်။ သေချာပါသည်။ အန်တီယွီ၏အခန်းမှလွဲလျှင် ကျန်အခန်းများသည် အခြားပစ္စည်းများနှင့် ပြည့်နေပြီး အသိသာဆုံးမှာ အရင်တစ်ခါက အိပ်ရာမရှိတော့ခြင်းဖြစ်တော့သည်။

သူမသည် လှည့်ကြည့်လိုက်ပြီး

“ အိပ်ရာကော”

ယဲ့ဖေးချန်းသည် သူအိပ်ခန်းကို ညွှန်ပြလိုက်ပြီး

“ ဒီမှာ အဲတစ်လုံးပဲရှိတယ်”

ချောင်မော့ယွီသည် ဘာတစ်ခွန်းမှာ မပြောလိုက်နိုင်မီတွင် လော့လော့သည် ပျော်ရွှင်စွာ ပြေးလာပြီး သူတို့စကားကို ကြားလိုက်ချိန်၌ သူမ၏လက်ကို ဆွဲလိုက်ပြီး

“ မာမားရဲ့ အခန်းကို မတွေ့လို့လား၊ လော့လော့ မာမားကို ခေါ်သွားပေးမယ်လေ”

ထို့နောက် သူသည် ချောင်မော့ယွီကို မာစတာအိပ်ခန်းရှိရာဖက်သို့ ဆွဲခေါ်သွားတော့သည်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း (Book 2)Where stories live. Discover now